← Chapters

အခန်း (၁၇၂၃-၁၇၂၅)

Vol. 115 Ch. 1723-1725

အခန်း (၁၇၂၃-၁၇၂၅)

Vol. 115 Ch. 1723-1725

အခန်း (၁၇၂၃) ရက်စက်သော ရှင်းလင်းမှု၊ သွေးမြစ်

စစ်တပ်၏ စည်ကို သုံးကြိမ်တီးခတ်ပြီးနောက် ချူးယွင်ဖန်း၏ ရုံးခန်းအရှေ့တွင် လူတစ်ဒါဇင်ခန့်သာ ရပ်တန့်နေကြသည်။ ၎င်းတို့သည် တပ်ကြပ်များသာဖြစ်ကြကာ တပ်မှူးအဆင့်ရှိသူဟူ၍ တစ်ဦးသာ ပါဝင်သည်။

"ဒီလောက်ပဲ ရောက်လာကြတာလား" ချူးယွင်ဖန်းသည် သူ့အရှေ့ရှိ ငေးငိုင်နေသော လူတစ်ဒါဇင်ခန့်ကို တစ်ချက်ကြည့်လိုက်သည်။

အဆိုပါအရာရှိများသည် ချူးယွင်ဖန်းကို အနည်းငယ် ကြောက်ရွံ့စွာ ကြည့်နေကြသည်။ ဤဗိုလ်မှူးကြီးအသစ်သည် မကောင်းသောရည်ရွယ်ချက်ဖြင့် ရောက်ရှိလာပုံရသည်။ ယခင်က ရောက်ရှိလာသည့် ဗိုလ်မှူးကြီးများသည် ဂိုဏ်းအသီးသီးမှ ဆင်းသက်လာကြ၍ အချို့သည် တော်ဝင်နန်းတော်၏ အဓိကအင်အားစုများဖြင့်ပင် ဆက်နွယ်နေကြသည်။ ၎င်းတို့သည် ကြီးမားသော ပံ့ပိုးမှုများ လုပ်ဆောင်ရန် ရောက်ရှိလာကြခြင်းဖြစ်သည်။

"သိပ်ကောင်းတယ်" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

"ယုချူးယွမ်၊ စည်းကမ်းအတိုင်း စည် သုံးကြိမ်တီးပြီးတဲ့အထိ မလာရောက်သူတွေကို ကျုပ်တို့ ဘယ်လိုကိုင်တွယ်ကြမလဲ"

"ခေါင်းဖြတ်ကွပ်မျက်ရမှာပါ စီနီယာချူး" ယုချူးယွမ်က ကျယ်လောင်စွာ ပြန်ပြောလာသည်။

အရာရှိများ၏ မျက်နှာများ ဖြူဖျော့သွားကြသည်။ စစ်ဥပဒေအရ ခေါင်းဖြတ်သတ်နိုင်သော အခြေအနေပေါင်း ဒါဇင်နှင့်ချီရှိသည်။ ၎င်းတို့အနက် တစ်ခုသည် သတ်မှတ်ချိန်အတွင်း မရောက်ရှိလျှင် ခေါင်းဖြတ်ခံရနိုင်ခြင်းဖြစ်သည်။ သို့သော်လည်း ဤဒုတိယတန်းစားတပ်များ အမြဲတစေ ပေါ့လျော့စွာ ပြုမူတတ်ကြ၍ ပေါင်ထိုက်မြို့၏ ကာကွယ်ရေးတပ်သားများသည်လည်း အချိန်ကြာမြင့်စွာ စည်းကမ်းမဲ့စွာ နေထိုင်ခဲ့ကြသည်။ ၎င်းတို့သည် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းရှိသော်လည်း အခြားသူများ ကျဆုံးခြင်းကိုမူ တားဆီးနိုင်စွမ်း မရှိပေ။

"ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီးကို အကြောင်းကြားသင့်ပါမလား" ထိုနေရာတွင်ရှိနေသည့် တစ်ဦးတည်းသော တပ်မှူးက သတိကြီးစွာ မေးလိုက်သည်။

"မလိုဘူး ကျုပ်က ဒီတပ်စခန်းရဲ့ဗိုလ်မှူးကြီးပဲ။ အမိန့်ပေးလိုက်၊ မလာရောက်တဲ့ လူအားလုံးကို ခေါင်းဖြတ်သတ်ပြီး သူတို့ခေါင်းတွေကို စခန်းအရှေ့မှာ သတိပေးချက်အနေနဲ့ ချိတ်ဆွဲထားလိုက်" ချူးယွင်ဖန်းက အေးစက်စွာ ရယ်မောလိုက်သည်။

ရှုပ်ထွေးနေသော ကမ္ဘာကြီးတွင် ပြင်းထန်သော ဥပဒေများကို အသုံးပြုရမည်ဖြစ်ရာ အထူးသဖြင့် စစ်တပ်အတွင်း ပို၍ပင် ပြင်းထန်စွာ ဆောင်ရွက်ရမည်ဖြစ်သည်။ သနားညှာတာမှု ပြသလိုက်ပါက ဤပျက်စီးနေသော စစ်သားများသည် ၎င်းတို့​၏ခေါင်းပေါ်သို့ တက်နင်းသွားပေလိမ့်မည်။

"ယုချူးယွမ်၊ ကျုပ်တို့ လူတွေကို ခေါ်သွားပြီး အားလုံးကို ဖမ်းလာခဲ့"

"ဟုတ်ကဲ့၊ စီနီယာချူး" ယုချူးယွမ်က ပြန်ဖြေပြီးနောက် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်ဆယ်ဦးကို ခေါ်ဆောင်ကာ တောင်ပေါ်မှ ဆင်းလာသည့် ကျားများကဲ့သို့ ရုံးခန်းအပြင်ဘက်သို့ ထွက်ခွာသွားသည်။

အမွေးတိုင်တစ်တိုင်စာမျှသာ ကြာမြင့်ချိန်တွင် စခန်းအတွင်းရှိ တာဝန်ပျက်ကွက်ခဲ့သော အရာရှိများအားလုံးကို ဖမ်းဆီး၍ ဗိုလ်မှူးကြီး ရုံးခန်းအရှေ့တွင် ဒူးထောက်စေခိုင်းလိုက်ကြသည်။ အဆိုပါအရာရှိများသည် စစ်တပ်တွင် အကောင်းဆုံးများဖြစ်ကြသော်လည်း ၎င်းတို့၏ ကျင့်ကြံမှုသည် ယုချူးယွမ်တို့နှင့် မယှဉ်နိုင်ပေ။ ခုခံသူများကို သေလုမျောပါးဖြစ်သည်အထိ ရိုက်နှက်ပြီးနောက် ခွေးသေကောင်များကဲ့သို့ ဆွဲခေါ်လာကြသည်။

"ခင်ဗျား ကျုပ်ကို မသတ်ရဲပါဘူး။ ကျုပ်က တော်ဝင်နန်းတော်က အရာရှိပဲ"

