လက်ထပ်တယ်။ ဒါပေမယ့် ထွက်ပြေးသွားတယ်။
Vol. 24 Ch. 238
“ သူက ကျွန်မ မျှော်မှန်းထားတာနဲ့ မကိုက်ညီခဲ့လို့ ဒီတိုင်း စိတ်ပျက်သွားခဲ့လို့ ဖြစ်မှာပါ ….”
အချိန်အတော်ကြာအောင် တိတ်ဆိတ်ပြီးနောက်တွင် သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီးက ပြောလာခဲ့၏။ “ အနာဂတ်မှာ ဘာကြောင့် အဲ့ဒီလို လုပ်မိလိမ့်မလဲဆိုတာကို ကျွန်မကိုယ်ကျွန်မ နားလည်တယ် … သမီး ကျွန်မအပေါ် မုန်းတီးသွားမှာကိုတောင် စွန့်စားပြီး သူတို့နှစ်ယောက်ကို ခွဲဖို့ ကြိုးစားဦးမှာပဲ ….”
“ အဲ့လို သာမန်ရိုးကျဖြစ်တဲ့ အမျိုးသား တစ်ယောက်နဲ့ လက်ထပ်လိုက်ရင် ကျွန်မ သမီးရဲ့ တစ်ဘဝလုံး ကိုယ်ကျိုးနည်းပြီပဲ … တစ်သက်လုံး ဘယ်တော့မှ လူလားမြောက်နိုင်တော့မှာ မဟုတ်ဘူး ….”
“ တကယ်လို့ ကျွန်မသာ အဲ့ဒီနေရာမှာ ရှိခဲ့မယ်ဆိုရင် သူ့ကို ရိုက်နှက်ရုံတင်ပဲ မဟုတ်ဘူး … ကိုယ့်အဆင့်ကိုယ် မသိရကောင်းလား ဆိုပြီးတော့တောင် သင်ခန်းစာပေးလိုက်ဦးမယ် …”
“ အင်း ….” ချန်ယွီ့ လက်မောင်းပိုက်လျက် ပြုံးလိုက်ပြီး “ ခင်များ တကယ်လည်း အဲ့လိုမျိုး ပြောလိမ့်မယ် ….”
“ ကောင်လေးကို အိမ်အပြင် မောင်းထုတ်ပြီးတော့ အိမ်နီးချင်းတွေရဲ့ ရှေ့မှာ ကောင်လေးကို မျက်နှာ အရှက်ရအောင် လုပ်ခဲ့တယ် …”
“ ခင်များ စကားလုံး အကြမ်းကြီးတွေ ပြောခဲ့တယ် … တကယ်လို့ သူ့ အိမ်ရိပ်ကို နင်းချင်တယ်ဆိုရင် အလုပ်ကောင်းကောင်း တစ်ခု အရင်ဆုံး ရအောင် လုပ်ခဲ့ဖို့ပေါ့ ….”
“ ခင်များရဲ့ မာနကြီးမှုနဲ့ မောက်မာစီးပိုးမှုက ကောင်လေးကို အင်မတန် ဒေါသထွက်သွားစေခဲ့တယ် …”
“ ခင်များ သမီးရဲ့ မျက်နှာကြောင့်နဲ့မို့ ခင်များနဲ့ ပြန်ရန်မတွေ့သလို ငြင်းလည်း မငြင်းခုန်ခဲ့ဘူး … သူ ဒေါသတကြီးနဲ့ပဲ ထွက်သွားခဲ့တယ် ….”
“ ခင်များရဲ့ စကားလုံးတွေက ခင်များ သမီးကိုလည်း နာကျင်စေခဲ့တယ် ….”
“ အဲ့ဒီအချိန်ကစပြီး ၂ နှစ်ကျော်လောက်အထိကို ခင်များ သမီးက ခင်များတို့အိမ်ကို လာမလည်တော့ဘူး ….”
“ ပြီးတော့ သိပ်မကြာခင်မှာပဲ သူ့ကောင်လေးနဲ့အတူ ပြောင်းရွေ့သွားခဲ့တယ် ….”
