← Chapters

ငါ … ငါရှင်းပြတာ နားထောင်ပါဦး

Vol. 23 Ch. 227

ငါ … ငါရှင်းပြတာ နားထောင်ပါဦး

Vol. 23 Ch. 227

ချန်ယွီ့ ညွှန်ကြားသည့်တိုင်း လိုက်နာရင်း အားဟွေ့ သူမ၏ ဖုန်းကို ကိုင်ဆောင်လျက် လမ်းကြားလေးထဲသို့ လျှောက်လှမ်းလာခဲ့သည်။

မကြာမီ အနောက်တံခါးကို တွေ့ရှိသွားခဲ့သည်။

အားဟွေ့ ဆွဲကြည့်လိုက်တော့ သော့မခတ်ထားသည်ကို သတိပြုမိလိုက်သည်။ သို့နှင့် သေချာလေး ဂရုတစိုက် အထဲသို့ ဝင်သွားလိုက်၏။

ဈေးခန်းမရှေ့တွင် [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က အမျိုးသား တစ်ဦးကို စကားပြောနေသည်။

အားဟွေ့ လှမ်းကြည့်လိုက်သောအခါ သူမ အံ့အားသင့်သွားခဲ့သည်။

“ အဲ့တာ အစောပိုင်းတုန်းက ထရပ်ကား ဒရိုင်ဘာ မဟုတ်ဘူးလား ….”

“ ငါ သိသွားပြီ … ဒီနှစ်ကောင်က အလိုတူ အလိုပါတွေကိုး …..”

“ အလိမ်တွေ … အကုန်လုံးက အလိမ်အညာတွေ … ချီးတဲ့မှ ဘာမဟုတ်တာလေးကို ငါကဖြင့် စိတ်ပူပေးလိုက်ရတာ …”

“ ငါတော့ ငါ့ရဲ့ ကြင်နာမှုတွေကို ခွေးကျွေးမိပြီနဲ့တူပါတယ် ….”

“ ပြောင်မြောက်လွန်းပါပေတယ် … မြို့ကြီးပြပြီးက တကယ့်ကို လှည့်ကွက်တွေနဲ့ ပြည့်နှက်နေတာပဲ … ငါတော့ ရွာကို လွမ်းလာပြီ ….”

“ ဒါ အုပ်စုဖွဲ့ လိမ်လည်မှုမျိုးများလား …’

အားဟွေ့ မြင်သည့် အရာကို ကြည့်ရှုသူများလည်း မြင်သည်။

[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]နှင့် သက်လတ်ပိုင်း ဒရိုင်ဘာတို့က ရယ်ရယ်မောမောနှင့် စကားပြောဆိုနေခဲ့ကြသည်။

သူတို့နှစ်ဦးက တစ်ဦးနှင့်တစ်ဦး မသိဘူး ပြောမည်ဆိုပါက အရူးသွားပြောလျှင်ပင် ယုံပေးမှာ မဟုတ်ချေ။

အားဟွေ့ လွန်ခဲ့သော နာရီပိုင်း အနည်းငယ်က မြင်ကွင်းကို ပြန်မြင်ယောင်မိသွားခဲ့သည်။ ဒရိုင်ဘာက သနားစဖွယ်ကောင်းစွာဖြင့် လူတိုင်းကို သူ့ထရပ်ကားထဲက ယုန်များ ယူဆောင်မှာကို ဟန့်တားဖို့ ကြိုးပမ်းနေခဲ့သည်။

ယခုအချိန်တွင်တော့ သူတို့နှစ်ဦးက ပျော်ပျော်ကြီးကို ရယ်မောနေလျက် ရှိကြ၏

မရေမတွက်နိုင်သည့် ကြည့်ရှုသူများမှာ ရွံရှာ စက်ဆုပ်မိသွားခဲ့ကြသည်။

အချို့သော ဒေသခံ ကြည့်ရှုသူများဆိုလျှင် ထိုနေရာသို့ အရောက်သွားပြီး ကူညီပေးဖို့ အဆင်သင့် ဖြစ်နေကြလေသည်။

