ပွဲကို မုန့်ကြည့်ရင်း ခံစားခြင်း
Vol. 25 Ch. 245
“ သန်း ၅၀ ကို ဒီကတ်ထဲ ထည့်ထားပေးပါတယ် … ကျုပ်သမီးရဲ့ ခန္ဓာကိုယ်ထဲက မသန့်စင်တဲ့ အရာကို မောင်းထုတ်ပေးနိုင်တဲ့ အရည်အချင်းရှိတဲ့ ဘယ်သူမဆို ဒီ ငွေတွေကို ပိုင်ဆိုင်နိုင်ပါတယ် ….”
“ ဘယ်သူ အရင် ထွက်လာမလဲ ကျုပ် ဂရုမစိုက်ဘူး … ကျုပ် လိုချင်တာက ရလဒ်ပဲ ….”
“ ကျုပ်သမီး ဘာကြောင့် အခုလို ဖြစ်လာရလဲဆိုတာကတော့ … အရင် လလယ်လောက်ကနေ စပြောရမှာပဲ ….”
“ သိပ်မကြာခင်တုန်းက ကျုပ်သမီး … ကွယ်လွန်သွားတဲ့ သူ့အမေကို သတိရလို့ အုတ်ဂူဆီ တစ်ယောက်တည်း ဂါရဝပြုဖို့ ထွက်သွားခဲ့တယ် ….”
“ အိမ်ပြန်ရောက်ပြီး မကြာခင်မှာပဲ ရူးသလိုလို ၊ ကြောင်သလိုလိုတွေ ဖြစ်လာတယ် … ၊ ခန္ဓာကိုယ် အပူချိန်ကလည်း အေးလိုက်ပူလိုက်နဲ့ …”
“ ကျုပ် ထင်တာကတော့ သူ အုတ်ဂူ သန့်ရှင်းရေးလုပ်ပေးရင်း အဖျားမိလာခဲ့တယ်ပေါ့ … ဒါကြောင့်မို့ ဆေးကုပေးဖို့အတွက် ဆေးရုံခေါ်သွားပေးခဲ့တယ် …"
“ ဆရာဝန်က စစ်ဆေးကြည့်တော့ ကျုပ် သမီးက ပုံမှန်ပဲတဲ့ …. ဒါပေမယ့် သမီးရဲ့ အခြေအနေကတော့ တိုးတက်မလာူဘး ….”
“ အဲ့နောက်ပိုင်း ကျုပ် ဖုန်းရွှေ မာစတာတစ်ဦးကို ပင့်ဖိတ်ပြီး သမီးရဲ့ အခြေအနေကို ကြည့်ခိုင်းခဲ့တယ် ….”
“ အဲ့ဒီ ကျွမ်းကျင်သူ ပြောတဲ့ အတိုင်းဆိုရင် ကျုပ်သမီးရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ ဝိဉာဏ်တစ်ခုရှိတယ် ….”
“ အဲ့ဒီ မကောင်းဆိုးဝါး ဝိဉာဏ်က သိပ်ကြမ်းတမ်းလွန်းတယ် … ပြီးတော့ သူက ဖုန်းရွှေမှာပဲ ကျွမ်းကျင်တာ … တစ္ဆေသရဲဖမ်းတာတွေကျတော့ မတော်ဘူး … ဒါကြောင့်မို့ ကျုပ်ကို တခြားတစ်ယောက် ရှာဖို့ အကြံပေးတယ် ….”
“ ဒါကြောင့်မို့ ကျုပ်လည်း ကျုပ်ရဲ့ ဘဏ္ဍာထိန်းကို အမိန့်ပေးပြီး လူတိုင်းဆီ ဖိတ်စာတွေ ပို့ဆောင်လိုက်ရတာပဲ …”
“ ခင်များတို့အားလုံး ဟန်ကျိုးမြို့နဲ့ အနီးတစ်ဝိုက်က ကျွမ်းကျင်သူတွေ ….”
“ ကျေးဇူးပြုပြီး ကျုပ်သမီးလေးကို ဒီအန္တရာယ်တွင်းထဲကနေ ကယ်တင်ပေးဖို့ တောင်းဆိုပါရစေ …”
“ ဒီလူအိုကြီးက လူတိုင်းကို တစ်ကြိမ်ထပ်ပြီး ကျေးဇူးတင်ပါတယ် ..”
