ကောင်းကင်ဘုံကိုးဆင့်အတိဒုက္ခ
Vol. 8 Ch. 112
လူဦးရေ သန်းနှင့်ချီရှိသော မြို့တော်တွင် နေထိုင်သူ ထက်ဝက်နီးပါးခန့်က ဤတိုက်ပွဲကို သက်သေအဖြစ် ကြည့်ရှုရန် မြို့တံခါးများတွင် စုရုံးရောက်ရှိနေကြသည်။
မုန့်ချင်ကျိုးက လုံးဝန်းပြည့်ဖြိုးပြီး နို့နှစ်ရောင်ရှိသော ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲသို့ ထည့်၍ တစ်ကျိုက်တည်း မျိုချလိုက်သည်။
ချက်ချင်းပင် မိုင်ပေါင်းများစွာ ကြည်လင်နေသော ကောင်းကင်ယံ၌ မည်းမှောင်သော တိမ်တိုက်များ အုံ့မှိုင်းလာပြီး နေရောင်ခြည်ကို ပိတ်ဆို့လိုက်တော့သည်။
“ဧကရီရဲ့ကြင်ရာတော်က နံနက်ခင်းအလင်းနယ်ပယ်ကို တက်လှမ်းတော့မယ်... ကောင်းကင်အတိဒုက္ခ လာနေပြီ။ တကယ့်ကို ကြောက်စရာကောင်းတဲ့ ကောင်းကင်အရှိန်အဝါပဲ။”
“ငါတို့ မဟာကျင်းမှာ ဒုတိယမြောက် နံနက်ခင်းအလင်းနယ်ပယ် ပုဂ္ဂိုလ်ကြီးတစ်ယောက် ပေါ်ထွန်းတော့မယ်။”
“တိုက်ပွဲအလယ်မှာ နယ်ပယ်ကို ချိုးဖျက်ပြီး အကျပ်အတည်းကို ပြောင်းပြန်လှန်ပစ်တာပဲ၊ ဧကရီရဲ့ ကြင်ရာတော်က အသက်ကို ရင်းပြီး လောင်းကြေးထပ်နေတာ။ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် သူ ဒီလောက်အထိ အနစ်နာခံတာပဲ။ တစ်နိုင်ငံလုံးက သူ့ကို အထင်သေးခဲ့ကြတာ ပြန်တွေးမိရင် ငါ တကယ်ပဲ ရှက်မိတယ်။”
“ဧကရီက ဘာလို့ မုန့်ချင်ကျိုးကို ကြင်ရာတော်အဖြစ် ရွေးချယ်ခဲ့လဲဆိုတာ အခုမှ နားလည်တော့တယ်။ ဘယ်သူဆို သူနဲ့ မထိုက်တန်ဘူးလို့ ထပ်ပြောရဲရင် ငါ ဂေါ်ပြားနဲ့ ရိုက်သတ်ပစ်မယ်။”
ပစ္စုပ္ပန်ရွာ။
အုတ်ကြွပ်စိမ်းအိမ်လေး၌။
အစ်မကြီးချုံးက မိုးကုပ်စက်ဝိုင်းကို မျက်စိမှေးကြည့်ရင်း တကိုယ်တည်း ရေရွတ်လိုက်သည်။ “တကယ့် စစ်ဗျူဟာပဲ။ ဆရာသခင်က တမင်တကာ မတတ်သာသလို ဟန်ဆောင်ပြီး ရန်သူကို အားနည်းချက်ပြခဲ့တာပဲ။ ပြီးမှ ယင်ယန်အကြီးအကဲကို အကွက်ကျကျ လှည့်စားပြီး သူ့သက်တမ်းကို အကုန်ခံစေတယ်၊ အဲဒါက ဆရာသခင်ရဲ့ ဓားအသိကို ပိုနက်ရှိုင်းစေဖို့ပဲ။ ပြီးတော့မှ နံနက်ခင်းအလင်း နယ်ပယ်ကို တစ်ချက်တည်းနဲ့ ချိုးဖျက်တက်လှမ်းလိုက်တယ်။ အခု အခြေအနေကို ပြောင်းပြန်လှန် နိုင်ရုံတင်မကဘူး။ ဓားပညာကိုပါ တိုးတက်သွားစေတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။”
“မဟုတ်ဘူး...”
