မင်းရဲ့ အပြစ်တွေ လျော့ပါးစေဖို့ ဓားပြတိုက်နေတာ
Vol. 23 Ch. 224
သက်လတ်ပိုင်း ဒရိုင်ဘာ တစ်ဦးတည်းသပ်သပ်နှင့်တော့ ဤလူ အုပ်စုကြီးကို မည်သို့မျှ ဟန့်တားလို့ မနိုင်ပေ။
ခါးက စည်ပိုင်းလောက်ကြီးတုတ်ခိုင်သည့် သက်လတ်ပိုင်း အမျိုးသမီးကြီးများက ဒရိုင်ဘာကို ဘေးဘက်ခြမ်းသို့ အတင်းအဓမ္မ ဆွဲခေါ်သွားခဲ့သည်။
မျက်တောင် တစ်ခတ်အတွင်းမှာပဲ ယုန်လှောင်အိမ် တစ်ဝက်ကျော်လောက်က မြေပြင်သို့ ချပြီးသွားပြီ ဖြစ်၏။
သက်လတ်ပိုင်း ဒရိုင်ဘာမှာ ကြမ်းပြင်သို့ ဖင်ထိုင်ချရင်း ထိုလူများကို ရဲဖမ်းခိုင်းမည်ဟု ပြောဆိုနေသည်။
“ ဆရာတော် … ဘယ်လိုမှ မတောင့်ခံနိုင်တော့ ယုန်လေးတွေ ဆယ်ကောင်ကျော်ရှိတယ် ….” အစ်မဝမ်က ဝမ်းနည်းနေသည့် အမူအရာဖြင့် ပြောဆိုလိုက်၏။
“ အော်မီထော်ဖော ….”
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က သက်ပြင်းအရှည်ကြီး ချရင်း စိတ်ဝမ်းနည်း ကြေကွဲသည့် အမူအရာဖြင့် “ သေခြင်းတရားက လောကကြီးကို စွန့်ခွာစေတယ် … သူတို့လေးတွေကို တစ်နေရာရှာပြီး ကောင်းကောင်းမွန်မွန် မြေမြုပ်ပေးလိုက်ပါ … မနက်ဖြန်ကျရင် ဘဝကူး ကောင်းစေဖို့အတွက် ဘုန်းကြီး ဆုတောင်းပေးလိုက်ပါ့မယ် ….”
“ အားလုံးပဲ … ကျေးဇူးပြုပြီး အလုပ်ကြိုးစားပေးကြပါဦး … ကျန်တဲ့ ဒီယုန်လေးတွေကို တတ်နိုင်သမျှ မြန်မြန်ကယ်ပြီး ကျောင်းအနောက်ဘက်က ဥယျာဉ်လေးထဲမှာ နေရာချထားပေးရမယ် ….”
“ သူတို့ကို လွှတ်ပေးဖို့အတွက်ကတော့ ဘုန်းကြီးတို့တွေ ရက်ကောင်းရက်ရာဇာ တစ်ရက် ရွေးကြတာပေါ့ …”
ပြောပြီးသည့်နောက် [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က မျက်ရည်တွဲလဲဖြစ်နေသည့် ဒရိုင်ဘာထ့သို့ ရောက်သွားခဲ့ပြီး သူ့လက်ကို ဆန့်တန်းပေးလိုက်သည်။ “ မငိုပါနဲ့ ဒကာတော်…. ဘုန်းကြီးနဲ့ ဒီရဲ့ ဒကာ၊ ဒကာမတွေက သာမန်လူတွေနဲ့ ဒကာတော်ကို ကယ်တင်ဖို့အတွက် ကြိုးပမ်းပေးနေတာပါ ….”
“ ဘုန်းကြီးက ဒီလောကကြီးထဲကနေ မကောင်းမှုတွေ အားလုံးကို ဖယ်ရှားပေးမယ် ….”
“ တကယ်လို့ ကိုယ်တော့်ဘက်က မှားယွင်းတာတွေ လုပ်ခဲ့မိရင်လည်း ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ….”
