← Chapters

မီးခံသေတ္တာထဲက လျှို့ဝှက်ချက်

Vol. 24 Ch. 233

မီးခံသေတ္တာထဲက လျှို့ဝှက်ချက်

Vol. 24 Ch. 233

“ ဒါပေါ့ ….”

ခေါင်းညိတ်လျက် ချန်ယွီ့ ပြောဆိုလိုက်သည်။ “ ခင်များရဲ့ ယောက်ျား ခင်များအပေါ်မှာ ထားတဲ့ အချစ်က သူ့ကိုယ်သူ ချစ်တာထက်ကို ပိုတယ် … ခင်များ ဘယ်လိုအမှားပဲ မှားနေပါစေ ၊ သူ ခင်များကို ခွင့်လွှတ်ပေးဖို့ ရွေးချယ်မှာပဲ ….”

“ သူ ခင်များကို ချစ်တယ်ဆိုတာ ခင်များ သူ့ကို ချစ်တာထက်ကို အများကြီးပိုတယ် ….”

“ တကယ်ပဲလား ….”

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီး၏ မှတ်ဉာဏ်များက လွန်ခဲ့တဲ့ နှစ်များစွာ ကာလသို့ ရောက်ရှိသွားခဲ့သည်။

ကော့တေးပါတီ တစ်ခုတွင် သူမ၏ လက်ရှိ အမျိုးသားနှင့် ဆုံတွေ့ခဲ့၏။

သူမ၏ ခင်ပွန်းက စကားလုံးလှလှလေးများ မပြောတတ်ပါဘဲ တစ်သီးတစ်သန့်ဆန်သည့် အကျင့်စရိုက် ရှိသူပင်။ အချင်းချင်း သိရှိပြီးနောက်တွင် သူမက ခင်ပွန်းဖြစ်သူကို သာမန် သူငယ်ချင်း အဖြစ်သာ ဆက်ဆံပြီး နောက်တစ်ကြိမ် ထပ်ပြီး ဘယ်တော့မှ သူနှင့် အဆက်အသွယ် မလုပ်ခဲ့ပေ။

တစ်နှစ်ကြာပြီး နောက်ပိုင်းတွင် သူမတို့နှစ်ဦး ပြန်ဆုံတွေ့ဖြစ်ကြ၏။

ငွေစီးဆင်းမှုလမ်းကြောင်း မမှန်ကန်သည့် အတွက်ကြောင့် သူမမိသားစု ကုမ္ပဏီက ဒေဝါလီခံသွားခဲ့ရသည်။

ဘဏ်ဘက်က လူလွှတ်ပြီး သူမတို့ ကုမ္ပဏီနှင့် ဗီလာကို အပိုင်သိမ်း၏။

ရက်စက်သည့် လက်တွေ့သဘောတရားကို မရင်ဆိုင်နိုင်သည့် သူမ၏ မိဘနှစ်ပါးမှာ ဆေးရုံတင်လိုက်ရလေသည်။

လုပ်ငန်း ပိတ်သိမ်းသည့်နေ့တွင် သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးသည် ကုမ္ပဏီ ပိတ်သိမ်းမှုကို ကိုယ်တိုင် မျက်လုံးနှင့် ကြည့်ရှုဖို့အတွက် သွားရောက်ခဲ့၏။

ထိုနေ့တွင် မိုးက သည်းထန်စွာ ရွာသွန်းဖြိုးနေသည်။ သူမက မိုးရေထဲတွင် ရပ်တန့်ရင်း ဘဏ်ဝန်ထမ်းများက သူမနှင့် သူမ မိဘများ၏ ဆိုင်ပိုင်မှု ပစ္စည်းများကို တစ်ခုချင်းစီ သယ်ဆောင်သွားသည်အား ကြည့်ရှုနေခဲ့၏။

ထိုအချိန် ထီးတစ်လက်က သူမ၏ ဦးခေါင်းထက်သို့ အုပ်မိုးပေးလာသည်။

သူမ လှည့်ကြည့်လိုက်တော့ သူ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရ၏။

ထို့နောက် သူက သူမ မိဘများ၏ ဆေးရုံစရိတ်နှင့် မိသားစု သုံးဦး အခြေချနေထိုင်ဖို့အတွက် အိမ်လည်း ရှာပေးခဲ့သည်။

သူမ သူနှင့် ထိတွေ့ဆက်ဆံသည့် အခါတိုင်း ခင်ပွန်းဖြစ်သူက အမြဲတစေ တိတ်ဆိတ်ပြီး အလုပ်များနေလျက်ပင်။

