← Chapters

ထုတ်ဖော်ခံလိုက်ရပြီ၊ ဝိုင်းရိုက်ခံရခြင်း

Vol. 23 Ch. 229

ထုတ်ဖော်ခံလိုက်ရပြီ၊ ဝိုင်းရိုက်ခံရခြင်း

Vol. 23 Ch. 229

“ မင်းရဲ့ စီးပွားရေးက ဘာကြောင့် အခုလို သေးသေးလေးပဲ ရှိနေသေးလဲ သိလား ….” [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က အက်ကွဲသည့် အသံဖြင့် မေးလိုက်၏။

“ ဘာလို့လဲ …”

ဖက်တီးကြီးက ပြန်မေးလိုက်၏။

“ ဘာလို့ဆို မင်းက ဝက်ဦးနှောက်နဲ့ကောင်မို့လို့ပဲ …”

“ စောက်ကတုံး … မင်း ဘာလို့ အကြောင်းမရှိ လူကို လာဆဲနေတာတုန်းကွ ….”

“ ငါ့ အကူအညီကြောင့်သာ မဟုတ်ရင် မင်း ဒီလောက် ပိုက်ဆံအများကြီး ရှာနိုင်ဖို့ဆိုတာ ဖြစ်နိုင်မှာလား ဟမ် ဖြစ်နိုင်မှာလား ….” ဖက်တီးကြီးက မပျော်မရွှင် ဖြစ်စွာ ဆိုလိုက်ပြီး “ မင်းရဲ့ ငွေမည်းတွေ အကုန်လုံးကို ငါကပဲ ငွေဖြူဖြစ်အောင် လုပ်ပေးခဲ့တာကို မမေ့လိုက်နဲ့ ….”

[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က ထပ်ခါတလဲလဲ သက်ပြင်းချနေမိသည်။

“ မင်းက ဝက်ဦးနှောက်နဲ့ကောင် …. ငါကလည်း တကယ်ကို အမြင်ကန်းခဲ့တဲ့ကောင်ပဲ ….”

“ မင်းက ဝက်စောက်တုံးလို ဦးနှောက်နဲ့ မွေးလာတဲ့ကောင်ဆိုတာ ငါ အရင်က ဘာလို့ မမြင်ခဲ့မိပါလိမ့် …”

“ တစ်ခုခုမှားနေပါတယ်လို့ မြင်သာအောင် ဒီလောက်ထိ အကြည့်တွေ ပေးနေတာတောင်မှ မင်းက စကားကို အကုန်ပြောချထည့်လိုက်တယ် …”

တစ်ခုခု မှားယွင်းနေသည် ဆိုသည့် စကားကို ကြားတော့ ဖက်တီးကြီးက ကြက်သေသေသွားခဲ့သည်။

“ ကတုံး … မင်း ဘာတွေ လာပြောနေတာ … အားဟွေ့က မင်းရဲ့ လူယုံလေ … ငါတို့ရဲ့ စီးပွားရေးအကြောင်း အသိပေးချိန်တန်လို့ သူ့ကို ဒီခေါ်လာခဲ့တာ မဟုတ်ဘူးလား ….”

“ ငါ ပြောပြလိုက်တာ ဘာများ ဖြစ်သွားလို့လဲ …”

“ ပိတ်ထား … မင်း စောက်ပါးစပ်ကိုပိတ်ထား စောက်ဝက် ….”

