အခန်း (၂၉၅-၂၉၆)
Vol. 30 Ch. 295-296
အခန်း (၂၉၅) - တိုင်ချင်းမသေမျိုးရေကန်ထဲတွင် လင်ချင်းကျူကို ထပ်မံကယ်တင်ရခြင်း(၁)
ဝူယွမ်၏ ဝိညာဉ်စွမ်းအင်များက ကျောက်စိမ်းပြား အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်နှင့်အမျှ...
ဝီ၊ ဝီ၊ ဝီ...
သူ၏ စိတ်ထဲတွင် မြည်သံတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူ၏ အမြင်အာရုံမှာ မှောင်မိုက်သွားကာ မြင်ကွင်းမှာလည်း ပြောင်းလဲသွားခဲ့လေသည်။ သူ၏ အသိစိတ် အတွင်း၌ ကျယ်ပြန့်သော ကြယ်တာရာ ကောင်းကင်ကြီး တစ်ခုပေါ်လာခဲ့ပြီ ဖြစ်သည်။
ဝူယွမ်က သူ၏ စိတ်ကို တည်ငြိမ်အောင် ထားလိုက်လေသည်။ ဤသည်မှာ ကျောက်စိမ်းပြားအတွင်း၌ ချန်ထားခဲ့သော ဝိညာဉ်အမှတ်အသား ဖြစ်ရပေမည်။
ထင်သည့်အတိုင်းပင် နောက်တစ်စက္ကန့်၌ ကျယ်ပြန့်လှသော ကြယ်တာရာ ကောင်းကင်ကြီးမှာ တွန့်လိမ်ကောက်ကွေးသွားပြီး တွန့်လိမ်နေသော ကောင်းကင်ယံ အတွင်းမှ လူရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့လေသည်။
သူ အနီးသို့ ရောက်လာသောအခါ ထိုသူသည် မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး တောင်တန်းတစ်ခုအလား မြင့်မားကာ မားမားမတ်မတ် ရပ်နေကြောင်းကို ဝူယွမ် နောက်ဆုံးတွင် သတိပြုမိလိုက်၏။
သူ၏ အသွင်အပြင်မှာ အလွန်အမင်း ချောမောလှသည် မဟုတ်သော်လည်း ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ခုက သူ့ထံမှ သဘာဝကျကျပင် ပြန့်နှံ့ထွက်ပေါ်နေခဲ့သည်။
ဤအချိန်တွင် သူ၏ တောက်ပမှုမှာ ဤလင်းလက်နေသော ကြယ်တာရာ ကောင်းကင်ကြီးထက်ပင် ပိုမိုမျက်စိကျိန်းဖွယ် ကောင်းနေခဲ့၏။
ထိုလူရိပ်က ကြယ်တာရာ ကောင်းကင်ကြီး အောက်တွင် ရပ်နေပြီးနောက် ရှေ့သို့ တစ်လှမ်းတိုးကာ သူ၏ လက်သီးများကို ဝှေ့ယမ်းလိုက်လေသည်။
သူ၏ ခြေလှမ်းများ လှုပ်ရှားသွားသည်နှင့်အမျှ နက်နဲလှသော သိုင်းပညာရပ် တစ်မျိုးကို ချောမွေ့စွာ ပြသလိုက်ရာ ထိုအခိုက်အတန့်တွင် ကြယ်တာရာ ကောင်းကင်ကြီး တစ်ခုလုံးက သူ့အတွက် တုန်ခါနေသကဲ့သို့ ဖြစ်နေခဲ့၏။
ဝူယွမ်၏ အကြည့်များ အေးခဲသွားခဲ့လေသည်။ သူ၏ လက်ရှိ အမြင်ဖြင့် ဤသိုင်းပညာရပ်များမှာ သာမန်မဟုတ်ကြောင်းနှင့် သူ ကျွမ်းကျင်ထားသော မဟာရှေးဟောင်းဧကရာဇ်ကျမ်းနှင့် ကောင်းကင်ပြာနဂါးအသွင်ပြောင်း သိုင်းပညာရပ်တို့ထက် လုံးဝ မနိမ့်ကျကြောင်းကို သူ ချက်ချင်း သိရှိနိုင်ပေသည်။
သို့သော် သိုင်းပညာရပ် တစ်ခုစီတိုင်းတွင် မတူညီသော လမ်းကြောင်းများ ရှိလေသည်။
မဟာရှေးဟောင်းဧကရာဇ်ကျမ်းက အရှိန်အဝါကို အဓိကထားပြီး သိုင်းပညာရပ်ကို ပြသလိုက်သောအခါ ကောင်းကင်နှင့် မြေကြီး၏ သဘာ၀စွမ်းအင်ကို မိမိကိုယ်ပိုင် အသုံးပြုရန်အတွက် ပြောင်းလဲပေးလေသည်။
ကောင်းကင်ပြာနဂါးအသွင်ပြောင်း သိုင်းပညာရပ် က ခွန်အားကို အဓိကထားပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ စွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်ပေးလေသည်။
ယခု သိုင်း ဧကရာဇ်ကျမ်း ကမူ ကျွမ်းကျင်မှုကို အဓိကထားလေသည်။
လှုပ်ရှားမှုနှင့် အနေအထား တစ်ခုစီတိုင်းကြားတွင် အံ့ဩစရာကောင်းသော နည်းဗျူဟာများ ပါဝင်နေပြီး တိုက်ခိုက်ရေး၏ ပါးနပ်မှုကို တိုက်ရိုက် ပြသနေခဲ့၏။
ဤသိုင်းပညာရပ်များက တစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက်နေပြီး ဝူယွမ်၏ တွေးခေါ်မှု နယ်ပယ်ကို ကျယ်ပြန့်လာစေခဲ့သည်။
လူရိပ်က ပြသနေစဉ် ရှေးခေတ်ကာလမှ လာသကဲ့သို့ ခပ်ဩဩ တိုးညှင်းသော အသံတစ်ခုက ကြယ်တာရာ ကောင်းကင်ကြီး အတွင်း၌ ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားခဲ့လေသည်။
“ငါ့ဘဝကို အဆင့်သုံးဆင့် ခွဲခြားထားတယ်... အစောပိုင်း အဆင့်မှာ ငါက တခြားသူတွေနဲ့ တိုက်ပွဲပေါင်း သုံးထောင့်ရှစ်ရာ တိုက်ခိုက်ခဲ့ပေမယ့် တစ်ပွဲမှ မနိုင်ခဲ့ဘူး..."
