အခန်း (၂၉၇-၂၉၈)
Vol. 30 Ch. 297-298
အခန်း (၂၉၇) - နေရောင်ခြည်အပိုင်းအစ၊ တောက်လောင်ခြင်း နေမင်းမသေမျိုးဂိုဏ်း(၁)
မင်းရဲ့ တွေးခေါ်မှုတွေ ဘယ်လောက်ပဲ ဖြောင့်မတ်မှန်ကန်နေပါစေ အမြဲတမ်း ခန္ဓာကိုယ်က အရိုးသားဆုံးပင်။
ဝူယွမ်အနေဖြင့် မည်သို့မျှ မတတ်နိုင်ပေ... သူသည် သူတော်စင် တစ်ပါး မဟုတ်ချေ။
ထို့အပြင် ဤအခြေအနေမျိုးတွင် သူတော်စင် တစ်ပါး ရောက်လာလျှင်တောင်မှ အရှုံးပေးရလိမ့်မည်ဟု ဝူယွမ် ခံစားမိလေသည်။
ဤအချိန်တွင် လင်ချင်းကျူသည် ထူးခြားသော ပတ်ဝန်းကျင်၌ သူမ၏ ပုံမှန် အေးစက်ပြီး ခပ်ခွာခွာနေတတ်သည့် အမူအရာကို ဆုံးရှုံးနေခဲ့ပြီ ဖြစ်သည်။
ပုံမှန်အားဖြင့် နတ်သမီးလေး တစ်ပါးအလား လှပသော မာနကြီးသည့် အမျိုးသမီး တစ်ဦးက သင်၏ရှေ့တွင် ထိရှလွယ်ပြီး အနိုင်ကျင့်ရ လွယ်ကူသော အသွင်အပြင်မျိုးကို ရုတ်တရက် ပြသလာသကဲ့သို့ပင် ဖြစ်လေသည်။
ထိုအရာက ယောကျ်ားတစ်ယောက်အတွက် ကြောက်မယ်ဖွယ် သွေးဆောင်ဖြားယောင်းမှုမျိုးပင်...။
၎င်းမှာ နတ်ဘုရားမလေး တစ်ပါးက သူမ၏ ဆန်းကြယ်သော အလင်းရောင်များကို ဖယ်ရှားခံလိုက်ရပြီး နူးညံ့သိမ်မွေ့သော အမျိုးသမီး တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားချိန်တွင် ပြသလာသည့် စွဲမက်ဖွယ်ကောင်းသော ဆွဲဆောင်မှုပင် ဖြစ်လေသည်။
ထို့ကြောင့် ဝူယွမ်ကို အပြစ်တင်၍မရချေ... သူသည် သူ့ကိုယ်သူ လုံးဝ မထိန်းချုပ်နိုင်တော့ခြင်းသာ ဖြစ်လေသည်။
ဤအချိန်တွင် လင်ချင်းကျူမှာ ယုံကြည်နိုင်စရာ မရှိလောက်အောင် အရှက်ရပြီး ဒေါသထွက်နေသော်လည်း သူမသည် အလွန်အမင်း စိုးရိမ်ထိတ်လန့်နေသဖြင့် တစ်လက်မမျှပင် မလှုပ်ရှားရဲပေ။
သူမ ဝူယွမ်ကို ကြည့်လိုက်ရာ သူမကို လွှတ်မပေးရုံသာမက သူ၏ နက်မှောင်သော မျက်လုံးများထဲတွင် ဆန္ဒ အရိပ်အယောင်များ ပေါ်ထွက်လာနေသည်ကို မြင်တွေ့လိုက်ရလေသည်။
ဂလု... ဂလု... ဂလု...
ဝူယွမ်၏ လည်စေ့မှာ လှုပ်ရှားသွားပြီး တံတွေးကို အားကုန် မြိုချလိုက်ကာ နောက်ဆုံးတွင် စိတ်ကို တင်းထားပြီး ခေါင်းကို ရုတ်တရက် ငုံ့ချလိုက်လေသည်။
လင်ချင်းကျူ၏ လှပသော မျက်ဝန်းများထဲတွင် ဝူယွမ်၏ မျက်နှာမှာ လျင်မြန်စွာ ကြီးထွားလာပြီး သူ၏ အားကောင်းသော အရှိန်အဝါက ပိုမိုနီးကပ်လာခဲ့၏။
သူမက ရုန်းကန်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူမ၏ ခန္ဓာကိုယ်ကို ပွေ့ဖက်ထားသော ဝူယွမ်၏ လက်မောင်းများက သူမကို လုံးဝ လှုပ်ရှား၍ မရအောင် ဖမ်းချုပ်ထားလိုက်လေသည်။
နောက်ဆုံးတွင် ကြီးစိုးပြီး အကြောက်အလန့် ကင်းမဲ့သော ဝူယွမ်၏ ပူနွေးနွေး နှုတ်ခမ်းက သူမ၏ နှုတ်ခမ်းပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရလေတော့သည်။
အွန်း...
လင်ချင်းကျူမှာ ထိတ်လန့်တကြား ဖြစ်သွားပြီး သူ့ကို တွန်းဖယ်ရန် ကြိုးစားလိုက်လေသည်။
သို့သော် ဝူယွမ်၏ နှုတ်ခမ်းမှ ပြင်းထန်သော အပူရှိန်က မျက်တောင်တစ်ခတ် အတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်ကို တောင့်တင်းသွားစေခဲ့၏。
သို့သော်ငြားလည်း သူမက လျင်မြန်စွာ အသိစိတ် ပြန်ဝင်လာပြီး သူမ၏ သွယ်လျသော ကျောက်စိမ်းရောင် လက်လေးများက ကြောင်လက်သည်းများအလား ဝူယွမ်၏ ကျောပြင်ကို ပြင်းထန်စွာ ကုတ်ခြစ်လိုက်လေသည်။
သို့သော် ဝူယွမ်၏ ခန္ဓာကိုယ်မှာ မာကျောလွန်းလှပေသည်။
အာဏာရှင်သွေးများ လည်ပတ်နေသဖြင့် သူ၏ အရေပြားပေါ်တွင် ခရမ်းနှင့် ရွှေရောင် ရောယှက်နေသော အရောင်များ လင်းလက်နေပြီး လင်ချင်းကျူ၏ လက်သည်းများမှာ အသားထဲသို့ပင် မစိုက်ဝင်နိုင်ခဲ့ပေ။
သူမမှာ ပြင်းထန်စွာ ရုန်းကန်နေခဲ့၏။
သူမ၏ ပြင်းထန်သော ရုန်းကန်မှုများကို ဝူယွမ်က ဤအချိန်၌ ဂရုမစိုက်နိုင်တော့ချေ။
သူ၏ လက်မောင်းများမှာ သံညှပ်တံများအလား သူ၏ ရင်ခွင်ထဲရှိ နူးညံ့သော ခန္ဓာကိုယ်လေးကို တင်းကြပ်စွာ ပွေ့ဖက်ထားသည်မှာ သူမကို သူ၏ ခန္ဓာကိုယ် အတွင်းသို့ ပေါင်းစပ်သွားအောင် အတင်းအဓမ္မ ဖိညှစ်ထားသကဲ့သို့ပင်
ငါးနှစ်...
