← Chapters

အချိန်နှင့်နေရာလွတ် ပုံရိပ်ယောင်

Vol. 8 Ch. 104

အချိန်နှင့်နေရာလွတ် ပုံရိပ်ယောင်

Vol. 8 Ch. 104

မြို့တော်ရှိ ပြည်သူများမှာ ပွက်လောရိုက်သွားကြသည်။ ဧကရီ၏ကြင်ရာတော် အပြင်ထွက်လာသည်ကို သူတို့ မျက်မြင်တွေ့လိုက်ရပြီ မဟုတ်ပါလား။ သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ခန့်ညားထည်ဝါသော ပုံရိပ်က နံနက်ခင်းအလင်းနယ်ပယ် နှောင်းပိုင်းအဆင့်ရှိ ပုဂ္ဂိုလ်ကြီးနှစ်ဦးကို ပိတ်ဆို့ထားနိုင်ခဲ့သည်...

လမ်းမကြီးများမှသည် လမ်းကြားလေးများအထိ နေရာအနှံ့တွင် လူတို့က ဧကရီ၏ ကြင်ရာတော်ကို ချီးမွမ်းခန်းဖွင့်နေကြတော့သည်။

“ဧကရီရဲ့ကြင်ရာတော်က ကျင့်ကြံခြင်းမရှိတဲ့ သာမန်လူ တစ်ယောက်ပဲလို့ ဘယ်သူပြောတာလဲ။ အဲဒီလို ကောလာဟလ ဖြန့်တဲ့လူကတော့ သေဖို့ပဲ ကောင်းတော့တယ်။”

“အဲ... အဲဒါ အရှင်မမကိုယ်တိုင် ထုတ်ပြန်ခဲ့တဲ့ အမိန့်လေ။ ဧကရီရဲ့ကြင်ရာတော်မှာ ကျင့်ကြံမှုမရှိဘူး၊ ရာထူးဂုဏ်သိန်မရှိဘူး၊ ဘာအောင်မြင်မှုမှလည်း မရှိဘူးဆိုပြီးတော့လေ။”

“ဧကရီရဲ့ကြင်ရာတော်က တကယ်တော့ အရည်အချင်းတွေကို ဖုံးကွယ်ထားတဲ့ ပညာရှင်ကြီးပဲ။ မြို့တော် အန္တရာယ်ကြုံရတော့မှ လက်ဦးမှုယူပြီး မဟာကျင်းအတွက် နံနက်ခင်းအလင်းနယ်ပယ် ပုဂ္ဂိုလ်ကြီး နှစ်ယောက်ကို တားဆီးပေးခဲ့တာ။”

“ဧကရီရဲ့ကြင်ရာတော်က တကယ့်ကို အစွမ်းထက်တာပဲ။ ဒီနေ့ကစပြီး သူ့ရဲ့ထိုက်တန်မှုကို ဘယ်သူပဲ လာမေးခွန်းထုတ်ထုတ် ငါ အရင်ဆုံး ကန့်ကွက်မယ်... ငါက ဧကရီခင်ပွန်းရဲ့ အမာခံပရိသတ်ပဲ။”

“ငါ့သားက မနေ့ကတင် ဧကရီရဲ့ကြင်ရာ‌တော် အကြောင်းကို မကောင်းပြောနေသေးတာ။ ဟွန်း... ဒီကလေးကိုတော့ ဆက်မထားနိုင်တော့ဘူး။ ဒီနေ့ပဲ သူ့ကို အိမ်ပေါ်က နှင်ချပစ်မယ်...”

“အဖေကလည်း... အဖေအရင်ပြောတာလေ။ သားက လေသံလိုက်ပေးရုံကို။ အဘိုးက အဖေ့ကိုလည်း အိမ်ပေါ်ကနှင်ချမယ်လို့ ပြောနေတယ်။”

...

...

ပင်လယ်အရှင်သခင်က မြို့ရိုးပေါ်တွင်ရပ်ကာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် အဝေးသို့ လှမ်းကြည့်နေသည်။ “ဧကရီရဲ့ကြင်ရာတော်က... အချိန်နဲ့နေရာလွတ် ဓားသူတော်စင်လား...”

သာမန်ပြည်သူများ ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ပင်လယ်အရှင်သခင်မှာ လရောင်ထွန်းလင်း နယ်ပယ်တွင် ရှိသဖြင့် ဧကရီကြင်ရာတော်၏ မျက်နှာကို အတိုင်းသား မြင်နေရသည်။ ၎င်းမှာ အချိန်နှင့်နေရာလွတ် ဓားသူတော်စင်နှင့် တစ်ပုံစံတည်းပင်...

