← Chapters

အာလူးကြော်လေး ဘာလေး စားကြမလား

Vol. 36 Ch. 358

အာလူးကြော်လေး ဘာလေး စားကြမလား

Vol. 36 Ch. 358

နာရီဝက် မပြည့်ခင်မှာပင်...

ချန်ဟွိုက်အန်၏ ချိုသာသော စကားများကြောင့် ဓားနက်ဂိုဏ်းမှ တက်လှမ်းသူများက ကလေးလေးများလို ပြုံးပျော်သွားကြလေသည်။

“လောကမှာ အမှန်တရားကို အလေးထားဆုံးဂိုဏ်း”.... “ပြည်သူတွေကို ကယ်တင်တဲ့ သူရဲကောင်းကြီးများ” အစရှိသော ချဲ့ကားလွန်းသည့် ဘွဲ့ထူးဂုဏ်ထူးများကို သူက တစ်ခုပြီးတစ်ခု ပက်ပက်စက်စက် သုံးနှုန်းခဲ့ခြင်းပင်။

ထိုသို့ ပြောနေရသည်ကိုလည်း သူက အပြစ်ရှိသလို လုံးဝမခံစားရပေ။

သူက ဓားနက်ဂိုဏ်းချုပ်ဟောင်းကိုပင် သတ်ခဲ့ပြီးလေပြီ။ ၎င်းက ထိုအတွက် အနည်းငယ်သော... နစ်နာကြေးပင်။

ဓားနက်ဂိုဏ်းက တက်လှမ်းသူများက သူတို့အတွက် တန်ဖိုးရှိလှပါသည်ဆိုသော အရင်းအမြစ် တချို့ကို ချန်ထားပေးခဲ့ကြလေသည်။

“အခြေခံဒဏ်ရာတွေအတွက် ကုသရေးဆေးလုံး။ အခြေခံ စိတ်ဝိညာဉ်ချီစွမ်းအင် ပြီးတော့ ဖြည့်တင်းဖို့အတွက် စိတ်ဝိညာဉ်ချီစွမ်းအင်ပြန်ဖြည့်ဆေး...”

ချန်ဟွိုက်အန်က ကုသရေးဆေးလုံးကို ဘာမှမခံစားရ၍ စိတ်ဝိညာဉ်ချီစွမ်းအင် ပြန်ဖြည့်ဆေး တစ်လုံးကို ကောက်စားလိုက်သည်။

ထိုဆေးက သူ၏ သာမန်ဓားချက် တစ်ချက် သို့မဟုတ် နှစ်ချက်စာအတွက် လုံလောက်သော စိတ်ဝိညာဉ်ချီစွမ်းအင်ကို ပြန်ဖြည့်ပေးနိုင်ပေသည်။ ထွေထွေထူးထူးတော့ မရှိပေ။

သာမန်ကျင့်ကြံသူ တစ်ယောက်အတွက် ဆိုလျှင်တော့ စုစုပေါင်း စွမ်းအင်၏ ဆယ်ပုံတစ်ပုံကို ပြန်ဖြည့်ပေးနိုင်လိမ့်မည်။

စွမ်းအင်အကုန် ပြန်ပြည့်ရန်ဆိုလျှင် တစ်ပုလင်းလုံး မော့သောက်ရမည့်ပုံပင်။

၎င်းက အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူများအတွက် လုပ်ထားသည်မှာ သိသာပေသည်။

စိတ်ဝိညာဉ်ချီစွမ်းအင်စုဆောင်းခြင်းအဆင့် အတွက်ဆိုလျှင်တော့ မဆိုးလှပေ။

သို့သော် ဆေးကောင်းသည့်တိုင် “ဆေးတိုင်းမှာအဆိပ်ရှိတယ်” ဆိုသော စကားအတိုင်းပင် တစ်ပုလင်းလုံးကို တစ်ခါတည်း သောက်၍ မရပေ။

နှစ်မွှာကျင့်စဉ်ဆေးလုံးကလွဲလို့ပေါ့။ အဲဒါတွေကတော့ များလေ ကောင်းလေပဲ...

