အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
🫧 Chapter 15
ရုံးခန်းအတွင်း တိတ်ဆိတ်မှုမှာ ကြာရှည်မခံလိုက်ဘဲ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တံခါးတွန်းဖွင့်ကာ ဝင်လာကြသည်။
အမျိုးသားမှာ အရပ်အလွန်မြင့်ပြီး လက်ချုပ်ဝတ်စုံကို သပ်ရပ်စွာဝတ်ဆင်ထားကာ ရုပ်ရည်မှာလည်း အလွန်ချောမောသည်။
သူ၏နောက်မှ လိုက်လာသော အမျိုးသမီးမှာလည်း ကိုယ်လုံးကိုယ်ပေါက်လှပပြီး အလွန်ချောမောသူဖြစ်သည်။
ကြည့်ရသည်မှာ သူတို့နှစ်ဦးမှာ လိုက်ဖက်လွန်းလှသည်။
Live ထဲက လူများမှာ ချက်ချင်းအားကျစိတ်များ ပေါ်လာတော့သည်။
[တကယ်ပဲ တော်တဲ့သူတွေက စုနေကြတာပဲနော်...]
[ဒါက 'မာနခဲစီအီးအို' ပုံစံအတိုင်းပဲ၊ နှမြောစရာပဲ၊ အိမ်ထောင်ကျသွားပြီလား မသိဘူး]
ထိုအမျိုးသား၏ ညာဘက်လက်သူကြွယ်တွင် စိန်လက်စွပ်တစ်ကွင်း ဝတ်ဆင်ထားသည်။
[ဟင်... နောက်က အမျိုးသမီးလက်မှာတော့ လက်စွပ်မပါဘူးဟ]
[အတွင်းရေးမှူး ဖြစ်မှာပါ၊ အလှလေး အတွင်းရေးမှူးပေါ့ ဟေးဟေး...]
'ဒါ... ဒါက...'
"ဟမ်... "
တိတ်ဆိတ်နေသော အလုပ်ခွင်ဧရိယာထဲမှ အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
လျိုမော့ရွှီမှာ ထခုန်မတတ် ဖြစ်သွားပြီး တစ်ကိုယ်လုံး ထုံကျင်သွားရသည်။
'ဒါ... ဒါက... ဒါက သူတို့ JM ရဲ့ စီအီးအို 'မစ္စတာချိုက်' မဟုတ်လား'
လျိုမော့ရွှီတစ်ယောက် ကြောင်အသွားရသည်။
ဝိညာဉ်တမန် Host က JM ထဲ ရောက်နေသည်ဟု တွေးမိသည်နှင့် ကျောရိုးထဲမှ စိမ့်တက်လာသလို တစ်ဖက်ကလည်း စိတ်လှုပ်ရှားမိသည်။
Live ကို ကြည့်နေရင်း မျက်တောင်ပင် မခတ်နိုင်တော့ပေ။
မစ္စတာချိုက်က ဘာလို့ Live ထဲမှာ ပါနေရတာလဲ။
' ပြီးတော့ စီအီးအိုနောက်က အမျိုးသမီးကရော...'
"လျိုမော့ရွှီ ဘာဖြစ်လို့လဲ"
သူမ၏အလန့်တကြား အော်သံကြောင့် လုပ်ဖော်ကိုင်ဖက်များက လှည့်ကြည့်လာကြသည်။
လျိုမော့ရွှီ အမြန်ပြန်ထိုင်လိုက်ချိန်တွင် လုပ်ငန်းသုံး Group ထဲ၌ မက်ဆေ့ချ်တစ်ခုဝင်လာသည်။
"ခဏနေရင် စီအီးအိုက ဌာနအသီးသီးကို လာကြည့်လိမ့်မယ်၊ အားလုံး ဂရုစိုက်ကြပါ၊ ကိုယ့်ဌာနရဲ့ အကောင်းဆုံးပုံစံကို ပြသကြပါ"
...
Live မြင်ကွင်းထဲတွင်...
ရုံးခန်းအတွင်း၌ ချိုက်ရှင်းသည် အလုပ်များကို ကိုင်တွယ်နေပြီး လမ်းတစ်ဝက်တွင် တစ်စုံတစ်ယောက်က ကော်ဖီလာပို့သည်။
သူ ဘယ်နေရာသွားသွား နောက်က အလှပိုင်ရှင်အမျိုးသမီးမှာ အရိပ်ပမာထပ်ကြပ်မကွာ လိုက်ပါနေပြီး တိတ်ဆိတ်စွာ အဖော်ပြုပေးနေသည်။
နေဝင်ရီတရော အချိန်ရောက်လာသည်နှင့်အမျှ အခန်းတွင်းရှိ ပစ္စည်းများ၏အရိပ်မှာ ရှည်လျားလာသည်။
တုန်တုန်တုန်... တုန်တုန်တုန်...