"ကျုပ်ကို မသတ်ပါနဲ့။ ကျုပ်က ချန်မိသားစုဝင်ပါ။ ခင်ဗျား ကျုပ်ကို သတ်ရင် ချန်မသားစုက ခင်ဗျားကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး"

"ကျေးဇူးပြုပြီး ကျွန်တော့်ကို အသက်ချမ်းသာပေးပါ။ ဗိုလ်မှူးကြီး"

ဤလူများသည် ဆဲဆိုခြင်း သို့မဟုတ် အသက်ချမ်းသာပေးရန် တောင်းဆိုနေကြသော်လည်း ချူးယွင်ဖန်း၏ ဆုံးဖြတ်ချက်ကို မလှုပ်ခတ်နိုင်ကြပေ။ သူ၏အမိန့်ဖြင့် အဆိုပါအရာရှိများ ခေါင်းဖြတ်ခံလိုက်ရသည်။ ထိတ်လန့်နေသော အမူအရာများ ပါရှိနေသည့် ၎င်းတို့၏ ဦးခေါင်းများကို စခန်းအတွင်းရှိ စစ်သားအားလုံး မြင်နိုင်စေရန် အလံတိုင်များတွင် ချိတ်ဆွဲထားလိုက်သည်။ စစ်တပ်စခန်းလုံး ချက်ချင်းပင် တုန်လှုပ်သွားကြသည်။ ဤတစ်ကြိမ်တွင် ခက်ထန်သော ဗိုလ်မှူးကြီးတစ်ဦးရောက်ရှိလာကြောင်း လူတိုင်း သိရှိသွားကြသည်။ ယခင် ဗိုလ်မှူးကြီးများသည် သန်မာသူများဖြစ်ကြသော်လည်း ချူးယွင်ဖန်းကဲ့သို့ အခြေအတင် ပြောဆိုရန် အခွင့်အရေးမပေးဘဲ ခေါင်းဖြတ်ကွပ်မျက်ခြင်း မရှိခဲ့ဖူးပေ။ ချူးယွင်ဖန်းကို အလွယ်တကူ အနိုင်ကျင့်နိုင်မည်ဟု မည်သူမျှ မထင်ရဲတော့ပေ။

ဤအရာရှိများကို သတ်ဖြတ်ပြီးနောက် ချူးယွင်ဖန်းသည် စိတ်မကျေနပ်သေးပေ။ သူသည် ယုချူးယွမ်နှင့် အခြားလူများကို စတင်လှုပ်ရှားရန် အမိန့်ပေးလိုက်သည်။ အခြားအရာရှိများ၏ လမ်းညွှန်မှုဖြင့် ကျန်ရှိနေသော စစ်သား ဒါဇင်ခန့်ကို ပြည့်တန်ဆာအိမ်များနှင့် လောင်းကစားရုံများမှ ဆွဲထုတ်လာသည်။ ၎င်းတို့သည်လည်း ဖမ်းဆီးခံရပြီးနောက် ခေါင်းဖြတ်ကွပ်မျက်ခံလိုက်ရသည်။

ချူးယွင်ဖန်း ဖန်တီးလိုက်သော မုန်တိုင်းသည် စစ်စခန်းကိုသာမကဘဲ ပေါင်ထိုက်မြို့ရှိ အဓိကအင်အားစုများကိုပင် တုန်လှုပ်သွားစေသည်။ ချူးယွင်ဖန်းသည် တိတ်တဆိတ် ရောက်ရှိလာခြင်း ဖြစ်သည်။ မြို့သို့ ရောက်ရှိပြီးနောက် ဒုဗိုလ်မှူးကြီး၏ နေအိမ်သို့ မသွားဘဲ စစ်စခန်းသို့ တိုက်ရောက်သွားရောက်ခဲ့သည်။ လူများစွာသည် ဗိုလ်မှူးကြီးအသစ် ရောက်ရှိလာခြင်းကို မသိကြသော်လည်း ယခုအခါ ချူးယွင်ဖန်းသည် သူ၏ဖြစ်တည်မှုကို ပြင်းထန်သော နည်းလမ်းဖြင့် ကြေညာလိုက်သည်။ ဤပြင်းထန်သော နည်းလမ်းဟူသည် စီတန်းနေသော ဦးခေါင်းများဖြစ်သည်။

အဆိုပါအရာရှိများကို သတ်ဖြတ်ပြီးနောက် ချူးယွင်ဖန်းသည် ကျန်ရှိသော စစ်သားများအနက် တပ်ကြပ်နှင့် တပ်စုမှူးကဲ့သို့သော အဆင့်နိမ့်အရာရှိများ ရွေးချယ်ရန် စီစဉ်လိုက်သည်။ ချူးယွင်ဖန်းသည် ပြည်ထာင်စုတွင် စစ်တပ်ကို ဦးဆောင်ခဲ့သူဖြစ်သည့်အတွက် ဤကိစ္စများနှင့် အလှမ်းဝေးသူ မဟုတ်ပေ။

သူ၏ ထိန်းချုပ်မှုအောက်တွင် ကိစ္စရပ်များ အလွယ်တကူ ဖြေရှင်းသွားသည်။ စစ်စခန်းတစ်ခုလုံး ယခင်ကဲ့သို့ အသက်မမဲ့တော့ဘဲ ချက်ချင်းပင် သက်ဝင်လှုပ်ရှားလာသည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏လက်အောက်ငယ်သားများကို တပ်မှူးနှင့် လက်ထောက်တပ်မှူးများအဖြစ် ခန့်အပ်လိုက်သည်။ ယုချူးယွမ်ကို ဒုဗိုလ်မှူးကြီးအဖြစ် ခန့်အပ်လိုက်သောကြောင့် ချူးယွင်ဖန်းပြီးလျှင် စစ်တပ်၏ ဒုတိယမြောက် အာဏာဩဇာအရှိဆုံးလူဖြစ်လာသည်။ ပြီးနောက် ချူးယွင်ဖန်းသည် ယခင် ဒုဗိုလ်မှူးကြီးကို ရာထူးမှ ထုတ်ပယ်ကြောင်း ကြေညာလိုက်သည်။

ဤအရာရှိများသည် အဆင့်နိမ့် အရာရှိများဖြစ်သောကြောင့် ချူးယွင်ဖန်း စိတ်ကြိုက် စီစဉ်နိုင်သည့်အပြင် ကြီးမြတ်သော တရှ၏ စစ်ရေးဝန်ကြီးဌာနသည် ဤကိစ္စများကို အာရုံစိုက်မည် မဟုတ်ပေ။ ၎င်းတို့သည် မိမိတန်ဖိုးကို သက်သေပြရန်သာ လိုအပ်သည်။ ဗိုလ်မှူးကြီးတစ်ဦးဆိုသည် ကြီးမြတ်သောတရှရှိ စစ်ရေးဝန်ကြီးဌာန၏ အမြင်တွင် အရာရှိငယ်တစ်ဦးသာဖြစ်သည်။ လီချန်းယွမ်ကြောင့်သာ မဟုတ်လျှင် မည်သူမျှ သူ့ကို ဂရုစိုက်မည် မဟုတ်ပေ။

