← Chapters

အခန်း (၁၇၁၄-၁၇၁၆)

Vol. 115 Ch. 1714-1716

အခန်း (၁၇၁၄-၁၇၁၆)

Vol. 115 Ch. 1714-1716

အခန်း (၁၇၁၄) အဆင့်ဖြတ်ကျော်မှု၊ ဒြပ်မဲ့လေ့လာသူအဆင့်

နတ်ဘုရားဝိညာဥ်လည်ပတ်နေစဉ်အတွင်း နေရာလွတ်အိတ်ထဲရှိ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာ အပြင်သို့ ပျံထွက်လာ၍ ဝိညာဉ်ကျောက်တုံး မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားသည်။

ဘန်း

ဘန်း

ဘန်း

ဝိညာဉ်ကျောက်တုံးများ တစ်ခုပြီးတစ်ခု ကွဲအက်သွားကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် စင်ကြယ်သော ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် ချူးယွင်ဖန်း၏ ဦးနှောက်ထဲသို့ စီးဝင်သွားကာ နတ်ဘုရားဝိညာဥ်က စုပ်ယူသွားသည်။ ချူးယွင်ဖန်းသည် အနည်းငယ်မျှပင် သတိလက်လွတ် မပြုမူဝံ့ပေ။ သူ၏ စိတ်စွမ်းအင်သည် အလွန်ခိုင်မာ၍ တစ်ချိန်တည်းမှာပင် အကြောင်းအရာများစွာ လုပ်ဆောင်နိုင်သော်လည်း ဤလုပ်ဆောင်ချက်တစ်ခုစီတိုင်းသည် အလွန်အန္တရာယ်များလှသည်။ အကယ်၍ သူသာ သတိလက်လွတ် ပြုမူမိပါက၊ ပြိုလဲသွားနိုင်သည်။

တစ်ချိန်တည်းမှာပင် ဒြပ်မဲ့လေ့လာသူအဆင့်နှင့် ပတ်သက်သည့် နားလည်မှုများ အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ပေါ်ပေါက်လာသည်။ အစောပိုင်းတွင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များသည် သူ့အတွက် မှတ်ဉာဏ်အပိုင်းအစများဖြစ်၍ ဗီဒီယိုမှတ်တမ်းတစ်ခုကို ကြည့်နေသကဲ့သို့သာ ဖြစ်နေခဲ့သည်။ သို့သော် ယခုအခါ နတ်ဘုရားဝိညာဥ်သည် ဤမှတ်ဉာဏ်များကို ချူးယွင်ဖန်း၏ အတွေ့အကြုံများအဖြစ် ပြောင်းလဲသွားခဲ့သည့်အတွက် သူသည် ဒြပ်မဲ့လေ့လာသူအဆင့်သို့ နှစ်ပေါင်းများစွာကြာ ရောက်ရှိနေသာ ကျင့်ကြံသူတစ်ဦးကဲ့သို့ ခံစားရစေသည်။

သူသည် ဒြပ်မဲ့လေ့လာသူအဆင့်၏ အချက်အလက်အားလုံးကို သူ၏လက်ဖမိုးကဲ့သို့ သိရှိနားလည်သွားသည်။ ဒြပ်မဲ့လေ့လာသူအဆင့်၏ အဓိကအချက်များအားလုံးကို နားလည်လာသည်နှင့် နတ်ဘုရားဝိညာဥ်သည် ပိုမိုမြန်ဆန်စွာ လည်ပတ်နေကြောင်း ချူးယွင်ဖန်း ခံစားလိုက်ရ၍ သူ၏ တိုးတက်မှုနှုန်းသည်လည်း ပိုမိုမြန်ဆန်လာသည်။ ချူးယွင်ဖန်းသည် သုံးရက်တာလုံး မလှုပ်ရှားဘဲ ကြယ်ကြွေကောင်းကင်သစ်သီး၏ စွမ်းအင်ကို အရူးအမူး စုပ်ယူကာ ဒြပ်မဲ့လေ့လာသူအဆင့်သို့ အဆက်မပြတ် တိုးတက်အောင် ကြိုးစားလိုက်သည်။ ရုတ်တရက်ဆိုသလိုပင် သူ့ကိုယ်ခန္ဓာရှိ ချွေးပေါက်တိုင်းမှ ကြောက်မက်ဖွယ် စွမ်းအင်များ ထွက်ပေါ်လာ၍ သူ၏ ကိုယ်ခန္ဓာတစ်ဝိုက်တွင် ပြင်းထန်သော စွမ်းအင်ဒီရေလှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

မိနစ်အနည်းငယ်ကြာပြီးနောက်၊ ဤစွမ်းအင်လှိုင်းများသည် ချူးယွင်ဖန်း၏ ကိုယ်ခန္ဓာထဲသို့ ပြန်လည်စုပ်ယူသွားသောကြောင့် တောင်မြစ်ပန်းချီကားအတွင်းရှိ လှိုင်းဂယက်များ ပြန်လည်တည်ငြိမ်သွားလေသည်။ ချူးယွင်ဖန်းသည် အခြေအနေအားလုံးကို ချက်ချင်းပင် ထိန်းချုပ်နိုင်ခဲ့သည်။

သူသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

"နောက်ဆုံးတော့ အဆင့်ဖြတ်ကျော်သွားပြီ"

ရက်အနည်းငယ်ကြာ စကားမပြောခဲ့ရသဖြင့် ချူးယွင်ဖန်း၏ အသံသည် အနည်းငယ် အက်ကွဲနေသော်လည်း သူ၏ မျက်နှာပေါ်ရှိ ဝမ်းမြောက်မှုကို မဖုံးကွယ်နိုင်ပေ။ သူသည် နောက်ဆုံးတွင် ဒြပ်မဲ့လေ့လာသူအဆင့်သို့ ရောက်ရှိသွား၍ သူ၏ စွမ်းအင်သည်လည်း ကြောက်မက်ဖွယ် ပြောင်းလဲသွားလေသည်။ ဒြပ်မဲ့လေ့လာသူအဆင့်နှင့် ဒြပ်မဲ့အဆင့်ကြားရှိ ကွာခြားချက်သည် အလွန်ကြီးမားလှသည်။ ဒြပ်မဲ့အဆင့်အတွင်း ၎င်းတို့ကို အားနည်းသူများဟု မသတ်မှတ်နိုင်ပေ။ သုံးရက်တာ အချိန်တိုအတွင်းတွင် သူ၏ စွမ်းအင်သည် ဒြပ်မဲ့အဆင့် အထွတ်အထိပ်မှ ဒြပ်မဲ့လေ့လာသူအဆင့်၏ အရှေ့ပိုင်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ သူသည် ကြယ်ကြွေကောင်းကင်သစ်သီး၏ ဆေးစွမ်းအင် တစ်စိတ်တစ်ပိုင်းကိုသာ စုပ်ယူခဲ့သော်လည်း၊ ၎င်းသည် အစစ်အမှန်တပည့်များနှင့် ၎င်းအထက် ကျင့်ကြံသူများ စားသုံးရန် ရည်ရွယ်ထားခြင်းဖြစ်သည့်အတွက် ၎င်း၏ စွမ်းအင်များပြားမှုကို ခန့်မှန်းနိုင်သည်။