ထိုသို့ပြောပြီးနောက် ချောင်ပိုင်ရွှမ်က လူတိုင်းထံသို့ လေးလေးနက်နက် ဂါရဝ ပြုလိုက်သည်။
လူတိုင်းကလည်း ယဉ်ကျေးစွာ ပြောဆို၍ ဂျိုအန်းနာကို ပုံမှန် ပြန်ဖြစ်အောင် လုပ်ဆောင်ပေးပါမည်ဟု ကတိတွေ အသီးသီး ပေးကြ၏။
“ မြို့ထဲ အုတ်ဂူတွေ အားလုံးက ဖုန်းရွှေကောင်းတဲ့ နေရာတွေမှာချည်း ဆောက်လုပ်ထားတာပါ … “ တစ်စုံတစ်ယောက်က ပြောလိုက်ပြီး “ အဲ့လိုနေရာမျိုးမှာ တစ္ဆေသရဲတွေ မြင်ရတယ်ဆိုတာ တကယ်ရှားတယ် ….”
“ တကယ်လို့ ရှိရင်တောင် အကုန်လုံးက ဘာကျင့်ကြံမှုမှ မရှိတဲ့ လေလွင့်ဝိဉာဏ်တွေချည်းပဲ … လူ့ခန္ဓာကိုယ်ထဲ ဝင်ပူးဖို့ဆိုတာ အတော်လေး ခဲယဉ်းတယ် ….”
ထိုစကားကြားတော့ လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။
ချောင်မိသားစုက ကြွယ်ဝသည့် မိသားစုကြီး တစ်ခုဖြစ်၏။ ထို့ကြောင့် ချောင်ပိုင်ရွှမ်ကို အကောင်းဆုံး သင်္ချိုင်းမြေတွင် သေချာ တွက်ချက်ပြီး မြေမြုပ်ပေးမှာ ကျိန်းသေသည်။
သင်္ချိုးမြေက ကောင်းလေ ၊ ဖုန်းရွှေ လိုအပ်ချက်ကလည်း မြင့်မားလေ ဖြစ်၏။
ဂျိုအန်းနာက အုတ်ဂူသို့သွားပြီး သူမ၏ အမေ၏ အုတ်ဂူကို သန့်ရှင်းရေး လုပ်ပေးခဲ့သည်။ ပြန်ရောက်လာသည့်အချိန်၌ သူမကိုယ်တွင် မကောင်းသည့် ဝိဉာဏ်က အတူကပ်ငြှိပါလာသည်။ ဆိုလိုသည်က သူမသည် သင်္ချိုင်းထဲ၌ မသန့်ရှင်းသည့် အရာတစ်ခုခုကို ထိတွေ့ခဲ့မိသည်ဟူ၍ပင်။
သို့ပေမယ့် … ဖုန်းရွှေကောင်းသည့် သင်္ချိုင်း၌ မကောင်းသည့် အရာတစ်ခုခု ရှိဖို့ဆိုသည်မှာ မည်သို့ ဖြစ်နိုင်လိမ့်မည်နည်း။
“ ဟင်း ….”
ချောင်ပိုင်ရွှမ်က သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်၏။
“ ခင်များတို့တော့ သိကြမှာ မဟုတ်ဘူး … ဒါပေမယ့် ကျုပ်သမီး သင်္ချိုင်းကို သွားလည်တဲ့နေ့က လပြက္ခဒိန် ခုနစ်လမြောက်ရဲ့ ငါးရက်နေ့မှာပဲ …. ငရဲဂိတ်တံခါးတွေ ပွင့်တဲ့ရက်လည်း ဖြစ်တယ် ….”