လင်ချင်းကျူသည် သူ၏ စိတ်ထဲတွင် စွဲထင်နေသော အိပ်မက်တစ်ခုအလား ဖြစ်နေခဲ့ပြီး ကိုးကောင်းကင် အထက်မှ နတ်ဘုရားမလေး တစ်ပါးအလား ထိတွေ့၍ မရနိုင်ခဲ့ချေ။
ယနေ့ လေထုက ဤအဆင့်အထိ ရောက်နေပြီဖြစ်ရာ ဝူယွမ်က သူမကို သေချာပေါက် နမ်းရှုံ့ရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်လေသည်။
“မင်း ဘာလို့ ငါ့ကို ခုခံနေသေးတာလဲ... ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ မင်း မလွမ်းခဲ့ဘူးလား...”
ဝူယွမ်က သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ သူမ၏ စိတ်ထဲသို့ သတင်းပို့လိုက်လေသည်။
လင်ချင်းကျူ၏ ခုခံမှုမှာ ရုတ်တရက် အားနည်းသွားခဲ့၏။
ဝူယွမ်၏ ကျောပြင်ကို ဆုပ်ကိုင်ထားသော သူမ၏ လက်များမှာ ရူးသွပ်စွာ ကုတ်ခြစ်နေခြင်း ရပ်တန့်သွားပြီး တင်းကြပ်စွာ ဆုပ်ကိုင်လာခဲ့လေသည်။
သူမသည် တွေဝေမှုနှင့် အသိတရား ကြားတွင် ပြင်းထန်စွာ ယိမ်းယိုင်နေခဲ့၏။
“ကန္တာရတိမ်တိုက်... ယင်ယန် အမွှာကြာပန်းကို ငါ့အတွက် ထုတ်ပေး...”
ဝူယွမ်၏ အတွေးမျာူမှာ အလွန် ရှင်းလင်းနေပြီး ကန္တာရတိမ်တိုက်ထံသို့ အသံပို့ သတင်းစကား ပါးလိုက်လေသည်။
အလင်းတန်း တစ်ခု လင်းလက်သွားပြီးနောက် ကြီးမားလှသော ယင်ယန် အမွှာကြာပန်းပလ္လင်ကြီး တစ်ခု ဝူယွမ်၏ အရှေ့တွင် ပေါ်လာခဲ့၏။
ဤကြာပန်း ပလ္လင်မှာ ရွှေရောင် ဖြစ်ပြီး ဝူယွမ်က နောက်ပိုင်းတွင် ကောင်းကင်ပုလင်းမှ အရည်ကို အသုံးပြု၍ ပြုစုပျိုးထောင်ထားခဲ့သည့် အဆင့်မြင့် ပစ္စည်းတစ်ခု ဖြစ်လေသည်။
ကြာပန်းပလ္လင် ပေါ်လာပြီးနောက် ဝူယွမ်က မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် ပေါ်သို့ ချိတ်ပိတ်ခြင်းရူန်းစာလုံး တစ်ခုကို ရိုက်သွင်းလိုက်ပြီး မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကို ပြင်ပကမ္ဘာနှင့် သီးခြား ခွဲထုတ်လိုက်တော့သည်။
၎င်းအတွင်း၌ အခြေအနေကို အာရုံခံနိုင်သော အဘိုးအို၊ ဘီလူးအိုကြီးများ ဖြစ်ကြသည့် ဝိညာဉ် ရတနာ အများအပြား ရှိနေသည် မဟုတ်ပါလား။
ဝူယွမ်က ကြာပန်းပလ္လင်ပေါ်သို့ ခပ်ဖွဖွ တက်လိုက်လေသည်။
“ရင်းနှီးတဲ့ မြင်ကွင်းလေးပဲ... မင်း ကြောက်နေစရာ မလိုပါဘူး...”
“ဟင့်အင်း... ရှင် မလုပ်ရဘူးနော်...”
လင်ချင်းကျူက ဝူယွမ်ကို တွန်းဖယ်လိုက်ပြီး သူမ၏ ငွေရောင် သွားလေးများကို ကိုက်ကာ ပြောလိုက်လေသည်။
“တကယ်လို့ ကျွန်မရဲ့ဆရာသာ သိသွားရင် ရှင့်ကို သေချာပေါက် သတ်လိမ့်မယ်... ရှင်က တောင်ဂိုဏ်းတပည့်တစ်ယောက် ဖြစ်နေရင်တောင် အလကားပဲ၊ ယင်းရွှမ်းဇီက ရှင့်ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး...”
“အဲဒီအချိန်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စမှာ ကျွန်မက ဆရာ့ကို တောင်းပန်ခဲ့လို့သာ ဆရာက ဆက်ပြီး အရေးမယူခဲ့တာ...”
“ကိုးကောင်းကင် တိုင်ချင်းနန်းတော်ရဲ့ ဂိုဏ်းချုပ်ကြီးတိုင်းက စိတ်နှလုံးကြေးမုံ လမ်းစဉ်ကို ကျင့်ကြံကြတယ်... သူတို့ရဲ့ စိတ်နှလုံးတွေက ဖုန်မှုန့် အညစ်အကြေး ကင်းစင်တဲ့ ကြေးမုံပြင် တစ်ခုလိုပဲ..."