[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က ရှေ့သို့ထွက်လာပြီး ယုန်များအတွက် ပိုက်ဆံပေးလိုကြောင်း ပြောလာသည့် အချိန်ကျမှသာ တရားမျှတမှု ယူဆောင်ပေးချင်နေသည့် ကြည့်ရှုသူများလည်း ငြိမ်သက်သွားခဲ့ခြင်းပင်။

သို့ပေမယ့် …

ဒင်းတို့နှစ်ယောက်က လက်ဝါးချင်း ရိုက်ထားသူများ ဖြစ်နေလိမ့်မည်လို့ ဘယ်တုန်းကမျှ မျှော်လင့်မထားခဲ့ပါချေ။

အားဟွေ့၏ စိတ်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားခဲ့သည်။

သူမ သက်ရှိ ဗုဒ္ဓတစ်ပါးလို ကိုးကွယ်မိနေတဲ့ ဆရာတော်က တကယ်ပဲ ပရဟိတ လုပ်ချင်ယောင်ဆောင်ပြီး ပိုက်ဆံတွေ စုဆောင်းနေတဲ့ လူလိမ်တစ်ယောက် ဖြစ်နေတာများလား …

ထိုအချိန်မှာပဲ မထင်မှတ်ထားသည့် တစ်စုံတစ်ရာက ဖြစ်ပျက်လာခဲ့သည်။

သက်လတ်ပိုင်း ဒရိုင်ဘာက စီးကရက် တစ်ဘူး ထုတ်ပေးပြီး [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]လက်ထဲသို့ ကမ်းပေးလိုက်၏။

ဆရာတော်ကလည်း မငြင်းပေ။ စီးကရက် တစ်လိပ်ထုတ်ပြီး ပါးစပ်ထဲသို့ စကေးကျကျ ကိုက်လိုက်၏။

“ ဘော့စ် … ငါတော့ မင်း သိပ် စိုးရိမ်နေလွန်းတယ်လို့ ထင်တယ် ….” ဒရိုင်ဘာက [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]အတွက် မီးညှိပေးလိုက်ရင်း “ ငါတို့နှစ်ယောက် အတူ အလုပ်လုပ်နေတာ အခုမှ ပထမဆုံးအကြိမ်လည်း မဟုတ်တော့ဘူး … ဘယ်တုန်းကမှလည်း ဘာပြဿနာမှ မရှိခဲ့ဖူးဘူး … ငါတို့ရဲ့ ပူးပေါင်းမှုကို ဖျက်သိမ်းရလောက်အောင် အဲ့ဒီ အွန်လိုင်း စထွင်မာက ဘယ်လောက်များ အင်အားကြီးနေလို့လဲ ….”

“ ဆိုရိုးစကားတွေတောင် ရှိသေးတာပဲမလား … ရှေ့ကို ကြာကြာလျှောက်ချင်ရင် သတိနဲ့သွားပါတဲ့ … ငါတို့ ဂရုစိုက်ဖို့ လိုကိုလိုတဲ့ အရာတွေ အမြဲတမ်း ရှိတယ် ….”

[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က စက်ဝိုင်းပုံသဏ္ဌန် မီးခိုးငွေ့များ မှုတ်ထုတ်လိုက်ပြီး စီးကရက်ကို ထုတ်ကာ ပြာအား ခါချလိုက်၏။

“ ချန်ယွီ့လို့ခေါ်တဲ့ စထွင်မာက အတော်လေး အစွမ်းအစကြီးတယ် … ငါ အစတုန်းကတော့ သူ့ လိုက်စထွင်း ချာနယ်ကနေတစ်ဆင့် တစ်ချို့ သောက်ရူးတွေကို ဆွဲဆောင်ပြီး ငါ့နောက်လိုက် လုပ်ခိုင်းမလို့ပဲ ….”

“ ဒါပေမယ့် ငါ စကားနည်းနည်းပဲ ပြောရသေးတယ် … အဲ့ ချန်ယွီ့ဆိုတဲ့ ငနဲက အကုန်ဖော်လာမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာ ….”

