အခန်း (၁၄၁၅-၁၄၁၆)
Vol. 142 Ch. 1415-1416
အခန်း (၁၄၁၅) - ပြန်လည်ရောက်ရှိခြင်း
ဖူထူလောကတွင် မသိမသာနှင့်ပင် ဖန့်ချန် တစ်နှစ်ကျော်ခန့် ကြာမြင့်အောင် နေထိုင်ခဲ့ပြီးပြီ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်မှာ ကြီးမားသော ပြဿနာတစ်စုံတစ်ရာ မရှိသေးကြောင်း သူ ခံစားသိရှိနေရသဖြင့် ကြာနီနတ်မိမယ်က ထိုခန္ဓာကိုယ်ကို သေချာစွာ စောင့်ရှောက်ထားပေးကြောင်း သိသာလှသည်။
သူ၏ ဝိညာဉ်သာ ဘာမှမဖြစ်သရွေ့ ကျွယ်မင်နန်းတော် အနေနှင့်လည်း သူ၏ ခန္ဓာကိုယ်ကို အချိန်မတိုင်မီ ဖယ်ရှားရှင်းလင်းပစ်ရန် အကြောင်းပြချက် မရှိချေ။
ထို့ကြောင့် သူသည် ထိုလောကတွင် နောက်ထပ် နှစ်အနည်းငယ်မျှ ဆက်လက် နေထိုင်နိုင်သေးသည်။
“သခင်လေး... ပြီးခဲ့တဲ့တစ်ခေါက်က ပြောခဲ့တာတွေက တကယ်တော့ ဘာအဓိပ္ပာယ်လဲဟင် ”
“ကျမကို တစ်ခုခု ပြောမိသွားတာ ရှိလား ”
“ကျမကို ပြောပြပါနော်... ဟုတ်ပြီလား ”
နတ်မိမယ်ယွီ မှာ ဖန့်ချန်ထံမှ အသုံးဝင်မည့် သတင်းအချက်အလက် အနည်းငယ်ရလိုရငြား သုံးရက်တစ်ခါ၊ ငါးရက်တစ်ခါ လာရောက် မေးမြန်းနေတော့သည်။
ဖန့်ချန်ကမူ သူမကို လုံးဝ အဖတ်မလုပ်ဘဲ မျက်နှာတွင် အပြုံးနုနုကိုသာ အမြဲ ချိတ်ဆွဲထားရာ နတ်မိမယ်ယွီ မှာ သူ့ကို ရိုက်နှက်ချင်စိတ်များ ပေါက်လာပြီး ဘယ်လိုမှ ထွက်ပေါက်မရှိသော ဒေါသများဖြင့်သာ ကျန်ရစ်ခဲ့ရသည်။
ထိုစဉ် ဖန့်ချန်၏ ရှေ့မှောက်တွင် လျှို့ဝှက်အစောင့်အရှောက်ရေးဌာနမှ ထိပ်တန်းပညာရှင် တစ်ထောင်ခန့် ရပ်နေကြသည်။
သူတို့ထဲမှ အများစုမှာ ယခင် မဟာရှ ပြည်သူ့ လျှို့ဝှက်အစောင့်အရှောက် အဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသည်။
အချို့မှာ ယင်လောကသို့ စောစီးစွာ ရောက်ရှိနေသူများ ဖြစ်ကြပြီး အချို့မှာမူ ယခုနှစ်ပိုင်းအတွင်းမှ လူ့သက်တမ်းကုန်ဆုံး၍ ရောက်ရှိလာသူများ ဖြစ်ကြသည်။
မည်သူပင်ဖြစ်စေ... လျှို့ဝှက်အစောင့်အရှောက်ရေးဌာနတွင် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ပါက သူတို့ကို လမ်းပြပေးမည့်သူ သီးသန့်ရှိသဖြင့် အခြေမဲ့ လေလွင့်ဝိညာဉ်များ ဖြစ်သွားမည်ကို စိုးရိမ်စရာမလိုချေ။