၎င်းသည် ချူးယွင်ဖန်း၏ စွမ်းအင်ကို ဒြပ်မဲ့လေ့လာသူအဆင့်၏ အရှေ့ပိုင်း အထွတ်အထိပ်သို့ ရောက်ရှိသွားစေ၍ သူ၏ အလွန်တည်ငြိမ်သော အခြေခံကြောင့် ဒြပ်မဲ့လေ့လာသူအဆင့် အလယ်ပိုင်းသို့ပင် တက်လှမ်းနိုင်ပေလိမ့်မည်။ တကယ်တမ်းဆိုရသော် ချူးယွင်ဖန်း၏ ကိုယ်ခန္ဓာကျင့်စဥ်သာ ကြယ်ကြွေကောင်းကင်သစ်သီး၏ ဆေးစွမ်းအင် အများစုကို မစုပ်ယူသွားခဲ့ပါက သူသည် ဒြပ်မဲ့လေ့လာသူအဆင့် နှောင်းပိုင်းအထိပင် ရောက်ရှိနိုင်သည်။

သို့သော် ချူးယွင်ဖန်းသည် နောင်တမရခဲ့ပေ၊ အကြောင်းမှာ သူ၏ ဧကရာဇ်ခန္ဓာကိုယ်သည် နောက်ထပ် ကြီးမားသော တိုးတက်မှုကို ရရှိခဲ့သောကြောင့်ဖြစ်သည်။ ယခင်က သူသည် သာမန် ဝိညာဉ်လက်နက်များကို လက်ဗလာဖြင့် တိုက်ခိုက်နိုင်ခဲ့သည်။ ယခုအခါ သူသည် အဆင့်မြင့် ဝိညာဉ်လက်နက်များကိုပင် လက်ဗလာဖြင့် ဖျက်ဆီးနိုင်ပြီဖြစ်သည်။ ဝိညာဉ်လက်နက်အဆင့်ထက် သာလွန်သော မှော်လက်နက်မဟုတ်ပါက သာမန် ဝိညာဉ်လက်နက်များသည် သူ့ကို ထိခိုက်နိုင်မည်မဟုတ်ပေ။ ၎င်းသည် သူ၏ တိုက်ခိုက်နိုင်စွမ်းကို အခြေခံကျကျ တိုးတက်စေခြင်းဖြစ်သောကြောင့် ဤဖြစ်စဉ်သည် ကျင့်စဉ်များ တိုးတက်လာခြင်းထက် ချူးယွင်ဖန်းကို ပို၍ စိတ်လှုပ်ရှားစေသည်။

ချူးယွင်ဖန်း၏ တိုက်ခိုက်နိုင်စွမ်းသည် နောက်တစ်ဆင့်သို့ တက်လှမ်းသွားခဲ့သည်။ မူလက သူသည် ဒြပ်မဲ့ကျွမ်းကျင်အဆင့်များကို တိုက်ခိုက်ရန်အတွက် ဟော့အသွင်ကို မှီခိုအားထားခဲ့ရသည်။ သို့သော် ယခုအခါ သူသည် ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ ဝင်ရောက်ခါစ ကျင့်ကြံသူများကိုပင် အနိုင်ယူနိုင်ပြီဖြစ်သည်။ သူသည် ဤအဆင့်ဖြင့် ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ဦးဖြစ်လာသည်။ ဒြပ်မဲ့ကျွမ်းကျင်အဆင့် အလယ်ပိုင်း ကျင့်ကြံသူများနှင့် တွေ့ဆုံရလျှင်ပင် ကြောက်ရွံ့မည်မဟုတ်ပေ။ အကယ်၍ သူသာ ဟော့အသွင်သို့ ပြောင်းလဲလိုက်ပါက၊ ဒြပ်မဲ့ကျွမ်းကျင်အဆင့် ကျင့်ကြံသူများကို အနိုင်ယူနိုင်မည်ဖြစ်သည်။ ချူးယွင်ဖန်းသည် တိုက်ခိုက်ရေးစွမ်းရည်အရ ဒြပ်မဲ့လေ့လာသူအဆင့် ကျင့်ကြံသူများထဲတွင် ပြိုင်ဘက်ကင်းသူဖြစ်သည်။

"အခုအချိန်တန်ပြီ။ ကျင့်စဥ်ကို တည်ငြိမ်အောင်လုပ်ပြီး နောက်ထပ် အဆင့်ဖြတ်ကျော်လို့ရပြီ။ ဒါပြီးရင် ကျန်နေတဲ့ ကောင်းကင်နတ်ဆိုးဆေးကို သောက်လို့ရပြီ။ ဒါဆိုရင် ငါ့ စွမ်းအင်တွေ ပိုပြီးတိုးတက်လာလိမ့်မယ်။ နတ်ဖြတ်ဓားရဲ့ အကူအညီနဲ့ဆိုရင် ဘယ် ဒြပ်မဲ့ကျွမ်းကျင်အဆင့်ကိုမှ ကြောက်စရာ မလိုတော့ဘူး" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။

သူ၏ စွမ်းအင်များ တိုးတက်နေသရွေ့ သူသည် ဟော့အသွင်သို့ ပြောင်းလဲပြီးနောက် ဒြပ်မဲ့ကျွမ်းကျင်အဆင့် အထွတ်အထိပ် ကျင့်ကြံသူများကိုပင် တိုက်ခိုက်နိုင်ပေလိမ့်မည်။ ထိုအချိန်တွင် ဝမ်ယိဖန်ကိုယ်တိုင် လာရောက်တိုက်ခိုက်မှသာ သူ ကြောက်ရွံ့ပေလိမ့်မည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် ဝမ်ယိဖန်နှင့် တွေ့ဆုံရလျှင်ပင် သူတွင် တောင်မြစ်ပန်းချီကားရှိနေသည့်အတွက် ကြောက်ရွံ့ရန် မလိုအပ်ပေ။ ချူးယွင်ဖန်းသည် တစ်နှစ်အတွင်း သူ့ကို ခြိမ်းခြောက်နိုင်သည့် အဆင့်အထိ ကြီးထွားလာလိမ့်မည်မဟုတ်ဘူးဟု ဝမ်ယိဖန်က ထင်မြင်ခဲ့သော်လည်း သူ၏ အတွေးအမြင်များ မှားယွင်းနေသည်။ ချူးယွင်ဖန်း၏ တိုးတက်မှုကို သာမန်လူတစ်ယောက်၏ အရှိန်အဟုန်ဖြင့် တိုင်းတာခြင်းသည် ရယ်ဖွယ်ရာကောင်းလှသည်။

