← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 10 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 10 Ch. 111-112

အပိုင်း ၁၁၁

ဖုန်းဝူထျန်း၏တိုက်ခိုက်မှုက နှလုံးဖောက်နတ်ဆိုးသားရဲ ကို ဒေါသပိုထွက်လာစေခဲ့သည်။ ၎င်းက အခြားလူများကို လုံးဝ ဂရုမစိုက်သည့်အလား အာရုံအားလုံးကို ဖုန်းဝူထျန်း အပေါ်မှာသာ စုစည်းထားလိုက်ပုံရ၏။ မှန်သည်၊ ဤအချက်က နှလုံးဖောက်နတ်ဆိုးသားရဲက ကျန်လူများကို လျှော့တွက်မိနေသည့်အချက်နှင့်လဲ ဆက်စပ်နေသည်။ သူ့အမြင်ထဲမှာ အန္တရာယ်ရှိသူ ဟု၍ လက်ရှိ လူအုပ်ထဲ၌ လူနှစ်ယောက်သာ ရှိနေပုံရ၏။ ပထမတစ်ယောက်က ချူယွန်ယောင် ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ယခုလက်ရှိ ရင်ဆိုင်တိုက်ခိုက်နေသည့် ဖုန်းဝူထျန်း ပင်။ ဤလူသားနှစ်ယောက်ကို ဖယ်ရှားနိုင်ပါက ကျန်လူများကို ချက်ချင်း သတ်ဖြတ်နိုင်မည်ဖြစ်သည်။

င် ကျန်တဲ့လူတွေဟာ ခဏအတွင်း အသားညှပ်ချပ်တွေ ဖြစ်သွားမှာ သေချာတယ်။

နှလုံးဖောက်နတ်ဆိုးသားရဲ ရဲ့ အနက်ရောင်မီးခိုးငွေ့ တွေ ပြင်းထန်တဲ့ ရေစီးကဲ့သို့ ဖုန်းဝူထျန်း ဆီ ဦးတည်လာတာကို မြင်ရတော့ ဖုန်းဝူထျန်း လည်း ရပ်တန့်မနေရဲတော့ဘူး။ သူ့နောက်ကျောက မီးလျှံတောင်ပံတွေ ပိုပြီး ပြင်းထန်လာပြီး မျက်လုံးထဲမှာ နီရဲတဲ့ မီးလျှံတွေ တောက်လောင်နေတယ်။

ဤအချိန်တွင် ဖုန်းဝူထျန်း က လက်ဝါးနှစ်ဖက်ကို ပူးကပ်၍ စည်းတံဆိပ်တစ်ခု အလျင်အမြန် ဖန်တီးလိုက်သည်။ ဤ စည်းတံဆိပ် က လုံချန်၏မိုးပြာနဂါးတံဆိပ်ထက် ပိုပြီး ရှုပ်ထွေးသလို ကြောက်မက်ဖွယ်ရာလဲ ကောင်းလှသည်။ စည်းတံဆိပ် ပတ်ပတ်လည်ကနေ မီးလျှံများ ထွက်လာပြီးနောက်နတ်ငှက်တစ်ကောင်၏ အော်မြည်သံပါ ထွက်ပေါ်လာပါသည်။

“ဖီးနစ်ငှက်ဥပဒေသ။ ဝိညာဉ်မီးလျှံချိတ်ပိတ်ခြင်းစည်းတံဆိပ်...”

စည်းတံဆိပ်ကို ဖန်တီးပြီးသည်နှင့် ပြင်းထန်လှသောမီးစွမ်းအားအငွေ့အသက်များ ထွက်ပေါ်လာလျှက် မီးလျှံအတန်းလိုက်ကြီးက နှလုံးဖောက်နတ်ဆိုးအဆိပ်မြူ ထံ တည့်တည့်ပြေးဝင်သွားသည်။ မီးလျှံအတန်းကြီးဟာ ဖီးနစ်ငှက်တစ်ကောင်အဖြစ် ရုတ်ချည်း ပြောင်းလဲသွားပြီး အနက်ရောင်မီးခိုးထုကြီးကို တည့်တည့်တိုက်ချလိုက်တော့သည်။ ပတ်ဝန်းကျင်ကို အဆက်မပြတ် တုန်ခါသွားစေသော ပေါက်ကွဲသံကြီးနှင့်အတူ မီးတောက်များပို၍ပို၍ သိပ်သည်းလာပြီး ကောင်းကင်ယံဆီ ပျံတက်နေခဲ့သည်။

ခပ်လှမ်းလှမ်းရှိ အကြီးအကဲအုပ်စုထဲမှ တစ်ယောက်က လေးနက်စွာ ချီးကျူးလိုက်၏...

“ဖုန်းဝူထျန်း ရဲ့ ဝိညာဉ်မီးလျှံတံဆိပ်က အခုအချိန်မှာ တော်တော်လေး ကောင်းကောင်း အသုံးချနိုင်နေပြီ။ နှလုံးဖောက်နတ်ဆိုးသားရဲ ရဲ့ ဒီတိုက်ခိုက်မှုကို အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်တယ်။ ကြည့်လိုက်ပါဦး... အဲဒီသားရဲက အဆုံးသတ်ခံရတော့မယ်...”

လဲ့လန် လည်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဖုန်းဝူထျန်း ကို လှမ်းကြည့်နေခဲ့သည်။ သူမ၏ လှပသော မျက်လုံးတွေထဲမှာတော့ ဂုဏ်ယူမှု အပြည့်နှင့်တောက်ပနေပါတယ်။

“ဟုတ်ပြီ၊ အဲ့ဒီကောင်လေး လုံချန် က ဘယ်မှာလဲ…”

လဲ့လန် က လူအုပ်ထဲကို လှမ်းကြည့်လိုက်သော်လည်း လုံချန် ကို မတွေ့ရပေ။ အရင်က အနည်းငယ်မျှော်လင့်ထားသည့် လဲ့လန်၏မျက်နှာက ချက်ချင်း အေးစက်သွားခဲ့သည်...

“တကယ်မှန်နေတယ်၊ သူ ငါ့ကို စိတ်ပျက်စေခဲ့တာပဲ။ ကောင်းကင်စစ်သည်နယ်မြေ ထဲကို ဝင်လာတဲ့အချိန်မှာ ဖုန်းဝူထျန်း က သတ်ပစ်လိုက်တာထင်တယ်။ ငါ သူနဲ့ပတ်သက်ပြီး အချိန်ဖြုန်းခဲ့တာ အလဟဿပဲ...” သို့သော် ဘယ်သူမှ လဲ့လန်၏ အတွေးကို မကြားရပေ။

ဤအချိန်တွင် ဖုန်းဝူထျန်း က နှလုံးဖောက်နတ်ဆိုးသားရဲ၏တိုက်ခိုက်မှုကို အတိုင်းအတာတစ်ခုအထိ ဟန့်တားထားနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပဲ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပါရမီရှင် အားလုံးက အစွမ်းထက်ဆုံး တိုက်ခိုက်မှုများ ထုတ်ဖော်လျှက် သားရဲကြီးကို ရိုက်ချလိုက်ကြသည်။

