← Chapters

အပိုဝင်ငွေရှာဖို့အတွက် ထင်မှတ်မထားတဲ့ နည်းလမ်း

Vol. 24 Ch. 234

အပိုဝင်ငွေရှာဖို့အတွက် ထင်မှတ်မထားတဲ့ နည်းလမ်း

Vol. 24 Ch. 234

သူမလည်း အိမ်ဝယ်ဖူးသဖြင့် ပိုင်ဆိုင်မှု စာချုပ်က အတုလော၊ အစစ်လောဆိုတာကို တစ်ချက်ကြည့်ရုံမျှဖြင့် ပြောနိုင်သည်။

ယင်းက တကယ့်ကို စစ်မှန်သည့် ပိုင်ဆိုင်မှု စာအုပ်ဖြစ်၏။ ပြီးတော့ ယင်းက မူရင်း စာချုပ်ပင်။

“ ညီမ … နင် အခုထိ မပြောနိုင်သေးဘူးလား … နင့်ယောက်ျားက အိမ်ကို ဝယ်ခဲ့တာ … ငှားခဲ့တာ မဟုတ်ဘူး ….”

“ ငါဖြင့် စောနတုန်းက စိတ်ထဲ ခံစားရလွန်းလို့ မျက်ရည်တွေ စို့နင့်နေတာကို အခု မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသလိုပဲ ….”

“ သူ့ခင်ပွန်းက သူ့ကို ဒီလောက်ထိ ချစ်တာကို ဘာလို့များ ဒီလို အရာမျိုးကို ဝှက်ထားရတာပါလိမ့်နော်….”

“ ငါသိတယ် … ဒါက အိမ်ထောင်သက် ခုနစ်မှာ အငယ်ထားဖို့ ကြိုစီစဉ်ထားတာ ဖြစ်မယ် …”

ကြည့်ရှုသူများက အတင်းအဖျင်း အနံ့ကို ရရှိနေကြ၏။

“ ဒေါက်တာချန် … ဒါ ဒါ ဘာတွေ ဖြစ်နေတာလဲ… ကျွန်မရဲ့ ယောက်ျားက အိမ်ကို ဝယ်ထားတားလား ၊ မဟုတ်ရင် ငှားထားတာလား …”

“ တကယ်လို့ သူ ဝယ်ထားတယ်ဆိုရင် အဲ့လောက် ပိုက်ဆံတွေ အများကြီးကို သူ ဘယ်နားက ရလာခဲ့တာလဲ … ၊ ဧကန္တ … သူ … သူ တရားမဝင်တာတွေများ လုပ်နေတာလား …”

ထိုအချိန်အခိုက်အတန့်၌ သူမသည် အဘယ်ကြောင့် သူမ၏ ခင်ပွန်းက ဤအကြောင်းကို သူမထံကနေ ဝှက်ထားရလဲဆိုသည့် ကိစ္စအား တွေးပူနေဖို့ ခေါင်းထဲ မရှိတော့ချေ။

ထိုအိမ်ဝယ်ဖို့ ပိုက်ဆံကို မည်သည့်နေရာကနေ ရလာခဲ့လဲဆိုတာပဲ သိချင်နေသည်။

သူမ၏ ခင်ပွန်းက ကုမ္ပဏီ၏ နည်းပညာဌာန ဒါရိုက်တာဖြစ်ပြီး သူ့လက်ထဲတွင် အရေးကြီးသည့် စာရွက်စာတမ်းများနှင့် စီမံကိန်း အသေးစိတ် ရေးဆွဲထားသည်တို့ ရှိ၏။

သူ့သမီးလေးကို ကျောင်းကောင်းကောင်း ထားစေချင်လိုစိတ်ဖြင့် သူ့ရာထူးနေရာကို အခွင့်ကောင်းယူပြီး အဆိုပါ အရေးကြီး အချက်အလက်များကို အခြား ပြင်ပ ကုမ္ပဏီတစ်ခုခုသို့ ရောင်းချလိုက်မည်ဆိုလျှင် ….

