စားနေတာတော်တော့ ၊ လေးလေးနက်နက် ရှိစမ်း
Vol. 25 Ch. 246
“ ဒေါက်တာချန် … ကျွန်မကတော့ သူ့မျက်လုံးတွေ အသက်မပါသလို ဖြစ်နေတာနဲ့ ခန္ဓာကိုယ်က မလှုပ်မယှက် ဖြစ်နေတာကလွဲရင် ကျန်တာ အားလုံးက ပုံမှန်ပဲလို့ ထင်တယ် … သူ တကယ်ပဲ ဝင်ပူးခံထားရတာရော ဟုတ်လို့လား ….”
ကျိုးခဲ့ရှင်းက မေးရင်းနှင့် လေတစ်ချက် တက်လိုက်သည်။
“ အထူးစွမ်းအင် ခန္ဓာက ပူးကပ်ထားတာ အမှန်ပဲ …” ချန်ယွီ့ သူ့လက်ထဲက ဘီယာဘူးကို အောက်သို့ ခေတ္တချထား၍ ခွန်းတုံ့ပြန်လိုက်သည်။
“ တကယ်လို့ ရှင်သာ တစ်ခုခု လုပ်လိုက်မယ်ဆိုရင် သူ့ ပြဿနာကို မိနစ်ပိုင်လေး အတွင်းမှာပဲ ဖြေရှင်းပေးနိုင်မယ်မလား ….”
“ အင်း … နေမှာပေါ့ ….”
ချန်ယွီ့ အမှုမထားသည့်နှယ် ပြုံးလိုက်ပြီး သူ့အကြည့်ကို ရှေ့ရှိ လူအုပ်ကြီးထံ ပြန်လည် ရွေ့ပြောင်းလိုက်သည်။
“ လူတိုင်း တော်ကြတော့ ….”
“ မင်းတို့ သန်း ၅၀ လိုချင်တယ်ဆိုရင် မင်းတို့ရဲ့ အစွမ်းအစအပေါ်မှာပဲ မူတည်တယ် …”
ချောင်ပိုင်ရွှမ်၏ လေသံထဲတွင် မကျေမချမ်းဖြစ်သည့် အရိပ်အမြွက်တို့ ကြီးစိုးနေပြီး လူတိုင်းကို ငြင်းခုန်နေတာ တော်ပြီး ပရောဂစနှင်ဖို့ သတိပေးလိုက်၏။
အကယ်၍ သူတို့သာ ဆက်လက်ငြင်းခုန်နေကြဦးမည်ဆိုပါက မိုးလင်းသွားနိုင်သည်။
ဤသည်ကို ကြားတော့ သူတို့ထဲ အချို့က ငြင်းခုန်နေတာကို ရပ်တန့်လိုက်ကြပြီး ဂျိုအန်းနာထံ ပြေးသွားလိုက်ကြသည်။
သူ့ကိုယ်သူ စစ်နယ်ရှင်ဟု ကြွေးကြော်ထားသည့် အမျိုးသားက နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ပြီး လက်သီးဆုပ်ကာ သူ့ရင်ဘက်ကို တဘုန်းဘုန်း ပုတ်လိုက်၏။
စက္ကန့်အနည်းငယ်ကြာပြီးနောက် စစ်နယ်ရှင်၏ ခန္ဓာကိုယ်က မရပ်မနား တုန်ယင်လာခဲ့ပြီး စူးရှသည့် အသံနှင့် အော်ဟစ်လိုက်၏။
“ တယ် … အတင့်ရဲလိုက်တာ … ငါ ကိုယ်တော် စွန်းဝူခုန်း ဆင်းသက်လာတာတောင် မကောင်းဆိုးဝါး … မင်း မြန်မြန်ထွက်လာပြီး အညံ့မခံသေးဘူးလားကွ …”
စစ်နယ်ရှင်က ထိုစကားပြောပြီးသည်နှင့် မျောက်ကဲ့သို့ မျက်နှာအမူအရာမျိုး ဖြစ်သွားခဲ့ပြီး ဂျိုအန်းနာကို သွားဖြဲခြောက်လှန့်ပြလိုက်သည်။
