← Chapters

အသက်ရှင်ရတဲ့ ရည်ရွယ်ချက်က ပျော်ရွှင်ဖို့အတွက် မဟုတ်ဘူးလား

Vol. 19 Ch. 189

အသက်ရှင်ရတဲ့ ရည်ရွယ်ချက်က ပျော်ရွှင်ဖို့အတွက် မဟုတ်ဘူးလား

Vol. 19 Ch. 189

“စီနီယာအစ်မ ကျွန်တော်တို့ရဲ့ သောင်းပြောင်းပညာရပ်ဌာန က တပည့်သစ်ခေါ်ယူဖို့ သတ်မှတ်ချက်တွေက ဘာတွေလဲ”

ဝမ်တောက်‌ကျောင်းတော်ရှိ သောင်းပြောင်းပညာရပ်ဌာန၏ တပည့်သစ်လက်ခံရေးနေရာသို့ ဆင်းသက်လိုက်သည်နှင့် ရွှီချိုက်ချန် ဤမေးခွန်းကို မေးလိုက်ပါသည်။

“ဆရာ့ရဲ့ တပည့်လက်ခံတဲ့ စံသတ်မှတ်ချက်တွေကို ဒီကျောက်စိမ်းပြားထဲမှာ မှတ်တမ်းတင်ထားတယ်”

ချင်းချင်းက ရွှီချိုက်ချန်ထံသို့ ကျောက်စိမ်းပြားတစ်ခု လှမ်းပစ်ပေးလိုက်၏။

အနီးနားတွင် ရှိနေသော ယဲ့ပေ့ရွှမ်နှင့် နျဲ့ရှို့ယွမ်တို့လည်း သိလိုစိတ်ပြင်းပြစွာဖြင့် တိုးဝှေ့ကြည့်ရှုကြသည်။

သုံးယောက်သား ဖတ်ရှုပြီးနောက် အတန်ကြာအောင် တိတ်ဆိတ်သွားကြ၏။

ခဏအကြာတွင် ယဲ့ပေ့ရွှမ် ပထမဆုံး စကားဆိုလာသည်။

“ဆရာက ကျွန်တော့်နာမည်ကြောင့်နဲ့ တပည့်အဖြစ် လက်ခံခဲ့တာလို့ မထင်ထားမိဘူး”

ရွှီချိုက်ချန်ကလည်း ပြောသည်။

“ကျွန်တော့်ရဲ့ လုပ်ရပ်တွေက ဆရာ့ကို စိတ်လှုပ်ရှားသွားစေခဲ့တာပဲ”

နျဲ့ရှို့ယွမ်က ဆက်ပြောသည်။ “ငါ ဝမ်တောက်‌ကျောင်းတော်မှာ အေးအေးဆေးဆေး အဖြစ်ဆုံးလူလို့ အမြဲတွေးထားတာ။ ဒါပေမဲ့ ဆရာနဲ့ယှဉ်ရင်တော့ အများကြီး လိုသေးတယ်”

သူတို့အချင်းချင်း တိုးတိုးတိတ်တိတ် ရေရွတ်ပြီးနောက် တပည့်ဖြစ်လိုသူများ ရောက်ရှိလာခြင်းကို ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။

လွန်ခဲ့သော သုံးနှစ်နှင့် ယှဉ်လျှင် ယခုနှစ်တွင် သောင်းပြောင်းပညာရပ်ဌာန၌ တပည့်ခံရန် လာရောက်သူဦးရေမှာ အဆပေါင်းများစွာ ပိုမိုများပြားလာသည်။

ချင်းချင်းတို့မှာ အလွန်အလုပ်ရှုပ်နေသော်လည်း လက်ထဲတွင် ဆရာ့ကျောက်စိမ်းပြားရှိနေခြင်း၊ လူသစ်များအနေဖြင့် စစ်ဆေးမှုတွင် မည်သည့်အရာများ ပါဝင်မည်ကို မသိခြင်းတို့ကြောင့် သောင်းပြောင်းပညာရပ်ဌာနသည် အခြားဌာနများထက် လျှောက်ထားသူများကို ပိုမိုမြန်ဆန်စွာ ပယ်ချနိုင်ခဲ့သည်။