သို့သော်လည်း ပေါင်ထိုက်မြို့၏ ဒုဗိုလ်မှူးကြီးသည် သူ့အရှေ့တွင် ပေါ်မလာခဲ့ပေ။ ချူးယွင်ဖန်းသည် ထိုကိစ္စအတွက် အနည်းငယ်မျှ အလျင်စလိုမဖြစ်မိပေ။ သူသည် ဤနေရာရှိ လူများကို ဖိနှိပ်ရန် သူ၏ အကြွင်းမဲ့ အာဏာကို အသုံးပြုနေခြင်းဖြစ်သည်။ ထိုလူ ပေါ်မလာပါက ချူးယွင်ဖန်းသည် သူ့ကို စစ်ပြေးတစ်ဦးအဖြစ် တိုင်ကြားမည်ဖြစ်၍ ထိုဒုဗိုလ်မှူးကြီးသည် အဆိုးရွားဆုံး သေခြင်းတရားနှင့် ကြုံတွေ့ရပေလိမ့်မည်။ ကြီးမြတ်သော တရှသည် စစ်ပြေးများကို အလွန်ပြင်းထန်စွာ အပြစ်ပေးလေ့ရှိ၍ ၎င်းတို့၏ မိသားစုများပင် ထောင်ထဲသို့ ရောက်သွားနိုင်သည်။

ထိုအချိန် ချူးယွင်ဖန်းသည် ဗိုလ်မှူးကြီး ရုံးခန်းရှိ ထိုင်ခုံတွင် ထိုင်နေ၍ ယုချူးယွမ်နှင့် အခြားလူများသည် သူ့နံဘေးတွင် ထိုင်နေကြသည်။

"ရှင်းလင်းရေးလုပ်ရင်းက စစ်သားတွေရဲ့ လစာတွေကို သူတို့အထက်က အရာရှိတွေ အလွဲသုံးစားလုပ်ထားတာကို တွေ့ထားပါတယ်။ ကြံ့ခိုင်တဲ့ တပ်သား ၅၀၀ ရှိရမှာဆိုပေမယ့် တပ်စခန်းမှာ စစ်သား ၃၀၀ ပဲ ရှိပါတယ်။ အရာရှိတွေက စစ်သား ၂၀၀ ရဲ့ လစာကို ယူပြီး စာရင်းမတင်ဘဲ ထုတ်ပယ်ထားတာပါ။ အဓိကတရားခံက အရင် ဒုဗိုလ်မှူးကြီး တင်းချန်ဆိုပေမယ့် အခု သူ့ကို ဘယ်နေရာမှာမှ ရှာမတွေ့ပါဘူး" ယုချူးယွမ်က အစီရင်ခံလိုက်သည်။

"ရပါတယ်။ နောက်မှ စစ်ရေးဝန်ကြီးဌာနကို အစီရင်ခံစာ ပေးပို့ပြီး စစ်ပြေးတစ်ယောက်အဖြစ် တိုင်လိုက်မယ်။ သူ အခြားလူတွေရဲ့ လစာကို ထပ်ပြီး စားရဲမှာ မဟုတ်တော့ဘူး။ သူ ပေါ်လာတာ မပေါ်လာတာက အရေးမကြီးပါဘူး" ချူးယွင်ဖန်းသည် တင်းချန်ကို အနည်းငယ်မျှ အာရုံမထားပေ။ တင်းချန်သည် ဒုဗိုလ်မှူးကြီးအဆင့်ရှိ ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။

"အခု စခန်းမှာ စစ်သား ၃၀၀ လောက်ပဲ ရှိနေတာက လက်ရှိ အကြီးဆုံး ပြဿနာပဲ။ မြို့ထဲက အဓိကအင်အားစုတွေအားလုံးက အလုပ်ကြမ်းခိုင်းဖို့ စစ်တပ်ကနေ လူ ၁၀၀ ကျော်လောက် ငှားထားပြီး တင်းချန်ရဲ့ တင်းမိသားစုက စစ်သားတွေကို အများဆုံး ငှားထားတယ်" ယုချူးယွမ်က သူစုဆောင်းထားသော အချက်အလက်များကို ဆက်လက်ပြောပြလာသည်။ "တင်းမိသားစုက ပေါင်ထိုက်မြို့မှာ ရာစုနှစ်ပေါင်းများစွာ အခြေချနေထိုင်နေခဲ့တာ။ သူတို့မိသားစုရဲ့ အခြေခံအုပ်မြစ်က တော်တော်လေး နက်ရှိုင်းတယ်။ ဒေသခံစစ်သားတွေက သူတို့မိသားစုအတွက် အလှည့်ကျ အလုပ်ကြမ်းလုပ်ပေးရပြီး တချို့ဆို သူတို့လက်အောက်မှာ အလုပ်ကြမ်းလုပ်ရင်း သေကုန်ကြတာ"

ချူးယွင်ဖန်း၏ မျက်လုံးများတွင် အေးစက်စက် အလင်းရောင်တစ်ခု ပေါ်ပေါက်လာသည်။

"ဘယ်လောက်တောင် ရဲတင်းလိုက်သလဲလို့။ ဒီဒေသခံ သူဌေးတွေက တစ်ဦးထက် တစ်ဦး ပိုပြီးရဲတင်းနေကြတာပဲ"

ကြီးမြတ်သော တရှသည် အပြင်ပန်းတွင် တင်းကျပ်သော်လည်း အတွင်းပိုင်းတွင် လျော့ရဲနေသည်ဟု ချူးယွင်ဖန်း တွေးလိုက်သည်။ နေရာပေါင်းများစွာအနက် ထိန်းချုပ်မှုသည် အတော်လျော့ရဲနေခဲ့သည်။

အခန်း (၁၇၂၄) အမျိုးမျိုးသော အင်အားစုများ၏ တုံ့ပြန်မှု

အကယ်၍သာ ဤသည်မှာ ပြည်ထောင်စုဖြစ်ခဲ့လျှင် ထိုသို့သောအခြေအနေမျိုး လုံးလုံးလျားလျား ဖြစ်ပေါ်လိမ့်မည် မဟုတ်ပေ။ ဒုတိယတန်းစား သို့မဟုတ် တတိယတန်းစား တပ်ဖွဲ့များပင် ထိုကဲ့သို့သော အခြေအနေမျိုးတွင် တည်ရှိနေမည်မဟုတ်ပေ။ ချူးယွင်ဖန်း၏ အမြင်တွင် ကြီးမြတ်သောတရှ၏ စနစ်တွင် ကနဦးကတည်းက ပြဿနာရှိနေခြင်းဖြစ်သည်။ ထိုစဉ်အချိန်က ဂိုဏ်းကြီး (၁၀) ဂိုဏ်းသည် ကြီးမြတ်သောတရှကို တည်ထောင်ရာတွင် ဘုရင်မင်းမြတ်နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ဂိုဏ်းကြီး (၁၀) ဂိုဏ်းသည် ကြီးမြတ်သောတရှ၏ ကဏ္ဍတိုင်းကို စတင်၍ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