“ သူ သင်္ချိုင်းက ပြန်လာတော့ အတော်လေးတောင် ညနက်နေပြီ …”
လူတိုင်း နားလည်သဘောပေါက်သွားခဲ့ကြသည်။
ထိုသို့ ဖြစ်မည်ဆိုလျှင်တော့ ယုတ္တိရှိသွားပြီ ဖြစ်၏။
ဂျိုအန်းနာတွင် မကောင်းသည့် အရာ ကပ်တွယ်လာသည့် ဖြစ်စဉ်တစ်ရပ်လုံးကို ရှင်းပြပြီးနောက် ချောင်ပိုင်ရွှမ်က ဘဏ္ဍာထိန်းကို အကြည့်တစ်ချက် ပေးလိုက်ပြန်သည်။
ဘဏ္ဍာထိန်းက တံခါးအသေးလေးထဲသို့ လမ်းလျှောက်ဝင်သွားခဲ့၏။
ပြန်ထွက်လာပြီးသည့်နောက် ဘဏ္ဍာထိန်း၏နောက်တွင် အိမ်အကူ တစ်ချို့နှင့် ဝှီးချဲပေါ် ထိုင်နေသည့် မိန်းကလေး တစ်ဦး ပြန်ပါလာသည်။
သူမ၏ အလှက နှစ်ဆယ် အစောပိုင်းမျှသာ ရှိဦးမည် ဖြစ်ပြီး အတော်လေးလည်း ခေတ်ဆန်လှသည်။
သို့သော် မကောင်းသည့်အရာက သူမ၏ ကိုယ်အတွင်း ကိန်းအောင်းနေသည့်အတွက် အသားအရေကတော့ ပုံမှန်မဟုတ်ဘဲ ဖြူလျော်လို့နေသည်။
သူမ၏ မျက်ဝန်းများက အသက်ဝိဉာဏ်ကင်းမဲ့နေပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း တောင့်တင်းနေလျက်ရှိသည်။
သို့ပေမယ့် … ယင်းအချက်တို့က သူမ၏ အလှကို ပျက်ယွင်းသွားစေဖို့ရာ မစွမ်းသာချေ။
ထို့အပြင် ဂျိုအန်းနာ၏ ပါးစပ်ပွင့် ငေးမောရလောက်အောင် လှပလွန်းသည့် စွဲမက်ဖွယ်အလှတရားကြောင့် အမျိုးသား တော်တော်များများမှာ ဆွဲဆောင်ခြင်း ခံလိုက်ရ၏။
ကျိုးခဲ့ရှင်းသည်လည်း ခြွင်းချက်မရှိပါချေ။
စက္ကန့်အနည်းငယ်ကြာ ကြည့်ရှုပြီးနောက် ကျိုးခဲ့ရှင်း သူမဘာသူမ ရေရွတ်လိုက်၏။ “ ဓာတ်ပုံထဲကကို အများကြီး ပိုလှနေတာပဲ ….”
“ လူကြီးမင်းချန်က အသက် ငါးဆယ်ကျော်နေပြီကို ဒီလောက်လှတဲ့ သမီးမျိုး မွေးနိုင်သေးတာတဲ့လား ….”
“ အိုပေမယ့် ထန်တယ် … အင်အားကတော့ အပြည့်ပဲ … နောက်တစ်ယောက် ယူထားတာ ကြည့်လိုက်တော့ ….”
ထိုစကားကြားတော့ ချန်ယွီ့၏ နှုတ်ခမ်းတို့ လှုပ်ခတ်သွားခဲ့ပြီး ကျယ်လောင်စွာ အော်ရယ်လုနီးပါး ဖြစ်သွားခဲ့သည်။
ကျိုးခဲ့ရှင်းက အကျင့်မကောင်းရုံမျှမက လျှာစောင်းကလည်း အတော်လေး ထက်၏။
ဂျိုအန်းနာ၏ အလှတရားကို ချီးမွမ်းရင် ပိုင်ချောင်ရွှမ်အကြောင်း အတင်းပြောဖို့ရာလည်း မမေ့လျော့ခဲ့ချေ။
ချောင်ပိုင်ရွှမ်က အသက် ၇၂ နှစ် အရွယ်ဖြစ်၏။ ဂျိုအန်းနာ၏ အသက်ကတော့ နှစ်ဆယ် အစောပိုင်းမျှသာ ရှိသေးသည်။
ဆိုလိုသူက သူ့အသက် ငါးဆယ်ကျော်အရွယ်တွင် ဂျိုအန်းနာကို မွေးဖွားခဲ့ခြင်း ဖြစ်၏။
“ ဒေါက်တာချန် … ဂျိုအန်းနာက တကယ်ရော ချောင်ပိုင်ရွှမ်ရဲ့ သမီးအရင်း ဟုတ်ရဲ့လားဟင် ….” ကျိုးခဲ့ရှင်းက ရုတ်ချည်း မေးမြန်းလိုက်၏။
“ ချောင်ပိုင်ရွှမ်ရဲ့ မျက်နှာအိုကြီးက ရင့်ရော်နေတဲ့ သစ်ခေါက်လို မျက်နှာကြီးနဲ့ … အရပ်ကလည်း ၁.၆ မီတာပဲ ရှည်တယ် …”
“ ဂျိုအန်းနာကျတော့ ဖြူဖြူဖွေးဖွေး အလှလေး… ခြေတံကလည်း အရှည်ကြီးနဲ့ … သူ့ သမီးအရင်းဆိုတာ တွေးကြည့်ရင် တကယ်ပဲ ဖြစ်နိုင်ပါ့မလားနော်….”