အောင်မြင်စွာ အဆင့်ဖြတ်ကျော်ပြီးနောက် ယူချူးယွင် လာရောက်လည်ပတ်သည့်အတွက် ချူးယွင်ဖန်းသည် သူ၏ ကျင့်ကြံမှုကို ရပ်တန့်လိုက်သည်။ ချူးယွင်ဖန်းသည် နောက်ဖေးအဆောင်ရှိ ကျောက်ခုံတန်းလျားတွင် ထိုင်နေကာ ယူချူးယွင်သည် အလွန်ရိုသေသော အမူအရာဖြင့် သူ့နံဘေးတွင် ရပ်နေသည်။

"စီနီယာချူး ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့အတွက် ကျွန်တော် လူတွေ အများကြီး စုဆောင်းနိုင်ခဲ့ပါတယ်။ အပြင်မှာ တာဝန်တွေ ထမ်းဆောင်တဲ့အခါ စီနီယာချူးအတွက် လက်အောက်ငယ်သားတွေ လိုအပ်လာပါလိမ့်မယ်။ ဒါက ကျွန်တော် လုပ်ထားတဲ့ စာရင်းပါ၊ ကျေးဇူးပြုပြီး ကြည့်ပေးပါ" ယူချူးယွင်က ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပေးလိုက်သည်။

ချူးယွင်ဖန်းသည် ကျောက်စိမ်းပြားကို လက်ခံပြီးနောက် သူ၏ စိတ်အာရုံကို ထုတ်လွှတ်လိုက်သည်။ ၎င်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်များအနက် သူနှင့် ပူးပေါင်းလာသူများ၏ စာရင်းဖြစ်ကြောင်း ချက်ချင်း နားလည်သွားသည်။ ၎င်းတွင် လူ ၁၀ ဦးကို မှတ်တမ်းတင်ထားသည်။ ၎င်းတို့၏ အမည်များအပြင်၊ ၎င်းတို့၏ ကျင့်စဥ်အဆင့်၊ စရိုက်လက္ခာနှင့် နောက်ခံအချက်အလက် စသည်တို့ကိုလည်း မှတ်တမ်းတင်ထားသည်။ စာရင်းသည် အလွန်အသေးစိတ်ကျလှသည်။ ယူချူးယွင်သည် သုံးရက်အတွင်း ဤမျှများပြားသော အချက်အလက်များကို စုဆောင်းနိုင်ခဲ့သည်။ သူသည် အလွန်ကြိုးစားအားထုတ်ခဲ့ကြောင်း သိသာထင်ရှားသည်။

"မဆိုးဘူး၊ ခင်ဗျား တော်တယ်" ချူးယွင်ဖန်း ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

"စီနီယာချူးက အရမ်းပညာရှိတာပဲ။ ကျွန်တော် လက်ရှိ စုဆောင်းမှုကို စီးပွားရေး စီမံခန့်ခွဲမှုအပေါ် အခြေခံပြီး စဉ်းစားထားတာပါ။ ကျွန်တော်တို့မှာ စစ်မှန်တဲ့ ထူးချွန်သူတွေ ရှိတယ်။ လူများတာထက် အရည်အသွေးရှိတဲ့ လူတွေရှိတာ ပိုကောင်းပါတယ်။ ဒီလူတွေက အဖွဲ့အစည်းမရှိဘဲ အကောင်းဆုံးလို့ ယူဆရတဲ့ တပည့်တွေပါ" ယူချူးယွင်က ပြောလိုက်သည်။

ယူချူးယွင်သည် ချူးယွင်ဖန်းကို ကျေးဇူးတင်သော အမူအရာဖြင့် ကြည့်လိုက်သည်။ သူသည်လည်း ဂိုဏ်းတွင်း ပြိုင်ပွဲအတွက် ဆုလာဘ်များ ရရှိခဲ့သည်။ ၎င်းဆုလာဘ်များသည် ထင်ထားသည်ထက် ပို၍များပြားလှသည်။ ၎င်းသည် သူ၏ ကြွယ်ဝမှုများကို နှစ်ဆတိုးမြင့်သွားစေသည်။ ချူးယွင်ဖန်းသည် ဤအရာအားလုံးကို ယူဆောင်ပေးသူဖြစ်သောကြောင့် အလေးအနက်မထားဘဲ မနေဝံ့ပေ။

ယူချူးယွင်သည် လတ်တလောတွင် အလွန်အလုပ်ရှုပ်နေသည်။ ဂိုဏ်းတွင်း ပြိုင်ပွဲကြောင့် ချူးယွင်ဖန်းသည် လူသိများထင်ရှားလာသည်။ ဝမ်ယိဖန်၏ ခြိမ်းခြောက်မှုကို စိုးရိမ်သူများရှိနေသော်လည်း ချူးယွင်ဖန်း၏ ကျော်ကြားမှုကြောင့် လာရောက်ပူးပေါင်းသည့် ဂိုဏ်းတွင်း တပည့်နှင့် အခြားတပည့်များစွာ ရှိနေဆဲဖြစ်သည်။ ယူချူးယွင်သည် ၎င်းတို့ကို စိစစ်ရုံမျှဖြင့်ပင် ပင်ပန်းနွမ်းနယ်နေသည်။

အခန်း (၁၇၁၅) ပြင်းထန်သော ရေစီးကြောင်းများ

ဝမ်ယိဖန်သည် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသော်လည်း အတွင်းစည်းတပည့်များ ပြိုင်ပွဲတွင် ချန်ပီယံဖြစ်လာခြင်းသည် ဆွဲဆောင်မှုရှိနေဆဲဖြစ်သည်။ ယူချူးယွင်ကဲ့သို့ ချူးယွင်ဖန်း၏ နောက်လိုက်ဖြစ်ရန် စိတ်ကူးထားသူ အများအပြားရှိနေကြသည်။ ချူးယွင်ဖန်း ပြသခဲ့သည့် အရည်အချင်းများအရ သူသည် နောင်တစ်ချိန်တွင် အစစ်အမှန်တပည့် ဖြစ်လာနိုင်ခြေရှိသည်။ အကယ်၍ ထိုသို့သာ ဖြစ်လာခဲ့ပါက ၎င်းတို့သည်လည်း ကောင်းကင်ဘုံသို့ ရောက်ရှိသွားသကဲ့သို့ စံမြန်းရမည်ဖြစ်သည်။ ဤသို့ပြောခြင်းသည် မိမိကိုယ်ကို အထင်သေးရာရောက်သော်လည်း ၎င်းတို့အတွက် ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သည်။ အကြောင်းမှာ လူတိုင်းတွင် ကိုယ်ပိုင်လမ်းကြောင်းကို ကိုယ်တိုင်ဦးဆောင်နိုင်မည့် အရည်အချင်း မရှိကြသောကြောင့်ဖြစ်သည်။

