← Chapters

ကျုပ်က ပြိုင်ဘက်ကင်းဓားသမားရှောင်ချန်း

Vol. 19 Ch. 183

ကျုပ်က ပြိုင်ဘက်ကင်းဓားသမားရှောင်ချန်း

Vol. 19 Ch. 183

“ကျုပ်က ရှောင်ချန်းပါ”

ရှောင်ချန်းက သူ့နာမည်ကို တည်ငြိမ်အေးဆေးစွာ ပြောလိုက်၏။

သို့သော် ထိုနာမည်နှစ်လုံးသည် လူအုပ်ကြားထဲတွင် ကောင်းကင်ထက်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပျံ့နှံ့သွားပြီး ရောက်ရှိနေသူအားလုံးကို အံ့အားသင့်တုန်လှုပ်သွားစေတော့သည်။

“ဝမ်တောက် ကျောင်းတော်ရဲ့ ထိပ်သီးပါရမီရှင်”

“ရှုံးနိမ့်ခြင်းမရှိတဲ့ ဓားသမား”

“မဟုတ်ဘူး၊ ရှုံးနိမ့်ခြင်းမရှိတဲ့ နတ်ဘုရားဓားသမားလို့ ခေါ်ရမှာ”

စင်မြင့်ထက်တွင် ရပ်နေသော တုခုန်းပင်လျှင် ရှောင်ချန်းကို ရိုသေ‌လေးစားသည့် အကြည့်ဖြင့် ကြည့်နေမိသည်။

စင်အောက်တွင် ရှီမန်ယဲ့သည် ရှောင်ချန်း၏နာမည်ကို တတွတ်တွတ် ရေရွတ်နေရင်း သူရှိရာဘက်သို့ အလေးအနက် ဒူးထောက်လိုက်ကာ နတ်ဘုရားတစ်ပါးကို ကိုးကွယ်နေသကဲ့သို့ အလွန်အမင်း သက်ဝင်ယုံကြည်နေသည့် အမူအရာမျိုး ဖြစ်နေတော့သည်။

စင်မြင့်ထက်တွင် ဖုန်းလိုင်စီသည် ထရပ်လိုက်ပြီး ရှောင်ချန်းဘက်သို့ အသာအယာ ဦးညွှတ်လိုက်သည်။

“ဒါဆိုရင် ကျုပ်ရဲ့ ဖုန်းလိုင်ကျွန်းကို ဂုဏ်တက်စေဖို့ ရောက်လာတဲ့ နတ်ဘုရားဓားသမားပေါ့။ ကျုပ်လို လူအိုကြီးက သေချာမကြိုဆိုမိတာကို ခွင့်လွှတ်ပေးပါဦး မိတ်ဆွေ”

ရှောင်ချန်းက လက်သီးဆုပ်ကာ ပြန်လည်နှုတ်ဆက်လိုက်သည်။

“စီနီယာက မြှောက်ပင့်လွန်းနေပါပြီ။ လောကက ကျွန်တော့်ကို နတ်ဘုရားဓားသမားလို့ ခေါ်ချင်ကြပေမဲ့ ကျွန်တော်ကတော့ အဲဒီနာမည်နဲ့ မထိုက်တန်သေးဘူးလို့ ထင်ပါတယ်။ ကျွန်တော့်ဆရာရဲ့ အထူးချွန်ဆုံး ဓားပညာရပ်တွေကို ပြန်တွေးမိတိုင်း ကိုယ့်ကိုယ်ကိုယ် သေးငယ်လွန်းတယ်လို့ ခံစားရပါတယ်။ နတ်ဘုရားဓားသမား ဆိုတဲ့ဘွဲ့ကို လက်ခံဖို့ ကျွန်တော် မဝံ့ရဲပါဘူး။ တကယ်လို့ မိတ်ဆွေတို့က စိတ်မရှိဘူးဆိုရင် ပြိုင်ဘက်ကင်း ဓားသမားလို့ပဲ ခေါ်ပေးကြပါ”