“အချက်(၃)ချက်လို့ ပြောရမယ်။ ကံတရားတာအိုရဲ့ ဝါးမျိုခြင်းမျှော်စင်ကြောင့် ဆရာသခင်သာ နိုင်သွားရင် အဲဒီမျှော်စင်က ယင်ယန်အကြီးအကဲကို ပြန်တိုက်ခိုက်လိမ့်မယ်။ ဒါက ကျိဝူရွှမ်ရဲ့ လက်ရုံး တစ်ဖက်ကို ဖြတ်တောက်ပြီးတော့ သူ့ရဲ့ အခြေခံအုတ်မြစ်ကို တတ်နိုင်သမျှ အားနည်းအောင် လုပ်လိုက်တာပဲ။”
စုချင်ချိုး၏ လှပသော မျက်ဝန်းကြီးများ ပြူးကျယ်သွားပြီး အနည်းငယ် ထုံအအ အမူအရာလေးဖြင့် ပြောလိုက်သည်။ “ဧကရီရဲ့ကြင်ရာတော်က နံနက်ခင်းအလင်းနယ်ပယ် ကို တက်တော့မှာလား...”
အသက်အရွယ်ချင်း ဆင်တူသော်လည်း ဧကရီနှင့် ဧကရီ၏ကြင်ရာတော်တို့သည် တစ်ဦးပြီးတစ်ဦး နံနက်ခင်းအလင်းနယ်ပယ်သို့ တက်လှမ်းကာ တစ်လောကလုံးကို ငုံ့ကြည့်နိုင်သော ထိပ်တန်း ပုဂ္ဂိုလ်ကြီးများ ဖြစ်လာကြသည်။
သူကမူ မနေ့ကမှ တောင်ရွှေ့နယ်ပယ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
သူ့ကိုယ်သူ မြန်လှပြီဟု ထင်ခဲ့သော်လည်း မုန့်ချင်ကျိုးနှင့် ယှဉ်လိုက်လျှင် သူ၏အရှိန်မှာ နတ်ဘုရားအရှိန် မဟုတ်ဘဲ လိပ်သွားနှုန်းသာ ရှိတော့သည်...
“ကြင်ရာတော်က ပြီးခဲ့တဲ့လကမှ လရောင်ထွန်းလင်းနယ်ပယ် အစောပိုင်းမှာ ရှိနေတာ မဟုတ်လား။ အခု နံနက်ခင်းအလင်း ကို တက်တော့မယ် ဟုတ်လား။” ဝူတျဲလည်း တကယ်မဟုတ်သလို ခံစားနေရသည်။
ငါတို့အားလုံး ကျင့်ကြံနေတာ နတ်ဘုရားလမ်းစဉ် ဟုတ်ရဲ့လား။
တုန်းဖန်လျူလီ၏ လှပသော မျက်ဝန်းများမှာ တောက်ပနေပြီး သူ၏ သွယ်လျသော လက်ကလေးများကို ရင်ဘတ်တွင် ဆုပ်ထားကာ ကောင်းကင်အတိဒုက္ခအောက်မှ ပုံရိပ်လေးကို စိုးရိမ်တကြီး ကြည့်နေသည်။
“ဧကရီကတော့ အဲဒီမျက်မမြင်ကြောင့် တကယ့် ဇနီးကောင်း၊ မိခင်ကောင်း ဖြစ်သွားတာပဲ။ အဲဒီမျက်မမြင်ရဲ့ အစွမ်းနဲ့ နယ်ပယ်တစ်ခုလုံးကို ကျော်ဖြတ်ပြီး ရန်သူကို သတ်နိုင်တာပဲ။ ဒီလောက် ကောင်းကင်အတိဒုက္ခလေးက ဘာမှုစရာရှိလို့လဲ။ ဘာတွေ စိုးရိမ်နေတာလဲ။” နေမင်းအရှင်သခင်က ပျင်းရိစွာ မျက်လုံးဖွင့်ရင်း တုန်းဖန်လျူလီကို တစ်ချက်ကြည့်ကာ ခွေးမျက်နှာဖြင့် ပြောင်ပြလိုက်သည်။
ရုတ်တရက်...