“အလယ်အလတ် အဆင့်မှာ ငါက တခြားသူတွေနဲ့ တိုက်ပွဲပေါင်း ငါးထောင့်သုံးရာ တိုက်ခိုက်ခဲ့ပြီး ငါးထောင်ရှုံးခဲ့တယ်...”
“နောက်ပိုင်းအဆင့်မှာ ငါက တခြားသူတွေနဲ့ တိုက်ပွဲပေါင်း ရှစ်ထောင် တိုက်ခိုက်ခဲ့ပြီး ဆယ်ပွဲပဲ ရှုံးတော့တယ်...”
“ငါ့ရဲ့ ကျန်ရှိနေတဲ့ နှစ်တွေမှာ တခြားသူတွေက ငါ့ကို သိုင်းဧကရာဇ် ဘွဲ့ကို ပေးခဲ့ကြတယ်... နောက်ပိုင်းမှာ ငါက သိုင်းပညာရပ်တွေကို ပေါင်းစပ်ပြီး ငါ့ကိုယ်ပိုင် သိုင်းပညာရပ်ကို တီထွင်ခဲ့ကာ ၎င်းကို သိုင်းဧကရာဇ်ကျမ်းလို့ နာမည်ပေးခဲ့တယ်.."
“ရှေးဟောင်း စစ်ပွဲမှာ ဒီသိုင်းပညာရပ်တွေနဲ့ ငါက စစ်သူကြီးသုံးယောက်ကို အတင်းအကျပ် သတ်ဖြတ်ခဲ့ပြီး ဘုရင် တစ်ပါးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့တယ်..”
“ ငါ ကျဆုံးခဲ့ရပေမယ့် ကောင်းကင်နဲ့ မြေကြီးကို ဂုဏ်ယူစွာနဲ့ လှောင်ရယ်ဖို့ လုံလောက်ခဲ့တယ်...”
“သိုင်းဧကရာဇ်ကျမ်းက သာမန်လူတွေ ကျင့်ကြံဖို့ ခက်ခဲတယ်... တကယ်လို့ နောင်လာနောက်သားတွေက ငါ့ရဲ့ သိုင်းပညာရပ်ကို ရရှိခဲ့ပြီး အဲ့ဒါက ကြီးမားတဲ့ အောင်မြင်မှုအဆင့်ကို မရောက်သေးဘူးဆိုရင် ငါ့ရဲ့ အမွေအနှစ်ကို ဆက်ခံတယ်လို့ မပြောကြနဲ့...”
နောက်ဆုံးစကားကို ကြားလိုက်ရသောအခါ နက်ရှိုင်းပြီး အားကောင်းသော စကားလုံးများတွင် ပြင်းထန်သော မာနများ ပြည့်နှက်နေကြောင်းကို ခံစားရလေသည်။
ဤသိုင်းဧကရာဇ်သည် သူ၏ တိုက်ပွဲ မှတ်တမ်းများကို ရှင်းလင်းစွာ မှတ်မိနေပြီး သူ၏ သိုင်းပညာ အမွေအနှစ်တွင် ပုံရိပ်တစ်ခုကိုပင် တမင်တကာ ချန်ထားခဲ့သေးသည်။
ထိုအချိန်က သူသည် အတော်လေး ကြွားလုံးထုတ်တတ်သူ တစ်ဦး ဖြစ်ခဲ့ရပေမည်။
သို့သော် အစောပိုင်း အဆင့်များတွင် နောက်ကောက်ကျနေခဲ့ပြီးနောက် ရူးသွပ်စွာ အမီလိုက်ကာ နောက်ဆုံးတွင် ကမ္ဘာပေါ်ရှိ အကျော်ကြားဆုံးသော အားကောင်းသည့် ထိပ်တန်းသိုင်းပညာရှင်များထဲမှ တစ်ဦး ဖြစ်လာခဲ့ခြင်းကလည်း မှတ်သားထိုက်ပေသည်။
ထို့အပြင် သူ၏ သိုင်းပညာရပ်များမှ နက်နဲပြီး ရိုးရှင်းသော ခံစားချက်တစ်ခုကို ရရှိလေသည်။
ဝူယွမ် နားလည်သဘောပေါက်ထားသော အခြား အဆင့်တူ သိုင်းပညာရပ်များနှင့် နှိုင်းယှဉ်လျှင် သိုင်းဧကရာဇ်ကျမ်းမှာ စတင်လေ့လာရန် များစွာ ပိုမိုလွယ်ကူလှပေသည်။
ဤသည်မှာ ဘဝ၏ ကြမ်းတမ်းသော အမှန်တရားများကို ကြုံတွေ့ခဲ့ရသူ တစ်ဦးဖြစ်ပြီး နှေးကွေးစွာ စတင်ခဲ့သော်လည်း နောက်ပိုင်း နှစ်များတွင် ကြီးမားသော အောင်မြင်မှုများကို ရရှိခဲ့သည့် အမျိုးအစားတွင် ပါဝင်လေသည်။
ထို့ကြောင့် သူ တီထွင်ခဲ့သော သိုင်းပညာရပ်များမှာ ကျင့်ကြံရန် မလွယ်ကူသော်လည်း နားလည်ရန် အလွန် လွယ်ကူလှပေသည်။
သိုင်းဧကရာဇ်သည် ကိုယ်ချင်းစာတရားဖြင့် တွေးတောနေခဲ့ခြင်း ဖြစ်နိုင်သည်။
‘ဒီသိုင်းပညာရပ်က ကောင်းတယ်... ငါ ယူလိုက်မယ်၊ စိတ်မပူပါနဲ့... ငါ့လက်ထဲမှာ သိုင်းဧကရာဇ်ကျမ်းက သေချာပေါက် မြှုပ်နှံ့ခံရမှာ မဟုတ်ပါဘူး...’