ထိုစကားကို ကြားသောအခါ ရောက်ရှိနေသူအားလုံး အသက်ရှူမှားသွားကြသည်။

သမိုင်းတစ်လျှောက်တွင် ပါရမီရှင်များ အဆက်မပြတ် ပေါ်ထွက်ခဲ့သော်လည်း ပြိုင်ဘက်ကင်း ဟူသော စကားလုံးပါသည့် ဘွဲ့အမည်ကို မည်သူမျှ မယူရဲခဲ့ကြပေ။

ပြိုင်ဘက်ကင်း ဟူသော ဘွဲ့အမည်မှ ထမ်းပိုးထားရသည့် ကံကြမ္မာသည် အလွန်ကြီးမားလှသဖြင့် ကံကြမ္မာ၏သားတော်တစ်‌ယောက် ပင်လျှင် ခံနိုင်ရည်ရှိချင်မှ ရှိမည်ဖြစ်သည်။

သို့သော် ရှောင်ချန်းက ပြိုင်ဘက်ကင်းဓားသမားဟူသော ဘွဲ့ကို လက်ခံလိုက်ခြင်းသည် သူ၏ကံတရား မည်မျှကြီးမားကြောင်းနှင့် သူ၏ တာအိုနှလုံးသား မည်မျှခိုင်မာကြောင်း ပြသနေခြင်းပင်။

“ကောင်းတယ်... တကယ့်ကို ကောင်းမွန်လှတဲ့ ပြိုင်ဘက်ကင်းဓားသမားပဲ။ ဒီနေ့ မိတ်ဆွေရဲ့ ဟန်ပန်ကို တွေ့မြင်ရတာ ကျုပ်ရဲ့ ဘဝသုံးပါးစာ ကံကောင်းမှုပဲ”

ဖုန်းလိုင်စီက မချီးမွမ်းဘဲ မနေနိုင်တော့ပေ။

ရောက်ရှိနေသော ကျင့်ကြံသူများကလည်း စတင်ပြောဆိုလာကြသည်။

“ပါရမီရှင် ရှောင်က တကယ့်ကို မြင့်မြတ်နယ်မြေက လာသူပီသတာပဲ။ နှိမ့်ချမှုရှိသလို ယုံကြည်မှုလည်း အပြည့်ရှိတယ်။ သူက ဒီနေ့ခေတ်ရဲ့ နံပါတ်တစ် လူငယ်ကျင့်ကြံသူ ဖြစ်နေတာ မဆန်းပါဘူး”

“ဒီလို တည်ငြိမ်မှုနဲ့ ဟန်ပန်မျိုးက လောကမှာ ရှားမှရှားပဲ။”

“…”

ရှောင်ချန်းက အသာအယာ ပြုံးလိုက်သည်။

“စီနီယာက ကျွန်တော့်ကို အမွှမ်းတင်လွန်းနေပါပြီ။ ကျွန်တော်တို့ ဒီကိုရောက်လာတာ ဓားအကြောင်း ဆွေးနွေးဖို့ဆိုတော့ ပြိုင်ပွဲကို စတင်သင့်ပါပြီ။”

ဖုန်းလိုင်စီ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ရယ်မောလိုက်သည်။

“ဟားဟားဟား... ပါရမီရှင် ရှောင်ကို တွေ့လိုက်ရလို့ အဓိကကိစ္စကိုတောင် မေ့တော့မလို့ပဲ။

“အားလုံးပဲ... ကျုပ် အဆိုပြုချင်တာက ပါရမီရှင် ရှောင်နဲ့ သူ့ရဲ့ တာအိုအဖော်ကို ဓားပညာဆင်ခြင်သုံးသပ်ဖို့ တာအိုအလင်းပွင့်နေရာ ထဲကို တိုက်ရိုက်ဝင်ခွင့်ပေးဖို့ပါ။ ကျန်တဲ့ နေရာ (၁၀) ခုကတော့ အပြောင်းအလဲမရှိ ဆက်ရှိနေပါမယ်။ ဘယ်လိုသဘောရကြသလဲ”

