အခန်း (၁၅၂)
Vol. 16 Ch. 152
🌹Chapter 152
ယန်ရုန်ရုန့်ကို မြင်လိုက်ရသည်နှင့် ယိုပီလော၏ ရင်ထဲ ဒေါသများ၊ အငြှိုးတရားများနှင့်အတူ သူကိုယ်တိုင်ပင် သတိမထားမိသော ကြောက်ရွံ့စိတ်လေးအနည်းငယ်ပင် ဖြစ်ပေါ် လာခဲ့ပါသည်။
ထို့ကြောင့် ယိုပီလော ပါးစပ်ဟကာ စတင်ဆဲဆို ကြိမ်းမောင်းလေတော့သည်။
“မိန်းမယုတ်! နင်ငါ့လက်ထဲ ရောက်တာနဲ့ သေချင်စိတ်ပေါက်သွားတဲ့အထိ နှိပ်စက်ပြမယ်!”
ယန်ရုန်ရုန် မျက်မှောင်ကြုတ်သွားသည်။
“အစက ရှင့်ကို လွှတ်ပေးဖို့ စီစဉ်ထားတာ၊ ဒါပေမယ့် အခုကြည့်ရသလောက်တော့ သင်ခန်းစာမရသေးဘူး ထင်ပါတယ်၊ အဲ့တာဆိုလည်း ဒီတိုင်း ဆက်နေလိုက်ဦးပေါ့”
ထို့နောက် ချန့်ခွင်းအိတ်ထဲမှ သံနှုတ်စွပ်တစ်ခုကို ထုတ်ကာ ယိုပီလော၏ ပါးစပ်ပေါ် စွပ်ပေးလိုက်ပါသည်။ ထို့ကြောင့် ယိုပီလော စကားပြောနိုင်စွမ်းမရှိတော့ဘဲ ဝူးဝူးဝါးဝါး အသံများသာ ထွက်နိုင်တော့သည်။
ယန်ရုန်ရုန် လက်ခုပ်တီးကာ စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ကို လှည့်ကြည့်လိုက်ပါသည်။ ထို့နောက် နွေးနွေးထွေးထွေး ပြုံးပြကာ ဖိတ်ခေါ်လိုက်သည်။
“ဒီနား လာကြည့်ကြလေ! ဒါ ကျွန်မပြောတဲ့ ‘နံစော်လိပ်ခွေးလေး’ဆိုတာပဲ၊ သူက ရုပ်လှပေမယ့် အကျင့်ကတော့ နည်းနည်းဆိုးတယ်၊ ဒါပေမယ့်မကြောက်ပါနဲ့၊ ကျွန်မ ထိန်းချုပ်ထားလို့ ရှင်တို့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး”
စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့၏ မျက်နှာထားများ… အနည်းငယ် ရှုပ်ထွေးသွားကြပါသည်။
ကုတင်ပေါ်တွင် လှဲလျောင်းနေသူက ယိုပီလောဖြစ်မှန်း သူတို့ အတည်ပြုနိုင်ခဲ့လေပြီ။ သို့သော် သူ့သရုပ်မှန်ကို ဒီတိုင်း ထုတ်ပြောလိုက်လို့မဖြစ်ပေ။ ထုတ်ပြောလိုက်ပါက အခြေအ နေမှာ ရှင်းပြရပိုခက်သွားပါလိမ့်မည်။
ယခုဆို ယိုပီလောကလည်း စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ကို မြင်သွားပါပြီ။
သူ့မျက်လုံးများ ချက်ချင်း အရောင်တောက်ကာ သူတို့နှစ်ယောက်ထံ ဝူးဝူးဝါးဝါးအော်နေပြီး ကယ်တင်ပေးဖို့ တောင်းဆိုနေမှန်း သိသာလှသည်။
ယန်ရုန်ရုန် ဇဝေဇဝါဖြစ်သွားဟန်ဖြင့် မေးလိုက်လေသည်။
“ရှင်တို့အချင်းချင်း သိကြတာလား”
စမ့်ရှန်းမင် ချက်ချင်း လက်ခါပြလိုက်သည်။