“ ဒကာသွားပို့ပေးမယ့် ယုန်လေးတွေ အတွက်ကတော့…. ဘုန်းကြီးတို့က ဓားပြတိုက်နေတာ မဟုတ်ပါဘူး …သူတို့လေးတွေကို ကာကွယ်ပေးနေတာပါ ….”
“ ဒကာ့ဆီမှာ လိုအပ်တဲ့ ပြေစာတွေ ရှိနေသရွေ့ ဘုန်းကြီးတို့က မူရင်းဈေးနှုန်းအတိုင်း ပြန်ဝယ်ပေးပါ့မယ် …..”
ဤစကားကြားတော့ ဒရိုင်ဘာက ချက်ချင်း မတ်တပ်ရပ်ပြီး မေးမြန်းလာသည်။ “ ခင်များ တကယ်ပဲ မူရင်းဈေးအတိုင်း ပြန်ဝယ်ပေးမှာ သေချာတယ်နော်….”
“ အော်မီထော်ဖော ….” [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က “ ဘုန်းကြီးတို့က ကောင်းမှု ပြုနေတာပါ … တကယ်လို့ ပိုက်ဆံ မပေးဘူးဆိုရင် ဓားပြတိုက်နေတာနဲ့ ဘာကွာတော့မှာလဲ ….”
“ မြန်မြန် စာရွက်စာတမ်းတွေ ထုတ်လာခဲ့လိုက် … ဘုန်းကြီးတို့က ကျိုးကြောင်း မဆီလျော်တာတွေ ဘယ်တော့မှ မလုပ်ဘူး …”
“ တခြားလူတွေ ဒုက္ခရောက်ရမှာထက်စာရင် ဘုန်းကြီးတို့ကပဲ သူများတွေ ကိုယ်စား ဒုက္ခရောက်ခံလိုက်မယ် ….”
“ ဒီ ယုန်တွေအတွက် ဘုန်းကြီးတို့ ပိုက်ဆံပေးမယ် ….”
ဤစကားကြားတော့ ဒရိုင်ဘာက မျက်ရည်များ သုတ်လိုက်ပြီး သူ့ ထိုင်ခုံသို့ ပြန်တက်သွားခဲ့သည်။
ခေတ္တကြာပြီးနောက် တစ်ဖန် ပြန်ခုန်ချလာသည်။
သူ့လက်ထဲတွင် စာရွက်စာတမ်း အနည်းငယ်လည်း ပါလာခဲ့၏။
“ ဒေါက်တာချန် … ပြီးတော့ အခု ကြည့်နေကြတဲ့လူတွေ … ရှင်တို့ မြင်လား …..”
“ ဆရာတော် လုပ်နေတဲ့ အလုပ်တွေက ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး ….”
“ လူတိုင်း အစောပိုင်းက အလျင်လိုနေကြတယ်ဆိုတာက ယုန်လေးတွေ ဘယ်လိုမှ မတောင့်ခံနိုင်တော့ဘဲ
လှောင်အိမ်ထဲ သေသွားမှာကို စိုးရိမ်နေကြလို့ … “
“ အဲ့တာကြောင့် စောနတုန်းက နည်းနည်းလေး စိတ်လိုက်မာန်ပါ လုပ်နေမိကြတာ ….”