သို့သော် ၎င်းတို့အားလုံး ခြေတစ်လှမ်း နောက်ကျသွားသောကြောင့် ယူချူးယွင်၏ လက်အောက်တွင်သာ ခိုလှုံနိုင်ကြသည်။ စိစစ်ရမည့်သူ ရာနှင့်ချီရှိနေသဖြင့် ယူချူးယွင်သည် အလွန်အလုပ်ရှုပ်နေရသည်။ ယူချူးယွင်တွင် ရှိသမျှအရာအားလုံးကို ချူးယွင်ဖန်းက ပေးအပ်ထားခြင်းဖြစ်သဖြင့် သူသည် မည်သည့်ကိစ္စကိုမျှ ပေါ့ပေါ့ဆဆ မလုပ်ဆောင်ဝံ့ပေ။ သူသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်ဟောင်းတစ်ဦးဖြစ်သဖြင့် အများအားဖြင့် မိမိစွမ်းအင်ကို ထုတ်မပြသော်လည်း အရာရာကို သူ၏ လက်ဖမိုးသကဲ့သို့ သိရှိနားလည်ထားသူဖြစ်သည်။

သူသည် သုံးရက်ကြာ စိစစ်ပြီးနောက် လူဆယ်ဦးကို ရွေးချယ်လိုက်သည်။ ထိုဆယ်ဦးအနက် အားအနည်းဆုံးသူသည် အလယ်အလတ် ဒြပ်မဲ့လေ့လာသူအဆင့်ဖြစ်၍ အသန်မာဆုံးအနက် နှောင်းပိုင်း ဒြပ်မဲ့လေ့လာသူအဆင့်သုံးဦးတို့ ပါဝင်သည်။ ဤတပည့်များသည် အတွင်းစည်းတပည့်များအနက် အကောင်းဆုံးဟု သတ်မှတ်နိုင်သည်။ ၎င်းတို့၏ ကျင့်စဉ်အဆင့်သည် ချူးယွင်ဖန်းထက်ပင် မြင့်မားကြသည်။ သို့သော် တိုက်ခိုက်နိုင်စွမ်းကိုသာ တွက်ချက်မည်ဆိုလျှင် ၎င်းတို့သည် ချူးယွင်ဖန်းနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။

"အဆင်ပြေပါတယ်" ချူးယွင်ဖန်းက အချက်အလက်များကို ကြည့်ပြီးနောက် ဆိုလိုက်သည်။ ဤတပည့်များသည် အကောင်းဆုံးမဟုတ်သော်လည်း အကောင်းဆုံးတပည့်များသည် ချူးယွင်ဖန်းထံ လာရောက်ခိုလှုံရန် စဉ်းစားမည်မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းအတွက်မူ ဤမျှဖြင့် လုံလောက်သည်။

"ခင်ဗျား အလုပ်ရှုပ်သွားရပြီ။ သူတို့ကို ကြိုဆိုတဲ့လက်ဆောင်အဖြစ် ဒီဆေးလုံးတွေကို ကျုပ် ကိုယ်စား ပေးလိုက်ပါ။ ပြီးရင် ခင်ဗျားလည်း ပိုကြိုးစားရမယ်။ ကျုပ် မကြာခင် စစ်တပ်ထဲမှာ တာဝန်ပေးအပ်ခံရတော့မှာမို့လို့ အဲဒီအချိန်ကျရင် ခင်ဗျားရဲ့အကူအညီက မရှိမဖြစ် လိုအပ်လာလိမ့်မယ်။ ခင်ဗျားရဲ့လက်ရှိကျင့်စဉ်အဆင့်က မလုံလောက်သေးဘူး" ချူးယွင်ဖန်းက ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ၊ စီနီယာချူး" ယူချူးယွင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ချူးယွင်ဖန်း၏ စကားများအရ သူသည် ယူချူးယွင်ကို ထူးချွန်တပည့်အဖြစ် လေ့ကျင့်ပေးမည့်ဟန်ရှိသည်။ ယူချူးယွင်၏ အရည်အချင်းဖြင့်ဆိုလျှင် ဘဝတစ်သက်လုံး ထူးချွန်တပည့်ဖြစ်လာနိုင်မည် မဟုတ်ချေ။ အဆင့်တစ်ခုသာ ခြားနားသည်ဟု ထင်ရသော်လည်း ၎င်းသည် လူအများအတွက် ကျော်ဖြတ်ရန် အလွန်ခက်ခဲသည်။ သူသည် ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ ရောက်ရှိရန် မဖြစ်နိုင်ခြင်းမဟုတ်ပေ။ သို့သော် သတ်မှတ်ထားသော အသက်အရွယ်ကျော်လွန်သွားပါက တပည့်စာရင်းမှ ပယ်ဖျက်ခံရကာ ဂိုဏ်း၏ မန်နေဂျာတစ်ဦးသာ ဖြစ်သွားပေလိမ့်မည်။ ထိုလူများသည် အသက်အရွယ်ကြီးရင့်၍ အလားအလာ သိပ်မရှိကြသဖြင့် ကြယ်ကြွေကောင်းကင်ဂိုဏ်းသည် ၎င်းတို့၏အရင်းအမြစ်များကို အလဟဿ မဖြုန်းတီးလိုကြပေ။

ကနဦးတွင် ထိုအခြေအနေသည် သူ့အတွက် နောက်ဆုံးလမ်းကြောင်းဖြစ်လာနိုင်သော်လည်း ချူးယွင်ဖန်း၏ အကူအညီကြောင့် အရာအားလုံး ပြောင်းလဲသွားတော့မည်ဖြစ်သည်။ သူသည် အသက်အရွယ်ကန့်သတ်ချက် မပြည့်မီ အဆင့်ဖြတ်ကျော်နိုင်ကာ ထိတ်တန်းတပည့်တစ်ဦးဖြစ်လာနိင်သည်။ ထိုအခါ သူ၏ အဆင့်အတန်းသည် လုံးလုံးလျားလျား ပြောင်းလဲသွားပေလိမ့်မည်။

သို့သော် ယူချူးယွင်သည် ချူးယွင်ဖန်းကို အကဲမခတ်နိုင်ကြောင်း သတိပြုမိလိုက်သည်။ ယခင်က ချူးယွင်ဖန်း၏ စွမ်းရည်ကို အနည်းငယ် ခန့်မှန်းမိသယောင်ရှိခဲ့သော်လည်း ယခုအခါ ချူးယွင်ဖန်း၏ အကြည့်များသည် စကြဝဠာကဲ့သို့ နက်ရှိုင်းနေသည်။ ယူချူးယွင်သည် သူ၏ ခံစားချက်များ မမှားယွင်းကြောင်း သိနေသည်။ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ချူးယွင်ဖန်း၏ ကျင့်စဉ်များ ထပ်မံတိုးတက်သွားခြင်းသာဖြစ်နိုင်သည်။ သို့သော် သူသည် မည်သည်ကိုမျှ မသံသယဖြစ်မိဘဲ ချူးယွင်ဖန်းအတွက် ဝမ်းသာနေမိသည်။ ယခုအခါ ချူးယွင်ဖန်းသည် သူ​၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့်အပြင် သူ့နှင့် လှေတူစီးနေသူလည်းဖြစ်သည်။ ထို့ကြောင့် ချူးယွင်ဖန်းက အင်အားကြီးမားလေ၊ ယူချူးယွင်အတွက် ပို၍ အကျိုးရှိလေဖြစ်သည်။ တစ်ချိန်တည်းမှာပင် ချူးယွင်ဖန်း၏ တိုးတက်မှုနှုန်းကြောင့် သူ အံ့အားသင့်နေမိသည်။ ချူးယွင်ဖန်း​၏ ကျင့်စဉ်များသည် ရက်အနည်းငယ်အတွင်း ဤမျှတိုးတက်သွားခဲ့သည်။