နှလုံးဖောက်နတ်ဆိုးသားရဲ၏ အမွှေးအမျှင် ထူထပ်သော ခန္ဓာကိုယ်ကြီးပေါ်၌ ဒဏ်ရာဒဏ်ချက်များ အဆက်မပြတ်ပေါ်လာခဲ့တော့သည်။ သို့ရာတွင် ဤမျှလောက်ဖြင့် ဒဏ်ရာအပြင်းအထန် ရစေနိုင်မည်မဟုတ်ပါ။ အဆိုးဆုံးကတော့ နှလုံးဖောက်နတ်ဆိုးသားရဲကို ဒေါသပိုထွက်လာစေရုံသာ။

တကယ်တမ်းတော့ ဖုန်းဝူထျန်း နှင့် ချူယွန်ယောင် တို့နှစ်ယောက်ကလွဲ၍ လက်ရှိ လူအုပ်ထဲ၌ ဘယ်သူကမှ နှလုံးဖောက်နတ်ဆိုးသားရဲ ကို ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ပါ။ သားရဲက ဖုန်းဝူထျန်းကို တိုက်ခိုက်ရင်း အဖက်ဖက်က ဝင်လာသည့် တိုက်ခိုက်မှုများကိုပါ ခံနေရသည့်တိုင်အောင် နောက်ပြန်လှည့်မသွားခဲ့ပေ။သို့ရာတွင် ၎င်း၏ ဒေါသ ကတော့ အဆုံးသတ်ရောက်နေခဲ့ပြီဖြစ်သည်။

ဖုန်းဝူထျန်း က နှလုံးဖောက်နတ်ဆိုးသားရဲ၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သော်လည်း ၎င်းသာ နောက်တစ်ကြိမ် ထပ်ပြီးတိုက်ခိုက်လာပါက သူ သေသွားနိုင်ကြောင်း သိနေသည်။

အကယ်၍ ဖုန်းဝူထျန်း သေသွားသည် နှင့်တပြိုင်နက် နှလုံးဖောက်နတ်ဆိုးသားရဲ၏ ဒေါသတကြီးတိုက်ခိုက်မှုက ချူယွန်ယောင် အပေါ်ကို သေချာပေါက် ကျလာပါလိမ့်မည်။ ထို့ကြောင့် နှလုံးဖောက်နတ်ဆိုးသားရဲ က ဒဏ်ရာနာကျင်မှုကို ခဏတာ သည်းခံထားလိုက်ပုံရ၏၊ ၎င်းက ရူးသွပ်စွာ ဟိန်းဟောက်ပြီး ဖုန်းဝူထျန်း ဆီသို့ ခုန်ဝင်လာတော့သည်။

ဤအချိန်တွင် သားရဲ၏ နောက်ကျောဖက်ကနေ အလွန် ပြင်းထန်လှသော သွေးဆာရက်စက်မှုအပြည့် အငွေ့အသက်များ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ထိုမှသာ နှလုံးဖောက်နတ်ဆိုးသားရဲ က ချူယွန်ယောင် ကို လျှော့တွက်ထားမိမှန်း တာ သတိထားမိလိုက်ပါတော့သည်။

အဝေးကနေ စောင့်ကြည့်နေသော လုံချန်၏မျက်လုံးများပင် ပြူးကျယ်သွားရသည်...

“ဒါက ဆန်းကြယ်အလယ်အလတ်အဆင့် တိုက်ခိုက်ရေးနည်းစနစ်ပဲ ဖြစ်ရမယ်...”

လူတိုင်းက ဆန်းကြယ်အဆင့် နည်းစနစ်ကို အသုံးပြုနိုင်တာ မဟုတ်ပေ။ အထူးသဖြင့် နည်းစနစ်အဆင့် ပိုမြင့်လေလေ အသုံးပြုရခက်ခဲလေလေပါ။ လုံချန် လို ရူးကြောင်ကြောင် လူတချို့လောက်သာ လုပ်ဆောင်နိုင်၏။

အခြားတစ်နေရာတွင် ရပ်ပြီး အခြေအနေကို စောင့်ကြည့်နေသော လဲ့လန် ပင် နဖူးကြောများ တွန့်လိမ်နေလေသည်။

“မဟာအကြီးအကဲ လဲ အရင်က အစိမ်းရောင်ဧကရာဇ်ခန်းမ မှာ နေခဲ့ဖူးတယ်။ ချူယွန်ယောင် က အန္တိမသလင်းနတ်ဓားကျင့်စဉ် ရဲ့ ပထမအဆင့်လှုပ်ရှားမှုကို သင်ယူပြီးသား ဖြစ်နေပါလား။ ကြည့်ရတာ ဒီပြိုင်ပွဲက ချူယွန်ယောင် အတွက် အထူးဖန်တီးထားသလိုပဲ။ ဒါပေမဲ့ ဝူထျန်း က အားလုံးကို အံ့သြမှင်တက်အောင် လုပ်နိုင်မှာပါ...”

ဤအချိန်တွင် ချူယွန်ယောင် က နှလုံးဖောက်နတ်ဆိုးသားရဲ၏နောက်ကျောဖက်မှာ ရောက်နေခဲ့သည်။ သူ့ပတ်ပတ်လည်မှာ မြူခိုးများ လွင့်ပျံ့နေလျှက် လက်ထဲရှိ ကျောက်စိမ်းဖြူဓားနှင့် တွဲဖက်လိုက်ရာ နှိုင်းလို့မရလောက်အောင် လှပနေခဲ့သည်။ သို့ရာတွင် ဒီအလှတရားကြောင့် ချူယွန်ယောင်၏ ကြောက်မက်ဖွယ်စွမ်းရည်ကို အထင်သေးမိပါက သေချာပေါက် အသတ်ခံရနိုင်သည်။

ချူယွန်ယောင်၏ ကျောက်စိမ်းဓားမှ လေပြင်းလှိုင်းများ အဆက်မပြတ် ထုတ်လွှတ်နေသည်။ လေပြင်းလှိုင်းထဲ၌ သေးငယ်သော ဓားသွား မြောက်များစွာ ဖုံးကွယ်ထား၏။ အားလုံးက ပုံရိပ်ယောင်များသာ ဖြစ်သော်လည်း အစစ်အမှန်ဓားများထက် အားမနည်းခဲ့ပေ။ အမှန်စင်စစ် အစစ်အမှန် ဝိညာဉ်ဓား ထက်ပင် ကြောက်စရာကောင်းခဲ့သည်။

ရာထောင်ချီသော ဓားသွားများ သည် လျင်မြန်စွာ လှည့်ပတ်နေရင်း ချူယွန်ယောင် က နှလုံးဖောက်နတ်ဆိုးသားရဲ၏နောက်ကျောကို ပြေးဝင်လာကာ ဓားမြှောက်၍ ပိုင်းချလိုက်ပါ့တော့သည်။ ဓားသွားများသည် မြောက်များစွာသော ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး သားရဲဆီ တည့်တည့် ပြေးဝင်သွားသည်။

ဤအထိတိုင် နှလုံးဖောက်နတ်ဆိုးသားရဲ က ဖုန်းဝူထျန်း ကို သတ်ဖို့ အာရုံစိုက်နေဆဲပါ။

ချူယွန်ယောင် က ဤအချိန်ကို အခွင့်အရေးကောင်းတစ်ခုအဖြစ် ဖမ်းဆုပ်နိုင်ခဲ့သည်။ အဝေးက လှမ်းကြည့်နေသည့် လုံချန် ပင်လျှင် လေးစားမှုနှင့်အတူ သက်ပြင်းချလိုက်သည်...