ဓားနက်ဂိုဏ်းက ချန်ထားခဲ့သော ကျင့်စဉ်များတွင် ကျောက်စိမ်းစာလိပ် နှစ်ခုရှိသည်။

ပထမတစ်ခုက ယွီမန်ကျင့်စဉ် ဖြစ်ပြီး ဓားနက်ဂိုဏ်းရဲ့ အပြင်စည်းတပည့်များ အသုံးပြုသော ကျင့်စဉ်ဟု သိရသည်။

သို့သော် ၎င်းတွင် ပထမအဆင့် သုံးပိုင်းသာ ပါဝင်ပြီး ရွှေရောင်အနှစ်သာရအဆင့် အစောပိုင်း အထိသာ ရောက်နိုင်၏။

ထိုထက်ပိုပြီး တက်ချင်ပါက ပိုပြီးမြင့်မားသော ကျင့်စဉ်များကို ရရန်အတွက် ဂိုဏ်းထဲသို့ ဝင်ရမည် ဖြစ်ပေသည်။

ဒုတိယတစ်ခုမှာ ရွှေဖားကျင့်စဉ် ဖြစ်ပြီး စိတ်ဝိညာဉ်အမြစ် မရှိသော အပြင်စည်းတပည့်များ အသုံးပြုသည့် ကျင့်စဉ်ပင်။

၎င်းက သိပ်ပြီး အလားအလာမရှိသလို အဆင့်မြင့် နောက်ဆက်တွဲ ကျင့်စဉ်များလည်း မရှိပေ။

ခန္ဓာကိုယ်က အခြေခံအုတ်မြစ်အဆင့်နှောင်းပိုင်းရှိ မန္တန်သုံးကျင့်ကြံသူ တစ်ယောက်နှင့် တန်းတူ ဖြစ်သွားပြီဆိုလျှင် ၎င်းက အမြင့်ဆုံးပင်။

ထိုခန္ဓာကိုယ်ကျင့်စဉ်သည် မူလက လက်ဆောင်ထဲတွင် မပါပေ။ ဓားနက်ဂိုဏ်းသားများ စိတ်ကြည်နေစဉ် ချန်ဟွိုက်အန်က လေသံကောင်းပေးပြီးမှ ထည့်ပေးလိုက်ခြင်း ဖြစ်သည်။

သူတို့အတွက် ထိုကျင့်စဉ်က ယွီမန်ကျင့်စဉ်ထက် မနိမ့်ပေ။

၎င်းက မည်သည့်အရည်အချင်းမှ မလိုသလို နောက်ပိုင်းမှာ ဂိုဏ်းထဲဝင်ရန်လည်း အတင်းအကျပ် မတိုက်တွန်းပေ။

တခြားအုပ်စုများကို တာအိုဖြန့်ဝေမည်ဆိုလျှင် သူတို့က ရွှေဖားကျင့်စဉ်ကို သေချာပေါက် ထည့်ပေးမှာ မဟုတ်ပေ။

သို့သော် ထိုCပြည်နယ် အုပ်ချုပ်ရေးမှူးက... ချောလည်းချော၊ စကားလည်း တတ်သည် မဟုတ်ပါလား။

သူတို့က ချန်ဟွိုက်အန် တကယ့်ကို ကံထူးသွားပြီလို့ ထင်နေကြလေသည်။

သို့သော် ဧည့်သည်များ ပြန်သွားပြီး သတ္တုစပ်တံခါးကြီး ပိတ်လိုက်သော အချိန်တွင်တော့...

ချန်ဟွိုက်အန်၏ အပြုံးများက ပျောက်ကွယ်သွားပြီး လုံးဝ အထင်အမြင်သေးသော အမူအရာက အစားထိုးသွားသည်။

“ယွီမန်ကျင့်စဉ်၊ ရွှေဖားကျင့်စဉ်။ နာမည်တွေကိုက ဖင်ညှစ်တဲ့ လေ့ကျင့်ခန်း၊ ဖားခုန်တဲ့ လေ့ကျင့်ခန်းတွေလိုပဲ...”

