← Chapters

အခန်း (၁၆၁)

Vol. 17 Ch. 161

အခန်း (၁၆၁)

Vol. 17 Ch. 161

🌹Chapter 161

ယန်ရုန်ရုန်လည်း မဆိုင်းမတွ ဝေဖန်ခဲ့ပါသည်။

“လိမ္မာတိုင်းသာ ပြန်ချစ်ရမယ်ဆိုရင် ခွေးမွေးလိုက်တာကမှ ပိုကောင်းဦးမယ်၊ ခွေးက လူထက် အများကြီး ပိုလိမ္မာတယ်”

“ရှောင်းရှောင်းမွေးချင်ရင် ကိုယ်ခွေးလေး လုပ်ပေးမယ်လေ၊ အာဝု~”

လင်းယွမ် လေသံကို တမင်ဆွဲပြောလိုက်ပြီး အတော်လေးအထင်လွဲစရာကောင်းသည့် မျက်နှာမျိုး လုပ်ပြလိုက်ပါသည်။

ယန်ရုန်ရုန် အမှန်အတိုင်း သုံးသပ်ပြလိုက်သည်။

“အခုရှင့်ပုံစံက တကယ်ခွေးနဲ့တူနေပြီ”

လင်းယွမ် အားရပါးရ ရယ်မောလိုက်ပါသည်။

“ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးပါ”

ယန်ရုန်ရုန် ဆွံ့အသွားရသည်။

ထိုစဉ် ငှက်ပေါက်လေးက ယန်ရုန်ရုန့် ပခုံးပေါ် ပျံတက်လာပြီး ကျယ်ကျယ်လောင်လောင် သတိပေးလိုက်ပါသည်။

“သူနဲ့ အီစီကလီလုပ်မနေဘဲ ကျွန်ုပ်ပြောတာသာ နားထောင်စမ်းပါ! အရမ်းအရေးကြီးတဲ့ သတင်းပါတယ်!”

ယန်ရုန်ရုန် ငှက်ပေါက်လေးကို လှည့်ကြည့်ကာ စကားအမှန်ပြင်ပေးလိုက်သည်။

“ငါတို့ ဘာအီစီကလီမှ လုပ်မနေဘူး၊ စကားကို ရှင်းအောင်ပြော”

“အဲ့တာတွေ အရေးမကြီးဘူး!”

ငှက်ပေါက်လေး စိတ်လှုပ်ရှားစွာ အတောင်တဖျပ်ဖျပ် ခတ်လိုက်သည်။

“ကျွန်ုပ်ပြောမယ့် စကားကမှ အရေးကြီးတာ! ကျွန်ုပ်ကောလဟာလတစ်ခု ကြားလာခဲ့တယ်၊ သံသရာခွင်းဘုံကို ဝင်နိုင်တဲ့ ဝင်ပေါက်တစ်ခု အဆုံးမဲ့ အသူရာချောက်နက်ထဲမှာ ပေါ်လာတယ်တဲ့!”

ထိုသို့ပြောပြီးနောက် ယန်ရုန်ရုန့်ကို ငှက်ပေါက်လေးမျှော်လင့် တကြီး စိုက်ကြည့်လိုက်ပါသည်။ သို့သော် ယန်ရုန်ရုန့် မျက်နှာက ခံစားချက်မဲ့နေဆဲဖြစ်သဖြင့် ငှက်ပေါက်လေး အသံပိုကျယ်အောင် ပြောလိုက်သည်။

“သံသရာခွင်းဘုံနော်! အဲ့တာဘာမှန်းကော သိရဲ့လား”

ယန်ရုန်ရုန် မျက်နှာသေဖြင့် ပြန်ဖြေလိုက်ပါသည်။

“သိတာာပေါ့၊ သံသရာခွင်းဘုံဆိုတာ ပြန်လည်မွေးဖွားခြင်း လမ်းစဉ်ကိုးသွယ်လို့လည်း ခေါ်တယ်၊ အဲ့ဒီဘုံထဲဝင်လိုက်ရင် အချိန်နဲ့ အာကာသကို နောက်ပြန်ဆုတ်လို့ရတယ်”

ငှက်ပေါက်လေးက စူးစူးဝါးဝါးအော်သည်။

“အချိန်ကို နောက်ပြန်ဆုတ်ရုံတင်မဟုတ်ဘူး! သံသရာခွင်းဘုံက အချိန်နဲ့ အာကာသကို ဖြတ်သန်းပြီး ခရီးသွားခွင့်ပြုတယ်လေ!”