“ အဟွတ် အဟွတ် အဟွတ် ….”
ချန်ယွီ့ တံတွေးတီးလုနီးပါး ဖြစ်သွားခဲ့သည်။
အကယ်၍ ချောင်ပိုင်ရွှမ်ကသာ ဤစကားကို ကြားသွားခဲ့မညဆိုပါက ကျိုးခဲ့ရှင်း သေချာပေါက်ကို ပြဿနာ အကြီးကြီး တက်သွားလိမ့်မည်။
ကံကောင်းစွာဖြင့် ကျိုးခဲ့ရှင်းက သူ့အကန့်အသတ်ကို သိပြီး ကျယ်လောင်စွာ ထုတ်မပြောခဲ့၍ပင်။
“ ဘာမှ စိတ်ပူစရာမလိုဘူး လူကြီးမင်းချောင် … မိန်းကလေးချောင်ရဲ့ ကိုယ်ထဲမှာ ရှိနေတဲ့ မကောင်းဆိုးဝါး ဝိဉာဏ်က မြေအောက်လောကမှာ ဆယ်စုနှစ် အနည်းငယ်လောက်ပဲ ကျင့်ကြံရသေးတဲ့ မကောင်းဆိုးဝါးပဲ … ကျုပ်ရဲ့ မီးမျက်လုံးတွေက သေချာ ဖောက်ထွင်းမြင်နေရတယ် ….”
“ ခဏလေးပဲစောင့် … ကျုပ် တာအိုကျမ်းစာနဲ့ ဒီ မကောင်းဆိုးဝါးကို ဖျက်စီးပစ်မယ် …”
ဝဖိုင့်သည့် တာအိုရသေ့ကြီး တစ်ပါးက လူအုပ်ထဲက အာကျယ်ကျယ်နှင့် ထွက်လာခဲ့ပြီး နောက်ကျောတွင် လွယ်ထားသည့် မက်မွန်ဓားကို ဆွဲထုတ်လိုက်သည်။
သူ့ဓားကို နှစ်ကြိမ်နှစ်ခါ ဝင့်လိုက်၏။
“ ကျေးဇူးတင်ပါတယ် ရသေ့ကြီး …”
တစ်စုံတစ်ယောက်က အရင်ဦးဆုံး အခွင့်အရေးကို ရသွားခဲ့တာမြင်တော့ ကျန်သူများက အတော်လေးကို မပျော်မရွှင်ဖြစ်သွားခဲ့ကြသည်။
အဆီပိတ်နေသည့် တာအိုရသေ့ကြီးကို မကောင်းဆိုးဝါး ဝိဉာဏ်က စားသွားပါစေဟု ကြိတ်ပြီး ကျိန်ဆဲနေခဲ့ကြ၏။
“ မိန်းကလေးချောင်ရဲ့ ကိုယ်ထဲ ပုန်းအောင်းနေတာ မကောင်းဆိုးဝါး ဝိဉာဏ်မဟုတ်ဘူး … မိစ္ဆာပဲ … ငါက ဒီလို မိစ္ဆာမျိုးတွေ ကိုင်တွယ်တဲ့နေရာမှာ ကျွမ်းတယ် … ငါလုပ်လိုက်မယ် ….”