ခနအကြာတွင် စားပွဲပေါ်က ဖုန်းကမြည်လာ၏။
အတွင်းရေးမှူးက ဌာနများသို့ လှည့်လည်ကြည့်ရှုရန် အချိန်ရောက်ပြီဖြစ်ကြောင်း သတိပေးခြင်းဖြစ်သည်။
"သိပြီ"
ချိုက်ရှင်း ပြောရင်း ဖုန်းချလိုက်သည်။
သူသည် ပုခုံးကို နှိပ်လိုက်မိ၏။
မကြာသေးခင်က ဘာကြောင့်မှန်းမသိဘဲ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေသလို ခံစားနေရသည်။
...
[ဟိုလေ... အစ်ကိုတို့... ဟိုလူချောနောက်က လိုက်နေတဲ့ အလှလေးမှာ ဘာလို့ အရိပ်မပါတာလဲဟင်]
[အပေါ်ကလူပြောမှ ငါ သတိထားမိတယ်၊ ဒါ သရဲပဲ ဖြစ်မယ် ဟ]
[ဟာ... အဲ့ဒီအမျိုးသမီးက အရိပ်ထဲမှာပြုံးနေတာ အရမ်းခြောက်ဖို့ကောင်းတာပဲ၊ ဦးရေပြားတောင် စိမ့်တက်သွားတယ်]
Live ကြည့်နေသူများမှာ အစက လူချောအလှလေးများကို ကြည့်ကာ စိတ်လှုပ်ရှားနေကြသော်လည်း နောက်ပိုင်းတွင် တစ်ခုခု မူမမှန်သည်ကို သတိထားမိလာကြသည်။
[ခုနက Screenshot ရိုက်ကြည့်လိုက်တာ၊ ရုံးခန်းထဲမှာ လူတစ်ယောက်ပဲ ရှိတယ်ဗျ၊ ကြောက်စရာကြီး]
[ဒါ အတွင်းရေးမှူး မဟုတ်လောက်ဘူး...]
[သူက လူမှဟုတ်ရဲ့လားလို့ သံသယဝင်သင့်တာ]
ကြည့်ရှုသူများက သူတို့တွေ့ရှိချက်များကို တစ်ယောက်တစ် ပေါက် ပြောဆိုလာကြပြီးနောက် ကိုယ်ကို တွန့်လိုက်မိကြသည်။
ကျောရိုးထဲမှ အေးစိမ့်မှုမှာ ဦးနှောက်အထိ တက်သွားသလိုပင်။
ဤ Live Room မှာ တစ်နေ့ထက်တစ်နေ့ ပို၍ 'ခြောက်ခြားစရာ' ကောင်းလာ၏။
...
Live မြင်ကွင်းတွင် ချိုက်ရှင်းသည် ရုံးခန်းမှ ထွက်ကာ စင်္ကြန်လမ်းအတိုင်း လျှောက်လာသည်။
စင်္ကြန်လမ်းမှာ အလင်းရောင် နည်းပါးနေပြီး လမ်းဘေးမီးများလင်းနေပြီဖြစ်သည်။
ဇိ... ဇိ...
ချိုက်ရှင်း ခြေလှမ်း ရပ်လိုက်သည်။
သူ့ ခေါင်းပေါ်က မီးလုံးမှာ မီးအားမမှန်သလို တဖျပ်ဖျပ် ဖြစ်နေသည်။
နောက်က လိုက်လာသောအတွင်းရေးမှူးက ချက်ချင်းပင် အခြေအနေကို ကြည့်ကာ...
"စီအီးအို... ကျွန်မ အခုပဲ လူခေါ်ပြီး ပြင်ခိုင်းလိုက်ပါ့မယ်"
"အင်း"
ချိုက်ရှင်း ခေါင်းညိတ်ကာ ဓာတ်လှေကားထဲသို့ အရင်ဝင်လိုက်သည်။
သူသည် ပုခုံးကိုပြန်နှိပ်လိုက်မ်ကာ 'ငါ ဖျားနေတာလား' ဟု တွေးနေမိသည်။
သူ့နောက်တွင် အရိပ်မရှိသော ထိုအမျိုးသမီးမှာ သူ့ ဖနောင့်နှင့် ကပ်လျက် အနီးကပ်လိုက်ပါနေသည်။
ထိုမှတစ်ဆင့် သူနှင့် ပိုပိုနီးကပ်လာနေသည်။
...
"မင်္ဂလာပါ စီအီးအို"
ဒီဇိုင်းဌာနရှိ လူအားလုံး စုဝေးနေကြသည်။
ဓာတ်လှေကားဝတွင် ကင်းစောင့်နေသူရှိသဖြင့် စီအီးအို ရောက်လာသည်နှင့် အားလုံးက မတ်မတ်ရပ်ကာ ရင်ကော့ထားကြသည်။
မျက်ခုံးဆွဲနေသူက ခဲတံချလိုက်သလို၊ နက်ကတိုင် ပြင်နေသူများကလည်း လက်ကို အသာချလိုက်သည်။
ဒီဇိုင်နာများလည်း အလုပ်ရပ်ကာ ထွက်ကြိုကြသည်။
လျိုမော့ရွှီမှာ လူအုပ်ထဲတွင် ရပ်နေသော်လည်း စီအီးအိုလာစစ်မည်ဖြစ်၍ Live ခိုးကြည့်ရန် မဝံ့တော့ပေ။
ထို့ကြောင့် Live ထဲက ကြည့်ရှုသူများ၏ ဝေဖန်ချက်များကို သူမ မသိလိုက်ရပေ။
တောက်... တောက်... တောက်...