နေရောင်ခြည်သခင်၏ နှာခေါင်းမှာ လှုပ်ရှားသွားပြီး အမူအရာ သိသိသာသာ ပြောင်းလဲသွားကာ ဝေးလံသော ကောင်းကင်ယံသို့ လေးနက်သော အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။
“ဒါက... ရှေးဟောင်း နတ်ဘုရားအတိဒုက္ခပဲ။ ပြီးတော့... ဒါက ကောင်းကင်ဘုံကိုးဆင့် နတ်ဘုရားကပ်ဘေးပါလား...”
“အဲဒီမျက်မမြင်က ဒီလောက် ကြောက်စရာကောင်းတဲ့ အတိဒုက္ခမျိုး ရောက်လာအောင် ဘာတွေ လုပ်လိုက်တာလဲ။ ငါ့မှာ ကောင်းကင်ဆန့်ကျင်တဲ့ သွေးမျိုးဆက် နှစ်ခုရှိတာတောင်မှ နတ်ဘုရားတွေကို သတ်နိုင်တဲ့ ဒီလိုအတိဒုက္ခမျိုး ကျရောက်လာအောင် ကောင်းကင်တာအိုရဲ့ မနာလိုမှုကို မနှိုးဆော် နိုင်ခဲ့ဘူး။”
အစ်မကြီးချုံး၏ အမူအရာသည်လည်း တည်တင်းသွားပြီး လေးနက်သောအသံဖြင့် ပြောသည်။ “ကောင်းကင်ဘုံကိုးဆင့်အတိဒုက္ခ ဆိုတာ ရှေးဟောင်း ကောင်းကင်အတိဒုက္ခတွေထဲမှာ နံပါတ်(၁) အဆင့်ရှိတယ်။ ဒါက သက်ရှိတွေကို လေ့ကျင့်ပေးဖို့ မဟုတ်ဘဲ နတ်ဘုရားတွေကို သတ်ပစ်ဖို့ သပ်သပ် ကျရောက်လာတဲ့ ကပ်ဘေးလို့ ပြောကြတယ်...”
ဤစကားကို ကြားသည်နှင့် လူတိုင်း မျက်နှာပျက်သွားကြသည်။
ဧကရီအပါအဝင် ရှေးဟောင်း ကောင်းကင်အတိဒုက္ခအကြောင်း သိသူနည်းပါးသော်လည်း ဒဏ္ဍာရီ ပုံပြင်များတွင် ကြားဖူးကြသည်။
၎င်းကို သတ်ဖြတ်ခြင်းအတိဒုက္ခဟု သိကြပြီး ရှေးခေတ်မှ ယနေ့တိုင် ဤကောင်းကင်အတိဒုက္ခကို ဖြတ်ကျော်နိုင်သူ အလွန်နည်းပါးသည်။ ကိုးဆင့်မြောက်ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။
“နည်းလမ်းရှိလား။” တုန်းဖန်လျူလီက အစ်မကြီးချုံးကို ကြည့်ကာ မေးလိုက်သည်။
အစ်မကြီးချုံးက အသက်အရှည်ဆုံးနှင့် အတွေ့အကြုံအရှိဆုံး ဖြစ်သည်။ သူတောင် မတတ်နိုင်လျှင် အခြားသူများအတွက် မျှော်လင့်ချက် မရှိတော့ပေ။
“မရှိဘူး...” အစ်မကြီးချုံး၏ မျက်ဝန်းများ မှိန်ဖျော့သွား၏။
ကောင်းကင်အတိဒုက္ခအောက်တွင် နတ်ဘုရားများပင် အတူတူ ဖြစ်သည်။ ဝင်ရောက်နှောင့်ယှက်သူ မှန်သမျှသည် အတိဒုက္ခ၏ ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုကို ခံရပေလိမည်။
