← Chapters

ပုရွက်ဆိတ်က ကောင်းကင်ကို ရင်ဆိုင်နေသလို

Vol. 8 Ch. 113

ပုရွက်ဆိတ်က ကောင်းကင်ကို ရင်ဆိုင်နေသလို

Vol. 8 Ch. 113

မိုင်ပေါင်းသန်းနှင့်ချီသော ကောင်းကင်ယံမှာ မည်းမှောင်သော တိမ်တိုက်များဖြင့် ဝါးမျိုခြင်းခံလိုက်ရပြီး၊ ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ မြေပြင်နှင့် ဆက်သွယ်တော့မည့်အလား ဖြစ်နေကာ၊ မြေပြင်ပေါ်ရှိ သက်ရှိအားလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။

ဒုန်းဒုန်းဒိုင်းဒိုင်း မြည်သံများ အစဉ်မပြတ် ထွက်ပေါ်လာပြီး မည်းမှောင်သော တိမ်တိုက်များကို ခရမ်းရောင်သို့ ပြောင်းလဲသွားစေသည်။ ၎င်းတို့၏အထက်တွင် နန်းတော်များ အဆုံးမရှိ ဆန့်တန်းနေကာ ရှေးဟောင်းကောင်းကင်ခုံရုံးက စကြာဝဠာကို ဖိနှိပ်ထားသည်။ တောင်ဘက်ကောင်းကင်တံခါး ပြင်ပတွင် အတိဒုက္ခဝိညာဉ်များက စည်များကိုတီးခတ်နေကြပြီး ၎င်းတို့၏ မိုးကြိုးသံများက ကောင်းကင်ကိုးဆင့်ကို လူသတ်လိုစိတ်များဖြင့် တုန်လှုပ်နေစေသည်။

တစ်ခဏချင်းတွင် လူသူကင်းမဲ့သော တောတောင်တန်းများအတွင်းရှိ သက်ရှိများစွာက ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော မြင်ကွင်းကို သက်သေအဖြစ် ကြည့်ရှုခဲ့ကြသည်။

“ကောင်းကင်တာအိုရဲ့ ဒေါသကို ဘာက နှိုးဆော်လိုက်တာလဲ။ နတ်ဘုရားတွေရဲ့ အတိဒုက္ခတွေ လူ့ပြည်ကို ပြန်လာတာလား။” မဟာကျင်းမှ ပြည်သူများ တုန်လှုပ်ကာ လမ်းမများနှင့် လမ်းကြားများတွင် ဒူးထောက်၍ ကောင်းကင်၏ ကရုဏာကို ပြင်းပြင်းထန်ထန် ဆုတောင်းနေကြပြီး ဘေးဒုက္ခကို ရှောင်ရှားနိုင်ရန် မျှော်လင့်နေကြသည်။

ဗဟုသုတအနည်းငယ်ရှိသော ကျင့်ကြံသူများက ၎င်းတို့၏ ဂူများမှ ထွက်ပေါ်လာကာ ထိတ်လန့် တုန်လှုပ်စွာဖြင့် ကောင်းကင်သို့ မော့ကြည့်ကြသည် -

“ရှေးဟောင်း ကောင်းကင်ဘုံကိုးဆင့် အတိဒုက္ခ။ နတ်ဘုရားတွေကို သတ်ဖို့နဲ့ လောကီဥပဒေတွေကို ကျော်လွန်သူတွေကို ဖျက်ဆီးဖို့ပဲ။”

“နှစ်ပေါင်းသောင်းနဲ့ချီ ကြားပြီးနောက် ဘယ်သူက သေချင်လို့ ဒီကောင်းကင်အတိဒုက္ခကို တမင်တကာ ဆွဲဆောင်လိုက်တာလဲ။ မယုံနိုင်စရာပဲ။”

...

