← Chapters

အမှန်တရားကိုပဲ ပြောပါ

Vol. 24 Ch. 232

အမှန်တရားကိုပဲ ပြောပါ

Vol. 24 Ch. 232

“ ကျွန်မဆို အရင်က ပူပင်ကြောင့်ကြမဲ့တဲ့ မိန်းကလေး … ပစ္စုပ္ပန်မှာပဲ ပျော်အောင်နေတယ် … ခေတ်ရေစီးကြောင်းနောက်လည်း လိုက်တယ် ….”

“ ဒါပေမယ့် ကလေး ရှိလာပြီဆိုကတည်းက ကျွန်မ နေ့တိုင်းနေ့ တွေးပူရဆုံးက ကျွန်မကိုယ်ကျွန်မလည်း မဟုတ်တော့ဘူး … အမျိုးသားကိုလည်း မဟုတ်တော့ဘူး … ဒီကလေးအတွက်ချည်းပဲ ….”

“ ဆိုရှယ်မီဒီယာတွေ၊ ဂိမ်းတွေ၊ ဈေးဝယ်ထွက်တာတွေ … ဘာကိုမှ စိတ်မဝင်စားတော့ဘူး ….”

“ ကလေး ဒီရဲ့ မူလတန်းကျောင်းကို တက်နိုင်ဖို့အတွက် ကျွန်မရဲ့ အလုပ်ကတောင် နှုတ်ထွက်ခဲ့တာ ….”

“ ကျွန်မရဲ့ အချိန်တွေ အကုန်လုံးကို သူ့ကို စာသင်ပေးရင်းနဲ့ ကုန်ဆုံးခဲ့တယ် ….”

“ ကလေး ရလာပြီးတဲ့နောက်မှာ ကျွန်မရဲ့ တာဝန်သိစိတ်ကလည်း ပိုပိုပြီးတော့ ပြင်းထန်လာခဲ့တယ် …..”

“ သမီးကတော့ ကျွန်မသူ့အတွက် ဘာတွေ လုပ်ပေးနေလဲဆိုတာကို နားလည်မှာ မဟုတ်ဘူး … ကျွန်မရဲ့ ယောက်ျားကတောင် အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ဘူး ….”

“ ကျွန်မဘေးနားဝန်းကျင်က လူတွေလည်း နားမလည်ဘူး … ကျွန်မတစ်ဦးတည်းပဲ နားလည်တယ် ….”

“ ကျောင်းကောင်းကောင်း တက်နိုင်မှပဲ အနာဂတ်ကောင်းကောင်း ရှိမယ် …”

“ နာမည်ကြီးကျောင်းကို မတက်နိုင်ဘူးဆိုရင် ကလေးရဲ့ ဘဝကလည်း ပျက်ပြီပဲ …. သူ ရင်းနှီးကျွမ်းဝင်လာတဲ့ လူတွေက သာမန်လူတွေ ဖြစ်လာမယ် …”

“ မကောင်းတဲ့လူတွေနဲ့ ပေါင်းသင်းမိမယ် … အဲ့မှာ လမ်းမှားတွေရောက်၊ မကောင်းတာတွေလုပ် ၊ ရာဇဝတ်မှုတွေကျူးလွန်၊ ဘဝကြီးက စုတ်ပြတ်သတ် …..”

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက သူ့သမီးလေးအတွက် လုပ်ပေးခဲ့သည့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။

မူလ ပြင်ဆင်ထားသည့် ယွမ်လေးသိန်းကို ရင်နှီးမြုပ်နှံမှုထဲ ထည့်ထားပါသော်လည်း ထင်မှတ်မထားစွာဖြင့် ထိုကုမ္ပဏီက ပိုက်ဆံများ ပိုက်ပြီး ထွက်ပြေးသွားခဲ့သည်။

သူမခင်ပွန်း၏ တစ်နှစ်လစာ ယွမ်တစ်သန်းကလည်း သူတို့ မိသားစုအတွက် လောက်ငှရုံမျှသာ ရှိလေသည်။ တစ်နှစ်ကို ယွမ် တစ်သိန်း ၊ နှစ်သိန်း ခန့်မျှသာ စုမိဆောင်းမိ၏။

ကလေးက နာမည်ကြီး မူလတန်းကျောင်းသို့ တက်ရောက်သည်နှင့် နောင်အနာဂတ်တွင် ပိုက်ဆံကို ပိုသုံးရန် လိုအပ်သည့် နေရာများ ရှိလာနိုင်သည်။

သူမ၏ အမျိုးသားက ကြီးပွားမှုကို လောဘမရှိသည့် လူစားမျိုးပင်။ တစ်နှစ်လစာ ယွမ် တစ်သန်းက သူ့မိသားစုကို ကောင်းကောင်းကြီး ပံ့ပိုးပေးဖို့ရာအတွက် လုံလောက်ပြီဟု ထင်နေသည်။

အကယ်၍များ နာမည်ကြီးကျောင်းသို့ တက်ရောက်ပြီးနောက် ကလေး၏ ကုန်ကျစရိတ်သည် ခန့်မှန်း၍ မရနိုင်မည်ကို သိခဲ့လျှင်တော့ဖြင့် ….