သူတို့ ကြည့်ရုံသာ တတ်နိုင်ပြီး အတိဒုက္ခဖြတ်ကျော်သူကို မည်သို့မျှ မကူညီနိုင်ပေ။
“ချင်ကျိုး...” တုန်းဖန်လျူလီက တိုးတိုးလေး ရေရွတ်လိုက်သည်။
မုန့်ချင်ကျိုးက သမိုင်းရိပ်ခြေထဲမှ လမ်းလျှောက်ထွက်လာပြီး အချိန်မြစ်ကြီး၏ မြစ်ခွဲတစ်ခုအထက်တွင် ရပ်လျက် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူ၏ အမူအရာမှာ ရှေးဟောင်းရေတွင်းတစ်ခုကဲ့သို့ တည်ငြိမ်နေပြီး ပြင်းထန်သောလေတိုက်ခတ်မှုကို ခံယူလျက် သူ၏ ဓားအသိမှာ အဆက်မပြတ် တုန်ခါနေသည်။
“ဧကရာဇ်နယ်ပယ်ကို ချိုးဖျက်တဲ့ဆေးလုံး... ဒီလို ရတနာမျိုးကို မင်းက နံနက်ခင်းအလင်းနယ်ပယ် အတွက် သုံးလိုက်တယ် ဟုတ်လား...” ယင်ယန်အကြီးအကဲက သူ၏ ရင်ဘတ်ကို ဖိထားလျက် အလွန် နှမြောတသ ဖြစ်နေသည်။
သူ၏ နှလုံးသားကို သူကိုယ်တိုင် ထုတ်ယူခဲ့စဉ်ကပင် ယခုလောက် မနာကျင်ခဲ့ပေ။
နာတယ်... တကယ့်ကို နာကျင်ရတယ်...
အဲဒါ ဧကရာဇ်အဆင့် ဆေးလုံးလေ။ ကောင်းကင်ပြည်နယ် တစ်ခုလုံးမှာတောင် ရှာဖို့ခက်တဲ့ အရာမျိုး။ သခင်လေးမှာတောင် ရှေးဟောင်းအမွေအနှစ် တစ်ခုကနေ ရထားတဲ့ တစ်လုံးပဲ ရှိတာ။
ဒီဆေးလုံးတစ်လုံးအတွက် နံနက်ခင်းအလင်းနယ်ပယ် ပုဂ္ဂိုလ်တွေတောင် အသက်ရင်းပြီး လုကြမှာ။ ကျွန်ခံဖို့တောင် ဝန်မလေးတဲ့အထိ တန်ဖိုးရှိတယ်။
ဒီကောင်က ဒါကို နံနက်ခင်းအလင်းနယ်ပယ် အတွက် သုံးပစ်လိုက်တာ။ တကယ် ဖြုန်းတီးတာပဲ...
“တစ်ခုခုတော့ မဟုတ်တော့ဘူး...”
“ငါ အသုံးချခံလိုက်ရတာလား။”
ယင်ယန်အကြီးအကဲက ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး သူ၏အမူအရာမှာ တဖြည်းဖြည်း တင်းမာလာကာ မျက်လုံးထဲမှ မီးတောက်မတတ် ဖြစ်နေသည်။
နောက်မှ သိလိုက်ရသည်မှာ လူပြက်မှာ သူကိုယ်တိုင် ဖြစ်နေသည် မဟုတ်ပါလား...
သူ့သက်တမ်း ၁၀၀၀တွင် ၆၀၀ကို မုန့်ချင်ကျိုးကို သတ်ရန် သုံးလိုက်သော်လည်း တကယ်တမ်းတွင် သူက သူများအတွက် အကူအညီပေးသလိုက်သလို ဖြစ်သွားခဲ့၏။ သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
“မုန့်ချင်ကျိုး။ မင်း သေရမယ်...”