“ ချီး … ဟန်များလိုက်တာ …”
ကျိုးခဲ့ရှင်းက သူမ၏ အရိုးမပါသည့် ကြက်တောင်ပံကို နောက်ဆုံးတစ်ကိုက် ကိုက်စားလိုက်၏။
စစ်နယ်ရှင်က သူ့ကိုယ်သူ စွန်းဝူခုန်းဟု ကြွေးကြော်နေစဉ် သူ့ပုံစံက တကယ်လည်း မျောက်တစ်ကောင်နှင့် တူလှ၏။
အခြားသူများ၏ တင်ဆက်မှုသည်လည်း ၎င်းနည်းတူ အံ့ဩဖွယ်ကောင်းလှ၏။
တစ်ချို့က ကျယ်လောင်စွာ မာန်ကြွေးပြီး အင်မော်တယ် တစ်ဦးကို ဖိတ်ကြားကာ သူ့ကိုယ်ထဲသို့ ဝင်စီးစေသည်။
တစ်ချို့က အနီရောင် အိတ်ကျုံ့လေး တစ်ခုကို ထုတ်ပြီး ဆန် တစ်ဆုပ်စာခန့် ယူကာ ဂျိုအန်နာထံ ပစ်ပေါက်လိုက်၏။
“ ဒေါက်တာချန် … ကျွန်မတို့ သန်း ၅၀ ရပြီးရင် ညလယ်စာ သွားစားကြမလား ….”
“ ကျွန်မ ကျောက်ပုစွန်တုပ် မစားရတာ အတော်လေးကြာပြီ … ကြက်သွန်ဖြူဆော့စ်နဲ့ပဲ ဖြစ်ဖြစ်၊ အစပ်အရသာပဲ ဖြစ်ဖြစ် ကျွန်မ မငြင်းဘူး ….”
ကျိုးခဲ့ရှင်းက သူမ၏ ကြက်တောင်ပံကို တစ်လုတ်တည်း အပြတ်ရှင်းပြီးနောက် အခြားသော စားစရာမုန့်များကို ထုတ်ယူလိုက်သည်။
“ ကောင်းပြီလေ … ဒီည ညလယ်စာကို ကျောက်ပုစွန် စားကြမယ် ….”
ချန်ယွီ့ နှင့် ကျိုးခဲ့ရှင်းတို့ သာမန်လျှံကာပဲ စကားဝိုင်း ဆွေးနွေးနေကြသည်။
သူတို့တွေ ဘယ်လို ပုစွန်မျိုးက စားအကောင်းဆုံးလဲဆိုတာကို ပြောဆိုနေခဲ့ကြ၏။
သူတို့ရှေ့ရှိလူများက အစွမ်းအစ ကိုယ်စီ ထုတ်ပြနေကြသော်လည်း အကုန်လုံးက အချည်းနှီးပင်။
အချိန်တို့ တရွေ့ရွေ့နှင့် ကုန်ဆုံးသွားပြီး မကြာမီအချိန်အတွင်းမှာပဲ နာရီဝက် ကုန်ဆုံးသွားခဲ့၏။
လူတိုင်းက ပင်ပန်းလွန်း၍ မောဟိုက်နေကြလေပြီ။
သူ့ကိုယ်သူ စွန်းဝူခုန်း ဝင်စီးထားသည်ဟု ကြွေးကြော်ထားသည့် စစ်နယ်ရှင်သည်လည်း ခွေးတစ်ကောင်နှယ် မောပမ်းနေပြီ ဖြစ်၏။ ကြမ်းပြင်ပေါ်သို့ ထိုင်ချရင်း လျှာထုတ်၍ မောဟိုက်နေသည်။
ဤအချင်းအရာကို မြင်တော့ အခြားသူများက ကျယ်လောင်စွာ လှောင်ပြောင်လိုက်ကြသည်။ ထို့နောက် စင်ပေါ်တက်ရဖို့အရေး တိုက်ခိုက်ကြတော့၏။
“ အော်မီထော်ဖော … မာလိမာလိ လောင်ကျွမ်းပြီး သေလိုက်စမ်း ….”