ဝူယွမ်က ကြယ်တာရာကောင်းကင်ကြီး အတွင်း၌ သိုင်းပညာရပ်များကို ပြသနေသော အရပ်ရှည်ရှည် လူရိပ်ကြီးကို ကြည့်ကာ ရင်တွင်း၌ တိတ်တဆိတ် တွေးလိုက်လေသည်။
မဟာရှေးဟောင်းဂိုဏ်း သိုင်းဧကရာဇ်ခန်းမ တစ်ခု တည်ထောင်ရန် သူ စဉ်းစားထားပြီး ဖြစ်လေသည်။
သိုင်းပညာရပ်များတွင် ခိုင်မာသော သန္နိဋ္ဌာန် ရှိပြီး အကြိမ်ကြိမ်ကျရှုံးသော်လည်း အကြိမ်ကြိမ် ပြန်လည်တိုက်ခိုက်ကာ မဆုတ်မနစ် ကြိုးစားတတ်သည့် တပည့်များအား သိုင်းဧကရာဇ်ကျမ်းကို ကျင့်ကြံစေရန် ဖြစ်လေသည်။
အကယ်၍ ဤသိုင်းပညာရပ်များသာ ယန်ညီအစ်ကိုများကဲ့သို့သော ပြောင်းလဲလွယ်ပြီး အခွင့်အရေး ယူတတ်သည့် သူများ၏ လက်ထဲသို့ ရောက်သွားမည်ဆိုပါက ၎င်းမှာ ကောင်းကင်ဘုံ၏ ရတနာများကို အလဟဿ ဖြစ်စေခြင်းပင် ဖြစ်ပေလိမ့်မည်။
အမှန်တကယ်တော့ ယင်းမှာ ဝူယွမ်အတွက်လည်း သိပ်ပြီး မသင့်တော်လှပေ။ ဤသိုင်းပညာရပ်များမှာ လင်းတုန်နှင့် ရှောင်ယန် တို့ကဲ့သို့ ရင်တွင်း၌ အမျိုးသမီးမရှိသော သံမဏိ စစ်သည်တော်များအတွက် ပိုမို သင့်တော်လှပေသည်။
သိုင်းဧကရာဇ်ကျမ်းကို ယာယီ သိမ်းဆည်းလိုက်ပြီးနောက် ဝူယွမ်က အခြားသူများ၏ သိုလှောင်အိတ်များကို စစ်ဆေးကြည့်လိုက်လေသည်။
ပစ္စည်းများ အများအပြား ရှိနေပြီး ရှုပ်ပွနေခဲ့၏။ ဥပမာအားဖြင့် လန်လီဟွာ ၏ သိုလှောင်အိတ်ထဲတွင် ပန်းပွင့်ပုံ ရင်စေ့အင်္ကျီ အများအပြားကို တွေ့ရှိခဲ့ရလေသည်။
မရဏနတ်ဆိုးလေးကောင် ကမူ အမျိုးသမီး အလောင်းများကို တကယ်ကြီး ဖုံးကွယ်ထားခဲ့ကြ၏။
လူသားတို့၏ မကောင်းဆိုးဝါး သဘာဝမှာ အကန့်အသတ် မရှိပေ။
သေချာသည်ကတော့ ရတနာ အများအပြားလည်း ရှိနေသော်ငြား သိုင်းဧကရာဇ်ကျမ်း အဆင့်ရှိ ရတနာမျိုးကိုတော့ ထပ်မံ မတွေ့ရှိခဲ့ရတော့ပေ။
ဝူယွမ်အတွက် အသုံးဝင်သည့် အရာများ သိပ်မရှိလှပေ။
သူက ပစ္စည်းများ အားလုံးကို မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် အတွင်းသို့ ပစ်ထည့်လိုက်ပြီး မဟာရှေးဟောင်းဂိုဏ်း၏ ဘဏ္ဍာတိုက်ကို ဖြည့်တင်းရန်အတွက် အသေးအမွှား ပစ္စည်းများကို ရွှမ်းစုနှင့် အခြားသူများ ကိုင်တွယ်ဖြေရှင်းရန် ချန်ထားခဲ့လိုက်လေသည်။
သိုင်းဧကရာဇ်ကျမ်းကိုမူ ထိန်းသိမ်းထားရန်အတွက် ကန္တာရတိမ်တိုက်ကို ပေးအပ်လိုက်ပြီး ဖန်တီးခြင်းသိုင်းပညာကျောက်တိုင်နှင့်အတူ ထားရှိလိုက်လေသည်။
ဤအရာ အားလုံး ပြီးစီးသွားပြီးနောက် တစ်နာရီကျော် အချိန်ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ဝူယွမ်က သူ၏ အနောက်ဘက်ရှိ အစီအရင် တစ်ခုဖြင့် သီးခြား ခွဲထုတ်ထားသော တိုင်ချင်းမသေမျိုးရေကန် ကို သံသယဖြစ်နေဟန်ရသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။
“ဒီကောင်မလေးက ဘယ်လောက်ကြာမယ် ဆိုတာလည်း မပြောဘူး... သူမ ထွက်မလာသေးဘူး၊ ဘာလှုပ်ရှားမှုမှလည်း မရှိဘူး... တစ်ခုခုများ မှားယွင်းနေလို့လား...”
ဝူယွမ်က သေချာ ပြန်လည် တွေးတောကြည့်လိုက်၏။ မူရင်း ဇာတ်လမ်းအရ ဤနေရာတွင် တစ်ခုခု ဖြစ်ပျက်လိမ့်မည်ဟု ထင်ရလေသည်။
သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီးနောက် လှိုင်းဂယက် အနည်းငယ်မျှပင် မရှိဘဲ တည်ငြိမ်နေသော တိုင်ချင်းမသေမျိုးရေကန်ပေါ်သို့ အကြည့်များ ရောက်ရှိသွားသောအခါ သူ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့လေသည်။
“ထားလိုက်တော့... ငါ အရင်က မမြင်ဖူးတာလည်း မဟုတ်ဘူး... အများဆုံး အရှက်မရှိတဲ့ကောင်လို့ နှစ်ခါလောက် အခေါ်ခံရုံပေါ့... ဘာပဲဖြစ်ဖြစ် ငါ့မျိုးရိုးနာမည်က ဝူ ပဲဟာ...” (ဒီနေရာက ဝူက 无 မရှိခြင်း၊ကင်းမဲ့ခြင်းဆိုတဲ့ ဝူကို ပြောချင်တာပါ၊ ဥပမာ - အရှက်မရှိတဲ့ဝူပေါ့)
ဝူယွမ်က ဆက်လက်၍ တုံ့ဆိုင်းမနေတော့ဘဲ တိုင်ချင်းမသေမျိုးရေကန် အတွင်းသို့ ခုန်ချလိုက်လေတော့သည်။
ဗွမ်း...