[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]မှာ ဒေါသထွက်လွန်း၍ သူ့လက်ထဲ ဂေါ်ပြားရှိမနေတာကိုပင် မုန်းတီးမိသွားခဲ့သည်။

အကယ်၍ လက်ထဲတွင် ဂေါ်ပြားတစ်လက်သာ ရှိမည်ဆိုပါက တစ်ခါတည်းရိုက်သတ်၍ ကျွင်းတူးပြီး မြေမြုပ်ပေးလိုက်ပြီ ဖြစ်၏။

ပြီးလျှင် ၎င်း၏ အုတ်ဂူပေါ်တွင် သူ ပျော်ပျော်ကြီး တက်ကနေလိုက်မည်။

“ အားဟွေ့ … ငါ မင်းကို အခု အမှန်အတိုင်း ပြောပြမယ် …” [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က လေးနက်သည့် မျက်နှာအမူအရာဖြင့် “ ငါ့အိပ်ခန်း ကြမ်းခင်းအောက်မှာ ဝှက်ထားတဲ့ ပိုက်ဆံတွေက ခက်ခက်ခဲခဲနဲ့ ရှာဖွေထားတဲ့ ပိုက်ဆံတွေပဲ ….”

“ ငါက ဘုန်းကြီး အတုဆိုတာ မှန်တယ် … ငါတို့ အရင်က ကယ်တင်ခဲ့တဲ့ တိရစ္ဆာန်တွေဆိုတာ ဒီ စောက်ဖက်တီးဆီက ဝယ်ခဲ့တာတွေချည်းပဲ ….”

“ ခဏနေကျရင် ငါမင်းကို အသေးစိတ်ရှင်းပြပေးမယ် … လောလောဆယ်တော့ ငါ့ကိုယ်စား လျှို့ဝှက်ထားပေးဦး … နောင်ကျ အတူပူးပေါင်းပြီး ပိုက်ဆံရှာကြတာပေါ့ ဟုတ်ပြီလား ….”

“ ငါ့အတွက် ရှယ်ယာရှိရင် မင်းအတွက်လည်း ရှယ်ယာရှိမယ် ….”

[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က သူ့ကတ်များကို စားပွဲပေါ် တိုက်ရိုက်ပဲ ချပြလိုက်တော့သည်။

ပရဟိတ အယောင်ဆောင်၍ ကြွယ်ဝချမ်းသာမှုကို စုဆောင်းနေကြောင်း ဝန်ခံလိုက်သည်။

၎င်းနောက် ချက်ချင်းပဲ [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က စကားလမ်းကြောင်းလွဲကာ အားဟွေ့ကို သူတို့နှင့် အတူ ပူးပေါင်းဖို့ စည်းရုံး၏။

“ ဒီမှာ ယွမ် နှစ်သိန်းကျော် ရှိတယ် … ယူလိုက် …”

“ ငါတို့ ကျောင်းပြန်ရောက်ရင် မင်းကို နောက်ထပ် ယွမ်သုံးသိန်းပေးမယ် …”

[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က အိတ်ကို အားဟွေ့၏ ရှေ့မှောက်သို့အရောက် ခြေထောက်ဖြင့် ကန်ကျောက်လိုက်၏။

နောင်တွင် …. သူတို့သုံးဦးပေါင်းပြီး ပရဟိတ လုပ်ငန်းများမှ အကျိုးအမြတ်များကို အတူ ခွဲဝေကြမည်။

“ ငါတို့ ညီတူမျှတူ ခွဲကြမယ် …”

“ ရှင် လူလိမ် … ရှင့်ရဲ့ ဒီညစ်ပတ်တဲ့ ငွေတွေကို ကျွန်မ မလိုချင်ဘူး ….”

အားဟွေ့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

“ ဒေါက်တာချန် … ကျွန်မမှားသွားတယ် … သူက တကယ့်ကို လူလိမ် စစ်စစ်ပဲ … လုံးဝကို စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ လူလိမ် ….”

ထိုအချိန်အခိုက်အတန့်၌ အားဟွေ့စိတ်ထဲရှိ နောက်ဆုံးသော ယုံကြည်မှု သဒ္ဓါတရားဟူသော အမျှင်တန်းလေးမှာ လုံးဝ ကျိုးကြေပျက်စီးသွားခဲ့တော့သည်။

သူမ မှန်ကန်သည်ဟု တွေးထင်ထားခဲ့သည့် အရာသည်လည်း ပြောင်းလဲသွားခဲ့လေပြီ။

“ မင်း ချန်ယွီ့နဲ့ ဖုန်းပြောနေတုန်းပေါ့ ….”