ချူးယွင်ဖန်းသည် ယူချူးယွင်ကို ယခင်ကပေးခဲ့သည့် ဆေးလုံးဆယ်လုံး ထပ်မံပေးအပ်ကာ သူ့ကို အားကိုးလိုသည့် အတွင်းစည်းတပည့်များထံ ပေးခိုင်းလိုက်သည်။ ချူးယွင်ဖန်းသည် သူ၏နောက်လိုက်များနှင့်ပတ်သက်၍ ဘယ်သောအခါမျှ ကပ်စေးမနည်းခဲ့ပေ။ ထို့အပြင် နောင်တစ်ချိန်တွင် စစ်တပ်ကို ထိန်းချုပ်နိုင်ရန် ဤလူများ လိုအပ်သည်။ မြင်းများကို ပြေးစေချင်လျှင် မြင်းစာကျွေးရမည်ဖြစ်သည်။

ယူချူးယွင် ထွက်ခွာသွားပြီးနောက် ချူးယွင်ဖန်းသည် စစ်တပ်သို့ ဝင်ရောက်လိုသည့် ဆန္ဒကို ဂိုဏ်းထံ တင်ပြလိုက်သည်။ ပြီးနောက် တော်ဝင်တရားရုံးမှ တာဝန်ပေးအပ်မှုကို စောင့်ဆိုင်းလျက် တောင်မြစ်ပန်းချီကားထဲသို့ ဝင်ရောက်ကာ လက်ရှိကျင့်စဉ်ကို ပြန်လည်စုစည်းနေသည်။ ကြီးမြတ်သော တရှ၏ တော်ဝင်မြို့တော်တွင် ဟွန်ထျန်မြို့ဝန်၏ အိမ်တော်ဧည့်ခန်း၌ ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် အဓိကထိုင်ခုံတွင် ထိုင်နေသည်။ သူ၏ မျက်နှာသည် ရေကဲ့သို့ အေးစက်နေသော်လည်း သာမန်လူများ မမီနိုင်သည့် ဂုဏ်ကျက်သရေများ ပိုင်ဆိုင်ထားသည်။

သူ့အရှေ့တွင် တော်ဝင် ရုံးတော်အဝတ်အစားများ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးရှိနေသည်။ ထိုအမျိုးသားသည် လီချန်းယွမ် ခေါ် ဟွန်ထျန်မြို့ဝန်ကို လေးစားစွာ ကြည့်နေသည်။ အကြောင်းမှာ လီချန်းယွမ်သည် ခရမ်းရောင်မိုးကြိုးဓားပြည်နယ်ကို ပြန်လည်သိမ်းပိုက်ရန် တပ်မတော်ကို ဦးဆောင်ခဲ့သူဖြစ်သောကြောင့်ဖြစ်သည်။

လီချန်းယွမ်သည် လက်ရှိတွင် ကြီးမြတ်သော တရှရှိ တော်ဝင်တရားရုံး၏ အာရုံစိုက်အခံရဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ဘုရင်မင်းမြတ်၏ အထူးယုံကြည်မှု ရရှိထားသူဖြစ်၍ ခရမ်းရောင်မိုးကြိုးပြည်နယ်ကို သိမ်းပိုက်ရန် တပ်ဖွဲ့တစ်ခု ဦးဆောင်ခွင့်ရရှိခဲ့သည်။ ဤသည်မှာ အောင်မြင်မှုမှတ်တမ်းနှင့် ဂုဏ်ပုဒ်များ ရယူစေလိုခြင်းကြောင့်ဖြစ်သည်။ လူအများက ဤအခွင့်အရေးကို လုယူလိုကြသော်လည်း နောက်ဆုံးတွင် လီချန်းယွမ်ထံသို့သာ ကျရောက်သွားသည်။ သူသည် မည်မျှအထိ မျက်နှာသာပေးခံရသည်ကို လူတိုင်း ခန့်မှန်းနိုင်ကြသည်။

အထူးသဖြင့် လီချန်းယွမ်သည် ဤမျှငယ်ရွယ်သည့် အရွယ်တွင် ကြောက်မက်ဖွယ်ကျင့်စဉ်ကို ပိုင်ဆိုင်ထားသည်။ သူသည် နောင်တစ်ချိန်တွင် မြို့စားအဆင့်သို့ပင် ရောက်ရှိနိုင်ခြေရှိသည်။ ယခုအခါ တော်ဝင်တရားရုံးရှိ အရာရှိအများစုသည် သူ၏ လက်အောက်သို့ ခိုလုံလိုကြသော်လည်း လမ်းကြောင်းရှာမတွေ့ကြပေ။

"မြို့ဝန် အထူးအာရုံစိုက်ခိုင်းထားတဲ့ ချူးယွင်ဖန်းနဲ့ပတ်သက်တဲ့ သတင်းရထားပါတယ်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းကနေ သူ အခု စစ်တပ်ထဲဝင်လိုကြောင်း တင်ပြလာပါတယ်။ ထုံးစံအတိုင်းဆိုရင် ဂိုဏ်းကြီးဆယ်ခုရဲ့ ထူးချွန်တပည့်တွေဟာ တပ်ရင်းမှူးအဖြစ် ထမ်းဆောင်ခွင့်ရပြီး လူငါးရာကို ဦးဆောင်ခွင့်ရှိပါတယ်" အရာရှိက တင်ပြလာသည်။

ယေဘုယျအားဖြင့် ထိုသို့သော ခန့်အပ်မှုများသည် စစ်ဝန်ကြီးဌာန၏ အာဏာအောက်တွင် တည်ရှိသောကြောင့် နာမည်ကြီး မြို့ဝန်များပင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပေ။ သို့သော် ဤကိစ္စသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ သာမန်ထူးချွန်တပည့်တစ်ဦးသာဖြစ်သဖြင့် ပြဿနာ မဟုတ်ပေ။ ထိုကဲ့သို့သော ထူးချွန်တပည့်များသည် နှစ်စဉ်နှစ်တိုင်း အများအပြား ထွက်ပေါ်လေ့ရှိသည်။ ၎င်းတို့ကို မည်သူမျှ မသိစေဘဲ စီမံခန့်ခွဲနိုင်သည်။