“တကယ်လို့ ကျွန်မတို့ ကိစ္စကိုသာ ဆရာသိသွားရင် ဆရာ့ရဲ့ စိတ်နေသဘောထား အရဆိုရင် ကျွန်မရဲ့ စိတ်နှလုံးထဲက ဖုန်မှုန့်ကို ဖယ်ရှားဖို့ သေချာပေါက် လှုပ်ရှားလာလိမ့်မယ်...”
“ပြီးတော့ ရှင်က ကျွန်မရဲ့ စိတ်နှလုံးထဲက ဖုန်မှုန့်ပဲ...”
ဤအချိန်တွင် သူမသည် သူမ၏ ဂိုဏ်းနှင့် ဝူယွမ်ကြားတွင် ခက်ခဲသော ရွေးချယ်မှု တစ်ခုကို ရင်ဆိုင်နေရလေသည်။
သူမ၏ ခန္ဓာကိုယ်က တစ်ဖက်ကိုသာ ရွေးချယ်နိုင်ပေသည်။
“စိတ်နှလုံးကြေးမုံ လမ်းစဉ် ဆိုတာ ဘာကြီးလဲ... လမ်းလွဲကြီးပါ...” ဝူယွမ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီးနောက် လင်ချင်းကျူကို ကြည့်ကာ ပြောလိုက်လေသည်။ “ဒါဆို မင်းရဲ့ စိတ်နှလုံးထဲက ဒီဖုန်မှုန့်ကို ဖယ်ရှားသင့်တယ်လို့ မင်းထင်နေတာလား...”
“ကိုယ့်ရဲ့ အတွင်းစိတ်အစစ်အမှန်ကိူ ရင်ဆိုင်ဖို့တောင် မရဲဘူးဆိုရင် ဘယ်လို စိတ်ပိုင်းဆိုင်ရာ အခြေအနေ အကြောင်းကို လာပြောနေတာလဲ...”
“ပြီးတော့ မင်းရဲ့ ဆရာက ငါ့ကို မသတ်နိုင်ပါဘူး...”
“ငါ မင်းကို တစ်ခုပဲ မေးမယ်... မင်းရင်ထဲမှာ ငါရှိလား...”
ဝူယွမ်က လင်ချင်းကျူကို တိုက်ရိုက် စိုက်ကြည့်လိုက်လေသည်။
လင်ချင်းကျူမှာ သူ၏ အကြည့်ကို မရင်ဆိုင်ရဲဘဲ အောက်သို့ ငုံ့ကြည့်နေခဲ့၏။
“မင်းရဲ့ ခန္ဓာကိုယ်ကို ကျောက်စိမ်းလေးလို ဖြူစင်အောင် ထိန်းသိမ်းထားဖို့ပဲ မဟုတ်ဘူးလား... စိတ်မပူပါနဲ့၊ မင်း ပြန်ကောင်းလာအောင် ငါ ကူညီပေးနိုင်ပါတယ်...”
“မင်းရဲ့ ယောကျ်ားဆီမှာ ဘယ်လောက် ကြီးမားတဲ့ စွမ်းအားတွေ ရှိနေလဲဆိုတာ မင်း မသိသေးလို့ ဖြစ်မှာပါ... ငါ့ရှေ့မှာ မင်း လွတ်လွတ်လပ်လပ် နေလို့ရတယ်...”
“ငါတို့ရဲ့ ခံစားချက်တွေကို ရင်ဆိုင်လိုက်စမ်းပါ ချင်းကျူ... မင်းရင်ထဲမှာ ငါ ရှိနေတယ်ဆိုတာ ငါသိပါတယ်...”
ဝူယွမ် စကားပြောပြီးနောက် သူ လုံးဝ ထိန်းချုပ်မရတော့ပေ။
“ရှင်က တကယ်ကို ကျွန်မရဲ့ ကပ်ဘေးလေးပဲ...”
လင်ချင်းကျူက သက်ပြင်းချလိုက်ပြီး ဝူယွမ်၏ နားရွက်ကို ကိုက်လိုက်လေသည်။
ဗွမ်း၊ ဘတ်၊ ဘတ်...
ထိုသို့နှင့် ကပ်ဘေး စတင်လေပြီ။
နေထွက်လိုက်၊ နေဝင်လိုက်နှင့်….
မျက်တောင်တစ်ခတ် အတွင်းမှာပင် တစ်ရက် ကုန်လွန်သွားခဲ့၏။
ဤတစ်ကြိမ်တွင်မူ နှစ်ယောက်လုံး အသိစိတ်ရှိသော အခြေအနေတွင် ရှိနေသည့် ကပ်ဘေးတစ်ခု ဖြစ်လေသည်။
ကပ်ဘေး တိမ်မည်းများအပြီးတွင် နေသာလာခဲ့တော့သည်။
၎င်းမှာ အနည်းငယ် အဓိပ္ပာယ်မဲ့သည်ဟုပင် ခံစားရလေသည်။
“ဒါက မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်လည် ကောင်းမွန်လာအောင် ကူညီပေးနိုင်တယ်... မင်းကို ပြီးပြည့်စုံပြီး အပြစ်အနာအဆာ ကင်းစင်နေအောင် ထိန်းသိမ်းပေးထားနိုင်တော့ မင်းရဲ့ ဆရာက ဘာမှ မသင်္ကာစရာ တွေ့ရမှာမဟုတ်ဘူး...”
ဝူယွမ်က ကမ္ဘာသစ်ပင်၏ မူလစွမ်းအင်အစုအဝေး တစ်ခုကို လင်ချင်းကျူ၏ ခန္ဓာကိုယ် အတွင်းသို့ ထည့်သွင်းပေးလိုက်လေသည်။
ကမ္ဘာ့သစ်ပင်၏ မူလစွမ်းအင်မှာ ပစ္စည်းကောင်း တစ်ခုဖြစ်ပြီး ဖန်တီးနိုင်စွမ်းရှိသော မှော်ဆန်သည့် စွမ်းအား တစ်ခုဖြစ်သဖြင့် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ခြင်းမှာ ယုံကြည်နိုင်စရာ မရှိလောက်အောင် လွယ်ကူလှပေသည်။
“မင်းအတွက် နောက်ထပ်လက်ဆောင် တစ်ခု ရှိသေးတယ်...”