“ဒီမိန်းမငယ်လေး က တကယ်ပဲ အံ့သြစရာကောင်းတယ်...”

“ချဲ့ကားနေတာတွေ...၊ ဒါ ဘာမှ မဟုတ်ပါဘူး။ အရင်က ငါ ဒီလို လှုပ်ရှားမှုတွေ ပြခဲ့တဲ့အချိန်ကို နင်သာ မြင်ခဲ့ရင် အကြောက်လွန်ပြီး သေးထွက်ကျနိုင်တယ်။ မှတ်မိသေးလား...” လုံချန်က ချူယွန်ယောင် ကို ချီးကျူးနေသောကြောင့် လင်းရှီ က မကျေမနပ် ပြောလိုက်၏။

လုံချန်က တိုက်ပွဲကွင်းပြင်ပေါ်မှာသာ အာရုံံရောက်နေပြီး သူမကို ဂရုမစိုက်တော့လို့ပါ။ ဤအခိုက်အတန့်တွင် ချူယွန်ယောင်၏ ဓားပိုင်းချလိုက်သည် နှင့်တပြိုင်နက် ကောင်းကင်ယံပါ လှုပ်ခတ်သွားသလို ခံစားရသည်။ စူးရှတောက်ပသော ဓားအလင်းတန်းများစွာက နှလုံးဖောက်နတ်ဆိုးသားရဲ ဆီ တည့်တည့် ပြေးဝင်သွားသည်။ ချူယွန်ယောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏...

“အန္တိမသလင်းနတ်ဓားကျင့်စဉ်။ ကျောက်စိမ်းဖြူဓားပိုင်းချက်... သေလိုက်စမ်း...”

နှလုံးဖောက်နတ်ဆိုးသားရဲ က ကောင်းကင်ကို ဦးမော့လာပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပါသည်။ ဓားသွားမြောက်များစွာက သူ့ခန္ဓာကိုယ်အား အဆက်မပြတ် လှီးဖြတ်နေသကဲ့သို့ ခံစားရသည်။သို့ရာတွင် ၎င်းက ဖုန်းဝူထျန်း ကိုသာ အဓိကသတ်ဖြတ်ဖို့ ကြိုးစားနေတုန်းပါ။ ပါးစပ်ကို ထပ်ဟလိုက်ရာ အရင်ထက် ပိုပြီးပြင်းထန်လှသောအငွေ့အသက်များနှင့် အနက်ရောင်အဆိပ်ငွေ့များ ထွက်လာပြီး ဖုန်းဝူထျန်း ဆီ မှုတ်ထုတ်လိုက်သည်။

ဤအချိန်မှာပဲ ချူယွန်ယောင် က အခွင့်အရေးကို အသုံးချပြီး ကျောက်စိမ်းဖြူဓားကို ထပ်မံ၍ပိုင်းလိုက်တော့သည်။

နတ်ဆိုးသားရဲ ၏ ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများ အများအပြား ပေါ်လာသည်။ အဆိုးဆုံးဒဏ်ရာကတော့ ဓားအလင်းတန်းများစွာက ၎င်း၏ဦးခေါင်းကို ဖောက်ထွက်သွားခြင်းပင်။ ပြင်းထန်လှသောဒဏ်ရာကြောင့် နှလုံးဖောက်နတ်ဆိုးသားရဲ က အော်ဟစ်ညည်းညူသံ ထွက်လာပြီးနောက် ဧရာမခန္ဓာကိုယ်ကြီးဟာ မြေပြင်ပေါ် လဲကျသွားတော့သည်။ ၎င်းက ချက်ချင်း သေဆုံးမသွားသေးပေ၊ သို့သော်လည်း တိုက်ခိုက်နိုင်စွမ်းကတော့ လုံးဝ ဆုံးရှုံးသွားပြီဖြစ်သည်။ ယခုတော့ အသတ်ခံရမည့်အချိန်ကို စောင့်ဆိုင်းနေရရုံသာ ကျန်တော့သည်။

ချူယွန်ယောင် သာ နောက်ထပ်တစ်ချက် ထပ်ပိုင်းလိုက်ပါ မည်မျှပင်သန်မာနေပါစေ နှလုံးဖောက်နတ်ဆိုးသားရဲ က သေချာပေါက် အသတ်ခံရမှာပါ။

မမျှော်လင့်ထားသည့်အရာကတော့ ချူယွန်ယောင် က နောက်ထပ် လှုပ်ရှားမှုအတွက် ပြင်ဆင်လိုက်ပြီးဦးတည်ရာက ဖုန်းဝူထျန်း ဆီ ဖြစ်နေခဲ့သည်။ ဤမြင်ကွင်းကို မြင်လိုက်ချိန်မှာ လူတိုင်း အံ့ဩထိတ်လန့်စွာ အော်ဟစ်မိကြသည်။

ဖုန်းဝူထျန်း က “နှလုံးဖောက်နတ်ဆိုး” ကို အသည်းအသန် ရင်ဆိုင်နေရချိန်မှာ ချူယွန်ယောင် က အလစ်အငိုက်ဖမ်း တိုက်ခိုက်လာမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပေ။

ဖုန်းထူထျန်း က ဒဏ်ရာရနေသည့်အပြင် “ကောင်းကင်နှလုံးသားဓားလှိုင်း”၏ ကြောက်မက်ဖွယ်ကောင်းပုံကို သိနေလေရာ လက်ရှိအခြေအနေမှာ သူ့အတွက် တိုက်ခိုက်မှုကို ခုခံရန် ခက်ခဲလွန်းပါသည်။ သူ့မျက်နှာက ဖြူဖျော့သွားရသည်။ တစ်ချိန်တည်းမှာပဲ အနက်ရောင်အဆိပ်မီးခိုးငွေ့များ သူ့အပေါ်ကို ဖုံးလွှမ်းသွားပါတော့သည်။

“ဝူထျန်း အစ်ကို...”

တစ်ချိန်လုံး အံ့သြဖွယ်ကောင်းလောက်အောင် သန်မာနေသည့် ဖုန်းဝူထျန်း ဟာ အဆိပ်မီးခိုးငွေ့များ တိုက်ရိုက်ထိမှန်သွားပြီး အခြေအနေ ဆိုးရွားနေပုံရသည်။ မလှမ်းမကမ်းရှိ လဲ့လင် က ကြောက်လန့်သွားပြီး အသက်ရှူမဝတော်သလိုပင်၊ သူမက ချူယွန်ယောင် ကို မုန်းတီးစွာ စိုက်ကြည့်ရင်း မျက်ရည်များပင် ဝဲလာခဲ့သည်။ ထို့နောက် ချက်ချင်း ရှေ့ပြေးထွက်လာပြီး ချူယွန်ယောင် ဆီ တိုက်ခိုက်လိုက်သည်။

“ယုတ်မာတဲ့ မိန်းမ၊ နင် သေသင့်တယ်...”

