← Chapters

ဒီရဲ့ လူနာ … မင်းမိသားစုက မကြာခင်မှာ ဒုတိယ ကလေး ရှိလာတော့မယ်

Vol. 24 Ch. 235

ဒီရဲ့ လူနာ … မင်းမိသားစုက မကြာခင်မှာ ဒုတိယ ကလေး ရှိလာတော့မယ်

Vol. 24 Ch. 235

ချန်ယွီ့၏ စကားလုံးတို့က အတော်လေးကို စိတ်ဇဝေဇဝါ ဖြစ်ဖို့ ကောင်းလှ၏။

“ ကျွန်မ ယောက်ျားက ကျွန်မ ဒေါသ ထွက်အောင် ဘာလုပ်မှာမို့လို့လဲ …” သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက ဂရုတစိုက်နှင့် မေးမြန်းလိုက်၏။

“ သူ လက်ရှိ လုပ်နေတဲ့ အလုပ်ကနေ ထွက်တော့မယ် … ကျောင်းခရိုင်က တိုက်ခန်းကိုလည်း ဘဏ်မှာ အပေါင်ထားပြီး သူ့ကိုယ်ပိုင် စီးပွားရေးကို စဖို့ ပြင်ဆင်နေတယ် ….”

“ ဘာဖြစ်တယ် ….”

အမျိုးအမည် မသိရသည့် မီးတောက်တစ်ခုက သူမ၏ နှလုံးသားထဲတွင် လောင်ကျွမ်းလာခဲ့သည်။

သူမရဲ့ ယောက်ျားက ရူးနှမ်းသွားတာများလား …

နှစ်အတန်ကြာ လက်ထပ်၍ အတူနေပြီးနောက်တွင် ကိုယ့်ယောက်ျားအကြောင်းကို ကိုယ်ကပဲ အသိဆုံးဖြစ်၏။

ကားနှင့် စပ်ဆက်သည့် နည်းပညာ၌ သူမ၏ အမျိုးသားက ကျိန်းသေပေါက်ကို ထိပ်တန်း ပါရမီရှင် တစ်ဦးပင်။

သို့ပေမယ့် စီးပွားရေး လုပ်ငန်းတစ်ခု စတင်မည်ဆိုလျှင်တော့ ….

နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသည်ကပင် ပို၍ လက်တွေ့ကျလိမ့်ဦးမည်။

ထိုသို့ပြောတော့ သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက သူမ၏ ခင်ပွန်းကို နိမ့်ချပြီး အထင်သေးနေခြင်း မဟုတ်။ ဤအတိုင်း သူမ၏ ခင်ပွန်းက ဤသို့သော စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်သည်နှင့် မအပ်စပ်ကြောင်း သိရှိနေသောကြောင့်ပင်။

ပိုက်ဆံ ဘယ်လောက်များများပဲ ရင်းနှီးမြုပ်နှံပါစေ၊ အဆုံးတွင် အရာအားလုံးက အချည်းနှီးမျှသာ ဖြစ်သွားလိမ့်မည်။

“ ဒေါက်တာချန်ရဲ့ နှုတ်ထွက်စကားတိုင်းက အကြိမ်တိုင်းလည်း သက်ရောက်မှု ပြင်းနေတာပဲ … တကယ်ကို မရိုးသွားရဘူး ….”

“ အခုကြည့်လိုက်စမ်း … သူ ဒေါသထွက်လွန်းလို့ ဆံပင်တွေတောင် ထောင်မတ်လုမတတ် ဖြစ်နေပြီ …”

“ တစ်နှစ် ဆယ်ချီဝင်နေတဲ့ အလုပ်အကိုင်ကို စွန့်ပစ်ပြီးတော့ ကျောင်းနားက အိမ်ကိုတောင် အပေါင်ခံလိုက်တာတောင် ကိုယ့်မိန်းမနဲ့ ဆွေးနွေးတိုင်ပင်တာမျိုးတွေ မရှိဘူးဆိုတာကတော့ သိပ်တော့ မဟုတ်သေးဘူးနော်….”

“ ဒီလုပ်ရပ်မျိုးကိုတော့ ဘယ်လို ဇနီးယားမဆို ဒေါသထွက်သွားကြမှာပဲ …."