လက်ထဲတွင် စိပ်ပုတီးနှင့် ဘုန်းကြီးတစ်ပါး၏ ဟိန်းဟောက်သံက လူတိုင်းကို လွှမ်းခြုံသွားခဲ့၏။
အာလူးကြော်ထုပ်ကို ကုန်အောင် ဖောက်စားပြီးနောက် ကျိုးခဲ့ရှင်းက ချန်ယွီ့ လက်ထဲကနေ မြေပဲတစ်ဆုပ်စာခန့် ဆွဲယူလိုက်၏။
“ ဒေါက်တာချန် ….” ကျိုးခဲ့ရှင်း စားရင်း ပြောလိုက်ပြီး “ ဒီလူတွေ အကုန်လုံးက အရည်အချင်းရှိကြတဲ့ လူရွှင်တော်တွေပဲ … သူတို့တွေကိုသာ ထောင်ထဲက အပ်ချုပ်တဲ့နေရာမှာ ထားလိုက်လို့ကတော့ လူတိုင်း ပျင်းရမှာ မဟုတ်ဘူးဆိုတာ အာမခံရဲတယ် ….”
“ သူတို့ပုံစံတွေကို ကြည့်စမ်းပါဦး … သူတို့ကိုယ်တိုင် ကြွေးကြော်နေတဲ့ အစွမ်းအစတွေအပေါ် ယုံကြည်နေလိုက်ကြတာများ …”
“ ဝါး ဒေါက်တာချန် … ရှင်ကြည့် … အဲ့လူက မီးတွေ မှုတ်နိုင်နေတယ် ….”
ကျိုးခဲ့ရှင်းက ချန်ယွီ့၏ ပခုံးကို ပုတ်လိုက်ပြီး သူမ၏ အခြားလက်တစ်ဖက်က စွပ်ကြယ်နှင့် အမျိုးသားတစ်ဦး လေတိုက်တောင် မီးမသေသည့် အာမခံ မီးခြစ်တစ်လုံးကို ထုတ်၍ မီးများ မှုတ်ထုတ်သည့်မြင်ကွင်းအား လက်ညှိုးညွှန်ပြနေလျက်ရှိသည်။ ထိုမီးတောက်များက ဂျိုအန်နာ၏ ဆံပင်မွှေးများကိုပင် လောင်ကျွမ်းလုနီးပါး ဖြစ်သွားစေသည်။
“ အဲ့လို မလုပ်ခင် ပါးစပ်ထဲ အရက်ကြိုငုံထားလို့ပါကွာ …” ချန်ယွီ့ ရယ်မောလိုက်ပြီး “ ဒါတွေ အကုန်လှည့်ကွက်ပဲ …”
“ အဲ့ဒီ တာအိုရသေ့ကြီးရဲ့ လက်ထဲက အဆောင်ထဲမှာ ဘာကြောင့် သွေးတွေ စွန်းနေရလဲဆိုတော့ မုန်လာဥအရည်နဲ့ ကြိုတင်ပြီး သုတ်လိမ်းထားလို့ပဲ….”
“ မုန်လာဥအရည်နဲ့ အယ်ကာလိုင်းဘေ့စ်တို့ ဓာတ်ပြုရင် အနီရောင် ပြောင်းသွားစေတယ် …”
“ စစ်နယ်ရှင်ဆိုတဲ့လူကလည်း အရင်က ဆပ်ကပ်မှာ အလုပ်လုပ်ခဲ့ဖူးတဲ့လူ .. သူက တိရစ္ဆာန်တွေကို တုပတဲ့နေရာမှာ တော်တယ် ….”