အတွင်းရေးမှူး၏ဒေါက်ဖိနပ်သံ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ လူတိုင်း၏ရင်မှာ ခုန်လှုပ်နေကြသည်။
နောက်ဆုံးတွင် ခြေသံ ရပ်သွားသည်။
ချိုက်ရှင်းနှင့် အတွင်းရေးမှူးမှာ ဒီဇိုင်းဌာန ဝန်ထမ်းများရှေ့တွင် ရပ်လိုက်ကြသည်။
လျိုမော့ရွှီသည် ချိုက်ရှင်းကို ခိုးကြည့်လိုက်သည်။
Host က ဘာလို့ သူ့ဆီ ရောက်လာတာလဲဆိုသည်ကို သူမ သိချင်နေသည်။
Live ထဲက လူတစ်ယောက်ကို လူချင်းမျက်နှာချင်းဆိုင်တွေ့ရသည်မှာ ဤတစ်ကြိမ်သည် ပထမဆုံးဖြစ်သည်။
'Host လည်း ဒီနားမှာ ရှိနေမလား'
သို့သော်...
သူမ၏ အကြည့်က ချိုက်ရှင်းပေါ်သို့ ကျရောက်သွားချိန်တွင် တစ်ခုခု မူမမှန်သည်ကို တွေ့လိုက်ရသည်။
စီအီးအိုက ဘာလို့ အမျိုးသမီးတစ်ယောက်ကိုပိုးထားတာလဲ။
မဟုတ်ဘူး... ပိုတိတိကျကျ ပြောရလျှင် ထိုအမျိုးသမီးက ချိုက်ရှင်း၏ ကျောပေါ်တွင် မှောက်လျက်ကပ်ပါနေခြင်း ဖြစ်သည်။
ထိုမြင်ကွင်းမှာ လွန်စွာခြောက်ခြားဖွယ် ကောင်းလှသည်။
လျိုမော့ရွှီ၏ခြေဖျားမှ အေးစိမ့်မှုမှာ ဦးနှောက်အထိ စိမ့်တက်သွားသည်။
သူမ အကြည့်ကို ခံစားမိသွားသော ချိုက်ကျုံးကျောပေါ်က အမျိုးသမီးက သူမဘက်လှည့်ကာ သွားဖြဲပြပြီး ခြောက်လှန့်လိုက်သည်။
"အားးးးး"
လျိုမော့ရွှီ လန့်ဖြန့်ကာ အော်ဟစ်လိုက်ပြီး သတိလစ်ကာ လဲကျသွားတော့သည်။
လုပ်ဖော်ကိုင်ဖက်များက နှာခေါင်းအောက်ကို နှိပ်ပေး၍ သတိရလာချိန်တွင် ဝန်ထမ်းကိုဂရုစိုက်ဟန်ပြနေသော ချိုက်ရှင်းကို မြင်လိုက်ရသည်။
သို့သော် ထိုအမျိုးသမီးကလည်း ချိုက်ကျုံးနှင့်အတူ ကပ်ပါလာရာ လျိုမော့ရွှီနှင့် တစ်မီတာပင် မဝေးတော့ပေ။
သူမသည်အေးစိမ့်သော အရှိန်အဝါမှာ ရင်ဆိုင်တိုးလာသလို ခံစားရလိုက်၏။
"......"
ဤတစ်ကြိမ်တွင် အော်ပင်မအော်နိုင်တော့ဘဲ သူမ ထပ်မံ သတိလစ်သွားပြန်သည်။
ချိုက်ရှင်း မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။
ဤဝန်ထမ်းသည် သူ့ကိုကြည့်သည့် အကြည့်မှာ ကြောက်စရာ တစ်ခုခုကိုမြင်နေရသလို ဖြစ်နေသည်။
ဒီဇိုင်းဌာနမှ ထွက်လာပြီးနောက် သူက အတွင်းရေးမှူးကို မေးလိုက်သည်။
"ငါ့ပုံစံက ကြောက်ဖို့ကောင်းနေလို့လား"
အတွင်းရေးမှူးက ချက်ချင်းအလိုက်သင့် ဖြေသည်။
"စီအီးအိုက အရမ်းကိုခန့်ညားတည်ကြည်တာပါ! ခုနက တစ်ယောက်ကတော့ ဘွဲ့ရကာစ ကျောင်းသူတစ်ယောက်မို့လို့ လောကအတွေ့အကြုံ မရှိသေးတာ ဖြစ်မှာပါ"
သာမန်ဝန်ထမ်းများမှာ စီအီးအိုကို တွေ့ရခဲလှသည်။
စီအီးအိုအတွက် သီးသန့် အထပ်နှင့် ရုံးခန်းရှိသလို ဓာတ်လှေကားမှာလည်း သီးသန့်ဖြစ်သည်။
ဇာတ်လမ်းတွဲများထဲကလို ဝန်ထမ်းလေးနှင့် စီအီးအို တိုက်မိပြီး တစ်ဦးကိုတစ်ဦး ချစ်သွားကြသည်ဆိုသည်မှာ လက်တွေ့တွင် မဖြစ်နိုင်ပေ။
ချိုက်ရှင်းက ထိုရှင်းပြချက်ကို လက်ခံသည့်ပုံစံဖြင့် ခေါင်း ညိတ်လိုက်သည်။
မလှမ်းမကမ်းတွင်...