ရွှီကော ၊ ထျဲမ စသည့် ရင်းနှီးပြီးသား မျက်နှာများကို မြင်လိုက်ရချိန်တွင် ဖန့်ချန်၏ မျက်ဝန်းထဲမှ အပြုံးရိပ်မှာ ပိုမို တောက်ပလာခဲ့သည်။
နှစ်ပေါင်းများစွာ ကြာညောင်းခဲ့သည့်တိုင် ထိုမိတ်ဆွေဟောင်းများမှာ မိမိ၏ ဘေးနားတွင် ရှိနေဆဲ ဖြစ်သဖြင့် လူ့ဘဝတွင် ဤထက်ပို၍ တောင့်တစရာ မရှိတော့ချေ။
“မင်းတို့ အခုသွားရမယ့် နေရာက တော်တော်လေး ဝေးတယ်၊ ဒါကြောင့် လမ်းခရီးမှာ အန္တရာယ်တွေနဲ့ ကြုံရနိုင်တယ်ဆိုတာ သိထားကြရဲ့လား ”
ဖန့်ချန်က အေးဆေးစွာ စကားစလိုက်သည်။
အားလုံးက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်စွာ ခေါင်းငြိမ့်ပြကြသည်။
ဖူထူလောကသို့ ရောက်ရှိလာချိန်ကတည်းက နောက်ထပ် ထမ်းဆောင်ရမည့် တာဝန်မှာ အလွန်ပင် အန္တရာယ်များလိမ့်မည်ဟု သူတို့ ကြိုတင် သိရှိထားကြပြီးသား ဖြစ်သည်။
“ငါကတော့ လူတစ်စုကို အရင်ခေါ်သွားမယ်၊ ကျန်တဲ့ နေရာတွေရဲ့ တည်နေရာကို စုံစမ်းလို့ရပြီဆိုမှ ကျန်တဲ့သူတွေ လိုက်လာခဲ့ကြပေါ့။ နောက် နှစ်အနည်းငယ်ကြာရင် ငါ ဒီကို ပြန်လာမယ်၊ ငါပြန်မလာခင်အထိတော့ မင်းတို့ ဒီမှာပဲ ကျင့်ကြံနေကြပါ”
“သခင်လေး... ကျွန်တော်တို့ အရင် လိုက်ပါရစေလား ”
ရွှီကောက မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။
“မင်းတို့က အတွေ့အကြုံ ရင့်ကျက်ပြီးသားလူတွေဆိုတော့ ဒီတစ်ခေါက်တော့ မလိုက်နဲ့ဦး”
ဖန့်ချန်က လက်ကာပြလိုက်ပြီး ထိုလူအုပ်ထဲမှ စစ်သည်ဟောင်း ငါးဆယ်ကို ရွေးချယ်လိုက်သည်။
သူတို့အားလုံးမှာ ယခင်က သူနှင့်အတူ စစ်မြေပြင်တွင် တိုက်ပွဲဝင်ခဲ့ဖူးသူများ ဖြစ်ကြသလို မြို့ပြလမ်းမများပေါ်တွင်လည်း လျှို့ဝှက်တာဝန်များကို ကျွမ်းကျင်စွာ ထမ်းဆောင်ဖူးသည့် ဝါရင့်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
သို့သော် ရွှီကောတို့နှင့် နှိုင်းယှဉ်လျှင်မူ အနည်းငယ် လေ့ကျင့်ပေးရန် လိုအပ်နေသေးသည်။
“မင်း အဲဒီကို သွားရင် ဘယ်လောက်ကြာမှ ပြန်လာမှာလဲ ”
ရှကျီက ဖန့်ချန်ကို ကြည့်ကာ မေးလိုက်သည်။
“သိပ်မကြာပါဘူး၊ ငါ အဲဒီမှာ ခြေကုပ်ယူနိုင်ပြီဆိုတာနဲ့ ပြန်လာဖို့က လွယ်သွားပါပြီ။ တစ်ဆင့်ချင်းစီ သွားရမှာပေါ့၊ စိတ်လောလို့ မရဘူးလေ”
ဖန့်ချန်က ဆိုသည်။
သူက ခေတ္တရပ်ကာ