[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး မသိစိတ်အလျောက် ထွက်ပြေးချင်သွားခဲ့သည်။

“ အားဟွေ့ …. မင်းရဲ့ ကင်မရာကို ဆရာတော်မျက်နှာ သေချာမြင်ရအောင် ချိန်လိုက်ပါဦး ….”

အားဟွေ့က ကင်မရာကို ချိန်ညှိလိုက်၏။

“ [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်] ….” ချန်ယွီ့က အမူအရာကင်းမဲ့သည့် မျက်နှာထားဖြင့် “ ခင်များကိုယ်ခင်များ ရောဂါ မရှိဘူးလို့ ထင်သေးလား ….”

“ ငါ့မှာ ရှိတယ် … ငါ သေဖို့ ထိုက်တန်တယ် ….”

[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]၏ တုံ့ပြန်မှုက လူတိုင်း ထင်မှတ်ထားသည်ထက်ကို ကျော်လွန်နေခဲ့သည်။

သူ့နာမည်ကို ယခင်နည်းတူ ရှင်းလင်းဖို့ ကြိုးစားမည့်အစား မြေပြင်သို့ ဒူးထောက်ချ၍ ဖုန်းစခင်သို့ ရှိခိုးဦးချနေခဲ့၏။

ဘေးတွင် မတ်တပ်ရပ်နေသည့် ဖက်တီးကြီးကတော့ ဘာတွေ ဖြစ်သွားလို့ ဖြစ်မှန်းမသိဘဲ ကြက်သေသေနေသည်။

“ ဟာ ဟေ့ကောင် … မင်း ဘာဖြစ်နေတာလဲ … ဘာလို့ ဖုန်းကို ထိုင်ကန်တော့နေတာလဲ …”

[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က ဖက်တီးဘော့စ်ကို လျစ်လျူရှုထားပြီး ချန်ယွီ့အား သနားညှာတာပေးဖို့ ထပ်ခါတလဲလဲ တောင်းပန်နေလေသည်။

“ ခင်များရဲ့ ရောဂါက လောဘကနေ အစပြုတာပဲ … အခုတော့ ခင်များရဲ့ ရောဂါကို ကုပေးလို့မရတော့ဘူး … သိကြားမင်း ဆင်းကယ်ရင်တောင် မဖြစ်နိုင်တော့ဘူး ….”

ချန်ယွီ့က တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့် ဆိုလိုက်ပြီး “ ခင်များ ဘုန်းကြီး အယောင်ဆောင်ပါပြီဆိုကတည်းက တစ်နေ့ သက်ဆိုင်ရာဌာနရဲ့ ပစ်မှတ်ထားတာကို ခံရမယ်လို့ တွေးထားပြီးသား …”

“ အဲ့ဒီအတွက်လည်း ခင်များဘက်က ပြီးပြည့်စုံတဲ့ အစီအစဉ်တစ်ခုကို ရေးဆွဲထားတယ် …”

“ ခင်များက လက်ရှိ တိရစ္ဆာန်လွှတ်တဲ့ ထရန်းကို အခွင့်ကောင်းယူပြီး စေတနာ့ ဝန်ထမ်းတွေကို စုဆောင်းတယ် … ပရဟိတ လှုပ်ရှားမှုလို့ နာမည်တပ်ပြီး ခင်များအတွက် အကျိုးအမြတ်တွေကို ဖန်တီးခဲ့တယ် ….”

“ ဒီလိုနည်းလမ်းနဲ့ တကယ်လို့ သက်ဆိုင်ရာက ခင်များကို ပစ်မှတ်ထားလာခဲ့ရင်တောင် သူတို့က ဝေဖန်တာနဲ့ ပညာပေးတာလောက်ပဲ လုပ်တော့မှာ ….”