အချိန်နှင့် အာကာသကို ဖြတ်သန်းပြီး ခရီးသွားနိုင်သည်ဟူသော စကားကြောင့် ယန်ရုန်ရုန် မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။

သူမ မျက်လုံးများ ဖြည်းညှင်းစွာ ပြူးကျယ်လာပြီး မျက်နှာတစ်ခုလုံး မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

“တကယ်ကြီးလား”

နောက်ဆုံးတော့ နားလည်သွားပြီဖြစ်သည့် ယန်ရုန်ရုန့်ကို ကြည့်ရင်း ငှက်ပေါက်လေးလည်း ပိုမို စိတ်လှုပ်ရှားသွားခဲ့သည်။ အတောင်ပံတဖျပ်ဖျပ် ခတ်ရင်း မရပ်မနား ရှင်းပြလိုက်တော့သည်။

“တကယ်ကြီးပေါ့! သံသရာခွင်းဘုံဆိုတာ အတိတ်နဲ့ အနာဂတ်၊ အစစ်အမှန်နဲ့ ပုံရိပ်ယောင်တို့အကြားမှာရှိနေတဲ့ အထူးနယ်မြေတစ်ခုပဲ၊ အရင်တုန်းက စနစ်ပိုင်ရှင်ကို ခေတ်သစ်ကမ္ဘာကနေ ဒီကျင့်ကြံခြင်းကမ္ဘာထဲ ကျွန်ုပ် ဆင့်ခေါ်နိုင်ခဲ့တာက သံသရာခွင်းဘုံဆီက ငှားရမ်းခဲ့တဲ့ စွမ်းအင်တွေကြောင့်ပဲ”

“ကံမကောင်းတာက သံသရာခွင်းဘုံကို ကျွန်ုပ်လည်း တစ်ခါပဲမြင်ဖူးတယ်၊ စနစ်ပိုင်ရှင်ကို ဆင့်ခေါ်ပြီးတော့ ပျောက်ကွယ်သွားခဲ့တာ၊ ကျွန်ုပ် ဘယ်လောက်ပဲရှာရှာ မရှာနိုင်ခဲ့ဘူး၊ အခုချိန်ကျမှ အသူရာချောက်နက်ထဲ ပေါ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ ကျွန်ုပ်တို့ အခုချက်ချင်း အဲ့ဒီကို သွားမှဖြစ်မယ် စနစ်ပိုင်ရှင်! သံသရာခွင်းဘုံကို ရှာတွေ့ရင် အချိန်နဲ့ အာကာသကို ဖြတ်သန်းပြီး စနစ်ပိုင်ရှင်ရဲ့ ကမ္ဘာအစစ်ကို ပြန်နိုင်လိမ့်မယ်!”

ပျော်စရာသတင်းက ရုတ်ခြည်းဆန်လွန်းသဖြင့် ယန်ရုန်ရုန် ယုံရခက်သွားခဲ့သည်။

သူမ အနည်းငယ် သံသယဖြစ်စွာ မေးလိုက်ပါသည်။

“ဝင်ပေါက်က အသူရာချောက်နက်ထဲမှာ ရှိတာသေချာရဲ့လား၊ အဲ့ဒီသတင်းကို အတည်ပြုပြီးသွားပြီလား၊ အရင်တုန်းက ငါလည်း အသူရာချောက်နက်ထဲ ရောက်ဖူးပါတယ်၊ အဲ့ဒီတုန်းက ဘာသံသရာခွင်းဘုံကိုမှ မမြင်မိဘူး၊ တစ်ခုခုများ လွဲနေသလား”

ယန်ရုန်ရုန့်ကို အိမ်ပြန်ပို့ပေးရမည့်ကတိကို ချိုးဖောက်ပြီးကတည်းက ငှက်ပေါက်လေး အပြစ်ရှိသလို ခံစားခဲ့ရသည်။ ယခု သူ့အပြစ်များကို ပြန်ပေးဆပ်ဖို့ အခွင့်အရေးရလာပြီဖြစ်သဖြင့် အလွယ်တကူ အရှုံးမပေးနိုင်ပါ။

