စတေးခံသိုး
Vol. 25 Ch. 249
ချောင်ပိုင်ရွှမ်က သူ့ မယားငယ်နှင့် ဖောက်ပြန်ခဲ့ပြီး အဆုံးတွင် ကိုယ်ဝန်ရခဲ့၏။
မယားငယ်က ဇနီးကြီးကို အရင်ဦးဆုံး စော်ကားလာသည်။ သို့သော် ချောင်ပိုင်ရွှမ်က သူတို့နှစ်ဦး၏ ဆက်ဆံရေးကို အဆုံးမသတ်သည့်အပြင် သူ့အား မေးခွန်းထုတ်သည့် ဇနီးဖြစ်သူကိုပင် လက်ပါခဲ့သေးသည်။
“ ဒီကိစ္စတွေ မဖြစ်ခဲ့ဘူးလို့ ရှင်ပြောချင်သေးလား …” ဂျိုအန်နာက အဆုတ်ပေါက်ကွဲလုနီး အော်ဟစ်လိုက်ပြီး “ ကျွန်မ အခု ပြောတာတွေ အကုန်လုံးက အမှားတွေပါလို့ ရှင် ကျိန်ဆိုရဲလား ….”
ချောင်ပိုင်ရွှမ် ချွေးပြိုက်ပြိုက် စီးကျလာသည်။
သူ ယခင်ကလောက် ဒေါသမထွက်တော့ပေ။
“ ယောင်လင် … နင်လည်း အရှက်မရှိတဲ့ အပျက်မ …”
“ နင် ငါ့အဖေကို မြှူဆွယ်တုန်းက ငါ့အသက်လောက်ပဲ ရှိသေးတယ် … ဒါပေမယ့် နင့် နှလုံးသားက မြွေဟောက်ထက်တောင် အဆိပ်ပြင်းသေးတယ် …”
“ အလုပ်မလုပ်ဘဲ ဇိမ်ကျတဲ့ ဘဝမှာ နေထိုင်နိုင်ဖို့အတွက်နဲ့ ငါ့အဖေမှာ မိန်းမနဲ့ကလေးရှိမှန်း သိသိလျက်နဲ့ မြူဆွယ်ခဲ့တယ် ….”
“ နင့်ရဲ့ စနက်တွေ၊ မကောင်းတဲ့ ရည်ရွယ်ချက်တွေသာ မရှိရင် ငါ့အဖေလည်း အမေ့ကို သတ်ခဲ့မှာ မဟုတ်ဘူး ….”
“ နင် ကိုယ်ဝန်ရလာပြီးတော့ အမေ့ရှေ့မှာ ရှိုးပြတယ် … အမေ အမြဲတမ်း ငိုင်တွေတွေကြီး ဖြစ်ပြီး သူ့ အာရုံကြောတွေ အားနည်းလာခဲ့တာ နင့်ကြောင့် ….”
“ နင်ကတော့ အမေ့ကို သူ နင့်ကို ရိုက်နှက်တယ်၊ ဆူဆဲတယ်ဆိုပြီး ငိုယိုပြတယ် ….”
“ လိပ်ကိုတောင် ဂျပိုးဖြစ်အောင် ပြောပြီး အမေက နင့်ဗိုက်ထဲက ကလေးကို ပျက်ကျအောင်လုပ်ဖို့ စီစဉ်နေပါတယ်ဆိုပြီး အဖေနဲ့ အမေကြားမှာ သွေးခွဲတယ် …”
“ နောက်ဆုံးကျတော့ မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်လာခဲ့တော့တာပဲ ….”