“ အဲ့ဒီ ဂန်းစတားနဲ့ တူတဲ့လူကျတော့ အရင်က တကယ်လည်း ဂန်းစတားဖြစ်ခဲ့ဖူးတယ် … နောက်ပိုင်းမှာတော့ ထောင်ကျသွားခဲ့တယ် … ထောင်ကလွတ်လာပြီးတဲ့နောက်မှာ စထွင်မာ ဖြစ်ချင်ပေမယ့် လိုက်စထွင်း ပလတ်ဖောင်းရဲ့ ကန့်သတ်တာကို ခံရတော့ လူလိမ်လုပ်စားဖို့ ဆုံးဖြတ်လိုက်တာပဲ ….”
“ စကတ်အတိုနဲ့ စတော်ကင် ဝတ်ထားတဲ့ အန်တီကြီးက တကယ်တော့ စုန်းမလို ဝတ်စားထားတာ … ဒါပေမယ့် တကယ့် စုန်းမလို ဝတ်စားမယ့်အစား အဲ့လိုမျိုးဝတ်စားထားတာပဲ …”
“ ခါးမှာ ခေါင်းလောင်းတွေ ချိတ်ဆွဲထားတဲ့ အမျိုးသမီးက သူ့ကိုယ်သူ တုံးပေက နတ်ဝင်သည်လို့ ဆိုပေမယ့် နတ်ဝင်သည် အဝတ်အစားတော့ မဝယ်နိုင်ရှာဘူး … အဲ့ဒါကြောင့် အင်တာနက်ပေါ်မှာရှာပြီး သူ့ကိုယ်သူ ချုပ်ထားတဲ့ဟာတွေပဲ …”
ချန်ယွီ့က လူတိုင်း၏ လျှို့ဝှက်ချက်များကို ဘာမဟုတ်သည့်နှယ် ဖော်ထုတ်သွားခဲ့သည်။
သို့သော် လူအုပ်ထဲတွင် အမှန်တကယ် တတ်စွမ်းသူ အနည်းအကျဉ်းတော့ ပါဝင်သည်။ သို့ပေမယ့် ၎င်းတို့က သာမန်လူများကိုသာ အရူးလုပ်နိုင်လိမ့်မည်။
အမှန်တကယ် အင်အားကြီးမားသည့်အရာနှင့် ကြုံတွေ့ခဲ့မည်ဆိုပါက ကြောက်လန့်လွန်းအားကြီး၍ ဘောင်းဘီပင် စိုသွားနိုင်သည်။
ဤလူများ၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်ရင်း အာဏာပိုင်များ၏ ဤသို့သော အရာများအပေါ် နှိမ်နင်းမှုအား နက်နက်ရှိုင်းရှိုင်း ထောက်ခံနေမိသည်။
ဆရာယောင်များကို တင်းကြပ်စွာ အပြစ်ပေးသည်က ကောင်း၏။ အကယ်၍များ အပြစ်မပေးဘူးဆိုလျှင် အခြေအနေက ယခုထက်ပင် ဆယ်ဆ ဆိုးရွားသွားနိုင်သည်။
“ မင်းတို့နှစ်ယောက် အဲ့တာ ဘာလုပ်နေတာလဲ …”
ထိုအချိန်မှာပဲ ချောင်ပိုင်ရွှမ်သည် ထူးဆန်းသည့် အနံ့တစ်ခုကို ရှူရှိုက်မိ၏။
ဟမ် … ဘယ်ကောင် ဒူရင်းသီး လာစားနေတာ …