သူမ ဆက်မစဉ်းစားဝံ့တော့ချေ။

သူမ၏ ခင်ပွန်း ထောင်ကျသွားသည်နှင့် မိသားစုသည်လည်း အဆုံးသတ်ပြီ ဖြစ်၏။

“ မပူနဲ့ … ခင်များယောက်ျားက ရိုးရိုးသားသား ရှာလို့ ဖွေလို့ ရတဲ့ ငွေတွေနဲ့ အိမ်ကို ဝယ်ထားတာ .. တရားမဝင်တာ ဘာတစ်ခုမှ မလုပ်ထားဘူး ….”

ချန်ယွီ့ အပြုံးဖြင့် တုံ့ပြန်ဖြေဆိုလိုက်သည်။

“ အဲ့လိုဆို ကောင်းတယ် ….”

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက စိတ်သက်သာရစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။

စိုးရိမ်ပူပန်နေသည့် အမူအရာကလည်း မျက်နှာထက်မှ တစ်မဟုတ်ချင်း ပျောက်ကွယ်သွားခဲ့ပြီး ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်၏။

ယခုလေးတင်တုန်းက သူမ တကယ့်ကို သေမတတ် ကြောက်လန့်နေခဲ့တာ ဖြစ်၏။

သူမက သမီးလေးအကြောင်းကိုပဲ ခေါင်းထဲ ထည့်ထားသည် ဆိုသော်လည်း ခင်ပွန်းဖြစ်သူကိုလည်း ဂရုစိုက်ပါသည်။ မည်သို့ပင်ဆိုစေ သူမ ကူကယ်ရာမဲ့ ဖြစ်နေစဉ်အချိန်တုန်းက ခင်ပွန်းဖြစ်သူကပဲ သူမနှင့် သူမ၏ မိသားစုကို ကူညီပေးခဲ့တာ ဖြစ်သည်။

ထို့ပြင် ခင်ပွန်းဖြစ်သူကလည်း သူမကို အများကြီး ချစ်၏။

“ ဒါပေမယ့် ….” ချန်ယွီ့က ရုတ်ချည်း စကားဆက်လာခဲ့ပြီး “ ခင်များ စိုးရိမ်နေတဲ့ ကိစ္စက သိပ်မကြာခင်မှာ ဖြစ်လာဖို့ ရှိတယ် ….”

“ ရှင် ….”

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက ဝှစ်ခနဲ မတ်တပ်ရပ်လိုက်ပြီး ဖုန်းကို လက်ဖြင့် တင်းကြပ်စွာ ကိုင်ထားလျက် မေးမြန်းလိုက်၏။ “ ဒေါက်တာချန် … ရှင် ကျွန်မကို လန့်အောင် မလုပ်နဲ့နော်… ကျွန်မ ယောက်ျားက ဘာတရားမဝင်တာမှ မလုပ်ဘူးလေ ….”

ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်၏။ “ ဒီကိစ္စ နောက်မှ ပြောကြတာပေါ့ … အခု ဒီရဲ့ ပိုင်ဆိုင်မှု စာချုပ်က ဘယ်လို ဖြစ်လာလဲဆိုတာ ရှင်းပြမယ် ….”

“ ခင်များရဲ့ အမျိုးသားက ငယ်ငယ်တုန်းကတည်းကစပြီး မိဘမဲ့ ဂေဟာကနေ ထွက်လာတယ် … သူ့ အလယ်တန်းကျောင်းပြီးတဲ့အချိန်မှာ ကားဝပ်ရှော့တစ်ခုဆီ အလုပ်ဝင်လုပ်ပြီး ကားတွေကို ပြင်ရင်း အသက်မွေးတယ် ….”

“ အဲ့နောက်မှာ ကောလိပ်တက်ပြီး ရွေ့လျားစက်ပစ္စည်း မေဂျာနဲ့ ကျောင်းပြီးခဲ့တယ် …”

“ ဒီအိမ်ဝယ်မယ့် ငွေတွေကို ကားပြင်ရာကနေ တစ်ဆင့် ရလာတာပဲ ….”