“တစ်ခါမှ မမြင်ဖူးဘူး”
ထိုအချိန်တွင် လင်းယွမ်က ယန်ရုန်ရုန့်ဘေးသို့ လျှောက်လာပြီး ယိုပီလော၏ မျက်နှာကို ငုံ့ကြည့်နေပါသည်။
ယိုပီလော ချက်ချင်း ကြက်သေသေသွားပြီး ရင်တွေတဒိတ် ဒိတ်ခုန်ကာ နဖူးပေါ် ဇောချွေးများ ပြန်လာခဲ့သည်။ လင်းယွမ်ရှေ့တွင် ယခုအသွင်ပုံစံကို တစ်ခါမှ ထုတ်မသုံးဖူးသဖြင့် သူက ယိုပီလောဖြစ်မှန်း လင်းယွမ် မသိသင့်ပါ။
သို့သော် လင်းယွမ်၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားလွန်းသဖြင့် သူ့မျက်နှာမှာ အတုအယောင်ဖြစ်မှန်း သေချာပေါက် သိနိုင်ပါလိမ့်မည်။
သူက ယိုပီလောဖြစ်မှန်း လင်းယွမ် မသိလျှင်တောင် သူ့ကို အလွတ်ပေးမှာ မဟုတ်လောက်ပေ။
ကျုံးရှောင်းရှောင်းကို သူမြှူဆွယ်ဖို့ ကြိုးစားခဲ့သည်။ သူမအပေါ် လင်းယွမ် ဘယ်လောက်တန်ဖိုးထားသလဲ ကြည့်ခြင်းအားဖြင့် အခြားယောက်ျားတစ်ယောက်နှင့် ပတ်သတ်မှုကို လုံးဝ ခွင့်လွှတ်နိုင်မှာ မဟုတ်လောက်ပါ။။
အခြားသူတွေကို သတိပေးဖို့အတွက် သူ့ကို သာဓကပြုကာ အရှင်လတ်လတ် အရေခွံနွှာပြီး အရိုးတွေတစ်ချောင်းချင်း ဆွဲထုတ်ပြလောက်သည်။
ထိုအတွေးများဝင်လာလေလေ ယိုပီလော ပိုမိုတုန်ယင်လာလေလေပင်။
ဒါကိုမြင်ပြီး ယန်ရုန်ရုန်က စိုးရိမ်တကြီး မေးလိုက်ပါသည်။
“ရှင့်မျက်နှာ ဘာလို့ အဲ့လောက်ဖြူဖပ်နေတာလဲ၊ ပြီးတော့ တုန်လည်း တုန်နေတယ်၊ သွေးထွက်လွန်နေလို့လား၊ ရှင်သေရတော့မှာလား”
ယိုပီလော အော်ငေါက်ပစ်လိုက်ချင်သည်။
‘ငါသွေးထွက်လွန်နေမှန်းသိရင် အခုထိ ဘာလို့ လွှတ်မပေးသေးတာလဲ!’
သို့သော် သူဆက်တောင့်ခံမထားနိုင်တော့ကြောင်း ပြသဖို့ ခေါင်းသာ အပြင်းအထန် ညိတ်ပြနိုင်ပါသည်။ သူမမှာ လူသားဆန်မှု စိုးစင်းမျှရှိနေသေးလျှင် သူ့ကို လွှတ်ပေးပါလိမ့်မည်။
ယန်ရုန်ရုန် သက်ပြင်းချလိုက်ပြီး ကရုဏာစိတ်ပြည့်ဝနေသော မျက်နှာဖြင့် ရေရွတ်လိုက်သည်။
“ကံဆိုးလိုက်တာ… ငယ်ငယ်ရွယ်ရွယ်နဲ့ သေရတော့မှာပဲ၊ ဒါပေမယ် စိတ်တော့မပူပါနဲ့၊ ရှင်သေသွားရင်တောင် ကျွန်မ ရှင့်ကိုမမေ့ဘူး၊ ကျွန်မ နှလုံးသားထဲမှာ ရှင်အမြဲရှိနေမှာ”
ယိုပီလော ဒေါသထွက်လွန်းသဖြင့် အသက်ရှူ ရပ်မတတ်ပင် ဖြစ်သွားခဲ့သည်။
‘ငါ့ကို ဒီအခြေအနေထိရောက်အောင် နှိပ်စက်ခဲ့တာ နင်လေ! နင့်ပါးစပ်က အဲ့လိုစကားမျိုး ပြောထွက်သေးတယ်လား!’