ချူးယွင်ဖန်း၏ အမည်ကို ကြားလိုက်ရသည်နှင့် လီချန်းယွမ်၏ မျက်နှာကြွက်သားများ အနည်းငယ် တုန်ယင်သွားသည်။ ချူးယွင်ဖန်းသည် သူ့ကို အကောက်ကြံစည်ပြီးနောက် နောက်ဆုံးတွင် ထွက်ပြေးလွတ်မြောက်သွားသည့် အဖြစ်အပျက်များကို ပြန်တွေးမိသွားသည်။ ဤသည်မှာ သူ့ဘဝတွင် တစ်ခါမှ မကြုံဖူးသည့် ကြီးမားသော အရှက်တကွဲအကျိုးနည်းဖြစ်မှုဖြစ်သည်။

သူသည် မွေးကတည်းက သိုင်းပညာဆိုင်ရာ ပါရမီရှင်တစ်ဦးဖြစ်ခဲ့သည်။ ငယ်စဉ်ကပင် ထူးခြားသည့် အခွင့်အရေးရရှိကာ ရှေးဟောင်းအမွေအနှစ်ကို ပိုင်ဆိုင်ပြီးနောက် ငယ်ရွယ်စဉ် စစ်တပ်ထဲသို့ ဝင်ရောက်ကာ ဆယ်နှစ်မပြည့်မီ ကြီးမြတ်သော တရှ၏ ဟွန်ထျန်မြို့ဝန်ဖြစ်လာခဲ့သည်။ သူ၏ ဘဝသည် အလွန်ချောမွေ့ခဲ့သော်လည်း ဤတစ်ကြိမ်တွင် ချူးယွင်ဖန်းလက်ချက်ကြောင့် ရှုံးနိမ့်ခဲ့ရသည်။ သူ့ကို အရှက်ရစေသည့်အပြင် တော်ဝင်မြို့တော်သို့ ပြန်လာကာ ခြောက်လကြာ ဆေးကုသရသည်အထိ ပြုလုပ်ခဲ့သည့် ချူးယွင်ဖန်းကို သူ မည်သို့မျှ မမုန်းဘဲ နေနည်း။

"သူ တော်တော် သတ္တိရှိနေတာပဲ။ သူ ဘယ်တော့မှ ပြန်မလာနိုင်တော့မယ့် နေရာမျိုးကို ကျုပ် စီစဉ်ပေးလိုက်မယ်"

အခန်း (၁၇၁၆) လီချန်းယွမ်ကို မကြာခင် သတ်ဖြတ်ရမယ်

မကြာမီတွင် ဧကရာဇ်နန်းတော်မှ ကြယ်ကြွေကောင်းကင်ဂိုဏ်းသို့ ခန့်အပ်လွှာတစ်စောင် ရောက်ရှိလာသည်။ ထိုစာ၏ အကြောင်းအရာသည် လျှို့ဝှက်ချက်မဟုတ်သဖြင့် ကြယ်ကြွေကောင်းကင်ဂိုဏ်းအတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။ ထိုအခါ ချူးယွင်ဖန်းအား ပေါင်ထိုက်မြို့၏ ဗိုလ်မှူးကြီးအဖြစ် ခန့်အပ်လိုက်ကြောင်း လူတိုင်း သိလိုက်ရသည်။

"ပေါင်ထိုက်မြို့တဲ့လား။

အဲ့ဒါအနောက်ဘက်နယ်စပ်က မြို့မဟုတ်ဘူးလား" လူအချို့က အံ့အားသင့်စွာ မေးမြန်းလိုက်ကြသည်။

"ဟုတ်တယ်။ အဲဒီမြို့က ဗိုလ်မှူးအချို့ သေသွားကြတယ်လို့ ကျုပ် ကြားတယ်။ သူတို့အားလုံးက ဒြပ်မဲ့ကျွမ်းကျင်အဆင့်ရဲ့ အထွတ်အထိပ်မှာရှိတဲ့ ဝါရင့်ကျင့်ကြံသူတွေချည်းပဲ၊ ဒါပေမယ့် သူတို့အားလုံး ဘာကြောင့်မှန်း မသိရဘဲ သေသွားကြတာလေ"

"မှန်တယ်၊ ပေါင်ထိုက်မြို့ရဲ့ အခြေအနေက အရမ်းရှုပ်ထွေးတယ်။ အနောက်ဘက်မှာ နတ်ဆိုးမျိုးနွယ်စု၊ မြောက်ဘက်မှာ ဟူမျိုးနွယ်စု၊ တောင်ဘက်မှာ လူရိုင်းမျိုးနွယ်စုတွေနဲ့ ရင်ဆိုင်နေရတာ။ အဲဒီမျိုးနွယ်စုသုံးခုကြားက နယ်စပ်အကြောင်းကို ကျုပ်တောင် ကြားဖူးတယ်"

"နန်းတော်ထဲက လူအချို့က ချူးယွင်ဖန်းရဲ့ မာန်စွယ်ကို သိပ်သဘောမကျကြဘူးနဲ့တူတယ်"

"သူ ခဏနေ သေသွားရင်တောင် မထူးဆန်းတော့ဘူး"

ခြံဝင်းအတွင်းတွင် ချူးယွင်ဖန်းသည် ဧကရာဇ်နန်းတော်မှ ရရှိသော ခန့်အပ်လွှာကို ကိုင်ထားသည်။ သူသည် ပေါင်ထိုက်မြို့၏ ဗိုလ်မှူးကြီးအဖြစ် ခန့်အပ်ခံလိုက်ရသည်။ ချူးယွင်ဖန်းက ခေတ္တ စဥ်းစားလိုက်သည်။ ကြီးမြတ်သော တရှ၏ စစ်ရေးစနစ်အရ ဒေသဆိုင်ရာ တပ်စခန်းများ၏ ဗိုလ်မှူးကြီးများသည် ဒုတိယတန်းစား တပ်ဖွဲ့များတွင် ပါဝင်သည်။ ဗိုလ်မှူးကြီးတစ်ဦးသည် များသောအားဖြင့် လူ ၅၀၀ ခန့်ပါဝင်သော တပ်ဖွဲ့ကို တာဝန်ယူလေ့ရှိသည်။ ၎င်းသည် ပုံမှန်ခန့်အပ်မှုတစ်ခုသာဖြစ်သည်။ ထူးခြားသောအချက်မှာ သူ သွားရောက် တာဝန်ထမ်းဆောင်ရမည့် နေရာဖြစ်သည်။ ဤသည်မှာ အနောက်ဘက်နယ်စပ်ရှိ ပေါင်ထိုက်မြို့ဖြစ်သည်။

"စီနီယာချူး၊ သူတို့တွေ ကျွန်တော်တို့ကို ပစ်မှတ်ထားနေတာ သေချာတယ်။ မဟုတ်ရင် လူသစ်တစ်ယောက်ကို ဘာကိစ္စနဲ့ နယ်စပ်ကို ပို့ရတာလဲ။ လူသစ်တွေကို များသောအားဖြင့် မြို့တော်ထဲက ပြည်နယ်တစ်ခုခုမှာ တာဝန်ပေးလေ့ရှိတာမဟုတ်ဘူးလား" ယူချူးယွင်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"ဒါ ဝမ်ယိဖန်ရဲ့ လက်ချက်ပဲဖြစ်ရမယ်"