ကောင်းကင်ဘုံကိုးဆင့် အတိဒုက္ခအောက်တွင် မုန့်ချင်ကျိုးက ကောင်းကင်ကို တိုက်ခိုက်ရန် ပြင်ဆင်လျက် ဓားကိုကိုင်ကာ တစ်လှမ်းချင်း တက်လှမ်းသွားသည်။

ရှေးဟောင်းကောင်းကင်ခုံရုံး၏ တောင်ဘက်ကောင်းကင်တံခါးပြင်ပတွင် မျှော်စင်ကဲ့သို့ မြင့်မားသော ပုံရိပ်အချို့ ရပ်တည်နေပြီး သူ့ကို စောင့်ကြိုနေကြသည်။

“လင်းရှောင်ခန်းမထဲကို အတင်းဝင်မယ်။ ဒီနေ့ ငါက ကောင်းကင်နဲ့တူညီတဲ့ မဟာပညာရှိ ဖြစ်ရမယ်။” မုန့်ချင်ကျိုး ပြုံးလိုက်သည်။

မိုင်ပေါင်းသန်းနှင့်ချီ ဖုံးလွှမ်းထားသော အတိဒုက္ခတိမ်တိုက်များ၏ မြင်ကွင်းမှာ ခမ်းနားလှသည်။ သူသာ အတိဒုက္ခကို အလျင်အမြန် မဖြတ်ကျော်လျှင်၊ မဟာကျင်းအာဏာပိုင်များ၏ အာရုံစိုက်မှုကို ဆွဲဆောင် မိလိမ့်မည်ဖြစ်ပြီး ဧကရီပင် သတိပြုမိပေလိမ့်မည်။

အဆိုးဆုံးတွင် သူက မျက်နှာပြောင်းပြီး တစ်ဖန် ထွက်ပြေးနိုင်၏။

သို့သော် ပစ္စုပ္ပန်ရွာသာ သူ့ကြောင့် လူပုံအလယ်သို့ ရောက်သွားလျှင် ဤသုခဘုံမှာ ငြိမ်းချမ်းမှု ရှိတော့မည်မဟုတ်ပေ။

အတိဒုက္ခကို ရင်ဆိုင်ရာတွင် လျင်မြန်စွာ အနိုင်ရရန် နည်းလမ်းတစ်ခုသာ ရှိပေသည်။ ၎င်းမှာ အတိဒုက္ခကို ဖျက်ဆီးရန်ပင်...

ဘုန်း......

အတိဒုက္ခမိုးကြိုးပင်လယ်က ရုတ်တရက် အက်ကြောင်းတစ်ခုကို ဖွင့်လိုက်ပြီး ကောင်းကင်ကိုးဆင့်မှ ကျဆင်းလာသော နို့ရည်မြစ်ကဲ့သို့ မုန့်ချင်ကျိုးဆီသို့ စီးဆင်းလာကာ သူ၏ခေါင်းပေါ်သို့ တိုက်ရိုက် ရိုက်ခတ်လိုက်သည်။

မိုးကြိုးသံများက လှံများကဲ့သို့ ဟိန်းဟောက်နေပြီး ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးမည့်အလား ဖြစ်နေသည်။

“အချိန်နဲ့နေရာလွတ်....”

မုန့်ချင်ကျိုး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး၊ ပေ(၃၀၀၀)မြင့်မားသော နေရာတွင် ပြန်လည်ပေါ်လာသည်။ သူ၏ အနောက်ကွယ်တွင်၊ အတိဒုက္ခမိုးကြိုးက ဟင်းလင်းပြင်ကို ဖျက်ဆီးလိုက်ပြီး အခြားနေရာတစ်ခုတွင် ကြယ်များကို လောင်ကျွမ်းစေကာ မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲစေသည်။

အတိဒုက္ခက မုန့်ချင်ကျိုး၏ မောက်မာမှုကြောင့် ဒေါသထွက်ပုံရပြီး မိုးကြိုးနီများဖြင့် ဆက်တိုက် ရိုက်ချလိုက်သည်။

“အချိန်စီးဆင်းမှု ပြောင်းပြန်လှန်...”

သူ ရှောင်ရှား၍မရကြောင်း သိလျက် မုန့်ချင်ကျိုးက အချိန်ကို အတင်းအကျပ် ပြန်လှည့်လိုက်သည်။

တစ်ခဏချင်းတွင်၊ သူ၏ ပေ(၁၀၀)အတွင်းရှိ အရာအားလုံးက အဖြူအမည်း ဖြစ်သွားပြီး အချိန်က နောက်ပြန်စီးဆင်းလာသည်။

သို့သော် အဖြူအမည်းက အတိဒုက္ခကို ထိလိုက်သောအခါ ခုခံမှုကို ခံရပြီး ၎င်းကို လုံးဝပြန်မလှည့်နိုင်ဘဲ တတ်နိုင်သမျှ အားနည်းစေရုံသာ ဖြစ်သည်။