သူ၏ ခန္ဓာကိုယ်ရေကန်ထဲသို့ ကျဆင်းသွားသည်နှင့်အမျှ အရပ်မျက်နှာ အသီးသီးမှ အလွန်အမင်း စင်ကြယ်ပြီး ထူးခြားသော စွမ်းအင်များ ထွက်ပေါ်လာကာ သူ၏ ခန္ဓာကိုယ် အတွင်းသို့ အဆက်မပြတ် တိုးဝင်လာနေသည်ကို သူ ခံစားလိုက်ရလေသည်။
ဤစွမ်းအင်များ၏ စိမ့်ဝင်မှုအောက်တွင် ဝူယွမ်သည် သူ၏ကိုယ်တွင်းမှ မှေးမှိန်ပြီး သိမ်မွေ့သော စူးရှရှခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။
သို့သော် ဤစူးရှရှ ခံစားချက်မှာ ဒဏ်ရာရခြင်းကြောင့် နာကျင်မှုမျိုး မဟုတ်ပေ... ယင်းအစား နာကျင်မှု၏ အလွန်တွင် မှေးမှိန်သော သက်တောင့်သက်သာရှိမှု တစ်ခု ပြန့်နှံ့နေပြီး ဒဏ်ရာများ ကျက်သွားကာ ခန္ဓာကိုယ် ပေါ့ပါးသွားသည့် ခံစားချက်မျိုး ဖြစ်လေသည်။
၎င်းက ဝူယွမ်ကို ကလပ်တစ်ခု အတွင်း ဝင်ရောက်သွားသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်စေခဲ့၏။
“ဒီကန်ထဲက ရေတွေက တကယ်ကို မှော်ဆန်တာပဲ... တကယ်လို့ ကမ္ဘာမြေပေါ်မှာသာ ဆိုရင် လူတွေက ဒါကိုသုံးဖို့ လုနေကြလောက်ပြီ မဟုတ်လား...”
ဝူယွမ်က သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်လေသည်။
ဤမသေမျိုးရေကန်သည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အပေါ် ပြုစုပျိုးထောင်ပေးနိုင်သည့် အားကောင်းသော အာနိသင် ရှိပြီး မည်သည့် နာတာရှည်ရောဂါကိုမဆို ကုသပေးနိုင်ပေသည်။
သက်တောင့်သက်သာရှိမှုကိုပါ ယူဆောင်လာပေးသော ထိုနာကျင်မှုမျိုးမှာ နူးညံ့သော ရေဖြင့် နှိပ်နယ်ပေးနေသကဲ့သို့ပင် ဖြစ်လေသည်။
လင်ချင်းကျူက ဤရေကန်ကို ဤမျှလောက် သဘောကျနေခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
ဝူယွမ်သည်လည်း ရေကန်အတွင်း၌ စိမ်နေချင်လာခဲ့၏။
သို့သော် ယခုအချိန်တွင် ဝူယွမ်သည် လင်ချင်းကျူအတွက် စိုးရိမ်နေဆဲပင် ဖြစ်သည်။
သူ၏ ဝိညာဉ်စွမ်းအင်များက မျက်လုံးများထဲမှ ပေါက်ကွဲထွက်လာပြီး ရေကန်ထဲတွင် လင်ချင်းကျူ၏ ပုံရိပ်ကို စတင် ရှာဖွေလိုက်လေသည်။
“သူမ ဘယ်မှာလဲ...”
ဝူယွမ်က ပတ်ဝန်းကျင်ကို ရှာဖွေကြည့်လိုက်သော်လည်း သူမ၏ ပုံရိပ်ကို မတွေ့ရသဖြင့် သူ့ကို ပိုမိုစိုးရိမ်လာစေခဲ့၏။
“သူမ အောက်ကို ဆင်းသွားတာလား...”
သူ၏ အကြည့်များက လျင်မြန်စွာ အောက်သို့ ရွေ့လျားသွားပြီး အနည်းငယ် မှောင်မိုက်နေသော ရေကန်အောက်ခြေကို ကြည့်လိုက်လေသည်။
သူသူ မျက်မှောင်ကြုတ်လိုက်ပြီး မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ သူ၏ ခြေဖျားလေးများဖြင့် ရေများကို ခပ်ဖွဖွ နင်းလိုက်၏။ ထို့နောက် အစိမ်းရောင်အလင်းတန်းများ လွှမ်းခြုံထားသော သူ၏ ပုံရိပ်က ရေကန် အောက်ခြေဆီသို့ လျင်မြန်စွာ ကူးခတ်သွားခဲ့လေသည်။
တိုင်ချင်းမသေမျိုးရေကန်မှာ မကြီးမားသော်လည်း အောက်ဘက်ရှိ ဧရိယာမှာ အလွန်အမင်း ကျယ်ပြန့်ပြီး ကွေ့ကောက်နေသော ရေလမ်းကြောင်းများစွာ ရှိသဖြင့် မြေမျက်နှာသွင်ပြင်မှာ ပုံမှန်မဟုတ်ဘဲ ရှုပ်ထွေးနေခဲ့၏။
ဝူယွမ်၏ ဝိညာဉ်စွမ်းအင်များက ရေကန်အတွင်း ပြန့်နှံ့သွားပြီး လင်ချင်းကျူကို ရှာဖွေနေခဲ့လေသည်။
မကြာမီ သူ၏ ပြန့်နှံ့နေသော ဝိညာဉ်စွမ်းအင်က ပုံမှန်မဟုတ်သော အရာတစ်ခုကို အာရုံခံမိသွားခဲ့၏။