“ ထူးဆန်းတယ်လို့ မထင်ဘူးလား … သူက ဘာကြောင့် ရုတ်တရက်ချည်း ကိုယ်ပိုင် လုပ်ငန်း စချင်လာတာလဲတဲ့ … ဒီနေ့ခေတ်မှာ စီးပွားရေးလုပ်ရတာ မလွယ်ကူပါဘူးဆိုမှပဲ …”

“ သူ့ယောက်ျားက မိသားစုကို ပံ့ပိုးပေးဖို့ ငွေများများ ရှာချင်တာကြောင့် နေမှာပေါ့ …. အဲ့တာကြောင့်မို့ စီးပွားရေး တစ်ခု စတင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်မယ် ….”

ကြည့်ရှုသူများက စတင် ဆွေးနွေး ငြင်းခုန်နေကြသည်။

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက အကြိမ်ပေါင်းများစွာ သူမ၏ ခင်ပွန်း ဖြစ်သူက ရည်မှန်းချက် ကြီးမားသူ မဟုတ်ကြောင်း ၊ တစ်နှစ်ကို ယွမ်တစ်သန်း ရရှိနေသည်က မိသားစုကို ထောက်ပံ့ပေးဖို့ လုံလောက်နေပြီ ဖြစ်ကြောင်း တွေးတောနေသူဟု တောက်လျှောက် ဆိုသွားခဲ့၏။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာတော့ သူ့မိန်းမ တပူပူ တဆာဆာ လုပ်နေသည်ကို နားမခံနိုင်တော့တာ ဖြစ်လိမ့်မည်။ မဟုတ်လည်း တစ်စုံတစ်ယောက်၏ ကားကို မိုဒီဖိုင်းလုပ်ပေးပြီးနောက် ယင်း၏ ချိုမြသည့် အရသာကို သိရှိသွားခဲ့ပြီး ကိုယ်ပိုင် စီးပွားရေး စတင်ဖို့ရာ စိတ်ကူးမိသည်မျိုးလည်း ဖြစ်နိုင်သည်။

ကွန်းမန့်အနည်းငယ်ကို ဖတ်ရှုရင်း သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးသည် ယင်းက အတော်လေး အဓိပ္ပာယ်ရှိသည်ဟု ခံစားနေမိ၏။

“ ငါ့ယောက်ျား အလုပ်ထွက်ပြီး ကိုယ်ပိုင် စီးပွား‌ရေး လုပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တာက တကယ်ပဲ ငါ့ကြောင့်လား …” သူမ ရေရွတ်လိုက်၏။

“ အင်း ….”

ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။

ကြည့်ရှုသူများ ဝေဖန်ဆန်းစစ်သွားခဲ့သည်ကလည်း မှန်ကန်နေခဲ့၏။

“ ခင်များက ခင်များရဲ့ ကလေးအတွက် အရည်အချင်း ပြည့်မီတဲ့ မိခင် တစ်ဦးဖြစ်ချင်တယ် … သမီးလေးရဲ့ တောက်ပတဲ့ အနာဂတ်အတွက် ခင်များက အရာအားလုံးကိုတောင် စတေးဝံ့တဲ့ သတ္တိရှိတယ် ….”

“ ခင်များအဲ့လောက်ထိ ပင်ပန်းနေတာကို မြင်တော့ ခင်များ ယောက်ျားရဲ့ နှလုံးသား နာကျင်ရတယ် …”

“ ခင်များရဲ့ စိတ်ဆန္ဒတွေ ပြည့်ဝဖို့အတွက် သူ မိုဒီဖိုင်းလုပ်တဲ့ ကားဝပ်ရှော့ တစ်ခု ထောင်ဖို့ ဆုံးဖြတ်လိုက်တာပဲ …”

“ ကျွန်မတို့ အတွက်လုပ်တယ်ဆိုလည်း ဘာကြောင့် ကျွန်မနဲ့ မတိုင်ပင်လဲ ….”

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးမှာ ရှုပ်ထွေးနေမိသည်။

ဘာကြောင့် သူမ အမျိုးသားက အရာအားလုံးကို သူမဆီကနေ သိုဝှက်ထားနေရတာလဲ …

“ ကျုပ် စကားနည်းနည်းလေးပဲ ပြောရသေးတယ် …” ချန်ယွီ့က ညင်သာစွာ ပြောလိုက်ပြီး “ ဒါတောင် ခင်များ ဒီလောက်ထိ ဒေါသထွက်နေပြီ ….’