“ သေသင့်တဲ့ ကောင်မစုတ်လေး … သူ … သူ ငါ့ကို ဒေါသထွက်ပြီး သေအောင်လုပ်နေတာပဲ …”
သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီးက ဖော်ပြ၍ မရနိုင်လောက်အောင်ကို ဒေါသထွက်သွားခဲ့သည်။
သူမ ရှေ့ရှိ ပိုင်ဆိုင်မှု စာချုပ်ကို ကြမ်းပြင်သို့ ဒေါသတကြီးနှင့် ပစ်ပေါက်ပစ်လိုက်၏။
စားပွဲပေါ်ရှိ စာရွက်စာတမ်းများ အားလုံးကိုလည်း ကြမ်းပြင်သို့ တွန်းချရှင်းလင်းပစ်လိုက်သည်။
“ ဒေါက်တာချန် … သူ့သမီးက အဲ့လို ကောင်လေးမျိုးနဲ့ တွဲတာက သူ့အမေကို တမင် ဒေါသထွက်အောင် လုပ်ချင်လို့များလား ….”
“ ဒါကို အသံတိတ် ဆန္ဒပြမှုလို့ ခေါ်တယ်ကွ ….”
“ ငါတို့ကောင်တွေ အကုန်လုံးက ငါတို့ရဲ့ ကလေးတွေ ၊ မြေးတွေ သူတို့ပျော်ရွှင်မှုနဲ့ သူတို့ ရှိကြလိမ့်မယ်လို့ တွေးပြီး အေးဆေး နေနေကြတဲ့ကောင်ပဲ …. ဒါပေမယ့် ငါတို့မှာ ကလေးတွေ ၊ မြေးတွေ မရှိဘူးဆိုရင်တော့ ကိုယ့်ဘဝနဲ့ကိုယ် ပျော်ရွှင်နေရုံပဲ ….”
“ သူတို့ အချင်းချင်း ကြိုက်နှစ်သက်ကြတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့ …..”
“ ယုတ္တိရှိတယ် …. ပျော်ရွှင်အောင် နေတတ်တဲ့ ခင်ပွန်းသည်ကပဲ သာယာတဲ့ ဘဝလေးကို ပေးစွမ်းနိုင်မှာ … သူတို့တွေ မြင်မြင်ချင်း ချစ်မိသွားကြတာလည်း ဖြစ်နိုင်တာပဲလေ ….”
“ မြင်မြင်ချင်း ချစ်မိသွားတယ်ဆိုတဲ့ ဖြစ်နိုင်ချေက အတော်လေး နည်းတယ် … တစ်ကြိမ်တစ်ခါလောက်လေး ဖြစ်ဖူးခဲ့တယ်ဆိုရင်ကိုပဲ အတော်လေး အထင်ကြီးဖို့ ကောင်းလှပြီ … ဒီမိသားစုမှာ ဘယ်လို အစွမ်းတွေများ ရှိနေလို့လဲဟ … ဘာလို့ မျိုးဆက်တိုင်းက မြင်မြင်ချင်းပဲ ချစ်မိနေကြတာ ….”
“ သူ့သမီး သာမန်ဆန်တဲ့ ကောင်လေးတစ်ယောက်ကို ရှာတွေ့ခဲ့တာက မြင်မြင်ချင်း အချစ်ကြောင့် မဟုတ်ဘူး …” ချန်ယွီ့က ညင်သာစွာ ပြုံး၍ ရှင်းပြလိုက်ပြီး “ မင်းတို့တွေ ထင်နေသလိုမျိုးလည်း ရှုပ်ထွေးမနေဘူး ….”
“ အကြောင်းအရင်းက တစ်ခုတည်း ရှိတယ် …. သူ့ အဖေရဲ့ အရိပ်ကို အဲ့ဒီအမျိုးသားဆီမှာ မြင်တွေ့ခဲ့ရလို့ပဲ ….”