နေကာမျက်မှန်နှင့် အမျိုးသားက အကျောမခံလိုစွာဖြင့် လူအုပ်ထဲက ထွက်လာသည်။
ထို့နောက်မှာပဲ နောက်ထပ်လူတစ်ယောက် ထပ်ထွက်လာခဲ့၏။
သူ့ကိုယ်သူ စစ်နတ်မင်း၏ တပည့်တပန်း စစ်နယ်ရှင်ဟု ညွှန်းဆိုပြီး နတ်ဘုရားနှင့် ဗုဒ္ဓကို အကူအညီတောင်း၍ရကြောင်း ဆိုလာသည်။
ဗုဒ္ဓနှင့် နတ်ဘုရားများရှေ့တွင် မည်သည့်မကောင်းသည့်အရာကမျှ မကောင်းမှု ကျူးလွန်ဝံ့ကြမှာ မဟုတ်ပေ။
သိပ်မကြာခင်မှာပဲ လူတော်တော်များများက သူတို့ကိုယ်သူတို့ ကြော်ငြာလာခဲ့ကြ၏။
အချို့ဆိုလျှင် အချင်းချင်းရန်ဖြစ်နေကြပြီး လူသားဘာသာစကား၏ ပြောင်မြောက်လှသည့် နှုတ်ရေးအနုပညာကိုပင် ခင်းကျင်း ပြသနေကြလျက်ရှိသည်။
“ မင်းလို လမ်းဘေးမှာ ဗီဂရာ ရောင်းတဲ့ကောင်ကများ ချီးကို နတ်မင်းကြီးရဲ့ တပည့်ပါလား ….”
“ မင်းလည်း သိပ်မကြာခင်တုန်းက ဆေးအတုတွေ ရောင်းလို့ အာဏာပိုင်တွေ လိုက်တာကို ခံရပြီး ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရတာပဲ မဟုတ်ဘူးလား …”
“ မင်းကိုယ်မင်း နတ်တပည့်လို့ မခံယူခင် တုံးပေ စကား နည်းနည်းပါးပါး ပြောတတ်အောင် သင်စမ်း ….”
“ ငါလည်း တာအိုဝတ်ရုံဝတ်ပြီး ငါ့ကိုယ်ငါ သခင်ကျန်းလို့ ခေါ်တတ်တယ်ဟျောင့် ….”
လူအုပ်ကြီး၏ နောက်တွင်တော့ ကျိုးခဲ့ရှင်းသည် လက်ရှိ မြင်ကွင်းကို မည်သို့မျှ မကြည့်နိုင်တော့ပေ။
တစ်ဖက်သို့လှည့်ပြီး သူမ၏ လွယ်အိတ်သေးသေးလေးကို ဖွင့်လိုက်၏။
ထို့နောက် ဆိုဒါ တစ်ပုလင်းနှင့် အရိုးမပါသည့် ကြက်တောင်ပံတစ်ချောင်းကို ထုတ်လိုက်လေသည်။
ချန်ယွီ့ကတော့ သူ့ရှေ့ရှိ မြင်ကွင်းကို သဘောပါပါနှင့် ကြည့်နေပြီး အချိန်တိုင်းလိုလို အပြုံးတစ်ခုက ဖြစ်ပေါ်လာတတ်၏။
“ ဒေါက်တာချန် … ဘီယာတစ်ဘူးလောက် ယူဦးမလား …”
ချန်ယွီ့ ကျိုးခဲ့ရှင်း၏ လွယ်အိတ်ကို ကြည့်လိုက်မိသည်။
မြတ်စွာ ဘုရား … ဒါ လွယ်အိတ်မှ မဟုတ်တာ ၊ ကုန်စုံဆိုင် သေးသေးလေးပဲ …
စားစရာနဲ့ သောက်စရာတွေ ရှိတယ် …
ဘီယာ၊ မြေပဲ၊ အာလူးကြော်ထုပ်တွေ၊ စပိုက်စီချောင်းတွေ ၊ ဒိန်ချဉ်ဘူးတွေ၊ ဒူးရင်းသီး နှစ်မွှာတောင် ရှိနေလိုက်သေး …
“ မင်း ဒီလာတာကို မုန့်တွေ အများကြီး ဘာလို့ သယ်လာတာ ….”