“ပင်လယ်အရှင်သခင်... အရှင်မက အခစားဝင်ဖို့ ဆင့်ခေါ်နေပါတယ်...” မိန်းမစိုးတစ်ဦးက ပင်လယ်အရှင်သခင်၏ ဘေးနားတွင် တိတ်တဆိတ် ပေါ်လာပြီး တိုးတိုးလေး လျှောက်တင်လိုက်သည်။

“ဘာကိစ္စလဲ။” ပင်လယ်အရှင်သခင်က သူ၏ရင်ထဲမှ တုန်လှုပ်မှုကို ထိန်းချုပ်ရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။

မိန်းမစိုးက ရိုသေစွာဖြင့် ပြန်ဖြေသည်။ “အရှင်မက ပစ္စုပ္ပန်ရွာ စီမံကိန်းမှာ အရှင့်ကို ပါဝင်စေချင်လို့ပါ။”

“ပစ္စုပ္ပန်ရွာ ဟုတ်လား။...” ပင်လယ်အရှင်သခင် ကြောင်သွား၏။

အဲဒါ အချိန်နဲ့နေရာလွတ် ဓားသူတော်စင် မုန့်ချင်ရဲ့ ဇာတိရွာ မဟုတ်လား။ ဓားသူတော်စင်က အနားယူပြီး ပစ္စုပ္ပန်ရွာကို ပြန်သွားတယ်လို့ ပြောကြတာပဲ...

ရုတ်တရက် ပင်လယ်အရှင်သခင် နားလည်သွားပြီး ခါးသီးစွာ ပြုံးလိုက်မိသည်။ “ဪ... ဒါကြောင့်ကိုး။”

မုန့်ချင်း မြို့တော်ကို ပထမဆုံးဝင်လာတုန်းက အရှင်မက သူ့ကို အစွမ်းကုန် မြှောက်ပင့် ပေးခဲ့တာတွေ၊ ပြီးတော့ ဧကရီနဲ့ သူရဲ့ အချစ်ဆုံးဝန်ကြီးကြားက အချစ်ဇာတ်လမ်း ကောလာဟလတွေ...

“ဘဝဆိုတာ ပြဇာတ်တစ်ခု၊ ပြဇာတ် ဆိုတာကလည်း ဘဝတစ်ခုလိုပါပဲလား...” ပင်လယ်အရှင်သခင်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ မိန်းမစိုးနောက်မှ နန်းတော်ဆီသို့ လိုက်ပါသွားတော့သည်။

...

...

ပစ္စုပ္ပန်ရွာ။

အုတ်ကြွပ်စိမ်း အိမ်ကလေးတွင်။

တုန်းဖန်လျူလီက သက်ပြင်းဖွဖွချကာ ပြောလိုက်သည်။ “အမိန့်ပေးလိုက်။ ဧကရီကြင်ရာတော်ရဲ့ မျက်နှာကို မြင်လိုက်ရတဲ့သူ မှန်သမျှကို ပစ္စုပ္ပန်ရွာ စီမံကိန်းမှာ ပါဝင်ခိုင်းလိုက်။”

“ပြီးတော့ ဧကရာဇ်အဆင့် ဝိညာဉ်ရတနာကို အသက်သွင်းပြီး မြို့တော်ရဲ့ မိုင်တစ်ထောင် ပတ်လည်ကို ဖုံးကွယ်ပြီး သီးခြားခွဲထုတ်လိုက်။ အမှောင်ထဲကနေ ချောင်းကြည့်နေတဲ့ တခြားအင်အားစုတွေ ဧကရီ ကြင်ရာတော်ရဲ့ မျက်နှာကို မမြင်နိုင်အောင်လို့။”

“ဧကရီရဲ့ကြင်ရာတော်က အေးအေးဆေးဆေး နေချင်တာ။ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်က ဧကရီရဲ့ ကြင်ရာတော် ဖြစ်နေတယ်ဆိုတဲ့သတင်း ပေါက်ကြားသွားရင် ဘယ်တော့မှ အေးအေးချမ်းချမ်း နေရမှာ မဟုတ်တော့ဘူး။”

ဝန်ကြီးတစ်ဦးက အမိန့်ကို နာခံပြီး အလျင်အမြန်ပင် လုပ်ငန်းစတင်ရန် ထွက်ခွာသွားသည်။

ထိုစဉ်မှာပင်။

အကြည့်တစ်ချက်က ရောက်ရှိလာရာ ငိုက်မြည်းနေသော နေမင်းအရှင်သခင်က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူက မြို့တော် အပြင်ဘက်ကို ကြည့်လိုက်ပြီး နဂါးဝတ်ရုံဆင်မြန်းထားသော လူလတ်ပိုင်းအမျိုးသားကို မြင်လိုက်ရသည့် အခါတွင် သူ၏ မျက်လုံးသူငယ်အိမ်များ ပြင်းထန်စွာ တုန်ခါသွားပြီး သရဲမြင်လိုက်ရသည့်အလား ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

တည်ထောင်သူ ဧကရာဇ်... ထိုက်ချူးလား...