ယန်ရုန်ရုန် သူ့အဖြစ်ကို ဆက်မကြည့်နိုင်တော့သကဲ့သို့ ပြုမူလိုက်သည်။ ထို့နောက် အခြားသူများဘက်သို့ လှည့်ကာ ပြောလိုက်ပါသည်။
“ရှင်တို့ သူ့ကို ကြည့်ချင်ရင် မြန်မြန်ကြည့်ကြနော်၊ နောက်ဆို ကြည့်ခွင့်တောင် ရတော့မှာ မဟုတ်ဘူး”
ယိုပီလောကို သူမ အမှန်တကယ် သေအောင် နှိပ်စက်လိုက်မည်စိုးသဖြင့် စမ့်ရှန်းမင် အမြန်ဝင်ပြောလိုက်ပါသည်။
“ဒီလူ့ကြည့်ရတာ အခြေအနေမကောင်းလောက်တော့ဘူး၊ သူ့ကို ဒီမှာဆက်ထားရင် နတ်ဆိုးအရှင်သခင်နဲ့ သခင်မလေးကျုံးတို့အတွက် မနှစ်မြို့စရာဖြစ်လာနိုင်တယ်၊ ကျုပ်တို့လက်ထဲ ထည့်ပေးလိုက်ပါလား၊ နတ်ဆိုးအရှင်တို့ရှေ့မှာ ဘယ်တော့မှ ထပ်ပေါ်မလာနိုင်အောင် ကျုပ်တို့ သူ့ကို သေချာ စာရင်းရှင်းပစ်လိုက်မယ်လေ”
သို့သော် ယန်ရုန်ရုန်ကတော့ ခေါင်းခါလိုက်ပါသည်။
“နံစော်လိပ်ခွေးလေးက ကျွန်မကို အရမ်းချစ်တာ၊ ကျွန်မနဲ့ ခွဲနိုင်မှာမဟုတ်ဘူး၊ သူသေသွားရမယ်ဆိုရင်တောင် သူ့အလောင်းကို ကျွန်မကိုယ်တိုင် မီးသဂြိုလ်ပေးပြီး သူ့ပြာတွေကိုလည်း ကျွန်မကိုယ်တိုင်ပဲ သိမ်းထားပေးမှာ”
ထို့နောက် ဝမ်းနည်းဟန်ဖြင့် သက်ပြင်းအရှည်ကြီး ချလိုက်ပါသည်။
“ဒီဘဝမှာ ကျွန်မတို့ အတူတူဆုံတွေ့ဖို့ ကံပါလာပေမယ့် ကံကြမ္မာက မျက်နှာသာ မပေးခဲ့ဘူး၊ နောင်ဘဝကျရင်တော့ သူ အသက်ရှည်ရှည်နေနိုင်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေမသွားပါစေနဲ့လို့ ဆုတောင်းမိပါတယ်”
ယန်ရုန်ရုန်၏ သရုပ်ဆောင်ချက်များကြောင့် စမ့်ရှန်းမင်နှင့် ဟိုက်မင်တို့ အံကြိတ်မိကြသည်။
သူမ သရုပ်ဆောင်နေမှန်း သိကြသော်လည်း ထုတ်ပြောလို့ မရကြပါ။ ထို့ကြောင့် တောင့်တောင့်တင်းတင်းနှင့် အနေခက်စွာသာ ခေါင်းလိုက်ညိတ်နေရပါသည်။
လင်းယွမ်၏ ဇာမဏီမျက်လုံးများ မှေးစင်းသွားပြီး လေသံကလည်း အေးစက်သွားခဲ့သည်။
“မင်းက ဒီနံစော်လိပ်ခွေးလေးကို တော်တော်သဘောကျနေတဲ့ပုံပဲနော်”
ယန်ရုန်ရုန် ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
“သူ့မျက်နှာကိုတော့ သဘောကျပါတယ်”