ကျန်းလင်သည် ဒီဇိုင်းဌာနမှ မထွက်ခွာမီ သတိလစ်နေသော လျိုမော့ရွှီကို တစ်ချက်ကြည့်လိုက်သည်။
'မွေးရာပါ ယင်ယန်မျက်လုံးပိုင်ရှင်လား'
...
Live ထဲတွင်မူ
[ဟိုမိန်းကလေးက တစ်ခုခုမြင်သွားတာ မဟုတ်လား]
[သူမကို သနားလိုက်တာ၊ ငါတို့က screen နောက်က ကြည့်တာတောင်ကြောက်နေရတာကို၊ သူကတော့ အနီးကပ်ကြီး မြင်လိုက်ရတာလေ]
[ဒါဆို အခြေအနေက ဘယ်လိုလဲ အဲ့ဒီ တစ္ဆေမက စီအီးအိုကို အရမ်းချစ်လွန်းလို့ သေတာတောင် မခွဲနိုင်တာလား]
[ခုနက Baidu မှာ ရှာကြည့်လိုက်တာ၊ ဒါ JM ရဲ့ စီအီးအိုပဲ၊ စီအီးအိုကတော်က ဒီလိုပုံစံ မဟုတ်ဘူး]
[ဒီဘက်ခေတ်မှာ စီအီးအိုကတော် လုပ်ချင်တဲ့သူတွေ နည်းမှမနည်းတာ]
ကြည့်ရှုသူများမှာ စုံထောက်ဦးထုပ်များဆောင်းကာ အမျိုးမျိုး ခန့်မှန်းနေကြသည်။
သို့သော် ခန့်မှန်းရင်းနှင့် တစ်စုံတစ်ယောက်က မေးခွန်းတစ်ခု ထုတ်လာသည်။
[ဒါနဲ့... ဘယ်သူမှ အဲ့ဒီစီအီးအိုကို သွားသတိမပေးကြဘူးလား]
[...]
[...]
သူတို့ကတော့ ဘေးကနေပျော်ပျော်ကြီး ကြည့်နေကြခြင်း ဖြစ်သည်။ နောက်ပြီးတော့...
[မင်းမှာ စီအီးအို ဖုန်းနံပါတ် ရှိလို့လား]
[စီအီးအိုကြီးဆီ ရုတ်တရက် ဖုန်းဆက်ပြီး 'မင်းဆီမှာ သရဲကပ်နေတယ်' လို့ သွားပြောရင် အရူးထောင် အပို့ခံရမှာပေါ့]
[... အင်း ဟုတ်သားပဲ]
🫧 Chapter 16
လျိုမော့ရွှီ သတိလစ်သွားသည့် ဖြစ်ရပ်ကြောင့် စီအီးအို၏ လှည့်လည်စစ်ဆေးမှုမှာ စောစီးစွာပြီးဆုံးသွားခဲ့သည်။
စီအီးအို ထွက်ခွာသွားချိန်တွင် လျိုမော့ရွှီကို အိမ်ပြန်နားရန် ခွင့်တစ်ဝက် ပေးခဲ့သည်။
ဤလုပ်ရပ်ကြောင့် ဒီဇိုင်းဌာနရှိ အမျိုးသမီးအများစုမှာ 'မစ္စတာ ချိုက်က တကယ်ကို နွေးထွေးတာပဲ' ဟု တိတ်တ ဆိတ် ချီးကျူးနေကြသည်။
"မော့ရွှီ... သက်သာရဲ့လား"
လုပ်ဖော်ကိုင်ဖက် ယန်ရွန် က လျိုမော့ရွှီကို အိမ်အထိ လိုက်ပို့ပေးရင်း အအေးဗူးတစ်ဗူး ကမ်းလိုက်ကာ မေးလိုက်ပသည်။
"ကျေးဇူးပဲ၊ ငါ ဘာမှမဖြစ်ပါဘူး"
လျိုမော့ရွှီ ပြုံးပြသော်လည်း မျက်နှာမှာ ဖြူလျော်နေဆဲဖြစ်သည်။
"မနက်ဖြန်ပါ ခွင့်ယူပြီး နားလိုက်ပါလား"
ယန်ရွန် စိုးရိမ်တကြီး မေးလိုက်၏။
"အင်း... အိမ်ရောက်မှ အခြေအနေကြည့်ဦးမယ်။ ကျေးဇူးပါပဲ ယန်ရုန်"
"ရပါတယ်၊ မနက်ဖြန်မှ တွေ့မယ်"
ယန်ရုန်သည် လျိုမော့ရွှီ အပေါ်ထပ်တက်သွားသည်ကို ကြည့်ပြီးမှ လှည့်ပြန်သွားသည်။
သူတို့နှစ်ဦးမှာ ချစ်သူဖြစ်ရန် မသေချာသေးသော်လည်း ယန်ရုန်စိတ်ကူးထဲတွင်မူ လက်ထပ်ပြီးသည့်အထိ ပုံဖော်နေပြီ ဖြစ်သည်။
ဤဘက်တွင်မူ...