နေရာအများအပြားရှိ ဂိုဏ်းကြီး (၁၀) ဂိုဏ်း၏ အာဏာသည် ကြီးမြတ်သောတရှ၏ အာဏာထက်ပင် ပို၍ကြီးမားနေသည်။ အင်ပါယာသည် ပတ်ဝန်းကျင်တွင် အကြီးမားဆုံးသော အင်အားစုအဖြစ် ဆက်လက်တည်ရှိနေသော်လည်း ကမ္ဘာပေါ်တွင် ၎င်းတို့ မထိန်းချုပ်နိုင်သည့် နေရာများစွာ ရှိနေသည်။ လက်ရှိအချိန်တွင် ကြီးမြတ်သောတရှသည် တည်ငြိမ်နေပုံရသည်။ အဘယ်ကြောင့်ဆိုသော် ကြယ်ကြွေကောင်းကင်ဂိုဏ်း အပါအဝင် အဓိကအင်အားစုများသည် လူသားများ၏ အင်အားကို စုစည်းရန် လိုအပ်နေသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် မွန်းစတားများ၊ နတ်ဆိုးများနှင့် ဟူမျိုးနွယ်များကို အခွင့်ကောင်းယူခွင့်ပေးရန် မဖြစ်ပေ။

ထို့ကြောင့် ပေါင်ထိုက်မြို့ကဲ့သို့သော အင်အားစု (၃) ခုစလုံး၏ အုပ်ချုပ်မှုအောက်တွင် မရှိသလောက်ဖြစ်နေသည့် နယ်မြေမျိုး၌ ကြီးမြတ်သောတရှသည် ၎င်း၏ ဂုဏ်သိက္ခာများ ဆုံးရှုံးသွားခဲ့သည်။ မဟုတ်ပါက ၎င်းတို့သည် တပ်စခန်းမှ အရာရှိများစွာကို ထိုမျှတစ်ပြိုင်နက်တည်း ဆုံးရှုံးသွားမည် မဟုတ်ပေ။ ဒေသခံ သူဌေးများသည် စစ်သားများကို စစ်တပ်ထဲမှ ဆွဲထုတ်၍ အလုပ်သမားများအဖြစ် ခိုင်းစေရန်ပင် ဝံ့ရဲ့ကြသည်။ ၎င်းတို့အားလုံး မည်မျှမောက်မာကြသည်ကို ခန့်မှန်း၍ပင် သိနိုင်သည်။

"အတင်းအကျပ် ဖမ်းဆီးပြီး အလုပ်ခိုင်းခံထားရတဲ့ စစ်သားတွေကို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ" ယုချူးယွမ်က ချူးယွင်ဖန်းကို မေးလိုက်သည်။

"အေးဆေးပေါ့၊ အရင်ဆုံး ပေါင်ထိုက်မြို့မှာရှိတဲ့ အင်အားစုအသီးသီးအကြောင်း သတင်းအချက်အလက်တွေ စုဆောင်းထားပါ။ ကျုပ် အကုန်လုံးကို သိချင်တယ်။ တင်းမိသားစုကတော့ … ကျုပ် သူတို့ကို နောက်ကျမှပဲ ရှင်းပစ်လိုက်မယ်" ချူးယွင်ဖန်းက ဆိုသည်။

"အခု အရေးအကြီးဆုံးက ခင်ဗျားတို့ရဲ့ ခွန်အားကို တိုးတက်အောင်လုပ်ဖို့ပဲ။ ကျုပ်ဆီမှာ သိုင်းစာအုပ်တချို့ရှိတယ်။ ခင်ဗျားတို့ ကြိုက်တာကို ရွေးချယ်ပြီး လေ့လာနိုင်တယ်။ နောက်ပြီး ယုံကြည်ရတဲ့လူတွေ ရွေးပြီး သူတို့ကိုပါ သိုင်းပညာတွေ သင်ပေးထားလိုက်။ အနာဂတ်မှာ ကျုပ်တို့ စစ်မြေပြင်ကို သွားကြရလိမ့်မယ်"

ချူးယွင်ဖန်း စကားပြောနေစဥ် လက်ကိုယမ်းလိုက်ရာ စားပွဲရှည်ပေါ်တွင် ကျောက်စိမ်းပြား ဒါဇင်ခန့် ပေါ်ပေါက်လာသည်။ ၎င်းတို့သည် လက်သီးသိုင်းပညာများ၊ ဓားသိုင်းပညာများ၊ လှံသိုင်းပညာများ၊ ကိုယ်ခန္ဓာ ကျင့်ကြံနည်းများနှင့် အခြားအမျိုးအစားစုံလင်သော သိုင်းပညာများဖြစ်ကြသည်။ ၎င်းတို့တွင် ပင်မသိုင်းပညာအမျိုးမျိုး၏ ကျင့်စဉ်များ ပါဝင်နေသည်။ ၎င်းတို့အားလုံးသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များမှ ချူးယွင်ဖန်း စုဆောင်းထားသည့် သာမန်သိုင်းပညာများဖြစ်ကြသည်။ သူ့အမြင်တွင် သာမန်သိုင်းပညာများသာဖြစ်သော်လည်း ယုချူးယွမ်တို့အတွက်မူ ငွေဖြင့်ပင် ဝယ်ယူ၍မရနိုင်သည့် အဖိုးတန်ပစ္စည်းများဖြစ်ကြသည်။ ၎င်းတို့သည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်များဖြစ်ကြသော်လည်း ဂိုဏ်းသည် ကြီးမားသော နေရာတစ်ခုဖြစ်သည့်အတွက် မည်သည့်အရာကိုမဆို အမှတ်များဖြင့် လဲလှယ်ယူရသည်။ ၎င်းတို့သည် ဂိုဏ်း၏ အထက်လူကြီးများ အလေးပေးနေသော ချူးယွင်ဖန်းနှင့် မတူဘဲ သာမန်တပည့်များဖြစ်သည့်အတွက် ယုံကြည်စိတ်ချရသည့် သိုင်းပညာတစ်ခုကို လဲလှယ်ရန် အချိန်အတော်ကြာ ကြိုးစားရပေလိမ့်မည်။

ချူးယွင်ဖန်းပေးခဲ့သည့် သိုင်းပညာများသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၌ပင် ပထမတန်းစား သိုင်းပညာများအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။ ၎င်းတို့သည် ချူးယွင်ဖန်း၏ နဝမငရဲပြည် ခြေလှမ်းနှင့် အံ့ဖွဘ်လက်သီးရှစ်ချက်တို့ကို မယှဉ်နိုင်သော်လည်း ယုချူးယွမ်တို့ကို အံ့အားသင့်စေရန် လုံလောက်ပေသည်။ ယုချူးယွမ်နှင့် အခြားသူများသည် သိုင်းပညာများကို ၎င်းတို့၏ နတ်အာရုံဖြင့် စစ်ဆေးပြီးနောက် လျင်မြန်စွာ သဘောပေါက်သွားကြသည်။