အတိဒုက္ခက ကောင်းကင်တာအိုကို ကိုယ်စားပြုပြီး ဧကရာဇ်အမိန့်တော်ကို ဆောင်သော ဓားအစောင့် တစ်ဦးကဲ့သို့ပင်။ သူ့လမ်းတွင် ရှိနေသူကို သတ်ပစ်သည်။

မုန့်ချင်ကျိုး၏ လက်ရှိစွမ်းအားဖြင့် အတိဒုက္ခကို ကောင်းကင်တာအို၏ သခင်ဝမ်းဗိုက်သို့ ပြန်လှည့်ရန် မဖြစ်နိုင်ပေ။

“အချိန်နှင့်နေရာလွတ် ဓားအသိ၊ ပြတ်တောက်စမ်း...”

မုန့်ချင်ကျိုးက ဓားကို ကဗျာဆရာတစ်ဦး စုတ်တံကို ကိုင်ထားသကဲ့သို့ လက်တစ်ဖက်ဖြင့်ကိုင်ကာ ဓားအသိများစွာကို ရူးသွပ်စွာ ဝှေ့ယမ်းလိုက်၏။

အချိန်ပြန်လှည့်ခြင်းကြောင့် အားနည်းသွားသော အတိဒုက္ခက ဓားအသိကြောင့် ပြဲထွက်သွားသည်။

မုန့်ချင်ကျိုးက မြားတစ်စင်းကဲ့သို့ ရှေ့သို့တိုးသွားပြီး အတိဒုက္ခ၏ပိတ်ဆို့မှုကို ဖျက်ဆီးကာ၊ တောင်ဘက် ကောင်းကင်တံခါးသို့ တိုက်ရိုက် သွားလိုက်သည်။

“တားမြစ်ထားတဲ့ အချိန်နဲ့နေရာလွတ်တာအို... နတ်ဘုရားတွေရဲ့ခေတ် ကုန်ဆုံးသွားပြီ။ အဲဒီနောက် လူ့ပြည်မှာ ဘယ်သူမှ မွေးဖွားနိုင်မှာ မဟုတ်ဘူး။ ထိရဲသူတိုင်း ထာဝရငရဲကို ရောက်လိမ့်မယ်။”

တောင်ဘက်ကောင်းကင်တံခါးပြင်ပတွင် မျှော်စင်ကဲ့သို့ မြင့်မားသော ပုံရိပ်များက နားကွဲမတတ် အသံများဖြင့် ဟိန်းဟောက်နေကြ၏။

သူရဲကောင်းစိတ်ဓာတ်ဖြင့် ပြည့်နှက်နေသော ရှေးဟောင်းနတ်ဘုရားငယ်(၉)ပါး ရပ်နေသည်။ သူတို့က နှစ်ပေါင်းသောင်းချီက နတ်ဘုရားပုံရိပ်များဖြစ်ပြီး၊ ကောင်းကင်က မှတ်တမ်းတင်ကာ ထာဝရ ထွင်းထုထားသည်။

“လင်း၊ပိုင်၊သော်၊ကျဲ၊ကျိ၊ကျန်း၊လီ၊ချန်၊ရှင်း….” ဆံပင်နက်များဖြင့် နတ်ဘုရားငယ်တစ်ပါးက မျက်လုံးမျာ းတောက်ပလျက် လက်ဟန်များပြုလုပ်ကာ ဂါထာများ ရွတ်ဆိုနေသည်။

ကိုးလုံးစပ်မန္တန်...

သမိုင်းမြစ်ထဲတွင် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေပြီး ထိုနေရာတွင် ပြန်လည်ပေါ်လာသော ရှုံးနိမ့်ခြင်း မရှိသောနည်းလမ်းက လူတိုင်းကို ထိတ်လန့်စေသည်။

နတ်ဘုရားငယ်များက ကြီးကျယ်ခမ်းနားသော မြင်ကွင်းကိုဖန်တီးကာ ကြီးမြတ်သော နတ်ဘုရား စွမ်းအားများကို ပြနေသကြသည်။

“‌မီးဖို(၃)အိုး အလောင်း-ဖြတ်တောက် အတတ်၊ ရှုပ်ထွေးမှုကို ရိုးရှင်းစေသည်။”

“အစစ်အမှန်နဂါးအတတ်၊. ကွမ်ဖန်အတတ်.. အစစ်အမှန်ဇာမဏီအတတ်...”

