← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

Chapter 127

~

အခန်း ၁၂၇

~

လူသားများအား ဝါးမျိုနေသူတစ်ယောက်နှင့် အစားခံရဲသည့် လူတစ်ယောက်...

ဤသည်က သူတို့ နားလည်နိုင်စွမ်းကို ကျော်လွန်သွား၏ ။

" ချောင်ကျန့်က ဘာတွေ ပြောနေတာလဲ.. သူ့မိသားစုကို သစ္စာ ဖောက်တာလား.. "

သိုင်းသမားနှစ်ယောက်က ကျောက်စိမ်းမျက်နှာနဂါးကို ကြည့်လိုက်ကြ၏ ။

" ဒါ.. "

ကျောက်စိမ်းမျက်နှာနဂါးလည်း နားမလည်သဖြင့် ပြန်မဖြေတက်ပေ ။ ချောင်ကျန့်သည် သူတို့အား ကယ်တင်လို၍ သူ့ကိုသူ စတေးသည် ဆိုပါက နားလည်နိုင်သေးသော်လည်း ယခုမူ မိသားစု တစ်ခုလုံးကိုပါ ထည့်ပြောနေ၍ စဥ်းစားရခက်နေ၏ ။ သူစိမ်းများအတွက် မိမိ၏ မိသားစုကို စွန့်လွှတ်ခြင်းသည် အဓိပ္ပါယ်မရှိပေ ။

" ချောင်ကျန့်မှာ တခြား ရည်ရွယ်ချက်ရှိရမယ်.. သူ့နောက်မှာ တကယ်သြဇာရှိတယ့် မိသားစု ရှိတာလဲ ဖြစ်နိုင်တာပဲ.. အဲ့တာကြောင့် သူ့မိသားစုနာမည်နဲ့ သိုင်းသူတော်စင်ကို စိန်ခေါ်တာနေမှာ.. "

ကျောက်စိမ်းမျက်နှာနဂါးက ထိုသို့သာ စဥ်းစားနိုင်တော့၏ ။

ချောင်မိသားစု၏ မိသားစုဝင်များနှင့် သိုင်းသူတော်စင်အား သေခြင်းရှင်ခြင်း အဆုံးအဖြတ်တိုက်ပွဲ စတင်ရန် စိန်ခေါ်နေခြင်းဖြစ်ပေမည် ။

ချောင်ကျန့် ပြောသည့် သန်မာသော အကြီးအကဲများကိုတော့ သိုင်းသူတော်စင် သာမဟုတ် သူတို့ကိုယ်တိုင်ပင် မယုံကြည်ကြချေ ။

ချောင်ကျန့်သည် အသက်၆၀ အရွယ် အဘိုးကြီးတစ်ယောက်သာဖြစ်၏ ။ သူ၏ အကြီးအကဲများဆိုပါက သင်္ချိုင်းကုံးသို့ ခြေတစ်ဖက် လှမ်းနေပေမည် ။ မည်မျှသန်မာနိုင်ပါမည်နည်း ။

အသက် ၈၅ အထိ သန်မာနေသူမှာ သိုင်းသူတော်စင်တစ်ယောက်သာ ချွင်းချက် ဖြစ်သည် ။

ချောင်ကျန့် ကိုယ်တိုင်ပင် အသက်၆၀ အရွယ်၌ ကြံ့ခိုင်မှု အပြည့်ရှိနေခြင်းမှာ ရှားပါးသတ္တဝါ ဖြစ်နေပြီဖြစ်သည် ။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက ဟဲရန်မြို့ရှိ ချောင်မိသားစုသည် အသက်၁၀၀ အရွယ် ထိပ်သီးသိုင်းသမားကြီး ပေါ်ထွန်းခဲ့ဖူးသည် ။ ထိုအချိန်က မဟာယန်ဧကရာဇ်ပင်လျှင် နန်းတော်သို့ ဖိတ်ခေါ်ပြီး လျှို့ဝှက်ချက်ကို မေးမြန်းခဲ့၏ ။

ထိုကြောင့် ချောင်ကျန့်၏ ချောင်မိသားစုတွင် အကြီးအကဲ ရှိလျှင်ပင် များစွာ ရှိမည်မဟုတ်ချေ ။