ဤသိုင်းပညာအားလုံးသည် အလွန်နက်နဲလှသောကြောင့် ၎င်းတို့အားလုံး ချက်ချင်းပင် အံ့အားသင့်ကာ ဝမ်းမြောက်သွားကြသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းတွင် ဤအဆင့်ရှိ သိုင်းပညာကို ရရှိရန် အနည်းဆုံးလျှင် ထူးချွန်တပည့်များဖြစ်လာရပေလိမ့်မည်။ ယခုမူ ချူးယွင်ဖန်းက ဤသိုင်းပညာများကို အလွယ်တကူ ထုတ်ပေးပြီးနောက် ၎င်းတို့ကို စိတ်တိုင်းကျ လေ့လာခွင့်ပေးခဲ့သည့်အတွက် ၎င်းတို့အားလုံး ကျေးဇူးတင်စွာ မျက်ရည်များကျလာသည်။ ၎င်းတို့သည် ခေါင်းဆောင် ရွေးချယ်ရာတွင် မှန်ကန်သွားသည့်အတွက် အလွန်ဝမ်းသာနေကြသည်။

ချူးယွင်ဖန်း၏ အမြင်တွင် ယုချူးယွမ်နှင့် အခြားသူများသည် အားနည်းလွန်းနေသေးသည်။ ချူးယွင်ဖန်းသည် ယခုအချိန် မှီခိုအားကိုးရန် ဤလူများသာရှိသော်လည်း လက်ရှိအချိန်တွင် ၎င်းတို့အားလုံး အသုံးမဝင်သေးပေ။ ၎င်းတို့သည် အနည်းဆုံး ဒြပ်မဲ့ကျွမ်းကျင်အဆင့်သို့ ရောက်ရှိမှသာ သူ့ကို ကူညီနိုင်ပေလိမ့်မည်။ ဤသို့တွေးမိသောအခါ ချူးယွင်ဖန်း၏လက်ထဲတွင် ဆေးပုလင်းတစ်ခု ပေါ်လာသည်။ ပြီးနောက် နောက်တစ်ကြိမ် လက်ဝှေ့ယမ်း၍ သူ၏နောက်လိုက် ၁၁ ဦးကို ဆေးလုံး (၁၁) လုံး ပေးအပ်လိုက်သည်။

"ဒီဆေးလုံးတွေ ယူလိုက်။ ဒါနဲ့ဆို ခင်ဗျားတို့ခွန်အားကို မြှင့်တင်ဖို့ လုံလောက်ပါတယ်။ အခုလောလောဆယ်တော့ ခွန်အားကို တိုးတက်အောင်လုပ်ပြီး စစ်သားတွေကို လေ့ကျင့်ပေးဖို့ နည်းလမ်းရှာလိုက်။ ပေါင်ထိုက် တပ်စခန်းက ဒုတိယတန်းစား တပ်စခန်းတစ်ခုဆိုပေမယ့် နောက်ကျရင် ကျုပ် သူတို့ကို စစ်မြေပြင်ကို ခေါ်သွားမယ်" ချူးယွင်ဖန်းက ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာချူး"

ချူးယွင်ဖန်း၏ ကူညီပံ့ပိုးမှုဖြင့် ၎င်းတို့၏ ကျင့်စဉ်များ မကြာမီတွင် အကြီးအကျယ် တိုးတက်လာမည်ဖြစ်သည်။ အနာဂတ်တွင် ထူးချွန်တပည့်ဖြစ်လာခြင်းဟူသည် လက်တစ်ကမ်းအလိုတွင် တည်ရှိနေသည်။ ဤအချက်ကြောင့် ၎င်းတို့အားလုံး အလွန်ပျော်ရွှင်သွားကြသည်။ ချူးယွင်ဖန်း၏ အမိန့်အောက်တွင် တပ်စခန်းတစ်ခုလုံးကို ပိတ်ချလိုက်သည်။ သူ့အမိန့်မပါဘဲ မည်သူမျှ အပြင်ထွက်ခွင့် မရှိပေ။ သူဖန်တီးလိုက်သည့် မုန်တိုင်းသည် ပေါင်ထိုက်မြို့တွင် ကြီးမားသော ဂယက်ရိုက်ခတ်မှုများ စတင်ဖြစ်ပေါ်လာစေသည်။

ချူးယွင်ဖန်းသည် ပေါင်ထိုက်မြို့သို့ ရောက်လာပြီးနောက် အရာရှိအားလုံးကို ရှင်းလင်းရန် မတွန့်ဆုတ်ခဲ့ပေ။ ထိုအရာရှိများသည် ဤနေရာတွင် မွေးဖွားကြီးပြင်းလာသူများဖြစ်၍ ဒေသခံ အင်အားစုများနှင့် အနည်းနှင့်အများ ဆက်သွယ်မှု ရှိနေသူများဖြစ်သည်။ စစ်စခန်းအပြင်ဘက်၌ အချိန်အတော်ကြာသည်အထိ ရန်လိုသော အကြည့်များစွာ ရှိနေသည်။

ထိုအချိန် တင်းမိသားစု၏ အိမ်တော်ကြီး၌ တင်းမိသားစု၏ အကြီးအကဲများ စုဝေးနေကြသည်။

"အားလုံးပဲ၊ ဒီဗိုလ်မှူးကြီးအသစ်က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာတာပဲ။ သူက ကျုပ်တို့မိသားစုကို နည်းနည်းလေးတောင် အလေးမထားဘူး။ ဒါကို ကျုပ်တို့ ဘာလုပ်ကြမလဲ"

စကားပြောသူသည် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် ဇိမ်ခံအဝတ်အစားများ ဝတ်ဆင်ထား၍ ဒေါသထွက်နေသည့် မျက်နှာအမူအရာမျိုး ဆင်မြန်းထားသည်။ ဤအမျိုးသားသည် တင်းမိသားစု၏ လက်ရှိခေါင်းဆောင် တင်းဖုန်ဖြစ်သည်။

သူ့နံဘေးတွင် စစ်ဝတ်တန်ဆာဖြင့် မတ်တတ်ရပ်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် နက်မှောင်သော မျက်နှာဖြင့် ပြောလိုက်သည်။

"ချူးယွင်ဖန်းက ကျုပ်ကို ပြဿနာရှာဖို့ ရောက်လာတာ သေချာတယ်။ ကျုပ်မရှိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ကျုပ် ယုံကြည်ရတဲ့ လက်ထောက်တွေကို သူ အကုန်သတ်ပစ်လိုက်တာ"