သူ၏ အကြည့်များက ဘယ်ဘက် အောက်ခြေသို့ လျင်မြန်စွာ ပြောင်းလဲသွားပြီးနောက် သူ၏ ခန္ဓာကိုယ်က ရေကို ဖြတ်သန်းကာ အရှိန်မြှင့်သွားပြီး ဗွမ်းခနဲ အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ဝူယွမ်၏ အမြန်နှုန်းမှာ အလွန်အမင်း လျင်မြန်လှပေသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် ပုံမှန်မဟုတ်သော အရာကို အာရုံခံမိခဲ့သည့် နေရာသို့ ရောက်ရှိသွားခဲ့၏။
သူ၏ ဝိညာဉ်စွမ်းအင် အမြင်အာရုံအောက်တွင် ရေကန် အောက်ခြေ၌ ကျောက်စိမ်းရောင် အလင်းတန်း တစ်ခု ပွင့်လန်းနေသည်ကို သူ မြင်တွေ့လိုက်ရလေသည်။
အခန်း (၂၉၆) - တိုင်ချင်းမသေမျိုးရေကန်ထဲတွင် လင်ချင်းကျူကို ထပ်မံကယ်တင်ရခြင်း(၂)
ထိုအလင်းတန်း အတွင်း၌ ကျောက်စိမ်းအလား အဝတ်ဗလာဖြင့် ကျောက်စိမ်းရောင် ခန္ဓာကိုယ်လေး တစ်ခု ကွေးကွေးလေး ရှိနေ၏။ နက်မှောင်သော ဆံပင်များက သူမ၏ အနောက်ဘက်မှ ဖြာကျနေလေသည်။
အဝေးမှ ကြည့်မည်ဆိုလျှင် ရေထဲတွင် အိပ်ပျော်နေသော ရေသူမလေး တစ်ကောင်အလား ဖြစ်နေပြီး ဤကျက်သရေရှိလှသော ခန္ဓာကိုယ်လေးမှာ တိုင်ချင်းမသေမျိုးရေကန်ထဲသို့ ဝင်ရောက်သွားခဲ့သော လင်ချင်းကျူပင် ဖြစ်လေသည်။
“ငါ့ရဲ့ ချစ်ဇနီးလေး... မင်းက ငါ့ကို သေမလောက် လန့်သွားအောင် လုပ်တာပဲ...”
ဝူယွမ်က သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်လေသည်။
သို့သော် သူ၏ မျက်ဆန်များ ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့၏။ လင်ချင်းကျူမှာ လှုပ်ရှားမှု မရှိသလို သူမ၏ အခြေအနေမှာလည်း မူမမှန်ပေ။
ဝူယွမ်၏ အကြည့်များက လင်ချင်းကျူ၏ အောက်ပိုင်းသို့ ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။
ထိုနေရာရှိ ရေကန်အောက်ခြေမှ ကျောက်စိမ်းရောင် အလင်းတန်း အမျှင်လေးများ ထွက်ပေါ်နေပြီး လင်ချင်းကျူ၏ ခန္ဓာကိုယ် ပတ်လည်ရှိ အလင်းတန်း အစုအဝေးနှင့် တိကျစွာ ဆက်သွယ်နေခဲ့၏။
“ဒါက ဘာကြီးလဲ... ငါ့ရဲ့ ချင်းကျူကိုတောင် ပစ်မှတ်ထားရဲတယ်ပေါ့...”
ဝူယွမ်၏ မျက်လုံးများလည်း ချက်ချင်းပင် ကျဥ်းမြှောင်းသွားခဲ့လေသည်။
သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ လေပြင်းတစ်ချက်က ရေကန်အောက်ခြေကို တိုက်ခတ်သွားပြီး ရွှံ့နွံများကို တိုက်ရိုက် ဖယ်ရှားပစ်လိုက်၏။
ရွှံ့နွံများ ပြန့်ကျဲသွားသည်နှင့်အမျှ ရေကန် အောက်ခြေတွင် အလျားလိုက် လဲလျောင်းနေသော ဖြူရော်ရော် အရိုးစု တစ်ခု ပေါ်လာခဲ့လေသည်။
အရိုးစုတွင် လင်းလက်နေသော အစိမ်းရောင် အလင်းများ ပြန့်နှံ့နေပြီး လင်ချင်းကျူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော ကျောက်စိမ်းရောင်အလင်းတန်း အမျှင်လေးများမှာ ထိုအရိုးစု အတွင်းမှ တိကျစွာ ပစ်လွှတ်ထွက်ပေါ်နေခြင်း ဖြစ်လေသည်။
ထိုနှစ်ခုသည် အလင်းတန်း အမျှင်လေးများဖြင့် ဆက်သွယ်ထားပြီး အလင်းရောင်များ အဆက်မပြတ် လင်းလက်နေကာ လင်ချင်းကျူ၏ ခန္ဓာကိုယ် အတွင်းမှ တစ်ခုခု ထွက်ပေါ်လာပြီး ဖြူရော်ရော် အရိုးစု အတွင်းသို့ စီးဝင်နေသကဲ့သို့ ဖြစ်နေခဲ့၏။
ဤအရိုးစုသည် လင်ချင်းကျူ၏ အသက်စွမ်းအင်ကို စုပ်ယူနေခြင်းပင် ဖြစ်သည်။
“သေသွားတာတောင်မှ မင်းက ငြိမ်ငြိမ်မနေဘူးပေါ့လေ...”
ဝူယွမ်က ဖြူရော်ရော်အရိုးစုကို စိုက်ကြည့်လိုက်ရာ သူ့ထံမှ အေးစက်မှုများ ပြန့်နှံ့ထွက်ပေါ်လာခဲ့လေသည်။
အရိုးစုသည်လည်း ဝူယွမ်ကို သတိပြုမိသွားပုံရပြီး ၎င်း၏ မျက်လုံးပေါက် အမည်းကြီးများအတွင်း၌ မှေးမှိန်သော ကျောက်စိမ်းရောင် အလင်းတန်း တစ်ခု ပေါ်လာခဲ့၏。
“ဟွန့်၊ ငါ့မိန်းမကို တစ္ဆေတွေတောင် ထိလို့ ရဘူး...”