“ ပြီးတော့ … ဒါတောင် ခင်များက ကျုပ်ကို ယုံကြည်တယ်ဆိုတဲ့ သဘောတရားအပေါ်မှာပဲ အခြေခံထားတာနော်….”

“ တကယ်လို့များ ခင်များရဲ့ အမျိုးသားကသာ ကိုယ်တိုင်ကိုယ်ကျ ဒီအကြောင်းတွေ ပြောပြမယ်ဆိုရင် ခင်များ ဘယ်လောက်တောင် ဒေါသထွက်သွားမလဲဆိုတာ စဉ်းစားကြည့်ပေါ့ ….”

“ ခင်များရဲ့ ယောက်ျားက စကားပြောကောင်းတဲ့လူ မဟုတ်ဘူး … စကားနိုင်လုလို့ သူ ခင်များကို မနိုင်ဘူး … ကျုပ် ပြောတာ မှန်တယ်နော်…..”

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးမှာ ဆွံ့အသွားခဲ့သည်။

သူမ၏ ခင်ပွန်းက ရှိရင်းစွဲ အလုပ်ကနေ ထွက်ပြီး ကိုယ်ပိုင်လုပ်ငန်း စတင်ဖို့ စီစဉ်နေသည့် အကြောင်းကြားသည်နှင့် သူမ ချက်ချင်းပဲ ဒေါသဖြစ်သွားခဲ့သည်။

မသိစိတ်ထဲကနေပြီး သူမ၏ အမျိုးသားက ဤသို့သော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် မသင့်လျော်သည်ဟု ယုံကြည်ထားနေမိ၏။

“ ခင်များက ကိုယ့်ယောက်ျားအကြောင်း ကောင်းကောင်းသိသလို ခင်များယောက်ျားကလည်း သူ့မိန်းမအကြောင်း သူ ကောင်းကောင်းကြီး သိတာပေါ့ ….”

“ ဒါကြောင့်မို့ သူ့ဘက်က အရင်လုပ်ပြီး နောက်မှပဲ ပြောပြဖို့ စီစဉ်ထားတာ ...” ချန်ယွီ့ စကားကို ဆက်ပြီးပြောသည်။ “ ဒီကိစ္စတွေကို သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေ အောင်မြင်ပြီးတဲ့ အချိန်ကျမှပဲ ခင်များကို ပြောပြလမ့်မယ် .. ဒီလိုနည်းလမ်းနဲ့ဆိုရင် ခင်များ သူ့ကို ဒေါသထွက်ချင်လည်း ထွက်လို့မရတော့ဘူးလေ …..”

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက တစ်စုံတစ်ရာ ပြောလိုက်ချင်သော်လည်း ခင်ပွန်းဖြစ်သူ၏ ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင်ရန် အကြောင်းပြချက် မရှိဖြစ်နေသည်။

သူမ ဘာပဲ ပြုလုပ်ပါစေ၊ ခင်ပွန်းသည်က သူမအား အမြဲတမ်း ပံ့ပိုးပေးခဲ့သည်။

ယခု ခင်ပွန်းသည်က သူမနှင့် ကလေးအတွက် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခု စတင်ချင်သည်။

ဤမိသားစုအတွက် သူမ၏ ခင်ပွန်းက နောက်ကွယ်ကနေ တိတ်တိတ်လေး အရာများစွာကို ပြုလုပ်ပေးခဲ့သေးသည်။

သူ ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ရမလဲဆိုတာကို သူ တစ်ဦးတည်းကသာ သိပေမည်။

ကလေးငယ်တစ်ဦးကို ပါရမီရှင်တစ်ဦး ဖြစ်လာစေရန် သူတို့ဘက်က ငွေအရင်းအနှီး များစွာ ရင်းပြီး ပျိုးထောင်ပေးဖို့ လိုအပ်သည်။

“ သူ့ စီးပွားရေးလုပ်ငန်းက အောင်မြင်မှာလား ….”

“ အင်း ….”