ဤအကြောင်းများကို ကျောက်စိမ်းမျက်နှာနဂါးလို သိုင်းပညာရှင်များထက် သိုင်းသူတော်စင်က ပိုနားလည်၏ ။

သူက နှုတ်ခမ်းထောင့်ကို တွန့်ကွေးပြီး ပြုံးလိုက်ရာ ကျောက်စိမ်းမျက်နှာနဂါးတို့သုံးယောက် ကြက်သီးများ ထလာကြပြန်သည် ။

" ချောင်မိသားစုက ဘယ်မှာလဲ.. ဒီလောကမှာ ဒီလို အင်အားကြီး မျိုးနွယ်ရှိရင် ငါဖျက်ဆီးပစ်တာ ကြာပြီ.. "

" ဒါပေမဲ့ မင်းရဲ့ သတ္တိကတော့ မဆိုးပါဘူး.. "

သိုင်းသူတော်စင်က စကားဆုံးသည်နှင့် လက်ကို လွှတ်လိုက်သဖြင့် သတိလစ်နေသော ချောင်မူ ပြုတ်ကျသွား၏ ။

" မင်းက သေချင်နေတာဆိုတော့ ဒီဒုက္ခဆင်းရဲထဲမှာ ဆက်နေလိုက်တော့ .. မင်းရဲ့ နောက်ကွယ်မှာ ရှိတယ့် ချောင်မိသားစုက လူတွေ လာချင်သလောက်လာ ငါစောင့်နေမယ်.. "

သိုင်းသူတော်စင်သည် ချောင်ကျန့်က နောက်ဆုံးထွက်သက်တွင် တမင်ခြိမ်းခြောက်ခဲ့သည်ဟု ယူဆထား၍ ချောင်မိသားစုအား စိတ်ထဲ မထည့်ပေ ။

" မင်းတို့လည်း အတူတူပဲ.. "

သိုင်းသူတော်စင်က ခေါင်းလှည့်ပြီး အမူအရာကင်းမဲ့စွာဖြင့် ကျောက်စိမ်းမျက်နှာနဂါးတို့ သုံးယောက်ကို ကြည့်လိုက်ကာ..

" မင်းတို့ ငါ့ကို ဆက်ပြီး ကြောက်လို့ရတယ်.. မုန်းလို့ရတယ်.. ဒီနေ့ အားနည်းနေလို့ အစွမ်းမဲ့မှုကို မှတ်ထားပြီး ဒုက္ခထဲမှာ ဆက်ပြီး အသက်ရှင်ကြပေါ့.. "

" ခွေးတိုင်းမှာ သူ့နေ့ရက် ရှိတယ်ဆိုတာ မမေ့ကြနဲ့.. "

" သွားကြတော့.. သိုင်းပညာကို ကြိုးစားလေ့ကျင့်.. တစ်နေ့ကြရင် ချောင်ကျန့်လို ငါ့ရှေ့မှာ ရပ်ပြီး စိန်ခေါ် ..ငါ့ပို သတ်ဖို့ ကြိုးစား.. မဟုတ်ရင် ငါ့လက်ထဲမှာ မင်းတို့ သေရမယ်.. "

( ခုမသတ်ပေမဲ့ သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်း လေ့ကျင့်ထားတော့ တစ်နေ့ကျရင် အသတ်ခံရမှာကို ပြောတာပါဗျ.. )

" ငါ့ကို သတ်နိုင်တာက မင်းတို့အတွက် ရှင်သန်နိုင်ဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ .."

ကျောက်စိမ်းမျက်နှာနဂါးတို့ ခြေထောက်များ တုန်ရီနေကြ၏ ။ မတ်မတ်ပင် မရပ်နိုင်တော့ချေ ။

" ငါတို့ကို လွှတ်ပေးတာလား.. ကြည့်ရတာ ငါတို့က မရင့်မှည့်သေးလို့ထင်တယ်.. "

ကျောက်စိမ်းမျက်နှာနဂါးက စိတ်ဆင်းရဲနေသော အမူအရာဖြင့်​ကျန်နှစ်ယောက်ကို တိုးတိုးလေးပြောလိုက်သည် ။