ဤအချိန်တွင် အစိမ်းရောင်နေမင်းဌာနခွဲ၏ အဖွဲ့ဝင်များက လဲ့လင် ကို တားဆီးလိုက်ကြသည်။ ဖုန်းဝူထျန်း က အဖွဲ့၏ဦးဆောင်သူဖြစ်သည်၊ သူ မရှိတော့သည်နှင့် ဘယ်သူမှ ချူယွန်ယောင် ကို ရင်ဆိုင်ရန် သတ္တိ မရှိကြတော့ပေ။

ချူယွန်ယောင် က အေးစက်စက်မျက်နှာပေးဖြင့် နှလုံးဖောက်နတ်ဆိုးသားရဲ ဘေး၌ ရပ်နေရင်း ပတ်ဝန်းကျင်ရှိ လူတိုင်းကို တစ်ယောက်ချင်း စိုက်ကြည့်လိုက်သည်။ သူမ ဆီကနေ ရေခဲတုံးလို အေးစက်စက် အကြည့်နှင့် သားရဲကြီးနံဘေးမှာ ရပ်နေသော ပုံစံက လူတိုင်းကို ရင်ထဲမှာ ကြောက်ရွံ့မှုအပြည့်ဖြင့် တိတ်ဆိတ်သွားစေခဲ့သည်။

မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပါရမီရှင်များအားလုံးလဲ အန္တိမသလင်းနတ်ဓားအတွက် ယှဉ်ပြိုင်ချိန်ရောက်ပြီမှန်း သိလိုက်ကြသည်၊ သို့ရာတွင် ဖုန်းဝူထျန်း၏ အခြေအနေကို မြင်လိုက်သောအခါတွင်တော့ ဘယ်သူမှ ရဲရဲတင်းတင်း မလှုပ်ရှားရဲတော့ပါ။

လုံချန် လည်း ဤရလာဒ်ကို အတော်လေး အံ့သြသွားခဲ့သည်။ ဤမိန်းမငယ်လေးကို အချိန်ယူပြီး အကဲဖြတ်ကြည့်လိုက်သည်...

“ဒီလောက် လှပတဲ့ မိန်းမလေး ဖြစ်နေတာတောင် နည်းလမ်းတွေနဲ့ နှလုံးသားက နည်းနည်း လွန်ကဲလွန်းတယ်။ ဟုတ်ပါတယ်၊ ငါ့အတွက်တော့ ဘာမှ မဟုတ်ဘူး...”

အကြီးအကဲများ အုပ်စုဖက်ခြမ်း၌ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်ရင်း တိတ်ဆိတ်နေကြသည်။

လဲ့လန်၏မျက်လုံးအကြည့်များက ချူယွန်ယောင် အပေါ်မှာ တည်တည်ငြိမ်ငြိမ် စိုက်ကြည့်နေရင်း နောင်တရစွာ သက်ပြင်းချလိုက်ပါသည်...

“အစိမ်းရောင်ဧကရာဇ်ခန်းမ က ပြုစုပျိုးထောင်ပေးထားတဲ့ တပည့်တွေက စိတ်ဓာတ်ရော ခွန်အားရော တကယ်ပဲ အဆင့်မြင့်တယ်။ အန္တိမသလင်းနတ်ဓားကို ငါတို့ ရဖို့ မဖြစ်နိုင်တော့ဘူး ထင်တယ်...”

ထို့နောက် သူမ၏အကြည့်က ဖုန်းဝူထျန်း ဆီသို့ ရောက်သွားသည်။ ဒီအချိန်မှာ ဖုန်းဝူထျန်းကို အနက်ရောင်အဆိပ်မီးခိုးငွေ့ များ ဝိုင်းရံနေဆဲ ဖြစ်သည်။ လဲ့လန် က မျက်ခုံးများ တွန့်ကွေးသွားသည်။

“သူက နှလုံးဖောက်နတ်ဆိုးသားရဲ ရဲ့ အဆိပ်မိနေပြီလ။ ဆိုတော့ ဒဏ်ရာ မရပေမယ့် ခဏကြာတဲ့အထိ သတိလစ်သွားနိုင်တယ်။ မကောင်းတဲ့ အရာတစ်ခုခု မဖြစ်သွားပါစေနဲ့လို့ ဆုတောင်းရမှာပဲ…”

လဲ့လန် တွေးနေချိန်... ချူယွန်ယောင် ကလဲ အန္တိမသလင်းနတ်ဓားကို ထုတ်ယူရန်ပြင်လိုက်စဉ်မှာတော့ ဖုန်းဝူထျန်းကို ဖုံးလွှမ်းထားသည့် အဆိပ်မီးခိုးငွေ့များ ရုတ်တရက် ပျောက်ကွယ်သွား၏။ ပါးလွှာနေသော အဆိပ်မြူခိုးအလွှာတစ်ခုသာ ကျန်နေခဲ့သည်။

အဝေးကနေ စောင့်ကြည့်နေသော လုံချန် သည် ဖုန်းဝူထျန်း၏မျက်လုံးအစုံမှ မှုန်ဝါးဝါးအနက်ရောင်အလင်းတန်းများနှင့် ခန္ဓာကိုယ်ကနေ နတ်ဆိုးဆန်သောအငွေ့အသက်များ ရုတ်တရက် ထွက်ပေါ်နေသည် တွေ့လိုက်ရသည်။

“ဒီကောင် က ဝိညာဉ်ထိန်းချုပ်ခံလိုက်ရတာလား...”

အစကတော့ လုံချန် က ချက်ချင်း ထွက်လာရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း ဖုန်းဝူထျန်း၏အခြေအနေကို မြင်လိုက်ချိန်မှာတော့ ခဏကြာသည်အထိ ထပ်မံစောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်ပါသည်။

“ဝိညာဉ်ထိမ်းချုပ်ခံလိုက်ရပြီးတော့ ဖုန်းဝူထျန်း ရဲ့ ခွန်အားက အများကြီး တိုးလာသလိုပဲ...”

ဤနေရာရှိ လူတိုင်း ကောင်းကောင်း မြင်နိုင်ကြသည်။

ချူယွန်ယောင် လည်း အတူတူပင်၊ အန္တိမသလင်းနတ်ဓားကို ထုတ်ယူရန် ပြင်ဆင်နေရင်း ဖုန်းဝူထျန်း၏ ကြောက်မက်ဖွယ်ရာ အေးစက်လှသောအကြည့်ကို ခံစားမိလိုက်သည်။

“ဒီကောင်... သူက နှလုံးဖောက်နတ်ဆိုး ရဲ့ ဝိညာဉ်ထိန်းချုပ်တာကို ခံနေရတာလား။ အခုအချိန်မှာ တိုက်ခိုက်ရင် တခြားတစ်ယောက်ယောက်က အကျိုးအမြတ် ရသွားမှာ။ ဒါပေမဲ့ ငါ အရင်ပြန်ဆုတ်သွားရင်လဲ သူက တခြားသူတွေကို တိုက်ခိုက်တော့မှာ။ အဲ့ဒါက ငါနဲ့ မဆိုင်တော့ဘူး။ အခုလက်ရှိမှာ သူက ဝိညာဉ်ထိန်းချုပ်ခံလိုက်ရပြီဆိုတော့ ဓားကို မယူနိုင်တော့ဘူး၊ ငါ စိတ်ပူစရာ မလိုတော့ဘူး...”