ဤစစ်ဝတ်တန်ဆာနှင် အမျိုးသားသည် ပေါင်ထိုက်မြို့၏ ဒုဗိုလ်မှူးကြီးဖြစ်သည်။ ဤအမျိုးသားသည်လည်း ကနဦးတွင် ထိုနေရာ၏ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သည်။ အထူးသဖြင့် ယခင်ဗိုလ်မှူးအချို့သည် ဤနေရာသို့ ရောက်ရှိပြီး မကြာမီတွင် အကြောင်းအရင်းမဲ့စွာ သေဆုံးသွားခဲ့သည့်အခါ ပို၍ပင် သိသာထင်ရှားသည်။ ထိုလူများသည် စစ်တပ်ကို မထိန်းချုပ်နိုင်ခဲ့သည့်အတွက် တင်းချန်သည် သူ၏အင်အားကို ပျိုးထောင်ရန် အခွင့်အရေးရရှိလာခဲ့သည်။

သို့သော် ယခုအချိန်တွင် သူသည် တစ်ညတည်းနှင့် မူလအခြေအနေသို့ ပြန်ရောက်သွားသည်ဟု ဆိုနိုင်သည်။ သူ၏လူယုံအားလုံး အသတ်ခံလိုက်ရသော်လည်း သူသည် အရှေ့သို့ မထွက်ရဲခဲ့ပေ။ ချူးယွင်ဖန်း၏ ရက်စက်သော နည်းလမ်းများကြောင့် သူ၏လက်အောက်ငယ်သားများအားလုံးကို သုတ်သင်ခံလိုက်ရသည်။ သို့သော် သူကိုယ်တိုင်သည်လည်း မသန်ရှင်းသောကြောင့် ချူးယွင်ဖန်းအရှေ့သို့ ထွက်ပေါ်လာခဲ့လျှင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။

"ဒါဆိုရင် ဒီကောင် သေရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရင် ဗိုလ်မှူးကြီးတွေ သေသွားပြီလေ"

"မှန်တယ်၊ သူက ဗိုလ်မှူးတစ်ယောက်ပဲလေ။ ကြီးမြတ်တဲ့တရှမှာ ဒီလိုလူပေါင်း ထောင်နဲ့ချီပြီးရှိတယ်။ ချူးယွင်ဖန်းတစ်ယောက် သေသွားတော့ရော ဘာဖြစ်တာမို့လို့လဲ"

"သူက ကျုပ်တို့ မိသားစုကို ဆန့်ကျင်နေမှတော့ သူ့ကို သတ်ပစ်ရတာပေါ့"

တင်းမိသားစု၏ အထက်လူကြီးများသည် သွေးကြွေးလိုလားနေသကဲ့သို့ တစ်ဦးပြီးတစ်ဦး ဟစ်အော်နေကြသည်။

အခန်း (၁၇၂၅) ကြမ်းတမ်းတဲ့ နဂါးတစ်ကောင်မဟုတ်ရင် တိုက်ခိုက်ခံရလိမ့်မယ်

"မှန်တယ်၊ ကျုပ်တို့တွေ သူ့ကို သင်ခန်းစာမပေးရင် သူက ကျုပ်တို့မိသားစုက အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့လူတွေလို့ ထင်သွားလိမ့်မယ်"

"သူသေကို သေရမယ်။ ဒါက ဘယ်နေရာလို့များ ထင်နေတာလဲ။ ဒါ ပေါင်ထိုက်မြို့ပဲ။ ကြီးမြတ်တဲ့ တရှရဲ့ ဥပဒေတွေတောင် ဒီနေရာမှာ အကျုံးမဝင်ဘူး။ ကျုပ်တို့မိသားစုရဲ့ စကားက ဒီနေရာမှာ ဥပဒေပဲ" တင်းမိသားစု​၏ အကြီးအကဲများသည် ဒေါသတကြီး ပြောနေကြသည်။

"အားလုံးပဲ စိတ်အေးအေးထားကြပါ။ သူက ရောက်လာတာနဲ့ လူအများကြီးကို သတ်ဖြတ်ခဲ့တာ။ နာမည်ကျော်ကြားချင်တာနဲ့ စစ်တပ်ကို ပြန်ဖွဲ့စည်းဖို့ လုပ်တဲ့အချိန်ကစပြီး လူအများကြီးကို ရန်စသလိုဖြစ်သွားပြီ၊ သူရန်စထားတဲ့သူတွေက ကျုပ်တို့မိသားစုချည်းပဲ မဟုတ်ဘူး" တင်းဖုန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ပြီးတော့ ဒီကိစ္စမတိုင်ခင်က ကျုပ် မြို့ဝန်တစ်ယောက်ဆီက ကတိစကားတစ်ခု ရထားတယ်။ သူ ရန်စခဲ့တဲ့သူတွေက ပေါင်ထိုက်မြို့က အင်အားစုတွေတင်မကဘဲ တော်ဝင်နန်းတော်က အင်အားစုတွေလည်း ပါတယ်။ ဟွန်ထျန်မြို့ဝန်အကြောင်း ကြားဖူးကြလား"

"ဟွန်ထျန်မြို့ဝန်လား။ သူက ဒီကိစ္စမှာ ဘယ်လိုလုပ် ပတ်သက်နေတာလဲ" တင်းချန်က အံ့အားသင့်စွာ မေးလိုက်သည်။

အခြားလူများသည် စစ်အရာရှိများ မဟုတ်သောကြောင့် သိထားမည်မဟုတ်သော်လည်း တင်းချန်သည် စစ်အရာရှိတစ်ဦးဖြစ်သဖြင့် လီချန်းယွမ်၏ စစ်မှုထမ်းဆောင်များဖြင့် အောင်မြင်လာမှုများကို သိရှိသည်။ လီချန်းယွမ်သည် ကြီးမြတ်သော တရှ၏ လူငယ်မျိုးဆက်တွင် အထူးချွန်ဆုံးသူ ကျင့်ကြံသူဖြစ်၍ ပထမဆုံး မြို့ဝန်ဘွဲ့ကို ရရှိခဲ့သူဖြစ်သည်။ သူ​၏ အနာဂတ်သည် အကန့်အသတ်မဲ့လှရာ ပေါင်ထိုက်မြို့မဆိုနှင့် ကြီးမြတ်သော တရှ၌ပင် ကျော်ကြားသူတစ်ဦးဖြစ်သည်။ လီချန်းယွမ်​သာ ပေါင်ထိုက်မြို့ကို ဖိနှိပ်ရန် ဆန္ဒရှိလျှင် မည်သူမျှ ငြင်းဆန်ဝံ့မည် မဟုတ်ပေ။