လင်းယွမ် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။
“အဲ့တာ သူ့မျက်နှာအစစ် မဟုတ်ဘူးဆိုတာကော မင်းသိရဲ့လား၊ သူ့ပုံစံ အစစ်အမှန် ဘယ်လိုရှိလဲဆိုတာ မင်းမြင်ချင်လား”
ယိုပီလော ကြက်သေသေသွားခဲ့သည်။ သူငယ်စဉ်က ပြိုင်ဘက်ကင်းအောင် လှပချောမောခဲ့ပါသည်။ သို့သော် နတ်ဆိုးဘုရင်အဆင့်တွင် သူ့ကျင့်ကြံခြင်း ရပ်တန့်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။
နတ်ဆိုးဘုရင်များက မသေမျိုး မဟုတ်ကြပေ။ သက်တမ်းအကန့်အသတ်ရှိကြသည်။ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် အဆင့်မတက်နိုင်သဖြင့် သာမန်လူသားတွေလိုပင် မျက်နှာပေါ် အရေးအကြောင်းများ ပေါ်လာပြီး ပါးရေတွေတွန့်လာခဲ့ပါသည်။
သူ့အသွင်အစစ်အမှန်ကို မည်သူမှ မမြင်နိုင်စေဖို့ မျက်နှာဖုံးတွေ မကြာခဏ ပြောင်းလဲခဲ့ရသည်။
တဏှာနတ်ဆိုးမတစ်ကောင်ဖြစ်သည့်အတွက် အလှတရားက ယိုပီလောအတွက် အသက်တမျှ တန်ဖိုးရှိပါသည်။
ထို့ကြောင့် သူသရုပ်မှန်ကို ယခု ထုတ်ပြရမည်ဆိုလျှင် သေသည်ထက် ပိုနာကျင်ရလိမ့်မည်။
ယန်ရုန်ရုန်ကတော့ စိတ်ဝင်စားသွားသည်။
“သူ့ပုံစံအစစ်အမှန် ဟုတ်လား၊ ကျွန်မ ကြည့်လို့ရလား”
လင်းယွမ် ပြုံးလိုက်သည်။
“ရတာပေါ့”
ယိုပီလော စိတ်အလွန်ချောက်ချားနေပါပြီ။ သူအော်ဟစ်ထွက်ပြေးချင်မိသော်လည်း ပါးစပ်ကို အုပ်ခံထားရပြီး တစ်ကိုယ်လုံးကိုလည်း ချုပ်နှောင်ခံထားရသည်။
ထို့ကြောင့် လင်းယွမ် ညာဘက်လက်ကို ဖြည်းညှင်းစွာမြှောက်ကာ သူ့ထံချဉ်းကပ်လာသည်ကို ဒီတိုင်း စိုက်ကြည့်နေခဲ့ရပါသည်။
လင်းယွမ်၏ လက်ချောင်းသွယ်သွယ်များက သူ့မျက်နှာကို မထိခဲ့ဘဲ နှာခေါင်းနှင့် သုံးလက်မ အကွာတွင် ရပ်တန့်သွားသည်။
သူ့လက်ချောင်းထိပ်များမှ သွေးနီရောင်နတ်ဆိုးစွမ်းအင်များ စိမ့်ထွက်လာပြီး ယိုပီလော၏ နှာခေါင်းပေါက်တွေထဲ ဝင်သွားခဲ့ပါသည်။
လင်းယွမ်က လက်ချောင်းကို တစ်ချက် လှုပ်လိုက်ရာ သွေးနီရောင်နတ်ဆိုးစွမ်းအင်များက ယိုပီလော၏ မျက်နှာကို သက်ရှိတစ်ကောင်ကဲ့သို့ ဆုပ်ကိုင်ပြီး အပေါ်ဘက်သို့ အတင်းဆွဲလှန်လေတော့သည်။