တစ်ခါတွင်တော့ သူမ မည်သို့မျှ မနေနိုင်တော့ဘဲ ခင်ပွန်းဖြစ်သူကို မေးမြန်းလိုက်မိ၏။

သူ အခုလိုမျိုးတွေ ကူညီပေးနေတာက သူမကို ဘဘောကျ နှစ်သက်လို့လား …

ထိုအခါ ခင်ပွန်းဖြစ်သူက မိန်းမငယ်လေး တစ်ဦးနှယ် ရှက်ရွံ့သည့် ဟန်ပန်ကို လှစ်ဟာပြလာခဲ့ပြီး ညင်သာစွာ ခေါင်းညိတ်ပြလာခဲ့၏။

လအနည်းငယ် ကြာပြီးနောက်တွင် သူမတို့နှစ်ဦးသား လက်ချင်းအတူ ချိတ်၍ မင်္ဂလာခန်းမကြီးထဲ လမ်းလျှောက်ဝင်လာခဲ့ကြလေသည်။

လက်ထပ်ပြီး နှစ်အနည်းငယ် ကြာပြီးနောက်မှာပင် ခင်ပါန်းဖြစ်သူက အမြဲတစေ နှုတ်ဆိတ်နေတတ်ပြီး သူမ အပေါ် တီတီတာတာ စကားလုံးလေးများ ပြောဆိုသည်က မကြားရသလောက်ကို နည်း၏။

အချိန်အများစုတွင် သူ့သမီးလေး၏ ပညာရေးအပေါ် ကိုယ်ပိုင် အမြင်များပဲ ပြောဆိုနေတတ်သည်။

သို့ပေမယ့်လည်း ထိုစကားလုံးများအားလုံးက သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီး၏ လျစ်လျူရှုခြင်းကို ခံလိုက်ရ၏။

ယခု ချန်ယွီ့က သူမ၏ အမျိုးသားသည် သူ့ကိုယ်သူထက်ပင် သူမကို ပိုချစ်ကြောင်း ပြောပြလာသည်။

ထိုအချိန်ကျတော့မှပဲ သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးသည် ခင်ပွန်းဖြစ်သူ သူမအတွက် ပြုလုပ်ပေးခဲ့သည့် အရာသေးသေးလေးများအား ပြန်လည် စဉ်းစားမိသွားခဲ့တော့သည်။

“ ခင်များ အခု အိမ်မှာ ရှိနေတယ်မလား … “ ချန်ယွီ့က ရုတ်ချည်း မေးမြန်းလာခဲ့၏။

“ ကျွန်မတို့ ငှားထားတဲ့ အိမ်ကို အခုထိ မပြောင်းရသေးဘူး … ကလေးကျောင်းဖွင့်မှပဲ ပြောင်းဖို့ စိတ်ကူးထားတာ …” သူမ အလျင်စလို ပြောလိုက်၏။

“ ကျွန်မလည်း ဒီလို ကိစ္စမျိုး ဖြစ်လာမယ်လို့ ထင်မထားမိခဲ့ဘူး …”

“ အခုချက်ချင်း လသာဆောင်ကို သွားလိုက် …”

ဤစကားကြားတော့ သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက ရှည်ရှည်ဝေးဝေး မေးမြန်းမနေဘဲ ချန်ယွီ့ ညွှန်ကြားသည့်အတိုင်း လသာဆောင်ဘက်သို့ ထွက်လာခဲ့သည်။

လသာဆောင်က အတော်လေးကို ကြီးမား ကျယ်ဝန်းပြီး ဧရိယာ နှစ်ပိုင်း ခွဲထား၏။

ဘယ်ဘက်ခြမ်းက အဝတ်များ လှန်းရန်နှင့် အနားယူဖို့ရန်ပင်။

ညာဘက်ခြမ်းကတော့ စာကြည့်၊ ဘာကြည့်လုပ်ဖို့ မွမ်းမံပြင်ဆင်ထား၏။

စားပွဲခုံ၊ မီးခံသေတ္တာ အသေး‌လေးတစ်ခုနှင့် ကုလားထိုင်တစ်လုံးလည်း ရှိ၏။

“ မီးခံသေတ္တာထဲမှာ ဒိုင်ယာယီ တစ်ခုရှိတယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ ထုတ်ကြည့်လိုက် … ခင်များ ယောက်ျား ခင်များ အပေါ် ဘယ်လောက်ထိ ချစ်လဲဆိုတာ ခင်များ သိသွားလိမ့်မယ် ….”