လိုက်ရှာရင်း ချန်ယွီ့နှင့် ကျိုးခဲ့ရှင်းတို့ကို မြင်တော့ ချောင်ပိုင်ရွှမ်၏ နှာခေါင်းမှာ ဒေါသကြောင့် တွန့်ကောက်လုနီးပါး ဖြစ်သွားခဲ့လေသည်။
သူက ဤလူများကို သူ့သမီးထံတွင် ကပ်တွယ်နေသည့် မကောင်းသည့် အရာအား နှင်ထုတ်ဖို့ ဖိတ်ခေါ်ထားခြင်းပင်။ ရှိုးကြည့်ဖို့ အတွက် မဟုတ်ပေ။
ချန်ယွီ့နှင့် ကျိုးခဲ့ရှင်းတို့က ထိုင်ခုံပေါ် ခြေတင်ချိတ်ထိုင်နေလျက် ရှိပြီး မြေပဲခွံများ၊ မုန့်ခွံများနှင့် ဘီယာတစ်ဘူးတို့ကလည်း သူတို့ ဘေးနားတွင် ရှိနေသည်။
ကျိုးခဲ့ရှင်းဆိုလျှင်သူမလက်ထဲ ဒူးရင်းသီး တစ်မွှာကိုပင် ကိုင်ထားလိုက်သေး၏။
လူတိုင်းက သူမအား စိုက်ကြည့်နေတာကို မြင်တော့ ကျိုးခဲ့ရှင်း မသက်မသာ ဖြစ်လာပြီး သူမ လက်ထဲရှိ ဒူးရင်းသီးကို အမြန် ရှင်းလိုက်၏။
“ ကျုပ်တို့ ကိစ္စကို မပူနဲ့ …” ချန်ယွီ့က အမှုမထားသည့် အမူအရာဖြင့် ဆိုလိုက်ပြီး “ ခင်များတို့သာ ဆက်လုပ်ကြပါ ….”
“ စားနေတာ တော်ပြီး လေးလေးနက်နက် ရှိစမ်း … ငါတို့က ဒီလာခဲ့တာ နတ်ဆိုးနှင်ဖို့ကွ …”
ဝဖိုင့်သည့် တာအိုရသေ့ကြီးက မပျော်မရွှင်သည့် လေသံဖြင့် တင်းမာစွာ သတိပေးလိုက်သည်။
“ မင်းတို့နှစ်ယောက်လည်း ဒီကို ရောက်လာတယ်ဆိုတော့ လူကြီးမင်းချောင် ဖိတ်ထားတဲ့ ဆန်းကြယ်ဂိုဏ်းသားတွေပဲ ဖြစ်ရမယ် ….”
“ ဒါတောင် မိန်းကလေးချောင်ရဲ့ လုံခြုံရေးကို လျစ်လျူရှုထားပြီး စိတ်အေးလက်အေးနဲ့ ဘယ်လိုတောင် စားသောက်နိုင်နေတာ … မင်းတို့ကောင်တွေ ရှိနေလို့ ငါတို့လို တကယ် လုပ်နေတဲ့လူတွေ နာမည်ပျက်နေတာ ….”
သူတို့၏ မစွမ်းဆောင်နိုင်မှုအပေါ် ကသိကအောက် ဖြစ်မှုကို ချေဖျက်ရန်အတွက် လူတိုင်းက သူတို့၏ လက်ညှိုးများကို ချန်ယွီ့နှင့် ကျိုးခဲ့ရှင်းထံသို့ ညွှန်လိုက်ကြသည်။
ချန်ယွီ့တို့နှစ်ဦးကို မသိနားမလည်၊ ပရော်ဖက်ရှင်နယ် မဆန်သူများဟု ဆူဆဲနေကြလေသည်။
“ ရှင်တို့ကမှ ပရော်ဖက်ရှင်နယ် မဆန်တဲ့လူတွေ ….”