“ တကယ်တော့ ကျွန်မတို့အားလုံးက လူကောင်းတွေပါပဲ …. လူတိုင်းရဲ့ နှလုံးသားက ရွှေလိုမျိုး စစ်မှန်တယ် …”
အားဟွေ့က လက်ရှိ အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ဗုဒ္ဓဘာသာအကြောင်း ဝါဒဖြန့် ကြေညာလေသည်။
သက်ရှိအားလုံးက ကယ်တင်ခံရသင့်ပြီး ညီတူမျှတူပဲ ဆက်ဆံခံရသင့်သည်။
ကြည့်ရှုသူများ၏ သဘောထား အမူအရာမှာ ပြောင်းလဲသွားခဲ့ကြသည်။
တစ်ချို့ ကြည့်ရှုသူများက လှောင်ပြောင်နေကြ၏။
ထိုလူများ ယခုလေးတင် ပြုလုပ်ခဲ့သည့် အပြုအမူကို အခြေခံ၍ အကဲဖြတ်ပေးရမည်ဆိုပါက အဆိုပါ စေတနာ့ဝန်ထမ်းများအား ဓားပြများဟု ခေါ်ဆိုလျှင်ပင် ချဲ့ကားရာ ကျလိမ့်မည် မဟုတ်ပေ။
အကယ်၍ ထိုလူများက ယုန်များကို ဝယ်ယူလိုလျှင်ပင် အရင်ဦးစွာ ဒရိုင်ဘာ၏ လက်ခံသဘောတူညီမှုကို ရယူသင့်သည်။
သို့တိုင် ထိုသူများကတော့ ထရပ်ကားထံသို့ ပြေးသွားပြီး သဘောတူ ခွင့်ပြုမှု မရှိပါဘဲ လှောင်အိမ်များကို အောက်သို့ ချနေခဲ့ကြသည်။
ဘာကို ကောင်းမှုကုသိုလ်လဲ … ဘာကို ရွှေလို စစ်မှန်တဲ့ နှလုံးသားလဲ …
တစ်ဖက်တွင် အချို့သော ကြည့်ရှုသူများက ယင်းကဲ့သို့သော အပြုအမူကို လက်သင့်ခံနိုင်စရာအကြောင်းမရှိဟု ထင်နေမိကြသည်။
ဒရိုင်ဘာက မည်သည့် ဆုံးရှုံးမှုမျှ မခံစားရလျှင်ပင် ၎င်းတို့တွေ စောနတုန်းကပြုခဲ့သည့် အပြုအမူသည့် ခွင့်လွှတ်မပေးနိုင်လောက်စရာ အပြုအမူ ဖြစ်သည်။
“ ဆရာတော် လုပ်သမျှက ဗုဒ္ဓရဲ့ အဆုံးအမနဲ့ အညီ သူ့ရဲ့ နှလုံးသား စေရာအတိုင်း ပြုလုပ်တာပဲ … "
“ ကျွန်မတို့ စေတနာ့ ဝန်ထမ်းတွေက ကြောင်သူတော်တွေ မဟုတ်ကြသလို လူမှုစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေတဲ့ ရာဇဝတ်သားတွေလည်း မဟုတ်ဘူး ….”
“ တစ်ဖက်မှာတော့ လောကကြီးထဲ ဒီလောက်ထိ လုပ်စရာ စီးပွားရေး လုပ်ငန်းတွေ များနေတာတောင် ဒရိုင်ဘာကတော့ ဒီလို လူမဆန်တဲ့ စီးပွားရေးလုပ်ငန်းမျိုးကို ခေါင်းမာမာနဲ့ လုပ်ချင်နေတယ် ….”
“ ဆရာတော်က ကျွန်မတို့ကို ဒီခေါ်လာတာ ကြင်နာတတ်တဲ့ နှလုံးသားနဲ့ ယုန်လေးတွေကို ကယ်တင်ဖို့အပြင် ဒရိုင်ဘာကို မကောင်းတဲ့ ကံအကျိုးဆက်ကနေ ကယ်တင်ပေးဖို့ဆိုလည်း ဟုတ်တယ် ….”
အားဟွေ့အနောက်တွင် မတ်တပ်ရပ်နေကြသည့် စေတနာ့ ဝန်ထမ်းတစ်ချို့က သူမ၏ ပြောစကားကို ကြားတော့ ကျယ်လောင်စွာ လက်ခုပ်လက်ဝါး တီးလိုက်ကြသည်။
ထိုအချိန်အခိုက်တန့်မှာပဲ လိုက်စထွင်းအခန်းတစ်လျှောက် ထိတ်လန့်တကြား အာမေဋိတ်အသံတစ်ခုကို ကြားယောင်လိုက်ကြရသည်။
“ နင့် ကားထဲက ယုန်တွေက ရွှေတွေ ၊ ငွေတွေနဲ့ လုပ်ထားတာလား ….” အစ်မဝမ်က ချဲ့ကားသည့် အမူအရာဖြင့် “ ဒါတွေ အကုန်လုံးလေးကို တကယ်ပဲ ယွမ်သုံးသိန်း လာတောင်းနေတယ် ….”