ဤအတွေးကို တွေးမိသည်နှင့် ချူယွန်ယောင် က အပြစ်ကင်းစင်သော ချစ်စရာပုံစံကို ထုတ်ပြလျှက် နှလုံးဖောက်နတ်ဆိုးသားရဲ ဆီကနေ ဖြည်းဖြည်းချင်း နောက်ဆုတ်လာပါသည်။

ဤအချိန်တွင် ဖုန်းဝူထျန်း၏အကြည့်က ချူယွန်ယောင် ပေါ်မှာ မရှိတော့ဘဲ နှလုံးဖောက်နတ်ဆိုးသားရဲ ထံ ဦးတည်နေသည်။

သားရဲ၏ သေလုမျောပါး အခြေအနေကို မြင်လိုက်သောအခါ ဖုန်းဝူထျန်း၏မျက်လုံးထဲမှ အနက်ရောင် အလင်းများ ပိုပြီး သိပ်သည်းလာပုံရသည်။ ဒဏ်ရာအပြင်းအထန်ရနေသည်မှာ သူကိုယ်တိုင်ဖြစ်နေသလိုပင်၊ ဖုန်းဝူထျန်းက ဒေါသတကြီး အော်ဟစ်လိုက်ကာ နှလုံးဖောက်နတ်ဆိုးသားရဲ အဖြစ် ပြောင်းလဲသွားသည့်အလား သွေးဆာနေသောအငွေ့အသက်များ ထုတ်လွှတ်လျှ လူတိုင်းထံ ခုန်ဝင်လာတော့သည်။

Translator # အနှောင်အဖွဲ့ကင်းမဲ့သူ

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ -

အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၁၀)

အပိုင်း ၁၁၂

နှလုံးဖောက်နတ်ဆိုးသားရဲ၏ ကြောက်မက်ဖွယ်အကောင်းဆုံးစွမ်းအားက စိတ်ဝိိညာဉ်ထိန်းချုပ်ခြင်းစွမ်းရည်ပင်။ သတိတစ်ချက်လွတ်သွားသည်နှင့် စိတ်ဝိညာဉ်ကိုပင်ပျက်စီးသွားစေနိုင်သည်။ လက်ရှိအခြေအနေအရ ဖုန်းဝူထျန်း၏စိတ်ထဲမှာ နှလုံးဖောက်နတ်ဆိုးသားရဲ တစ်ကောင်သာ ရှိနေပုံရသည်။ သို့သော် ရှေ့မှယတခြား နတ်ဆိုးသားရဲတစ်ကောင်က သေလုနီးပါးဒဏ်ရာရနေသည်ကို မြင်လိုက်ချိန်မှာ ဒေါသက ပိုပြီးပြင်းထန်လာပုံပါ။

ဖုန်းဝူထျန်း က ပတ်ဝန်းကျင်ကို ကြမ်းတမ်းစွာ စိုက်ကြည့်နေသည်ကို မြင်သောအခါတာကို လင်းရှီ က လျှာထုတ်ပြောင်ပြရင်း ပြောလိုက်လေသည်...

“အဲ့ဒီမိန်းမငယ်လေး က သားရဲအနားကနေ ဘာလို့ အမြန်ဆုတ်သွားလဲ ဆိုတာ အံ့သြစရာ မရှိတော့ဘူး။ ချူယွန်ယောင် ရဲ့ ရုပ်ရည်က လူတွေ ပျက်စီးစေနိုင်လောက်အောင် လှပပေမယ့် သူမရဲ့ လိမ္မာပါးနပ်မှုက တော်တော်လေး အံ့သြစရာကောင်းတယ်ဆိုတာ သိသာနေတယ်...”

လုံချန် က ချူယွန်ယောင်လိုမိန်းမမျိုးကို သိပ်သဘောမကျပေ။ သူသဘောကျတာက ယန်လင်းချင်း လို စိတ်ဓာတ်ခိုင်မာပြီး ဖြူစင်သောမိန်းမမျိုးပါ။ သို့မဟုတ် သူ၏လင်းရှီ လို အပြစ်ကင်းပြီး ချစ်စရာကောင်းသောသူကိုပါ။

ဤအချိန်တွင် ဖုန်းဝူထျန်း က နှလုံးဖောက်နတ်ဆိုးသားရဲကြီးပတ်လည်၌ လှည့်ပတ်နေရင်း တစ်ခါတစ်ရံ ဒေါသတကြီးဟိန်းဟောက်နေသည်ကို လူတိုင်း တိတ်ဆိတ်စွာ ကြည့်နေခဲ့ကြသည်။ ချူယွန်ယောင် ပင် နောက်ဆုတ်သွားပြီဖြစ်ရာ တခြားဘယ်သူမှ လှုပ်ရှားရဲခြင်းမရှိကြပေ။

“ငါတို့ အားလုံး ပူးပေါင်းပြီး ဖုန်းဝူထျန်း ကို ကိုင်တွယ်လိုက်ရင် ဘယ်လိုလဲ...”

တစ်ယောက်ယောက်က အရင်ဦးဆုံး အကြံပေးလိုက်သည်။

“မဖြစ်နိုင်ဘူး။ အဲ့လို လုပ်ရင် သူ့ကို သတ်မိသွားနိုင်တယ်။ ဖုန်းဝူထျန်း က အစိမ်းရောင်နေမင်းဌာနခွဲ ရဲ့ ရတနာပဲ။ ငါတို့ ထဲက တစ်ယောက်ယောက်က မတော်တဆ သတ်မိသွားရင် အစိမ်းရောင်နေမင်းဌာနခွဲကို ဘယ်လို ရှင်းပြရမလဲ...”

မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပါရမီရှင်များက ဤအချက်ကို အဓိကစိုးရိမ်နေကြခြင်းပင်။

ချူယွန်ယောင် က အရင်ဆုံး ရှေ့ထွက်သင့်တဲ့ သူ ဖြစ်သော်လည်း လုံးဝ မလှုပ်ရှားခဲ့ပါ။ ရေခဲကဲ့သို့ အေးစက်လှသော အကြည့်ဖြင့် ဖုန်းဝူထျန်း ကို စိုက်ကြည့်ရင်း စိတ်ထဲမှာ တွေးနေခဲ့သည်...

“သူ့ကို ကိုင်တွယ်ချင်တဲ့ ဘယ်သူမဆို ရှေ့ထွက်လာကြစမ်းပါ။ မလုပ်ကြဘူးဆိုရင် ဝိညာဉ်ထိန်းချုပ်ခံရတဲ့ အချိန်ကုန်သွားတာနဲ့ သူ သတိလစ်သွားမှာပဲ။ အဲအချိန်ကျရင် အန္တိမသလင်းနတ်ဓားက ငါ့အပိုင်ပဲ ဖြစ်နေမှာ...” ဤအတွေးကြောင့် ချူယွန်ယောင် က အစိမ်းရောင်ဧကရာဇ်ခန်းမ၏ အဖွဲ့ဝင်များကို ဦးဆောင်ပြီး နောက်ဆုတ်လာလိုက်သည်။ သို့သော်အပြီးထွက်မသွားဘဲ အဝေးကနေ စောင့်ကြည့်နေခဲ့၏။

ဤအတောအတွင်း ဖုန်းဝူထျန်း၏ သွေးဆာမှု အပြည့်အကြည့်များက မျက်လုံးတွေ နောက်ဆုံးတော့ ပတ်ဝန်းကျင်ရှိ လူတိုင်းထံ လှည့်လာသည်။

“နောက်ဆုတ်ကြမယ်...”