“ အရင်တစ်နှစ်ကျော်လောက်တုန်းက .. ခင်များ ယောက်ျား အလုပ်ကနေ အိမ်ပြန်လာတဲ့အချိန် လမ်းတစ်ဝက်မှာ ကားတစ်စင်း ပျက်နေတာကို မြင်ခဲ့ရတယ် …”

“ သူ့ ညစာကို မကြန့်ကြာစေဖို့အတွက် ခင်များရဲ့ ခင်ပွန်းက ကူညီပေးလိုက်ပြီး ပြိုင်ကားကို အချိန် ခဏလေးအတွင်း ပြင်ဆင်ပေးလိုက်တယ် …”

“ တစ်ချိန်တည်းမှာပဲ ကားပိုင်ဆိုင်ရှင်ကို ကားမွမ်းမံတဲ့ စက်ပစ္စည်း အစိတ်အပိုင်းမှာ ပြဿနာ တက်နေတဲ့အကြောင်း ပြောပြလိုက်တယ် …”

“ ကားကို မွမ်းမံပြင်ဆင်တုန်းက နည်းပညာ အမှားအယွင်းကြောင့်မို့ ပြိုင်ကားက အခုလို ပျက်သွားခဲ့တာပဲ ….”

“ ကားက ပြင်ပြီးပြီဆိုပေမယ့် နောက်လည်း ဆက်ပျက်နေဦးမှာ … ဒါကြောင့်မို့ တခြား ပြင်ပေးတဲ့ဆိုင်မှာ သေချာပြန်လုပ်ဖို့တောင် သတိပေးလိုက်သေးတယ် …. ပြိုင်ကားရဲ့ အတွင်းပိုင်းကို မွမ်းမံပြင်ဆင်ပေးနိုင်မယ့် ဆိုင်ကို ရှာနိုင်ရင်တော့ အကောင်းဆုံးပေါ့ ….”

“ ပြေးလမ်းမှာ မောင်းနေတုန်း ရုတ်တရက် ပျက်သွားခဲ့မယ်ဆိုရင် အကျိုးဆက်တွေက တွေးဆလို့ မရနိုင်အောင်ကို ဖြစ်သွားလိမ့်မယ် ….”

“ တစ်ဖက်လူကလည်း ခင်များ ယောက်ျားရဲ့ စကားကို နားထောင်ပြီး သူ့ကိုပါ ကားပြင်တဲ့ဆိုင် အတူခေါ်သွားတယ် …”

“ ခင်များရဲ့ အမျိုးသားက ကားရဲ့ ပြဿနာ အသေးစိတ်ကို တစ်ချက်ချင်းစီ ထောက်ပြလိုက်တော့ သူတို့ဆိုင်ရဲ့ စက်ပြင်ဆရာကတောင် သူတို့ရဲ့ နည်းစနစ် မှားယွင်းမှုကြောင့် ဖြစ်တာပါလို့ ဝန်ခံရတဲ့အထိပဲ ….”

“ ပြိုင်ကားပိုင်ရှင်က ခင်များယောက်ျားရဲ့ အရည်အချင်းတွေကို အင်မတန် အထင်ကြီး လေးစားသွားခဲ့ပြီး ကျေးဇူးတင်တဲ့အနေနဲ့ နေရာမှာတင် ယွမ်သုံးသောင်း ထုတ်ပေးခဲ့တယ် …”

“ သူ့ကားကို ပြန်ပြီး မွမ်းမံပြင်ဆင်ပေးဖို့အတွက်လည်း ဖိတ်ခေါ်ခဲ့သေးတယ် ….”

ချန်ယွီ့ စကားဆက်ပြောတော့မည့် အချိန်မှာပဲ သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက ရုတ်ချည်း စကားဖြတ်ပြောလာခဲ့၏။

“ ဒေါက်တာချန် … အဲ့တာ အရင် နွေရာသီတုန်းကမလား ….”