သူက ကျောက်စိမ်းစာလိပ်များကို ဘေးသို့ ပစ်ချလိုက်ပြီး ဆေးလုံးပုံကြီးကိုလည်း ရွံရှာစွာ ကြည့်လိုက်သည်။

“ဒါတွေက ငါစုဆောင်းထားတာတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး။ ပြီးတော့ ဒါတွေက ထိပ်တန်း ဆေးဖော်စပ်သူတွေ လုပ်ထားတာလည်း မဟုတ်ဘူး။ အတွေ့အကြုံမရှိတဲ့ တပည့်လေးတွေ လုပ်ထားတာ။ ငါ့ရဲ့ ကျွမ်းကျင်ပညာရှင်တွေကို ခေါ်လိုက်ရင်တော့ အရည်အသွေးက ဒီထက်မက မြင့်တက်လာမှာပဲ...”

သို့သော် ဝမ်ရှိုယီ အရှေ့တွင်တော့ ၎င်းတို့ကို သူ မပြောပေ။

ဝမ်ရှိုယီက ဓားနက်ဂိုဏ်းမှ ကျင့်ကြံသူများကို ပြန်လိုက်ပို့နေ၏။

ကျောက်ရင်းနှင့် တခြားသူများသာ ၎င်းကို ကြားလိုက်ရသည်။

“အုပ်ချုပ်ရေးမှူး။ ဒါဆိုရင်... ဒီပစ္စည်းတွေက သိပ်မကောင်းဘူးပေါ့။”

ချန်ဟွိုက်အန်ကို နတ်ဘုရားတစ်ပါးလို ကိုးကွယ်နေသော ကျောက်ရင်းက ထိုပစ္စည်းများကို တန်ဖိုးရှိသည်ဟု ထင်ထားခဲ့လေသည်။

သူ့စကားကို ကြားပြီးနောက် သူ ချက်ချင်း စိတ်ပျက်သွား၏။

“မကောင်းရုံတင် မဟုတ်ဘူး။ ဒါတွေက အမှိုက်တွေ။”

ချန်ဟွိုက်အန်က လက်ကာပြလိုက်ပါတယ်။ “ကျွန်တော့်ဆီမှာ ပိုကောင်းတာတွေ ရှိတယ်။ အခုက အချိန်ကောင်းပဲ။ ခင်ဗျားတို့ကို ကျင့်စဉ်သစ်တွေ အခုပဲ ပေးမယ်။”

အမှန်အတိုင်းပြောရလျှင် ကျောက်ရင်းတို့အတွက် သူ အထူးတလည် ပြင်ဆင်ထားခြင်း မရှိပေ။

သို့သော် အခု သူ၏ ကမ္ဘာငယ်ထဲတွင် ဓားကျောင်းတော်၊ လင်းရှီးတောင်ကြား၊ အဂ္ဂိရတ်ဂိုဏ်း၊ ကျန့်ဝူမြင့်မြတ်နယ်မြေတို့ ရှိနေပြီ မဟုတ်ပါလား။

သူ့တွင် ကိုင်တွယ်ရခက်လောက်အောင် များပြားသော ကျင့်စဉ်များ ရှိနေလေပြီ။

ကျန့်ဝူမြင့်မြတ်နယ်မြေ တစ်ခုတည်းကပင် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်အထိ ရောက်နိုင်သော ကျင့်စဉ် ဒါဇင်ပေါင်းများစွာကို သူ ထုတ်ယူနိုင်သည်။

မှန်ပေသည်။ မဟာတက်လှမ်းခြင်းအဆင့်အထိ ရောက်နိုင်သည်များပင် ရှိသေးသည်။

သို့သော် မှတ်ထားရမည်မှာ ကျင့်စဉ်တစ်ခုက မည်သည့်အဆင့်အထိ ရောက်နိုင်သလဲဆိုသည်က ရည်ညွှန်းချက်တစ်ခု သက်သက်ပင်။

ပါရမီ၊ ကြိုးစားအားထုတ်မှုနှင့် ကံတရားက ပိုပြီး အရေးကြီးပေသည်။

ထိုအရာများသာ လုံလောက်မည်ဆိုရင် အညံ့စား လမ်းဘေးကျင့်စဉ်တစ်ခုနှင့်ပင် အင်မော်တယ် အဖြစ်သို့ တက်လှမ်းနိုင်၏။