သုံးသိန်း ဆိုသည့် စကားကို ကြားတော့ အားဟွေ့က သူမ၏ ဖုန်းနှင့်အတူ ရှေ့သို့ရောက်လာခဲ့သည်။
ကြည့်ရှုသူများလည်း [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]လက်ထဲရှိ စာရွက်များကို ဖုန်းကင်မရာမှတစ်ဆင့် မြင်တွေ့သွားခဲ့ကြသည်။
၎င်းတို့က ဝယ်ယူထားသည့် ပြေစာများ၊ ငွေချေထားသည့် ပြေစာများနှင့် အခြားသော ကျသင့်ငွေ ပြေစာများပင်။
ငွေပေးချေမှု ပြေစာထဲတွင် ဤယုန်များက နိုင်ငံခြားယုန်များနှင့် မျိုးစပ်ထားသည့် အရည်အသွေးမြင့် ယုန်များဖြစ်ကြောင်း ရေးသားထားသည်။
တစ်ကောင်လျှင် ကျသင့်ငွေက ယွမ် ၃၀၀ ဖြစ်ပြီး အကောင်ရေ တစ်ထောင် ဖြစ်၏။
စုစုပေါင်း ယွမ် သုံးသိန်းပင်။
“ မင်းတို့ကောင်တွေ ဈေးကြီးတယ်လို့ ထင်လား .. ငါလည်း ဈေးများတယ်လို့ ထင်တယ် ….” ဒရိုင်ဘာကပြောလိုက်ပြီး “ ဘယ်တတ်နိုင်မှာ … အဲ့ကောင်တွေက အရည်အသွေးမြင့် ယုန်တွေလေ … တင်သွင်းရတဲ့ ဈေးနှုန်းနဲ့တင် အတော်လေး မြင့်နေပြီ …..”
“ ဘဝတွေက တဖြည်းဖြည်းနဲ့ ပိုပိုပြီးကောင်းမွန်လာတော့ လူလတ်တန်းစားတွေကလည်း ဂျေးများလာကြပြီ … သာမန် ယုန်ဆို လူတွေက မစားကြတော့ဘူး … နိုင်ငံခြားဟာမှ … အရည်အသွေးဆိုလည်း မြင့်နေတာလေးမှ ….”
“ ဝယ်ရတဲ့ ဈေးနှုန်းကိုက မြင့်နေတာတော့ ငါလည်း ဘာမှ မလုပ်ပေးနိုင်ဘူး ….”
“ ဒီ ယုန်တွေ သယ်သွားပြီး ရောင်းလို့ ငါ့အတွက် ကြားငွေက နည်းနည်းလေးပဲ ရတယ် ….”
“ တကယ်လို့ ဒီကြားထဲ သယ်သွားရင်းနဲ့ သေတာ ဘာညာ ရှိခဲ့ရင် တစ်ပြားတစ်ချပ်မှ မရတဲ့အပြင် ငါ့ဘက်ကတောင် အိတ်စိုက်ပေးရသေးတယ် ….”
သက်လတ်ပိုင်း အမျိုးသားက အစ်မဝမ်ကို စိုက်ကြည့်လိုက်သည်။
“ မင်းတို့က ပရဟိတ လုပ်ဖို့ ဒီယုန်တွေကို လွှတ်ပေးချင်နေတယ်ဆိုမှတော့ အဲ့ဒါဆိုလည်း ငွေချေလေ ….”
“ ဒါကြီးက မတော်မတရား တောင်းနေတာပဲ ….” အစ်မဝမ်က ဒေါသထွက်နေပြီး “ ယုန်တစ်ကောင် ဘယ်လောက်ပဲ ဈေးကြီးတယ် ပြောပြော ယုန်က ယုန်ပဲ …. တစ်ကောင် ယွမ် ၃၀၀ တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး …..”