လျိုမော့ရွှီသည် အိမ်ရှေ့ရောက်၍ သော့ထုတ်မည်အလုပ်၊ သူမရှေ့တွင် အလင်းရောင်ကွယ်သွားကာ ခြေရင်း၌ လူတစ်ယောက်၏အရိပ် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
"..."
တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် လည်ပင်း၌ နာကျင်မှုတစ်ခု ခံစားလိုက်ရကာ သတိလစ်သွားတော့သည်။
...
ဟင်းလင်းပြင်တစ်ခုအတွင်း...
သံကြိုးခတ်သံများ၊ စားပွဲလှုပ်ခါသံများနှင့် အမျိုးသမီးတစ်ဦး၏ရှိုက်ငိုသံများ ကြားနေရသည်။
လျိုမော့ရွှီသည် ခေါင်းထဲ ရေဝင်နေသကဲ့သို့ လေးလံစွာဖြင့် မျက်လုံးဖွင့်လိုက်သည်။
"နိုးပြီလား"
ရှေ့က အမျိုးသား၏အသံနှင့် ပုံရိပ်မှာ ဝေဝါးနေသည်။
သူမ မျက်လုံးကို ပြန်မှိတ်ပြီး အားယူဖွင့်လိုက်ချိန်တွင်မှ တစ်ဖက်လူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ရင်းနှီးပြီး ချောမောသော မျက်နှာတစ်ခု...
"ဝူးဝူး.... မစ္စတာချိုက်"
ချက်ချင်းဆိုသလို လျိုမော့ရွှီ၏မျက်ဝန်းများ တုန်လှုပ်သွားသည်။
သူမ ပါးစပ်ထဲတွင် အဝတ်စတစ်ခုအဆို့ခံထားရသည်ကို သိလိုက်ရပြီး ပတ်ဝန်းကျင်ကို အမြန်ကြည့်လိုက်မိသည်။
ဤနေရာမှာ ပြတင်းပေါက်မရှိ၊ အလင်းမဝင်သော အခန်းကြီးတစ်ခု ဖြစ်သည်။
အခန်းထဲတွင် သံလှောင်အိမ်ကြီးများ ရှိနေပြီး အထဲ၌ အမျိုးသမီးများ ကွေးကွေးလေး ရှိနေကြသည်။
အခန်းအလယ်တွင်...
သစ်သားစားပွဲရှည်ကြီးတစ်လုံးရှိပြီး အပေါ်၌ အဝတ်မပါသော အမျိုးသမီးတစ်ဦး လဲလျောင်းနေသည်။
ထိုအမျိုးသမီးမှာ လျိုမော့ရွှီဘက် ဘေးစောင်းလျက် ဖြစ်နေပြီး လုံးဝ ဟာလာဟင်းလင်းဖြစ်နေသော မျက်လုံးများဖြင့် သူမကို စိုက်ကြည့်နေသည်။
လျိုမော့ရွှီသည် အလိုအလျောက် နောက်သို့ ဆုတ်လိုက်မိကာ တစ်ကိုယ်လုံး အေးစိမ့်သွားသည်။
'ရှောင်ရွှီ မဟုတ်လား'
ချိုက်ရှင်းက သူမပါးစပ်ထဲက အဝတ်စကို နူးညံ့စွာဖယ်ပေးရင်း ပြောသည်။
"ပြောစမ်း... နင် ခုနက ဘာမြင်ခဲ့တာလဲ"
လျိုမော့ရွှီ၏ထိတ်လန့်နေသော အကြည့်မှာ သူ့လည်ပင်းပေါ်သို့ ကျရောက်သွားသည်။
သူ့ကျောပေါ်တွင် မှောက်နေသော အမျိုးသမီးမှာ လက်နှစ်ဖက်ကို ချိုက်ရှင်း၏လည်ပင်းပေါ် တင်ထားပြီး မျက်နှာမှာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းနေသည်။
"အသက်ရှင်ချင်လား"
ချိုက်ရှင်း ပြုံးကာမေးလိုက်၏။
ခန့်ညားသော မျက်နှာနှင့် အထက်တန်းစား ဝတ်စုံကိုဝတ်ထား၏။
သို့သော် ချောက်နက်ထဲမှ တက်လာသော မိစ္ဆာတစ်ကောင်ကဲ့သို့ ခြောက်ခြားဖွယ်ကောင်းလှသည်။
လျိုမော့ရွှီ ခေါင်းကို အပြင်းအထန်ညိတ်ပြလိုက်သည်။
'သူမ အသက်ရှင်ချင်သည်'
"ဒါဆို ပြောပြ... နင် ဘာမြင်ခဲ့တာလဲ"
"..."
