← Chapters

ထရပ်ကားကို ဟန့်တားခြင်း၊ ရူးလောက်တဲ့ ယုတ်မာမှု

Vol. 23 Ch. 223

ထရပ်ကားကို ဟန့်တားခြင်း၊ ရူးလောက်တဲ့ ယုတ်မာမှု

Vol. 23 Ch. 223

တူညီသည့် အဝတ်အစားများ ဝတ်ဆင်ထားကြသည့် အပြင် စေတနာ့ ဝန်ထမ်း အများအပြားက ၎င်းတို့လက်ထဲတွင် ဆိုင်းဘုတ်များနှင့် တံခွန်အသီးသီးကိုလည်း ကိုင်ဆောင်ထားကြသေးသည်။

လူအုပ်ကြီး၏ အလယ်တွင် [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က အနီရောင် သင်္ကန်းကို ဝတ်ဆင်ထားပြီး ဖုန်းတစ်လုံးကို နားနှင့်ကပ်ထားကာ တစ်စုံတစ်ယောက်နှင့် စကားပြောဆိုနေဟန်ပင်။

“ အော်မီထော်ဖော … လူတိုင်းပဲ … ထရပ်ကားကို စုံစမ်းနေတဲ့ လူတွေ အခုလေးတင်ပဲ ကိုယ်တော့်ဆီ ဖုန်းရောက်လာတယ် … ယုန်တွေ အပြည့်တင်ဆောင်လာတဲ့ ထရပ်ကားတစ်စင်းက ဒီလမ်းရှေ့ကို သုံးမိနစ်အတွင်း ရောက်လာလိမ့်မယ် ….”

“ အားလုံးက ကောင်းမှု လုပ်နေတဲ့အချိန်မှာ လူတိုင်းက ကိုယ့်ရဲ့ ဘေးကင်းလုံခြုံမှုကိုလည်း ဂရုစိုက်ဖို့လိုတယ် ….

“ ယာဉ်ကို ပိတ်ဆို့ပြီး အသက်တွေကို ကယ်တင်တာ ၊ သူတို့တွေကို လွှတ်ပေးတာက ဘုန်းကြီးတို့အတွက် ကောင်းမှု ကုသိုလ်ပဲ …..”

“ တကယ်လို့ ဒရိုင်ဘာက မင်းတို့ကို မကောင်းတဲ့ စကားတွေ ပြောဆိုလာမယ်ဆိုရင်တောင် သူ့ကို ပြန်တုံ့ပြန်စရာ မလိုဘူး … ကိုယ့်ရဲ့ စိတ်ငြိမ်းချမ်းမှုအပေါ် သက်ရောက်စေလိမ့်မယ် ….”

တစ်ချိန်တည်းမှာပဲ အားဟွေ့က သူမ၏ ဖုန်းနှင့်အတူ လူတိုင်းထံသို့ ရောက်လာခဲ့သည်။

သတိပြုရမည့် အရာအနည်းငယ်ကို ကြေညာပြီးနောက် [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က အရှေ့ လမ်းမထံသို့ လျှောက်လှမ်းသွားခဲ့သည်။

ယာဉ်ချဉ်းကပ်လာသည်နှင့် စေတနာ့ ဝန်ထမ်းများကလည်း တဖြည်းဖြည်းချင်း ဂနာမငြိမ် ဖြစ်လာသည်။

အသက်ငါးဆယ်အရွယ် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက လူငယ် အနည်းငယ်ကို သူမ ဘက်ခြမ်းသို့ ခေါ်ထားလိုက်သည်။

“ အားလုံးပဲ အသင့်ပြင်ထားကြ … ငါတို့ ဒီယုန်လေးတွေကို ကယ်တင်ပြီးတာနဲ့ ချက်ချင်းပဲ ဓာတ်ပုံ၊ ဗွီဒီယိုတွေ ရိုက်ပြီး ဆိုရှယ်မီဒီယာ အကောင့်တွေ၊ ဖိုရမ်တွေနဲ့ လိုက်စထွင်း ပလတ်ဖောင်းတွေမှာ တင်ရမယ် ….”