“မင်းရဲ့ စိတ်ကို လျှော့ထားပြီး ငါ့ရဲ့ ဝိညာဉ်စွမ်းအင်ကို ဝင်ခွင့်ပြုလိုက်...”
လင်ချင်းကျူသည် အရာအားလုံးကို လက်ခံနိုင်သွားပြီဖြစ်ပြီး ဤအချိန်တွင် ဝူယွမ်အပေါ် မည်သည့် ခုခံမှုမျှ မရှိတော့ချေ။
“ဒါက ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက် နက်နဲတဲ့ သိုင်းပညာရပ် တစ်ခုပဲ... မင်းအတွက် အရမ်း သင့်တော်တယ်၊ ဒါနဲ့ဆိုရင် မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ပိုပြီးတော့ အပြစ်အနာအဆာ ကင်းစင်သွားလိမ့်မယ်...”
ဝူယွမ်က ခန္ဓာကိုယ်ကျမ်း မှ ‘ချင်း’ အက္ခရာကို လင်ချင်းကျူထံသို့ လွှဲပြောင်းပေးလိုက်လေသည်။
ရယ်စရာကောင်းသည်မှာ ဝူယွမ်သည် လင်ချင်းကျူကို မင်္ဂလာဦးလက်ဆောင် ပေးနေသကဲ့သို့ ရတနာများကို အဆက်မပြတ် ပေးအပ်နေသဖြင့် လင်ချင်းကျူမှာ အသစ်စက်စက် လက်ထပ်ထားသော သတို့သမီးလေး တစ်ဦးအလား ရှက်ရွံ့နေခဲ့လေသည်။
ဤတိုက်ပွဲအပြီးတွင် သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးမှာ ပို၍ပင် နက်ရှိုင်းလာခဲ့၏။
လင်ချင်းကျူသည်လည်း ဝူယွမ်အကြောင်းကို ပိုမိုသိရှိလာခဲ့လေသည်။
ဤအမျိုးသားသည် တကယ်ကို ကြီးမားသော စွမ်းအားများကို ပိုင်ဆိုင်ထားလေသည်။
“အဟမ်း... ဝူယွမ်၊ ကောင်လေး၊ မင်း ပြီးပြီလား... ငါတို့ အဘိုးကြီးတွေ လေလေးဘာလေး ရှူဖို့ အချိန်တန်ပြီ မဟုတ်ဘူးလား...”
အဘိုးအိုဟွမ်က ဝူယွမ်၏ အားနည်းသော ချိတ်ပိတ်ခြင်း ရူန်းစာလုံးကို မဖျက်ဆီးရက်သဖြင့် ဝူယွမ်ထံသို့ အသံပို့ သတင်းစကား ပါးလိုက်လေသည်။
“အင်း...”
“အကြီးအကဲဟွမ်... ခင်ဗျား ခုနက ဆွေးနွေးစရာ ရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား...”
ဝူယွမ်က စကားလမ်းကြောင်းကို ချက်ချင်း လွှဲလိုက်လေသည်။
“ဒီလိုကွ၊ ငါနဲ့ အဘိုးအို တစ္ဆေဖန်ထျန်းနဲ့ ဆွေးနွေးပြီးသွားပြီ... ဒီနေရာမှာ ချိတ်ပိတ်ထားတဲ့ မိစ္ဆာစစ်သူကြီးတွေအပြင် ရှေးဟောင်းပုဂ္ဂိုလ်ကြီးတွေနဲ့ ဂိုဏ်းတွေ အများကြီးကို သူ မှတ်မိသေးတယ်..."
“သူတို့ရဲ့ အမွေအနှစ်တွေက ဒီအပျက်အစီးတွေ အောက်မှာ ရှိနေတုန်းပဲလေ... ဒါကြောင့် အဲဒီ ကမ္ဘာခြားနတ်ဆိုးတွေ အားလုံးကို ငါတို့ ဖိနှိပ်ပြီး ရှေးဟောင်းပုဂ္ဂိုလ်ကြီးတွေ သူတို့ရဲ့ အမွေအနှစ်တွေကို ဖြန့်ဝေနိုင်အောင် ကူညီပေးဖို့ ငါတို့ စီစဉ်ထားတယ်...”
အဘိုးအိုဟွမ်က ဖြည်းညင်းစွာ ပြောလိုက်လေသည်။
“ကမ္ဘာခြားနတ်ဆိုးနယ်မြေတစ်ခုလုံးမှာ ချိတ်ပိတ်ထားတဲ့ နေရာ အခုသုံးဆယ်လောက် ရှိတယ်... ပြီးတော့ ရှေးဟောင်းရတနာတိုက်တွေလည်း တော်တော်များများ ရှိသေးတယ်..."
“ဒီမှာ မြေပုံ... တစ်ချက် ကြည့်လိုက်ဦး... အဲ့ဒီ ကမ္ဘာခြားနတ်ဆိုးတွေ အားလုံးကို ဖမ်းပြီး ကမ္ဘာသစ်ပင်အတွက် မြေဩဇာအဖြစ် ပြောင်းလဲပစ်ဖို့ ငါတို့ မကြာခင် ခရီးထွက်ကြမယ်...”
ဝူယွမ်၏ စိတ်ထဲတွင် ဝိညာဉ်စွမ်းအင် မြေပုံတစ်ခု ပေါ်လာခဲ့၏။ ဝူယွမ်က ၎င်းကို ကြည့်လိုက်ရာ တကယ်ပင် မြေပုံအပေါ်တွင် တည်နေရာ အများအပြားကို မှတ်သားထားကြောင်း တွေ့ရလေသည်။
ဤအချိန်တွင် ဝူယွမ်မှာ လန်းဆန်းပြီး စိတ်ကြည်လင်နေခဲ့၏。
“ကောင်းပြီလေ... ဒါဆို အခုပဲ ထွက်ခွာကြတာပေါ့...”