"ဟုတ်တယ်။ ချူးယွင်ဖန်းက ဟွန်ထျန်မြို့ဝန်ကို ဘယ်လိုမျိုး ရန်စထားလဲတော့ ကျုပ် မသိဘူး။ ကျုပ် ဟွန်ထျန်မြို့ဝန်ဆီကနေ သတင်းစကားတစ်ခု ရရှိထားတယ်။ ချူးယွင်ဖန်းကို ရှင်းပစ်ဖို့နဲ့ နန်းတော်ကနေ အရေးယူမှာကို မပူဖို့ သူ ကျုပ်ကို အမှာပါးထားတယ်။ သူ့ ထောက်ပံ့မှုနဲ့ဆိုရင် ကြယ်ကြွေကောင်းကင်ဂိုဏ်းက ဘာလုပ်နိုင်မှာလဲ။ သူတို့တွေ မြို့ဝန်တစ်ဦးကို ထူးချွန်တပည့်တစ်ယောက်အတွက်နဲ့ ရန်ဖွဲ့ပါ့မလား" တင်းဖုန်က မောက်မာစွာ ပြောလိုက်သည်။

"ဒီကိစ္စပြီးရင် မြို့ဝန်က မင်းကို ပေါင်ထိုက်မြို့ရဲ့ ဒုဗိုလ်မှူးကြီးအဖြစ် ထောက်ခံပေးလိမ့်မယ်"

"ဟား၊ သိပ်ကောင်းတာပဲ။ ချူးယွင်ဖန်း သေသွားတာကို ကျုပ် မြင်ချင်လှပြီ" တင်းချန်က အေးစက်စွာ ပြောလိုက်သည်။ ဗိုလ်မှူးကြီးအဆင့်သို့ ရာထူးတိုးမြှင့်ခံရမည့်အရေးကို တွေးမိလိုက်သောအခါ သူ၏မျက်ဝန်းအစုံတွင် ပြင်းပြသော လောဘဇောများဖြင့် တောက်ပလာသည်။

ဗိုလ်မှူးကြီးရာထူဟူသည် လူတိုင်း မရနိုင်သော ရာထူးဖြစ်သည်။ အထူးသဖြင့် ဤဒေသ၌ပင် မွေးဖွားကြီးပြင်းခဲ့သည့် တင်းချန်ကဲ့သို့ လူမျိုးအတွက် ပို၍ပင် ခက်ခဲလှသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းကဲ့သို့သော အင်အားကြီးအဖွဲ့အစည်းတစ်ခု၏ ကျောထောက်နောက်ခံမျိုး မရှိပါက ဒုဗိုလ်မှူးကြီးအဆင့်ပင် လူအများစုအတွက် ကျော်ဖြတ်ရန် ခက်ခဲသော အတားအဆီးတစ်ခုဖြစ်သည်။ ပေါင်ထိုက်မြို့တွင် လျှို့ဝှက်လှုပ်ရှားမှုများ အများအပြားရှိနေသော်လည်း အပြင်ပန်းတွင်မူ ထူးဆန်းသော ငြိမ်သက်မှုကို ထိန်းချုပ်ထားသည်။ တပ်စခန်းကို ရှင်းလင်းပြီးနောက် ချူးယွင်ဖန်းသည် သူ​၏ရာထူးကို အသုံးချကာ တပ်စခန်း၌ တရားဝင် ဝင်ထွက်ခွင့်များ ပိတ်သိမ်း၍ သီးသန့်ကျင့်ကြံနေသည်။ အင်အားစုကြီးများ အထိအခိုက်များပြားခဲ့ကြသော်လည်း ပထမဆုံး အရေးယူရန် မလိုလားကြသဖြင့် ၎င်းတို့အားလုံး ငြိမ်သက်နေကြသည်။

ဤအချိန်တွင် ချူးယွင်ဖန်းသည် စစ်စခန်းကို ပိတ်ချပြီးနောက် ယုချူးယွမ်နှင့် အခြားသူများကို ပေါင်ထိုက်မြို့​၏ အခြေအနေများကို စုံစမ်းခိုင်းလိုက်သည်။ သူသည် ပေါင်ထိုက်မြို့​၏ အခြေအနေများကို တဖြည်းဖြည်း လေ့လာနေခဲ့သည်။ ပေါင်ထိုက်မြို့တွင် မိသားစုကြီး သုံးခုနှင့် ဂိုဏ်းကြီး နှစ်ဂိုဏ်းရှိကြသည်။ ၎င်းအင်အားစု ငါးခုသည် ပေါင်ထိုက်မြို့​၏ကိစ္စကြီးငယ်များကို ထိန်းချုပ်ထားကြသည်။ မိသားစုကြီး သုံးခုသည် ဒုဗိုလ်မှူးကြီး တင်းချန် ဆင်းသက်လာသည့် တင်းမိသားစုအပြင် ချန်မိသားစုနှင့် ဝမ်မိသားစုတို့ဖြစ်ကြသည်။ ဂိုဏ်းကြီးနှစ်ဂိုဏ်းသည် ပေါင်းစပ်ဂိုဏ်းနှင့် မိုးမြင့်ဂိုဏ်းတို့ဖြစ်သည်။

"ဒီမြို့လေးက တော်တော်လေး ရှုပ်ထွေးတာပဲ”

ဤအင်အားစု ငါးခုလုံးကို ရင်ဆိုင်ရသောအခါ ဘုရားကျောင်း သေးငယ်၍ ရေကန် တိမ်သော်လည်း လူယုတ်မာများစွာ ရှိနေသည်ဟူသော စကားပုံဖြင့်သာ ချူးယွင်ဖန်းဖော်ပြနိုင်သည်။ ဤအင်အားစု ငါးခုအပြင် လောလောဆယ် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည့် အခြားသော အင်အားစုတစ်ခုရှိနေသေးသည်။ ဤသည်မှာ နတ်မိစ္ဆာဂိုဏ်းဖြစ်သည်။ ဤဂိုဏ်းသည် ကြီးမြတ်သော တရှကို စတင်တည်ထောင်ချိန်ကတည်းက တည်ရှိခဲ့၍ ဂိုဏ်းသားများသည် မိစ္ဆာမျိုးနွယ်ကို ကိုးကွယ်ကြသည့် လူသားများဖြစ်ကြသည်။ ထိုလူများသည် ဤလောကကြီးကို နတ်မိစ္ဆာများက အုပ်စိုးခြင်းသည်သာ မှန်ကန်သော လမ်းစဉ်ဟု ယုံကြည်ထားသူများဖြစ်ကြသည်။

၎င်းတို့ ဂိုဏ်းအတွင်း၌ ကောင်းကင်ယံရှိ တိမ်တိုက်များပမာ ရေတွက်၍မကုန်နိုင်သော ထူးချွန်ထက်မြက်သည့် ကျင့်ကြံသူများစွာ စုဝေးနေကြသည်။ ထို့အပြင် ၎င်းတို့သည် အလွန်တရာ ကောက်ကျစ်စဉ်းလဲသူများဖြစ်ကြသည်။ ရှေးယခင်က ကြီးမြတ်သောတရှ၏ အထက်တန်းလွှာများအတွင်းသို့ သူလျှိုများအဖြစ် ထိုးဖောက်ဝင်ရောက်ကာ မိစ္ဆာများထံ သတင်းပေးပို့ခဲ့ကြသည့် သာဓကများပင် ရှိခဲ့ဖူးသည်။ ထို့ကြောင့်ပင် ၎င်းတို့သည် ကြီးမြတ်သော တရှ၏ အဓိကရန်သူတော်ကြီး ဖြစ်လာကြသည်။