ချန်ယွီ့က ရုတ်တရက် ခေါင်းစဉ်ပြောင်းပြီး သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီး၏ သမီးကြီးက အဘယ်ကြောင့် ထိုကောင်လေးကို ကောင်လေး အဖြစ် ရွေးချယ်ခဲ့ရလဲဆိုသည့် အကြောင်းအရင်းကို ရှင်းပြခဲ့သည်။
သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီး၏ ဘဝနေထိုင်နည်းက ကိုယ့်ဘက်က အစွမ်းကုန် တိုက်ခိုက်နေသရွေ့ ကိုယ့်အတွက် ရိတ်သိမ်းနိုင်မည့် အကျိုးအမြတ်တို့ ရှိလိမ့်မည် ဟူ၍ပင်။
အဆင့်အတန်းနှင့် လူတစ်ဦး ဖြစ်လာဖို့အတွက် ကိုယ်က အခြားသူများကို တိုက်ခိုက်ပြီး အနင်းခံ ကျောက်တုံးများအဖြစ် အသုံးပြုတတ်ရမည်။
သမီးကြီးက ထိုသို့သော အမူအကျင့်များကို ရွံရှာစက်ဆုပ်၏။
သူမ အမေက သိပ် အေးစက်လွန်းပြီး ဥစ္စာမက်လွန်းသည်ဟု ထင်သည်။
အကယ်၍ လူတိုင်းလူတိုင်းကသာ သူမကဲ့သို့ တွေးတောနေမည်ဆိုပါက သူမသည်လည်း ဘယ်တုန်းကမှ မွေးဖွားလာခဲ့မှာ မဟုတ်ချေ။
သူမ မိခင်က နာမည်ကြီး မိသားစုမှ မွေးဖွားလာသော်လည်း မိသားစုကတော့ ဒေဝါလီ ခံလိုက်ရ၏။
တစ်ဖက်တွင်တော့ မိမိ၏ ဖခင်က တစ်နှစ်လစာ ယွမ် တစ်သန်းကျော်ဝင်ငွေရှိသည့် အရည်အချင်း ရှိသည့် အမျိုးသား တစ်ဦးပင်။
သူ့ဖခင်တွင်လည်း ရွေးချယ်စရာတို့ များခဲ့၏။ သို့ပေမယ့် ဖခင်ကတော့ အမေဖြစ်သူကိုသာ ရွေးချယ်ခဲ့လေသည်။
အကယ်၍ သူမ၏ အဖေနှင့်အမေကသာ အတွေးတူညီပြီး တူညီသည့် အဆင့်အတန်းရှိသူနှင့်သာ လက်ထပ်ခဲ့ကြမည်ဆိုပါက သူမသည်လည်း ရှိလာခဲ့မှာ မဟုတ်ချေ။
သူမ၏ ကောင်လေးက သာမန် မိသားစု တစ်ခုတွင် မွေးဖွားလာခဲ့၏။ သူ့မိဘများကလည်း ငယ်စဉ်အချိန်ကတည်းက သူ ဖြစ်ချင်သည့် အရာများအား လုပ်ခွင့်ပြုပေးခဲ့သည်။
ကောင်လေးဖြစ်သူ၏ ဘဝကို မည်သို့သော နည်းနှင့်မျှ ဝင်စွက်ဖက်ခြင်း မပြုကြချေ။
ကောင်လေးဖြစ်သူကလည်း ထိုအကြောင်းများကို ချစ်သူဖြစ်သည့် သမီးကြီးအား ပြောပြခဲ့ဖူး၏။
ချန်ယွီ့ ပခုံးတွန့်လျက် ရှင်းပြလိုက်သည်။
လူနှစ်ဦး မေတ္တာမျှသည့် ကိစ္စက ထိုမျှအထိကို ရိုးရှင်း၏။
“ အဲ့လိုသာဆိုရင်တော့ သူတို့တွေ သေချာပေါက်ကို အရမ်း ပျော်ရွှင်ရတဲ့ အနာဂတ် ရှိမှာပဲနော်….”
“ ပြောနေစရာ လိုသေးလို့လား … သူတို့နှစ်ယောက်က သိပ်လိုက်ဖက်လွန်းနေတယ် ….”