စိတ်ချင်းဆက်သွယ်ပြောဆိုမှုပြီးနောက် ဝူယွမ်က လင်ချင်းကျူကို ကြည့်ကာ မေးလိုက်လေသည်။
အခန်း (၂၉၈) - နေရောင်ခြည်အပိုင်းအစ၊ တောက်လောင်ခြင်း နေမင်းမသေမျိုးဂိုဏ်း(၂)
“မင်း ကိုးကောင်းကင် တိုင်ချင်းနန်းတော်က အဖွဲ့ဆီကို ပြန်သွားဖို့ လိုသေးလား...”
လင်ချင်းကျူက ပြန်ဖြေလိုက်၏။ “တိုင်ချင်းမသေမျိုးရေကန်က အခွင့်အရေးကိုလည်း ရပြီးပြီဆိုတော့ တခြားလုပ်စရာ ဘာမှ မရှိတော့ဘူးလေ... ဒါကြောင့် သဘာဝကျကျပဲ ကျွန်မ ပြန်သွားသင့်တာပေါ့...”
သူမက ဝူယွမ်နှင့် ဆက်လက်၍ ပွေလီမနေချင်တော့ပေ။
ဤသို့ လုပ်ဆောင်ခြင်းက သူမ၏ ဆရာနှင့် ဂိုဏ်းအပေါ် အကြွေးတင်နေသကဲ့သို့ ခံစားရစေသည်။
ဝူယွမ်က ပြောလိုက်၏။ “ဘာလဲ... မင်းရဲ့ ကိုးကောင်းကင် တိုင်ချင်းနန်းတော်က လူတွေကို မင်း မယုံကြည်လို့လား...”
“သေချာပေါက် မဟုတ်ပါဘူး... ခေါင်းဆောင် တစ်ယောက်အနေနဲ့ အဖွဲ့ကို ဦးဆောင်ဖို့ သေချာပေါက် ပြန်သွားရမှာပေါ့...”
“ငါလည်း ခေါင်းဆောင်တစ်ယောက်ပဲလေ... ပြဿနာ မရှိပါဘူး... ငါ့ရဲ့ ဂိုဏ်းတူ ညီအစ်ကို မောင်နှမတွေ အားလုံးက အရွယ်ရောက်နေကြပြီ၊ သူတို့ဘာသာသူတို့ အတွေ့အကြုံတချို့ ရပါစေ...” ဝူယွမ်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်လေသည်။
“ငါက မင်းကို ဒီတိုင်ချင်းမသေမျိုးရေကန်အထိ အဖော်ပြုပေးခဲ့တယ်လေ... အခု မင်းက ငါနဲ့အတူ နေရာတချို့ကို လိုက်ခဲ့သင့်တယ်...”
“ဘာလဲ... ရှင့်ဆီမှာလည်း တိုင်ချင်းမသေမျိုးရေကန်လို အခွင့်အရေးမျိုးတွေ ရှိနေလို့လား...” လင်ချင်းကျူမှာ တွေဝေသွားပြီး ဝူယွမ်က သူမကို လှည့်စားနေသလားဟု တွေးတောနေမိ၏။
“သေချာတာပေါ့... ပြီးတော့ တစ်နေရာတည်း မကဘူး... သွားကြစို့၊ ကမ္ဘာခြားနတ်ဆိုးနယ်မြေကို ရှင်းလင်းဖို့ မင်းကို ငါ ခေါ်သွားမယ်... ပြီးတော့ မင်း ယောကျ်ားရဲ့ အခြေခံ အုတ်မြစ်ကို ပသပြီး ငါတို့ပိုင်ဆိုင်တဲ့ အိမ်ထောင်ရေး ပိုင်ဆိုင်မှုတွေ အကြောင်းကိုလည်း မင်းကို အသိပေးရသေးတာပေါ့...”
ဝူယွမ်က လင်ချင်းကျူကို ဆွဲခေါ်ကာ ပျံသန်းထွက်ခွာသွားပြီး ပထမဆုံး ရှေးဟောင်းရတနာတိုက်ဆီသို့ ဦးတည်သွားလေတော့သည်။
... အချိန်များ ဖြည်းညင်းစွာ ကုန်လွန်သွားပြီး ဝူယွမ်က လင်ချင်းကျူကို ရတနာတိုက်ရှိသော နေရာတစ်ခုပြီးတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့လေသည်။
သူတို့၏ အကျိုးအမြတ်များမှာလည်း ယုံကြည်နိုင်စရာ မရှိလောက်အောင် ကြွယ်ဝလာပေသည်။
ကမ္ဘာခြားနတ်ဆိုးများ၊ သိုင်းပညာရပ်များ၊ ဝိညာဉ်ရတနာများ၊ ဝိညာဉ်ဆေးလုံးများ၊ ဝိညာဉ်တံဆိပ်များ...။
နှစ်ပေါင်း ထောင်ချီကြာ စူးစမ်းရှာဖွေခဲ့သော်လည်း ဤနယ်မြေတွင် ရတနာများစွာ ကျန်ရှိနေဆဲပင် ဖြစ်သည်။
အဘိုးအို တစ္ဆေဖန်ထျန်းနှင့် အဘိုးအိုဟွမ်တို့ ရှိနေသဖြင့် ဤနေရာရှိ မည်သည့်အရာကမျှ သူတို့၏ မျက်လုံးများမှ မလွတ်နိုင်ပေ။
ရတနာများအားလုံး အပြောင်အစင် ရှင်းလင်းခံလိုက်ရလေသည်။
မြေကြီးထဲသို့ စိမ့်ဝင်နေသော ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များမှာလည်း လုံးဝ ထုတ်ယူခံလိုက်ရ၏။
ဝူယွမ်သည် ကမ္ဘာခြားနတ်ဆိုးနယ်မြေ၏ သန့်စင်ရေး သံတမန် တစ်ဦးအလား ဖြစ်နေခဲ့သည်။
သူ သွားလေရာ နေရာတိုင်းတွင် မြေပြင်မှာ မည်းမှောင်မှုမှနေ၍ ဝါညိုရောင် မြေကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ဖိနှိပ်ခံထားရသော မိစ္ဆာစစ်သူကြီးများအပြင် ဤအာကာသထဲတွင် ကမ္ဘာခြားနတ်ဆိုး အများအပြားလည်း ကျန်ရှိနေသေး၏။
ဒုက္ခပေးတတ်သော ကမ္ဘာခြားနတ်ဆိုးဘုရင်နှင့် မိစ္ဆာစစ်သူကြီး တို့နှင့် နှိုင်းယှဉ်လျှင် ဤကမ္ဘာခြားနတ်ဆိုးများမှာ ရေပိုက်ခေါင်းမှ ရေများအလား ဖြစ်နေပြီး ကမ္ဘာသစ်ပင်အတွက် ၎င်းတို့ကို စုပ်ယူကာ သန့်စင်ရန် များစွာ အားထုတ်စရာပင် မလိုတော့ချေ။
ဤစွမ်းအားများကြောင့် ကျောက်တိုင်အတွင်းရှိ ကမ္ဘာကြီးမှာ ရူးသွပ်စွာ ကြီးထွားလာခဲ့လေသည်။
အသက်စွမ်းအင်အရည် အများအပြားကိုလည်း ရွှေကျီးကန်းဥ ထဲသို့ ထည့်သွင်းပေးလိုက်၏။
“ကမ္ဘာခြားနတ်ဆိုးနယ်မြေရဲ့ အလယ်ဗဟိုက တစ်ချိန်တုန်းက တောက်လောင်ခြင်း နေမင်းမသေမျိုးဂိုဏ်း ဖြစ်ခဲ့တယ်... တစ်ခါတုန်းက တောက်လောင်ခြင်း နေမင်းမသေမျိုးဂိုဏ်းက နေဆီကနေ ပြုတ်ကျလာတဲ့ အနီရင့်ရောင် အပိုင်းအစ တစ်ခုကို ရရှိခဲ့တယ်လို့ ကောလာဟလတွေ ရှိတယ်...”