“ ပြီးတော့ စောက်ရမ်းလည်း မှန်နေသေးတယ် ….”

“ ကံကောင်းချင်တော့ ငါ့ဘက်က အချိန်မီ တုံ့ပြန်နိုင်လိုက်ပြီး အားဝေ့ကို ရှေ့ပို့ပေးနိုင်လိုက်လို့ပေါ့ …” [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က အနည်းငယ် စိုးရိမ်ပူပန်နေပြီး “ မဟုတ်ရင် ချန်ယွီ့ဆိုတဲ့ကောင် ငါတို့ရဲ့ အလိမ်အညာတွေကို ဖောက်ထွင်း မြင်သွားခဲ့တော့မှာ ….”

“ မဖြစ်နိုင်တာ …..”

သက်လတ်ပိုင်း ဒရိုင်ဘာက ချဲ့ကားသည့် အမူအရာဖြင့် “ တကယ်လို့ သူ့လိုလူသာ တခြားလူတွေရဲ့ အတိတ်နဲ့ အနာဂတ်ကို ခန့်မှန်းနိုင်နေတဲ့ အစွမ်းအစမျိုးရှိနေရင် ဘာကိစ္စ စထွင်မာလုပ်နေတော့မှာလဲ … နိုင်ငံထဲမှာ သူဌေးကြီးတွေ ဒီလောက်များသာ သူတို့အကုန်လုံး အဲ့ကောင်နောက်ကို တကောက်ကောက် လိုက်နေကြမှာပေါ့ ….”

အကယ်၍ ချန်ယွီ့ကသာ အနာဂတ်ကို အမှန်တကယ် ခန့်မှန်းနိုင်နေမည်ဆိုပါက အိပ်နေရင်းဖြင့် ငွေရှာနိုင်သည်။

“ ဖြစ်ကောင်းဖြစ်နိုင်တာ ချန်ယွီ့ဆိုတဲ့ကောင်က တခြားလူတွေ လိုက်တာကို ခံရတဲ့ ခံစားချက်မျိုးကို ခုံမင်နေတာ နေမှာပေါ့ …” [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]

က အမှတ်တမဲ့ အမူအရာဖြင့် ပြောလိုက်ပြီး “ မဟုတ်လည်း လူချမ်းသာတွေကို အလုပ်အကျွေး မပြုချင်တာမျိုး ဖြစ်လိမ့်မယ် …”

“ သူ့ကိစ္စ မေ့ထားလိုက်တော့ … ဘာပဲဆိုဆို ငါတို့ကောင်တွေ အချိန်တစ်ခုလောက်အထိတော့ သတိထားသင့်တယ် ….”

“ အာရုံစိုက်မှုက တဖြည်းဖြည်း လျော့ပါးသွားတဲ့ အချိန်ကျရင် ငါ မင်းကို ပြန်ဆက်သွယ်လိုက်မယ် …”

[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က စီးကရက်ကို အကြိမ်ရေ အနည်းငယ်လောက် ထပ်ရှိုက်လိုက်ပြီး စီးကရက်တိုကို မြေပြင်သို့ ပစ်ချလိုက်ပြီး ကတ္တီပါ ဖိနပ်နှင့် ဖိနင်းလိုက်သည်။

“ မင်းရဲ့ ဘော့စ်ဆီ ဖုန်းဆက်ပြီး သူ ဘယ်အချိန် ပြန်လာမှာလဲ မေးပေးစမ်းပါ …”

“ ငါ ဒီနေ့တွင်းချင်းပဲ ပိုက်ဆံလိုချင်တယ် ….”

“ သူ့ကို လှည့်ကွက်တွေ လာမထုတ်ဖို့လည်း တစ်ခါတည်း ပြောလိုက် ….”