“ ကောင်မလေးက လှတယ် ၊ ချမ်းသာတယ် ၊ ပြီးတော့ ချစ်ဖို့ကောင်းတဲ့ လူလတ်တန်းစား မိန်းကလေး ၊ ကောင်လေးရဲ့ သာမန်ဆန်မှုကြောင့် သူ့ကို ထားမသွားသလို ကောင်လေး ဖြစ်သူကလည်း သူ့ကောင်မလေးရဲ့ ဘဝထဲ ဝင်မစွက်ဘူး … ဒါ ဘယ်လောက်တောင် လိုက်ဖက်ထားလဲ ….”
“ငါ သည်းမခံနိုင်တဲ့ တစ်ချက်က သူ့အမေကိုပဲ ….”
“ ငါကတော့ သူတို့နှစ်ယောက် ကလေးရလာပြီးရင် သူတို့ ကလေးတွေကို ဘယ်လိုမျိုး သင်ကြားပေးကြမလဲဆိုတာ သိပ်ကို စိတ်ဝင်စားနေပြီ…. “
ထို ကွန်းမန့်ကို မြင်တော့ ချန်ယွီ့ ပြုံးယောင်သမ်းသွားခဲ့၏။
တကယ့်လက်တွေ့ ဇာတ်လမ်းတို့က ဒဏ္ဍာရီ ပုံပြင်များထက်ပင် ပို၍ မှော်ဆန်လှသည့် အမျိုးအစားပင်။ မထင်မှတ်ထားစရာ အချိုးအကွေ့တို့ကလည်း အများကြီး ရှိနေတတ်၏။
ကနေဦး မူလအစတွင် တစ်ချို့သော အရာများကို လူတို့က ခန့်မှန်းနိုင်ကြသော်လည်း အဆုံးသတ်နိဂုံးကိုတော့ မည်သူကမျှ မခန့်မှန်းနိုင်ကြချေ။ ချန်ယွီ့ကိုယ်၌လည်း ကျိန်းသေပေါက်ဟု အာမမခံနိုင်ချေ။
ချန်ယွီ့၏ အပြုံးက ကြည့်ရှုသူများကို ဆွဲဆောင်သွားခဲ့သည်။
“ သုံးနှစ်ကြာပြီးတဲ့နောက်မှာ သူတို့နှစ်ယောက် မင်္ဂလာဆောင်လိုက်ကြတယ် …”
“ မင်္ဂလာဆောင်တဲ့ နေ့ရက်မှာပဲ သတို့သမီးက မင်္ဂလာပွဲကနေ ထွက်ပြေးသွားခဲ့တယ် …..”
ကြည့်ရှုသူများအားလုံး အံ့ဩဘနန်း ဖြစ်သွားခဲ့ကြ၏။
သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီးသည်လည်း မယုံကြည်နိုင် ဖြစ်နေမိသည်။
မင်္ဂလာပွဲက ထွက်ပြေးခြင်းဆိုသည်မှာ ဇာတ်လမ်း ဝတ္ထုတွေထဲမှာပဲ မြင်ဖူးသည့် ဇာတ်အိမ်မျိုး ဖြစ်၏။
“ ကျွန်မ သူတို့ရဲ့ အိမ်ထောင်ရေးကို ဘယ်တော့မှ သဘောမတူဘူး ….”
သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
လက်ရှိ ပစ္စုပ္ပန်မှာပဲ ဖြစ်စေ၊ ဒါမှမဟုတ် နောင်အနာဂတ်မှာပဲ ဖြစ်စေ ၊ သူမ သမီးကြီးကို သာမန်လူတစ်ယောက်နှင့် လုံးဝ မပေးနိုင်ကြောင်း ခိုင်မာစွာ ယုံကြည်သည်။
သူတို့နှစ်ဦး အိမ်ထောင်ကျသွားမှာကို ပိတ်ပင်တားဆီးဖို့အတွက် နည်းမျိုးစုံသုံးပြီး တားမြစ်မှာ ဖြ်သည်။
ပထမ စကားတစ်ဝက်လောက်အထိ ကြားပြီးတုန်းက သူမ ကိုယ့်ကိုယ့်ကို ဒေါသထွက်လွန်း၍ သေတော့မည်ဟု ခံစားနေရ၏။
သို့ပေမယ့် သမီးဖြစ်သူက မင်္ဂလာပွဲတွင် ထွက်ပြေးသွားသည်ဆိုသည့် စကားကိုကြားတော့ သူမ စိတ်ထဲ ဖြစ်ပေါ်လာသည့် ခံစားချက်ကို စကားလုံးများဖြင့် ဖော်ပြမရချေ။
“ ခင်များရဲ့ သမီး မင်္ဂလာပွဲက ထွက်ပြေးသွားခဲ့တာ ခင်များနဲ့လည်း ဆိုင်တယ် ….” ချန်ယွီ့ ခါးသက်စွာ ပြုံးလိုက်မိ၏။။
“ ဒါလည်း ကျွန်မနဲ့ ဆိုင်သွားပြန်ပြီပေါ့ ….”
သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီးမှာ သူမကိုယ်သူမ ဗီလိန်အကြီးစားကြီးဟုပင် ခံစားနေမိ၏။
ဘာကြောင့် အရာရာတိုင်းက သူမနဲ့ လာပတ်သက်နေရတာလဲ …
သူမရဲ့ သမီးကြီး တက္ကသိုလ်ကနေ ကျောင်းထွက်သွားခဲ့တာကလည်း သူမကြောင့် …
လူပျင်းတစ်ယောက်လိုမျိုး ဘဝကို ကုန်ဆုံးနေတာကလည်း သူမကြောင့် ….
မင်္ဂလာပွဲက ထွက်ပြေးသွားပြန်တာလည်း သူမကြောင့် …
ဒါ ဘယ်လိုလောဂျစ်ကြီးလဲ အဲ့တာ …
ကြည့်ရှုသူများလည်း ရှုပ်ထွေးသွားကြ၏။
“ အစောပိုင်းတုန်းက ကောင်လေးကို အိမ်ပြင် နှင်ထုတ်ပြီးတော့ အိမ်နီးချင်းတွေရှေ့မှာ အရှက်ခွဲခဲ့တဲ့ စကားကို ခင်များ မှတ်မိသေးလား ….” ချန်ယွီ့ မေးလိုက်သည်။
“ အဲ့တာက … သူ တကယ်လို့ ကျွန်မအိမ်ရိပ်ကို နင်းချင်ရင် အဆင့်အတန်းရှိတဲ့ အလုပ်တစ်ခု အရင်ရအောင်လုပ်ဖို့လား …..”
“ အင်း … ခင်များရဲ့ စကားလုံးနဲ့ လုပ်ရပ်တွေက ကောင်လေးဖြစ်သူရဲ့ ယောက်ျားမာနကို အတော်လေး ထိခိုက်သွားစေခဲ့တယ် ….”
“ အဲ့တာကြောင့်မလို့လည်း သူ့ရဲ့ တိုက်ခိုက်လိုစိတ်၊ မခံချင်စိတ် ၊ သက်သေပြလိုစိတ်တွေ အဟုန်ပြင်းပြလာခဲ့တယ် …”
“ ခင်များ သူ့ကို အထင်သေးလေလေ၊ သူကလည်း လုပ်နိုင်တယ်ဆိုတဲ့အကြောင်း သက်သေပြချင်လာလေလေပဲ ….”
“ ခင်များက သာမန် အလုပ်အကိုင်လေးကို အလုပ်လို့ မထင်ဘူး ….”
“ သူကလည်း လုပ်မယ့်လုပ်တော့ အကြီးကြီးလုပ်ဖို့ ဆုံးဖြတ်ထားတယ် ….”