“ အစ်မဝမ် .. သူနဲ့ ပြိုင်ပြီး စကားလေကုန်ခံမနေနဲ့ … အဲ့ဒရိုင်ဘာကို ဒီတိုင်း ယွမ်တစ်သိန်းပေးလိုက် ….”
“ တစ်သိန်းက ခင်များရဲ့ ထရပ်ကားထဲက ယုန်တွေကို ဝယ်ဖို့ လုံလောက်တာထက်တောင် ပိုသေးတယ် … မတရား လောဘမကြီးချင်နဲ့ ….”
“ ကျုပ်တို့ ခင်များဆီကနေ ဒီယုန်တွေ ဝယ်နေတာက ကုသိုလ်ယူဖို့အတွက်ပဲ … ခင်များလည်း အဲ့ဒီကနေ အကျိုးအမြတ် ရလိမ့်မယ် ….”
“ အားလုံးပဲ … ဒီတိုင်း ရပ်ကြည့်မနေကြနဲ့ … မြန်မြန် ဒီယုန်တွေကို ကျောင်းအနောက် ပို့ဖို့ ပြင်ကြတော့ …..”
လူအုပ်ကြီးက ယုန်များအား ခေါ်ဆောင်သွားတော့မှာကို ကြားသိလိုက်ရတော့ သက်လတ်ပိုင်း ဒရိုင်ဘာမှာ ရုတ်ချည်းဆိုသလို ဟန့်တားထားသည့် လူများအား တွန်းဖယ်ပြီး ယုန်လှောင်အိမ်များထံသို့ ပြေးသွားနိုင်သည့် ခွန်အားများ ရရှိလာသည်။
သူ့ကိုယ်ကို ကိုင်းလိုက်ပြီး လက်သီးဆုပ်လောက် အရွယ်ရှိသည့် ကျောက်တုံးကြီး တစ်တုံးကို ကိုင်ထားကာ အံကို တင်းတင်းကြိတ်လျက် ချဉ်းကပ်လာသည့် လူအုပ်ကြီးထံ အော်ဟစ်လိုက်သည်။
“ ဒီယုန်တွေက ငါ့ဘဝပဲ … မင်းတို့ မတရား ယူသွားမယ်ဆို ငါ မင်းတို့နဲ့ အသက်ချင်း လဲပစ်လိုက်မယ် ….”
“ ၃ သိန်း … ၊ လုံးဝ မလျှော့နိုင်ဘူး … ၊ တစ်ပြားတစ်ချပ်လေးတောင် မလျှော့ပေးနိုင်ဘူး ….”
“ ဒီယုန်တွေ ဝယ်ဖို့အတွက် ငါ့အိမ်ကို ဘဏ်မှာ အပေါင်ခံထားရတာကွ … မင်းတို့ကို တစ်သိန်းနဲ့ ရောင်းပေးလိုက်ရင် ငါ့ ပိုက်ဆံတွေ အကုန် ဆုံးရှုံးသွားတော့မှာပေါ့ ….”
“ ဘဏ်ချေးငွေ ပြန်မဆပ်နိုင်ရုံတင် မကဘူး … ငါ့မိဘတွေရဲ့ ဆေးဖိုး ၊ ငါ့သမီးလေး နို့မှုန့်ဖိုးတွေကို ငါ ဘယ်က ပိုက်ဆံနဲ့ သွားပေးရမှာလဲ ….”
“ မင်းတို့က ငါ့ကို သေအောင် လုပ်ချင်နေတယ်ဆိုမှတော့ လာလေ … မင်းတို့ကို အရင် သေအောင် သတ်ပစ်မယ် ….”