“ မပူနဲ့ အစ်မဝမ် … ကျွန်တော်တို့ လိုအပ်တာတွေ အကုန်လုံး အဆင်သင့် ပြင်ဆင်ထားပြီးသား ….”

လူအုပ်က သက်လတ်ပိုင်း အမျိုးသမီး၏ စကားကို တစ်လေသံတည်း တုံ့ပြန်လာခဲ့ကြ၏။

ယခုလို ကိစ္စမျိုး လုပ်တာက သူတို့အတွက် ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ ထို့ကြောင့် အကြိမ်တိုင်း ရှင်းပြနေဖို့ မလိုပေ။

ကိုယ်ပိုင် မီဒီယာများမှတစ်ဆင့် သူတို့၏ ကောင်းမှုများကို ချပြရင်း ပရိသတ် ချဲ့ထွင်၍ ရသည်။

ခေတ္တကြာပြီးသည့်နောက် ထရပ်ကားတစ်စင်းက ကျယ်လောင်သည့် အင်ဂျင်သံနှင့်အတူ အဝေးတစ်နေရာမှ ချဉ်းကပ်လာသည်။

[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က သူ့လက်ဖဝါးနှစ်ဖက်ကို အတူ ပူးကပ်လိုက်ပြီး အော်မီထော်ဖော ဟု ရွတ်ဆိုလိုက်သည်။

“ အားလုံးပဲ … လူဖြန့်ပြီး မိမိရဲ့ လုံခြုံရေးကိုလည်း ဂရုစိုက်ကြပါ …”

သူ့စကားဆုံးသည်နှင့် စေတနာ့ ဝန်ထမ်းများက နှစ်ယောက်၊ သုံးယောက် အတူဖြန့်၍ ရပ်တန့်လိုက်ကြပြီး သူတို့လက်ထဲရှိ ဆိုင်းဘုတ်များ ၊ တံခွန်များကို မြင့်မြှောက်လိုက်ကြသည်။

“ တိရစ္ဆာန်လေးတွေကို ချစ်ပါ …. သက်ရှိအားလုံးဟာ ညီတူမျှတူပဲ ….”

“ ဗုဒ္ဓက ကြင်နာပြီး သတ္တဝါအပေါင်းကို ခါးသီးမှုမှ ကယ်တင်ပေးတယ် …”

“ တိရစ္ဆာန်တွေကို ရောင်းချတာက အကုသိုလ်အကျိုးဆက်ကို ဖြစ်စေတယ် … တိရစ္ဆာန်တွေ လွှတ်ပေးတာကတော့ အတိုင်းအဆမဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို ရစေမယ် …..”

“ သတ်ဖြတ်တာတွေကို ရပ် … လူတိုင်းက သားသတ်လွတ်ပဲ စားသင့်တယ် ….”

“ သတ်ဖြတ်တာတွေ လျှော့ပြီး ကုသိုလ်တွေ စုဆောင်းကြပါ … ဒါတွေကပဲ နောင်ဘဝ ကိုယ့်နောက်ပါမှာ ….”

ထိုကဲ့သို့ ဆင်တူသည့် အကြောင်းအရာများကို ရေးသားထားကြသည်။

လိုက်စထွင်းထဲ၌ ကြည့်ရှုသူများမှာ အံ့အားသင့်နေမိကြလေသည်။

ဤမြင်ကွင်းက အတော်လေး ရင်းနှီးနေသည်ဟု သူတို့တွေ ခံစားလိုက်ကြရသည်။

“ ငါလခွမ်း … ဝါဒ အစွန်းရောက်နေတဲ့ကောင်တွေနဲ့ ဒီခွေးတိရစ္ဆာန် ချစ်တဲ့သူတွေနဲ့ ဘာကွာသွားလို့ …..”