ကျိုးခဲ့ရှင်း အံ့အားသင့်သွားခဲ့သည်။
ဒါ နိုဗယ်တွေထဲလို ကိုယ်လုပ်တော်နဲ့ ဇနီးတွေကြားက ဒရာမာလိုမျိုးပဲ မဟုတ်လား …
ချန်ယွီ့က ထိုင်ခုံတစ်လုံး လှမ်းယူလိုက်ပြီး အေးဆေးထိုင်ချလိုက်၏။
လွန်ခဲ့သော ဆယ်နှစ်ခန့်က ဂျိုအန်းနာ၏ မိခင်သည် လှေကားထစ်မှ ပြုတ်ကျပြီး ဒဏ်ရာများကြောင့် ဆေးရုံတွင် ဆုံးပါးသွားခဲ့၏။
ယင်းက လူအများသိထားကြသည့် သေဆုံးမှု အကြောင်းအရင်းပင်။
တကယ့်လက်တွေ့ကတော့ သူမကို အနောက်ကနေ၍ တစ်စုံတစ်ဦးက တွန်းချလိုက်ခြင်းကြောင့် ဖြစ်၏။
လူသတ်သမားက ချောင်ပိုင်ရွှမ်ကလွဲပြီး အခြားသူ မဟုတ်ပေ။
သူ့ အသက် သုံးဆယ်အရွယ်တွင်တုန်းက ချောင်ပိုင်ရွှမ်သည် သူ့အောက် ဆယ်နှစ်ငယ်သည့် ဇနီး ဖြစ်သူနှင့် လက်ထပ်ခဲ့သည်။
သူ့ဇနီးက အားနည်းပြီး ချူချာကာ အသက်လေးဆယ်အရွယ်တွင်မှ ကလေးရလာခဲ့၏။
ဆယ်လ ကိုယ်ဝန်ဆောင်ပြီးနောက် ဂျိုအန်းနာကို မွေးဖွားပေးခဲ့သည်။
ချောင်ပိုင်ရွှမ်က ရှေးရိုးစွဲပြီး ယောက်ျားလေးကိုသာ ပိုလိုချင်သည်။ ချောင်မိသားစု၏ ကြီးမားသည့် အမွေအနှစ်များကို ယောက်ျားလေးကသာလျှင် ဆက်ခံသင့်သည်ဟု ယူဆ၏။
ဇနီးဖြစ်သူကလည်း ကျန်းမာရေး အခြေအနေ မကောင်းသဖြင့် ဂျိုအန်းနာကို မွေးဖွားပေးပြီးနောက် နောက်ထပ် ကလေး တစ်ယောက် ထပ်မယူနိုင်တော့ချေ။
သူ ကွာရှင်းပြီး နောက်တစ်ကြိမ် ပြန်လက်ထပ်ချင်သည်။ သို့သော် သူ့ ဇနီးသည်၏ မိသားစု ဝင်စွက်ဖက်လာမှာကိုလည်း စိုးရိမ်မိ၏။
နှစ်အနည်းငယ်ကြာပြီးနောက် ချောင်ပိုင်ရွှမ်ကို တက္ကသိုလ်တစ်ခုက မိန့်ခွန်းပြောကြားပေးဖို့ ဖိတ်ကြားလာခဲ့ပြီး ထိုအချိန်မှာပဲ ယောင်လင်နှင့် ဆုံတွေ့ခဲ့သည်။
တက္ကသိုလ် တတိယနှစ် တက်နေဆဲဖြစ်သည့် ယောင်လင်က ချောင်ပိုင်ရွှမ်ကို လေးစားနှစ်သက် အားကျချင်ယောင်ဆောင်၍ ရည်ရွယ်ချက်ရှိရှိနှင့် သူ့ထံသို့ ချဉ်းကပ်လာခဲ့သည်။ ယောင်လင်၏ ရည်ရွယ်ချက်ကို ပါးနပ်သည့် ချောင်ပိုင်ရွှမ်က မသိဘဲ နေဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ ထို့နောက် သူမနှင့် အတူအိပ်ပြီး ယောင်လင်ကို အောင်အောင်မြင်မြင်နှင့် သိမ်းပိုက်နိုင်လိုက်သည်။
သိပ်မကြာခင်မှာပဲ ယောင်လင် ကိုယ်ဝန်ရသွားခဲ့၏။
အာထရာစောင်း ရလဒ်က ယောက်ျားလေးဖြစ်ကြောင်း ပြသနေသည်။
“ အတုတွေ … အကုန် အတုအယောင်တွေ ….”
ချောင်ပိုင်ရွှမ်က သမီးဖြစ်သူ၏ စွပ်စွဲချက်ကို အပြင်းအထန် တုံ့ပြန်လိုက်ပြီး “ အိမ်ထောင်ရေးမှာ ငါ ဖောက်ပြန်ခဲ့တာ ဝန်ခံတယ် ….”
“ ဒါပေမယ့် ငါ မင်းအမေကိုတော့ မသတ်ခဲ့ဘူး ….”
“ မင်းအမေက ငါ သူ့အပေါ် ဖောက်ပြန်ခဲ့တာကို သိပြီး ငါ့အပေါ် ထားတဲ့ ရန်ငြှိုးတွေကလည်း နက်ရှိုင်းတယ် ….”
“ မတော်တဆမှုဖြစ်ပြီး သေသွားခဲ့လို့ ငါ့အပေါ် လက်စားမချေလိုက်နိုင်တော့ မင်းကို သူ့ကိုယ်စား လက်စားချေခိုင်းချင်နေတာ ….”