သူက ဘယ်လိုလုပ် အသက်ပြန်ရှင်လာတာလဲ...

တုန်းဖန်လျူလီလည်း ၎င်းကို အာရုံခံမိသဖြင့် လှည့်ကြည့်လိုက်ရာ အဝေးမှ ထိုက်ချူးဧကရာဇ်နှင့် မျက်လုံးချင်း ဆုံသွားပြီး အချိန်အတော်ကြာ တိတ်ဆိတ်သွားကြသည်။

ပထမဆုံး တည်ထောင်သူ ဧကရာဇ်နှင့် လက်ရှိ ဧကရီတို့ကြားမှ ထိုတိတ်ဆိတ်သော ထိပ်တိုက် ရင်ဆိုင်မှုက သမိုင်းကြောင်းနှစ်ခု၏ ထိတွေ့မှုကဲ့သို့ပင် ခံ့ညားထည်ဝါလှသည်။

ပစ္စုပ္ပန်ရွာသားများမှာမူ အသက်ပြင်းပြင်းပင် မရှူရဲကြဘဲ မျက်လုံးအပြူးသားဖြင့် သတိထား စောင့်ကြည့်နေကြသည်။

“ဧကရီရဲ့ကြင်ရာတော်က ဘယ်လောက်တောင် စွမ်းအားကြီးလို့ တည်ထောင်သူ ဧကရာဇ်ကိုတောင် နိုးထစေနိုင်ရတာလဲ။ တကယ့်ကို မယုံနိုင်စရာပဲ။”

“ဒါ အံ့ဖွယ်တစ်ပါးပဲ။ ရှေးခေတ်ကို ပြန်လည်ဖန်တီးတာ... တစ်ခါမှ မကြားဖူးဘူး...”

“ဧကရီရဲ့ကြင်ရာတော်က လရောင်ထွန်းလင်းနယ်ပယ်က ဓားသူတော်စင် တစ်ယောက်ပဲလားဆိုတာ ငါ တကယ် သံသယဖြစ်လာပြီ။ သူက တကယ့်အစွမ်းအစကို ဖုံးကွယ်ထားတာလား။”

“ဧကရီကြင်ရာတော်ရဲ့ စရိုက်အရဆိုရင် ဒါက ဖြစ်နိုင်ခြေ အရမ်းများတယ်။ သူ့ရဲ့ လုံးဝယုံကြည်မှုက အကြွင်းမဲ့စွမ်းအားကနေ လာတာလို့ ငါ ထင်တယ်။”

ရွာသားများက ဧကရီကြင်ရာတော်၏ မည်သူမည်ဝါ ဖြစ်ကြောင်း ကြိုတင်သိထားကြသော်လည်း မုန့်ချင်ကျိုး၏ ရှေးင်းဝိညာဉ်များကို ပြန်လည်ဖန်တီးသည့် နည်းလမ်းကြောင့် ထိတ်လန့်နေကြဆဲပင်။

ရှေးဟောင်းကာလကို ပြန်လည်ပုံဖော်ခြင်းက လူသားတို့၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေပြီး ပုဂ္ဂိုလ်ကြီးများတောင် မလုပ်နိုင်သည့် အရာဖြစ်သည်။

“ချင်ကျိုး... ရှင်က ပိုပိုပြီး သန်မာလာတာပဲ။ ရှင်က တကယ်ပဲ မဟာကျင်းရဲ့ မဏ္ဍိုင်၊ ကျွန်မတို့ မိသားစုရဲ့ မဏ္ဍိုင် ဖြစ်လာတာပဲ...” တုန်းဖန်လျူလီက လက်သီးကို တင်းတင်းဆုပ်ထားမိပြီး ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

မုန့်ချင်ကျိုး သန်မာလာသည့် အရှိန်က မြန်လွန်းနေသည်။ သူ့အတွက် အလျင်အမြန် လုပ်ဆောင် ရတော့မည်ဟူသော ခံစားချက်ကို ပေးစွမ်းနေသည်။