ယင်ယန်အကြီးအကဲက ဒေါသကြောင့် တုန်ရီလျက် သွားများကို ကြိတ်ထားသည်။ သူ၏ နှစ်ပေါင်းများစွာ ထိန်းသိမ်းခဲ့သော စိတ်တည်ငြိမ်မှုမှာ တစ်ခဏချင်း ပြိုလဲသွားလေပြီ။
“အရှက်မရှိလိုက်တာ။ လုံးဝကို အရှက်မရှိတာပဲ... မုန့်ချင်ကျိုး။ ငါ့သက်တမ်း ပြန်ပေးစမ်း...”
ထိုအချိန်တွင်။
ကောင်းကင်အတိဒုက္ခမှာ ဟိန်းဟောက်လာပြီး မည်းမှောင်သော တိမ်တိုက်များက မြို့ပေါ်သို့ ဖိနှိပ်လာသည်။ တိမ်တိုက်များ၏ အနက်ရှိုင်းဆုံးနေရာတွင် လျှပ်စီးပင်လယ်ကြီးမှာ သမုဒ္ဒရာတစ်ခုကဲ့သို့ စီးဆင်းနေသည်။
လျှပ်စီးပင်လယ်ကြီး၏ အထက်တွင် နတ်ဘုရားနန်းတော်ကြီးတစ်ခု တည်ရှိနေပြီး နတ်ဘုရား လောကကြီး လူ့ပြည်သို့ ဆင်းသက်လာသည့်အလား ခန့်ညားလှသည်။
“ရှေးဟောင်း ကောင်းကင်အတိဒုက္ခ။”
“လျှပ်စီးပင်လယ်၊ ရှေးဟောင်း နတ်ဘုရားနန်းတော်... ဒါ... ကောင်းကင်ဘုံကိုးဆင့် အတိဒုက္ခပဲ...”
ယင်ယန်အကြီးအကဲ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွား၏။
“သခင်လေး နံနက်ခင်းအလင်းကို တက်တုန်းကတောင် ရှစ်ဆင့်ပဲ ရှိတာ။ မုန့်ချင်ကျိုးရဲ့ ပါရမီက သခင်လေးထက် သာနေတာလား...”
“မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး...”
ယင်ယန်အကြီးအကဲ မျက်မှောင်ကြုတ်လိုက်သည်။ မုန့်ချင်ကျိုး၏ ကြောက်စရာကောင်းသော ပါရမီကြောင့် ထိတ်လန့်သွားသော်လည်း သူ၏ စိတ်ထဲမှ သခင်လေး၏ နေရာကိုတော့ မလှုပ်ခတ်နိုင်ပေ။ ကျိဝူရွှမ်အတွက် ပါရမီဆိုသည်မှာ... သူ့အတွက် အထင်ကြီးစရာ အနည်းဆုံး အရာသာ ဖြစ်သည်။
“ဟဲဟဲ... ကောင်းတယ်။” ယင်ယန်အကြီးအကဲ၏ မျက်လုံးများမှာ ယုတ်မာသော အရိပ်အယောင်များ ပေါ်လာ၏။ “ဒီကောင်းကင်အတိဒုက္ခအောက်မှာ မင်း ဘယ်လိုသေမလဲဆိုတာ ကြည့်ရသေးတာပေါ့။ အဲဒီအချိန်ကျရင် ဝါးမျိုခြင်းမျှော်စင်က ပစ်မှတ်သေသွားပြီလို့ သတ်မှတ်ပြီး ငါ့ကို ပြန်တိုက်ခိုက်မှာ မဟုတ်တော့ဘူး။”
ရုတ်တရက်...
မုန့်ချင်ကျိုးက သူ၏ ညာဘက်ခြေလှမ်းကို ရှေ့သို့ လှမ်းလိုက်သည်။ ချက်ချင်းပင် နေရာလွတ်၌ လှေကားထစ်တစ်ခု ပေါ်လာပြီး ခိုင်မာသော မြေပြင်ပေါ် နင်းနေသည့်အလား လျှပ်စီးပင်လယ်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားတော့သည်။
“ကောင်းကင်အတိဒုက္ခက ငါ့ကို ဖြတ်ကျော်မှာလား။ ငါပဲ ကောင်းကင်အတိဒုက္ခကို ဖြတ်ကျော်ပြမယ်...”
...