ဤစကားကြားတော့ သူမ ခေါင်းငုံ့ပြီး စားပွဲအောက်ရှိ မီးခံသေတ္တာ အသေးလေးအား ကြည့်လိုက်မိသည်။

မီးခံသေတ္တာထဲတွင် သူမ ခင်ပွန်း၏ ဒီဇိုင်းပုံများနှင့် သူ့အလုပ်၏ အချို့သော သတင်းအချက်အလက်များ ရှိနေသည်။

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက ဤအရာများသည် အရေးကြီးသည့် အရာများ ဖြစ်ကြောင်း သိသော်ငြားလည်း တိတိကျကျတော့ နားမလည်ခဲ့ပေ။

ချန်ယွီ့က သူမကို ဖွင့်ကြည့်ဖို့ ပြောတော့ သူမ စိတ်လှုပ်ရှားလာသည်။

တကယ်လို့ သူမ ယောက်ျား သိသွားခဲ့ရင် သူမကို အပြစ်တင်လောက်မလား ….

သို့ပေမယ့်လည်း ရင်ထဲရှိ သိချင်စိတ်ကိုတော့ လုံးဝ ဖိနှိပ်မရခဲ့ပေ။

“ ဒေါက်တာချန် … ရှင် မီးခံသေတ္တာရဲ့ လျှို့ဝှက်နံပါတ်ကို သိလား …” သူမ မေးလိုက်သည်။

ချန်ယွီ့လိုက်စထွင်းကို ကြည့်ဖူးသူများအားလုံးသည် လောကကြီးထဲ ချန်ယွီ့ မသိသည့်အရာ မရှိကြောင်းကို နားလည်ကြ၏။

ထို့ကြောင့် ဤအရာသည်လည်း ခြွင်းချက် ဟုတ်မနေပေ။

“ လျှို့ဝှက်နံပါတ်က ခင်များရဲ့ မွေးနေ့ပဲ …..” ချန်ယွီ့ ခွန်းတုံ့ပြန်လိုက်သည်။

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက ခါးကိုင်း၍ သူမ၏ မွေးနေ့နံပါတ်ကို ရောက်အောင် လှည့်လိုက်၏။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ‘ ကလစ် ‘မြည်သံနှင့်အတူ မီးခံသေတ္တာက ပွင့်လာသည်။

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက မီးခံသေတ္တာ တံခါးကို ဖွင့်လိုက်ပြီး အထဲတွင် စာရွက်စာတမ်း အမျိုးမျိုးတို့ စုပုံနေသည်ကို မြင်တွေ့လိုက်ရ။

“ အောက်ဆုံးမှာ စာဖိုင်အိတ် တစ်လုံးရှိတယ် … အဲ့ထဲမှာ သူ့ရဲ့ ဒိုင်ယာရီ ရှိတယ် ….”

ဤစကားကြားတော့ အမျိုးသမီးက အောက်ဆုံးသို့ လက်နှိုက်လိုက်ပြီး စာဖိုင်အိတ်ကို ဆွဲယူလိုက်သည်။

တကယ်လည်း အတွင်းတွင် ဒိုင်ယာရီ စာအုပ် တစ်အုပ် ရှိနေသည်။

“ စာမျက်နှာ ကိုးဆယ့်သုံးကနေ လှန်ပြီး ရှေ့ကို ဖတ်သွားကြည့် …”

ချန်ယွီ့ ညွှန်ကြားသည့်အတိုင်း သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက ထိုစာမျက်သို့ ရောက်သည်အထိ စာရွက်လှန်လိုက်၏။

ခင်ပွန်း ဖြစ်သူက သူမ တက္ကသိုလ် စတက်သည့် နေ့ရက်ကစပြီး ဒိုင်ယာယီ ရေးသားထားလေသည်။

သူမက နာမည်ကြီး တက္ကသိုလ် တစ်ခုတွင် ကျောင်းတက်ခဲ့သည်။

သူမ၏ အမျိုးသား ကျောင်းဂိတ်တံခါးဝရှေ့က ဖြတ်သွားမိချိန်တွင် သူမကို မြင်တွေ့သွားခဲ့ပြီး မြင်မြင်ချင်းပဲ ချစ်မိသွားခဲ့၏။

ပြီးသည့်နောက် သူမ နောက်စာမျက်နှာ တစ်ခုကို လှန်လိုက်သည်။

စာမျက်နှာများ ဆက်တိုက် လှန်ပြီးသွားသော်လည်းပဲ ရေးသားထားသည့် အကြောင်းအရာများက သူမ မျှော်မှန်းထားသည်ထက်ကို ကျော်လွန်နေသည်။