ငှက်ပေါက်လေး အမြန်ပြောလိုက်သည်။

“သံသရာခွင်းဘုံနဲ့ ပတ်သတ်တဲ့ ကောလဟာလတွေက ရုတ်တရက်ကြီး ပေါ်လာတာဆိုတော့ တကယ်ဟုတ်ရဲ့လား ကျွန်ုပ်လည်း သေချာမသိဘူး၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျွန်ုပ်တို့ အဆုံးမဲ့ အသူရာချောက်နက်ထဲ သွားစစ်ကြည့်သင့်တယ်၊ အခွင့်အရေးကို ဆုံးရှုံးလိုက်ရမှာထက်စာရင် အတည်ပြုကြည့်တာ ပိုကောင်းတာပေါ့၊ ကောလဟာလတွေက အမှန်မဟုတ်ဘူးဆိုရင်တောင် ကျွန်ုပ်တို့မှာ ဆုံးရှုံးစရာ သိပ်မရှိပါဘူး၊ အချိန်ကုန်ရုံပဲရှိမှာ”

စကားဖြင့် ပြောဖို့ လွယ်ကူသော်လည်း အဆုံးမဲ့ အသူရာချောက်နက်က သာမန်နေရာတစ်ခု မဟုတ်ပါ။ အန္တရာယ် အလွန်များပါသည်။

ယခင်တစ်ခေါက်က ယန်ရုန်ရုန် အသက်ဆုံးရှုံးလုနီးပါးပင် ဖြစ်ခဲ့ရသည်။ ယခုတစ်ခေါက်ကော ဘာတွေ ကြုံတွေ့ရဦးမလဲ မပြောနိုင်ပါ။

ယန်ရုန်ရုန် မျက်မှောင်ကြုတ်လိုက်သည်။

“မလောပါနဲ့ဦး၊ ငါအရင် စုံစမ်းကြည့်ဦးမယ်၊ အဲ့ဒီကောလဟာလ ဘယ်ကနေ အစပြုတာလဲ အရင်စုံစမ်းကြည့်ရမယ်၊ နောက်ကွယ်မှာ တစ်ယောက်ယောက်က ကြိုးကိုင်ထားတာ ဖြစ်နေနိုင်တယ်”

ငှက်ပေါက်လေး စိတ်လှုပ်ရှားနေသော်လည်း ယန်ရုန်ရုန့် စိုးရိမ်ပူပန်မှုက အဓိပ္ပာယ်ရှိမှန်း နားလည်ပါသည်။ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် သတိကြီးခြင်းက အမှားမရှိနိုင်ပါ။

ထို့ကြောင့် ငှက်ပေါက်လေး အတောင်ခတ်ရင်း လေပေါ်ပျံတက်သွားသည်။

“ကျွန်ုပ်လည်း သံသရာခွင်းဘုံနဲ့ ပတ်သတ်တဲ့ သတင်းတွေကြားရဦးမလား သွားစုံစမ်းကြည့်လိုက်ဦးမယ်”

ထို့နောက် ငှက်ပေါက်လေး အသည်းအသန် ပျံထွက်သွားလေတော့သည်။

လင်းယွမ်က ငှက်ပေါက်လေး၏ အသံများကို နားမလည်နိုင်သော်လည်း ယန်ရုန်ရုန့် စကားလုံးများကိုတော့ နားလည်ပါသည်။

သံသရာခွင်းဘုံနှင့် အဆုံးမဲ့အသူရာချောက်နက်တို့အကြောင်းကြားလိုက်ရသဖြင့် လတ်တလော ပြန့်နှံ့နေသည့် ကောလဟာလများနှင့် လင်းယွမ် ချိတ်ဆက်မိခဲ့သည်။

အလွန်စိုးရိမ်ပူပန်နေပုံရသည့် ယန်ရုန်ရုန့်ကို မြင်ပြီး လင်းယွမ် မေးကြည့်လိုက်ပါသည်။

“သံသရာခွင်းဘုံကို ရှာချင်လို့လား”

ယန်ရုန်ရုန် သူ့ကို လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်”