လျိုမော့ရွှီ ဝေခွဲမရ ဖြစ်နေသည်။
'ပြောပြရမလား'
' ပြောရင် သေမှာလား'
'ပြောလိုက်ရင်ရော လွတ်မှာလား'
"အားးးး"
ဝေခွဲမရ ဖြစ်နေစဉ်မှာပင် သူမ၏ဆံပင်မှာ ဆွဲမခြင်းခံလိုက်ရသည်။
နာကျင်မှုကိုလျော့ပါးစေရန် သူမ ကိုယ်ကို အပေါ်သို့ အတင်း မြှင့်ထားရသည်။
ဇိ... ဇိ...
ထို့နောက် အခန်းထဲက မီးလုံးမှာ တဖျပ်ဖျပ် ဖြစ်လာသည်။
သူမမှာမူ ပြင်းပြသော အသက်ရှင်လိုစိတ်ကြောင့် သူမ ပါးစပ်ဖွင့်ပြောလိုက်ရတော့သည်။
"ကျွန်မ... ကျွန်မ ရှင့်ကိုယ်ပေါ်မှာ... မိန်းမ တစ်ယောက်... မြင်တယ်"
"မိန်မ တစ်ယောက် ...."
ဆံပင်ကိုဆွဲထားသော လက်မှာ ရုတ်တရက် လျော့သွားသည်။
ချိုက်ရှင်း မျက်နှာမှ အပြုံးများပျောက်ကွယ်သွားသည်။
"အဲ့ဒီ အမျိုးသမီးက ဘယ်လိုပုံစံလဲ"
လျိုမော့ရွှီ အမောတကော အသက်ရှူရင်း ကြောက်စိတ်ကြောင့်ရော နာကျင်မှုကြောင့်ပါ နဖူးတွင် ချွေးများ ထွက်လာသည်။
သူမက တုန်တုန်ရင်ရင်ဖြင့် ပြောပြလိုက်သည်။
"အရမ်း... လှတယ်၊ပြီးတော့ မျက်လုံးထောင့်မှာ... မှဲ့တစ်လုံးရှိတယ်"
"ကျွတ် ကျွတ် ကျွတ်"
ချိုက်ရှင်းက တိုးတိုးလေး ဆဲလိုက်ကာ သူ့ နူးညံ့သော ပုံစံမှာ ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်သောပုံစံသို့ ပြောင်းသွားသည်။
'ဖန်းလီလီ' ဆိုတဲ့ မိန်းမ သေပြီးကတည်းက သူ့ပတ်ဝန်းကျင်မှာ မူမမှန်တာတွေ ဖြစ်နေသည်ဟု သူတွေးနေခဲ့ခြင်းဖြစ် သည်။
မီးလုံးများတဖျပ်ဖျပ် ဖြစ်နေစဉ် ချိုက်ရှင်းသည် သူ့ ရှေ့တွင် အမျိုးသမီးတစ်ဦး ရပ်နေသလို ခံစားလိုက်ရကာ သူ့ကျောရိုးထဲမှ စိမ့်တက်လာသည်။
"ထွက်သွားစမ်း ငါ့နောက်ကို ဆက်လိုက်နေရင် နင့်ကို ခွေးကျွေးပစ်မယ်"
ချိုက်ရှင်းက အော်ဟစ်ဆဲဆိုကာ မြေအောက်ခန်းထဲမှအမြန်ပြေးထွက်သွားတော့သည်။
သူသည် သူ့ အိပ်ခန်းထဲသို့ ပြန်လာကာ သက်တော်စောင့်များကိုအနားတွင်ထားရှိပြီး ခေါင်းရင်းတွင်လည်း ဓားတစ်လက်ကို ထားလိုက်သည်။
"နင် လာရဲရင်... နင့်ကို နောက်တစ်ခါ ထပ်သတ်ပြမယ်"
သူသည် လေထုကို စိုက်ကြည့်ရင်း ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ဟိန်းဟောက်လိုက်သည်။
...
