သူ အလုပ်ကြိုးစားလို့ သူမ စွန့်ခွာသွားခဲ့တယ်
Vol. 24 Ch. 239
သာယာတဲ့ ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီးက သူမ၏ ခင်ပွန်းထံ ချက်ချင်း ဖုန်းခေါ်ပြီး ဆူဆဲကြိမ်းမောင်းချင်စိတ်များပင် ဖြစ်ပေါ်သွားခဲ့သည်။
ထိုအချိန်၌ သူမမှာ အနာဂတ်သို့ ကိုယ်တိုင် ရောက်ရှိသွားသည့်နှယ် ခံစားနေရလေသည်။
သူမ သမီးကြီး၏ စည်းကမ်းမလိုက်နာမှုက သူမ၏ အသည်းနှလုံးကို ဓားနှင့်ကောင်းကောင်းကြီး မွှန်းဖို့ လုံလောက်နေပြီး ဖြစ်၏။ အဘယ်ကြောင့် သူမ၏ ခင်ပွန်းကပါ တစ်စိတ်တစ်ပိုင်း ပါဝင်လာရသနည်း။
ချန်ယွီ့ ပြောသည့်အတိုင်းဆိုလျှင် သမီးကြီး၏ ကောင်လေးက ခင်ပွန်းဖြစ်သူ၏ အဓိကကျသည့် အကူအညီတို့ကြောင့်သာ နိုင်ငံ့ဝန်ထမ်း စာမေးပွဲကို အောင်မြင်သွားခဲ့ခြင်းပင်။
အကယ်၍ သူမ အမျိုးသား၏ အကူအညီသာ မပါဝင်ခဲ့ဘူးဆိုလျှင် ထိုကောင်လေးသည်လည်း သူ့ဘဝတွင် ထိုသို့သော အောင်မြင်မှုမျိုးကို ရရှိလာနိုင်မှာ မဟုတ်ျေခ။
ဒါပေမယ့် သူ့ သမီးက အဲ့တာကို ဘာလို့ မင်္ဂလာလက်ထပ်ပွဲကြီမှာ ထွက်ပြေးသွားခဲ့ရတာလဲ … မဟုတ်မှလွဲရော ….
“ ကျွန်မ နားလည်သွားပြီ ….”
သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီးက ရုတ်ချည်း ဟိန်းဟောက်လိုက်၏။
သူမ သမီးကြီးနှင့် ကောင်လေးကြားတွင် ကြီးမားသည့် အဆင့်အတန်း ကွာဟမှုတစ်ခုက ရှိနေသည်။
ယောက္ခဖြစ်သူထံကလည်း အနိုင်ကျင့်ခံခဲ့ရသဖြင့် သူ၏ မကောင်းသည့် ခံစားချက်တို့က ကိုယ်ထိလက်ရောက် ကျူးလွန် အကြမ်းဖက်မှု တစ်ခု အဖြစ်သို့ ကူးပြောင်းသွားဟန်ရသည်။
လက်ထပ်ပြီးနောက်တွင် ထိုကဲ့သို့သော ကိစ္စများကို စိုးရိမ်သောကြောင့် မင်္ဂလာလက်ထပ်ပွဲက ထွက်ပြေးသွားဟန်ရ၏။
“ သာမန်လူတွေက ကောင်းမွန်တဲ့ ပညာရေးကို မသင်ကြားခဲ့ရဘူး … ပြီးတော့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအရ ခံနိုင်ရည်စွမ်းအားကလည်း အထက်တန်းလွှာတွေနဲ့ အတော်လေး ကွဲပြားလွန်းတယ် …”
“ ကိုယ့်ထက်သာတဲ့ လူနဲ့ အတူနေနေရရင် မဟုတ်ဘူးဆိုရင်တောင် အနည်းနဲ့အများတော့ သိမ်ငယ်စိတ်ဝင်မိမှာ အမှန်ပဲ … အဲ့ဒီရဲ့ သိမ်ငယ်စိတ်က ကြမ်းကြုတ်မှုအသွင်ကို ကူးပြောင်းသွားတယ် … အဲ့ဒီ သိမ်ငယ်စိတ်တွေကို ကျွန်မ သမီးအပေါ် ဒေါသနဲ့ တုံ့ပြန်မယ်ဆိုတာ ကျွန်မ မြေကြီးလက်နဲ့ပုတ်ပြီး ပြောရဲတယ် …”