ယဲ့ပေ့ရွှမ်သည် မူလက သူ၏ညီမငယ် ချုံအာထံသို့ သွားရောက်လည်ပတ်ချင်သော်လည်း လျှောက်ထားသူ အလွန်များပြားနေသဖြင့် အချိန်မပေးနိုင်ပေ။ နောက်ရက်မှသာ သွားတွေ့ရန် မျှော်လင့်နိုင်တော့သည်။

ကံကောင်းသည့်သူများအတွက် ဆန္ဒများက ပို၍ပြည့်ဝလွယ်တတ်သည် ထင်ပါ၏။

သူအမြဲတမ်း တွေးတောနေခဲ့သော ချုံအာသည် တန်းစီနေသည့် တပည့်လောင်းများထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

ရင်းနှီးနေသော ပုံရိပ်ကို မြင်လိုက်ရသောအခါ ယဲ့ပေ့ရွှမ်သည် စိတ်လှုပ်ရှားလွန်းသဖြင့် ထိုင်ခုံပေါ်မှပင် ထခုန်တော့မတတ် ဖြစ်သွားသည်။

‘စိတ်အေးအေးထားစမ်း၊ ငါစိတ်အေးအေးထားမှဖြစ်မယ်။ ငါ အရင်ဘဝက နာမည်မရှိတဲ့ ယဲ့ပေ့ရွှမ် မဟုတ်တော့ဘူး။ အခု ငါက အပြင်စည်းပြိုင်ပွဲရဲ့ ပထမဆုရှင်၊ သူတော်စင်တစ်ပိုင်းရဲ့ တပည့်ပဲ။ ဆရာ့မျက်နှာကို လုံးဝအပျက်ခံလို့မဖြစ်ဘူး’

လူအုပ်ထဲတွင် အဖြူရောင်ဝတ်စုံကို တင့်တယ်စွာ ဝတ်ဆင်ထားသော ဖုန်းချုံယွီသည် သူမအပေါ်သို့ ကျရောက်နေသော စူးရှသည့် အကြည့်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ သို့သော် ကလေးဘဝကတည်းက သူမသွားလေရာရာ၌ ဤကဲ့သို့ အာရုံစိုက်ခံရခြင်းကို ယဉ်ပါးနေပြီဖြစ်သဖြင့် ဂရုမစိုက်မိပေ။

သူမသည် လူအုပ်ကြားတွင် ငြိမ်သက်စွာ ရပ်နေရင်း သောင်းပြောင်းပညာရပ်ဌာန၏ စစ်ဆေးမှုကို စောင့်ဆိုင်းနေသည်။

ခဏအကြာတွင် ဖုန်းချုံယွီ၏အလှည့်သို့ ရောက်ရှိလာသည်။ သူမ ရှေ့သို့တိုးကာ စစ်ဆေးမှုကို တာဝန်ယူနေသော စီနီယာအစ်ကိုအား ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။

“ဖုန်းချုံယွီက စီနီယာအစ်ကိုကြီးကို ဂါရဝပြုပါတယ်”

ထိုရင်းနှီးလှသော အသံကို ကြားလိုက်ရသောအခါ ယဲ့ပေ့ရွှမ်မှာ စက္ကန့်အနည်းငယ်မျှ ကြောင်အသွားသည်။

နှစ်ပေါင်းရာနှင့်ချီ၍ ကွဲကွာနေခဲ့သော်လည်း သူမ၏ လှုပ်ရှားမှုနှင့် အမူအရာတိုင်းမှာ မှတ်ဉာဏ်များထဲက အတိုင်းပင်။

ချင်းချင်းက ယဲ့ပေ့ရွှမ် ငိုင်နေသည်ကို သတိပြုမိသွားပြီး မေးလိုက်သည်။

“ဂျူနီယာမောင်လေးယဲ့၊ ဘာဖြစ်လို့လဲ”

“ဘာမှမဖြစ်ပါဘူး”

ယဲ့ပေရွှမ်း သတိပြန်ဝင်လာပြီး ဖြေလိုက်သည်။

ဤမိန်းကလေးအကြောင်း အကုန်သိနေသော်လည်း ဆရာ့၏ တပည့်လက်ခံရေး စံသတ်မှတ်ချက်အတိုင်း သူက မေးခွန်းများကို မေးမြန်းလိုက်သည်။

“နာမည်၊ မိသားစုနောက်ခံ၊ ဘဝအတွေ့အကြုံ...”