ချန်ယွီ့ တည့်တိုးပဲ ပြောလိုက်သည်။ “ ခင်များရဲ့ ယောက်ျားက သူ့ကိုယ်သူ စီးပွားရေး လုပ်ငန်း အကြီးစားကြီးတွေ လုပ်ဖို့ အဆင်မပြေဘူးဆိုတာ သိတယ် … ဒါကြောင့်မို့လည်း ဘယ်တုန်းကမှ လောဘမကြီးခဲ့ဘူး ….”

“ အမြတ်အစွန်းများတယ်ဆိုရင်တောင် သူ့ စီးပွားရေးလုပ်ငန်းကို ချဲ့ထွင်ဖို့ ဘယ်တော့မှ မကြိုးစားဘဲ ကား မိုဒီဖိုင်းလုပ်တဲ့ နေရာမှာပဲ အာရုံစိုက်ထားတယ် ….”

“ ပိုက်ဆံ သိပ်အများကြီး မဝင်ဘူးဆိုပေမယ့် တစ်နှစ်ကို ယွမ် သုံးလေးသန်းအထိတော့ ရနေတုန်းပဲ … ခင်များရဲ့ ကလေး ပျိုးထောင်ပေးမယ့် အစီအစဉ်ကို ထောက်ပံ့ပေးဖို့ ကောင်းကောင်းကြီး လုံလောက်တယ် ….”

ခင်ပွန်းသည်၏ စီးပွားရေးလုပ်ငန်းက အရင်းမပြုတ်သွားဘူးဆိုတာကို သိလိုက်ရတော့ သူမရင်ဘက်ကို လက်ဖြင့် ညင်သာစွာ ဖိထားလိုက်မိ၏။

ရှေ့တွင် ရှိနေသည့် လမ်းက မည်မျှပင် ခက်ခဲကြမ်းတမ်းပါစေ၊ သူမကလေးကိုတော့ ပါရမီရှင်တစ်ယောက် ဖြစ်လာအောင် ပျိုးထောင်ပေးသွားမှာ ဖြစ်၏။

“ ကျွန်မ သူ့ကို အခုချိန်ကစပြီး ဆယ်ဆ ၊ အဆနှစ်ဆယ် ကောင်းပေးသွားမယ် … သူ ကျွန်မကို ချစ်နေသရွေ့ ကျွန်မလည်း သူ့ကို ချစ်သွားမယ် ….”

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးသည် ယနေ့ ချန်ယွီ့ လိုက်စထွင်းထဲ ဝင်ပြီး ကံစမ်းကြည့်လိုက်တာက တကယ်ကို တန်လွန်းလှသည်ဟု ခံစားနေမိ၏။

သူမ၏ စိုးရိမ်ပူပန်မှုများကို လွှတ်ချနိုင်ရုံမျှမက ၊ ခင်ပွန်းသည် သူမ အပေါ် မည်မျှအထိ ချစ်ကြောင်းကိုလည်း သိရှိခဲ့ရသည်။

ပြီးတော့ သူ ဤမိသားစုကို ဘယ်လောက်အထိ ချစ်မြတ်နိုးလဲ ဆိုတာကိုပင်။

“ ပိုက်ဆံချေပြီးတာနဲ့ ကျွန်မ လိုင်းဆင်းတော့မယ် ဒေါက်တာချန် … သမီးလေး ကျောင်းကို အောင်အောင်မြင်မြင်နဲ့ တက်နိုင်တာနဲ့ ရှင့်ဆီကို ကျေးဇူးတင်လက်ဆောင် ပို့ပေးလိုက်ပါ့မယ် ….”

သူမက စိတ်ကောင်းဝင်နေသဖြင့် ချန်ယွီ့ကို ယွမ်တစ်သောင်းပေးလိုက်သည်။

ချန်ယွီ့၏ ဆေးခန်းလိပ်စာကိုလည်း ပို့ပေးဖို့ လေးလေးနက်နက် တောင်းဆိုလာသည်။

“ ကျုပ် ခင်များကို လိပ်စာပို့ပေးရင်တောင် ခင်များ ကျုပ်ကို အဲ့လက်ဆောင်တွေ ပို့ပေးနိုင်မှာ မဟုတ်ဘူး ….” ချန်ယွီ့ တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်၏။

“ ဟင် ….”