သာယာတဲ့ ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီးက သေချာသည့် လေသံဖြင့် ကြေညာလိုက်သည်။
ချန်ယွီ့ သက်ပြင်းချလိုက်၏။
သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့အမျိုးက လွန်ကဲသည့် စိတ်စိုးရိမ်ပူပန်မှုနှင့် တစ်ဖက်သူအပေါ် သံသယများတတ်သည့် စိတ်ဝေဒနာရှင်တစ်ဦးပင်။
သူမအမြင်တွင် သာမန်လူတို့၌ ပြဿနာတို့ များစွာရှိသည်။ ကနေဦးအစပိုင်းတွင် သူမအား စာနာငဲ့ညှာပေးခဲ့ကြသည့် ကြည့်ရှုသူများပင် ယခုအချိန်၌ ဘက်ပြောင်းပြီး ရပ်တည်ကုန်ကြ၏။
သူမ၏ သဘောထားအပြုအမူတို့က ချန်ယွီ့ သုံးသပ်ကောက်ချက်ချသည့်အတိုင်း တစ်ထေရာတည်း ဖြစ်နေသည်။ သူမက နှုတ်ပြောအရသာ အဆင့်အတန်း ခွဲခြားခြင်း မရှိဘူးဆိုပါသော်လည်း ရင်ထဲတွင်တော့ သာမန်လူများအပေါ် အထင်အမြင်သေးပြီး အထက်တန်းလွှာများကိုတော့ ပစားပေးထားသည်။
အထက်တန်းလွှာများက ကောင်းသည်။ သို့ပေမယ့် သာမန်လူများကတော့ နေ့စဉ်နှင့်အမျှ ပြဿနာပေါင်းစုံနှင့် လုံးပန်းနေရသူများဖြစ်၏။
သူမအဖို့ … သာမန်လူဖြစ်ရခြင်း ‘ငရဲ’ ကျရခြင်းနှင့် မခြားပေ။
“ ဒေါက်တာချန် … ကျွန်မပြောတာ မှန်တယ်ဟုတ် ….”
“ ကျွန်မ သမီး လက်ထပ်ပွဲကနေ ထွက်ပြေးသွားခဲ့တာက သူ့ရဲ့ အကြမ်းဖက်မှုတွေကို သည်းမခံနိုင်တော့လို့ ဟုတ်တယ်မလား ….”
ချန်ယွီ့ ခေါင်းခါယမ်းလိုက်သည်။
“ ဒီရဲ့လူနာ … ကျေးဇူးပြုပြီး စိတ်ကို ငြိမ်ငြိမ်ထားပါ … ခင်များရဲ့ အတွေးလွန်မှုက ခင်များရဲ့ လက်ရှိအခြေအနေအတွက် ဘာတစ်ခုမှ မကောင်းဘူး … အဲ့ဒီအစား ကိုယ့်ရဲ့ အခြေအနေကိုပဲ ပိုဆိုးလာစေဖို့ ရှိတယ် ….”
“ ခင်များရဲ့ အတွေးတွေက အရမ်း အစွန်းရောက်လွန်းနေတယ် ….”
“ သာမန်လူနဲ့ အကြမ်းဖက်မှုကြားထဲမှာ ညီမျှခြင်း သင်္ကေတ တစ်ခု ရေးဆွဲဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး ….”
“ ခင်များသမီးရဲ့ ကောင်လေးက ကိုယ်နှုတ် မကြမ်းတမ်းဘူး … ပြီးတော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံခိုင်အားကလည်း မနိမ့်ပါးဘူး …”
“ အဲ့တာရဲ့ ဆန့်ကျင်ဘက် တစ်ချို့နေရာမှာတွေမှာ သူ့ရဲ့ ခံနိုင်ရည်စွမ်းအားက ခင်များသမီးထက်တောင် ပိုသာနေသေးတယ် ….”