ဌာနခွဲအသီးအသီး၏ အဖွဲ့ခေါင်းဆောင်များလဲ ချူယွန်ယောင် ဆုတ်သွားသည်ကို မြင်လိုက်ချိန်မှာ သက်ဆိုင်ရာအဖွဲ့ဝင်များကို အမြန် နောက်ဆုတ်ခိုင်းလိုက်ကြသည်။ သူတို့အားလုံး အမှတ်မထင် မီးထဲပါသွားမှာ ကြောက်နေကြပုံပင်။

နောက်ဆုတ်ဘဲ ကျန်နေသောလူများက အစိမ်းရောင်နေမင်းဌာနခွဲ၏ အဖွဲ့ဝင်များသာ။ ဖုန်းဝူထျန်း မရှိတော့သည့်အတွက် လဲ့လင် က ထွက်မသွားချင်ခဲ့ပေ။ ဆူဆူညံညံအော်ဟစ်နေသံက ဘေးနားရှိ လူတိုင်းကိုပင် ဒေါသထွက်လာစေခဲ့သည်။

“လင်းအာ .... ညီမလေး... လောလောဆယ် ငါတို့ ထွက်သွားရမယ်။ စီနီယာအစ်ကိုဝူထျန်း ရဲ့ စိတ်ဝိညာဉ်ထိန်းချုပ်ခံရတဲ့ အချိန်ကုန်သွားရင် သူ သဘာဝအတိုင်း ပြန်ပြောင်းလာမှာပဲ...”

သို့သော်လည်း လဲ့လင် က ဘယ်လိုပြောပြော ထွက်သွားချင်ပုံမရပေ။ မျက်ရည် ဝဲနေသောအကြည့်ဖြင့် ဖုန်းဝူထျန်း ကို တစ်ချက်လှမ်းကြည့်လိုက်ပါသည်။ သူမ၏နှလုံးသားက နာကျင်နေပြီး အမြဲလိုလို နတ်ဘုရားကဲ့သို့ သတ်မှတ်ထားသူက ရှုံးနိမ့်သွားခဲ့မည်ဟု မမျှော်လင့်ခဲ့ပုံပါ။

“ဘာလို့ ဒီလိုဖြစ်ရတာလဲ… ဟုတ်တယ်၊ အကုန်လုံး အဲ့ဒီယုတ်မာတဲ့ မိန်းမကြောင့်ပဲ...”

ချူယွန်ယောင် ကို တွေးမိသောအခါ လဲ့လင်၏မျက်လုံးထဲမှ လူသတ်လိုစိတ်များ ပေါက်ကွဲထွက်လာတော့သည်။

ဤအချိန်တွင် အစိမ်းရောင်နေမင်းဌာနခွဲ၏ အဖွဲ့ဝင်များကလွဲ၍ အခြားလူတိုင်း နောက်ဆုတ်သွားကြပြီဖြစ်သည်။ ဖုန်းဝူထျန်း၏မျက်လုံးထဲမှာ အစိမ်းရောင်နေမင်းဌာနခွဲ၏အဖွဲ့ဝင်များက မြင်သာနေလေရာ သတ်ဖြတ်ချင်စိတ်အပြည့် အကြည့်များက သူတို့အပေါ် ကျရောက်လာပါသည်။

“ဂါး…”

ချက်ချင်းဆိုသလိုပဲ ကြောက်မက်ဖွယ်အရှိန်ဖြင့် လူအုပ်ထံ ခုန်ဝင်လာတော့သည်။

ဖုန်းဝူထျန်း၏မျက်လုံးထဲမှ သွေးဆာမှုကို မြင်ရသည့်အခါ လူတိုင်း အံ့သြသွားကြသည်။ လူအုပ်ထဲမှ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် လူငယ်တစ်ယောက် ရှေ့ထွက်လာပြီး ဖုန်းဝူထျန်း ကို တားဆီးလိုက်သည်။

“လဲ့လင် ကို ခေါ်ပြီး ထွက်ပြေးကြတော့...”

မည်သို့ပင်ဖြစ်စေ လဲ့လင် က အစိမ်းရောင်နေမင်းဌာနခွဲ၏အုပ်ချုပ်သူဖြစ်သော မဟာအကြီးအကဲ လဲ့ယွမ်၏ သမီးငယ်လေးပင်။ လူတိုင်း လဲ့လင် ကို အစွမ်းကုန် ကာကွယ်ရန် တာဝန်ရှိပေသည်။

အော်ပြောရင်း ထိုလူငယ်က ဖုန်းဝူထျန်း ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဖုန်းဝူထျန်း၊ မင်း နိုးထလာစမ်းပါ...”

လူငယ်က သူ့ညာလက်ကို မြှောက်၍ ဖုန်းဝူထျန်းကိုလက်သီးဖြင့် ထိုးချလိုက်သည်။ ပြင်းထန်သော မြေကမ္ဘာယွမ်စွမ်းအားလှိုင်းတစ်ခုက ဖုန်းဝူထျန်း ဆီ ပြေးဝင်သွားသည်။

ထိုလူငယ်က အမှန်တကယ်တိုက်ခိုက်ရဲသောကြောင့် စိတ်ဝိညာဉ်ထိန်းချုပ်ခံနေရသည့် ဖုန်းဝူထျန်း က ဒေါသတကြီးဟိန်းဟောက်လိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ့နောက်ကျောမှာ နီရဲနေသော မီးလျှံအတောင်ပံတစ်စုံ ထွက်လာသည်။ တစ်ချက် လှုပ်ခါလိုက်ရုံဖြင့် ဖုန်းဝူထျန်း၏ အရှိန်က အဆပေါင်းများစွာ မြင့်တက်သွားခဲ့သည်။ ထို့နောက် သူ့လက်ဝါးပေါ်၌ ဖီးနစ်ငှက်တစ်ကောင်လိုပုံရိပ် ပေါ်လာပြီး ကြောက်စရာဖိအားတစ်ခု ပေါက်ကွဲထွက်လာသည်။

၎င်းသည် အရင်ကလဲ ဖုန်းဝူထျန်း အသုံးပြုလေ့ရှိသော ဖီးနစ်ငှက်ဥပဒေသထဲမှ အစွမ်းထက် နည်းစနစ်တစ်ခုပင်။ မီးလျှံဖီးနစ်ပုံရိပ်က ရုတ်တရက်ပေါက်ကွဲသွားပြီးနောက် ထောင်ချီသောမီးပွားများအဖြစ် ပြန့်ကျဲကာ ဖုန်းဝူထျန်း ကို တားဆီးခဲ့သည့် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် လူငယ် ထံ ပျံသန်းလာပါတော့သည်။

ဤတိုက်ပွဲမှာ ဘယ်သူ အနိုင်ရမည်မှန်း သိသာနေခဲ့သည်။ အစိမ်းရောင်နေမင်းဌာနခွဲ၏ အဖွဲ့ဝင်များအားလုံး အံ့သြတုန်လှုပ်သွားပြီး ဝမ်းနည်းမှု အပြည့်ဖြစ်နေခဲ့ကြသည်။ ထိုလူငယ်က အရေပြားပင်မကျန်အောင် မီးလောင်ကျွမ်းသွားပြီး အသံမထွက်နိုင်တော့ဘဲ မဲတူးနေသောခန္ဓာကိုယ်ဟာ မြေပြင်ပေါ် ပြုတ်ကျသွားခဲ့တော့သည်။

“အစ်ကို လဲ့…”

လူတိုင်း ဝမ်းနည်းစွာ အော်ဟစ်လိုက်ကြသော်လည်းပြေးကြည့်ရန် အချိန်မရှိတော့ပါ။ ဖုန်းဝူထျန်း က ထိုလူငယ်ကို သတ်ပြီးသည်နှင့် မရပ်တန့်ဘဲ လဲ့လင် နှင့် ကျန်လူများ ထံ တဟုန်ထိုး ခုန်ဝင်လာခဲ့သည်။

“အားလုံးပဲ.... ထွက်ပြေးကြတော့...”