ဖုန်းချုံယွီက ရိုသေစွာဖြင့် ဖြေသည်။ “စီနီယာအစ်ကိုကြီးကို ဖြေကြားပါရစေ၊ ကျွန်မနာမည်က ဖုန်းချုံယွီပါ၊ ဖုန်းယွီမျိုးနွယ်စုက လာတာပါ...”

သူမ၏ ရင်းနှီးသော အသံကို ကြားရသည့်အခါ ယဲ့ပေ့ရွှမ်၏ အတွေးများမှာ အတိတ်ဘဝဆီသို့ လွင့်မျောသွားတော့သည်။

သူ ချုံအာနှင့် ယန်မန်ရွံ့နွံတောတွင် ပထမဆုံး ဆုံတွေ့ခဲ့သည်။ ထိုစဉ်က သူသည် အမျိုးသမီးတစ်ဦးကြောင့် အသည်းကွဲကာ စိတ်သစ်လူသစ်ဖြစ်ရန် ယန်မန်ရွှံ့နွံ့တော၌ ကျင့်ကြံရန် လာခဲ့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူသည် ချုံအာနှင့် သူမ၏အဖွဲ့ကို ကယ်တင်ခဲ့မိသည်။ ထိုမှတစ်ဆင့် သူတို့ ရင်းနှီးကျွမ်းဝင်လာပြီး သူငယ်ချင်းအဆင့်မှ တာအိုလက်တွဲဖော်အဆင့်သို့ သဘာဝအတိုင်း တိုးတက်လာခဲ့၏။

သို့သော် ကောင်းသောအချိန်များက ကြာရှည်မခံခဲ့ပေ။ ဆယ်စုနှစ်အနည်းငယ်အကြာတွင် ကျင့်ကြံရေးခရီးစဉ်တစ်ခု၌ ချုံအာ သေဆုံးသွားခဲ့သည်။

ယဲ့ပေ့ရွှမ်သည် ဝမ်းနည်းခြင်းများဖြင့် ရူးသွပ်မတတ်ဖြစ်သွားကာ ပိုမိုသန်မာလာရန် သန္နိဋ္ဌာန်ချခဲ့၏။ ထိုတွန်းအားကြောင့် သူ၏ကျင့်ကြံမှုမှာ လျင်မြန်စွာ တိုးတက်လာခဲ့သော်လည်း အတွင်းနတ်ဆိုး တစ်ကောင် အမြစ်တွယ်သွားခဲ့သည်။

ချုံအာသည် သူ့သေရာပါဒဏ်ရာ ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် သူတော်စင်အဆင့်သို့ တက်လှမ်းသည့် ဘေးဒုက္ခ၌ ကျရှုံးသွားရသည့် အကြောင်းရင်းပင် ဖြစ်လာ၏။

ပြန်လည်မွေးဖွားလာသည့် အစောပိုင်းကာလများ၌ သူမ၏နာမည်ကို တွေးရန် သူ မဝံ့ရဲခဲ့။ တွေးမိပါက ချောက်ကမ်းပါးထဲသို့ ပြန်ကျသွားမည်ကို စိုးရိမ်ခဲ့သည်။

ဤမှတ်ဉာဏ်များ ပေါ်ထွက်လာသည်နှင့်အမျှ သူ့မျက်ဝန်းထောင့်မှ မျက်ရည်များ ဝဲတက်လာတော့သည်။

“စီနီယာအစ်ကို၊ အဆင်ပြေရဲ့လားဟင်”