ချန်ယွီ့ ငိုရအခက်၊ ရယ်ရအခက် ဖြစ်စွာ မေးလိုက်မိ၏။
“ မသိတဲ့လူဆိုလို့ကတော့ မင်းကို ပျော်ပွဲစား ထွက်လာတယ်လို့တောင် အထင်မှားသွားကြဦးမယ် …”
“ မုန့်တွေ မရှိဘဲနဲ့ ပွဲကြည့်လို့ ဘယ်ကောင်းမှာလဲ …” ကျိုးခဲ့ရှင်းက ဖြစ်သင့်သည့် အရာတစ်ခုနှယ် လေသံမျိုးဖြင့် ပြောလိုက်ပြီး “ ဒေါက်တာချန် … ရှင် ဘီယာ ယူမှာလား မယူဘူးလား … မယူဘူးဆို အိတ်ကို ပြန်ပိတ်တော့မှာ ….”
“ ပေးစမ်း တစ်ဘူး …”
ဘီယာ တစ်ဘူးအပြင် ချန်ယွီ့ မြေပဲတစ်ထုပ်လည်း တောင်းလိုက်၏။
ကျိုးခဲ့ရှင်းထံက စားစရာများ ရလာပြီးနောက် ချန်ယွီ့က ဘေးဘက်သို့ သွားပြီး ထိုင်ခုံနှစ်လုံး သွားယူလာခဲ့လိုက်သည်။
ထို့နောက် နှစ်ယောက်သား ထိုင်ချပြီး ဆက်လက် စားသောက်ကြတော့၏။
တစ်ယောက်က ဆိုဒါသောက်ရင်း ကြက်တောင်ပံ စားနေပြီး အခြားတစ်ယောက်ကတော့ ဘီယာ တစ်ကျိုက်မော့လိုက် ၊ မြေပဲလေး ဝါးလိုက်နှင့် အဆင်ပြေနေသည်။
ငြင်းခုန်မှုက ဆက်လက် ဖြစ်ပေါ်နေပြီး ချောင်ပိုင်ရွှမ်၏ မျက်နှာအမူအရာမှာ နက်မှောင်လာခဲ့သည်။
“ ဟေ့ကောင် … ဘယ်လို ကျွမ်းကျင်သူတွေကို မင်း ဖိတ်လာခဲ့လဲ ကြည့်စမ်း ….”
ချောင်ပိုင်ရွှမ်က သူ့ ဘဏ္ဍာထိန်းကို ဘေးသို့ ခေါ်သွားပြီး အသံတိုးတိုးဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။
“ ဒီကောင်တွေက ဆရာယောင်တွေကွ ….”
“ သခင်ကြီး … ကျေးဇူးပြုပြီး စိတ်ကိုအေးအေးထားပါဦး … စကားပုံတွေအတိုင်း … တကယ်လို့ တောင်က မမြင့်ဘူးဆိုရင် ရတနာလည်း မရှိနိုင်ဘူး … ဒီလူတွေရဲ့ အကျင့်စရိုက်တွေက မကောင်းကြဘူးဆိုပေမယ့် သူတို့ အကုန်လုံးက အစွမ်းအစရှိတဲ့လူတွေပါ ….”
ဘဏ္ဍာထိန်းက ချောင်ပိုင်ရွှမ်ကို ဖျောင်းဖျနှစ်သိမ့်လိုက်သည်။
လူတစ်ဦးက အရည်အချင်းရှိလေ၊ ၎င်း၏ အကျင့်စရိုက်တို့ကလည်း ထူးဆန်းလေ ဖြစ်၏။
ယခု သူက ဤလူများအား အကူအညီတောင်းထားလေရာ သည်းခံသွားဖို့သာ ရှိသည်။
သူ့ သမီးလေးအတွက် ၊ ချောင်ပိုင်ရွှမ် ရင်ထဲရှိ ဒေါသကို ဖိနှိပ်ထားရုံသာ တတ်နိုင်သည်။
ရောက်လာကြသည့် ဤ ရာနှင့်ချီသည့် လူများထဲတွင် သမီးဖြစ်သူ ခန္ဓာကိုယ်ထဲ ပုန်းအောင်းနေသည့် ဝိဉာဏ်ကို မောင်းထုတ်ပေးနိုင်မည့် အမှန်တကယ် အစွမ်းအစရှိသူ အနည်းအကျဉ်းမျှ ရှိနေဖို့ရန်သာ တိတ်တဆိတ် မျှော်လင့်နေမိတော့သည်။