“ ဘာကြောင့်ဆိုတော့ ခင်များရဲ့ စီမံမှုအောက်မှု သူတို့တွေ ကောလဟာလတွေရဲ့ သက်သေအချက်အလက်တွေကို မရှာဖွေနိုင်သလို ခင်များရဲ့ ပိုင်ဆိုင်မှု သက်သေတွေကိုလည်း မရှာတွေ့နိုင်လို့ပဲ ….”

“ ခင်များရဲ့ ပြောင်မြောက်တဲ့ လိမ်လည်မှုက ဒါပဲ … ငွေရှာတဲ့ နေရမှာ အဆိုးရွားဆုံး နည်းလမ်းက ကိုးကွယ်သူတွေဆီကနေ ငွေကို တိုက်ရိုက်ယူတာပဲ …”

“ ဘယ်လို ရင်းနှီးမှုမြုပ်နှံမှုမျိုးကမဆို ခင်များကို ဖော်ထုတ်သွားနိုင်တယ် ….”

“ ဒါကြောင့်မို့ ခင်များက ဒီရဲ့ ဆိုင်ပိုင်ရှင်နဲ့ အတူ အလုပ်တွဲလုပ်ပြီး ဈေးသက်သာတဲ့ ကုန်ကြမ်းတွေကိုဝယ် ၊ ပြီးရင် သူတို့ကို လွှတ်ပေး ….”

ကုန်ကျစရိတ်က နည်းပါးသည်ဆိုတိုင်း စေတနာ့ ဝန်ထမ်းများက မူရင်းဈေးအတိုင်း ဝယ်ယူလိမ့်မည်ဟု မဆိုလိုပေ။

ဈေးနှုန်းကွာဟမှုကို [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]ကပဲ ထိန်းချုပ်ထားသည်။

[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က လူလိမ်တစ်ဦး ဖြစ်ရုံမျှမက ၊ စီးပွားရေး ပါရမီရှင်တစ်ဦးလည်း ဖြစ်သည်။

ယခုအချိန်၌ အမှန်တရားက ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။

ကြွယ်ဝမှုကို စုဆောင်းခြင်းကို စွန့်စားရပြီး အန္တရာယ်များလွန်းလှသဖြင့် ကြားတွင် အကာအကွယ်အလွှာလေး တစ်ခုကိုလည်း သူ ခြားထားသေးသည်။

အနှီ ဖက်တီးကြီးက အဆိုပါ အကာအကွယ် အလွှာပဲ ဖြစ်သည်။

ထိုသို့ပြောဆိုပြီးနောက် ချန်ယွီ့က [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]သည် အဘယ်ကြောင့် ငွေသား သီးသန့်သာ လက်ခံလဲဆိုသည့် အကြောင်းအရင်းကို ရှင်းပြသည်။

ယင်းကလည်း သက်ဆိုင်ရာဌာနများ စုံစမ်း စစ်ဆေးမှုကို ကြိုတင် ကာကွယ်ဖို့ အတွက် ဖြစ်သည်။

နည်းပညာ တိုးတက်ဖွံ့ဖြိုးနေသည့် လက်ရှိ ခေတ်တွင် ၊ များပြားလှသည့် ငွေပမာဏက ဘဏ်ထဲ ရုတ်ချည်းဝင်လာခဲ့မည်ဆိုပါက သက်ဆိုင်ရာဌာနက မိနစ်ပိုင်းလေးအတွက် ရှာတွေ့သွားနိုင်သည်။

ငွေသား လွှဲပြောင်းမှုကသာ ရှာတွေ့ဖို့ မလွယ်ကူခြင်းပင်။

ပေးချေရမည့် အကျော့တိုင်းကို ငွေသားဖြင့် ရှင်းသည်က ရိုးရှင်းပြီး စိတ်ကျေနပ်စရာလည်း ကောင်းသည်။