“ အမှန်တရားကို ရည်ရွယ်ချက်ရှိရှိနဲ့ ပြောင်းလဲပြီး ငါ့ကို တမင်တကာ လူသတ်သမား ဖြစ်အောင် လုပ်နေတာပဲ ….”
“ အဖေ အရင်နှစ်တွေ တစ်လျှောက်လုံး မင်းအပေါ် ချစ်ခြင်းမေတ္တာတွေ ၊ ကြင်နာမှုတွေ ကင်းမဲ့ခဲ့မိတယ်ဆိုတာ မှန်တယ် … ဒါပေမယ့် အဖေက မင်းအဖေအရင်းလေ … ကျန်တဲ့ ဘယ်သူ့ကိုမဆို အဖေ လိမ်လို့ရတယ် … ဒါပေမယ့် မင်းကိုတော့ အဖေ မလိမ်ဘူး ….”
ထိုသို့ပြောပြီးနောက် ချောင်ပိုင်ရွှမ်က သူ့လက်ကို ဆန့်တန်းပြီး ဖော်ရွေသည့် မျက်နှာ အမူအရာဖြင့် “ လိမ္မာတယ်ကလေး … အဲ့ဒီ ဖန်ကွဲစကို လွင့်ပစ်ပြီး ဖေဖေ့ဆီကို လာခဲ့ …”
“ မင်းအဲ့လို လုပ်သရွေ့ စောနက ဘာမှ မဖြစ်ခဲ့ဘူးလို့ပဲ သဘောထားပေးမယ် …”
“ မင်းက ဖေဖေ့ရဲ့ သမီး လိမ္မာလေးပဲ … နောင်ကျရင် မင်းနဲ့ မင်းမောင်လေးက အဖေ့ရဲ့ စည်းစိမ်တွေကို ညီတူမျှတူ ခွဲယူရမယ် ….”
“ အမေက ကျွန်မကို မလိမ်ဘူး ….” ဂျိုအန်နာက ပြန်လည် ချေပလိုက်ပြီး “ ရှင်ပဲ ကျွန်မကို လာလိမ်နေတာ … ရှင်က လူသတ်သမား ….”
“ ယောက်ျား … အဲ့ငတုံးမလေးက သရဲဝင်ပူးခံထားရတာ …. ကိုယ့်အဖေစကားတောင် မယုံတော့ဘဲ သေပြီးတဲ့လူတစ်ယောက် ပြောတာကိုပဲ ယုံနေတယ် … သူ့ကို ကယ်လို့မရတော့ဘူး ….”
ယောင်လင်က စိတ်အနှောင့်အယှက် ဖြစ်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။
“ သူ ရှင့်ကို မယုံမှတော့ ဘာလို့ လေကုန်ခံပြီး စကားပြောနေမှာလဲ ….”
“ ဒင်းလည်း ဒင်းအမေအတိုင်းပဲ … နှစ်ယောက်လုံးက ကောက်ကျစ်ယုတ်မာတယ် … ကျွန်မ ကိုယ်ဝန်ဆောင်ထားတုန်းကဆို …… “
“ မင်းပါးစပ်ကို ပိတ်ထား ….”
ချောင်ပိုင်ရွှမ်က ယောင်လင်ကို စူးရဲစွာ စိုက်ကြည့်လိုက်၏။
“ လူကြီးမင်းချန် … တောင်းပန်ပါတယ် …. မင်းအရှေ့မှာ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလို ဖြစ်နေပြီ …” ချောင်ပိုင်ရွှမ်က အတင်းအကြပ် လုပ်ယူပြုံးလိုက်ပြီး “ ငါ့သမီးကို သရဲ ဝင်ပူးထားတာကြာတော့ သူ့ စိတ်ကလည်း မကြည်လင်နေဘူး … သူ အခု ပြောသမျှ အကုန်လုံးက ပေါက်ကရတွေချည်းပဲ …..”
“ ကျေးဇူးပြုပြီး အခုပဲ ဒီသရဲမကို မြေအောက်ပြန်ပို့ပေးလိုက်ပါတော့ ….”
ချန်ယွီ့ လက်ဖျောက်တစ်ချက် တီးလိုက်၏။
ဂျိုအန်းနာ လက်ထဲရှိ ဖန်ကွဲစက လွင့်ထွက်သွားပြီး နံရံနှင့် ဝင်တိုက်ကာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့သည်။
ချန်ယွီ့ လက်ညှိုးဆန့်န်းပြီး လေထဲကို ညွှန်လိုက်တော့ ရွှေရောင် အလင်းတန်းများက သရဲမထံကနေ ထွက်ပေါ်လာသည်။
“ အမေ … သမီးကို ထားမသွားပါနဲ့ ….”