ဗီအာဦးထုပ်များလည်း မလိုသလို၊ ဂိမ်းထဲဝရန်လည်း မလိုပေ။

ကမ္ဘာငယ်လေး၏ အရှင်သခင်အနေဖြင့် ချန်ဟွိုက်အန်က စိတ်ကူးလိုက်ရုံနှင့်တင် ဂိုဏ်းတိုင်း၏ မည်သည့်စာကြည့်တိုက်ကိုမဆို ဝင်နိုင်၏။

ကျောက်ရင်းနှင့် တခြားသူများက စိတ်လှုပ်ရှားစွာ စောင့်နေကြစဉ်...

ချန်ဟွိုက်အန်က သီးသန့်အခန်းလေးထဲ ဝင်သွားပြီး ဖုန်းကို ဖွင့်လိုက်သည်။

သူက ကမ္ဘာငယ်လေးထဲ ဝင်ရန်အတွက် ပုံရိပ်ယောင်ကောင်မလေးဂိမ်းကို ဖွင့်လိုက်ခြင်းပင်။

အထဲကို ရောက်သွားချိန်တွင် မျက်နှာပြင်၌ ဂိုဏ်းစာကြည့်တိုက်များ၊ လေ့ကျင့်ရေးကွင်းများ အစရှိသောအဆောက်အအုံမျိုးစုံကို စာရင်းပြုစုထားသည်ကို တွေ့လိုက်ရသည်။

သူက “စာကြည့်တိုက်”ကို နှိပ်လိုရာ ရွေးချယ်စရာတွေ ပေါ်လာသည်။ ဓားကျောင်းတော်၊ လင်းရှီးတောင်ကြား၊ အဂ္ဂိရတ်ဂိုဏ်း၊ ကျန့်ဝူမြင့်မြတ်နယ်မြေ...

အသေအချာ စဉ်းစားပြီးနောက် သူက ဓားကျောင်းတော်ကို ရွေးလိုက်သည်။

ကျောက်ရင်းက ဓားကို သုံးပြီး ဓားကျောင်းတော်၏ မှတ်တမ်းပေါင်းစုံထဲတွင် ကောင်းမွန်သော ဓားသိုင်းကျင့်စဉ်များကို ရှာတွေ့နိုင်ရန် အလားအလာ အရှိဆုံးပင်။

အထဲကို ရောက်သွားသောအခါ ထောင့်တွင် မှန်ဘီလူးပုံစံလေး ပေါ်လာ၏။

၎င်းက ရိုးရှင်းပေသည်။ ရှာဖွေရန်ပင်။

ထိုစနစ်က တကယ့်ကို သုံးရလွယ်ကူပေသည်။ ရွေးချယ်စစ်ထုတ်သော စနစ်ပင် ပါသေးသည်။

ကျောက်ရင်းတွင် လျှပ်စီးနဲ့သတ္တု စိတ်ဝိညာဉ်အမြစ် နှစ်မျိုး ရှိသည်။

ထို့ကြောင့် သူက ၎င်းတို့ကို ရွေးချယ်စစ်ထုတ်လိုက်ပြီး ဓားသိုင်း အမျိုးအစားကိုလည်း ထည့်လိုက်သည်။

ရှာဖွေကြည့်လိုက်ရာ...

မျက်စိလည်လောက်အောင် များပြားလှသော ကျင့်စဉ်များက ချက်ချင်းပင် စာမျက်နှာ သုံးမျက်နှာတည်း ဖြစ်သွား၏။ တစ်မျက်နှာတွင် ကျင့်စဉ် ငါးခုစီ ရှိနေသည်။

အမြင့်ဆုံးအဆင့်က...