“ရှောင်ယွီ ဘက်ကိုလည်း မင်း နည်းနည်း ကူညီပြီး စောင့်ကြည့်ပေးပါဦး”
“နားလည်ပါပြီ”
ရှကျီနှင့် နှုတ်ဆက်ရာတွင် ဝမ်းနည်းပူဆွေးသည့် စကားများ များများစားစား မရှိချေ။
အချင်းချင်း တစ်ချက်ကြည့်ကာ အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ဖန့်ချန်သည် စစ်သည်ဟောင်း ငါးဆယ်ကို ခေါ်ဆောင်ကာ ဝမ့်ချွမ်းမြစ် ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ဟင်းလင်းပြင်ထဲမှ တံတားတစ်စင်း ကန့်လန့်ဖြတ် ပေါ်ပေါက်လာပြီး သူတို့၏ ခြေဖဝါးအောက်သို့ ခဏချင်း ရောက်ရှိလာသည်။
ရှကျီတို့ လူအုပ်စုမှာ တံတားအဆုံးတွင် ပျောက်ကွယ်သွားသော ဖန့်ချန်တို့ကို ကြည့်ကာ ကျန်ရစ်ခဲ့ကြပြီး ဝမ့်ချွမ်းမြစ်မှာလည်း တစ်ဖန် ပြန်လည် တည်ငြိမ်သွားတော့သည်။
ကျွယ်မင်ယင်လောကတွင်မူ လင်းယွမ် သည် မိစ္ဆာသန့်စင်မျှော်စင် ၏ တံတားဝတွင် ရပ်ကာ ပျင်းရိစွာဖြင့် ရက်များကို ရေတွက်နေသည်။
“ဆယ်နှစ်ကျော်တောင် ရှိသွားပြီ၊ ခေါင်းဆောင် ဆီကလည်း ဘာသတင်းမှ မရှိဘူး။ တရားသူကြီးဌာနနဲ့ ယင်စစ်သည်ဌာနကတောင် ရှာဖို့ လက်လျှော့သွားကြပုံရတယ်...”
သူ၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသူမှာ ယွီဝူရှီး ဖြစ်ပြီး သူက သက်ပြင်းသဲ့သဲ့ ချလိုက်သည်
“ဒီလောကအကြောင်းကို ပိုသိလာလေလေ၊ ဒီနေရာက ပိုပြီး အန္တရာယ်များတယ်လို့ ခံစားရလေလေပဲ။ လူ့လောကထက်တောင် အဆပေါင်း ရာချီပြီး အန္တရာယ်များသေးတယ်။ ခေါင်းဆောင်ကတော့ ဒီတစ်ခေါက် တကယ်ပဲ အခြေအနေ မကောင်းတော့ဘူး ထင်တယ်”
လင်းယွမ်က ခေတ္တစဉ်းစားပြီး မျက်မှောင်ကြုတ်ကာ ဆိုသည်
“ခေါင်းဆောင်ရဲ့ ခန္ဓာကိုယ်က ဘာမှမဖြစ်သေးတာကို ကြည့်ရင် သူ မသေသေးဘူးဆိုတာ သေချာတယ်။ ဒါဆိုရင် စောစောစီးစီး ပြန်လာသင့်တာပေါ့၊ ဒါမှမဟုတ် သူ လမ်းမှားသွားတာလား ”
ယွီဝူရှီး၏ အမူအရာမှာ ပိုမို လေးနက်သွားသည်
“ဖြစ်နိုင်ခြေ တော်တော်များတယ်။ ယင်လောကက လူ့လောကနယ်မြေ ကိုးခုလောက်ကို ကျယ်တာပဲ။ ငါတို့တုန်းက လင်းကွေ့ ကြယ်တာရာ မှာတင် လမ်းမှားခဲ့ကြတာ၊ ဒီလောက် ကျယ်ပြောတဲ့နေရာမှာဆိုရင်တော့ လမ်းမှားသွားရင် ပြန်ရှာတွေ့ဖို့ဆိုတာ... တကယ်ကို ခက်ခဲလိမ့်မယ်...”