“ အခုကြည့်နေတဲ့လူတွေလည်း ခင်များတို့ထဲ နိုင်ငံ့ဝန်ထမ်း စာမေးပွဲကို ဝင်ဖြေဖို့ ကြိုးစားဖူးတဲ့လူတွေဆိုရင် အဲ့ဒီ စာမေးပွဲက ကောလိပ်ဝင်ခွင့်စာမေးထက်ကို အများကြီး ပိုခက်ခဲတာကို သိကြမှာပါ ….”
“ စိတ်ဓာတ်ကသာ မကြံ့ခိုင်ဘူးဆိုရင် အဲ့ဒီဖိအားကို အဆုံးထိ ကိုင်တွယ်သွားဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး …”
သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက စိတ်ကို တည်ငြိမ်အောင် လုပ်ဖို့ ကြိုးစားနေစဉ် ချန်ယွီ့က စကားကို ဆက်ပြောနေခဲ့၏။
“ ခင်များ သမီး လက်ထပ်ပွဲက ထွက်ပြေးသွားခဲ့တာ သူ့ကောင်လေးက တစ်ခြားတစ်ယောက်ရဲ့ ပုံစံ ပြောင်းလဲလာခဲ့လို့ပဲ ….”
“ ခင်များသမီး သူ့ကို ရွေးချယ်ခဲ့တဲ့ အကြောင်းအရင်းက သူ့အဖေရဲ့ အရိပ်ကို အဲ့ဒီကောင်လေးဆီမှာ မြင်နေရလို့ ….”
“ ပြီးတော့ သူနဲ့အတူ ရှိနေရင် သက်တောင့်သက်သာ ဖြစ်တယ်လို့လည်း ခံစားရတာကြောင့်မို့ ….”
“ ခင်များ ပါဝင်ပတ်သက်လာတဲ့ အချိန်မှာတော့ အခြေအနေတွေက ပြောင်းလဲသွားခဲ့တယ် ….”
“ သူ စပြီး ကြိုးစားလာတယ် … သူ့ရဲ့ ကြိုးစားမှုတွေကနေတစ်ဆင့် နိုင်ငံ့ဝန်ထမ်း စာမေးပွဲကို အောင်မြင်ပြီး ခင်များကို သူက အမှိုက်မဟုတ်တဲ့အကြောင်း သက်သေပြချင်တယ် …..”
“ စစချင်းမှာတော့ ခင်များသမီးရဲ့ ကောင်လေးက နိုင်ငံ့ဝန်ထမ်း စာမေးပွဲဝင်ဖြေဖို့လုပ်တာက ခင်များမျက်နှာကို ဖြတ်ရိုက်ချင်လို့ပဲ … “
“ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အဲ့လို ကြိုးစားရင်းကနေ စာမေးပွဲအောင်ပြီး အဆင့်အတန်း တစ်ခု ရချင်လာတယ် ….’
“ ကောင်လေးက ကြိုးစားပြီးရင်း ကြိုးစားနေတဲ့အချိန်မှာ ခင်များ သမီးအပေါ် ဖိအားကလည်း တစ်နေ့တစ်ခြား များပြားလာခဲ့တယ် ….”
“ အဲ့ဒီ ဖိအားတွေက ခင်များသမီးကို ရှုပ်ထွေးပြီး စိတ်ဓာတ်ကျသွားစေတယ် ….”
“ နေ့တိုင်းနေ့ သူ့ကောင်လေးက မအိပ်နိုင် ၊ မစားနိုင် ၊ စာပဲကြည့်နေတာကို မြင်တော့ ခင်များသမီးက သူ့အတိတ်ပုံရိပ်ကို ကိုယ်တိုင် မြင်တွေ့နေရသလို ခံစားနေရတယ် ….”
“ ဒီလို ဘဝကြီးကို သူ သိပ်ပင်ပန်းလွန်းနေပြီ …”
“ သူမ လက်ထပ်ပြီးလို့ ကလေးရလာတဲ့အချိန်ကျရင် ကလေးကလည်း ခင်ပွန်းဖြစ်သူရဲ့ စိတ်ဆန္ဒကြောင့် အထက်တန်းလွှာ ကလေးတစ်ဦး ဖြစ်သွားမှာကို သိပ်စိုးရိမ်မိတယ် ….”