မိုးကြိုးမူလဓားသိုင်းဟုခေါ်သော မြေကမ္ဘာအဆင့် ဓားသိုင်းကျင့်စဉ် ဖြစ်သည်။

ဓားသိုင်းကျင့်စဉ်များအတွက် သူ အများကြီး စဉ်းစားနေစရာ မလိုပေ။ နောက်ပိုင်းမှာ ပိုကောင်းသည်နှင့် ပြောင်း၍ ရနိုင်ပေသည်။

ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်ကို ရောက်သွားလျှင် ကိုယ်ပိုင်ဓားသိုင်းကို သူ့ဘာသာ ရှာဖွေရပေမည်။

ထိုအချိန်ကျလျှင် ယခု သုံးနေသော အရာများက ခေတ်နောက်ကျသွားပေမည်။

ထို့ကြောင့် သူက ကျောက်ရင်းကို မိုးကြိုးမူလဓားသိုင်းနှင့်အတူ ပေါင်းစည်းခြင်းအဆင့်အထိ ကျင့်ကြံနိုင်သည့် မိုးကြိုးဝါးမျိုခြင်းအတတ်ဟုခေါ်သော မြေကမ္ဘာအဆင့် အတွင်းအား ကျင့်စဉ်ကို ပေးလိုက်သည်။

ရှန့်ရှောင်ယွမ်အတွက် ကုသခြင်းနှင့် ဓားသိုင်းကို အဓိကထားသော နံ့သာကောင်းကင်အတတ် ဟူသည့် နှစ်သွယ်ကျင့်စဉ် ပညာရပ်ကို ရွေးပေးလိုက်သည်။

၎င်းက ထီးထဲတွင် ဓားကို ဝှက်ထားသော ထူးခြားသည့် ထီးဓားသိုင်းနှင့်အတူ ပါလာခြင်းပင်။

၎င်းကလည်း ပေါင်းစည်းခြင်းအဆင့်အတွက် သင့်တော်ပေသည်။

ထိုကျင့်စဉ်က လင်းရှီးတောင်ကြား၏ ရှားပါးသော အတွင်းအားကျင့်စဉ်တစ်ခုပင်။

ဂိုဏ်း၏ အဓိကကျင့်စဉ် မဟုတ်ရခြင်းမှာ ပိုမို အဆင့်မြင့်မားသော မူကွဲကျင့်စဉ်သည် အချိန် ကြာလာသည်နှင့်အမျှ ပျောက်ဆုံးသွားခဲ့၍ပင်။

ထိုသို့ဆိုသည့်တိုင် လင်းရှီးတောင်ကြား၏ အတွင်းစည်းတပည့်များသာ ၎င်းကို ကျင့်ကြံခွင့် ရှိလေသည်။

ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့အပြင်...

အဘိုးကြီးလီနှင့် မုတ်ဆိတ်ထူတို့အတွက်လည်း သင့်တော်သော ကျင့်စဉ်များကို သူ ရွေးပေးထားသည်။

သူတို့ တာဝန်မှ ပြန်လာသောအခါ ၎င်းတို့ကို ပေးလိုက်မည် ဖြစ်သည်။

“အစ်မရင်း။ ကျွန်မ အမှတ်မမှားဘူးဆိုရင်... အဲဒီအခန်းက နားနေခန်း မဟုတ်လား။ အုပ်ချုပ်ရေးမှူးချန်က တကယ်ကြီး နားနေခန်းထဲမှာ ကျွန်မတို့အတွက် ကျင့်စဉ်တွေ ရွေးပေးနေတာလား။”

လင်းလင်လင်က သတ္တိရှိရှိ မေးခွန်းထုတ်လိုက်သည်။

သူက အပြစ်ပေးခံရခြင်း မစရသေးသည့်အတွက် ပါးစပ်က အတော်လေး သွက်နေတုန်းပင်။

“အုပ်ချုပ်ရေးမှူးချန်ရဲ့ အတွေးတွေနဲ့ စွမ်းရည်တွေက ငါတို့ ခန့်မှန်းလို့ရတဲ့အရာတွေ မဟုတ်ဘူး။ ငြိမ်ငြိမ်လေး စောင့်နေစမ်းပါ။ ဘယ်သူသိမှာလဲ။ သူ့ရဲ့ နိုးထလာတဲ့ ဝိညာဉ်စွမ်းအားက ဒိုရေမွန် ဖြစ်နေရင် ဖြစ်မှာပေါ့...” ကျောက်ရင်းက တည်ကြည်သော မျက်နှာပေးနှင့် ပြောလိုက်သည်။

ဆယ်မိနစ်တောင် မပြည့်ခင်မှာပင်...