ရောက်ရှိနေသူ မည်သူမျှ မကန့်ကွက်ကြပေ။

“စီနီယာ ဖုန်းလိုင်စီရဲ့ အဆိုပြုချက်က ကျိုးကြောင်းဆီလျော်ပါတယ်။”

“စီနီယာ ဖုန်းလိုင်စီကို ထောက်ခံပါတယ်”

“…”

ဤနေရာ၌ မည်သူမှ လူမိုက်မဟုတ်ကြပေ။ ပြိုင်ဘက်ကင်းဓားသမား ပေါ်လာပြီဆိုမှတော့ လူငယ်မျိုးဆက်ထဲမှာ ဘယ်သူက ထိပ်ဆုံးနေရာအတွက် ယှဉ်ပြိုင်ရဲမှာလဲ။

နီဗားနားရှင်သန်ခြင်းအဆင့်၌ ဓားဆန္ဒကို အထွတ်အထိပ်အဆင့်ထိ ရောက်ရှိနားလည်ထားသူများပင် ရှောင်ချန်းကို ရင်ဆိုင်ဖို့ တွန့်ဆုတ်နေကြသည်။ အနိုင်ရလျှင်လည်း အားနည်းသူကို အနိုင်ကျင့်သည်ဟု နာမည်ပျက်မည်ဖြစ်ပြီး၊ ရှုံးသွားလျှင်မူ မိသားစုအတွက် အရှက်ရစရာ ဖြစ်ပေလိမ့်မည်။

မည်သူမျှ မကန့်ကွက်သည်ကို တွေ့သောအခါ ရှောင်ချန်းက လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာ။”

ဖုန်းလိုင်စီက အသာအယာ ခေါင်းညိတ်ပြကာ ဘာမှမဖြစ်ခဲ့သလို ပြန်ထိုင်လိုက်ပြီး အေးအေးလူလူ ပြောလိုက်၏။

“ပြိုင်ပွဲကို ဆက်ကျင်းပပါ။”

ရှောင်ချန်းသည် စင်မြင့်ပေါ်မှ ခုန်ဆင်းလိုက်သည်။

မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် ရှီမန်ယဲ့က သူ့ဘက်သို့ ထပ်ခါတလဲလဲ ဦးညွှတ်နေသည်ကို တွေ့လိုက်ရသည်။

“စီနီယာ ပြိုင်ဘက်ကင်းဓားသမား၊ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ”

လူတိုင်း၏ အကြည့်များက ရှောင်ချန်းထံသို့ ရောက်ရှိသွားကြပြီး သူ မည်သို့တုံ့ပြန်မည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

“မင်းက ငါ့တပည့်ဖြစ်ဖို့ အရည်အချင်း မပြည့်မီသေးဘူး”

ရှောင်ချန်းက အေးစက်စွာ ပြောလိုက်၏။

လူအုပ်ကြီးက ရှီမန်ယဲ့ကို အထင်သေးသည့် အကြည့်များဖြင့် ကြည့်ကြသည်။

‘ဒီကောင်ကတော့ အိပ်မက်မက်‌နေပြန်ပြီ။ ခုနက သူ ဘယ်လောက်ရိုင်းပျခဲ့သလဲဆိုတာ အားလုံးမြင်ပြီးသားပဲ။ အခုကျမှ ပြိုင်ဘက်ကင်းဓားသမားဆီမှာ တပည့်ခံချင်တယ် ဟုတ်လား ရယ်စရာပဲ’

ရှီမန်ယဲ့၏ စိတ်နှလုံးသည် လေးလံသွားသော်လည်း ဒူးထောက်မြဲ ဒူးထောက်ထားသည်။

“စီနီယာက ကျွန်တော့်ကို လက်မခံဘူးဆိုရင် ကျွန်တော် ထာဝရ ဒူးထောက်နေပါ့မယ်။”