Live ထဲတွင်မူ
[အားးး ဒီယောကျ်ားကို ငါ တကယ် သတ်ချင်လိုက်တာ အမကြီးရေ... လုပ်လိုက်စမ်းပါ]
[ဒီခေတ်ကြီးမှာ ဒီလိုလူမျိုး ရှိသေးတယ်လား ၊လူမျက်နှာနဲ့ သားရဲစိတ် တကယ့်တိရစ္ဆာန်ပဲ]
[ငါ့တစ်ကိုယ်လုံး ဒေါသထွက်လွန်းလို့ တုန်နေပြီ]
ကြည့်ရှုသူများမှာ ဒေါသတကြီးဖြင့် စာများ ရေးနေကြသည်။
ချိုက်ရှင်းသည် အလုပ်မှပြန်လာပြီး မြေအောက်ခန်းထဲသို့ ဝင်သွားချိန်မှသာ သူ ကျူးလွန်ထားသော ကိစ္စရပ်များကို လူတိုင်းမြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
[ဒီခွေးကောင်ကို သတ်ပစ်]
[Hacker တွေ ဘယ်မှာလဲ၊ သူ့လိပ်စာကို အမြန်စစ်ပေးကြပါ၊ ငါတို့ တံတွေးနဲ့ ထွေးပြီး သတ်ပစ်ကြမယ်]
[Hacker ရောက်ပြီဟေ့]
[ရဲတပ်ဖွဲ့ : သာမန်ပြည်သူများ ကိုယ့်ဘာသာ အရေးမယူကြပါနဲ့၊ ကိုယ့်လုံခြုံရေးကိုယ် ဂရုစိုက်ပါ၊ ဓားစာခံရဲ့ လုံခြုံရေးကို အာမခံနိုင်အောင်လုပ်ပါမယ်]
...
ညဉ့်နက်ပိုင်းတွင်...
အနက်ရောင် ကားများစွာသည် လမ်းမကြီးပေါ်မှ အမြန်မောင်းနှင်လာပြီး တောစပ်ဒေသတစ်ခုသို့ တိတ်တဆိတ် ဝင်ရောက်သွားကာ ကားပေါ်မှလူများ ဆင်းလာကြ၏။
သူတို့တွင် ကာကွယ်ရေးဝတ်စုံများနှင့် လက်နက်များပါရှိပြီး ရှေ့က ဗီလာဆီသို့ သတိထား ချဉ်းကပ်သွားကြသည်။
ခေါင်းဆောင်ဖြစ်သူ၏ နားတွင် Bluetooth နားကြပ် တပ်ထားပြီး ၎င်းမှတစ်ဆင့် Live ထဲက အခြေအနေကို နားထောင်နေသည်။
သူက ဘေးက လူများကို အချက်ပြလိုက်၏။
' ပစ်မှတ် အိပ်ပျော်သွားပြီ'
...
ဗီလာအတွင်း...
နာရီလက်တံမှာ မနက် ၂:၀၀ နာရီသို့ ညွှန်ပြနေသည်။
"ဟား"
ချိုက်ရှင်းသည် အိပ်မက်ထဲမှ လန့်နိုးလာသည်။ လရောင်ဖျော့ဖျော့အောက်တွင် ပြတင်းပေါက်နားသို့ လူတစ်ယောက် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။
ဓားရောင်တစ်ချက် ဝင်းခနဲ ဖြစ်သွားကာ သူ အတင်းထထိုင်လိုက်ချိန်တွင် မြင်လိုက်ရသည်မှာ သူ့ သက်တော်စောင့် ဖြစ်နေသည်။
"မင်း ဘာလုပ်နေတာလဲ"
ရှေ့ကလူက ဘာမှမဖြေဘဲ ဓားမကိုကိုင်ကာ ချိုက်ရှင်း၏ ခေါင်းကို ခုတ်ရန် တရွေ့ရွေ့နီးကပ်လာသည်။
"မလာနဲ့"
ချိုက်ရှင်း အော်ဟစ်ကာ အပြင်က သက်တော်စောင့်များကို အကူအညီတောင်းသော်လည်း ရှေ့ကလူက ရက်စက်စွာ ပြုံးလိုက်သည်။
"အော်စမ်းပါ... မင်း အာခေါင်ကွဲအောင် အော်လည်း ဘယ်သူမှလာကယ်မှာ မဟုတ်ဘူး"
ပြောပြောဆိုဆိုနှင့် ဓားဖြင့် ခုတ်ချလိုက်ရာ ချိုက်ရှင်း၏ လက်မောင်းပြတ်ကျသွားသည်။
"အားးး"
ချိုက်ရှင်းသည် သူ့ပြတ်သွားသော ညာလက်မောင်းကို ထိတ်လန့်တကြီး ကြည့်နေမိသည်။
ဟုတ်သားပဲ... သူ သတိရသွားပြီ။
အသံလုံအောင် သူကိုယ်တိုင် ဗီလာရဲ့နံရံတွေ၊ တံခါးတွေကို အထူးစီမံခဲ့တာပဲ။
အဲ့ဒီတုန်းက သူက အဲ့ဒီ အမျိုးသမီးကိုလည်း ဒီလိုပဲ ပြောခဲ့တာ...