ကျိုးခဲ့ရှင်း ထရပ်၍ ပြောလိုက်ပြီး “ ကျွန်မကို ပြောတာ ဘယ်လိုပဲ ပြောပြော အဆင်ပြေတယ် … ဒါပေမယ့် ဒေါက်တာချန်ကို ပြောမယ်ဆိုရင်တော့ သတိသာထားနေ … ရှင်တို့ ကိုယ့်ခြေထောက်ကိုယ် မပစ်မိဖို့ သတိထားလိုက် …”
ဒေါက်တာချန်၏ အမည်ကို ကြားတော့ လူတော်တော်များများ၏ မျက်နှာအမူအရာများ ပြောင်းလဲကုန်ကြသည်။
ချောင်ပိုင်ရွှမ်က သူ့ ဘဏ္ဍာထိန်းကို ခေါ်ပြီး မေးလိုက်၏။ “ အဲ့နှစ်ယောက် ဘယ်သူတွေတုန်း … ဒေါက်တာချန်ရဲ့ နာမည်ကို တစ်နေရာရာမှာ ကြားဖူးနေသလိုပဲ …”
“ သခင်ကြီး … သူက အခုတစ်လောတင်မှ အင်တာနက်မှာ နာမည်ကြီးလာတဲ့ ချန်ယွီ့လေ ….”
“ စီအီးအိုရွှီ ကိုယ့်ကိုယ်ကို အဆုံးစီရင်မယ့် အကြောင်းကို တပ်အပ် ပြောခဲ့ဖူးတဲ့လူပဲ ….”
ချန်ယွီ့၏ အထောက်အထားကို လျင်မြန်စွာ ပြန်လည် အမှတ်ရသွားခဲ့ပြီး သူ့ ရင်ထဲရှိ ဒေါသတရားများလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့သည်။
ချန်ယွီ့က အွန်လိုင်းပေါ်တွင် စိတ်ကျန်းမာရေး ဆရာဝန် တစ်ဦး အထောက်အထားနှင့် မည်သည့် ပြဿနာ မဆို ဖြေရှင်းပေးနိုင်သူတစ်ဦးဖြစ်ကြောင်း နာမည်ကြီးသည်။
တစ်ချိန်တည်းမှာပဲ သူ့ အကျင့်စရိုက်က ထူးဆန်းပြီး ၊ မည်သို့မျှ ခန့်မှန်းမရကာ သူ့ပုံစံကလည်း သမာရိုးကျ ဟုတ်မနေပေ။
ထိုကဲ့သို့ ထူးဆန်းသည့် အမူအကျင့်နှင့် လူများက နောက်ဘက်တွင်ထိုင်ပြီး စားနေ၊ သောက်နေကြတာက အံ့ဩစရာ မရှိတော့ချေ။
နွေးထွေးသည့် အပြုံးတစ်ခုက ချောင်ပိုင်ရွှမ်၏ မျက်နှာထက်တွင် ဖြစ်ပေါ်လာပြီး ချန်ယွီ့ထံသို့ လျှောက်လှမ်းသွားကာ လက်သီးလက်ဝါးဆုပ်လျက် “ ဒေါက်တာချန်ကိုး … ကြားဖူးနေတာကြာပါပြီ ကြားဖူးနေတာကြာပါပြီ …. “
“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ငါ့သမီးလေးကို ကယ်တင်ပေးပါဦး ….”
“ ဒီအဘိုးကြီးက ကျိန်းသေပေါက်ကို ဆုကြီးကြီး ပေးနိုင်ပါတယ် ….”
ခေါင်းညိတ်လျက် ချန်ယွီ့ ဂျိုအန်းနာထံ ချဉ်းကပ်သွားသည်။
ဝှီးချဲပေါ်မှာ ရှိနေသည့် ဂျိုအန်းနာကို တစ်ချက်ကြည့်ပြီးနောက် ချန်ယွီ့ သူ့လက်ကို ကုတ်အင်္ကျီအတွင်းထဲသို့ နှိုက်လိုက်၏။
လက်ပြန်ထုတ်လာသည့် အချိန်မှာတော့ လူတိုင်း၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲကုန်သည်။
ချန်ယွီ့က ရေပြွတ်သေနတ်ကို ထုတ်ပြီး ဂျိုအန်းနာ၏ နဖူးကို ချိန်ရွယ်ထား၏။