ဝူယွမ်က လင်ချင်းကျူနှင့် ဆက်သွယ်ထားသော ကျောက်စိမ်းရောင် အလင်းတန်းအမျှင်ကို ဖမ်းဆွဲရန် တိုက်ရိုက် လက်ဆန့်တန်းလိုက်လေသည်။
ချက်ချင်းပင် အာဏာရှင်သွေးများ ပေါက်ကွဲထွက်လာပြီး သူ၏လက်မှ ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။
ကျောက်စိမ်းရောင် အလင်းတန်း အမျှင်လေးမှာ သူ၏ အာဏာရှင်သွေး စွမ်းအား၏ ဖိနှိပ်မှုအောက်တွင် အလင်းတန်း အစက်အပြောက်လေးများ အဖြစ်သို့ ပြန့်ကျဲသွားခဲ့လေသည်။
အလင်းတန်းအမျှင်များ ပြန့်ကျဲသွားသည်နှင့်အမျှ ရွှံ့နွံများထဲရှိ အရိုးစုမှာ ထူးဆန်းစွာ တုန်ခါသွားခဲ့၏။
ထို့နောက် ၎င်းက ရွှံ့နွံများထဲမှ ယိမ်းယိုင်စွာ ထထိုင်လိုက်ပြီး မျက်လုံးပေါက်များ အတွင်း၌ အလွန်အမင်း မှေးမှိန်သော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့လေသည်။
“မင်း သေသွားတာ နှစ်ပေါင်းများစွာ ကြာပြီကို... ဘာလို့ ဝင်စားခြင်းစက်၀န်းထဲကို မသွားတာလဲ... ဒီမှာ နောက်လာနောက်သားတွေကို နှောင့်ယှက်နေတာ... မင်းမှာ ရည်မှန်းချက် နည်းနည်းလောက်တောင် မရှိဘူးလား...”
ဝူယွမ်က ဒေါသတကြီးဖြင့် ခြေဆောင့်နင်းလိုက်လေသည်။ ပတ်ဝန်းကျင်ရှိ ကန်ရေများမှာ ရူးသွပ်စွာ လှိုင်းထသွားပြီး ဆွဲငင်အား နယ်မြေက ပတ်ဝန်းကျင်ရှိ ကန်ရေများ အားလုံးကို တွန်းဖယ်ပစ်လိုက်၏။
ခွပ်...
ဝူယွမ်၏ ခြေဖဝါးအောက်တွင် အရိုးစုမှာ တိုက်ရိုက်ပင် အမှုန့်ဖြစ်သွားလေတော့သည်။
အဘိုးအို တစ္ဆေဖန်ထျန်း နှင့် ချီရှင်းတို့ကဲ့သို့သော စီနီယာများနှင့် နှိုင်းယှဉ်လျှင် ဤအမည်မသိတစ္ဆေမှာ ဝူယွမ်အတွက်တော့ တကယ်ကို မုန်းတီးဖွယ် ကောင်းလှပေသည်။
“ဝူး... ဝူး...”
အရိုးစုမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်နှင့်အမျှ အဆုံးအစမရှိသော မကျေနပ်မှုများ ပြည့်နှက်နေသည့် အသံတစ်ခု ရေကန်အောက်ခြေတစ်လျှောက် ပဲ့တင်ထပ်သွားသည်ကို ဝူယွမ် ခပ်ရေးရေး ကြားလိုက်ရလေသည်။
ထူးဆန်းသော အသံက ဝူယွမ်၏ ခန္ဓာကိုယ်ကို အနည်းငယ် အေးစက်သွားစေခဲ့သော်လည်း တစ်ဖက်လူက သူ၏ ဇနီးသည်အား အန္တရာယ်ပြုနေသည်ကို တွေးမိသောအခါ သူ၏ နှလုံးသားထဲတွင် ဒေါသများသာ ပြည့်နှက်နေခဲ့၏။
နှလုံးကြွေမီးတောက်က သူ့ ပတ်ဝန်းကျင်မှ ပြန့်နှံ့ထွက်ပေါ်လာခဲ့လေသည်။ နှလုံးကြွေမီးတောက်တွင် ဝိညာဉ်အကြွင်းအကျန်များအပေါ် အားကောင်းသော လောင်ကျွမ်းခြင်း အာနိသင် ရှိလေသည်။
၎င်းက ပတ်ဝန်းကျင်ရှိ အေးစက်သော လေထုအားလုံးကို လျင်မြန်စွာ ဖျက်ဆီးပစ်လိုက်ပြီး ထိုထူးဆန်းသော အရာမှာ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။
“ဟင်...”
ရုတ်တရက် အရိုးအပျက်အစီးများထဲမှ ကျောက်စိမ်းရောင်အလင်းတန်း တစ်ခု လင်းလက်သွားသည်ကို ဝူယွမ် မြင်တွေ့လိုက်ရပြီးနောက် အလင်းတန်းက လေခွင်းသံ တစ်ခုနှင့်အတူ ရေကန် အောက်ခြေကို ဖြတ်သန်းကာ ဝူယွမ်ထံသို့ ပြေးဝင်လာခဲ့လေသည်။
ဝူယွမ်သည် ချဉ်းကပ်လာသော ကျောက်စိမ်းရောင် အလင်းတန်းကို မသိစိတ်မှ သတိထားသွားခဲ့၏။ သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် ၎င်းကို ချက်ချင်း ဖမ်းယူလိုက်ပြီးနောက် အလင်းတန်းမှာ အလွန်အမင်း နက်နဲလှသော ဝိညာဉ်တံဆိပ် တစ်ခု ဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရလေသည်။
အလင်းတန်းတံဆိပ်အတွင်း၌ အလွန်အမင်း ကြီးမားပြီး ကြီးကျယ်ခမ်းနားလှသော လှိုင်းဂယက်တစ်ခုကို သူ အာရုံခံမိလိုက်၏။
“ဝိညာဉ်တံဆိပ်...”
ဝူယွမ်က အံ့ဩတကြီး ရေရွတ်လိုက်လေသည်။
ဤကဲ့သို့သော အရာများနှင့် ပတ်သက်၍ သူ မစိမ်းသက်တော့ပေ... သူ၏ ကိုယ်တွင်း၌ တစ်ခု ရှိနေပြီး ဖြစ်လေသည်။
ယခင်က လင်းတုန်ရရှိခဲ့သောရွှမ်းဝူ (လိပ်နှင့်မြွေ ပေါင်းစပ်ထားသော ရှေးဟောင်းဒဏ္ဍာရီလာသားရဲ) နှင့် စုရို ရရှိခဲ့သော အရာတို့ကို ထည့်ပေါင်းလိုက်လျှင်...