“ ဘာလို့လဲ …” သူမ လွှတ်ခနဲ မေးမြန်းလိုက်မိ၏။ တစ်ချိန်တည်းတွင် ဇဝေဇဝါလည်း ဖြစ်နေမိသည်။

“ ခင်များရဲ့ အကြီးဆုံးသမီး ကျောင်းဝင်ခွင့်ရတဲ့နေ့မှာပဲ ခင်များယောက်ျားရဲ့ ဆေးရုံ ပို့ပေးခြင်းကို ခံရမယ် … ဘာကြောင့်ဆိုတော့ ခင်များက မရပ်မနား ဆက်တိုက် အော့အန်နေလို့ပဲ … အဲ့နောက် ခင်များမှာ ဒုတိယက‌လေး ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရတယ် ….”

လိုက်စထွင်းတစ်ခုလုံး အုတ်အောသောင်းနင်း ဖြစ်သွားခဲ့၏။

ဒေါက်တာချန်မှာ အိပ်စ်ရေး မျက်လုံးတွေ ရှိနေတာများလား …

သူမ ဒုတိယကလေး ကိုယ်ဝန်ရှိနေပြီဆိုတာတောင် ပြောနေနိုင်တယ် …

ကနေဦးတွင် ရှော့ခ်ရသွားခဲ့ပြီးနောက် သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက သူမ၏ ဝမ်းဗိုက်ကို ပျော်ရွှင်သည့် အမူအရာဖြင့် ပွတ်သပ်လိုက်၏

“ ဟင်း… တစ်ယောက်တည်းသာ အတော်ဆိုးလှပြီကို အခု နောက်တစ်ယောက်တဲ့လား ….”

“ သူ့ အမျိုးသားက ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း စလုပ်ဖို့ ဆုံးဖြတ်ပြီးခါရှိသေး … ဒုတိယကလေးက ချက်ချင်းရောက်လာတယ် … အဲ့လောက် တိုက်ဆိုင်တာမျိုး ရှိနိုင်လို့လား ….”

“ တိုက်ဆိုင်တာ မဆိုင်တာ အပထား ၊ ဒီမိသားစုတော့ ကျိန်းသေပေါက်ကို ခက်ခဲတော့မယ် ….”

“ မင်းတို့ဘာမင်းတို့ ပြိုင်ဆိုင်ချင်သလောက် ပြိုင်ဆိုင်ကြစမ်း … ငါ ကုမ္ပဏီမှာ လုံခြုံရေး အစောင့်သွားလျှောက်တော့ အခြေခံ လိုအပ်ချက်က ဘွဲ့ရ ဒီဂရီတစ်ခုနဲ့ ဘာသာစကား သုံးမျိုး ပြောတတ်ရမယ်ဆိုပဲ ….”

“ ကိုယ့်လူ မင်းက ဘွဲ့မရပဲနဲ့တောင် လုံခြုံရေး အစောင့် သွားလျှောက်ချင်နေတယ်ပေါ့ … မင်းကိုယ်မင်း လုံခြုံရေးအစောင့် လုပ်ဖို့ တန်တယ်လို့ထင်လား …..”

“ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဌာနရဲ့ တစ်ချို့နေရာတွေမှာဆိုရင် ကာကွယ်ရေး အလုပ်သမားတွေက ဘွဲ့ကြိုဒီဂရီ ရှိထားဖို့လိုအပ်တယ် …”

ကြည့်ရှုသူများက သက်ပြင်းချလိုက်ကြသည်။

လူလတ်တန်းစား မိသားစုတစ်ခုက အထက်တန်းလွှာများနှင့် ယှဉ်ပြိုင်နိုင်မည့် ကလေးတစ်ယောက်ကို ပျိုးထောင်လိုသည်ကပင် မိသားစု၏ ဝင်ငွေများအားလုံးကို တစ်စက်လေးမျှ မကျန်တော့အောင် ပြုလုပ်သည်နှင့် အတူတူပင်။

ယခုတော့ နောက်တစ်ယောက်က ရောက်လို့လာခဲ့ပြီ ဖြစ်၏။

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီး၏ ပုံစံအတိုင်းဆိုပါက ထို ကလေးလေးသည်လည်း အထက်တန်းလွှာ တစ်ဦးနှယ် ပျိုးထောင်ခြင်း ခံရမည်မှာ ကျိန်းသေသည်။