ဖုန်းချုံယွီ၏ နူးညံ့သောအသံက ယဲ့ပေ့ရွှမ်ကို လက်တွေ့လောကဆီသို့ ပြန်လည်ဆွဲခေါ်လိုက်သည်။

ထိုအခါမှသာ ယဲ့ပေ့ရွှမ်သည် မိမိကိုယ်မိမိ ထိန်းချုပ်မှု လွတ်သွားသည်ကို သတိပြုမိတော့သည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အခြားတပည့်များက သူ့ကို နားမလည်နိုင်သော အမူအရာများဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရ၏။

နျဲ့ရှို့ယွမ်က မေးလိုက်သည်။

“ဂိုဏ်းတူ တူလေးယဲ့၊ မင်းအဆင်ပြေရဲ့လား”

အားလုံးထဲတွင် နားမလည်နိုင်ဆုံးမှာ ဖုန်းချုံယွီပင် ဖြစ်၏။ သူမ၏ မိသားစုနှင့် ဘဝအကြောင်း ပြောပြရုံမျှဖြင့် စီနီယာအစ်ကို ယဲ့ပေ့ရွှမ် အဘယ့်ကြောင့် ငိုရသည်ကို သူမ လုံးဝ မစဉ်းစားတတ်ပေ။

‘ငါ့ဘဝဇာတ်ကြောင်းက တကယ်ပဲ အဲ့ဒီလောက်တောင် စိတ်မကောင်းစရာ ကောင်းနေလို့လား’

သူမသည် ဖုန်းမျိုးနွယ်စု၏ သွေးဝေးဆွေမျိုးတစ်‌ယောက်မျှသာဖြစ်ပြီး ဝမ်တောက်ကျောင်းတော် စီနီယာများလောက် အဆင့်အတန်းမမြင့်မားခဲ့သော်လည်း သူမဘဝမှာ ပျော်ရွှင်စရာကောင်းခဲ့ပြီး မိဘများနှင့် ဆွေမျိုးများ၏ ချစ်ခင်မှုကို ရခဲ့သည်။

နိုင်ငံရေးအရ အိမ်ထောင်ချပေးမည့်ကိစ္စကို ရှောင်လွှဲလို၍သာ ဝမ်တောက်‌ကျောင်းတော်သို့ ကျင့်ကြံရန် လာခဲ့ခြင်း ဖြစ်၏။

ယဲ့ပေ့ရွှမ်က ခေါင်းယမ်းလိုက်သည်။ “ကျွန်တော် အဆင်ပြေပါတယ်၊ အတိတ်က ကိစ္စတချို့ကို သတိရသွားလို့ပါ”

ချင်းချင်းက သူ စိတ်အဆင်မပြေ ဖြစ်နေသည်ကို မြင်သောအခါ ရှေ့ထွက်လာ၏။

“ညီမလေးဖုန်း၊ ညီမလေးက အစ်မတို့ သောင်းပြောင်းပညာရပ်ဌာနရဲ့ တပည့်သတ်မှတ်ချက်နဲ့ မကိုက်ညီဘူး။ ဆေးပညာဌာနမှာ သွားပြီး တပည့်ခံဖို့ အကြံပေးချင်တယ်”

“အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်မ”

ဖုန်းချုံယွီ၏ မျက်နှာပေါ်တွင် စိတ်ပျက်ရိပ် မရှိပေ။ သူမသည် ငြင်းပယ်ခံရနိုင်ခြေရှိသည်ကို ကြိုတင်စဉ်းစားထားပြီးသား ဖြစ်၏။

သူမ၏ ဆေးဖော်စပ်မှုစွမ်းရည်မှလွဲလျှင် အခြားကဏ္ဍများတွင် ထူးခြားမှု မရှိ။ သူမ ဤနေရာသို့ လာခဲ့သည်မှာ စမ်းသပ်ကြည့်ရုံသက်သက်သာ။