ဝူယွမ်သည် ဝိညာဉ်တံဆိပ်သုံးခုကို မြင်တွေ့ခဲ့ပြီး ဖြစ်လေသည်။
ဝူယွမ်၏ ခန္ဓာကိုယ်ပေါ်ရှိ ဝိညာဉ်တံဆိပ်နှင့် ပတ်သက်၍မူ ၎င်းမှာ ယွမ်ချန်းထံမှ လာခြင်း ဖြစ်လေသည်။
ယွမ်ချန်း၏ မူလဝိညာဉ်ကို ကစဉ်ကလျားသန္ဓေသားအတွင်းသို့ သူ စုပ်ယူလိုက်ပြီးနောက် မူလဝိညာဉ်အတွင်း၌ ဖုံးကွယ်နေသော ယွမ်ချန်း၏ ဝိညာဉ်တံဆိပ် ကိ သူ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယွမ်ချန်း၏ မူလဝိညာဉ် ပျက်စီးသွားသည်နှင့် ထိုဝိညာဉ်တံဆိပ် ပေါ်ထွက်လာနိုင်ပေသည်။
သို့သော် အားကောင်းသော လှုပ်ရှားမှုများကို ထုတ်လွှတ်ရန်အတွက် ဝူယွမ်သည် ယွမ်ချန်း၏ မူလဝိညာဉ်စွမ်းအားကို လိုအပ်နေသေးသဖြင့် ကစဉ်ကလျားသန္ဓေသားကို အသုံးပြု၍ ထိုဝိညာဉ်တံဆိပ်ကို ဖြည်းညင်းစွာ ခွာထုတ်ရန် သူ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ၎င်းမှာ ပြီးစီးလုနီးပါး ဖြစ်နေပြီ ဖြစ်လေသည်။
ထိုအချိန်ကျလျှင် သူလည်း ဝိညာဉ်တံဆိပ် တစ်ခုကို ပိုင်ဆိုင်နိုင်တော့ပေမည်။
ဝိညာဉ်တံဆိပ်အဖြစ်သို့ ပြောင်းလဲသွားသော အရိုးစုမှာ မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်စေနိုင်တော့ချေ။
ဤကျောက်စိမ်းရောင် ဝိညာဉ်တံဆိပ် ကို မြင်သောအခါ အရိုးစုအပေါ် ဝူယွမ်၏ အမြင်မှာ အနည်းငယ် ပြောင်းလဲသွားခဲ့လေသည်။
ဝိညာဉ်တံဆိပ်များသည် အခြေခံအားဖြင့် နောင်လာနောက်သားများကို အကျိုးပြုရန် ရည်ရွယ်ခြင်း ဖြစ်လေသည်။
ပျောက်ကွယ်သွားပြီးနောက် ဤဝိညာဉ်တံဆိပ်ကို ချန်ထားခဲ့နိုင်သေးသည်ဆိုမှတော့ သူ (သို့မဟုတ် သူမ) ထံတွင် အသိတရား အချို့ ရှိနေသေးကြောင်း တွေ့ရလေသည်။
သို့သော် ဝိညာဉ်တံဆိပ် တစ်ခုစီတိုင်းမှာ မတူညီကြပေ။
ဤဝိညာဉ်တံဆိပ်သည်လည်း အနည်းငယ် ထူးခြယးနေငည်။
ဝူယွမ်၏ ဝိညာဉ်စွမ်းအင်အောက်တွင် ၎င်းက ရူးသွပ်စွာ ရုန်းကန်နေခဲ့၏။ ဤဝိညာဉ်တံဆိပ်က ဝူယွမ်ကို ဆန့်ကျင်နေကြောင်း ထင်ရှားလှပေသည်။
“ဟွန့်၊ မင်းကို ငါ ဂရုမစိုက်ပါဘူး...”
မတတ်သာဘဲ ဝူယွမ်သည် ၎င်းကို လွှတ်ပေးလိုက်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
ဝိညာဉ်ချုပ်နှောင်မှုမှ လွတ်မြောက်သွားသောအခါ ကျောက်စိမ်းရောင် အလင်းတန်းမှာ ချက်ချင်း လင်းလက်သွားပြီး လင်ချင်းကျူ၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် တိုးဝင်သွားလေတော့သည်။
ဝူယွမ်၏ အကြည့်များကလည်း ဝိညာဉ်တံဆိပ် နင့်အတူ လင်ချင်းကျူ၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသွားခဲ့၏။
ပတ်ဝန်းကျင်တွင် ခြိမ်းခြောက်မှုများ မရှိတော့သဖြင့် ဝူယွမ် စိတ်သက်သာရာ ရသွားပြီး လင်ချင်းကျူ၏ အခြေအနေကို စစ်ဆေးလိုက်လေသည်။
ကံကောင်းစွာဖြင့် လင်ချင်းကျူမှာ သတိလစ်နေဆဲဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ထိခိုက်ဒဏ်ရာရထားခြင်း မရှိခဲ့ပေ။
အစောပိုင်း အရိုးစုကို တိုက်ခိုက်စဥ်ကတည်းက သူမကို ဝူယွမ်က ဝိညာဉ်စွမ်းအင်ဖြင့် လေထဲသို့ ဆွဲတင်ထားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ရုပ်ပိုင်းဆိုင်ရာအရ ဝင်ရောက်စွက်ဖက်ရမည့် အချိန် ရောက်လာပြီ ဖြစ်သည်။
သူက လက်ဆန့်တန်းကာ လင်ချင်းကျူ၏ အဝတ်ဗလာဖြင့် ကျောက်စိမ်းရောင် ခန္ဓာကိုယ်လေးကို ပွေ့ဖက်လိုက်လေသည်။
သူ၏ လက်ထဲရှိ အေးစက်ပြီး ချောမွေ့သော ခံစားချက်က သူ၏နှလုံးသားကို ပြင်းထန်စွာ လှိုင်းထသွားစေခဲ့၏။
သူ၏ မျက်လုံးများမှာ ပထမတော့ ထိန်းချုပ်မရလောက်အောင် စူးရှသွားသော်လည်း သူက သက်ပြင်းတစ်ချက်ကို နက်နက်ရှိုင်းရှိုင်း ရှူသွင်းလိုက်ပြီး ကြီးမားသော ဝတ်ရုံတစ်ထည်ကို ထုတ်ယူကာ သူ၏ ရင်တွင်း၌ မကောင်းဆိုးဝါး မီးတောက်များကို လောင်ကျွမ်းစေသော ကျောက်စိမ်းရောင်ခန္ဓာကိုယ်လေးကို ဖုံးအုပ်ပေးလိုက်လေသည်။
ဝူယွမ်သည် အတော်လေး လူကြီးလူကောင်း ဆန်နေဆဲပင် ဖြစ်သည်။
လင်ချင်းကျူကို သူ ငါးနှစ်ကြာ မက်မောနေခဲ့သော်လည်း တစ်စုံတစ်ယောက်၏ အားနည်းချက်ကို အခွင့်ကောင်းယူခြင်းမှာ သူ တွေးတောရုံသာ တွေးတောသည့် အရာတစ်ခု ဖြစ်ပြီး လက်တွေ့ လုပ်ဆောင်မည် မဟုတ်ချေ။
‘ဘာပဲဖြစ်ဖြစ် ငါက သူမကို ငါ့ရဲ့ ကိုယ်ပိုင် စွမ်းအားနဲ့ အပြည့်အဝ ရယူနိုင်တာပဲလေ...’