“ ဒီလိုမျိုး စစ်ဆင်ရေးကြီးတောင် စီစဉ်နိုင်တာ သူ့စကားပြန်ရုပ်သိမ်းသွားခဲ့ရင် ငါ့ဘက်ကလည်း ကြောက်နေမှာ မဟုတ်ဘူး …. “

[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က စိတ်မရှည် ဖြစ်လာသည်ကို မြင်တော့ ဒရိုင်ဘာက ပြုံးလိုက်သည်။ “ ဆရာတော်ကြီး … ကျေးဇူးပြုပြီး စိတ်ကို ငြိမ်ငြိမ်ထားစမ်းပါ … ငါတို့ဘော့စ် မင်းနဲ့ အတူ အလုပ်လုပ်တာ ပထမဆုံး အကြိမ်လည်း မဟုတ်တာကို ဘာတွေ စိတ်မရှည်ဖြစ်နေတာ ….”

“ အမြဲတမ်း သုံးလတစ်ကြိမ် အချိန်မှန် ပေးနေတာပဲလေ … ဘော့စ်မှာ လောလောဆယ် ငွေသား သိပ်မရှိသေးလို့ လတိုင်း ပုံမှန် မပေးနိုင်တာ … အခု သူ မင်းကို တိုးပြီးပေးဖို့အတွက်တောင် စဉ်းစားနေတယ် …”

“ သူ့ကို မြန်မြန်လုပ်ဖို့ ပြောလိုက် …”

[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က လက်ဝှေ့ယမ်းပြီး ဒရိုင်ဘာကို သူ့ဘော့စ်အား ဖုန်းခေါ်ဖို့ ပြောလိုက်သည်။

ချန်ယွီ့က သူ လွှတ်ပေးခဲ့သည့် တိရစ္ဆာန်များအကြောင်းနှင့် သူ့မူလနောက်ခံကို ပြောဆိုခဲ့ကတည်းက [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]၏ စိတ်ခံစားချက်တို့ ဂဲဆွဲသည့်နှယ် လေးလံနေခဲ့သည်။

အကယ်၍ ချန်ယွီ့တွင်သာ နှုတ်ဖွာတတ်သည့် အကျင့်စရိုက်ရှိပြီး အာဏာပိုင်များသို့ တိုင်တန်းလိုက်မည်ဆိုပါက သူသည်လည်း မြန်နိုင်သမျှ မြန်မြန် တုံ့ပြန်ဖို့လိုသည်။

အရာအားလုံးက အတုအယောင် ဖြစ်သည်။ ငွေတစ်မျိုးတည်းကသာ စစ်မှန်သည်။

လက်ထဲငွေရှိသည်နှင့် ပြဿနာများသည်လည်း ပြဿနာ မမည်တော့ပေ။

“ မိန်းကလေး … မင်း အခု ငါ့ကို ယုံသွားပြီလား ….”

“ သူက ဆေးလိပ်ကိုတောင် စကေးကျကျ သောက်တဲ့ ဘုန်းကြီးနော်… တစ်ချက် ကြည့်လိုက်တာနဲ့ ဆေးလိပ်သမားဆိုတာ ပြောလို့ရတယ် … သူက ကျိန်းသေပေါက်ကို ဘုန်းကြီး အတုပဲ …..”

“ မိန်းကလေး … မင်းမှာက စိတ်နှလုံးကောင်း ရှိတယ် … ဒါပေမယ့် လူမှားပြီး တွေ့ခဲ့တာကတော့ နှမြောစရာပဲ …”

စကားပြောခန်းထဲရှိ ကွန်းမန့်များကို မြင်တော့ အားဟွေ့၏ နှလုံးသားလေးမှာ တဆစ်ဆစ် နာကျင်ကိုက်ခဲလာခဲ့ရသည်။

အချက်အလက်များက စကားလုံးပေါင်းများစွာထက်ပင် ပို၍ ကျယ်လောင်နေသည်။

၎င်းတို့နှစ်ဦးကြားရှိ စကားဝိုင်းက လုံလောက်အောင် ရှင်းလင်းနေပြီး ဖြစ်၏။

သူမ၏ ကယ်တင်ရှင်ဟု ယုံကြည်ထားခဲ့သည့် [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က လူတိုင်း ပြောနေသည့်အတိုင်း …

ဘုန်းကြီး အတုအယောင် ဖြစ်လို့နေလေသည်။

တစ်ချိန်တည်းမှာပဲ သူက လူတိုင်း၏ ကြင်နာမှုကို အခွင့်ကောင်းယူ၍ ကြွယ်ဝမှုကို စုဆောင်းခဲ့သည်။

“ ရွှတ် ….”