ပိတ်ရက် အတန်းများက ဤအတိုင်း အစမျှသာ ရှိသေးသည်။

နွေနှင့် ဆောင်းရာသီ အားလပ်ရက်များတွင် ကျောင်းက အမျိုးမျိုးသော လှုပ်ရှားမှုများကို ဦးဆောင်ကျင်းပပေး၏။

အဆိုပါ လှုပ်ရှားမှုများက မိမိတို့ နိုင်ငံတွင်းမှာပဲ ကန့်သတ်နေမှာ မဟုတ်ချေ။ ကလေးများကို နိုင်ငံခြား သွားဖို့ အထိပါ လုပ်ပေးကြမှာ ဖြစ်၏။

ဤနေရာများအားလုံးတွင် ပိုက်ဆံ လိုသည်။

သူမ ခင်ပွန်းကလည်း တိုးတက်အောင် မပြုလုပ်ချင်သဖြင့် သူမဘာသူမပဲ နည်းလမ်းကြံဆရတော့သည်။

တိုက်ဆိုင်ချင်းသားကောင်းစွာဖြင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးက ငွေ အမြတ် ကျိန်းသေပေါက် ရရှိမည့် ပရောဂျက် တစ်ခုနှင့် မိတ်ဆက်ပေးလာသည်။

သူမဘက်ကလည်း ယွမ် လေးသိန်းကို မျက်လုံးမှိတ်ပြီး ရင်းနှီးမြုပ်နှံလိုက်သည်။

များမကြာမီ ငွေများအားလုံး သဲထဲရေသွန် ဖြစ်သွားခဲ့၏။

နှစ်ကုန်ပိုင်းတွင် ရမည့် ပိုက်ဆံကတော့ … သူမ ခင်ပွန်း၏ နှစ်ကုန် ဘောနပ်စ်ကို ဆိုလိုခြင်း ဖြစ်၏။

ဘောနပ်စ်က ယွမ်လေးသိန်းခန့်မျှ ရှိသည်။

“ သာမန် အလယ်အလတ်တန်း ကျောင်းသားလေးကတော့ ကြက်သီးမွေးညင်းတွေ ဖြန်းနေပြီ ….”

“ ဒီနေ့ ဒေါက်တာချန်ရဲ့ လိုက်စထွင်းကို ကြည့်လိုက်ရတာ ကမ္ဘာအသစ် တစ်ခုထဲကို ဝင်ရောက်သွားလိုက်ရသလိုပဲ … ပြိုင်ကားတွေ ၊ စံအိမ်တွေနဲ့ တီဗွီရှိုးတွေ ၊ ငွေကိုရေလိုဖြုန်းပြတဲ့ ဒုတိယမျိုးဆက် သူဌေးသား စထွင်မာတွေရဲ့ လိုက်စထွင်းကတောင် ဒီခုလိုက်စထွင်းလောက် impact မများဘူး ….”

“ မိန်းမရေ … ကိုယ်တို့တော့ အလုပ်ကို ဒီထက် နှစ်ဆ ကြိုးစားသင့်ပြီ ထင်တယ် … အဲ့လိုမှပဲ ကိုယ်တို့ ကလေးလေး နောင်ကျရင် နာမည်ကြီးကျောင်းကို တက်နိုင်မှာ …..”

“ ဘွဲ့ရကျောင်းသားတွေလည်း ကြောက်လန့်တုန်ယင်နေပါပြီ … ငါ မွေးလာပြီးကတည်းက အခုချိန်ထိ ကျူရှင်စရိတ်တွေ ပေါင်းကြည့်လိုက်ရင်တောင် ယွမ် လေးသိန်းမပြည့်ဘူး ….”

“ ငါ့မှာ ပိုက်ဆံရှိလာခဲ့ရင် ငါ့ကလေးကို ရထားလက်မှတ် တစ်စောင် ဝယ်ပေးမယ် … ပြီးရင် သူ့ကို ကမ္ဘာကြီးရဲ့ တစ်ဖက်ခြမ်းက ဘယ်လိုတွေရှိလဲဆိုတာ ပြသပေးမယ် ….”