"မဟုတ်ဘူး၊ ဝမ်ယိဖန်မှာ အဲဒီလောက် လုပ်နိုင်စွမ်း မရှိဘူး" ချူးယွင်ဖန်းက ခေါင်းခါလိုက်သည်။

ဤကာလအတွင်း ချူးယွင်ဖန်းသည် ကြီးမြတ်သော တရှ၏ စနစ်အမျိုးမျိုးကို နားလည်အောင် လေ့လာခဲ့သည်။ ကြီးမြတ်သော တရှတွင် စစ်ဝန်ကြီးဌာနသည် စစ်ရေးကိစ္စရပ်များကို တာဝန်ယူရသည်။ စစ်ဝန်ကြီးဌာနအထက်တွင် တိုက်ရိုက်အကြီးအကဲဖြစ်သော စစ်သေနာပတိချုပ်ရုံး တည်ရှိသည်။ စစ်သေနာပတိချုပ်သည် မြို့စားသုံးဦးအနက် တစ်ဦးအပါအဝင်ဖြစ်သည့်အပြင် ကြီးမြတ်သော တရှ၏ ထိပ်တန်း သိုင်းပညာရှင်များထဲရှိ တစ်ယောက်ဖြစ်သည်။ သူ၏ ကျင့်စဉ်သည် နက်နဲလှသည့်အပြင် ကမ္ဘာပေါ်တွင် ထိပ်တန်းကျွမ်းကျင်သူများအနက် ပါဝင်သူဖြစ်သည်။ သို့သော် စစ်သေနာပတိချုပ်ရုံးသည် များသောအားဖြင့် မဟာဗျူဟာအစီအစဉ်များသာ ရေးဆွဲလေ့ရှိသောကြောင့် ဝန်ထမ်းခန့်အပ်မှုများတွင် ဝင်ရောက်စွက်ဖက်လေ့မရှိပေ။

ဝန်ထမ်းခန့်အပ်မှုများကို စစ်ဝန်ကြီးဌာနကသာ အကဲဖြတ်ကြသည်။ ဤဝန်ကြီးဌာနသည် နိုင်ငံတော်၏ ဝန်ကြီးဌာနခြောက်ခုအနက် တစ်ခုဖြစ်၍ အလွန်မြင့်မားသော ရာထူးနှင့် ဩဇာအာဏာရှိသည်။ ၎င်းတို့သည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်နှင့်ပင် ယှဉ်ပြိုင်နိုင်သည်အထိ အဆင့်အတန်းမြင့်မားကြသည်။

ထို့ကြောင့် ဝမ်ယိဖန်တွင် စစ်ဝန်ကြီးဌာန၏ ခန့်အပ်မှုကို စွက်ဖက်နိုင်သည့် အရည်အချင်းဟူ၍ မည်သည်ရှိသနည်း။ ၎င်းသည် အနည်းငယ်မျှ ဖြစ်နိုင်ခြေမရှိပေ။ ဝမ်ယိဖန်သည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အစစ်အမှန်တပည့်တစ်ယောက်ဖြစ်သည့်အတွက် ဂုဏ်ရှိသော်လည်း စစ်ဝန်ကြီးဌာနကဲ့သို့ ဧရာမအဖွဲ့အစည်းကြီးရှေ့တွင် မပြောပါ့လောက်ပေ။ စစ်ဝန်ကြီးဌာနသည် သူ့ကို အနည်းငယ်ပင် ဂရုစိုက်မည်မဟုတ်ပေ။

ချူးယွင်ဖန်းသည် နောက်ထပ်လူတစ်ယောက်ကို တွေးမိသွားသည်။ သူသည် ဟွန်ထျန်မြို့ဝန် လီချန်းယွမ်ဖြစ်သည်။ အကယ်၍ သူသာ စစ်ဝန်ကြီးဌာနအပေါ် ဩဇာသက်ရောက်နိုင်လောက်သည့် အာဏာရှိသူကို စော်ကားမိခဲ့သည်ဆိုပါက၊ ထိုလူသည် လီချန်းယွမ်သာဖြစ်ပေလိမ့်မည်။ ထိုသတင်းစကားများစွာသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းအတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ အထူးသဖြင့် ချူးယွင်ဖန်းသည် နန်းတော်ထဲရှိ အကြီးအကဲတစ်ယောက်ကို စော်ကားမိသည်ဟူသော သတင်းသည် ပိုမိုလျင်မြန်စွာ ပျံ့နှံ့သွားသည်။ မကြာမီတွင် ပိုမိုတိကျသော သတင်းများ ရောက်ရှိလာသည်။

ချူးယွင်ဖန်းကို ပစ်မှတ်ထား၍ သူ၏ တာဝန်ထမ်းဆောင်ရာနေရာကို ပြောင်းလဲပစ်လိုက်သူသည် ယခု အာဏာအရှိဆုံးဖြစ်နေသည့် လီချန်းယွမ်ဖြစ်သည်။

ဤသတင်းကို ကြားပြီးနောက် လူအများ အသက်ရှူမှားသွားကြသည်။ ချူးယွင်ဖန်းသည် လီချန်းယွမ်ကို မည်သို့စော်ကားမိသနည်းဟု လူများ မေးခွန်းထုတ်နေကြသည်။ ချူးယွင်ဖန်းသည် ဝမ်ယိဖန်ကို စော်ကားထားသော်လည်း လီချန်းယွမ်နှင့် ယှဉ်လိုက်ပါက ဝမ်ယိဖန်သည် မပြောပါ့လောက်ပေ။ ၎င်းတို့သည် အဆင့်အတန်းချင်း မတူညီကြပေ။ လီချန်းယွမ်တစ်ယောက်ကို စော်ကားခြင်းသည် ဝမ်ယိဖန်ဆယ်ယောက် သို့မဟုတ် အယောက်တစ်ရာကို စော်ကားခြင်းထက် ပို၍ ဆိုးရွားပေသည်။ သူသည် လူငယ်မျိုးဆက်၏ ပထမဦးဆုံး မြို့ဝန်ဖြစ်သည့်အပြင် သူ၏ ကျင့်စဉ်သည် အလွန်နက်နဲလှသည်။ လူအများ၏ အမြင်တွင် ချူးယွင်ဖန်းနှင့် လီချန်းယွမ်တို့ကြားရှိ ကွာဟချက်သည် ကောင်းကင်နှင့် မြေကြီး သို့မဟုတ် ကောင်းကင်ယံရှိ နဂါးနှင့် မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်တို့ကဲ့သို့ ကွာခြားသည်။