ယခုလိုချိန်မျိုး၌ ဘယ်သူမှ လဲ့လင် ကို ဂရုမစိုက်အားတော့ပေ။ သူမကို ဆွဲခေါ်ကြည့်သော်လည်း တုတ်တုတ်မျှမလှုပ်သဖြင့် လက်လွှတ်ပြီး ကိုယ့်အသက်ရှင်ဖို့သာ ထွက်ပြေးကြတော့သည်။

သေမင်းနှင့် ရင်ဆိုင်တွေ့ပါက ထွက်ပြေးသည်မှာ လူ့သဘာဝပင်။ ယခုတော့ လဲ့လင် တစ်ယောက်တည်း ဖုန်းဝူထျန်း နှင့် ရင်ဆိုင်နေခဲ့သည်။

“ဝူထျန်း အစ်ကို…”

လဲ့လင်၏မျက်နှာလေးက အလွန်အမင်းဖြူဖျော့နေသည်၊ အံ့အားသင့်စွာ ရပ်နေရင်း သွေးဆာမှုအပြည့် ခုန်ဝင်လာသည့် ဖုန်းဝူထျန်း ကို ကြည့်နေသည်။ ကံမကောင်းစွာပဲ ဖုန်းဝူထျန်း က အသိစိတ်ပျောက်ဆုံးနေသည်ဖြစ်ရာ သူမကို မမှတ်မိတော့ပေ။ လူတိုင်း ထွက်ပြေးသွားပြီဖြစ်ရာ ကျန်နေသော လဲ့လင် အပေါ်သာ လူသတ်လိုစိတ်အားလုံး ပုံချလိုက်တော့သည်။

ဖုန်းဝူထျန်း ဆီကနေ အဆုံးမရှိ သွေးဆာရက်စက်မှုကို ခံစားမိသောအခါမှာတော့ လဲ့လင် က အမှန်တကယ် ကြောက်ရွံ့လာခဲ့သည်။ တစ်ချိန်တည်းမှာပဲသူမ တစ်စုံတစ်ခုကို နားလည်လိုက်၏။ အတိတ်က သူမကို ဂရုတစိုက်နွေးထွေးမှုပေးခဲ့သူက ယခုတော့ နတ်ဆိုးတစ်ကောင်လို ပြောင်းလဲသွားပြီးနောက် အသေသတ်ချင်နေခဲ့လေသည်။

ပြင်းထန်သော သတ်ဖြတ်လိုစိတ်က သူမကို ပစ်မှတ်ထားနေသောကြောင့် လဲ့လင်၏ခန္ဓာကိုယ်လေးဟာ တဆတ်ဆတ် တုန်ခါလာသည်။ ဤအချိန်တွင် ဖုန်းဝူထျန်း က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လဲ့လင်ဆီ ခုန်ဝင်လာခဲ့တော့သည်။

လဲ့လင် က ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ကို မြှောက်၍ မျက်နှာကို ကာကွယ်လိုက်တယ်။ ဒီအချိန်မှာ သူမ၏ခန္ဓာကိုယ်လေးက တဆတ်ဆတ် တုန်ယီနေပါသည်…

ဤမြင်ကွင်းကို မြင်လိုက်ချိန်မှာ လဲ့လန် က ခေါင်းခါလိုက်ရင်း ရှေ့ထွက်ရန် ပြင်ဆင်လိုက်သည်။ လဲ့လင် ကို ကယ်တင်ပြီး အစိမ်းရောင်နေမင်းဌာနခွဲက အန္တိမသလင်းနတ်ဓားပြိုင်ပွဲကနေ နုတ်ထွက်ကြောင်းကြေညာရန် ရည်ရွယ်ထားသည်။ သို့သော် သွေးနီရောင် ပုံရိပ်တစ်ခု ရုတ်တရက်ပေါ်လာပြီးနောက် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်များပင် မမှီနိုင်လောက်သောအရှိန်ဖြင့် လဲ့လင် ရှေ့ကို ရောက်လာပါသည်။ ထိုပုံရိပ်က လက်သီးတစ်ချက် ထိုးကာ ဖုန်းဝူထျန်း ကို နောက်ပြန်ဆုတ်သွားစေလိုက်သည်။

ဤမြင်ကွင်းကြောင့် လဲ့လန်၏ခြေလှမ်း ရပ်တန့်သွားပြီး သွေးနီရောင် ပုံရိပ်ကို ရှုပ်ထွေးစွာ စိုက်ကြည့်လိုက်သည်။ မည်သူဖြစ်ကြောင်း မြင်လိုက်ချိန်မှာတော့ ပါးစပ်အဟောင်းသားဖြစ်သွားရပြီး အံ့သြမှုအပြည့်ဖြင့် ငေးမောနေမိသည်။

“ဘယ်လို ဖြစ်နိုင်မှာလဲ… လုံချန် လား...”

လဲ့လန် က တစ်စုံတစ်ခုကို သိသွားသလိုပင်။ ယခုလေးတင် လုံချန် အသုံးပြုသွားသော အရှိန်ကို ပိုင်ဆိုင်ဖို့က မည်မျှသန်မာရန်လိုအပ်သည်ကိုပါ။ သို့သော် လုံချန်က လက်တွေ့ လုပ်နိုင်ခဲ့၏။ ဤအခြေအနေက လဲ့လန်ကို အလွန်အံ့သြသွားစေသည်။

“သူ မသေခဲ့ဘူးလား။ အခုထိ အရိပ်ထဲမှာ ပုန်းနေခဲ့တာလား။ မှန်ပါတယ်၊ သူ့ရဲ့ စရိုက်က အမြဲတမ်း အဲ့လိုပါပဲ။ နောက်ကွယ်မှာ ပုန်းအောင်းနေမယ်၊ နောက်ဆုံး အချိန်ရောက်မှပဲ အပြင် ထွက်လာပြီးတော့ တခြားသူတွေကို အနိုင်ယူမယ်။ ဒါပေမဲ့ နင့်ရဲ့ခွန်အား နည်းနည်းလောက်သန်မာလာရုံနဲ့ ဖုန်းဝူထျန်း ကို အနိုင်ယူနိုင်မယ်လို့ထင်နေတာလား၊ ပြီးတော့ ငါ့ညီမရဲ့ နှလုံးသားကို ရယူနိုင်မယ်လို့ ထင်နေတာပေါ့လေ...”