[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က ဘုန်းကြီးအယောင်ဆောင်ပြီး စေတနာ့ဝန်ထမ်းများစုစည်းကာ တိရစ္ဆာန်များအား ဘေးမဲ့လွှတ်ပေးသည်။

ဤရွေ့ကွက်က အမှန်တရားကို မသိရှိကြသည့် တစ်ချို့လူများအား [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]ကို မွန်မြတ်သည့် ဘုန်းတော်ကြီး တစ်ပါး အဖြစ် ရှုမြင်သွားစေသည်။

အင်တာနက်ထရိုးများကိုလည်း ပိုက်ဆံပေး၍ [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]၏ ပုံရိပ်ကို ၁၈၀ ဒီဂရီ ပြောင်းလဲစေခဲ့လေသည်။

သူ အလိုရှိသည်က အတုအယောင် ဘုန်းကြီး ဟူသော အဆင့်အတန်းသည် မှားယွင်းကြောင်း သက်သေပြချင်ပြီး သူ့နှလုံးသားထဲတွင် ဗုဒ္ဓရှိနေကြောင်းကိုပင်။

[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်] အစိုးရရုံးသို့ သွားရောက်၍ ဘုန်းကြီးကျောင်းနှင့် သူ၏ အထောက်အထားကို မှတ်ပုံမတင်ခဲ့သည်က တရားဥပဒေကို ချိုးဖောက်လိုသောကြောင့် မဟုတ်။ လောကီရေးရာ ကိစ္စရပ်များနှင့် ကင်းဝေးရှင်းလင်းစွာ နေလိုကြောင်း ပြသဖို့အတွက်ပင်။

ကောင်းမှုများကို လူမသိသူမသိ လုပ်ဆောင်ပြီး ဗုဒ္ဓသာသနာကို ပြန့်ပွားအောင် ပြုလုပ်ကာ သက်ရှိအားလုံးကို နိဗ္ဗာန်သို့ လမ်းပြနေသည့် လေးစားဖွယ်ရာ ဘုန်းကြီးတစ်ပါး။

ထိုကဲ့သို့သော ဘုန်းကြီးများကို မည်သို့သော သူက မကြည်ညိုဘဲ နေနိုင်လိမ့်မည်နည်း။

“ စောက်ကျိုးနည်း … ဒီကောင်က MLM လုပ်ဖို့ သင့်လျော်ရုံတင် မကဘူး … ဘုရားအသစ် တက်လုပ်ဖို့တောင် ကောင်းနေပြီ ….”

“ ဒီငနဲလည်း သာမန် ရိုးရိုးတန်းတန်း လူလိမ် မဟုတ်ဘူးပဲ … ကျွတ် … ငါ အထင်သေးမိသွားတယ် ….”

“ ဒီလို စေ့စပ်တဲ့ ဦးနှောက်မျိုးနဲ့ ဘာကြောင့်များ လူလိမ်လုပ်နေရလဲ ကိုယ့်လူရာ ….”

“ အလုပ်မျိုးစုံရှိတယ် … ပြီးတော့ အလုပ်တိုင်းကလည်း ပရော်ဖက်ရှင်နယ်ဆန်တယ် … လိမ်လည်မှုဆိုတာလည်း ပရော်ဖက်ရှင်နယ်ဆန်တဲ့ အနုပညာရပ်တစ်ရပ်ပဲ … “

“ [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်] ၊ ခင်များ ဘာ မဟုတ်တာမှ ကြံမယ် မစဉ်းစားနဲ့ … ဒီလိုက်စထွင်းကို ကြည့်နေကြတဲ့လူတွေ သန်းချီတယ် … ဒေါက်တာချန်က ဒီတိုင်းထားလိုက်ရင်တောင် တခြား ကြည့်ရှုသူတွေကတော့ ခင်များကို လွှတ်ပေးမှာ မဟုတ်ဘူး ….”