သူက သိုင်းသူတော်စင်နှင့် ချောင်ကျန့်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည် ။ သူတို့၏ ပုံရိပ်ကို သူ၏ စိတ်ထဲတွင် စွဲထင်သွားစေချင်သည့် ပုံပေါ်၏ ။

ထို့နောက်သူက ကျန်နှစ်ယောက်ကို တွဲလိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်သော်လည်း ထိုနှစ်ယောက်က တုတ်တုတ်မျှ မလှုပ်ချေ ။

" မင်းတို့ဘာလို့ ရပ်နေတာလဲ သွားမယ်ဟ.. "

ကျောက်စိမ်းမျက်နှာနဂါးက မျက်မှောင်ကြုတ်၍ ပြောလိုက်၏ ။

" သိုင်းသူတော်စင်က ခန့်မှန်းရခက်တယ်.. သူစိတ်ပြောင်းသွားရင် ဘယ်လိုလုပ်မလဲ.. "

" ထွက်သွားရမှာလား.. ဘယ်ကို ထွက်သွားရမှာလဲ.. ငါက သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းကို လေ့ကျင့်ထားတာလေ.. ဒီကမ္ဘာက ဘယ်လောက်ကျယ်ကျယ် ​ပုန်းဖို့နေရာမှ မရှိတာ.. "

လက်ပြတ်သွားသော သိုင်းပညာရှင်က ခါးသီးစွာ ပြုံးလိုက်ပြီး ပြောလိုက်၏ ။

" ဒီနေ့ လွတ်မြောက်ရင်တောင် တစ်သက်လုံးကြောက်ရွံ့ပြီး ရှင်သန်ရတော့မှာ.. "

ထိုစကားကိုကြားလျှင် ကျောက်စိမ်းမျက်နှာနဂါး မှင်သက်သွား၏ ။

သူတို့ထက် ပါရမီ အဆပေါင်းများစွာ သာလွန်သော ဝူချင်းရှင်းပင်လျှင် ဤသို့ သေခဲ့ရလျှင် သူတို့မည်သို့ ရှင်သန်နိုင်ပါမည်နည်း ။

လက်ပြတ်နေသော သိုင်းပညာရှင်က အံကိုတင်းတင်းကြိတ်ကာ သိုင်းသူတော်စင်ကို စိုက်ကြည့်ပြီး ...

" မင်းလို လူသားစားနတ်ဆိုးနဲ့ တစ်သားတည်းပေါင်းရမယ့်အစား ဒီမှာ သေရတာပိုကောင်းသေးတယ်.. "

သူက ပြောပြီးနောက် ကျန်ရှိနေသော ဘယ်လက်ဖြင့် ဓားရှည်ကို ဝှေ့ယမ်းကာ လည်ပင်းကို လှီးဖြတ်ရန် ပြင်လိုက်သည် ။

သို့သော်လည်း ဓားချက်က ကျမလာ ။ လေပြေတစ်ချက် ဝှေ့သွားချိန်တွင် ထိုသိုင်းပညာရှင်၏ မွေးညှင်းများထောင်လာပြီး သူ့နောက်ကွယ်တွင် ပေါ်လာသော ပုံရိပ်ကြီးကို မြင်လိုက်ရသည် ။

" ငါမင်းကို သေခွင့် ပေးလို့လား.. "

သိုင်းသူတော်စင်က လက်တစ်ဖက်ပြတ်ဓားသမား၏ ဓားကို လက်နှစ်ချောင်းဖြင့် ညင်သာစွာ ဖိလိုက်လျှင် ဓားရှည်က ကျယ်လောင်သည့်အသံဖြင့် နှစ်ပိုင်းဖြစ်သွား၏ ။

" အားနည်းတဲ့ သူတွေအနေနဲ့ မင်းတို့အသက်ကို မင်းတို့ မပိုင်ဘူး.. "

" မင်းတို့ သေချင်ရင် အလဟသတ် မဖြစ်အောင် ငါဖြည့်စီးပေးမယ်.. "

သူက ကွဲလွယ်သော အဖိုးတန်ကြွေအိုးကို ကိုင်သကဲ့သို့ ထိုသိုင်းပညာရှင်၏ ခေါင်းကို လက်နှစ်ချောင်းဖြင့် အသာအယာ ကိုင်လိုက်၏ ။