“ငါက အကျပ်ကိုင်လို့ ရမဲ့သူလို့ မင်းထင်နေတာလား”

ရှောင်ချန်း၏ လေသံသည် တည်ငြိမ်နေဆဲ ဖြစ်သော်လည်း အတွေးကို ခန့်မှန်းရခက်လှ၏။

ဘေးမှကြည့်နေသူများကမူ ရှီမန်ယဲ့သည် သေလူဖြစ်သွားပြီဟု စိတ်ထဲမှ မှတ်ချက်ချလိုက်ကြ၏။

ရှီမန်ယဲ့က အံတင်းတင်းကြိတ်လိုက်သည်။

“ကျွန်တော် စီနီယာကို အကျပ်ကိုင်ဖို့ မရည်ရွယ်ပါဘူး၊ တပည့်ခံဖို့ အခွင့်အရေးလေး တစ်ခုပဲ တောင်းဆိုတာပါ။”

ရှောင်ချန်းက အေးဆေးစွာ ပြောလိုက်သည်။

“ကောင်းပြီ၊ ဒါဆို ငါ အခွင့်အရေးတစ်ခု ပေးမယ်။ ငါ့ဆရာက တာအိုဆိုတာ အလွယ်တကူ လက်ဆင့်မကမ်းသင့်ဘူးလို့ တစ်ခါက ပြောဖူးတယ်။ တကယ်လို့ မင်းက ဒီတောင်ပေါ်ကနေ ငါနေတဲ့ ဆိတ်ငြိမ်ခြံဝန်းဆီ မင်းရဲ့ ကျင့်စဉ်ကို တစ်စက်ကလေးမှ မသုံးဘဲ ဒူးထောက်ပြီး သွားနိုင်မယ်ဆိုရင် မင်းကို လမ်းညွှန်ပေးဖို့ အခွင့်အရေး ပေးမယ်။ တကယ်လို့ မင်းက စမ်းသပ်မှုကို အောင်မြင်ရင်တော့ ငါ မင်းကို တပည့်အဖြစ် လက်ခံ‌ပေးမယ်။”

ထိုစကားများ ထွက်လာသည်နှင့် ပတ်ဝန်းကျင်ကတိတ်ဆိတ်သွားသည်။ သူတို့ ဘာမှမပြောကြဘဲ ရှီမန်ယဲ့ ဘယ်လိုရွေးချယ်မလဲ ဆိုတာကိုသာ တိတ်တဆိတ် စောင့်ကြည့်နေကြသည်။

ရှီမန်ယဲ့သည် မတွန့်ဆုတ်ဘဲ ရိုသေစွာ ဖြေလိုက်သည်။ “ကျွန်တော် သဘောတူပါတယ်။ အားလုံးပဲ သက်သေအဖြစ် စောင့်ကြည့်ပေးကြပါ”

ရှောင်ချန်းက ပြုံးလိုက်သည်။ “စိတ်ချ၊ ငါက ကတိတည်တဲ့သူပါ။ မင်းသာ လုပ်နိုင်ရင် မင်းကို လမ်းညွှန်မှုတချို့ ပေးတာ ဘာမှမဖြစ်ဘူး။”

“ဒါဆိုရင် ကျွန်တော် စပါတော့မယ်”

ရှီမန်ယဲ့ချက်ချင်းပင် ဒူးထောက်ကာ တောင်အောက်သို့ စတင်ရွေ့လျားတော့သည်။

သူ ဖြတ်သွားသည့် နေရာတိုင်းတွင် ကျင့်ကြံသူများက လမ်းဖယ်ပေးကြသည်။

အချို့ကမူ ရှီမန်ယဲ့ မည်မျှအထိ ခံနိုင်ရည်ရှိမည်ကို သိချင်သဖြင့် သူတို့၏ နောက်လိုက်များကိုပါ နောက်ကနေ လိုက်ခိုင်းကြ၏။