“ ငါကိုယ်တော်က ဘဏ်လျှို့ဝှက်နံပါတ်တွေ ပွင့်လင်းမြင်သာမှုရှိရေးကို တက်ကြွလှုပ်ရှားနေတဲ့လူပဲ … မင်းတို့ရဲ့ ဘဏ်လျှို့ဝှက်နံပါတ်တွေ ငါ့ပေးစမ်း … မင်းတို့ ပိုက်ဆံတွေ ငါ ကူပြီး သုံးပေးမယ် …”

“ လိုး …….”

“ ဟင်းသီးဟင်းရွက်နဲ့ အပင်တွေကိုလည်း သက်ရှိ အုပ်စုထဲ ထည့်ထားပေးတယ်ဆိုတာ ဒီလူတွေ မသိကြတာလားဟ ….”

“ မသိခြင်းဟာ အပြစ်မည်တယ် … ပြီးတော့ ဦးနှောက်ထိသွားရင်လည်း လုံးဝ ကုမရဘူး ….”

ကြည့်ရှုသူများက အမျိုးမျိုး လှောင်ပြောင်သည့် ကွန်းမန့်များကို ပေးပို့နေကြသည်။

ယုန်များ တင်ဆောင်လာသည့် ထရပ်ကားက များမကြာမီ လမ်းမအလယ်၌ အတင်းအကြပ် ရပ်တန့်ခြင်းကို ခံလိုက်ရ၏။

ဒါဇင်ချီသည့် စေတနာ့ဝန်ထမ်းများက စိတ်လှုပ်ရှားလာပြီး ကျယ်လောင်စွာ အော်ဟစ်နေကြသည်။ မြင်ကွင်းက ထောက်ပံ့ရေး ပစ္စည်းများ သယ်ဆောင်လာသည့် ထရပ်ကားတစ်စင်းကို ဒုက္ခသည်များ ဓားပြတိုက်နေသည်နှင့်ပင် ဆင်တူနေတော့၏။

ထရပ်ကား ဒရိုင်ဘာက ရိုးသားသည့် မျက်နှာသွင်ပြင်နှင့် သက်လတ်ပိုင်း အမျိုးသား တစ်ဦး ဖြစ်၏။

ဤမျှ လူအမြောက်အများက သူ့ကားကို ဝိုင်းရံထားတာ မြင်တော့ ဒရိုင်ဘာက မှန်ချပြီး စိုးရိမ်ကြောင့်ကြတကြီးနှင့် မေးလာသည်။ “ မင်းတို့တွေ ဘာလိုချင်နေကြတာလဲ ….”

“ အော်မီထော်ဖော …..”

[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က ရွတ်ဆိုလိုက်ပြီး ထရပ်ကား တံခါးပေါက်အောက်တွင် သူ၏ ကိုးကွယ်သူများနှင့် အတူ ရပ်တန့်လိုက်သည်။

“ ဒီ နွမ်းပါးတဲ့ ဘုန်းကြီးက ဒကာတော်ကို နှုတ်ဆက်ပါတယ် ….”

“ ဘုန်းကြီး … ခင်များ ဘာဖြစ်ချင်နေတာလဲ ….”

သက်လတ်ပိုင်း အမျိုးသားမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ကြောင်ပျောက်နေမိသည်။

“ ဒီနွမ်းပါးတဲ့ ဘုန်းတော်ကြီးက ယုံကြည်သူတွေနဲ့အတူ ဒကာတော် ပါဠာတိပါတာကံကြောင့် ငရဲကျမှာကို ကာကွယ်ပေးဖို့ ရောက်လာခဲ့တာပါ … “ [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်] ပြောလိုက်သည်။

“ ခင်များ ရူးနေလား … ကျုပ် ခင်များကိုလည်း မသိဘူး … ကျုပ်ကို ကယ်တင်ပေးဖို့လည်း မလိုဘူး ….”