" ဘာသိုင်းသူတော်စင်လဲ.. မင်းက နတ်ဆိုးတစ်ကောင်ပဲ.. "

ထိုသိုင်းပညာရှင်က ဒေါသတကြီး အော်ဟစ်လိုက်သည် ။

" ငါသာ နတ်ဆိုးဆိုရင် အင်မော်တယ်တွေကရောဘာကောင်တွေလဲ ...ဟားဟားဟားဟားဟား... "

သိုင်းသူတော်စင်က ကျယ်လောင်စွာ အော်ရယ်လိုက်သဖြင့် သစ်ထောထဲတွင် ပဲ့တင်သံ များ​ပင်ပေါ်ထွက်လာသည် ။

တစ်စက္ကန့်အတွင်းမှာပင် လက်တစ်ဖတ်ပြတ်ဓားသမား၏ ခန္ဓာကိုယ်က ဝူချင်းရှင်းလို ဖြစ်သွားပြီး ပြုတ်ကျသွား၏ ။

" သူ့စိတ်ဓာတ်က မဆိုးပေမဲ့ အားနည်းလိုက်တာ.. "

သူက ကျန်နှစ်ဦးကို လှည့်ကြည့်လိုက်လျှင် ကျောက်စိမ်းမျက်နှာနဂါးနှင့် ကျန်သိုင်းပညာရှင်က ကိုယ်ဖော့သိုင်းကိုသုံးပြီး အူယားဖားယား ထွက်ပြေးကြတော့သည် ။

" ဆရာ... သူတို့ကို ဒီလို လွှတ်​​​ပေးလိုက်တော့မှာလား .."

တချိန်လုံး တိတ်ဆိတ်နေသော ကြယ်သံတမန်က မေးလိုက်ပြီး...

" သူတို့ ထွက်သွားရင် ဒီကိစ္စက တစ်ကမ္ဘာလုံးကို ပြန့်သွားနိုင်တယ်.. "

Chapter 128

~

အခန်း ၁၂၈

~

" အဲ့တာဆိုလည်း တစ်ကမ္ဘာလုံးကို ပြန့်သွားပါစေ... "

သိုင်းသူတော်စင်က အလေးမထားဟန်ဖြင့် ပြောလိုက်သည် ။

" မျိုးနွယ်ခြား စစ်ပွဲပြီးတာ နှစ်လေးဆယ်ကြာခဲ့ပြီ ..ဝူကျိအသင်းကို တည်ထောင်ချိန်ကစပြီး အခုအချိန်အထိ အဆင့် ၄ သိုင်းပညာရှင်တွေ အများကြီး ပေါ်လာပေမဲ့ ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်နိုင်တဲ့ သိုင်းပညာရှင် အခုအထိ ပေါ်မလာနိုင်သေးဘူး.. ဒီလို ဆက်ဖြစ်နေရင် ငါတို့အားလုံး ကျင့်ကြံသူတွေရဲ့ ကျွန်ဖြစ်သွားတော့မယ်.."

သူက သတိလစ်နေသော အဘိုးကြီးချောင်မူကို သယ်လာရင်း အစွမ်းထက်သော အရှိန်အဝါတစ်ခုပေါ်ထွက်လာပြီး ချောင်မူ၏ ခန္ဓာကိုယ်ထဲ ဝင်သွားသဖြင့် ကုသပေးနေသယောင်ယောင် ထင်ရပေသည် ။

အချိန်အတော်ကြာပြီးနောက် ချောင်မူ ဖြည်းဖြည်းချင်း နိုးလာသည် ။

" ဘာလို့ ငါ့ကို ချက်ချင်းမသတ်တာလဲ.. ငါ့မိသားစုကို ထောင်ချောင်ဆင်ချင်လို့လား.. "

ချောင်မူက...

" မင်းငါ့ကို သတ်လိုက်ရင်တောင် ချောင်မိသားစုက မင်းကို ရှာတွေမှာပဲ.. "

" ပါးစပ်ပိတ်ထား... "

သိုင်းသူတော်စင်က အေးစက်စွာဖြင့်...