ခင်ပွန်းသည်က သူမတို့နှစ်ဦး မတွေ့ဆုံမီ အချိန် နှစ်ပေါင်းများစွာကတည်းကပင် သူမ အပေါ် မေတ္တာရှိနေခဲ့တာ ဖြစ်သည်။

အနည်းငယ် မေးမြန်းစုံစမ်းကြည့်ပြီးနောက် ခင်ပွန်းသည် မြင်မြင်ချင်း မေတ္တာရှိမိသည့် သူမက ချမ်းသာသည့် မိန်းမပျိုလေး တစ်ဦး ဖြစ်နေသည်ကို သိရှိလိုက်ရသည်။

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးသည် နောက်ဆုံး၌ သူမ၏ ခင်ပွန်းသည်က သာမန်ဆန်သည့် ဘဝမျိုး၌ ပျော်မွေ့သည့် လူစားမျိုးမဟုတ်ဘဲ သူ့ဘဝကို ပြောင်းလဲချင်စိတ်ရှိသည့် လူစားမျိုး ဖြစ်ကြောင်းကို နောက်ဆုံး၌ သိရှိသွာခဲ့ရ၏။

သို့ပေမယ့်လည်း ခင်ပွန်းဖြစ်သူက သူမအတွက်နှင့် ကိုယ်ထူကိုယ်ထ စာလေ့လာပြီး တက္ကသိုလ်တက်သည်ကိုတော့ သူမ တကယ်ပဲ မျှော်လင့်မထားခဲ့ချေ။

သူမတို့နှစ်ဦးကြားရှိ အဆင့်အတန်းချင်း ကွာဟမှုက ခင်ပွန်း ဖြစ်သူကို ရပ်တန့်ဟန့်တားဖို့အတွက် မလုံလောက်ခဲ့ချေ။

သူတို့နှစ်ဦးကြားရှိ ကွာဟမှုကို သူ့ဘက်က အတတ်နိုင်ဆုံး လျှော့ချဖို့အတွက် ကြိုးစား၏။

ဒိုင်ယာယီ စာအုပ်ထဲတွင် ခင်ပွန်းဖြစ်သူက သူမကို နတ်သမီးလေး တစ်ပါးဟု တင်စားရည်ညွှန်းထား၏။

ခင်ပွန်းဖြစ်သူ တက္ကသိုလ် ဘွဲ့ရပြီးတော့ ကားကုမ္ပဏီ တစ်ခုတွင် နည်းပညာ ဒါရိုက်တာ တစ်ဦး ဖြစ်လာဖို့အတွက် ကြိုးစားရုန်းကန်ခဲ့သည်။

ထို့နောက်တွင်မှပဲ သူ၏ သတ္တိများကို စုစည်း၍ သူမ ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့လေသည်။

သူမ၏ မိသားစုက ဒေဝါလီခံလိုက်ရကြောင်း သိရှိလိုက်ရသည့်နောက်တွင် ခင်ပွန်းဖြစ်သူက သူနှင့် အတူ အလုပ်ကိစ္စ ဆွေးနွေးနေသည့် အရေးပါသည့် ကလိုင်းရန့်ကိုပင် ပစ်ထားပြီး သူမ၏ ဗီလာသို့ အရူးတစ်ယောက်နှယ် အပြေးအလွှား ရောက်လာခဲ့၏။

လက်ထပ်ပြီးနောက်တွင် တစ်ခါက ခင်ပွန်းဖြစ်သူကို သူမ မေးခဲ့ဖူးသည်။

ဘာကြောင့် အဲ့နေ့က ထွက်ပေါ်လာခဲ့တာလဲ …

ခင်ပွန်းဖြစ်သူ ပြောသည်မှာတော့ သူ ထိုနေ့က ဖြတ်သွားဖြတ်လာ ပြုခဲ့ရုံမျှ ဟူ၍ပင်။

“ ဒီအရူးနဲ့တော့ ….”

မျက်ရည်များက သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီး၏ မျက်လုံးထဲတွင် ရွှန်းလဲ့လာခဲ့ပြီး သူမ ပြုံးလိုက်၏။

စကားပြောခန်းထဲတွင်တော့ ကွန်းမန့်တို့ မရေမတွက်နိုင်အောင် ထွက်ပေါ်လာနေသည်။

“ သူက အင်ထရိုဗာ့ဆန်တဲ့ လူစားမျိုး မဟုတ်ဘူး …. တိတ်တိတ်လေးနဲ့ ကာကွယ်ပေးတတ်တဲ့ သူရဲကောင်းပဲ .. သူက အချင်းချင်း တစ်ယောက်ကို တစ်ယောက် ကူညီပေးနိုင်မယ့် ဘဝမျိုးမှာ နေထိုင်ရတာကို ကြိုက်နှစ်သက်တယ် ….”