“ ကျုပ်ဘာကျုပ် ငရဲသွားတာ မသွားတာ ခင်များနဲ့ မဆိုင်ဘူး … ချီးပဲ ခင်များတို့က လူကို ဘာလို့ ဘလိုင်းကြီး လာဆဲနေရတာလဲ … “

သက်လတ်ပိုင်း အမျိုးသားက အသိစိတ်ပြန်ဝင်လာတော့ [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]ကို မကျေမချမ်း ဖြစ်စွာ ကြည့်လိုက်သည်။

အဝေးသို့ မြန်မြန်ထွက်သွားဖို့ လော်ဆော်လိုက်၏။

“ နင် ဘာလို့ ဒီလိုမျိုး ပြောရက်နိုင်ရတာလဲ …” အစ်မဝမ်က စူးရှကျယ်လောင်သည့် အသံဖြင့် “ ဆရာတော်က နင့်ကို ကောင်းချီးပေးဖို့ … နင့်ရဲ့ မကောင်းမှုတွေကို ဆေးကြောသန့်စင်ပေးဖို့အတွက် လာခဲ့တာ ….”

“ နင် တန်ဖိုးမထားလဲ ရတယ် … ဒါပေမယ့် ဆရာတော်ကို ဒီလိုမျိုး ပြောစရာ လိုလို့လား ….”

အစ်မဝမ် ပြောလိုက်သည်နှင့် စေတနာ့ ဝန်ထမ်းများကလည်း သူမနှင့် တန်းတူ ရပ်တည်ကာ ဘက်ပေါင်းစုံမှ တိုက်ခိုက်လာကြတော့သည်။

“ ခင်များ ဒီ ယုန်လှောင်အိမ်တွေ သယ်ပြီး ဘယ်မှ ထွက်သွားလို့မရဘူး ….”

“ အထဲက ယုန်လေးတွေက ဒီတိုင်း ယုန်တွေ သပ်သပ်မဟုတ်ဘူး … ငါတို့လိုပဲ သူတို့မှာလည်း အသက်နဲ့ ….”

“ ကျေးဇူးပြုပြီး တိရစ္ဆာန်တွေရဲ့ အသားကို မစားပါနဲ့တော့ … အသက်တွေအားလုံးဟာ အတူတူပါပဲ ….”

“ အရာရာတိုင်းမှာ ဝိဉာဏ်ဆိုတာ ရှိတယ် … လူသားတွေက အသားစားတာကို ရပ်တန့်ပြီး တခြား သက်ရှိတွေနဲ့ သဟဇာတရှိရှိ နေထိုင်သင့်တယ် ….”

သက်လတ်ပိုင်း ဒရိုင်ဘာက နှာခေါင်းရှုံ့လိုက်ပြီး “ မင်းတို့ကောင်တွေ ရူးနေကြတာလား … ငါ့ဘာငါ ဘာလုပ်လုပ် မင်းတို့ အပူပါလား ….”

“ ငါ ဒီယုန်တွေကို ခိုးခဲ့တာလည်း မဟုတ်ဘူး … ဓားပြတိုက်ခဲ့တာလည်း မဟုတ်ဘူး … ငါ့ဘာငါ ဝယ်လာခဲ့တာ ….”

“ ဒီ ယုန်တွေကို သယ်ပြီး ရောင်းချဖို့အတွက် ငါ့မှာ တရားဝင် လိုင်စင်လည်း ရှိတယ် ….”

ဒရိုင်ဘာက သူ့ ကားထဲကနေ ဒေါသတကြီး ခုန်ဆင်းလာခဲ့ပြီး လူတိုင်းနှင့် စတင် ငြင်းခုန်တော့သည်။ သူက [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]ကို လက်ညှိုးထိုးလိုက်ပြီး “ ဒီမှာ ကတုံးကြီး … မင်းရဲ့ လူတွေကို မြန်မြန် ခေါ်သွားလိုက်တော့ … မဟုတ်လို့ကတော့ ဘုန်းကြီးဆိုလည်း ခေါင်းခေါက်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူးနော်…..”

“ ဟေ့လူတွေ ဒီကို မြန်မြန်လာကြ … ဒီမှာ ဘယ်လိုမှ မရတော့တဲ့ ယုန်တွေ ရှိတယ် ….”