“ ဖိအားမြင့် ပညာရေးစနစ် ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရတဲ့ ခင်များရဲ့သမီးက လွတ်လပ်မှုကို လူတိုင်းထက်ကို ပိုပြီး လိုလားတောင့်တတယ် … အပူပင်ကြောင့်ကြမဲ့တဲ့ ဘဝကို အလိုရှိတယ် …”
နှစ်ပေါင်းများစွာ အလုပ်ကြိုးစားပြီးနောက်တွင် သူမ၏ ချစ်သူကောင်လေးက ဆိုရှယ်လူမှုရေး အဆင့်နေရာတစ်ခုသို့ လွှားခနဲ ခုန်ပေါက်ရောက်ရှိလာသည်။
မင်္ဂလာ လက်ထပ်ပွဲနေ့မှာပဲ သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီး၏ သမီးကြီးက ချစ်သူကောင်လေးကို နှုတ်ဆက်စကားပင် မဆိုဘဲ မင်္ဂလာပွဲကနေ ထွက်ပြေးလာခဲ့သည်။
သမီးဖြစ်သူက အဆိုပါ အကြောင်းပြချက်အတွက်ကြောင့်နှင့် လက်ထပ်ပွဲကနေ ထွက်ပြေးသွားခဲ့ကြောင်း သိရှိလိုက်ရတော့ တစ်စုံတစ်ဦးက သူမခေါင်းပေါ်သို့ ရေအေးအေးကြီး တစ်ပုံးနှင့် လောင်းချလိုက်သည့်နှယ် ခံစားလိုက်ရသည်.
သူမ မရေမတွက်နိုင်သည့် ဖြစ်နိုင်ချေ ပေါင်းစုံကို စဉ်းစားကြည့်ခဲ့ဖူးည်။
သို့ပေမယ့် သမီးဖြစ်သူက သူ့ကောင်လေး နာမည်တစ်လုံး ဖန်တီးနိုင်ချိန်တွင် ထိုဖိအားကြောင့် ထွက်ပြေးသွားလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့သည်မှာ အမှန်ပင်။
စခရင်နောက်ကွယ်တွင် ရှိနေကြသည့် သန်းနှင့်ချီသည့် ကြည့်ရှုသူများကလည်း ဤသို့ဖြစ်မည်ကို ထင်မှတ်မထားခဲ့ကြချေ။
ထင်ပေါ်ကျော်ကြားမှုဆိုသည်မှာ ကောင်းချီး တစ်မျိုးဖြစ်၏။ သို့ပေမယ့်လည်း ဤချစ်သူ နှစ်ဦးကတော့ ထိုအကြောင်းအရင်းကြောင့်ပဲ လမ်းခွဲသွားခဲ့ကြရသည်။
ချန်ယွီ့ ရေနောက်တစ်ကျိုက် ထပ်သောက်လိုက်၏။
“ ခင်များရဲ့ သမီး ရူးသွားပြီလို့ ခင်များတော့ ထင်နေမှာပေါ့ ဟုတ်တယ်မလာ ….”
“ သူ လုပ်နေတဲ့ လုပ်ရပ်တိုင်းက သူ မလုပ်သင့်တဲ့ အရာတွေချည်းပဲ ….”
“ သူ ဘာကြောင့် ဒီလိုမျိုး ဖြစ်လာခဲ့ရလဲဆိုတာကိုရော ခင်များ သိချင်ဖူးလား ….”
“ သူမ ငယ်ငယ်လေးတုန်းကတည်းက နားထဲမှာ ဖန်တရာတေနေအောင် ကြားနေရတဲ့ စကားလုံးတွေက ‘ ရုန်းကန်လှုပ်ရှားမှု ‘ ၊ ‘ အားနည်းသူက အားကြီးသူရဲ့ သားကောင်ဖြစ်ရမှု ‘ ၊ ‘ အသန်မာဆုံးလူကသာ ရှင်သန်နိုင်မှု ‘ … အဲ့သလို စကားလုံးတွေချည်းပဲ …”
“ ကလေးက ကြိုးစားမှပဲ အထက်တန်းလွှာ ဖြစ်မယ်လို့ ခင်များ ယုံကြည်တယ် …”
“ ဆိုရှယ်လူမှုရေး အဆင့်အတန်းမှာပဲ ဖြစ်ဖြစ်၊ စီးပွားရေး အဆင့်အတန်းမှာပဲ ဖြစ်ဖြစ် ၊ ကိုယ့်ဘက်က တိုက်ခိုက်ယူရမယ် ….”
“ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ရှိတဲ့လူတွေထဲ ပျင်းတဲ့လူ တစ်ယောက်မှ မပါဘူး … လူတိုင်းက တိုက်ခိုက်နေကြတယ် … ပြီးတော့ သူတို့ရဲ့ တိုက်ပွဲတွေကလည်း ဘယ်တော့မှ ပြီးဆုံးသွားမှာ မဟုတ်ဘူး ….”
“ သာမန်လူတွေက ဘာကြောင့် သာမန်အတိုင်းပဲ ရှိနေရသလဲ ….”
ထိုအချိန်၌ ချန်ယွီ့က ကြည့်ရှုသူများဘက်သို့ လှည့်ကြည့်လိုက်သည်။
သူ့လိုက်စထွင်းထဲတွင် လူပေါင်း ခြောက်သန်းနီးပါးခန့် ရှိနေကြ၏။
သူတို့ထဲ ဘယ်လောက်များများကများ သာယာတဲ့ ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီးရဲ့ စံနှုန်းနဲ့ ကိုက်ညီမယ့်လူ ဘယ်နှယောက်များ ပါဝင်နိုင်မှာ …
လူတစ်ရာတောင် ပြည့်လောက်မယ်မထင်ဘူး …
“ ခင်များရဲ့ အမြင်မှာ သူတို့တွေက ပျင်းရိပြီး တိုးတက်ကြီးပွားလိုစိတ် မရှိကြတာကြောင့်ပဲ ….”
“ ဒီလူတွေ ဘဝကို ကြုံရာကျပန်း အခြေအနေနဲ့ ဖြတ်သန်းနေတယ်ဆိုတာက သူတို့ရဲ့ ကိုယ်ပိုင် ဘဝတွေကို လက်မြှောက်အရှုံးပေးလိုက်တာနဲ့ အတူတူပဲ ….”
“ ခင်များရဲ့ သမီးကို သာမန်လူတွေမှာက ပျင်းရိမှုတွေ ၊ တိုးတက်လိုစိတ် ကင်းမဲ့မှုတွေ ၊ negative energy တွေနဲ့ပဲ ပြည့်နှက်နေတယ်လို့ အကြိမ်မရေမတွက်နိုင်အောင် ပြောပြခဲ့ဖူးတယ် ….”
“ တကယ်လို့ သူတို့နဲ့သာ အတူနေမယ်ဆိုရင် ကိုယ်ကလည်း အဲ့ဒီ energy တွေရဲ့ သက်ရောက်မှုကို ခံရပြီး သူတို့လိုမျိုး အရှုံးသမားတွေ ဖြစ်သွားလိမ့်မယ် ….”
“ အထက်တန်းလွှာ ပညာရေးကို လက်ခံမှပဲ ကိုယ်က အောင်မြင်နိုင်မယ် …”
“ ခင်များရဲ့သမီး သူ့ လက်ထပ်ပွဲကနေ ထွက်ပြေးလာပြီးတဲ့နောက်မှာ ခင်များနဲ့ စကားတွေ အကြာကြီးပြောခဲ့တယ် … သူ့ ဒီတစ်လျှောက်လုံး ရှိခဲ့တဲ့ သူ့အတွေးတွေကိုပေါ့ ….”
“ ခင်များကတော့ နားလည်မပေးရုံတင် မကဘူး … သူ့ကိုပါ ဦးနှောက်နဲ့ အာရုံကြောဆရာဝန်ဆီ ခေါ်သွားပြီး ဆေးစစ်ခဲ့တယ် … သူ့ဦးနှောက် တစ်ခုခု မှားယွင်းနေပြီ အထင်နဲ့ပေါ့ ….”