ချန်ယွီ့၏ ပြန်ပြောင်းပြောပြသည်ကို နားထောင်ရင်း သူမ မနှစ် နွေရာသီက ရက်တစ်ရက်ကို အမှတ်ရသွားခဲ့သည်။

သူမ၏ ခင်ပွန်းက ထိုနေ့ညတွင် အိမ်ပြန်နောက်ကျပြီး သူမကို ယွမ် သုံးသောင်း ပေးလာခဲ့၏။ သူ့အပြောကတော့ ဘောနပ်စ် ဟူ၍ပင်။

“ အမှန်ပဲ …” ချန်ယွီ့ ခေါင်းညိတ်လိုက်ပြီး “ အရင် နွေရာသီတုန်းက ….”

“ ခင်များ အမျိုးသားရဲ့ ပြောင်မြောက်လွန်းတဲ့ အရည်အချင်းတွေနဲ့ အဲ့ဒီ ပြိုင်ကားက ချန်ပီယံ ပြိုင်ပွဲ တော်တော်များများမှာ အနိုင်ယူနိုင်ခဲ့တယ် ….”

“ အဲ့နောက်မှာ ပြိုင်ကားပိုင်ရှင်က ကားပြိုင်ရတာကို နှစ်သက်ပေမယ့် မိုဒီဖိုင်း ဘယ်လိုလုပ်ရမယ့်အကြောင်း နားမလည်တဲ့ ချမ်းသာတဲ့ လူငယ်သူဌေးသားလေးတွေကို ခင်များ ယောက်ျားနဲ့ မိတ်ဆက်ပေးတယ် …”

“ အဲ့ဒီ ချမ်းသာတဲ့ လူငယ်လေးတွေက အင်မတန် ရက်ရောကြတယ် … ကားမိုဒီဖိုင်းကြေးအပြင်ကို သူတို့ရဲ့ ကားတွေ ရလဒ်ကောင်းရတာနဲ့ ခင်များယောက်ျားကို အပိုကြေးတွေလည်း အများကြီး ပေးကြတယ် ….”

“ တစ်နှစ်ကျော်လေးအတွင်းမှာပဲ ခင်များ အမျိုးသား ကားပြင်ရင်း ရတဲ့ ငွေက သူ့ တစ်နှစ်စာ လခထက်ကို အများကြီး ပိုနေတယ် …”

“ စုစုပေါင်း ယွမ်သုံးသန်းလောက်ပေါ့ ….”

ကားပြိုင်ခြင်းနှင့် မိုဒီဖိုင်းလုပ်ရတာကို နှစ်သက်သည့် ကြည့်ရှုသူများက ချန်ယွီ့၏ စကားလုံးတို့ မှန်ကန်ကြောင်း သက်သေပြပေးလာခဲ့ကြသည်။

“ မင်း အိတ်စောပိုက်ကို မိုဒီဖိုင်း မလုပ်သရွေ့ ငါတို့က သူငယ်ချင်းတွေပဲ… တကယ်လို့ လုပ်မယ်ဆိုရင်တော့ မင်း တစ်မိသားစုလုံးကိုပါ အရောက်ပို့ပေးပစ်လိုက်မယ် ….”

“ နိုင်ငံထဲမှာ ကားကို မိုဒီဖိုင်းလုပ်တယ်ဆိုတာ တရားမဝင်ဘူး …. သူတို့ကို ဒီတိုင်း အလှကြည့်လို့ပဲ ရမယ် … မောင်းလို့တော့ ရမှာ မဟုတ်ဘူး ….”

“ တရားမဝင်တာ မဟုတ်ဘူး … လူနည်းစု တစ်စုကတော့ တရားဝင်အောင် လုပ်လို့ရတယ် …”

“ ကားကို မိုဒီဖိုင်းလုပ်ပါမယ်ဆိုမှတော့ ဥပဒေကိုလည်း ကြောက်ဖို့ လိုနေသေးလို့လားကွာ ….”