ထရပ်ကားနောက်တွင် ယုန်များဖြင့် ပြည့်နှက်နေသည့် လှောင်အိမ်ပေါင်း မြောက်များစွာ ရှိနေသည်။

ငယ်ရွယ်သည့် စေတနာ့ ဝန်ထမ်းတစ်ဦးက လှောင်အိမ်အောက်ခြေတွင် လှုပ်ရှားမှုကင်းမဲ့နေသည့် ယုန်တစ်ချို့ကို မြင်တွေ့သွားခဲ့သည်။

၎င်းတို့ ကြည့်ရသည်မှာ နောက်ဆုံးထွက်သက်ကို အတင်းအကြပ် ရှူရှိုက်နေကြဟန်ပင်။

ယုန်လေးများက သေလုမြောပါး ဖြစ်နေသည်ကို မြင်တွေ့လိုက်ရတော့ စေတနာ့ ဝန်ထမ်းများက သူတို့ မိဘတွေ အသက်အန္တရာယ် ကျရောက်နေသကဲ့သို့ ပြုမူ၍ ထရပ်ကားထဲသို့ အတင်းဝင်ရောက်ကြတော့သည်။

ထိပ်ရှိ လှောင်အိမ်များကို အောက်သို့ ရောက်အောင် ကြိုးစားပမ်းစား လုပ်ဆောင်နေကြ၏။

ထိုသို့ လုပ်ဆောင်နေစဉ်အတွင်း အသက်ကြီးပိုင်း စေတနာ့ဝန်ထမ်းများအားလုံးက လျင်မြန်ပြီး ကျန်းမာသွက်လက်နေကြ၏။ အသက်ငယ်ရွယ်သည့် အမျိုးသမီးများသည်လည်း ၎င်းတို့နှင့် ကွာဟခြင်း မရှိလှပေ။ နူးညံ့သိမ်မွေ့သည့် အမျိုးသမီးလေးတို့မှာ ချက်ချင်းဆိုသလို ပစ္စည်းအတင်အချ ပြုလုပ်သည့် ကျွမ်းကျင်သူတို့ ဖြစ်လာလေသည်။

လူတိုင်းက လှောင်အိမ်ကို အောက်သို့ ချလိုက်ကြပြီး ယုန်လေးများအား မကြာခင် ကယ်တင်ပေးမည်ဟု နှစ်သိမ့်ပေးလိုက်ကြ၏။ ထပ်ပြီး ခဏလောက် တောင့်ခံထားဖို့ ပြောပေးနေသည်။

“ ဟာ ဟေ့လူတွေ … ခင်များတို့ အဲ့လို လုပ်လို့မရဘူးလေ….”

သက်လတ်ပိုင်း ဒရိုင်ဘာက စိုးရိမ်ကြောင့်ကြသွားခဲ့ပြီး ငိုကြွေးလုနီးပါး ဖြစ်သွားခဲ့သည်။ သူ အလျင်စလို ပြေး၍ လက်များကို ဆန့်တန်းလျက် လူအုပ်ကြီး၏ အပြုအမူကို ရပ်တန့်ဖို့ရာ ကြိုးပမ်းလိုက်သည်။

“ နင်တို့လို လူစားမျိုးတွေက ငွေတစ်ခုတည်းလောက် မျက်လုံးထဲ မြင်တဲ့ဟာတွေ … “ အစ်မဝမ်က ထေ့ငေါ့သည့် လေသံဖြင့် ပြောဆိုလိုက်ပြီး “ ဒီ ယုန်လေးတွေကရော အသက်နဲ့ပဲ ဆိုတာ နင်တို့ မသိကြဘူးလား ….”

“ ဒီယုန်လေးတွေကို သယ်သွားတာနဲ့ သူတို့လေးတွေက ထမင်းစားပွဲပေါ်က ဟင်းပွဲတွေ ဖြစ်ကုန်ကြတော့မယ် ….”