ဖုန်းချုံယွီ ထွက်သွားပြီးနောက် ချင်းချင်းက ယဲ့ပေ့ရွှမ်ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ “ဂျူနီယာမောင်လေး၊ နင် နေလို့မကောင်းရင် တောင်ပေါ်ပြန်ပြီး အနားယူလိုက်ပါ။ ကျန်တဲ့ကိစ္စတွေကို ငါတို့ဆီ လွှဲထားလိုက်”

“မလိုပါဘူး၊ အခု ကျွန်တော် နေကောင်းသွားပါပြီ” ယဲ့ပေ့ရွှမ် အားတင်းပြီး အပြုံးဖြင့် ပြန်ဖြေသည်။

ချင်းချင်းက ထပ်မမေးတော့ဘဲ လူသစ်ရွေးချယ်မှုကို ဆက်လုပ်နေသည်။

တပည့်လက်ခံသည့် ပထမဆုံးနေ့တွင် သင့်တော်သူ တစ်ဦးမျှ မတွေ့ရပေ။ သို့သော် မည်သူမျှ မစိုးရိမ်ကြပေ။ နောက်ထပ် နှစ်ရက် ကျန်သေးသလို အရည်အချင်းပြည့်မီသူ တစ်ဦးတည်း တွေ့လျှင်ပင် အောင်မြင်မှုဟု သတ်မှတ်နိုင်ပေသည်။

သောင်းပြောင်းပညာရပ်ဌာနသို့ ပြန်ရောက်သောအခါ ချူဖုန်းက မေးလိုက်၏။

“ဒီနေ့ တပည့်ရွေးတဲ့ အခြေအနေတွေ ပြောပြကြဦး”

ယနေ့တွင် စိတ်ဝင်စားစရာ မရှိသဖြင့် လေးယောက်လုံးမှာ ယဲ့ပေ့ရွှမ်ကို အလိုလို ကြည့်လိုက်ကြသည်။

ယဲ့ပေ့ရွှမ်သည် ဆရာတူတပည့်များ၏ အကြည့်အောက်တွင် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေသဖြင့် ဖွင့်ဟပြောဆိုလိုက်သည်။

“ဒီနေ့ ကျွန်တော် စိတ်ကို မထိန်းနိုင်ဖြစ်သွားတယ် ဆရာ”

“အော်...” ချူဖုန်းက ပြုံးလိုက်သည်။

“မင်းနဲ့ ဘဝတူတစ်ယောက်ယောက်နဲ့ ဆုံခဲ့လို့လား”

ယဲ့ပေ့ရွှမ်က ခေါင်းယမ်းလိုက်သည်။ “မဟုတ်ပါဘူး၊ တစ်သက်တာ နောင်တရစရာတွေကို သတိရသွားလို့ပါ။ ဆရာရော... နောင်တရစရာတွေ ရှိဖူးလား”

ချူဖုန်း ခဏမျှ စဉ်းစားလိုက်သည်။ “ရှိတာပေါ့၊ ဒါပေမဲ့ ငါအကုန် လွှတ်ချလိုက်ပါပြီ”

‘အဲဒါတွေက အရင်ဘဝက ကိစ္စတွေပဲလေ။ လက်ရှိကမ္ဘာကို ပြန်သွားပြီး နောင်တတိုင်းကို လိုက်ပြင်နေလို့မှ မရတာ’

ယဲ့ပေ့ရွှမ်က ဆက်မေးသည် “ဆရာ... အဲဒါကို ဘယ်လိုမျိုး လွှတ်ချနိုင်ခဲ့တာလဲ”

ထိုအခါ ရှိနေသူအားလုံးက ချူဖုန်းကို စပ်စုချင်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

အကြီးအကဲပင်းကလွဲလျှင် သူတို့အားလုံး၌ နောင်တများ ရှိကြ၏။

ချူဖုန်းက စိတ်ထဲတွင် သက်ပြင်းတစ်ချက် ခိုးချလိုက်သည်။

‘ဒီကလေး ဒီနေ့ ဘာဖြစ်နေတာလဲ၊ ဒီလို ဒဿနဆန်တဲ့ မေးခွန်းတွေ မေးနေရတာလဲ’