“ လူချမ်းသာတွေက သေမတတ် စိုးရိမ်ပူပန်နေချိန်မှာ ငါတို့လို လူသာမန်တွေကတော့ ကွာစေ့လေးကိုက်ရင်း ရှိုးကြည့်နေကြတယ်ဆိုပဲ …. ဟားဟား …”

ကြည့်ရှုသူအများအပြားသည် ယနေ့မှပဲ တစ်နှစ်ကို ယွမ်တစ်သန်း ရှာနိုင်သည့် လူလတ်တန်းစား မိသားစု၏ ဘဝအခြေအနေသည် ၎င်းတို့လို သာမန်လူတန်းစားများထက်ပင် ခက်ခဲနေသည်ကို ယနေ့မှပဲ သတိပြုမိသွားခဲ့ကြသည်။

သို့ပေမယ့် ဤသို့သော ဒုက္ခမျိုးတွင် အနည်းနှင့်အများတော့ မိမိကိုယ်ကို ဒုက္ခပေးမှုတို့လည်း ပါဝင်နေသည်။

“ ဒေါက်တာချန် … ကျွန်မကို ငွေ အမြန် ရှာလို့ရမယ့် နည်းလမ်းကောင်းလေး တစ်ခုလောက် ညွှန်ပြပေးပါလားဟင် …”

“ ကျွန်မ သိပ်အများကြီး မလိုချင်ပါဘူး … လေးသိန်းဆိုရင် အဆင်ပြေပါပြီ…”

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက ချန်ယွီ့ကို သူမ ဖြတ်သန်းခဲ့ရသည့် ခက်ခဲမှု အတွေ့အကြုံများအား ပြောပြီးနောက်တွင် သူမ၏ စိုးရိမ်ပူပန်မှုတို့က အနည်းငယ် လျော့ပါး သက်သာသွားခဲ့သည်။

ထို့နောက်မှာပဲ သူ၏ လာရင်း ရည်ရွယ်ချက်က မပြီးမြောက်သေးကြောင်း သတိရသွားခဲ့၏။

ကြည့်ရှုသူ အများအပြားကလည်း သူတို့ နားရွက်များကို အတတ်နိုင်ဆုံး စွင့်ထားကြသည်။

အကယ်၍ ချန်ယွီ့ကသာ နည်းလမ်းကောင်းတစ်ခုကို ပြောပြပေးခဲ့မည်ဆိုပါက သူတို့သည်လည်း ရှယ်ယာပါမည်။

ငွေပိုငွေလျှံရှိသူများကလည်း သူတို့၏ ကွန်ပျူတာ စပီကာများ ၊ ဒါမှမဟုတ် ဖုန်းစပီကာများကို အသံအမြင့်ဆုံး ချဲ့တင်လိုက်ကြသည်။

ချန်ယွီ့ စကား တစ်ခွန်းလေးကိုပင် နားကြားလွဲသွားမှာကို စိုးရွံ့နေခဲ့ကြ၏။

“ ဒီရဲ့လူနာ ….” ချန်ယွီ့က မထေ့တထေ့ ကျီစယ်သည့် အမူအရာဖြင့် “ ခင်များက အတော်လေး စိုးရိမ်ပူပန်တဲ့ ဒုက္ခဝေဒနာကို ခံစားနေရတာပဲ … ခင်များရဲ့ စိုးရိမ်ပူပန်မှုကို ကုသပေးဖို့အတွက် လိုအပ်နေတာ ပိုက်ဆံ မဟုတ်ဘူး …သိပ္ပံနည်းကျ အဆင့်အဆင့် စနစ်တကျ ကုသပေးမှုပဲ …”

“ ကျွန်မလည်း ကိုယ်ကိုယ့်ကို အတော်လေး စိုးရိမ်ပူပန်နေမှန်း ကျွန်မသိတယ် ဒေါက်တာချန် … ရှင် ကျွန်မကို ကုသပေးချင်တယ်ဆိုလည်း ရတယ် … ဒါပေမယ့် ကျွန်မ အခု လိုအပ်နေဆုံးက ပိုက်ဆံပဲ….”

“ ကျွန်မတောင်းဆိုနေတာပါ … ဟုတ်ပြီလား ….” အမျိုးသမီးက တောင်းပန်လိုက်၏။

“ ကျွန်မ ဒီငွေလေးသိန်းကို လဝက်တည်းနဲ့ ဘယ်လိုရအောင် ရှာရမလဲဟင် ….”

“ ကျွန်မလက်ထဲမှာ တစ်သိန်းပဲ ကျန်တော့လို့ပါ ….”