အမှန်တော့ လဲ့လန် က သူ့ဘာသာသူ အထင်မှားနေခြင်းဖြစ်သည်။ လုံချန် က လဲ့လင် ကို သဘောကျနှစ်သက်ပြီး ကယ်တင်ခဲ့တာမဟုတ်ပေ။ “မိန်းမငယ်လေးကို ကယ်တင်ခြင်း” နည်းလမ်းက တာအိုလက်တွဲဖော်ရှာရာတွင် အတော်လေး ထိရောက်သော်လည်း လုံချန်၏ အဓိကရည်ရွယ်ချက် မဟုတ်ပါ။

“အကြီးအကဲ လဲ့... အဲ့ဒီ သားရဲကျင့်ကြံသူက ဘယ်ဌာနခွဲကတပည့်လဲ...”

“ငါ့ အစိမ်းရောင်နေမင်းခန်းမ ရဲ့ တပည့်ပဲ...”

သူတို့က လုံချန် ကို တွေ့ဖူးသော်လည်း နဂါးဝိညာဉ်အသွင်ပြောင်းထားသည့် ပုံစံကိုတော့ မဟုတ်ပေ။ ယခုလက်ရှိ မြင်ကွင်းကြောင့် သံသယစိတ်ကို အတည်ပြုချင်ရုံသာ။

“အစိမ်းရောင်နေမင်းခန်းမ ပဲ ထပ်ဖြစ်နေပြန်ပြီ။ ဟားဟား.... အဲ့ကောင်လေး က အခုလေးတင် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပါရမီရှင်တစ်ယောက် ဖုန်းဝူထျန်း လက်ချက်နဲ့ သေသွားတာကို မမြင်ခဲ့ဘူးလား...”

ဤအချိန်တွင် လူတိုင်း လုံချန် ရုတ်တရက်ပေါ်လာသည်ကို သတိထားမိကြသည်။ သူ့ကို မသိသေးသော လူများကတော့ အထင်ကြီးလေးစားနေကြသည်။

ချူယွန်ယောင် လည်း အမည်မသိ သားရဲအသွင်ပြောင်းကျင့်ကြံသူ ရုတ်တရက် ပေါ်လာသဖြင့် အံ့သြသွားမိသည်။ လူအတော်များများကို မေးမြန်းပြီးမှ တစ်ယောက်က တစ်စုံတစ်ခု သတိရသွားပုံဖြင့် ပြန်ပြောလိုက်သည်...

“မကြာသေးခင်တုန်းက အစိမ်းရောင်နေမင်းခန်းမ ထဲကို အသစ် ဝင်လာတဲ့ သားရဲကျင့်ကြံသူ တစ်ယောက် ရှိတယ်လို့ မှတ်မိတယ်။ နာမည်က လုံချန်။ ဖုန်းဝူထျန်း နဲ့ ပဋိပက္ခ တစ်ခု ရှိတယ်လို့ ကြားမိတယ်။ ကောင်းကင်စစ်သည်နယ်မြေထဲကို ဝင်လာတဲ့ ပထမဆုံးနေ့မှာပဲ ဖုန်းဝူထျန်း က လိုက်လံ တိုက်ခိုက်ခဲ့တယ်။ သူ ထွက်ပြေးသွားပြီးတော့... အခု ပေါ်လာမယ်လို့ မထင်ထားမိဘူး”

လုံချန် လား...

ချူယွန်ယောင် က ဤနာမည်ကို တစ်ခါမှ မကြားဖူးပေ။ သို့သော် များများစားစား တွေးမနေတော့ပါ။ သူမ၏အမျက်လုံးထဲ၌ စိတ်ဝင်စားမှုအနည်းငယ်နှင့် လုံချန် ကို ကြည့်နေရင်း ထိုလူငယ်မှာအရည်အချင်း တစ်ခုခု ရှိနေကြောင်း ခံစားမိလိုက်သည်။

လုံချန် ရုတ်တရက် ထွက်ပေါ်လာသောကြောင့် အံ့သြဆုံးလူက သူ့နောက်မှာ ရပ်နေသည့် လဲ့လင် ပါ။ တဆတ်ဆတ် တုန်ယီနေရင်း လုံချန် ကို ရှုပ်ထွေးစွာ ကြည့်နေမိသည်။ သူမအတွက် လုံချန်ကို လူသတ်ချင်လောက်အောင်မုန်းတီးနေခဲ့လို့ပင်။ သို့သော် ယခုလိုမျိုး သေရေးရှင်ရေး အခိုက်အတန့်မှာ လုံချန်က ရုတ်တရက် ပေါ်လာပြီး သူမကို ကယ်တင်ပေးခဲ့သည်။ မမျှော်လင့်ထားသည့် အခြေအနေကြောင့် လဲ့လင် က လက်ခံဖို့ပင် ခက်ခဲနေသည်။

ဤအချိန်တွင် လုံချန် က ရုတ်တရက် နောက်လှည့်လာပြီး ယုတ်မာလိုသော အပြုံးတစ်ခု ပြုံးပြလိုက်သည်...

“ဟေ့... ကလေးမလေး၊ အရင်ရက်က လက်ဝါးချက်တွေ သက်သောင့်သက်သာ ရှိခဲ့လား။ ငါ ထပ်လုပ်ပေးရင် ဘယ်လို ခံစားရမလဲ။ စိတ်မပူနဲ့.... မင်းဆီကနေ ဘာမှပြန်မတောင်းပါဘူး…”

လုံချန်က သူမကို လှောင်ပြောင်လိုသော အပြုံးဖြင့် ကြည့်နေလေရာ လဲ့လင် က ဒေါသထွက်ချင်နေသည့်တိုင်အောင် မထွက်နိုင်တော့ပါ။ သူမကို ရုတ်တရက်ဝင်ကယ်လာသည့် လုံချန် ကို စိုက်ကြည့်နေရင်း ဘာလုပ်ရမှန်းပင် မသိတော့ချေ။

ဤအချိန်တွင် ဘေးဖက်ခြမ်းကနေ ဖုန်းဝူထျန်း က ဒေါသတကြီးမျက်နှာထားဖြင့် လုံချန် ဆီသို့ ပြေးလာနေသည်ကို မြင်ပြီး အော်လိုက်သည်...

“သတိထား....”

“စိတ်မပူပါနဲ့...”

လုံချန် က ပြန်ဖြေလိုက်ပြီး တစ်ဖက်လှည့်ကြည့်လိုက်သည်။ ဒေါသတကြီးဖြစ်နေသော ဖုန်းဝူထျန်းက နီးကပ်လာနေပြီဖြစ်သည်။

“ဖုန်းဝူထျန်း! ဒီလို အခြေအနေအောက်မှာ မင်းနဲ့ ထပ်တိုက်ရမယ်လို့ ငါ မထင်ခဲ့မိဘူး။ အခု ငါလဲ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ကို ရောက်နေပြီ။ ငါ မင်းကို သူ့ရှေ့မှာပဲ အနိုင်ယူလိုက်ရင် ရူးကြောင်ကြောင် လဲ့လန် ရဲ့ မျက်နှာမှာ ဘယ်လိုမျိုး အံ့သြနေတဲ့ အမူအရာမျိုး ပေါ်လာမလဲ ဆိုတာ ငါ သိချင်မိတယ်…”

All Chapters