ထိုသံသရာခွင်းဘုံအကြောင်းကို လင်းယွမ်ကောင်းကောင်းနားလည်သဖြင့် ဆက်မေးလိုက်ပါသည်။

“အတိတ်ကိုပြန်ပြီး မင်း ဘဝကို ပြောင်းလဲချင်လို့လား”

ယန်ရုန်ရုန် ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး”

လင်းယွမ် ပိုစိတ်ဝင်စားသွားခဲ့သည်။

“အဲ့တာဆို ဘာလုပ်ဖို့ရှာနေတာလဲ”

အချိန်နှင့် အာကာသကို ဖြတ်သန်းပြီး ဒီကမ္ဘာကြီးထဲမှ ထွက်သွားဖို့ ကြံရွယ်ထားသည်ဟု ယန်ရုန်ရုန် ထုတ်ပြောဖို့ အစီအစဉ်မရှိပါ။

လင်းယွမ်အကြောင်း သူမ ကောင်းကောင်းသိသဖြင့် သူမသာ အမှန်အတိုင်းပြောလိုက်လျှင် သံသရာခွင်းဘုံကို ရှာမတွေ့အောင် သူနည်းလမ်းပေါင်းစုံထုတ်သုံးပြီး နှောင့်ယှက်ပါလိမ့်မည်။

သို့မဟုတ် သူမနှင့်အတူ ခေတ်သစ်ကမ္ဘာကို လိုက်လာမည်ဟု ပူဆာလိမ့်မည်။ ဘယ်လိုရလဒ်မျိုးကိုမှ သူမ မလိုချင်ပါ။

ယန်ရုန်ရုန် မရေရာစွာ ပြန်ဖြေလိုက်သည်။

“သံသရာခွင်းဘုံရဲ့ အစွမ်းကိုသုံးပြီး ကျွန်မ လုပ်ရမယ့်ကိစ္စတစ်ခုရှိလို့”

သူမ တစ်ခုခုလျှို့ဝှက်ထားမှန်း လင်းယွမ် သိနေပါသည်။ ထို့ကြောင့် စိတ်ဝင်စားမှုများ ပိုမိုမြင့်တက်လာခဲ့သည်။

‘သူဘာလုပ်ဖို့ ကြိုးစားနေတာလဲ…’

ယန်ရုန်ရုန် အပြင်ထွက်ဖို့ ပြင်လိုက်ပါသည်။ လင်းယွမ်က နောက်မှ လိုက်လာကာ မေးလိုက်သည်။

“သံသရာခွင်းဘုံကို သွားရှာမလို့လား၊ ကိုယ်ကူညီပေးမယ်လေ”

ယန်ရုန်ရုန် ငြင်းဆန်လိုက်သည်။ သူမ ပြဿနာကို ကိုင်တွယ်ဖို့ သူများအကူအညီမလိုအပ်ပါ။

လင်းယွမ်ကလည်း လက်မလျှော့သေးပေ။

“ကိုယ့်တန်ဖိုးကို ထုတ်ပြလို့ရအောင် အခွင့်အရေးလေးတစ်ခုပဲ ပေးလို့ မရဘူးလား”

သူမနောက် အရိပ်လို တကောက်ကောက်လိုက်နေမှာကို မလိုလားသဖြင့် ယန်ရုန်ရုန် လှည့်ပြောလိုက်ပါသည်။

“သံသရာခွင်းဘုံရဲ့ ဝင်ပေါက်တစ်ခု ရုတ်တရက်ပေါ်လာတယ်လို့ ကောလဟာလတွေ ထွက်နေတယ်၊ အဲ့တာ တစ်ခုခု ထူးဆန်းနေတယ်လို့ ကျွန်မခံစားရလို့၊ ရှင်အဲ့လောက် ပျင်းနေရင် ကျွန်မအတွက် သွားစုံစမ်းပေးလေ၊ နောက်ကွယ်မှာ တစ်ယောက်ယောက် ကြိုးကိုင်နေတာလားဆိုတာ သိရ အောင် စုံစမ်းခဲ့”

လင်းယွမ် ခပ်ပါးပါး ရယ်မောလိုက်သည်။

“အဲ့လို အသေးအဖွဲကိစ္စလေးကို ကိုယ်ကိုယ်တိုင် စုံစမ်းဖို့လိုပါ့မလား၊ ကိုယ့်လက်အောက်ငယ်သားတွေကို လွှတ်လိုက်ရင် ရနေတာပဲ”