“ကံကောင်းတာက ငါတို့ အလုပ်က နည်းနည်း သက်သာလို့ပေါ့။ ဒီမှာ တံခါးစောင့်ရုံနဲ့တင် တစ်နှစ်ကို ယင်သက်တမ်း အနှစ်သုံးဆယ် ရနေတာပဲ”
လင်းယွမ်က တုန်လှုပ်စွာ ဆိုသည်
“တခြားလူတွေရဲ့ အလုပ်က ဒီလောက် အမြတ်မထွက်ဘူးလေ။ သူတို့က အပြင်မှာ ယင်မိစ္ဆာ တွေကို သွားဖမ်းရတာဆိုတော့ ထိခိုက်မှုတွေ ရှိတယ်။ ဒါမှမဟုတ် ယင်မိစ္ဆာလက်ထဲမှာ သေတာပဲဖြစ်ဖြစ်၊ ခေါင်းဆောင်လို လမ်းမှားသွားတာပဲဖြစ်ဖြစ် ဖြစ်နိုင်တယ်...”
“ငါတို့ အလုပ်က ဒီလောက် သက်သာနေတာက... နန်မင်ရှောက်ကျဲ က ခေါင်းဆောင်အပေါ် အကြွေးတင်နေတယ်လို့ ခံစားရလို့ ငါတို့ကို ပြန်ပေးဆပ်တာ ဖြစ်ရမယ်။ ငါကြားတာတော့ ဒီအလုပ်က... မူလက သူ့အလုပ်တဲ့”
ယွီဝူရှီးက စိတ်မကောင်းစွာ ဆိုသည်။
“ဒါနဲ့... မင်းလည်း မကြာခင် ဘေးဒုက္ခကျော်လွှားခြင်း နောက်ဆုံးအဆင့် ကို ရောက်တော့မယ် မဟုတ်လား။ မုံ့ မိတ်ဆွေဆိုရင် ဘေးဒုက္ခကျော်လွှားခြင်း အထွတ်အထိပ် ကိုတောင် ရောက်တော့မယ် ထင်တယ်။ ဟုန်မိတ်ဆွေ ဘေးမှာ နေရတာ တကယ် ကောင်းတာပဲ။ သူတို့နှစ်ယောက်က အဆင်မပြေဘူး ထင်ထားတာ၊ ဟုန်မိတ်ဆွေက အတိတ်ကကိစ္စတွေကို ဒီလောက်အထိ ခွင့်လွှတ်ပေးနိုင်လိမ့်မယ်လို့ မထင်ထားဘူး”
လင်းယွမ်က ချီးကျူးလိုက်သည်။
သူက ခေတ္တရပ်ကာ
“တက်လှမ်းခြင်းအဆင့် ကို ရောက်ရင် ငါတို့ရဲ့ ဂုဏ်ထူးမှတ်တွေနဲ့ နတ်ဆေးပင် တွေကို လဲလို့ရပြီ။ ဒါတွေအားလုံးက ခေါင်းဆောင် ငါတို့အတွက် ချန်ထားပေးခဲ့တဲ့ ကျေးဇူးတွေပဲ”
ယွီဝူရှီးက ဘာမှပြန်မပြောတော့ဘဲ အဝေးသို့ လှမ်းကြည့်လိုက်ရာ လူရိပ်တစ်ခု အပြေးအလွှား ရောက်လာသည်ကို တွေ့လိုက်ရသည်။
“တုမိတ်ဆွေ ”
ရောက်လာသူမှာ တုရုဖုန်း ဖြစ်ပြီး သူတို့နှင့်အတူ ခြေတစ်ထောင်ယင်မိစ္ဆာ ကို သွားရောက်နှိမ်နင်းခဲ့စဉ်က ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။