“ဆေးရုံက စစ်ဆေးပြီးတဲ့နောက်မှာ ခင်များသမီးရဲ့ ဦးနှောက်နဲ့ ပတ်သက်လို့ ဘာကမှ မှားယွင်းမနေဘူး … စိတ်အခြေအနေကလည်း သာမန်လို့ ပြနေတယ် … အဲ့နောက်မှာ ခင်များက သမီးကို တစ်ကနေပြန်စပြီး နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ စေခိုင်းခဲ့တယ် ….”
“ အဲ့တုန်းက သူ့အသက် ၃၀ တောင် မပြည့်သေးတော့ တကယ်လို့ ပြန်စဦးမယ်ဆိုရင် အခွင့်အရေးက ရှိသေးတယ် …”
“ အဲ့မှာ ခင်များရဲ့ သမီးက ခင်များက လုံးဝ လုံးဝ စိတ်ပျက်သွားခဲ့တယ် …”
“ သူ ခင်များကို အဲ့စကားတွေ ပြောပြခဲ့တယ်ဆိုတာ သူ့ကို နားလည်ပေးစေချင်လို့ ၊ သူ့ဘဝထဲ ခင်များကို ဝင်မစွက်ဖက်စေချင်လို့ ၊ သူ့ ဘဝနဲ့သူ နေချင်လို့ ….၊
“ ခင်များတို့နှစ်ဦး မခွဲခွာခင်မှာ ခင်များက သားအမိ ဆက်ဆံရေးကို လုံးဝ ပြတ်ဆဲသွားစေမယ့် စကားခွန်းတစ်ချို့ ပြောဆိုခဲ့သေးတယ် ….”
အပြင်လူက မိသားစုရေး ကိစ္စများကို ဝင်စွက်ဖက်လို့ မသင့်သော်ငြားလည်း ချန်ယွီ့တွင်ကား ရွေးချယ်စရာမရှိ။ သူ ပြောသင့်တာကိုတော့ ပြောရမှာပဲ ဖြစ်၏။
သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီး၏ အနာဂတ်နှင့် ပတ်သက်၍ သူ အကြောင်းအရာမျိုးစုံကို မြင်တွေ့ခဲ့ရသည်။
ထိုသို့သော ဖြစ်ရပ်များ ဖြစ်ပေါ်လာခြင်းမှ ကာကွယ်တားဆီးလိုသော မျှော်လင့်ချက်ဖြင့် ချန်ယွီ့ ထုတ်ပြောခဲ့၏။
“ ကျွန်မက ဘာပြောခဲ့တာ ….”
သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက မေးလိုက်သည်။
သမီးနဲ့ သူမရဲ့ ဆက်ဆံရေး ပြတ်တောက်သွားရလောက်သည်အထိ သူမ ဘာတွေများ ပြောဆိုလိမ့်မလဲဆိုတာကို သူမကိုယ်တိုင်လည်း သိချင်နေခဲ့မိ၏။
သူမ ပြုခဲ့သမျှ အရာရာတိုင်းက သမီးဖြစ်သူ ကောင်းစားဖို့ အတွက်ချည်းပင်။ သို့တိုင် အဘယ်ကြောင့် ယခုလို ကိစ္စများ ဖြစ်လာခဲ့ရသနည်း။
သမီးက သူမရဲ့ မိသားစုထဲမှာ ရှိမနေတော့ဘဲ သူစိမ်းတွေ ဖြစ်လာမယ် …
သူမရဲ့ ဘဝကလည်း သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့ရတယ် …
မင်္ဂလာလက်ထပ်ပွဲကိုတောင် ကလေးကစားသလို သဘောထားပြီး မင်္ဂလာပွဲကနေ ဘာမဟုတ်တဲ့အတိုင်း ထွက်ပြေးလာခဲ့တယ် …
အဆုံးသတ်မှာကျတော့ သူမတို့ နှစ်ဦးရဲ့ ပတ်သက်ဆက်နွယ်မှုကတောင် ပြတ်တောက်သွားခဲ့ရတယ်ဆိုပဲ။