“ဧကရာဇ်လက်သီးကျမ်း....”

“ဝိညာဉ်သန်းတစ်ထောင်အလံ၊ ရန်သူကိုသတ်ဖို့ ငါ့ကို ကူညီ...”

......

မုန့်ချင်ကျိုးပင် ဦးခေါင်းခွံများ တုန်ရီလာပြီး ခန္ဓာကိုယ်မှာ လျှပ်စစ်စီးနေသကဲ့သို့ တောင့်တင်းလာသည်။

နတ်ဘုရားငယ်(၉)ပါးစီသည် ခေတ်တစ်ခုကို လင်းလက်စေခဲ့သည်။ အားလုံး ကျဆုံးခဲ့သော်လည်း၊ ၎င်းတို့၏ တောက်ပမှုမှာ ကျန်ရှိနေပြီး၊ ၎င်းတို့၏ ရှုံးနိမ့်ခြင်းမရှိသော ဒဏ္ဍာရီများမှာ ဆက်လက် ပြောပြနေသည်။

ဤပုံရိပ်များထဲမှ တစ်ဦးစီသည် တူညီသောနယ်ပယ်ရှိ ကျင့်ကြံသူများကို အလွယ်တကူ ချေမှုန်းနိုင်သည်။

ထို့နောက် ကောင်းကင်ဘုံကိုးဆင့် နတ်ဘုရားအတိဒုက္ခက နတ်ဘုရားငယ်(၉)ပါးကို တစ်ပြိုင်နက် ခေါ်လိုက်သည်...

“ကောင်းကင်တာအိုသခင်က ငါ့ကိုသတ်ဖို့ ဆုံးဖြတ်ထားတယ်...”

မုန့်ချင်ကျိုးက ထုံအအ ရပ်နေပြီး၊ နတ်ဘုရားငယ်များ၏ သတ်ဖြတ်ခြင်းလှုပ်ရှားမှုများ တစ်ခုပြီးတစ်ခု ရောက်လာပြီး၊ အတိဒုက္ခပင်လယ်က ရောက်လာသောအခါ ရုတ်တရက်နိုးလာသည်။

သူ အလွန် သတိထားရမည်။ တစ်ချက်မှားလျှင် ထာဝရငရဲသို့ ရောက်လိမ့်မည်။

“အချိန်နဲ့နေရာလွတ်တာအိုက တကယ် တားမြစ်တာအို တစ်ခုပဲ။ ဒါကြောင့် ဒီလောက် အစွမ်းထက်တာကိုး…”

“ဒါဆိုရင် ငါတို စိတ်ကျေနပ်တဲ့အထိ တိုက်ကြတာပေါ့...”

မုန့်ချင်ကျိုး၏အမူအရာမှာ ခိုင်မာနေပြီး၊ ကြောက်ရွံ့မှုမရှိပေ။

သူ၏ အစိမ်းရောင်ဝတ်ရုံမှာ လွင့်ပျံ့နေပြီး ဓားကို ပြောင်းပြန်ကိုင်ကာ နားရွက်တွင် အလျားလိုက် ကိုင်ထားပြီး၊ ဓားသွားမှာ ရှေ့သို့ညွှန်နေသည်။

“အချိန်နဲ့နေရာလွတ်။ သမုဒ္ဒရာစီးဆင်း…” သူ ရေရွတ်လိုက်သည်။

ဤလှုပ်ရှားမှုကို ဖုလင်ကျိ သို့မဟုတ် ယင်ယန်အကြီးအကဲကိုပင် မသုံးခဲ့ဖူးပေ။

၎င်းကိုနားလည်ကတည်းက၊ ၎င်းကို ဖော်ပြခြင်းမရှိခဲ့ပေ။

“ဖြိုခွင်းစမ်း...” မုန့်ချင်ကျိုးစကားတစ်ခွန်းပြောကာ လက်မောင်းကို ဖြည်းဖြည်းချင်း ဆန့်လိုက်သည်...

ဓားတစ်ချက်ထိုးလိုက်ရုံဖြင့် မှော်အားလုံး ရပ်တန့်သွားသည်...