သူမ၏ အသိစိတ်များ လဲပြိုသွားခဲ့ပြီး အားဟွေ့ မနေနိုင်ဘဲ ငိုကြွေးမိလာတော့သည်။

“ ဟိုနားက ဘယ်သူလဲ ….” [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က လေးနက်သည့် အသံဖြင့် ကျယ်လောင်စွာ လှမ်းမေးလိုက်သည်။

သူမကို [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်] ရှာတွေ့သွားတာ မြင်တော့ အားဟွေ့က တိုက်ရိုက်ပဲ ထွက်လာခဲ့လိုက်သည်။

“ အားဟွေ့ … မင်း မင်း ဘာလို့ ဒီရောက်နေရတာလဲ ….” [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]၏ မျက်လုံးတို့မှာ တစ္ဆေသရဲတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်နှယ် ပြူးကျယ်လာခဲ့သည်။

“ ရှင်ဘာလို့ ဒီလိုမျိုး လုပ်ရတာလဲ … ကျွန်မတို့ကို ဘာကြောင့်မို့ လိမ်ခဲ့ရတာလဲ ….”

အားဟွေ့က မျက်ရည်တို့ ရွှန်းစိုနေသည့် မျက်ဝန်းများဖြင့် နာကျင်စွာ မေးမြန်းလိုက်သည်။

[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]မှာ ရင်ထဲ ထိတ်သွားခဲ့သည်။

အားဟွေ့က ထိုအထဲ ပုန်းနေသည်မှာ အချိန်တစ်ခု ရှိပြီဆိုတာ သေချာသွားပြီ ဖြစ်၏။ သူမက သူနှင့် ဒရိုင်ဘာတွေ ပြောခဲ့သည့် စကားများအားလုံးကို ကြားသွားခဲ့လေပြီ။

“ သွားပြီ … သွားပြီ … ဒီတစ်ခါတော့ တကယ် သွားပြီ ….”

အားဟွေ့ လက်ထဲတွင် ဖုန်းကိုင်ထားတာကို မြင်တော့ [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့တော့သည်။

အားဟွေ့က ယခု လက်ရှိ မြင်ကွင်းကို မှတ်တမ်းရိုက်ကူးထားခြင်း ဖြစ်ပေလိမ့်မည်။

၎င်းကို လိုင်းပေါ်တင်လိုက်သည်နှင့် သူ၏ ဂုဏ်သတင်း ပျက်စီးသွားရုံမျှမက၊ လိမ်လည်မှုနှင့် ထောင်ပင် ကျသွားနိုင်လေသည်။

ဘုန်းကြီးတစ်ပါးကို ထောင်ချသည်က အများအမြင်တွင် ပြင်းထန်နိုင်ပြီး [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]တွင် ဖြေရှင်းနည်းလမ်း တစ်ခုကို စဉ်းစားထားပြီး ဖြစ်သည်။ သို့သော် လိမ်လည်မှုကတော့ ကွာခြား၏။

သူ ဘယ်လောက်ပဲ ပိုက်ဆံပေးစေကာမူ၊ မည်သူကမျှ သူ့ဘက်မှနေ၍ လိုက်ပေးဝံ့မှာ မဟုတ်ခေ။

“ ဟေ့ကောင်တွေ ကြည့်ကြစမ်း …. ကတုံးအိုကြီးက ခြေထောက်တွေ တုန်နေတာ အောက်ပိုင်း ထိုင်ထားတဲ့အတိုင်းပဲ ….”

“ ငါသာဆိုရင်လည်း လန့်သွားမိမှာပဲ ….”