ဤ ကွန်းမန့်ကို သက်သေပြုရန်အလို့ငှာ များပြားလှသည့် လူအုပ်ကြီးက အပြင်ဘက်ကနေပြီး ပြေးထွက်လာသည်။

ရှေ့ဆုံးကနေ ပြေးထွက်လာသူကတော့ အစ်မဝမ်ကလွဲပြီး အခြားသူ မဟုတ်ပေ။

အစောပိုင်းတုန်းက စေတနာ့ဝန်ထမ်းများသည် သူတို့တွေ ကုသိုလ် အများကြီး ယူနိုင်ခဲ့ပြီဟု စိတ်ထဲ တွေးထင်ရင်း ကျေနပ်မှု အပြည့်ဖြင့် အိမ်သို့ ပြန်သွားခဲ့ကြသည်။

ငယ်ရွယ်သည့် စေတနာ့ဝန်ထမ်းတစ်ဦးက သူတို့၏ ကောင်းမှုကုသိုလ်ယူသည့် လုပ်ရပ်များကို ဝက်ဘ်ဆိုဒ်များနှင့် လိုက်စထွင် ပလတ်ဖောင်းများပေါ်တွင် တင်ခဲ့၏။

ထိုအချိန်မှာပဲ [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]သည် ဟူယွီ ပလတ်ဖောင်း၏ ရေပန်းစား ရှာဖွေမှု စာရင်းထဲ၌ ပါဝင်နေသည်ကို အံ့အားသင့်စွာ မြင်တွေ့လိုက်ရသည်။

ချန်ယွီ့ လိုက်စထွင်းထဲကို ဝင်ရောက်လာခဲ့ပြီးနောက် အမှန်တရားက ဘူးပေါ်သလိုကို ပေါ်လာခဲ့တော့သည်။

သူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ အားဟွေ့ထက်ပင် ပို၍ ဆိုးရွားသွားခဲ့လေသည်။

ထို့နောက် အခြားသော စေတနာ့ဝန်ထမ်းများကိုပါ စုစည်း၍ အားဟွေ့ ရှိနေသည့် နေရာသို့ အပြေးရောက်လာခဲ့ကြသည်။

“ နင် အယုတ်တမာ လူလိမ်အိုကြီး … ငါ နင့်ကို သေအောင် သတ်ပစ်မယ် ….”

အစ်မဝမ်က ဒေါသကြီးသည့် ခြင်္သေ့မကြီး တစ်ကောင်ကဲ့သို့ ပြေးလာပြီး [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]ကို လည်ပင်းညှစ်ထားသည်။

အခြားသော စေတနာ့ဝန်ထမ်းများလည်း အမျက်ချောင်းချောင်း ထွက်နေလျက်ရှိ၏။

သူတို့အားလုံး ဝိုင်းရံပြီး [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]ကို လက်သီးဆွမ်း ဝိုင်းလောင်းကြတော့သည်။

ဖန်တစ်ယောက်က ကွန်းမန့်တစ်ခု ပေးပို့လာခဲ့၏။

‘ တကယ်လို့ အဲ့လူတွေက သူတို့ လိမ်ခံလိုက်ရတာသိသွားလို့ ဒေါသထွက်ပြီး နည်းနည်းပါးပါး ရိုက်တာက ဟုတ်သေးတယ် … အခုတော့ သူတို့ ပုံစံတွေ ကြည့်ရတာ အတည်ပေါက်ပြီး သေအောက် ရိုက်သတ်မယ့် ပုံစံတွေနော်… လုပ်ကြဦး ၊ တားကြဦး … ၊ ခြေလွန်လက်လွန် ဖြစ်ကုန်ဦးမယ် ….”

မိနစ်ပိုင်း အတွင်းမှာပဲ [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]သည် ဦးခေါင်းပေါက်ပြဲသည်အထိ ဝိုင်းရိုက်ခံလိုက်ရသည်။

မြေပြင်တွင် လူးလိမ့်နေပြီး သွားသုံးလေးချောင်းကလည်း အပြင်သို့ ကျွတ်ထွက်နေသည်။

All Chapters