ဓား၏ထိပ်ဖျားမှာ အေးစက်သော အလင်းရောင်ဖြင့် တောက်ပနေပြီး၊ ကောင်းကင်နှင့်မြေကြီးကို လင်းလက်စေကာ၊ သမုဒ္ဒရာကဲ့သို့ ကျယ်ပြောသောအချိန်မြစ်ကြီးကို ခေါ်လိုက်သည်။

အချိန်မြစ်ကြီးမှာ အဆုံးမရှိစီးဆင်းနေပြီး၊ ရေစက်များမှာ အတိတ်သမိုင်း၏ စိတ်ကူးယဉ် မြင်ကွင်းများကို ဖော်ပြနေသည်။

“အချိန်က ကမ္ဘာပေါ်မှာ အချွန်ထက်ဆုံး လက်နက်ပဲ။ ကောင်ကင်ဘုံကိုးဆင့်မှာ နေတဲ့သူတွေ၊ ခေတ်ကာလရဲ့ အတက်အကျကို ငုံ့ကြည့်နိုင်တဲ့ ရှုံးနိမ့်ခြင်းမရှိသူ‌တွေတောင် အချိန်တိုက်စားမှုကို မရှောင်နိုင်ဘူး။”

“အချိန်မြစ်ကို ဓားအဖြစ်သုံးပြီးတော့ ရန်သူအားလုံးကို ငါသတ်မယ်...”

မုန့်ချင်ကျိုး၏ လက်မောင်းမှာ ခြောက်သွေ့သောသစ်သားကဲ့သို့ ပါးလွှာလာပြီး သူ၏ ပုစဉ်းရင်ကွဲ‌တေးသံဓားကို မနည်းကိုင်ထားရသည်။

ထိုဓားချက်က အလွန်အားကုန်စေပြီး သူ၏ဒန်တျန်ရှိ ဝိညာဉ်စွမ်းအင်ကို တစ်ခဏချင်းကုန်ဆုံးစေကာ၊ အခြေခံကို ပျက်စီးစေလုနီးပါး ဖြစ်စေသည်။ ရန်သူကိုမသတ်မီ မိမိကိုယ်ကို ဒဏ်ရာရစေခဲ့၏...

မြားမိုးကဲ့သို့ အဆုံးမရှိသောအတိဒုက္ခက ထိုဓားချက်ကြောင့် တိတ်ဆိတ်စွာ ပျက်စီးသွား‌သည်။

နတ်ဘုရားငယ်(၉)ပါး၏ သတ်ဖြတ်ခြင်းတိုက်ကွက်များအားလုံး ပိတ်ဆို့ခြင်းခံလိုက်ရသည်။

ထို့ပြင် ဓားအရှိန်မှာ မရပ်တန့်ဘဲ ဝိညာဉ်သန်းတစ်ထောင်အလံကိုကိုင်ထားသော နတ်ဘုရားငယ် တစ််ပါးကို သတ်လိုက်သည်။

တစ်ခဏချင်းတွင်၊ ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်သွား၏။ မြို့တော်မှပြည်သူများသည် မြင်ကွင်းကို ထိတ်လန့်စွာကြည့်ရှုနေပြီး မျက်လုံးများမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။

မဟာကျင်းမှကျင့်ကြံသူမျာ တိတ်ဆိတ်နေကြသည်။ ကျင့်ကြံခြင်းမရှိသော ပြည်သူများနှင့်မတူဘဲ ၎င်းတို့သည် ဧကရီ၏ကြင်ရာတော်၏ခမ်းနားမှုနှင့် ပြိုင်ဘက်ကင်းစွမ်းအားကို ခံစားရသည်။

ကျင့်ကြံသူများက ၎င်းကို ပို၍ပြင်းထန်စွာ ခံစားရ၏။

ကျင့်ကြံခြင်းလမ်းစဉ်ပေါ် မရှိသူများက ထိုဓားကို ကျယ်ပြောသောသမုဒ္ဒရာတစ်ခုအဖြစ် မြင်ကြသည်။ လမ်းစဉ်ပေါ်ရှိသူများက ကောင်းကင်ကို ရင်ဆိုင်နေရသော ပုရွက်ဆိတ်တစ်ကောင်အဖြစ် မြင်ကြ၏။

“ငါ့ကြင်ရာတော် ဘယ်တုန်းက ဒီလောက်အထိ စွမ်းအားကြီးသွားတာလဲ...” တုန်းဖန်လျူလီ၏ လှပသော မျက်လုံးများ ပြူးကျယ်သွားပြီး အသက်ရှူရပ်တန့်သွားကာ ပါးစပ်ကိုအုပ်ထားပြီး မူးဝေသွားတော့သည်။

….

All Chapters