“ ဟင်း ….”

“ ခင်များက ခင်များသမီးရဲ့ ကျောင်းလခအတွက် ပိုက်ဆံလိုချင်နေတာပဲ ….” ချန်ယွီ့က လေးနက်သည့် အမူအရာဖြင့် ပြောဆိုလိုက်ပြီး “ ခင်များ ဒီသတင်းကို ရိုးရိုးသားသားနဲ့ ခင်များရဲ့ ရင်းနှီးမြုပ်နှံမှုက အဆင်မပြေဖြစ်သွားတဲ့အကြောင်း ပြောပြသင့်တယ် …”

“ ခင်များရဲ့ အမျိုးသားက နည်းနည်းပါးပါး စောဒကတက်လောက်မယ်ဆိုပေမယ့် သူ ခင်များနဲ့တော့ ကွာရှင်းမှာ မဟုတ်ဘူး … ပြီးတော့ ခင်များအပေါ် ဘယ်တော့မှ အေးစက်သွားမှာလည်း မဟုတ်ဘူး ….”

“ ခင်များရဲ့ အမျိုးသားက ခင်များ ဖြုန်းလိုက်တဲ့ ငွေလေးသိန်းကို ခဏအတွင်း ရှာပေးလိမ့်မယ် …”

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီး၏ အမူအရာမှာ မယုံကြည်နိုင် ဖြစ်သွားခဲ့ပြီး “ ကျွန်မ ယောက်ျားက အဲ့ငွေတွေကို ပြန်ဖာထေးပေးနိုင်မယ်ပေါ့ ဟုတ်လား ….”

ထိုသို့ပြောဆိုပြီးနောက် သူမ၏ ခေါင်းကို တရစပ် ခါယမ်းလိုက်သည်။

“ မဖြစ်နိုင်ဘူး … အိမ်မှာ ကျွန်မကပဲ ငွေကိုင်တာ ….”

“ ယောက်ျားရဲ့ တစ်နှစ်ဝင်ငွေက ယွမ်တစ်သန်းကို နည်းနည်းလေးပဲ ပိုတယ် ….”

“ နှစ်ကုန် ဘောနပ်စ် ယွမ်လေးသိန်းအပြင် ကုမ္ပဏီက သူ့ကို တစ်လ ယွမ် ငါးသောင်းပေးတယ် ….”

“ တစ်သောင်းကိုတော့ မုန့်ဖိုးယူထားပြီး ကျန်တာ အကုန်လုံး ကျွန်မလက်ထဲ အပ်တယ် ….”

“ သူ့မှာ စုထားတာတွေ ရှိတယ်ဆိုရင်တောင် လေးသိန်းစုနိုင်ဖို့အထိကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး….”

“ ပြီးတော့ ဒီနှစ်အစောပိုင်းကတည်းကစပြီး သူ့လက်ထဲရှိတဲ့ ပိုက်ဆံတွေ အကုန်လုံးကို အိမ်ငှားခ ပေးပစ်ပြီးပြီ ….”

ဘာတွေ ဖြစ်နေလဲဆိုတာကို ချန်ယွီ့ နားမလည်မှာ စိုးရိမ်သည့်အတွက် သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက အစမှ စရှင်းပြသည်။

သူမ သမီးလေး အတွက် ရွေးချယ်ထားသည့် နာမည်ကြီးကျောင်းတွင် စာမေးပွဲတစ်ခုနှင့် အင်တာဗျူး ဖြေရသည်။

ကျောင်း ဝင်ခွင့် စာမေးပွဲကို အောင်မြင်ပြီးနောက်တွင် ကလေးနှင့် သူတို့၏ မိဘများက အင်တာဗျူး ဖြေဆိုရလေသည်။

လွန်ခဲ့သော နှစ်ကစပြီး သက်ဆိုင်ရာဌာနများက ကျောင်းကို နီးစပ်ရာ နေရာများတွင် အပ်နှံရမည်ဟူသော စနစ်တစ်ခု ပြဌာန်းခဲ့သည်။

အဆိုပါ စည်းမျဉ်းစည်းကမ်း အသက်ဝင်လာသည်နှင့် ကျောင်း အပ်နှံနိုင်သည့် အကွာအဝေး၏ အကန့်အသတ်က ငါးကီလိုမီတာ ဖြစ်လာသည်။

အဆက်အသွယ်ရှိသည့် မိဘတော်တော်များများက သတင်းကို ကြိုတင်ရရှိကြပြီး ၎င်းတို့၏ အိမ်များကို ကျောင်းနှင့် နီးစပ်ရာသို့ ရွေ့ပြောင်းသွားခဲ့ကြသည်။