“ အဲ့တာကတော့ ကိုယ်ရှာထားတဲ့ စက်ဆရာ ဘယ်လောက် ကြမ်းလဲ … ကိုယ်ပေးတဲ့ ငွေက လောက်မလောက်ဆိုတဲ့ အပေါ်လည်း မူတည်သေးတယ် …”

ပြိုင်ကားများကို မိုဒီဖိုင်း လုပ်ပေးသည့် လုပ်ငန်းက တကယ်လည်း အမြတ်ထွက်သည့် စီးပွားရေး လုပ်ငန်း တစ်ခု ဖြစ်၏။ သို့သော် အခြေခံ မဖြစ်မနေ လိုအပ်ချက်က စက်ဆရာ၏ အရည်အချင်းသည် ခိုင်မာနေဖို့လိုသည်။

ကားကို မိုဒီဖိုင်း လုပ်ကြသူများက လူသာမန်များ မဟုတ်ကြသဖြင့် ငွေကြေးကိစ္စနှင့် ပတ်သက်လို့ကတော့ စိတ်ပူစရာ မလိုပေ။

“ ကျွန်မ ယောက်ျား အမြဲတမ်း အိမ်ပြန်နောက်ကျနေတာ မဆန်းတော့ပါဘူး … ဒါပေမယ့် သူ ကျွန်မကို ဘာလို့ ဒီအကြောင်းတွေ မပြောပြခဲ့တာလဲ ….”

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက ခင်ပွန်းဖြစ်သူအတွက် ဝမ်းနည်းမိသော်လည်းပဲ တစ်ချိန်တည်းတွင် အနည်းငယ် စိတ်မကျေမနပ် ဖြစ်နေမိ၏။

ယောက်ျားက တစ်နှစ်ကျော်လေး အတွင်းမှာပဲ သူမ နောက်ကွယ်မှာ ယွမ် သုံးသန်း ရှာနိုင်ခဲ့တယ် …

ပိုက်ဆံတွေကို အိမ်ဝယ်ဖို့ သုံးလိုက်တယ်ဆိုတော့ ဆိုးတဲ့အရာလည်း မဟုတ်ဘူးလေ … အဲ့တာကို သူမဆီကနေ ဘာလို့ သိုဝှက်ထားရတာလဲတဲ့ …

“ ပထမ တစ်ချက် … ၊ ကားကို မိုဒီဖိုင်းလုပ်တယ်ဆိုတာက ထောင်နှုတ်ခမ်းဝမှာ လျှောက်နေရတဲ့ အလုပ်မျိုး ….” ချန်ယွီ့ ပြောလိုက်ပြီး “ စကားတွေက အပြင်ကို ပေါက်ကြားသွားခဲ့ရင် မကောင်းဘူး ….”

“ သူ ခင်များကို လောလောဆယ်တော့ မပြောပြသေးဘူး … ဒါပေမယ့် သူ ပိုက်ဆံ ပမာဏတစ်ခုလောက်အထိ စုပြီးတဲ့ အချိန်ရောက်ရင်တော့ ခင်များကို စပရိုက် လုပ်ပေးလိမ့်မယ် ….”

“ ခင်များရဲ့ အမျိုးသားက ဒီနှစ် ခင်များရဲ့ မွေးနေ့မှာ အဲ့ဒီရဲ့ ပိုင်ဆိုင်မှု စာချုပ်ကို လက်ဆောင်ပေးရင်း ခင်များကို ပျော်အောင် လုပ်ဖို့ စီစဉ်ထားခဲ့တာ …”

“ ဒီနှစ်တွေ တစ်လျှောက်လုံး ကလေးအတွက်ကြောင့်နဲ့ ခင်များ ပြုံးရယ်တာတွေ တဖြည်းဖြည်းချင်း နည်းလာတယ် …. ဒီလိုနည်းလမ်းမျိုးနဲ့ ခင်များရဲ့ မျက်နှာမှာ အပြုံးတွေ တစ်ဖန် ပြန်ပေါ်လာတာကို မြင်ချင်နေခဲ့တာ ….”

“ အိမ်အတွက်ကတော့ …. ဝယ်ဖို့ဆိုတာ အဲ့လောက်ထိ မလွယ်ကူဘူး ….”