“ဒါက မေးသင့်တဲ့ မေးခွန်းတစ်ခုပဲ။”

သူသည် ပြုံးလျက် ခြံဝင်းထဲတွင် ဖြည်းဖြည်းချင်း လမ်းလျှောက်လိုက်သည်။

ထို့နောက် ခုနစ်လှမ်းမြောက်တွင် ရပ်လိုက်သည်။

“မင်းရဲ့ တာအိုနှလုံးသား ကို ကြံ့ခိုင်အောင်လုပ်။ ငါတို့လို ကျင့်ကြံသူတွေအတွက် နောင်တဆိုတာ နာကျင်မှုသက်သက် မဟုတ်ဘူး၊ စွဲလမ်းမှုတစ်ခုပဲ”

“စိတ်ထဲက အတွင်းနတ်ဆိုးတွေက အဲဒီကနေ မြစ်ဖျားခံလာတာ။ ဒါကြောင့် ဝမ်းနည်းမှုကို ခွန်အားအဖြစ် ပြောင်းလဲပြီး ကိုယ့်ကိုယ်ကိုယ် ရှေ့ဆက်တွန်းတင်ရမယ်။ မင်းရဲ့ အတွင်းစိတ်က လုံလောက်အောင် သန်မာပြီး တာအိုနှလုံးသားက ခိုင်မာနေသရွေ့တော့ နောင်တတွေကို လွှတ်ချနိုင်ပြီး စွဲလမ်းမှုတွေကို ဖယ်ရှားနိုင်လိမ့်မယ်။ အဲဒီအခါကျရင် မင်း ပိုပြီး တိုးတက်လာလိမ့်မယ်”

အားလုံးက အတွေးနက်နေသည့်ဟန်ဖြင့် နားထောင်နေကြသည်။

ထိုစဉ် နျဲ့ရှို့ယွမ်က မေးလိုက်သည်။

“ဆရာ... တကယ်လို့ လွှတ်ချလို့ မရရင်ကော”

ချူဖုန်း ပြုံးလိုက်သည်။

“အဲဒါဆိုရင်တော့ မင်းက လုံလောက်အောင် မသန်မာသေးလို့၊ မင်းရဲ့ တာအိုနှလုံးသားက မခိုင်မာသေးလို့ပဲပေါ့”

ဤစကားကို ကြားသောအခါ နျဲ့ရှို့ယွမ်က တီးတိုးရေရွတ်သည်။

“ဟုတ်တယ်... ငါက မသန်မာဘူး၊ ငါ့ရဲ့ တာအိုနှလုံးသားကလည်း မခိုင်မာဘူး။ အဲဒါကြောင့် ငါ ဒီလောက်ထိ ကျဆင်းသွားခဲ့တာ။”

ချူဖုန်းက သူ၏ပုခုံးကို ပုတ်ပေးလိုက်သည်။ “ရှို့ယွမ်၊ မင်းကို ငါ အမြင့်ကြီးတွေ ပြောပြီး မဆုံးမချင်ပါဘူး။ မင်းက လက်တွေ့ဘဝကနေ ထွက်ပြေးဖို့ ရွေးချယ်ခဲ့ပြီး အဖြစ်မှန်ကို မရင်ဆိုင်နိုင်ဘူးဆိုရင်တောင် အနည်းဆုံးတော့ ပျော်အောင်နေပါ”

“တကယ်လို့ လက်တွေ့ကနေ ထွက်ပြေးတာတောင် မင်းကို မပျော်ရွှင်စေဘူးဆိုရင် ဘာလို့ ထွက်ပြေးနေတော့မှာလဲ။ အသက်ရှင်ရတဲ့ ရည်ရွယ်ချက်က ပျော်ရွှင်ဖို့အတွက် မဟုတ်ဘူးလား”

ထိုစကားကို ကြားလိုက်ရသောအခါ နျဲ့ရှို့ယွမ်သည် ကျောက်ရုပ်ကြီးကဲ့သို့ ငြိမ်သက်သွားပြီး အတော်ကြာအောင် တိတ်ဆိတ်နေတော့သည်။

All Chapters