တုန်းဖန်လျူလီ၏ မျက်ဝန်းများ နက်ရှိုင်းသွားပြီး အချိန်အတော်ကြာ စိုးရိမ်ပူပန်နေမိသည်။ သူက သူ၏ နဖူးကို စမ်းကြည့်လိုက်ရာ ထိုနေရာတွင် မှိန်ဖျော့ဖျော့ လခြမ်းပုံ အမှတ်အသားတစ်ခု ရှိနေ၏။

“ဒါကို ဖွင့်လိုက်ရင် ခဏအတွင်းမှာ ငါ့ရဲ့ ကျင့်ကြံမှုက ထိုးတက်သွားမှာပဲ။ ဒါပေမဲ့ တစ်သက်မှာ တစ်ခါပဲ သုံးလို့ရတယ်။ ငါက ဒီအခွင့်အရေးကို အရေးကြီးဆုံးအချိန်အတွက် သိမ်းထားချင်တာ။ ငါ အကြာကြီး စောင့်နိုင်လေလေ အကျိုးကျေးဇူးက ပိုကြီးလေလေပဲ။”

“ထားလိုက်ပါတော့... အခုထိတော့ အသေအလဲ ဖြစ်ရမယ့် အခြေအနေ မဟုတ်သေးပါဘူး...”

ချင်းလျူလီက မွေးရာပါ နတ်ဘုရားအဆင့် ပါရမီတစ်ခုတည်းဖြင့် ဤလောကနှင့် ကောင်းကင်ပြည်နယ်ရှိ ပါရမီရှင်အားလုံးကို ကျော်ဖြတ်ကာ သမိုင်းတွင် အသက်အငယ်ဆုံး နံနက်ခင်းအလင်းနယ်ပယ် ပုဂ္ဂိုလ်ကြီး ဖြစ်လာခဲ့သူ ဖြစ်သည်။

၎င်းက သူ၏ နတ်ဘုရားအဆင့် ပါရမီကြောင့်ချည်းသာလား။

မဟုတ်ပေ။ သူ့ကို တကယ် ထူးခြားစေသည်မှာ နတ်ဘုရားဝိညာဉ် ပါရမီပင်။ ရုပ်ခန္ဓာတွင် အမြစ်တွယ်မှု ရှိသလို၊ ဝိညာတွင်လည်း အဆင့်အတန်းများ ရှိသည်။

ဝိညာဉ်ကို ကျင့်ကြံရန် အလွန်ခက်ခဲပြီး အဆင့်မြင့်ပါရမီ နိုးထရန် အခွင့်အလမ်းက ရုပ်ခန္ဓာထက်ပင် ပိုနည်းပြီး ပိုခက်ခဲသည်။

ထို့ပြင် တုန်းဖန်လျူလီတွင် ဧကရာဇ်အဆင့် ဝိညာဉ်ပါရမီ ရှိနေခြင်းပင်။

ဧကရာဇ်အဆင့် အထက်... မဟာဧကရာဇ်အဆင့်...

သို့သော် တုန်းဖန်လျူလီ၏ ရုပ်ခန္ဓာကျင့်ကြံမှုက ဝိညာဉ်တိုးတက်မှုကို မမီနိုင်ခဲ့ပေ။ ထို့ကြောင့် ဝိညာဉ်က ရုပ်ခန္ဓာကို လွှမ်းမိုးသွားသော မမျှတမှုဖြစ်ပြီး သူ့ကို သေလုနီးပါး အခြေအနေ တစ်ခါ ဖြစ်စေခဲ့ဖူးသည်။

သူ့တွင် ဝိညာဉ်ကို ချိပ်ပိတ်ထားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။ သို့သော် ဝိညာဉ်က တဖြည်းဖြည်း တိုးတက်နေဆဲဖြစ်ပြီး ရုပ်ခန္ဓာကို နှေးကွေးသောနှုန်းဖြင့်သာ ဆွဲချနေတော့သည်။

အရိုးရှင်းဆုံး ပြောရလျှင် တုန်းဖန်လျူလီက အမြဲပင် ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် တာအိုအပေါ် နားလည်မှု သက်သက်ဖြင့်သာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ချိပ်ပိတ် ပွင့်သွားပြီး ဝိညာဉ်နှင့် ရုပ်ခန္ဓာ ပေါင်းစည်းသွားလျှင် အရှိန်အဟုန်နှင့် တိုးတက်လာလိမ့်မည်...