"နင်က ဖန်းလီလီလား"
"မှန်တယ်"
သက်တော်စောင့်က ပါးစပ်ပြဲကြီးဖြင့် ပြုံးပြကာ ပြောလိုက် ၏။
"နင်မပြေးနိုင်တော့ပါဘူး "
ဓားမမှာလည်း တရွေ့ရွေ့ တိုးကပ်လာတော့ သည်။
.....
"ရပ်လိုက်စမ်း"
ချိုက်ရှင်းသည် အိပ်မက်ထဲမှ လန့်နိုးလာပြန်သည်။
သူ့ကျောပြင်မှာ ချွေးအေးများဖြင့် စိုရွှဲနေသည်။
"...... အိပ်မက်ပဲ"
သူသည် သက်တော်စောင့်များကို မောင်းထုတ်ရန် တံခါးဖွင့်လိုက်ချိန်တွင် အပြင်၌ ချောက်ကမ်းပါးကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူ့ အိပ်ခန်းမှာ ချောက်ကမ်းပါးပေါ်တွင် တည်ရှိနေခြင်း ဖြစ်သည်။
"Boss... အတူတူ ခုန်ချရအောင်"
သက်တော်စောင့်များ အားလုံးက တစ်ပုံစံတည်းဖြစ်နေသော အပြုံးများဖြင့် သူ့ကို ကြည့်နေကြသည်။
"Boss ကိုစောင့်နေတာ ကြာပြီ"
လူတိုင်းက သူ့ဆီ တိုးကပ်လာ သောအခါ ချိုက်ရှင်း တုန်လှုပ်စွာဖြင့် ခေါင်းအုံးအောက်က ဓားမကိုထုတ်ကာ ရှေ့ကလူများကို ရမ်းခုတ်တော့သည်။
ခဏချင်းမှာပင် အခန်းထဲ၌ သွေးရောင်များ လွှမ်းသွားသည်။
သို့သော် သက်တော်စောင့်များက ဘာမှ ပြန်မလုပ်ဘဲ မြေပြင်ပေါ်တွင် လဲလျောင်းလျက် ထူးဆန်းသော အပြုံးများဖြင့် သူ့ကို စိုက်ကြည့်နေကြဆဲ ဖြစ်သည်။
သူ အားလုံး ပြီးသွားပြီဟု ထင်လိုက်ချိန်တွင် ကြမ်းပြင်မှာ လှုပ်ခါလာပြီး အိပ်ခန်းတစ်ခုလုံး ချောက်ထဲသို့ ပြုတ်ကျသွားတော့သည်။
သူ ထပ်မံ လန့်နိုးလာပြန်သည်...
......
ချိုက်ရှင်းသည် ကုတင်ပေါ်တွင် ထိုင်နေပြီး တစ်ကိုယ်လုံးရေထဲမှ ဆယ်ယူထားသကဲ့သို့ ချွေးများဖြင့် ရွှဲနေသည်။
တံခါးဝတွင် သက်တော်စောင့်များက သူ့ကို လာနှိုးနေကြသည်။
"Boss... အပြင်မှာ ရဲတွေ ရောက်နေပြီထင်တယ်"
ချိုက်ရှင်း မျက်လုံးများမှာ နီရဲနေပြီး ဘာမှမတုံ့ပြန်ဘဲ ခေါင်းအုံးအောက်က ဓားမကို ဆွဲထုတ်ကာ ရှေ့ကလူကို ခုတ်ပစ်လိုက်သည်။
"ဖန်းလီလီ နင် ထွက်လာစမ်း"
"နင့်ကို သတ်ပြီး ခွေးကျွေးမယ်"
"ကျင်းစန်းကျောင်းတော်က ဘုန်းကြီးတွေကို ခေါ်ပြီး နင့်ကို နှိမ်နင်းခိုင်းမယ်၊ ဘယ်တော့မှ လူပြန်မဖြစ်စေရဘူး"
သက်တော်စောင့်များမှာ နောက်သို့ ဆုတ်သွားကြသည်။
"Boss"
ချိုက်ရှင်း ဘာကိုမှ ဂရုမစိုက်ဘဲ အော်ဟစ်နေသည်။
သူသည် အိပ်မက်ထဲတွင် အကြိမ်ပေါင်းများစွာ သေခဲ့ရပြီးပြီ ဖြစ်သည်။
ခုတ်သတ်ခံရခြင်း၊ ချောက်ထဲကျခြင်း၊ ရေနစ်ခြင်း များပင်ဖြစ်၏။
အခုတော့ သူရူးချင်နေပြီဖြစ်၏။
...
ဗီလာအပြင်ဘက်တွင်...
ကျိုးကျိကော်သည် အထဲက အသံကို မကြားရသော်လည်း Live ကို ကြည့်နေသည်။
သူသည် နောက်က လူများကို လက်ချက်ပြလိုက်ပြီးနောက် ချက်ချင်းတွင် ရဲတပ်ဖွဲ့ဝင်များစွာ ဗီလာထဲသို့ အတင်းဝင်ရောက်သွားကြသည်။
"ရဲတပ်ဖွဲ့ပဲ မလှုပ်ကြနဲ့"