လင်းယွမ် ထွက်မသွားသေးသဖြင့် ယန်ရုန်ရုန် အတော်လေး စိတ်ဓာတ်ကျသွားပါသည်။

“ရှင့်မှာ တခြားဘာမှလုပ်စရာ မရှိတော့ဘူးလား”

လင်းယွမ် သူမကို အပြုံးဖြင့် ကြည့်လိုက်သည်။

“ရှောင်းရှောင်း ပြောမှ အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခုကို ကိုယ် သတိရသွားတယ်”

လင်းယွမ် စကားကို တမင်တကာ ရပ်လိုက်ပြီး ယန်ရုန်ရုန့် မျက်ဝန်းထဲက စိတ်ဝင်စားမှုကိုမြင်မှ ဆက်ပြောလိုက်ပါသည်။

“ကိုယ်တို့ရဲ့ မင်္ဂလာပွဲလေ၊ နတ်ဆိုးနန်းတော်ဆီကို ပြန်ရောက်တာနဲ့ ကိုယ်တို့အတွက် မင်္ဂလာပွဲလေးတစ်ခု ကျင်းပမယ်၊ လိုအပ်တာတွေအားလုံး ပြင်ဆင်ပြီးသွားပြီ၊ ဒါပေမယ့် သတို့သမီးဝတ်စုံက မပြီးသေးဘူး၊ မြန်မြန်လုပ်ဖို့ သူတို့ကို သတိသွားပေးရဦးမယ်”

ယန်ရုန်ရုန် မျက်‌မှောင်ကြုတ်သွားသည်။

“ရှင့်ကို လက်ထပ်မယ်လို့ ကျွန်မ ပြောဖူးလို့လား၊ အဲ့လောက် စိတ်ကူးယဉ် မဆန်စမ်းပါနဲ့!”

သူမပါးလေးကို လင်းယွမ် ပွတ်သပ်လိုက်သည်။ သူ့လေသံက နူးညံ့သိမ်မွေ့သော်လည်း စကားလုံးများက ခိုင်မာပြတ် သားပါသည်။

“ရှောင်းရှောင်း၊ ကိုယ်က ရှန်းဝမ်ချင်းမဟုတ်ဘူးနော်၊ သူက မင်းပြန်ချစ်လာမယ့်အချိန်အထိ စိတ်ရှည်ရှည်နဲ့ စောင့်နေနိုင်ပေမယ့် ကိုယ်ကတော့ မစောင့်နိုင်ဘူး၊ အချိန်ထပ်ဆွဲနေမယ်ဆိုရင် မင်းထပ်ပြီး ထွက်ပြေးသွားမှာစိုးရိမ်ရတယ်၊ ကိုယ်တို့ လက်ထပ်ပြီးမှ ကိုယ် စိတ်ချလက်ချနေနိုင်မှာ”

ယန်ရုန်ရုန် နှုတ်ခမ်းတွန့်သွားသည်။

“လက်ထပ်ပြီးရင်တောင် ကျွန်မထွက်ပြေးချင် ပြေးလို့ရနေတာပဲ”

သူမမေးစေ့ကို လင်းယွမ် လက်ဖျားထိပ်ဖြင့် အသာအယာပွတ်သပ်ရင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်ပါသည်။

“ကိုယ်တို့ လက်ထပ်ပြီးသွားရင် မင်က ကိုယ့်ဇနီးဖြစ်သွားပြီလေ၊ အဲ့ဒီအခါကျရင် ကိုယ်တို့နှစ်ယောက်အကြား ဒွိအသက်သစ္စာတစ်ခုတည်ဆောက်ကြမယ်၊ အဲ့တာဆို မင်းဘယ်ကိုပဲထွက်ပြေးထွက်ပြေး ကိုယ်အမြဲတမ်း ရှာနိုင်တော့မှာ”

ယန်ရုန်ရုန် သူ့လက်ကို ရိုက်ထုတ်ပစ်လိုက်ပြီး ခံစားချက်မဲ့စွာ ပြောလိုက်သည်။

“ကျွန်မ ရှင့်ကို လုံးဝ လက်မထပ်နိုင်ဘူး၊ လက်လျှော့လိုက်စမ်းပါ!”

All Chapters