“ နင့်ကြောင့် ယုန်လေးတွေ ဒီလောက်အများကြီး သေပေးနေကြရတာ နင်တစ်ယောက်တည်း ငရဲကျရုံတင်မကဘူး … နင်တို့ တစ်မိသားစုလုံး ၊ နင့်ဆွေမျိုးတွေရော ၊ နင်နဲ့သိတဲ့လူတွေပါ ငရဲကျလိမ့်မယ် …”

“ နင်တို့ မချစ်ပေးချင်ရင် နေလို့ရတယ် … ဒါပေမယ့် သူတို့လေးတွေကိုတော့ ထိခိုက်အောင် မလုပ်ကြပါနဲ့ ….”

ဤစကားက စစ်ချီခရာကို မှုတ်လိုက်သည့်နှယ် ယုန်လှောင်အိမ်များကို တက်တက်ကြွကြွနှင့် အောက်ချနေကြသည့် စေတနာ့ ဝန်ထမ်းမျာက တစ်ပြိုင်နက် ဟစ်ကြွေးလာခဲ့ကြ၏။

“ မင်းတို့ မချစ်ပေးချင် နေလို့ရတယ် … ဒါပေမယ့် ထိခိုက်လို့တော့ မရဘူး ….”

“ တိရစ္ဆာန်တွေ ရောင်းတာက သတ်ဖြတ်တာပဲ …. ငါတို့တွေ အသားကို ဘယ်တော့မှ မစားသုံးသင့်ဘူး ….”

“ တိရစ္ဆာန်တွေ လွှတ်ပေးတာက ကုသိုလ်ရတယ် … သတ္တဝါအားလုံးက ညီတူမျှတူပဲ … မိမိကနေ စတင်လိုက်ပါ ….”

အော်ဟစ်သံတို့က တစ်စထက် တစ်စ ကျယ်လောင်လာသည်။

[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က ဘေးဘက်ခြမ်းတွင် လက်ဖဝါးနှစ်ခုကို အတူပူးကပ်၍ မျက်လွှာကို ချကာ တစ်စုံတစ်ရာအား ရေရွတ်နေခဲ့သည်။

ဤသည်ကို မြင်တော့ ကြည့်ရှုသူများမှာ ဒေါသလည်း ထွက်မိသလို စိုးလည်း စိုးရိမ်နေမိကြသည်။

“ ဒရိုင်ဘာကလည်းကွာ ဘာတွေစောင့်နေတာလဲ … မြန်မြန် ရဲကို ဖုန်းဆက်လိုက်တော့လေ ….”

“ ကားတားပြီး ကုန်ပစ္စည်းတွေကို အတင်းအောက်ချနေတယ် … ဒါ ဓားပြတိုက်နေတာပဲ ….”

“ ဘုရားရေ …. တကယ့်လက်တွေ့က အမြဲတမ်း မှော်ဆန်လှပါလား …..”

“ သူတို့က ပရဟိတ လုပ်နေကြတာမဟုတ်ဘူး … ဒရိုင်ဘာကို ကုန်းကောက်စရာ မရှိအောင် လုပ်နေကြတာ …..”

“ ငါသာ အဲ့ဒီ ထရပ်ကား ဒရိုင်ဘာဆိုလို့ကတော့ သူတို့ဘာသူတို့ ဘာကောင်နေနေ ဂရုစိုက်မနေဘူး … အကုန်လုံးကို ပါးတစ်ချက်စီ ဖြတ်ရိုက်ပေးလိုက်မယ် …”

အမှန်တရားကို မြတ်နိုးသည့် ကြည့်ရှုသူများမှာ ဒရိုင်ဘာဘက်က စိုးရိမ်ပေးနေကြသည်။ သို့သော် တစ်ချိန်တည်းမှာပဲ အနှီ လူအုပ်စု၏ လုပ်ရပ်များအပေါ် ရွံရှာမုန်းတီးနေမိကြ၏။

သူတို့တွေ ချက်ချင်းပဲ ထိုနေရာသို့ နေရာခုန်ကူးသွား၍ ဒရိုင်ဘာအတွက် တရားမျှတမှု ရှာဖွေပေးချင်စိတ်ပင် ပေါက်နေခဲ့ကြသည်။

All Chapters