ဂျိုအန်းနာက သရဲဖြစ်နေသည့် သူ့အမေထံ ဘာကိုမျှ ဂရုမစိုက်ဘဲ ပြေးဝင်သွားခဲ့သည်။
သူမ ဆုပ်ဖမ်းမိသည့်အချိန်၌ သရဲမသည်လည်း ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့၏။ ဘာမျှမရှိသည့် လေကိုသာလျှင် ဆုပ်ဖမ်းမိလိုက်လေသည်။
“ ဒေါက်တာချန်ရဲ့ ကျေးဇူးတရားကို ငါ အမြဲ မှတ်ထားပါ့မယ် … တကယ်လို့ နောင်ကျ ဒေါက်တာချန် တစ်ခုခု လိုအပ်တယ်ဆိုရင် ငါ့ကို ခေါ်လိုက် … ငါ အကောင်းဆုံး ကြိုးစားပေးမယ် …”
“ ကတိပေးထားတဲ့ ယွမ် သန်း ၁၀၀ ကိုတော့ စီစဉ်ပေးပြီး မနက်ဖြန် လွှဲခိုင်းလိုက်ပါမယ် ….”
“ နောက်တောင်ကျနေပြီဆိုတော့ ဒေါက်တာချန်တို့နှစ်ယောက်ကို အချိန်အကြာကြီး မဆွဲထားတော့ပါဘူး … ကားနဲ့ ပြန်လိုက်ပို့ပေးပါ့မယ် …”
ချောင်ပိုင်ရွှမ်က ဘဏ္ဍာထိန်းကို လှမ်းခေါ်လိုက်ပြီး ကားစီစဉ်ဖို့ ပြောလိုက်၏။
ချန်ယွီ့နှင့် ကျိုးခဲ့ရှင်းကို အိမ်သို့ ပြန်ပို့ပေးချင်နေသည်။
“ လူကြီးမင်းချောင် … ခင်မျာ ဘာလို့ ကျုပ်တို့ကို ဒီလောက်တောင် မောင်းထုတ်ချင်နေရတာ … ကျုပ် ပြန်သွားရင် ခင်များနဲ့ ခင်များ ဇနီး အသက်ဆုံးရှုံးသွားမှာကို မကြောက်ဘူးလား ….” ချန်ယွီ့ မေးမြန်းလိုက်၏။ သူ့ နှုတ်ခမ်းထောင့်စွန်းတို့က အနည်းငယ် ကွေးညွှတ်နေသည်။
ချောင်ပိုင်ရွှမ်နှင့် ယောင်လင်တို့၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။
နှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြပြီး တူညီသည့် အတွေးတစ်ခုက စိတ်ထဲ ဖြစ်ပေါ်လာကြသည်။
ချန်ယွီ့က သရဲမကို အဝေး ပြန်မပို့ရသေးဘူး … သွင်ပြင်က ပျောက်ကွယ်သွားတယ်ဆိုပေမယ့် ဒီနေရာမှာ ရှိနေသေးတုန်းပဲ …
“ ဒေါက်တာချန် … မင်း ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းလို့မရဘူးလေ …”
“ ငါ မင်းကို မနက်ဖြန် ငွေလွှဲပေးပါ့မယ်လို့ ကတိပေးထားပြီးပြီ … အဲ့သရဲမကို ဘာလို့ ပြန်မပို့ပေးတာလဲ …”
ချောင်ပိုင်ရွှမ်က မပျော်မရွှင် ဖြစ်နေသည့် အမူအရာဖြင့် မေးမြန်းလိုက်၏။
ယောင်လင်က တစ်စုံတစ်ရာကို တွေးတောမိဟန်တူပြီး ချောင်ပိုင်ရွှမ်၏ နားထဲသို့ တီးတိုးပြောလိုက်၏။
ချောင်ပိုင်ရွှမ် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ့လေသံကလည်း တောင့်တင်းသွားခဲ့သည်။
“ မင်းကြိုက်တဲ့ ဈေးပြောလိုက် … ဒီကိစ္စ ဖြေရှင်းပေးဖို့ မင်း ဘယ်လောက်လိုချင်လဲ ….”
“ ခင်များက ကျုပ်ဆိုလိုရင်းကို နားလည်မှု လွဲနေပါပြီ ….” ချန်ယွီ့က အေးအေးလူလူ ပြောလိုက်ပြီး “ ခင်များ အသက်အန္တရာယ်ရှိတယ်လို့ ပြောတုန်းက တခြားတစ်နည်းနည်းနဲ့ကို ဆိုလိုတာ ….”