“ ငါလည်း အဲ့လို လူစားမျိုးပဲလေကွာ … ငါကျတော့ ဘာလို့ အခုထိ မိန်းမ မရသေးတာ ….”

“ သူက လူကောင်းပဲ ….”

“ ဒီ အမျိုးသမီးကတော့ တကယ့်ကို မှန်တဲ့လူနဲ့မှ လက်ထပ်ခဲ့ရတယ်လို့ ငါပြောရဲတယ် ….”

ယနေ့ခေတ်တွင် ထိုကဲ့သို့သော အမျိုးသားမျိုးက ဘုရားစင်ပေါ်တင်၍ ရှိခိုးထိုက်လောက်သည့် အမျိုးသားများပင်။

ချစ်ခြင်း မေတ္တာအတွက် သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီး၏ ခင်ပွန်းက အလုပ်ကြိုးစားပြီး သူ့ အရည်အချင်းများကို တိုးတက်အောင် ပြုလုပ်ခဲ့သည်။

ထိုသို့ ပြုလုပ်မှပဲ တစ်နေ့တွင် သူမ ရှေ့မှောက်၌ ထွက်ပေါ်လာနိုင်မည်။

“ ခင်များ အခု နားလည်ပြီလား … ခင်များ ခင်ပွန်းရဲ့ ချစ်ခြင်း သင်္ကေတက တိတ်ဆိတ်ပြီး သည်းခံတာပဲ …”

“ ခင်များဘာပဲ မှားတာလုပ်လုပ် … သူ ခင်များကို ဘယ်တော့မှ ကွာရှင်းမှာ မဟုတ်ဘူး ….”

“ ဒိုင်ယာယီလည်း ဖတ်ပြီးပြီဆိုတော့ ခင်များသူ့ကို အမှန်အတိုင်း ပြောပြဖို့ သတ္တိရှိသွားလောက်ရောပေါ့ ….” ချန်ယွီ့ ပြုံးလျက် ပြောလိုက်သည်။

“ ကျွန်မကို ဒီအကြောင်း ပြောပြပေးလို့ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် …” သူမပြောလိုက်ပြီး “ ကျွန်မခင်ပွန်းရဲ့ အကျင့်စရိုက်နဲ့သာဆိုရင် တကယ်လို့ ရှင်သာ မပြောဘူးဆို သူ ဘယ်တော့မှ ပြောပြမှာတောင် မဟုတ်ဘူး …”

“ အဲ့အရူးက အမြဲတမ်း နှုတ်ဆိတ်နေတာ ….”

“ တကယ်လို့ ကျွန်မသာ အဲ့ဒီတုန်းက သူ့ကို ချစ်လား မမေးခဲ့ရင် သူ့ခံစားချက်တွေကို အဆုံးထိ ရင်ထဲ သိမ်းသွားမယ့် သဘောရှိတယ် ….”

“ ဗီရိုထဲမှာ ခင်များ ထင်မှတ်မထားမယ့်အရာ တစ်ခုလည်း ရှိသေးတယ် …” ချန်ယွီ့က အဓိပ္ပာယ်ပါပါ အမူအရာဖြင့် ဖြည့်စွက်ပြောလိုက်၏။

“ ကျွန်မ ထင်မှတ်မထားတဲ့အရာ ဟုတ်လား …”

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက ကြက်သေသေသွားခဲ့ပြီး ထို့နောက် ဒိုင်ယာရီစာအုပ်ကို လက်ထဲက ချကာ မီးခံသေတ္တာထဲရှိ စာရွက်စာတမ်းများအားလုံးကို စားပွဲပေါ် တင်လိုက်၏။

စာရွက်စာတမ်းများကြားထဲ အိမ်ဂရံ တစ်ခုလည်း ရှိနေသည်။

သူမ ဖွင့်ကြည့်လိုက်တော့ ယင်းက ပလတ်တီနမ် ဥယျာဉ်ရပ်ကွက်၊ ၁၈ လွှာ၊ အခန်း ၁၈၀၃ အား ပိုင်ဆိုင်ကြောင်း အထောက်အထား ဖြစ်နေသည်။

“ ဒါ ကျွန်မတို့ ငှားထားတဲ့ ကျောင်းခရိုင်က တိုက်ခန်းလေ … ပိုင်ဆိုင်မှု စာချုပ်က ဘာလို့ ကျွန်မ ယောက်ျားရဲ့ ဗီရိုထဲ လာရှိနေတာလဲ ….”

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက အံ့အားတကြီး ရေရွတ်မိသွားခဲ့သည်။

All Chapters