“မင်းတို့ရဲ့ အထက်လူကြီးကို ခွင့်တိုင်လိုက်ဦး၊ ငါတို့လူတွေ ခုနက အပြင်မှာ ဖန့်မိတ်ဆွေကို တွေ့ခဲ့တယ်တဲ့။ မင်းတို့နှစ်ယောက် ငါနဲ့အတူ သွားကြည့်ပေးဦး၊ အမှန်အတိုင်းပြောရရင် ငါလည်း သေချာ မမှတ်မိတော့ဘူး၊ လူမှားသွားမှာ စိုးလို့”
တုရုဖုန်းက အလောတကြီး ပြောလိုက်သည်။
ထိုနှစ်ယောက်မှာ အလွန်အံ့အားသင့်သွားကြသည်။
သူတို့ များများစားစား မစဉ်းစားတော့ဘဲ အထက်လူကြီးထံ အမြန်သွားကာ ခွင့်တောင်းကြသည်။
ခွင့်တောင်းရသည့် အကြောင်းရင်းကို သိသောအခါ မိစ္ဆာသန့်စင်မျှော်စင်မှ အရာရှိကလည်း နှစ်ရက်ခွင့်ကို လွယ်လွယ်ကူကူပင် ပေးလိုက်လေသည်။
သူတို့သည် ကျွယ်မင်ယင်လောကမှ ထွက်ခွာပြီး တောင်ဘက်အရပ်သို့ ပျံသန်းသွားကြသည်။
ထိုအချိန်တွင်...
ဖန့်ချန်သည် ကျွယ်မင်နန်းတော်မှ အပြင်စည်းကျင့်ကြံသူ အချို့နှင့် စကားတပြောပြောဖြင့် ကျွယ်မင်ယင်လောကဘက်သို့ လာနေသည်။
ထိုလျှို့ဝှက်အစောင့်အရှောက် စစ်သည်ဟောင်း ငါးဆယ်ကိုမူ ကျွယ်မင်ယင်လောကနှင့် မဝေးလှသော၊ ယင်မိစ္ဆာများ အုပ်ချုပ်သည့် မြို့အချို့တွင် နေရာချထားခဲ့ပြီး ဖြစ်သည်။
ထိုမြို့များမှာ ကျွယ်မင်ယင်လောကနှင့် အတော်အတန် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု ရှိကြသည်။
သူ ကျွယ်မင်ယင်လောကတွင် ခြေကုပ်မြဲသွားပြီဆိုလျှင် ထိုစစ်သည်ဟောင်းများကို ကျွယ်မင်ယင်လောကသို့ ခေါ်ဆောင်ရန် အခွင့်အရေး ရလာပေလိမ့်မည်။
“ဖန့်မိတ်ဆွေ... ဒီတစ်ခေါက် မင်းကို တွေ့လိုက်ရတာ တကယ်ပဲ ကံကောင်းတာပဲ။ တရားသူကြီးဌာနနဲ့ ယင်စစ်သည်ဌာနက လူတွေ မင်းကို ရှာနေကြတာ နှစ်တော်တော်ကြာပြီ၊ ဘယ်သူမှ ရှာမတွေ့ခဲ့ဘူး”
တစ်ယောက်က စိတ်ဝင်တစား မေးလိုက်သည်
“ကြားတာတော့ ပြီးခဲ့တဲ့တစ်ခေါက်က ယင်မိစ္ဆာကြီးတစ်ကောင်ရဲ့ လိုက်လံသတ်ဖြတ်တာကို ခံခဲ့ရတယ်ဆို၊ အဲဒီနောက် ဘာဖြစ်သွားလဲ အဲဒီယင်မိစ္ဆာကြီးကရော ”