" အရင်က သေတာရှင်တာ မင်းဘာသာဆုံးဖြတ်နိုင်ပေမဲ့ ခု ငါ့လက်ထဲရောက်နေပြီ ..ငါ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ် မင်းနဲ့ မဆိုင်တော့ဘူး.. "

သူက ခေါင်းငုံ့ပြီး ဝူချင်းရှင်း၏ ခန္ဓာကိုယ်ကို ကြည့်လိုက်ကာ...

" မင်းက အားနည်းနေတုန်းပဲ လုံလောက်အောင် အားမကောင်းသေးဘူး.. "

" ချောင်ကျန့် မင်းက အသက်ကြီးနေပေမဲ့ ဒီလို စိတ်ဓာတ်မျိုး ရှိသေးတယ်ဆို​တော့ အလားအလာ ရှိသေးတယ်.. မင်းသေဖို့ အချိန်မတန်သေးဘူး.. "

" မင်း သေချင်နေရင် ငါ့အတွက် ကိစ္စတစ်ခုလုပ်ပေး.. "

" မင်း စိတ်ဝိညာဥ်သန့်စင်ခြင်း နည်းလမ်းလိုချင်နေတာမှတ်လား.. ​အဲ့ကိစ္စပြီးရင် ငါ​​​ပေးမယ် .."

ချောင်မူ..." ..."

မကြာသေးမီက ကိုယ်သေကိုယ်သေ ချနေကြသော သူက အလုပ်ခိုင်းစေချင်နေသည်လော ။

" အမြန်မငြင်းနဲ့ ငါပြောတာကို အရင်နားထောင်.. နားထောင်ပြီးရင် မင်းသဘောတူလိမ့်မယ်.. "

သိုင်းသူတော်စင်က ချောင်မူကို လက်နှစ်ချောင်းဖြင့် ကိုင်ထားပြီး အဝေးမှ မြင့်မားသော တောင်တန်းကြီးများကို လှမ်းမျှော်ကြည့်လိုက်သည် ။

ထိုသည်က နန်ကျိုးပြည်နယ်၏ နာမည်ကြီး ချင်းမင် တောင်တန်းပင် ။

မိုးတိမ်များထဲသို့ ထိုးထွက်နေသော တောင်ထိပ်မှာ ချင်းမင် တောင်ထိပ်ဖြစ်သည် ။ ထိုနေရာတွင် ချင်းယွင်ဘုရာကျောင်းဟု ခေါ်သော နာမည်ကြီး ဘုရားကျောင်း တည်ရှိပေသည် ။

" မင်း ငါ့လက်ထဲမှာ သေရင် အဓိပ္ပါယ် မရှိဘူး.. "

သိုင်းသူတော်စင်က အရေးမစိုက်ဟန်ဖြင့်...

" လက်ရှိ ယန်အင်ပါယာရဲ့ ယုံဟဲဧကရာဇ်ကို လုပ်ကြံပြီး အင်မော်တယ်တွေကို ရင်ဆိုင်ရင်း သေရတာ ပိုမကောင်းဘူးလား.. "

ကျင့်ကြံသူများ၏ အကြောင်းကိုပြောရင်း သိုင်းသူတော်စင်၏ အနက်ရောင်မျက်လုံးများတွင် မှောင်မိုက်သောအရိပ်အရောင်များ ပေါ်လာ၏ ။

" မင်း ဘယ်လောက် သတ္တိရှိလဲ ကြည့်ရအောင်.. ကျင့်ကြံသူတွေရဲ့ ရှေ့ကိုရောက်ရင် ဒီလို သတ္တိရှိနေနိုင်အုံးမလား.. "

ချောင်မူသည် သူ၏ လူသားဆန်မှုကို သံသယ ဝင်ခဲ့သလို သူကိုယ်တိုင်ပင် ထိုသို့ ခံစားနေမိ၏ ။

" ဒီကိစ္စအောင်မြင်ပြီး အသက်ရှင်နိုင်ရင် ငါမင်းကို ထိပ်တန်းသိုင်းကျမ်းတွေပေးမယ်.. နောက်နှစ်ပေါင်းအများကြီးကြာရင် ငါမင်းနဲ့ ထပ်ပြီး တိုက်ခိုက်ချင်သေးတယ်.. "

" မင်းသေသွားရင် မင်းပြောတဲ့ အကြီးအကဲတွေက လက်စားချေဖို့ ငါ့ကိုလာရှာလိမ့်မယ်.. အဲ့ကြမှ ကြည့်ကြသေးတာ​ပေါ့ .."