ဒရိုင်ဘာ၏ သွင်ပြင်က ယုန်များနှင့်အတူ အသက်ချင်း လဲပစ်ချင်နေဟန်တူသည်။ ထို့နောက် သူ့အိမ် အခြေအနေအကြောင်း ပြောပြ၏။ သူ့တွင် လုပ်ကျွေးရမည့် မိဘများနှင့် ကလေးများရှိကြောင်း ၊ တစ်မိသားစုလုံးက သူ့အပေါ်တွင် မှီခိုနေရကြောင်း ပြောပြသည်။
ယွမ်တစ်သိန်းက ဝယ်ရင်းဈေးအတွက်ပင် လောက်ငှခြင်း မရှိလေရာ သူမည်သို့ သဘောထား ကြီးပေးနိုင်မည်နည်း။
“ အော်မီထော်ဖော …. သက်ရှိတွေဟာ ရှုပ်ထွေးလှတဲ့ နှောင်ဖွဲ့မှု သံယောဇဉ်တွေကြောင့် ဒုက္ခရောက်ကြရလေတယ် …”
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က ရှေ့သို့ လျှောက်လှမ်းလာခဲ့ပြီး “ ဒီက ဒကာတော် … မင်းလက်ထဲက ကျောက်တုံးကို အရင်ချလိုက်ပါ ….”
“ အမှန်အတိုင်း ဝန်ခံရရင် ဘုန်းကြီးတို့က ဒီတစ်ခေါက် ယွမ်တစ်သိန်းပဲ ပြင်ဆင်ထားခဲ့လို့ပါ ….”
“ ဒီယုန်တွေရဲ့ ဈေးက ဒီလောက်ထိ ကြီးမယ်လို့ ထင်မထားခဲ့ဘူး … ဒကာတော်က ဈေးကို နည်းနည်းလောက်လေးများ နိမ့်ချပေးနိုင်မလား …. သက်ရှိသတ္တဝါတွေ အားလုံးဟာ အကုန် အတူတူပဲလေ ….”
“ ဗုဒ္ဓက မြွက်ကြားခဲ့ဖူးတယ် … တစ်ခြားသူတွေကို အဆင်ပြေအောင် ပြုလုပ်ပေးခြင်းက ကိုယ့်ကိုယ်ကို အဆင်ပြေအောင် ပြုလုပ်ပေးတာနဲ့ အတူတူပဲတဲ့ … ဒကာရော ဘယ်လိုထင်လဲ ….”
သက်လတ်ပိုင်း ဒရိုင်ဘာမှာ ကြက်သေသေသွားခဲ့သည်။
“ လူတိုင်းပဲ ငြင်းခုန်နေတာကို ရပ်လိုက်ကြပါ ….”
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က ဒရိုင်ဘာကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး တစ်ဖက်သို့ လှည့်၍ “ အားလုံးပဲ … ဘုန်းကြီးပြောတာကို နားထောင်ကြ ….”
“ မိသားစုတိုင်းမှာ သူတို့ အခက်အခဲနဲ့ သူတို့ ရှိတယ် …. ဒီရဲ့ ဒကာတော်က မကောင်းမှုတွေကို ကျူးလွန်ခဲ့တယ်ဆိုပေမယ့် ဒါတွေအကုန်လုံးက သူ့မိသားစု အတွက်ပဲ ….”
“ ဗုဒ္ဓက ကရုဏာ ကြီးမားတယ် … လောကကြီးထဲ မကယ်တင်ထိုက်တဲ့ သတ္တဝါဆိုတာ မရှိဘူး … ပြီးတော့ ခွင့်လွှတ်ပေးလို့ မရတဲ့လူဆိုတာလည်း မရှိဘူး ….”
“ ဘုန်းကြီးတို့က ဒီ သနားဖို့ကောင်းတဲ့ ယုန်လေးတွေကို ကယ်တင်ပေးပြီး ကုသိုလ်ရဖို့အတွက် လွှတ်ပေးကြမယ် ….”
“ ဒါပေမယ့် ဒီအတွက်ကြောင့်နဲ့ တခြားလူတွေ ဒုက္ခရောက်ရမယ်ဆိုတော့ ဘယ်ကောင်းလိ့မ်မှာ ….”
“ ဆိုတော့ အားလုံးပဲ … ဒါက အကျိုးအကြောင်း သင့်တယ်လို့ မထင်ကြဘူးလား ….”
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က မေးလိုက်သည်။