“ ကတုံးကတော့ လက်ပူးလက်ကြပ် ဖမ်းခံလိုက်ရပြီ … သူ ဒီအခြေအနေကနေ ဘယ်လိုမျိုး ရုန်းထွက်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ ….”

“ အမှန်အတိုင်း ဝန်ခံရရင် အဲ့ လူလိမ်အိုကြီးရဲ့ ဝမ်းနည်းနေတဲ့ မျက်နှာထားကို ပိုပြီး မြင်ချင်မိတာ ….”

“ ဆရာတော်ခင်ဗျာ … ကျေးဇူးပြုပြီး ခင်များရဲ့ တင်ဆက်မှုလေး လုပ်ပေးပါဦး ….”

ကြည့်ရှုသူများက ရွှင်မြူးနေကြပြီး [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က အားဟွေ့၏ မေးခွန်းကို မည်သို့ ဖြေဆိုမလဲဆိုသည့်အပေါ် မျှော်လင့်စောင့်စားနေခဲ့ကြသည်။

အားဟွေ့က သူမ၏ မျက်ရည်များကို လက်မောင်းဖြင့် သုတ်လိုက်ပြီး [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့၏။

“ ဖြေလေ … ကျွန်မ မေးနေတယ် ဖြေလေ ….”

“ ရှင် ဒီလူတွေနဲ့ ဘယ်လို စီးပွားရေးမျိုး လုပ်နေတာလဲ ….”

[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က အော်မီထော်ဖောဟု ရေရွတ်လိုက်ပြီး သူ၏ နဂို တည်ငြိမ်သည့် အမူအရာသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

“ အော်မီထော်ဖော … ဒီအခြေအနေအထိ ရောက်လာခဲ့ပြီ ဆိုမှတော့ ဘုန်းကြီး မင်းကို ဘယ်မှ ဝှက်မထားတော့ဘူး ….”

“ ဘုန်းကြီး ဆင်ခြေပေး … ရှင်းပြချက်ပေးတာကို နားထောင်ပေးပါ ….”

“ ဘုန်းကြီးတို့တွေက အသက်တွေ တစ်ကြိမ်ပြီးတစ်ကြိမ် ကယ်တင်ပေးခဲ့တယ် … ဘုန်းကြီးတို့ လုပ်တာက ကုသိုလ်နဲ့ ကံကောင်းမှုတွေကို စုဆောင်းတာပဲ ….”

“ ဒါပေမယ့် လောကကြီးက အသိဉာဏ်ကင်းမဲ့တယ် … သူတို့က အသက်အားလုံးဟာ အတူတူပဲ … အရာရာတိုင်းမှာ အသက်ဝိဉာဏ်ရှိတယ်ဆိုတဲ့ အရာကို နားမလည်ကြဘူး ….”

“ လူတော်တော်များများက နေ့တိုင်းနေ့ ကြက်တွေ သတ်ပြီး ခွေးတွေကို စားနေကြတယ် …”

“ ဘုန်းကြီးတို့ ယုံကြည်သူတို့ရဲ့ ဝင်ငွေက အကန့်အသတ်နဲ့ ရှိတယ် … တကယ်လို့ တိရစ္ဆာန်တွေ လွှတ်ဖို့အတွက် ဒီတိုင်း ဆက်ဝယ်နေမယ်ဆိုရင် ကိုယ်နဲ့ ကိုယ့်မိသားစုရဲ့ ငွေရေးကြေးရေး အခြေအနေအပေါ် ထိခိုက်မှုတွေ ကျိန်းသေပေါက် ရှိလာမှာပဲ ….”

“ ဒါကြောင့်မို့ ဘုန်းကြီးက သေချာ တွေးတောပြီး ဒီက သူဌေးနဲ့ အပေးအယူတစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ် …”

ပေါက်ကရ မျိုးစုံက [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်] နှုတ်ဖျားကနေ ကရားရေလွှတ်သည့်နှယ် ထွက်လာခဲ့သည်။

All Chapters