ကောင်းကင်ရှိ နတ်နဂါးသည် မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်များ၏ အသံကို မည်သို့ကြောင့် ဂရုစိုက်ရမည်နည်း။ သို့သော်လည်း လီချန်းယွမ်သည် ချူးယွင်ဖန်းကို ဖိနှိပ်ရန် ကိုယ်တိုင် ထွက်လာခဲ့သည်။ လီချန်းယွမ်သည် ဤအချက်ကို ချူးယွင်ဖန်းထံမှ ဖုံးကွယ်ထားရန်ပင် မကြိုးစားခဲ့ပေ။ သူသည် အခြားသူများကိုပင် သိစေချင်နေပုံပေါ်သည်။ ချူးယွင်ဖန်းသည် သူ၏ ရန်သူဖြစ်ကြောင်း လီချန်းယွမ်က လူတိုင်းကို သတိပေးနေခြင်းဖြစ်သည်။ ချူးယွင်ဖန်းကို ကူညီဝံ့သူတိုင်းသည်လည်း သူ၏ ရန်သူ ဖြစ်လာပေလိမ့်မည်။ ဤသို့ ပြောင်ပြောင်တင်းတင်း သတိပေးချက်ကြောင့် လူအများ ကျောချမ်းသွားကြသည်။ ချူးယွင်ဖန်းသည် လီချန်းယွမ်ကို မည်မျှစော်ကားထားသည်ကို ၎င်းတို့ နားမလည်ကြပေ။ လီချန်းယွမ်ကဲ့သို့ အင်အားကြီးမားသူတစ်ဦးပင် သူ့ကို ချေမှုန်းချင်နေသည်။

"တကယ်ပဲ လီချန်းယွမ် ဖြစ်နေတာပဲ"

ချူးယွင်ဖန်းသည် ခြံဝင်းထဲရှိ ကျောက်ခုံတန်းလျားပေါ်တွင် ထိုင်၍ ယူချူးယွင် စုဆောင်းလာသော သတင်းများကို ဖတ်နေသည်။ တရားခံသည် သူ ခန့်မှန်းထားသည့်အတိုင်း လီချန်းယွမ်ဖြစ်သည်။ လီချန်းယွမ်သည် သူ၏ဝင်ရောက်စွက်ဖက်မှုကို ဖုံးကွယ်ရန်ပင် မကြိုးစားခဲ့ပေ။ ဤသည်မှာ ချူးယွင်ဖန်းကို ကူညီလိုသူတိုင်းသည် မိမိ၏ ရန်သူဖြစ်လာမည်ဟု သတိပေးလိုခြင်းဖြစ်သည်။

"ဟွန်ထျန်မြို့ဝန်..." ယူချူးယွင်၏ မျက်နှာအမူအရာ ဖြူဖျော့သွားသည်။

မိမိ၏ စီနီယာသည် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသူကို စော်ကားထားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ လီချန်းယွမ်နှင့် နှုင်းယှဉ်လျှင် ဝမ်ယိဖန်သည် မပြောပါ့လောက်ပေ။ ချူးယွင်ဖန်းသည် ဝမ်ယိဖန်အရှေ့တွင် မျက်တောင်တစ်ချက် မခတ်ခဲ့ခြင်းမှာ မထူးဆန်းတော့ပေ။ လီချန်းယွမ်ကိုပင် စော်ကားဝံ့သူအတွက် ဝမ်ယိဖန်ဟူသည် အနည်းငယ်မျှ အရေးမပါတော့ပေ။

"ဘာလဲ။ ကြောက်လို့လား" ချူးယွင်ဖန်းသည် ယူချူးယွင်ကို ကြည့်ကာ မေးလိုက်သည်။

"စီနီယာချူး၊ သုံးနှစ်အရွယ်ကလေးတောင် ဟွန်ထျန်နယ်စားအကြောင်း ကြားဖူးတယ်ဆိုပေမယ့် စီနီယာ ဒီအခြေအနေကနေ လွတ်မြောက်ဖို့ နည်းလမ်းရှိမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ယူချူးယွင်က ပြန်ဖြေလိုက်သည်။

ယူချူးယွင်သည် သူ့ကို လိမ်ညာ၍ မပြောခဲ့သောကြောင့် ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။

"လီချန်းယွမ်ဆိုတာ ဘာမှမဟုတ်ပါဘူး။ သူ ကျုပ်ကို အကြိမ်ကြိမ် ပစ်မှတ်ထားနေတာကြာပြီ။ ဘာပဲဖြစ်ဖြစ် မကြာခင် ကျုပ် သူ့ကို သတ်ပစ်မှာပါ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

"သူက အရင်တစ်ခါက ကံကောင်းသွားလို့ မသေခဲ့တာ။ နောက်တစ်ခါကျရင်တော့ ဒီလောက် ကံကောင်းမှာ မဟုတ်ဘူး"

ယူချူးယွင်သည် အနည်းငယ် မှင်သက်သွားပြီးနောက် တုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ချက်တစ်ခုကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ချူးယွင်ဖန်းသည် လီချန်းယွမ်ကို စော်ကားခဲ့ရုံတင်မကဘဲ လီချန်းယွမ်ကို အပြင်းအထန် ဒဏ်ရာရအောင် ပြုလုပ်ခဲ့ဖူးခြင်းဖြစ်လေသလော။ ချူးယွင်ဖန်း၏ လေသံအရ ထိုအချိန်၌ သူတွင် လီချန်းယွမ်ကို သတ်ဖြတ်နိုင်သည့် ခွန်အားရှိပုံရသည်။

ယူချူးယွင်သည် လီချန်းယွမ်ကဲ့သို့ အကြီးအကဲတစ်ယောက်က ချူးယွင်ဖန်းကို ကိုယ်တိုင် ပစ်မှတ်ထားရသည့် အကြောင်းရင်းကို နောက်ဆုံးတွင် နားလည်သွားသည်။

ဤလျှို့ဝှက်ချက်သာ ပျံ့နှံ့သွားပါက ကြီးမားသော ယောက်ယက်ခတ်မှုများဖြစ်ပေါ်သွားပေလိမ့်မည်။ သူသည် ဤကိစ္စ၏ အမှန်တရားကို ခန့်မှန်းရန်ပင် မဝံ့ရဲပေ။ ချူးယွင်ဖန်းက မည်သို့လုပ်ဆောင်ခဲ့သည်ကို သူ မသိသော်လည်း ဤသည်မှာ လူအများ နားမလည်နိုင်သော ပြဿနာကို ဖြေရှင်းပေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ချူးယွင်ဖန်းသည် သူ၏ သတ်ဖြတ်လိုစိတ်များကို ထိန်းချုပ်လိုက်သည်။ လီချန်းယွမ်သည် မိမိကို အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့သဖြင့် လီချန်းယွမ်ကို ရန်သူတော်အဖြစ် သူ သတ်မှတ်ထားပြီးဖြစ်သည်။ ၎င်းတို့သည် မကြာမီတွင် တိုက်ပွဲတစ်ခုနှင့် ရင်ဆိုင်ရပေလိမ့်မည်။

All Chapters