ကြီးမြတ်သော တရှ၏ အင်အားစုများနှင့် ယှဉ်လိုက်ပါက နတ်မိစ္ဆာဂိုဏ်းသည် တစ်ချက်တည်းဖြင့် ချေမှုန်းနိုင်လောက်သည့် အင်အားစုမျိုးဖြစ်သော်လည်း၊ ၎င်းတို့သည် လူသားများအဖြစ် ဟန်ဆောင်ကာ လူထုအတွင်း ရောနှောနေထိုင်ကြသည်။ ၎င်းတို့သည် နေရာအနှံ့တွင် ဆူပူသောင်းကျန်းမှုများ ဖန်တီးနိုင်သကဲ့သို့၊ ကြီးမြတ်သော တရှ​၏ ဗဟိုချက်မအထိ ထိုးဖောက်ဝင်ရောက်ကာ အဆင့်မြင့်အရာရှိကြီးများကို လုပ်ကြံသတ်ဖြတ်ဝံ့ကြသည်။

သာမန်လူသတ်ဂိုဏ်းများနှင့် မတူသည့်အချက်မှာ နတ်မိစ္ဆာဂိုဏ်း၏ လုပ်ရပ်များသည် ငွေကြေးအတွက်မဟုတ်ဘဲ ကြီးမြတ်သော၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားသွားစေရန်သာ ရည်ရွယ်ခြင်းဖြစ်သည်။ ဤအချက်ကြောင့် ကြီးမြတ်သောတရှ​၏ အစိုးရအဖွဲ့အစည်းပင် ခေါင်းခဲနေသည်။ အပြင်ပန်းအရ ယခင်က တာဝန်ကျခဲ့သော ဗိုလ်မှူးကြီးများအားလုံးသည် ဤနတ်မိစ္ဆာဂိုဏ်း၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ဟု ယူဆကြသည်။ ကွယ်ရာတွင် မည်သို့သော အမှန်တရားများရှိနေပါစေ၊ အများသိရှိထားသည့် အပေါ်ယံအခြေအနေအရ ၎င်းအချက်သည် ငြင်းမရသော အမှန်တရားတစ်ခုဖြစ်သည်။

"အခု လှုပ်ရှားရမယ့်အချိန်ရောက်ပြီ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

ပေါင်ထိုက်မြို့ရှိ အဓိကအင်အားစုကြီးများသည် ၎င်းတို့သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများဖြင့် ချူးယွင်ဖန်းကို ချုပ်ကိုင်ရန် ကြံစည်နေကြသည်။ ထိုကာလအတွင်း ၎င်းတို့ထံမှ တည်ခင်းဧည့်ခံပွဲ ဖိတ်ကြားစာများစွာ ရောက်ရှိလာကြသော်လည်း ချူးယွင်ဖန်းသည် ၎င်းတို့၏ ထောင်ချောက်ထဲသို့ အလွယ်တကူ ဆင်းသက်မည့်သူ မဟုတ်ပေ။ ချူးယွင်ဖန်းအနေဖြင့် အချိန်မရှိသည့်ကြားမှ ထိုလူများနှင့် အချိန်ဖြုန်းရန် စိတ်ကူးမရှိသည့်အပြင် တင်းမိသားစုနှင့် အခြားသော အင်အားစုကြီးငါးခုကိုလည်း အကွက်ဆင်တိုက်ခိုက်ရန် စိတ်မဝင်စားပေ။

ခက်ထန်သော နဂါးတစ်ကောင် မဟုတ်လျှင် မြစ်ကို ဖြတ်ကူးနိုင်မည် မဟုတ်ဘူးဟူသော ဆိုရိုးစကားရှိပေသည်။ သူသည် အသစ်တက်လာသော ထူးချွန်တပည့်ဖြစ်သော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို သာမန်ထူးချွန်တပည့်များ နှိုင်းယှဉ်နိုင်မည် မဟုတ်ပေ။ မိမိကဲ့သို့သော နဂါးတစ်ကောင်ရှေ့မှောက်တွင် မည်သို့သော ဒေသခံမြွေမဆို ဒူးထောက်ရပေလိမ့်မည်။ သူသည် စစ်တပ်ကို ပြန်လည်ဖွဲ့စည်းရန်နှင့် ပေါင်ထိုက်မြို့၏ အခြေအနေအရပ်ရပ်ကို စုံစမ်းစစ်ဆေးရန်အတွက်သာ ခေတ္တငြိမ်သက်နေခြင်းဖြစ်သည်။

"ဘယ်မျိုးနွယ်စု၊ ဘယ်ဂိုဏ်းကပဲဖြစ်ဖြစ် ကျုပ် ရှေ့မှာ ခေါင်းငုံ့ပြီး နာခံရမယ်။ ကျုပ်ကို နာခံတဲ့သူက ထွန်းကားပြီး ဆန့်ကျင်တဲ့သူကတော့ ပျက်စီးရမယ်" ချူးယွင်ဖန်းသည် လက်ကို နောက်ပစ်၍ အဆုံးမဲ့ညကောင်းကင်ယံကို စူးရှသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။

ထိုစဉ် ကောင်းကင်ယံမှ လေပြင်းတစ်ချက် ဝှေ့ယမ်းလာ၍ သွေးရောင် လက်သည်းတစ်ခုအသွင် ပြောင်းလဲသွားကာ ချူးယွင်ဖန်းထံ ရုတ်တရက် ကျဆင်းလာသည်။

"ယုတ်မာတဲ့ အရာရှိ... မင်း အသက် ကျုပ်ကို ပေးစမ်း"

စူးရှသော အော်ဟစ်သံသည် ည၏တိတ်ဆိတ်မှုကို ဖြိုခွင်းကာ သွေးရောင်လက်သည်းကြီးသည် ချူးယွင်ဖန်း၏ ဦးခေါင်းထက်သို့ ရောက်ရှိလာသည်။

"ကိုယ့်သေတွင်းထဲ ခြေစုံပစ်ဝင်လာတာပဲ" ချူးယွင်ဖန်းသည် ထိုတိုက်ခိုက်မှုကို လှည့်ပင်မကြည့်ဘဲ ဆိုလိုက်သည်။

သူသည် လက်တစ်ဖက်ဖြင့် ထိုသွေးရောင်လက်သည်းကြီးကို ဖမ်းဆုပ်လိုက်ရာ သတ္တုချင်း ရိုက်ခတ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထိုလက်သည်းသည် သူ၏ ခံစစ်ကိုပင် မဖောက်ထွင်းနိုင်ဘဲ စူးရှစွာ အော်ဟစ်မြည်တမ်းနေသည်။ ချူးယွင်ဖန်းသည် အင်အားသုံး၍ ၎င်းကို ဆွဲယူလိုက်သည့်အခါ သွေးနီရောင်ပုံရိပ်တစ်ခု ဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာသည်။

All Chapters