“အဲ့ထဲမှာ အဆုံးမရှိတဲ့ ယန်မီးတောက် စွမ်းအားတွေ ပါဝင်နေတယ်... တောက်လောင်ခြင်း နေမင်းမသေမျိုးဂိုဏ်းက အဲဒီအချိန်တုန်းက အရှေ့ဘက် ရွှမ်ဒေသရဲ့ ထိပ်တန်း ဂိုဏ်းတွေထဲက တစ်ခု ဖြစ်လာဖို့ အဲဒီ နေရောင်ခြည်အပိုင်းအစကို အားကိုးခဲ့ရတာ...”
အဘိုးအို တစ္ဆေဖန်ထျန်းက ပြန်လည် အမှတ်ရလာခဲ့ပြီး ဝူယွမ်ထံတွင် ရွှေကျီးကန်းဥ တစ်လုံး ရှိနေကြောင်းကို သိရှိပြီးနောက် အကြံဉာဏ်များ ပေးပြီး ကူညီပေးခဲ့လေသည်။
“တကယ်လို့ ဒီရွှေကျီးကန်းဥ ကသာ အဲဒီ နေရောင်ခြည်အပိုင်းအစကို ရနိုင်မယ်ဆိုရင် သေချာပေါက် ပေါက်လာနိုင်လိမ့်မယ်...”
“ဒါပေမယ့် အဲဒီအချိန်တုန်းက တောက်လောင်ခြင်း နေမင်းမသေမျိုးဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်ခဲ့တဲ့ ကမ္ဘာခြားနတ်ဆိုးတွေ အများကြီး ရှိခဲ့တယ်... မိစ္ဆာစစ်သူကြီး ဒါဇင်ပေါင်းများစွာ အပါအဝင်ပေါ့... အခု သူတို့ အားလုံး သေသွားပြီလား ဆိုတာကိုတော့ ငါ မသိဘူး...”
“အခု သွားကြည့်ရင် သိရမှာပေါ့...”
ဝူယွမ်က စိတ်အားထက်သန်စွာဖြင့် နားထောင်နေခဲ့ပြီး လင်ချင်းကျူကို တင်းကျပ်စွာ ပွေ့ဖက်ထားကာ တောက်လောင်ခြင်း နေမင်းမသေမျိုးဂိုဏ်း၏ ရှေးဟောင်း ရတနာတိုက်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားလေတော့သည်။
သိပ်မကြာမီ သူတို့သည် ကမ္ဘာခြားနတ်ဆိုး နယ်မြေ၏ အလယ်ဗဟိုသို့ ရောက်ရှိလာခဲ့ကြ၏။
ဤနေရာမှာ လူသူအရောက်အပေါက် မရှိဘဲ ကမ္ဘာခြားနတ်ဆိုးစွမ်းအင်များဖြင့် ဝန်းရံထားကာ မိစ္ဆာအလောင်းများနှင့် မိစ္ဆာသားရဲများ ထူထပ်စွာ ပြည့်နှက်နေလေသည်။
အများစုမှာ အိပ်မောကျနေကြပြီး အနည်းငယ်မျှသာ လှည့်လည်သွားလာနေကြကာ တစ်ကောင်ချင်းစီမှာ အားမနည်းကြဘဲ အနည်းဆုံးတော့ လဲ့ချန်၏ စွမ်းအားနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိကြလေသည်။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ကမ္ဘာခြားနတ်ဆိုးစွမ်းအင်များ အတွင်းရှိ လုံးဝ မည်းမှောင်နေသော အမှောင်ထုပင် ဖြစ်ပြီး မည်သည့်အရာကိုမျှ မမြင်တွေ့ရချေ။
တောက်လောင်ခြင်း နေမင်းမသေမျိုးဂိုဏ်းသည် အစစ်အမှန် မိစ္ဆာနယ်မြေ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
“ဒီလောက် သိပ်သည်းတဲ့ ကမ္ဘာခြားနတ်ဆိုးစွမ်းအင်တွေက ကမ္ဘာခြားနတ်ဆိုးဘုရင် တစ်ပါးဆီကနေ ထွက်ပေါ်လာတဲ့ ကမ္ဘာခြားနတ်ဆိုးစွမ်းအင်တွေနဲ့ ယှဉ်နိုင်နေပြီ... အထဲမှာ ကမ္ဘာခြားနတ်ဆိုးတွေ ရှိနေသေးတယ်လို့ ငါ ထင်တယ်...”