သိုင်းသူတော်စင်က ချောင်မူ ဆန္ဒ ရှိမရှိ မမေးပေ ။ လက်သီး ပိုမာသူဖြစ်၍ ဆုံးဖြတ်ချက်ကို ချလိုက်လေပြီ ။

သိုင်းသူတော်စင်က ပြောပြီးသည်နှင့် ချောင်မူကို လွှတ်ချလိုက်၏ ။

'' ချောင်မိသားစုကို ဝါးမျိုပြီး ငါ့အစာစားချင်စိတ်ကို ဖြည့်စီးရမှာလား.. ဟားဟားဟား.."

ချောင်ကျန့် မည်သို့ ထင်ထင် သူဂရုမစိုက်ချေ ။ ချောင်ကျန့်၏ ​နောက်ကွယ်ရှိ ချောင်မိသားစုကိုလည်း ဂရုမစိုက် ။

သိုင်းသူတော်စင်က ချောင်ကျန့်ကို သဘောကျခြင်းမှာ ခွန်အားကြောင့်မဟုတ်ဘဲ စိတ်ဓာတ်ကြောင့်သာဖြစ်သည် ။

" ချောင်မိသားစုက ဘယ်ကချောင်မိသားစုလဲ .."

သိုင်းသူတော်စင်က နောက်ကွယ်ရှိ ကြယ်သံတမန်ကို လှမ်းမေးလိုက်၏ ။

ချောင်ဆိုသည်က အသုံးများသော နာမည်ဖြစ်၍ သူ၏ လက်ချက်မိဖူးသော မိသားစုများထဲတွင်ပင် တစ်ခုထပ်မက ရှိပေသည် ။

" ချောင်ကျန့်ရဲ့ အထောက်အထားကို မသိရသေးပေမဲ့ နန်ကျိုး ပြည်နယ်မှာဆိုရင် ချောင်မိသားစု နှစ်ခုရှိပါတယ်.. "

လျှို့ဝှက်ကြယ်သံတမန်က...

" ပထမ တစ်ခုက ဟဲရန်မြို့က ချောင်မိသားစုပါ.. သက်ရှည်လက်သီးသုံးတာခြင်း တူပေမဲ့ သူတို့က ဖျက်ဆီးခံရပြီးသား.. "

ကြယ်သံတမန်က စကားပြောရင်း သိုင်းသူ​တော်စင်ကို ခိုးကြည့်လိုက်၏ ။

" အဲ့မိသားစု မဟုတ်ဘူး.. "

သိုင်းသူ​တော်စင်က ...

" အဲ့မိသားစုမှာ ထူးဆန်းတဲ့ကလေးမလေးတစ်ယောက်ပဲ အသက်ရှင်တော့တာ.. တခြားသူတွေ မရှိတော့ဘူး.. တခြားတစ်ခုထပ်ပြော.. "

ချောင်ကျန့်သည် သက်ရှည်လက်သီး သုံးခဲ့သော်လည်း သက်ရှည်လက်သီးသုတ္တန်ကို သူကိုယ်တိုင် ဝူကျိအသင်းတွင် ဖြန့်ဝေခဲ့၍ အစကို ခြေရာခံရန် ခက်ခဲပေသည် ။

" နောက်တစ်ခုက သိပ်မကြာခင်က နာမည်ကြီးလာတဲ့ ယန်မြို့နဲ့ ဟဲရန်မြို့မှာ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတဲ့ ချောင်မျိုးနွယ်တွေ ပေါ်လာပါတယ်...... "

ကြယ်သံတမန်က အကြောင်းစုံ ရှင်းပြလိုက်၏ ။

" ငါ ထင်ထားတာထက် မျှော်လင့်လို့ ရမယ်ထင်တယ်.. ချောင်မိသားစု ဝင်တွေက ဘယ်လိုလူမျိုးလဲဆိုတာ ငါသိချင်နေပြီ..."