“သူ ငါ့နောက်ကို ခဏ လိုက်လာသေးတယ်၊ ဒါပေမဲ့ မတော်တဆ တခြားယင်မိစ္ဆာကြီးတစ်ကောင်နဲ့ သွားဆုံပြီး သူတို့နှစ်ကောင် ချနေကြတာနဲ့ ငါ့ကို ဂရုမစိုက်နိုင်တော့ဘူး။ ငါ ကျွယ်မင်ယင်လောကကို ပြန်ဖို့ ကြိုးစားပေမဲ့ ဘယ်လမ်းကသွားရမှန်း မသိတော့ဘဲ အခုထိ လိုက်ရှာနေခဲ့ရတာ ”
ဖန့်ချန်က သက်ပြင်းချကာ ဆိုသည်
“မင်းတို့ ယင်မိစ္ဆာတွေကို သတ်နေတာကို မတွေ့လို့ လာမမေးဖြစ်ရင် ငါလည်း အခုထိ ပြန်ရောက်ဦးမှာ မဟုတ်ဘူး”
ထိုလူများက ခေါင်းတငြိမ့်ငြိမ့်ဖြင့် အံ့သြနေကြသည်။
ဒါဟာ အမှန်တကယ်ပင် ကံကောင်းခြင်းပင်။
သူတို့၏ စိတ်ထဲတွင်လည်း အလွန်ဝမ်းသာနေကြသည်။
ဤလူကား တရားသူကြီးဌာနနှင့် ယင်စစ်သည်ဌာနတို့က အသည်းအသန် ရှာဖွေနေသူ ဖြစ်သလို၊ အသစ်တက်လာသော အမာခံတပည့် နှင့်လည်း ရင်းနှီးသူ၊ နန်မင်ရှောက်ကျဲနှင့်လည်း သိကျွမ်းသူ မဟုတ်ပါလား။
သူ့ကို ရှာတွေ့ခဲ့သဖြင့် သူတို့အတွက်လည်း အကျိုးအမြတ်များစွာ ရနိုင်ပေလိမ့်မည်။
မကြာမီမှာပင် တုရုဖုန်းသည် လင်ယွမ်နှင့် ယွီဝူရှီး တို့ကို ခေါ်ဆောင်ကာ မျက်နှာချင်းဆိုင်မှ ရောက်လာသည်။
“ဖန့်မိတ်ဆွေ ဟုတ်ရဲ့လား ”
တုရုဖုန်းက အမြန်မေးလိုက်သည်။
သူသည် ဖန့်ချန်ကို တစ်ကြိမ်သာ မြင်ဖူးခြင်းဖြစ်ပြီး ဆယ်နှစ်ကျော် ကြာမြင့်သွားပြီဖြစ်သဖြင့် သေချာ မမှတ်မိတော့ချေ။
လင်ယွမ်နှင့် ယွီဝူရှီးတို့မှာ ခဏမျှ ကြောင်အသွားပြီးနောက် အလွန်အမင်း ဝမ်းသာအားရစွာဖြင့် အော်ဟစ်လိုက်ကြသည်
“ခေါင်းဆောင်"
အခန်း (၁၄၁၆) - လီရှမ်းဇီ၏ လက်သိပ်ထိုး အကွက်များ
ကျွယ်မင်ယင်လောက၊ ယင်စစ်သည်ဌာန
ကျိရှန့်သည် ဖန့်ချန်၏ ကြုံတွေ့ခဲ့ရမှုများကို နားထောင်ပြီးနောက် မျက်နှာတွင် ချီးကျူးအံ့သြရိပ်များ ယှက်သန်းသွားကာ ဆိုသည်