ယိုပီလော၏ မျက်နှာအရေပြားများ အဆုံးစွန်ထိ ဆွဲလှန်ခံနေရသည်ကို ယန်ရုန်ရုန် မြင်နေရသည်။ သူ့မျက်နှာအစိတ် အပိုင်းများ ဖရိုဖရဲဖြစ်ကုန်ပြီး နောက်ဆုံးတွင်တော့ မျက်နှာဖုံးတစ်ခုလုံး ကျွတ်ထွက်သွားခဲ့ပါသည်။
ကျန်ခဲ့သည့် သူ့မျက်နှာမှာ အရေးကြောင်းများစွာဖြင့် ပြည့်နှက်နေသည့် လူအိုကြီးတစ်ဦး၏ မျက်နှာဖြစ်နေသည်။
ထိုမျက်နှာက ယိုပီလော၏ အသွင်အစစ်အမှန်ပင်။
ယိုပီလော ဝူးဝူးဝါးဝါးအော်မြည်နေပြီး မျက်လုံးများကလည်း ချောင်ပိတ်ခံထားရသော သားရဲတစ်ကောင်ကဲ့သို့ နီရဲနေကာ ဒေါသထွက်လွန်းသဖြင့် နဖူးပေါ်ရှိ အရေးကြောင်းများက တြိဂံပုံစံပင် ပြောင်းလဲသွားခဲ့ပါသည်။
ထိုမျက်နှာကို ဖူရှန်းကြေးမုံထဲတွင် ယန်ရုန်ရုန် မြင်ဖူးပြီးသား ဖြစ်သော်လည်း ဟန်ဆောင်ပန်ဆောင် သက်ပြင်းချလိုက်လေသည်။
“ဟူး… အဲ့တာဆို ရှင်က ဒီလောက်ထိ အိုမင်းနေတာကို ကျွန်မကို သဘောကျတယ်ဆိုပြီး ပြောခဲ့တာပေါ့၊ နွားအိုမြက်နုကြိုက်တဲ့ အဘိုးကြီးပဲ၊ အရှက်မရှိလိုက်တာ”
လင်းယွမ် လက်တစ်ချက် တောက်လိုက်ပြီး ယိုပီလော၏ မျက်နှာဖုံးကို ကြမ်းပြင်ပေါ် အမှိုက်တစ်ခုသဖွယ် ပစ်ချလိုက်ပါသည်။ ထို့နောက် ယန်ရုန်ရုန့်စကားကို ခေါင်းညိတ်ထောက်ခံလိုက်သည်။
“ဟုတ်တယ် အရှက်မရှိလိုက်တာ”
ဒီခွေးစုံတွဲကို ယိုပီလော သတ်ပစ်ချင်နေသော်လည်း ဘာမှ မတတ်နိုင်ခဲ့ပေ။
စမ့်ရှန်းမင် ဒီတိုင်း ဆက်ကြည့်မနေနိုင်တော့ဘဲ လည်ချောင်းရှင်းကာ ဝင်ပြောလိုက်ပါသည်။
“သခင်မလေးကျုံး၊ ကြည့်ရတာ နံစော်လိပ်ခွေးကို ဆက်ပြီး ခေါ်မထားချင်တော့ဘူးထင်တယ်၊ အဲ့တာဆို ကျုပ်တို့ လက်ထဲ အပ်လိုက်ပါလား၊ သခင်မလေးတို့ကိုယ်စား သူ့ကို ရှင်းပစ်ပေးမယ်လေ”
ယန်ရုန်ရုန် သက်ပြင်းချလိုက်သည်။
“အဲ့ဒီမျက်နှာကို သဘောကျခဲ့ပေမယ့် အလိမ်အညာဖြစ်နေတာပဲ…သူ့ကို မမြင်ချင်တော့တာ မှန်ပါတယ်၊ ဒါပေမယ့် သူက သက်ရှိတစ်ယောက်ပဲလေ၊ သက်မဲ့ပစ္စည်းတစ်ခုလို သူများကို အလကားပေးပစ်လိုက်လို့ ဘယ်ဖြစ်ပါ့မလဲ”