ဝူယွမ်က သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် စုံစမ်းကြည့်ရန် ကြိုးစားလိုက်သော်လည်း ဝိညာဉ်စွမ်းအင်က အဝေးကြီးသို့ မရောက်မီမှာပင် ကမ္ဘာခြားနတ်ဆိုးစွမ်းအင်များ၏ တိုက်စားမှုကို ခံလိုက်ရလေသည်။
ကမ္ဘာခြားနတ်ဆိုးစွမ်းအင်များ အတွင်း၌ ထူးဆန်းသော သတ္တဝါအချို့ ရှိနေကြောင်းကို သူ အာရုံခံမိပြီး သူ၏ ဝိညာဉ်စွမ်းအင်ကို ဝါးမျိုသွားသည်မှာလည်း ထိုထူးဆန်းသော သတ္တဝါများပင် ဖြစ်လေသည်။
“ဒီနေရာက အရမ်းထူးဆန်းတယ်... ရှင် ယုံကြည်မှု ရှိရဲ့လား...” လင်ချင်းကျူက ဝူယွမ်၏ လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း မေးလိုက်လေသည်။
“ဒီနေရာကို ဝင်သွားတဲ့ သူတိုင်း အသက်ရှင်လျက် ပြန်မထွက်လာနိုင်ဘူးလို့ ကောလာဟလတွေ ကျွန်မ ကြားဖူးတယ်... ပြီးတော့ ဒီနေရာကနေ ပျောက်ကွယ်သွားတဲ့ သူတိုင်း နှစ်အနည်းငယ်အတွင်းမှာ မိစ္ဆာအလောင်း တစ်လောင်းအဖြစ် ပြောင်းလဲသွားလိမ့်မယ်တဲ့..."
“အောက်က ဒီမိစ္ဆာအလောင်းတွေ အားလုံးက ရှေးခေတ်ကာလက ကျန်ခဲ့တာတွေ မဟုတ်ဘူး... အများစုက အဲဒီ ရတနာရှာဖွေသူတွေ ဖြစ်လောက်တယ်...”
သူမ အနည်းငယ် စိုးရိမ်နေခဲ့၏။ ဤကဲ့သို့သော နေရာမျိုးမှာ လူတိုင်းအတွက် တားမြစ်နယ်မြေ တစ်ခု ဖြစ်လေသည်။ သူတို့၏ ဂိုဏ်းပြိုင်ပွဲမှ မည်သည့် တပည့်ကမျှ ဤကဲ့သို့သော နေရာမျိုးကို တစ်ခါမျှ မလာခဲ့ဖူးချေ။
“စိတ်မပူပါနဲ့၊ ငါ ယုံကြည်မှု ရှိပါတယ်... လမ်းတစ်လျှောက်လုံး မင်း ငါ့ကို ယုံကြည်လာခဲ့ပြီးပီ မဟုတ်ဘူးလား... စဉ်းစားကြည့်လေ၊ မင်းရဲ့ ခန္ဓာကိုယ် ပြန်ကောင်းလာဖို့ ငါ ဘယ်နှစ်ခါလောက် ကူညီပေးခဲ့ပြီးပြီလဲ..."
“ငါ့ဘေးမှာပဲ နေပါ၊ မင်း ဘာမှ စိတ်ပူစရာမလိုဘူး... မင်းက ပျော်ပျော်နေဖို့ပဲ လိုတယ်၊ ကျန်တာ ငါ့တာဝန် ထားလိုက်...”
ဝူယွမ်က လင်ချင်းကျူကို ပေါ့ပေါ့ပါးပါးပင် ကျီစယ်လိုက်ပြီး သူမ၏ စိုးရိမ်ပူပန်မှုများကို လုံးဝ ဂရုမစိုက်ခဲ့ပေ။
လင်ချင်းကျူက သူ့ကို မျက်လုံးလှန်ပြလိုက်ပြီး သူမ၏ မျက်နှာသည်လည်း အနည်းငယ် နီမြန်းလာခဲ့လေသည်။
လမ်းတစ်လျှောက်တွင် သူတို့သည် ရှေးဟောင်းရတနာတိုက် တစ်ဒါဇင်ကျော်ကို စူးစမ်းရှာဖွေခဲ့ကြပြီး နေရာများစွာမှာ လောင်ကျွမ်းကောင်းကင် ရှေးဟောင်းရတနာတိုက်ထက်ပင် ပိုမိုအန္တရာယ်များသဖြင့် လင်ချင်းကျူကို စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှု နှစ်မျိုးစလုံးကို ခံစားရစေခဲ့သည်။
သို့သော် ဝူယွမ်က ၎င်းတို့ကို တစ်ခုပြီးတစ်ခု ဖြေရှင်းနိုင်ခဲ့ပြီး ရတနာအများအပြားကို ရိတ်သိမ်းနိုင်ခဲ့ကာ ဝိညာဉ်တံဆိပ် နှစ်ခုကိုပင် ရရှိခဲ့သေးသည်။
ဤကာလအတွင်း ဝူယွမ်သည် နေ့စဉ်နေ့တိုင်း သူမနှင့် နပန်းလုံရန် အချိန်ပေးခဲ့လေသည်။
ဤသည်က လင်ချင်းကျူကို အံ့ဩထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုများ ဖြစ်စေခဲ့သော်ငြား တစ်ပြိုင်နက်တည်းမှာပင် ရုန်းမထွက်နိုင်အောင်လည်း ဖြစ်စေခဲ့၏။
“ကြည့်နေလိုက်ပါ...”
ဝူယွမ်က သူမကို ပွေ့ဖက်ကာ အတော်လေး ပေါ့ပါးလွတ်လပ်ပြီး တက်ကြွသော အမူအရာဖြင့် ဆင်းသက်လိုက်လေသည်။ ဤကဲ့သို့
ဤကဲ့သို့ နတ်ဘုရားမလေး တစ်ပါးနှင့်အတူ နတ်ဆိုးများကို နှိမ်နင်းရခြင်းမှာ သူ၏ ဘဝအထွတ်အထိပ်သို့ ရောက်ရှိနေခြင်း ဖြစ်ပြီး ပျော်ရွှင်မှု နှစ်ဆ ဖြစ်လေသည်။
“ကမ္ဘာခြားနတ်ဆိုးစွမ်းအင်တွေက သိပ်သည်းလွန်းတယ်၊ အကြီးအကဲဟွမ်... အပြင်ဘက်ကနေပဲ ဝိုင်းရံလိုက်ကြရင်ဆရာ ဘယ်လိုလဲ...”