သိုင်းသူတော်စင်က ကြယ်သံတမန်ကို မျက်လုံးဖြင့် အချက်ပြလိုက်လျှင် ကြယ်သံတမန်က ရှေ့တိုးလာပြီး သတိလစ်နေသော ချောင်မူကို မကာ အမှောင်ထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည် ။

သို့သော်လည်း သိုင်းသူတော်စင်က ချက်ချင်း မထွက်ခွာသေးဘဲ လကိုမော့ကြည့်ရင်း တိတ်တဆိတ်သာ ရပ်နေ၏ ။

မကြာခင်မှာပင် နောက်ထပ် ပုံရိပ်တစ်ခု ရောက်လာသည် ။

သွေးစွန်းနေသော ဝတ်ရုံကို ဝတ်ဆင်ထားသော သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်ပြီး စိတ်ဓာတ်ခိုင်မာပုံ ရပေသည် ။ ခါးတွင် နှစ်ခြမ်းခွဲလုနီးပါ ဒဏ်ရာကြီး ရှိနေသော်လည်း သွေးအနည်းငယ်သာ စီးကျနေသည် ။

ပို၍ အံ့သြဖွယ်ကောင်းသည်က ထိုဒဏ်ရာကြီးမှာ သူ့ဘာသာ တဖြည်းဖြည်းချင်း ပြန်စိနေခြင်းပင် ။ အသားများက တွန့်လိမ်ကာ တစ်ခုနှင့်တစ်ခု ပြန်၍ ချိတ်ဆက်နေကြ၏ ။

" မင်းရောက်လာပြီဆိုတော့.. ရွှမ်းထျန်းဂိုဏ်းကလူတွေ ကို မျက်ခြေဖြတ်ပြီးပြီပေါ့.. "

သိုင်းသူတော်စင်က မေးလိုက်သည် ။

သွေးစွန်းနေသောသူက ချက်ချင်းပြန်မဖြေပဲ ဝူချင်းရှင်း၏ အလောင်းကို ကြည့်ပြီးမှ မျက်ခုံးတွန့်ကွေးလိုက်ပြီး နက်ရှိုင်းသော အသံဖြင့်.. "

" သိုင်းသူတော်စင် ..ကျုပ်တစ်နေ့ သေရင်တောင် ခင်ဗျားရဲ့ အစာမဖြစ်စေရဘူး.. "

" သြော်.. ဝူချီကျန်း..."

သိုင်းသူတော်စင်က ပြုံးလိုက်ပြီး...

" မင်းငါ့ကို သတ်ဖို့ ကြိုးစားနိုင်ပင်မဲ့ မင်းရဲ့စိတ်က မပြတ်သားသေးဘူး.. "

ဝူချီကျန်းသည် သိုင်းသူတော်စင်နှင့် မျိုးရိုးနာမည်တူသော တပည့်သုံးထောင်ထဲမှပင် ဖြစ်သည် ။

တပည့်သုံးထောင်ထဲတွင် ဝူချင်းရှင်း၏ ပါရမီသည် အထူးချွန်ဆုံးဖြစ်ပေသည် ။ သူမက စောစောစီးစီး ထွက်ပြေးသွားပြီး အင်မော်တယ်ဂိတ်တွင် ခိုလှုံခဲ့၏ ။

ဝူချီကျန်းသည်တော့ ကွဲပြားလေသည် ။ သိုင်းသူတော်စင် စုဆောင်းခဲ့သော တပည့် ၃၀၀၀ ထဲတွင် ယခုအချိန်၌ တစ်ရာနီးပါးသာ ကျန်တော့၏ ။

သူ သိုင်းသူတော်စင်၏ ဘေးတွင် ယခုအချိန်ထိ အသက်ရှင်နေသည်မှာ သန်မာ၍ မဟုတ်ဘဲ သိုင်းသူတော်စင်အတွက် အသုံးဝင်နေ၍ပင် ။

" ဝူချင်းရှင်းရဲ့ အားနည်းချက်က သူ့စိတ်မတည်ငြိမ်တာ.. ဒါပေမဲ့ မင်း.. ဝူချီကျန်း.. မင်းက ဖြောင့်မတ်လွန်းတယ်.. ဒီဘက်ခေတ်မှာ ဖြောင့်မတ်တာက အန္တရာယ်ရှိတဲ့ အားနည်းချက်ပဲ.. "

All Chapters