ရှောင်ချန်း၏ တပည့်ခံချင်နေကြသော တစ်ကိုယ်တော်ကျင့်ကြံသူများမှာမူ ထိုအခြေအနေများကို ကြားလိုက်ရပြီးနောက် လက်လျှော့လိုက်ကြတော့သည်။

‘ ဒီလောက် အရှက်ရစရာကောင်းတာမျိုးကို လုပ်မဲ့အစား သေလိုက်တာကမှ ကောင်းမယ်။ လူတစ်ယောက်က သိက္ခာမရှိဘဲရှင်နေရတာက သေရတာထက် ဆိုးတယ်မလား’

ဓားဆွေးနွေးပွဲသည် ဆက်လက်ကျင်းပနေပြီး သုံးရက်တာ ပဏာမအဆင့် ပြိုင်ပွဲများမှာ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွား‌၏။

သို့သော် ယခုအချိန်တွင် မည်သူမျှ ထိပ်သီးဆယ်ယောက်စာရင်းကို အာရုံမစိုက်ကြတော့ပေ။

ထိုအစား ရှီမန်ယဲ့ မည်မျှအထိ တွားသွားနိုင်ပြီလဲ ဆိုသည်ကိုသာ ဆွေးနွေးနေကြသည်။

နှစ်ရက်နှင့် နှစ်ည ကြာပြီးနောက်တွင် ရှီမန်ယဲ့သည် ဆိတ်ငြိမ်ခြံဝန်း၏ အဝင်ဝသို့ နောက်ဆုံးတွင် ဒူးထောက်လျက် ရောက်ရှိလာခဲ့၏။

ဆိတ်ငြိမ်ခြံဝန်း၏ ပိုင်ရှင်က ဘာဖြစ်နေမှန်း သိထားသဖြင့် ရှောင်ချန်းကို ချက်ချင်း အကြောင်းကြားလိုက်သည်။

ဖုန်းလိုင်စီနှင့် အခြားသူများလည်း ထိုအဖြစ်အပျက်ကို ကိုယ်တိုင်မြင်တွေ့ရန် ရှီမန်ယဲ့နောက်မှ လိုက်လာကြ၏။

မကြာမီ ဆိတ်ငြိမ်ခြံဝန်းမှ အစေခံတစ်ဦး ထွက်လာပြီး ပြောလိုက်သည်။ “ရှီမန်ယဲ့၊ သခင်လေးရှောင်က မင်းကို ဘေးခြံဝန်းထဲမှာ စောင့်နေတဲ့”

“ကျေးဇူးတင်ပါတယ်။”

ရှီမန်ယဲ့သည် မတ်တတ်မထဘဲ ရှောင်ချန်း၏ ခြံဝန်းထဲအထိ ဒူးထောက်လျက်ပင် ဆက်သွားသည်။

သူ ဝင်လာသည်ကို မြင်သောအခါ ရှောင်ချန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ “ရောက်လာပြီလား။”

“စီနီယာကို ဂျူနီယာက ဂါရဝပြုပါတယ်”

ရှီမန်ယဲ့သည် ရှောင်ချန်းထက် အသက်ကြီးပြီး ကျင့်စဉ်အဆင့် ပိုမြင့်သော်လည်း၊ တပည့်ခံရန် လာရောက်သူ ဖြစ်သောကြောင့် ဂျူနီယာတစ်ယောက်၏ အပြုအမူအတိုင်း ရိုသေစွာ ပြုမူလေသည်။

“ထပါ”

ရှောင်ချန်းက ပြောရင်းနှင့် သူ့နောက်မှ ပါလာသော ဖုန်းလိုင်စီနှင့် အခြားသူများကို လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာ။”