ကျောင်းခရိုင် အနီးနားရှိ အဆိုပါတိုက်ခန်းကို ဝယ်ယူနိုင်ဖို့အတွက် ခင်ပွန်းဖြစ်သူက ချမ်းသာသည့် လူငယ်လေးတစ်ဦးထံ အကူအညီတောင်းပြီး ၎င်း၏ အဆက်အသွယ်များကို အသုံးချကာ အပြန်အလှန်အနေဖြင့် ပြိုင်ကား သုံးစင်းကို လက်ခမဲ့ ပြင်ဆင်ပေးခဲ့ရသည်။

အဆုံး၌ တစ်ဖက်လူက သူ့အား ကူညီပေးဖို့ သဘောတူလိုက်လေသည်။

ထို့နောက် တိုက်ခန်းကို ၃.၂ သန်းဖြင့် ဝယ်ယူနိုင်လိုက်၏။

သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက ခါးသီးစွာ ပြုံးလိုက်မိသည်။

ယောက်ျားဖြစ်သူက သူမရဲ့ နောက်ကွယ်မှာ ဒီလောက်အများကြီး ကြိုးပမ်းအားထုတ်ထားတာတောင် သူမကတော့ တကယ်ကို တစ်ခုမှ မသိခဲ့ဘူး …

“ ဒေါက်တာချန် … သူ့ ယောက်ျားက အဲ့ဒီ ငွေတွေကို မွေးနေ့လက်ဆောင် အနေနဲ့ ပေးဖို့ စီစဉ်ထားတယ်ဆိုမှတော့ တကယ်လို့ သူက နောက်ပိုင်း အိမ်ဝယ်ဖို့ သုံးလိုက်တယ်ဆိုရင်တောင် ကိုယ့်မိန်းမကိုယ်တော့ ပြောပြသင့်တာပေါ့ … “

“ အင်း …. ပိုင်ဆိုင်မှု စာချုပ်ကိုလည်း မွေးနေ့ လက်ဆောင် အနေနဲ့ သုံးလို့ရတာပဲဟာ ….”

“ သူ့ယောက်ျားမှာ တခြား အစီအစဉ်တွေ ရှိနေလားမှ မသိတာ ….”

“ အိမ်ကို သူဝယ်ထားတယ်ဆိုတာ အသိသာကြီး … အဲ့တာကို ငှားထားပါတယ်ဆိုပြီး ပြောနေတယ်ဆိုတော့ …. သေချာတယ် တစ်ခုခုတော့ လွဲနေပြီ …..”

“ နင်တို့တွေ တော်လိုက်ကြတော့ …. စပျစ်သီးကို ကိုယ်က လက်လှမ်းမမီတိုင်း ချဉ်တယ်လို့ ပြောမနေကြနဲ့ ….”

“ ဟုတ်တယ် … သူတို့နှစ်ယောက်က သိပ်ချစ်ကြတဲ့ စုံတွဲတွေ … နင်တို့ လူတွေကပဲ မနာလိုရှုစိမ့် ဖြစ်နေကြတာ ….”

စကားပြောခန်းထဲတွင် မနာလိုရှုစိမ့်သည့် စာသားတို့ ပြည့်နှက်လာတော့ လက်ထပ်ထားပြီးသည့် ကြည့်ရှုသူ အမြောက်အများက ချက်ချင်း လက်ငင်း မတ်တပ်ရပ်ပြီး တရားမျှတမှုအတွက် စကားဝင်ပြောပေးလာကြသည်။

“ သူ ခင်များကို မပြောပြဘူးဆိုတာက သူ့မှာ တခြား အကြံအစည်တွေ ရှိနေလို့ ဟုတ်တယ် ….” ချန်ယွီ့က စကားပြောခန်းကို တစ်ချက်ကြည့်ရင်း ပြုံးပြီး ပြောလိုက်သည်။

“ ဒီ စကားကြားပြီးသွားရင် ခင်များ ဒေါသတကြီးနဲ့ ရူးသွပ်သွားမှာကိုတောင် ကျုပ် စိုးရိမ်မိသား ….”

All Chapters