စခရင်ထက်ရှိ ကွန်းမန့်များကို ဖတ်ရှုရင်း သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီး၏ မျက်နှာထက်တွင် ချိုမြိန်သည့် အပြုံးတစ်ခုကသာ ဖြစ်ပေါ်နေခဲ့သည်။

ကလေးတစ်ယောက်ကို လက်ရွေးစင် တစ်ဦးအဖြစ် ပျိုးထောင်သည်က မှားယွင်းသည်လို့ သူမ မထင်ပေ။

အကယ်၍ အကြီးဆုံး သမီးလေးက လက်ရွေးစင် တစ်ဦး ဖြစ်လာခဲ့လျှင် အငယ်လေးကလည်း နောက်ထပ် လက်ရွေးစင် တစ်ဦး ဖြစ်လာရမည်။

“ ဒေါက်တာချန် … ကျွန်မရဲ့ ဒုတိယကလေးကရော သူ့အစ်မလိုမျိုး ဖြစ်မှာလားဟင် … ကလေးက ဉာဏ်ကောင်းပြီး သင်သမျှအရာအားလုံးကို ခဏလေးနဲ့ တတ်မြောက်နိုင်မယ့် ကလေးမျိုးလား ….”

“ အင်း ….”

“ ဒါဆို အငယ်လေးကလည်း နာမည်ကြီးကျောင်းမှာ တက်ခွင့်ရပြီး သူ့အစ်မလိုမျိုးပဲ တောက်ပတဲ့ အနာဂတ် ရှိနိုင်မယ်ပေါ့နော်….”

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးသည် သူမ၏ အပြုံးများကို မည်သို့မျှ ဖုံးဖိမရနိုင်တော့ချေ။

“ ခင်များပြောနေတဲ့ တောက်ပတဲ့ အနာဂတ်ဆိုတာက ခင်များ စီစဉ်ထားတဲ့အတိုင်း ဖြစ်လာတာကို ပြောချင်တာလား ….” ချန်ယွီ့က ထူးဆန်းသည့် အမူအရာဖြင့် “ ခင်များရဲ့ ကလေးက နာမည်ကြီးကျောင်းမှာတက် ၊ တမူထူးခြားတဲ့ အဆင့်အတန်းရှိတဲ့ ကလေးတွေနဲ့ ရင်းနှီး ကျွမ်းဝင်ပြီး နောက်ဆုံးမှာ အထက်တန်းလွှာ အသိုင်းအဝိုင်းထဲ ဝင်နိုင်တာမျိုးကို ဆိုလိုချင်တယ်လို့ ကျုပ်ထင်တယ် …”

“ ဒါဆိုရင်တော့ ခင်များရဲ့ ဒုတိယ သမီးက လုပ်နိုင်တယ် … ဒါပေမယ့် အကြီးဆုံး သမီးကတော့ လုပ်နိုင်မှာ မဟုတ်ဘူး …”

“ သူ့ အနာဂတ်က ခင်များ စိတ်ကူးထားတာနဲ့ လုံးဝ ကွဲတယ် ….”

ချန်ယွီ့၏ စကားလုံးများက သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီး၏ စိတ်ထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသည်နှင့် မခြားပေ။

သူမ မျက်နှာထက်ရှိ အပြုံးက ချက်ချင်း အေးခဲသွားခဲ့၏။

ကြည့်ရှုသူများလည်း ထိုစကားကြောင့် ရှော့ခ်ရသွားခဲ့ကြလေသည်။

မည်သူကမျှ ချန်ယွီ့ကို ဒုတိယကလေးက သမီးလေး ဖြစ်မယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိနေလဲဆိုတာကို မည်သူကမျှ မမေးကြ။ အကုန်လုံးက အကြီးဆုံးကလေး၏ အနာဂတ်က အဘယ်ကြောင့် ပြောင်းလဲသွားခဲ့ရလဲဆိုတာကိုပဲ သိချင်နေကြသည်။

ထိုအခိုက်အတန့်တွင် သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက လုံးဝကို စိုးရိမ်ပူပန်နေလျက် ရှိတော့၏။

All Chapters