ထိုအခါမှသာ နုံးချိနေသော ရှီမန်ယဲ့သည် နောက်ဆုံးတွင် မတ်တတ်ရပ်နိုင်တော့သည်။

ထို့နောက် ရှောင်ချန်းက မေးလိုက်၏။

“လမ်းညွှန်မှုတောင်းဖို့ မင်းကို ဘာကြောင့် ဒီအထိ ဒူးထောက်ခိုင်းရသလဲဆိုတာ သိလား”

ရှောင်ချန်းက ဘာကြောင့် ဒီလိုမေးရသလဲဆိုတာကို ရှီမန်ယဲ့ မသိသော်လည်း ရိုသေစွာပင် ပြန်ဖြေလိုက်သည်။

“စီနီယာက တာအိုကို ရှာဖွေရာမှာ ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြတ်သားမှုကို စမ်းသပ်ချင်လို့ပါ”

“မဟုတ်ဘူး၊ ငါက မင်းရဲ့ ဓားနှလုံးသားကို စမ်းသပ်နေတာ၊ မင်းရဲ့ ဇွဲလုံ့လကို စောင့်ကြည့်နေတာ”

ရှောင်ချန်းက ခေတ္တရပ်ကာ ဆက်ပြောသည်။ “ငါကျင့်ကြံတဲ့ ဓားလမ်းစဉ်က ထူးခြားတဲ့ နားလည်သဘောပေါက်မှုနဲ့ မယိမ်းယိုင်တဲ့ ဇွဲလုံ့လရှိတဲ့သူတွေပဲ ကျင့်ကြံနိုင်တာ။ တကယ်တော့ မင်းက နားလည်နိုင်စွမ်း မြင့်မားတဲ့သူ မဟုတ်ဘူး။ မဟုတ်ရင် မင်း ဒီလောက် နှစ်တွေအကြာကြီးကို အလဟဿ ဖြုန်းတီးပစ်မှာ မဟုတ်ဘူး”

လူအုပ်ကြီး ကြားလိုက်ရသောအခါ သံသယများ ဝင်လာကြပြီး လူအတော်များများက တွေးတောမိကြသည်။

‘ရှောင်ချန်းက သူ့ကတိကို ဖျက်တော့မှာလား’

ရှီမန်ယဲ့၏ အမူအရာကမူ တည်ငြိမ်နေဆဲပင်။

‘ဒီနှစ်ရက်နဲ့ နှစ်ညအတွင်းမှာ သူခံစားခဲ့ရတဲ့ အရှက်ခွဲမှုတွေနဲ့ လှောင်ပြောင်မှုတွေဟာ သူ့ဘဝမှာ တစ်ခါမှ မကြုံဖူးပေ’

အတင်းအဖျင်းပြောနေသူများကို ထခုန်ပြီး ပိုင်းဖြတ်ပစ်ချင်တဲ့ စိတ်တွေ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးသည်။

သို့သော် အမြင့်မြတ်ဆုံး ဓားလမ်းစဉ်ကို ရှာဖွေရန်အတွက် သူက သည်းခံခြင်းကို ရွေးချယ်ခဲ့သည်။ ယခုမူ မည်သည့်အရာကမျှ ဓားလမ်းစဉ်နောက်သို့ လိုက်မည့် သူ၏ ဆုံးဖြတ်ချက်ကို မလှုပ်ခါနိုင်တော့ပေ။

“ကျေးဇူးပြုပြီး ကျွန်တော့်ကို စမ်းသပ်ပေးပါ စီနီယာ။”

“ကောင်းပြီ”

“မင်းရဲ့စိတ်ကို တည်ငြိမ်အောင်ထားပြီး ငါ့ရဲ့ ဒီဓားကို မှတ်ထားလိုက်”

ထိုသို့ပြောလိုက်ရင်း သူသည် လက်နှစ်ဖက်ကို စုစည်းလိုက်ကာ ရှီမန်ယဲ့၏ မျက်ခုံးနှစ်ခုကြားဆီသို့ ညွှန်လိုက်လေသည်…

All Chapters