“ အရင်ဦးဆုံး ကိုယ့်ဘာကိုယ် စာလေ့လာပြီး ဘွဲ့တစ်ခု ယူတယ် … ပြီးတဲ့နောက်မှာ နိုင်ငံဝန်ထမ်း စာမေးပွဲ ဖြေခဲ့တယ် …”
“ အဆုံးမှာ မရေမတွက်နိုင်တဲ့ လူတွေရဲ့ အကူအညီနဲ့ နိုင်ငံဝန်ထမ်း စာမေးပွဲကို အမှတ်အကောင်းဆုံးနဲ့ အောင်မြင်သွားခဲ့တယ် ….” ချန်ယွီ့ အတည်ပေါက် လေးနက်သည့် အမူအရာဖြင့် ပြောကြားလိုက်သည်။
ထိုစကားကို ကြားတော့ သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီးက နှာမှုတ်လိုက်၏။ “ ဒင်းက နိုင်ငံဝန်ထမ်း ဖြစ်လာတာနဲ့ ငါက ငါ့သမီးနဲ့ သူ့ကို သဘောတူမယ်လို့များ ထင်နေလား ဟက် …”
ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။
“ စာမေးပွဲတွေ မျိုးစုံရှိတဲ့ထဲက နိုင်ငံ့ဝန်ထမ်း စာမေးပွဲကတော့
အခက်ခဲဆုံးပဲ … “
“ နိုင်ငံဝန်ထမ်း စာမေးပွဲကို အောင်မြင်တာက ငါးကြင်းတစ်ကောင်
နဂါးဂိတ်ကို ကျော်လွှားရသလောက် နီးပါးကို ခက်ခဲတယ် ….”
သာယာတဲ့ ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီးက နောက်ဆုံးမှာတော့ အသိစိတ်ဝင်လာခဲ့့သည်။
နိုင်ငံ့ဝန်ထမ်း စာမေးပွဲက ကောလိပ်ဝင်ခွင့် စာမေးပွဲထက်ကို အဆပေါင်းများစွာ ခက်ခဲသည်။ သိန်းနှင့် ချီသည့် လူအရေအတွက်က နေရာတစ်နေရာစာအတွက် တိုက်ခိုက်နေကြရခြင်း ဖြစ်၏။
သူမလည်း ယခင်က ကြိုးပမ်းခဲ့ဖူးသဖြင့် မည်မျှ ခက်ခဲသလဲဆိုတာကို သိရှိနေသည်။
“ မဖြစ်နိုင်တာ … သူ့လို ဘာ နောက်ခံမှမရှိတဲ့ လူတစ်ယောက်က နိုင်ငံ့ဝန်ထမ်းစာမေးပွဲကို အမှတ်အကောင်းဆုံးနဲ့ အောင်မြင်သွားတယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး …”
သာယာတဲ့ ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီးက ဤသို့သော ဖြစ်နိုင်ချေကို ယုတ္တိမတန်ဟုဆိုကာ ငြင်းဆန်လိုက်သည်။
အကယ်၍ သမီကြီး၏ ကောင်လေးဖြစ်သူက ထိုမျှ ထူးချွန်သည့် လူစားမျိုး ဖြစ်နေခဲ့လျှင် အဘယ်ကြောင့် ဒီပလိုမာ တစ်ခုတည်း ယူထားရသနည်း။
“ တကယ့်ကိုပဲ ….” ချန်ယွီ့က အပြုံးမမည်သည့် အပြုံးဖြင့် ပြုံးလိုက်ပြီး “ တကယ်လို့ သူ့ဘာသူ စာလေ့လာမယ်ဆိုရင်တော့ စာမေးပွဲကို အောင်မြင်နိုင်ဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ ….”
“ ကျုပ် စောနက ပြောခဲ့တဲ့အတိုင်း လူတွေ အများကြီးရဲ့ အကူအညီနဲ့ စာမေးပွဲကို အောင်မြင်သွားခဲ့တယ်လို့လေ ….
“ အဲ့ဒီ လူအများကြီးထဲက တစ်ယောက်ကတော့ ခင်များရဲ့ သမီးနဲ့ ခင်များရဲ့ အမျိုးသားပဲ ….”
“ ခင်များရဲ့ သမီးက သူ့ကို အမျိုးမျိုးအားပေးခဲ့တယ် … ခင်များရဲ့ ယောက်ျားကတော့ သူ့ကို သင်တန်းတွေတက်ဖို့နဲ့ အချိန်ပြည့် စာလေ့လာနိုင်ဖို့အတွက် ပိုက်ဆံတွေ ထောက်ပံ့ပေးတယ် … “
“ သူ့ရဲ့ အဆက်အသွယ်ကနေတစ်ဆင့် နိုင်ငံ့ဝန်ထမ်း စာမေးပွဲ ဖြေဆိုဖူးတဲ့သူဆီကနေ အကြံဉာဏ်ကောင်းတွေလည်း တောင်းခံစေခဲ့တယ် …”