ဝူယွမ်က မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကို မြေကြီးထဲသို့ စိုက်သွင်းလိုက်ပြီး အသံပို့ သတင်းစကား ပါးလိုက်လေသည်။
“အင်း... အပြင်ဘက်ကနေပဲ စပြီး ရှင်းလင်းကြတာပေါ့... အထဲကအခြေအနေကို ငါတို့ မသိသေးဘူး၊ ပြီးတော့ ကမ္ဘာခြားနတ်ဆိုး ဘယ်နှစ်ကောင်ရှိနေလဲ ဆိုတာကိုလည်း မသိဘူး...”
“ဒါပေမယ့် ဒီမှာ ကမ္ဘာခြားနတ်ဆိုးဘုရင်တွေ မရှိဘူးဆိုတော့ အရမ်းကြီး စိတ်ပူစရာမလိုပါဘူး...”
အဘိုးအိုဟွမ်က သဘောတူလိုက်လေသည်။
ရှေးဟောင်း ကောင်းကင်နှင့် မြေကြီး စစ်ပွဲအတွင်း ကမ္ဘာခြားနတ်ဆိုးဘက်တွင် ကမ္ဘာခြားနတ်ဆိုးဘုရင် လက်တစ်ဆုပ်စာမျှသာ ရှိခဲ့ပြီး သူတို့ကို မည်သည့် နေရာတွင် ဖိနှိပ်ထားသည် သို့မဟုတ် မည်သည့် နေရာတွင် ကျဆုံးခဲ့သည်ကို သူ အကြမ်းဖျင်း သိရှိထားလေသည်။
ကမ္ဘာခြားနတ်ဆိုးနယ်မြေ အတွင်းတွင်တော့ တစ်ကောင်မှ မရှိပေ။
…..
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် ဆင်းသက်လာပြီးနောက် ၎င်းမှာ လျင်မြန်စွာ စတင် ကြီးထွားလာခဲ့၏။
တစ်ချိန်တည်းမှာပင် ရှေးဟောင်းကျောက်တိုင်အတွင်းမှ ထူထဲသော အစိမ်းရောင်သစ်ကိုင်းများ ထွက်ပေါ်လာပြီး မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်၏ အရှေ့တွင် ဧရာမတံခါးတစ်ချပ်ကို ဖန်တီးလိုက်လေသည်။
ထို့နောက် အနက်ရောင် အစီအရင်မြေပုံ တစ်ခု ပေါ်လာပြီး ကမ္ဘာသစ်ပင်၏ သစ်ကိုင်းများကို လွှမ်းခြုံသွားခဲ့၏။
“ကောင်းကင်ချိတ်ပိတ်ခြင်း အစီအရင်မြေပုံက တကယ်ကြီး ရှင့်ဆီမှာ ရှိနေတာပဲ...” လင်ချင်းကျူက အံ့ဩတကြီး ပြောလိုက်လေသည်။
“ဒါက အနောက်ဘက် ရွှမ်ဒေသက သန့်စင်ယွမ်ရတနာ တစ်ခု မဟုတ်ဘူးလား...”
အနောက်ဘက် ရွှမ်ဒေသမှ လူများက ကောင်းကင်ချိတ်ပိတ်ခြင်း အစီအရင်မြေပုံကို ထိန်းချုပ်ပြီး ပြည်ထောင်တစ်ရာတိုက်ပွဲ တောင်တန်းပေါ်တွင် တိုက်ခိုက်ခဲ့မှုများကို သူမ ပြန်တွေးမိသွားခဲ့၏။ “ကျန်းကျုံး ရဲ့ မူလဝိညာဉ်ကို ရှင်သတ်ပစ်လိုက်တာလား...”
“မင်း ခန့်မှန်းတာ မှန်တယ်...” ဝူယွမ်က ရယ်မောလိုက်လေသည်။
“ကောင်းပြီ... ငါ သွားပြီး မိစ္ဆာကောင်တွေကို မျှားလိုက်ဦးမယ်...”
သူက လေထဲသို့ ခုန်တက်သွားပြီး မိစ္ဆာအလောင်းများနှင့် မိစ္ဆာသားရဲများ၏ အရှေ့သို့ ရောက်ရှိသွားကာ လက်ဝါးများဖြင့် ရူးသွပ်စွာ ရိုက်နှက်လိုက်လေသည်။
“ဂါး၊ ဂါး၊ ဂါး...”
မိစ္ဆာအလောင်းများမှာ ဒေါသတကြီး အော်ဟစ်လာကြပြီး သူ့ထံသို့ ပြေးဝင်လာကြသည်။
ဝူယွမ်က လျင်မြန်စွာ နောက်ဆုတ်သွားပြီး ကမ္ဘာသစ်ပင်မှ ပြုလုပ်ထားသော တံခါးပေါက် အတွင်းသို့ ဝင်ရောက်သွားခဲ့၏။
နောက်မှ လိုက်ပါလာသော မိစ္ဆာအလောင်းများမှာ အသိဉာဏ်များ ကင်းမဲ့နေကြသဖြင့် အားလုံးက ၎င်းအတွင်းသို့ လိုက်ပါ ဝင်ရောက်သွားကြလေသည်။
ဤသည်မှာ ဝူယွမ်နှင့် သူ၏ အပေါင်းအပါများက မိစ္ဆာအလောင်းများကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်း ဖြစ်လေသည်။
သူတို့အားလုံးကို မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် အတွင်းသို့ မျှားခေါ်ကာ ကမ္ဘာသစ်ပင်၏ အမြစ်များထဲတွင် ဖိနှိပ်ထားပြီး သူတို့၏ ခန္ဓာကိုယ်များမှ ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များ အားလုံးကို ထုတ်ယူခြင်းပင် ဖြစ်သည်။
ဤသို့ဖြင့် သူတို့သည် ပုံမှန်အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားနိုင်ပြီး နောက်ပိုင်းတွင် ပြန်လည်အသုံးချ၍ပင် ရနိုင်လေသည်။