လင်ချင်းကျူကို ပွေ့ချီကာ သူက ရေကန် အောက်ခြေမှ ပျံသန်းထွက်လာပြီး ကမ်းစပ်သို့ ရောက်ရှိလာခဲ့လေသည်။
သူ၏ ရင်ခွင်ထဲရှိလူ လှုပ်ရှားသွားသည်ကို ဝူယွမ် ခံစားလိုက်ရ၏။
သူက ငုံ့ကြည့်လိုက်ရာ ကြည်လင်သော မျက်လုံးလေးများ ပွင့်လာသည်ကို မြင်တွေ့လိုက်ရပြီး သူမ၏ လှပသော မျက်နှာလေးမှာ နီမြန်းပြီး ပူနွေးနေခဲ့လေသည်။
သူတို့၏ မျက်လုံးများ အချင်းချင်း ဆုံတွေ့သွားကြပြီး လေထုမှာ ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့၏။
သူ၏ ရင်ခွင်ထဲရှိ နူးညံ့သော ကျောက်စိမ်းရောင် ခန္ဓာကိုယ်လေးကလည်း ဤအခိုက်အတန့်၌ ပူနွေးသော အပူချိန်အချို့ကို ထုတ်လွှတ်နေကြောင်းကို ဝူယွမ် ခံစားနိုင်လေသည်။
ပါးလွှာပြီး စိုရွှဲနေသော ဝတ်ရုံက များများစားစား မဖုံးကွယ်ပေးနိုင်ခဲ့ချေ။
ပါးလွှာသော အဝတ်အစားများမှတစ်ဆင့် ကူးစက်လာသော ထိုနွေးထွေးမှုက ဝူယွမ်၏ အသက်ရှူနှုန်းကိုပါ သိမ်မွေ့စွာ မြန်ဆန်လာစေခဲ့၏။
ယခင်က သူတို့ကြားတွင် အဓိပ္ပာယ်မဲ့သော အရာအချို့ ဖြစ်ပျက်ခဲ့ဖူးသော်လည်း ထိုအချိန်က သူတို့ နှစ်ဦးစလုံးမှာ တွေဝေနေသော အခြေအနေတွင် ရှိနေကြပြီး အသိစိတ်မှာလည်း မရှင်းလင်းခဲ့ကြပေ။
ယခုကတော့ မတူတော့ချေ...
ဤကဲ့သို့သော ထိတွေ့မှုမျိုးက ရေစိုထားခါစ အခြေအနေတွင် ချိုင့်ဝှမ်း၏ အနည်းငယ် အေးစိမ့်မှုနှင့် ပေါင်းစပ်လိုက်သောအခါ ဤအခိုက်အတန့်တွင် သူတို့ ထိတွေ့နေသော လက်ဖဝါးများ၏ နွေးထွေးမှုက ပတ်ဝန်းကျင်ရှိ အေးစက်မှုနှင့် အလွန်အမင်း ကွာခြားနေသော နွေးထွေးမှုကို ပေးစွမ်းနေခဲ့လေသည်။
သူတို့ နှစ်ဦးစလုံး၏ စိတ်အာရုံများမှာ ယုံကြည်နိုင်စရာမရှိလောက်အောင် ရှင်းလင်းနေခဲ့ကြ၏။
ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သော... ရင်းနှီးကျွမ်းဝင်မှု...
ဤအခြေအနေတွင် ဝူယွမ်သည် တည်ငြိမ်သော စိတ်နှလုံးကို လုံးဝ ထိန်းသိမ်းမထားနိုင်တော့ပေ။
“အဟမ်း၊ အဟမ်း... ခုနက...”
ဝူယွမ်က ရှင်းပြရန် ပြင်လိုက်လေသည်။
“ရှင် ဘာလုပ်နေတာလဲ...” လင်ချင်းကျူက ဝူယွမ်ကို စိုက်ကြည့်ရင်း စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။
“ငါ ဘာမှ မလုပ်ပါဘူး...” ဝူယွမ်မှာ အနည်းငယ် အနေရခက်သွားသလို ခံစားလိုက်ရ၏... ‘ငါက လူကောင်း တစ်ယောက်လေ'
သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ မျက်နှာမှာ နီရဲသွားပြီး တောင်းပန်စကား ပြောလိုက်လေသည်။
“တောင်းပန်ပါတယ်... ငါ နည်းနည်း စိတ်လှုပ်ရှားသွားလို့...”
ထိုသို့ ပြောပြီးနောင် လင်ချင်းကျူကို ဖက်ထားသော လက်မှာ ပိုမိုတင်းကြပ်လာကာ ဝူယွမ်၏ မျက်လုံးများထဲတွင် အရိုင်းစိတ်များက ပြန်လည်စိုးမိုးသွားပြန်သည်။