သူက ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်းအထိ ရောက်သွားနိုင်တယ်လို့ ခန့်မှန်းရသည်။

“အရှင်မ ကြည့်ပါဦး... ဧကရီကြင်ရာတော်ရဲ့ ခေါ်သံကို တုံ့ပြန်တဲ့အနေနဲ့ နောက်ထပ် ရှေးဟောင်း ဝိညာဉ်တစ်ခု နိုးထလာပြန်ပြီ...” စုချင်ချိုးက အော်ပြောလိုက်သည်။

တုန်းဖန်လျူလီ သတိပြန်ဝင်လာပြီး မြို့တော် အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။

...

...

ရောင်စုံအလင်းတန်းများထဲမှ ကြယ်စင်အလင်းတန်းများ တစ်ခုပြီးတစ်ခု ကွာကျလာပြီး ရှေးဟောင်း ပုံရိပ်များအဖြစ် ပေါ်ထွက်လာသည်။

ထိုပုံရိပ်များက နယ်ပယ်အဆင့်အရ အရမ်း မသန်မာကြဘူး။ မုန့်ချင်ကျိုးက ထိုပုံရိပ်များကို ဆင့်ခေါ်သူ ဖြစ်၍ သူတို့၏ နယ်ပယ်များက မုန့်ချင်ကျိုးနှင့် ထပ်တူကျနေ၏။ အားလုံးက လရောင်ထွန်းလင်းနယ်ပယ် အထက်တွင်သာ ရှိနေကြသည်။

“ငါက မဟာချန်တိုင်းပြည်ရဲ့ တည်ထောင်သူ ဧကရာဇ်ပဲ။ ဘွဲ့တော်ကတော့ ရှန့်အန်း။ ဟမ်။ ငါ့ရဲ့ မဟာချန်ကော ဘယ်ရောက်သွားပြီလဲ။ ပျောက်သွားပြီလား။ မဟာချန် ပျက်သုဉ်းသွားပြီလား...”

“တောက်... ဘယ်သူလုပ်တာလဲ...”

မုန့်ချင်ကျိုးက မဟာချန်ဧကရာဇ်၏ ဒေါသတကြီး အော်သံကို ကြားလိုက်ရသဖြင့် ဖုလင်ကျိနှင့် ယင်ယန် အကြီးအကဲတို့ကို တိုက်ရိုက်လက်ညှိုးထိုးပြလိုက်သည်။ “ဧကရာဇ်ရှန့်အန်း... အမှန်အတိုင်း ပြောရရင် ဒီနှစ်ယောက်က တရားခံတွေပဲ။”

ဖုလင်ကျိက ဤထူးဆန်းသော မြင်ကွင်းကို ကြည့်ရင်း မျက်နှာပျက်ကာ ရင်တုန်နေတော့သည်။ မုန့်ချင်ကျိုး၏ အရှက်မရှိ စွပ်စွဲမှုကို သူရော ယင်ယန်အကြီးအကဲပါ ဘာမှ ပြန်မပြောနိုင်ကြချေ။

ဘာပဲဖြစ်ဖြစ် မဟာချန်းအင်ပါယာကို ဖျက်ဆီးခဲ့တာက ကျိဝူရွှမ်ပဲ မဟုတ်လား။ ဘိုးဘေးနှစ်ယောက်နဲ့ လက်ရှိဧကရာဇ်ကိုပါ ကျိဝူရွှမ်က သတ်ခဲ့တာလေ။

“ငါက ရက်စက်လှတဲ့ ရာမပဲ။ အသက်ရှင်စဉ်က ပြစ်မှုတွေ အများကြီး ကျူးလွန်ခဲ့မိတယ်။ သေပြီးတဲ့ နောက်မှာတော့ နောင်လာနောက်သားတွေအတွက် ကောင်းတာတစ်ခုခု လုပ်ပေးချင်တယ်။”

“ငါကတော့ ကောင်းကင်ပြည်နယ်က ဖုမျိုးနွယ်စုရဲ့ ဘိုးဘေးတစ်ဦးပဲ။ ငါ့နာမည်ကိုတော့ သမိုင်းမှာ မေ့သွားကြပြီ။ ဒါပေမဲ့ သေပြီးတဲ့နောက် ဖုမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို ပြန်အသက်သွင်းချင်တယ်...”

ဖုလင်ကျိ တုန်လှုပ်သွားပြီး ဖုမျိုးနွယ်စု ဘိုးဘေးကို ပါးစပ်အဟောင်းသားဖြင့် လှည့်ကြည့်လိုက်မိသည်။

ဘာတွေလဲ...

ငါ့မိသားစုရဲ့ ဘိုးဘေးကြီး ဟုတ်လား...

...

All Chapters