ချန်ဟွိုက်အန်က အခန်းလေးထဲမှ ထွက်လာသည်။

ယခုတော့ သူ့လက်ထဲတွင် ကျောက်စိမ်းစာလိပ် သုံးလိပ် ရှိနေလေပြီ။

အမှန်တိုင်းပြောရလျှင် သူက တစ်မိနစ်အတွင်းမှာပင် ထွက်လာ၍ ရပေသည်။

သို့သော် သူက တမင်တကာ တစ်မိနစ်လောက် ပိုနေခဲ့ခြင်းပင်။ ထူးဆန်းလွန်းသည်ဟု အထင်မခံချင်၍ ဖြစ်သည်။

“ရော့... ဒါတွေက ကျွန်တော် ခင်ဗျားတို့အတွက် ရွေးပေးထားတဲ့ ကျင့်စဉ်တွေပဲ။ စပြီး ကျင့်ကြံကြတော့။”

ကျောက်ရင်းက ကျောက်စိမ်းစာလိပ်များကို ယူလိုက်သည်။

ထိုအထဲမှ နှစ်ခုက လျှပ်စီးများ လက်နေ၏။ ၎င်းက လျှပ်စီးအခြေခံ ကျင့်စဉ်များ ဆိုသည်မှာ သိသာပေသည်။

တစ်ခုက ထက်မြက်ပြီး ကြမ်းတမ်းသော စွမ်းအင်များ ထွက်နေသည်။ ၎င်းက ဓားသိုင်း ဖြစ်ရပေမည်။

၎င်းတို့နှင့် ယှဉ်လိုက်လျှင် ဓားနက်ဂိုဏ်း၏ ကျောက်စိမ်းစာလိပ်များက လုံးဝကို အရောင်မှိန် သွားလေသည်။

အမှိုက်နှင့် အဆင့်မြင့်ပစ္စည်းများ၏ ကွာခြားချက်ပင်...

အုပ်ချုပ်ရေးမှူး၏ နောက်ကွယ်မှ သကြားမေမေကက အရင်းအမြစ်များကို တကယ်ကြီး ရက်ရက်ရောရော ပေးနေသည်ဟု ကျောက်ရင်းက တွေးလိုက်မိသည်။။

“ဝါး... ဒီကျောက်စိမ်းစာလိပ်ကို ကိုင်လိုက်တာနဲ့ အသက်စွမ်းအား တိုးလာသလို ခံစားရတယ်။”

ရှန့်ရှောင်ယွမ်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

သူ သက်ရှူကျင့်စဉ်ကို ကျင့်နေစဉ်က တစ်ခုခု လိုအပ်နေသလို အမြဲ ခံစားခဲ့ရသည်။

အခုမှ သိလိုက်သည်မှာ ၎င်းက သူနှင့် မကိုက်ညီ၍ပင်။

ကျောက်ရင်းနှင့် တခြားသူများက ကိုက်ညီသော ကျင့်စဉ်များကို ရလိုက်၍ ဝမ်းသာနေကြစဉ်...

ဓားကို စီးနင်းလာသော ပုံရိပ်တစ်ခုက တစ္ဆေတစ်ကောင်လို ရုတ်တရက် ဆင်းသက်လာပြီး သူတို့နောက်တွင် တိတ်တဆိတ် ရပ်လိုက်သည်။

ဝမ်ရှိုယီက ဓားနက်ဂိုဏ်းမှ တက်လှမ်းသူများကို ပြန်ပို့ပြီး ပြန်ရောက်လာခြင်းပင်။

အားလုံးက မှိုင်နေကြသည်ကို မြင်သော်...

သူက ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့ လက်ထဲမှ ကျောက်စိမ်းစာလိပ်များကို တစ်ချက်ကြည့်ပြီး နွေးထွေးစွာ ပြုံးလိုက်သည်။

“အားလုံး ဘာလုပ်နေကြတာလဲ။ ဗိုက်ဆာနေပြီလား။ အာလူးကြော်လေး ဘာလေးစားဖို့ ကြက်ကြော်ဆိုင်ကို သွားကြမလား။ ကျွန်တော့်ဆီမှာ ကူပွန်တွေ ရှိတယ်လေ...”

...

All Chapters