“ ဥပမာပေးရရင် ….”
ချန်ယွီ့က ဂျိုအန်းနာကို အဓိပ္ပာယ်ပါပါနှင့် ကြည့်လိုက်သည်။
သူ့အကြည့်နောက် လိုက်ပါရင်း ချောင်ပိုင်ရွှမ်နှင် သူ့ဇနီးတို့ကလည်း ကြမ်းပြင်တွင် ဒူးထောက်လျက် ခါးခါးသီးသီး ငိုကြွေးနေသည့် ဂျိုအန်းနာကို ကြည့်မိလိုက်ကြသည်။
“ ဂျိုအန်းနာ … မင်း အဖေ့ကို အဲ့လောက်တောင်ပဲ မုန်းတီးတာလား …”
“ သရဲတစ်ကောင်ရဲ့ ပေါက်ကရ စကားတွေကြောင့်နဲ့ပဲ မင်း အဖေ့ကို သတ်မယ်ပေါ့ ….”
ချောင်ပိုင်ရွှမ်က ကြေကွဲဝမ်းနည်းစွာ မေးမြန်းလိုက်၏။
ဂျိုအန်းနာ ကြမ်းပြင်ကနေ ဖြည်းညင်းစွာ ထလာသည်။ သူမ၏ မျက်ရည်များကို သုတ်၍ “ ကျွန်မ ရှင့်ကို မုန်းပေမယ့် ရှင်က ကျွန်မရဲ့ အဖေ ဖြစ်နေတုန်းပဲ … ကျွန်မ ရှင့်ကို ဘယ်တော့မှ သတ်မှာ မဟုတ်ဘူး ….”
“ လူကြီးမင်းချန် … ဒီမှာ ရှင်နဲ့ဆိုင်တာ မကျန်တော့ဘူး … ကျေးဇူးပြုပြီး ပြန်လိုက်ပါတော့ ….”
“ ခဏနေကျရင် ကျွန်မ အဖေနဲ့ စကားကောင်းကောင်းပြောဖို့ စိတ်ကူးထားတယ် …..”
ဂျိုအန်းနာက ချန်ယွီ့ကို မောင်းထုတ်ရင်း ပြောလိုက်သည်။
“ မင်းတို့ သားအဖနှစ်ယောက်က တကယ့်ကို ဘမျိုးဘိုးတူတာပဲ …” ချန်ယွီ့ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ နှစ်ယောက်လုံးက ငါ ထွက်သွားတာကို မြင်ရဖို့ မစောင့်နိုင်ကြတော့ဘူး ….”
“ မင်းအဖေက သူ့မျက်နှာ အဖတ်ဆည်ဖို့၊ သတင်းတွေ မပေါက်ကြားဖို့အတွက်နဲ့ ငါ့ကို မောင်းထုတ်ချင်တယ် …”
“ မင်းကတော့ …. ငါ့အပေါ် အပြစ်ပုံချချင်လို့ပဲ ….”
“ မင်းတို့မိသားစုကနေ ဝန်ဆောင်ခလေး ရဖို့ကလည်း တကယ်ကို မလွယ်လိုက်တာ …”
“ တကယ်လို့ အခုနေသာ ငါ ထွက်သွားလိုက်မယ်ဆိုရင် မနက်ဖြန်မနက် ရဲစခန်းရောက်နေမှာကို စိုးရိမ်မိသား …”
“ ပြီးတော့ ငါ့အပြင် ဘာမှမသိတဲ့ ဒီ မိန်းကလေးလည်း ပါဝင်ပတ်သက်သွားမယ် …”
“ အဲ့ဒီအပြစ်တွေ ငါတို့ပေါ် ပုံချလိုက်ပြီဆိုတာနဲ့ ငါတို့မှာ ပါးစပ် ဆယ်ပေါက်ရှိတောင် သေချာ ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်မှာ မဟုတ်ဘူး ….”
ချန်ယွီ့က ကျိုးခဲ့ရှင်းကို ကြည့်လိုက်၏။ သူမကတော့ ဘာမှမသိဘဲ ဖရဲသီးစားနေသည်။
“ ဟမ်… ကျွန်မတို့က ဘာလို့ ရဲစခန်း ရောက်ရမှာလဲ ….”
စာစဉ်ကို နှစ်သက်ကြလား...
သဘောကျတယ်ဆိုရင် review ကောင်းလေးတွေ ပေးသွားလို့ရတယ်နော်….