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက ထိုသတင်းကို သိရှိသွားသည့်အချိန်တွင် ကျောင်း အနီးတစ်ဝိုက်ရှိ အိမ်များအားလုံးက ရောင်းထွက်သွားခဲ့ပြီး ဖြစ်၏။

အိမ်ဝယ်ဖို့ မပြောနှင့်။ ငှားလို့ရသည့် အိမ်လေးတစ်လုံးပင် မကျန်ရစ်တော့ချေ။

များမကြာမီ သူမ၏ ခင်ပွန်းက သတင်းကောင်းတစ်ခုကို သယ်ဆောင်လာခဲ့ပေး၏။

အိမ်ခြံမြေ အေဂျင်စီတစ်ခုတွင် ကျောင်းနှင့် နီးကပ်သည့် အိမ်တစ်လုံး ရှိပြီး ခင်ပွန်းဖြစ်သူက စာရွက်စာတမ်း ကိစ္စများ အားလုံး လုပ်ဆောင်ပြီး ငှားထားပြီး ဖြစ်လေသည်။

အိမ်နှင့်ကျောင်း၏ အကွာအဝေးကို သက်သေပြနိုင်သည့် အခါမှပဲ သူမတို့ သမီးလေးသည်လည်း ထိုနေရာတွက် ကျောင်းတက်ပိုင်ခွင့် ရရှိတော့သည်။

“ ခင်များရဲ့ ကလေး နာမည်ကြီးကျောင်း တက်နိုင်အောင် ပြဿနာ ဖြေရှင်းပေးခဲ့သူက ခင်များ ယောက်ျား ဟုတ်တယ် …” ချန်ယွီ့ တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်ပြီး “ ဒါပေမယ့် ဒါက ခင်များရဲ့ ယောက်ျားမှာ ပိုက်ဆံရှိတာ မရှိတာနဲ့ မဆိုင်ဘူး ….”

“ ဒေါက်တာချန် ခဏလေး … ကျွန်မ အခု ခေါင်းတွေ တအားရှုပ်နေလို့ ….”

သူမတို့ နှစ်ဦး လက်ထပ်ပြီးနောက်တွင် အမျိုးသားက သူ၏ ဘဏ်စာအုပ်ကို သူမ လက်ထဲ အပ်နှံထား၏။

အခြားသော စုငွေ စာအုပ်များ ရှိထားဖို့ကလည်း မဖြစ်နိုင်ပေ။

ကြည့်ရှုသူများကတော့ စတင် တွက်ချက်နေကြပြီ ဖြစ်၏။

ယွမ်လေးသိန်းကို တစ်ချီတည်း ထုတ်ဖို့ဆိုပါက အမျိုးသမီး၏ ယောက်ျားသည် လွန်ခဲ့သော နှစ်အနည်းငယ်ကစတင်၍ စုဆောင်းထားမှသာ ဖြစ်နိုင်လိမ့်မည်။

သို့ပေမယ့် ဤသည်ကလည်း ဟုတ်တော့ မဟုတ်သေးပေ။

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီး ပြောထားသည့် စကားများအတိုင်းဆိုပါက အိမ်ငှားပြီး နောက်တွင် အိမ်လခကိုလည်း ခင်ပွန်းဖြစ်သူကပဲ လတိုင်း ဆပ်နေရသည်။

အိမ်က မည်သို့သော ပုံစံ အိမ်မျိုး ဖြစ်နေပါစေ၊ နာမည်ကြီးကျောင်းနှင့် နီးကပ်နေသဖြင့် ငှားခက ကျိန်းသေပေါက် ဈေးပေါလိမ့်မှာ မဟုတ်ချေ။

ကျောင်းက နာမည်ကြီးလေ ၊ ထိုကျောင်းအနီးနားဝန်းကျင်ရှိ အိမ်ဈေးများကလည်း ပိုကြီးလေ ဖြစ်၏။

အများအပြား စဉ်းစားပြီးသည့်တိုင် သူမ စဉ်းစားလို့ မပေါက်ချေ။ သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက မေးမြန်းလိုက်၏။ “ ဒေါက်တာချန် … တကယ်လို့ ကျွန်မ ယောက်ျားကို အမှန်အတိုင်း ပြောပြလိုက်မယ်ဆိုရင် သူ တကယ်ပဲ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မှာလားဟင် … သူ ကျွန်မကို မဆူ ၊ မဆဲဘူးမလား … ကျွန်မနဲ့လည်း ကွာမရှင်းလောက်ဘူးမလား …”

All Chapters