“မင်း ဒီလိုအခြေအနေမျိုးကနေ အသက်ရှင်လျက် ပြန်လာနိုင်တယ်ဆိုတော့ ကံတရားက တော်တော်မျက်နှာသာပေးတာပဲ။ ကျင့်ကြံသူတစ်ယောက်အတွက် ပါရမီမကောင်းတာ၊ ကျင့်ကြံခြင်းအရင်းအမြစ် မရှိတာက မကြောက်ရဘူး... အကြောက်ဆုံးက ကံဇာတာ နိမ့်ပါးနေတာပဲ”
ဖန့်ချန်က ပြုံး၍ ခေါင်းငြိမ့်ပြလိုက်ပြီး ဘာမှ ပြန်မပြောချေ။
“မင်း အရင်ဆုံး လူ့လောကကို ပြန် လိုက်ဦး။ မင်းရဲ့ ကိစ္စရပ်တွေကို စီစဉ်ပြီးသွားရင် အဲဒီအချိန်ကျရင်တော့ ဟုန်ဂျူနီယာ က မင်းအတွက် ကောင်းမွန်တဲ့ အလုပ်တစ်ခု စီစဉ်ပေးပါလိမ့်မယ်။ မင်းက အဲဒီတုန်းက နန်မင်ရှောက်ကျဲကို ကယ်ခဲ့ဖူးတော့ နန်မင်ရုယွဲ့က ဒီကျေးဇူးကို ထောက်ထားပြီး မိစ္ဆာသန့်စင်မျှော်စင်မှာ ဟုန်ဂျူနီယာအတွက် အလုပ်ကောင်းတစ်ခု စီစဉ်ပေးထားတယ်”
ကျိရှန့် က စကားပြောရင်းနှင့် ရုံးစာတစ်စောင်ကို ကောက်ကိုင်ကာ စစ်ဆေးကြည့်ရှုရင်း မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်
“ဟုန်ယွဲ့ အဖိုးကြီးကတော့ နောက်တစ်ခါ မငြိမ်မသက် ဖြစ်ပြန်ပြီ...”
ဖန့်ချန်သည် သူက ဧည့်သည်ပြန်စေလိုသည့် အဓိပ္ပာယ်ကို ရိပ်မိသဖြင့် လက်အုပ်ချီ နှုတ်ဆက်ကာ ယင်စစ်သည်ဌာနမှ ထွက်ခွာလာခဲ့သည်။
ယွီဝူရှီးနှင့် လင်းယွမ်တို့မှာ တံခါးဝတွင် စောင့်နေကြပြီး တုရုဖုန်းမှာလည်း ထွက်မသွားသေးချေ။
“ကျိအမာခံက ဘာပြောလဲ ”
တုရုဖုန်းက စပ်စုကာ မေးမြန်းလိုက်သည်။
“မင်းတို့ ဘာမှမဖြစ်တော့ဘူး”
ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။
တုရုဖုန်းနှင့် အခြားသူများမှာ ချက်ချင်းပင် သက်ပြင်းချနိုင်တော့ကာ
“ဒီကိစ္စကြောင့် ငါတို့လည်း ဒီနှစ်တွေမှာ ဒုက္ခတော်တော် ခံခဲ့ရတယ် ”
ဟု မြည်တမ်းကြသည်။
ထိုသို့ပြောခြင်းမှာ ယခုအချိန်နှင့် မသင့်တော်ဟု ချက်ချင်း သတိထားမိသွားပုံရပြီး ပါးစပ်ကို ပိတ်ကာ စကားလမ်းကြောင်း လွှဲလိုက်ကြသည်။
“ခေါင်းဆောင်... အရင်ဆုံး လူ့လောကကို ပြန်လိုက်ပါဦး၊ ခေါင်းဆောင်ရဲ့ အရင်က ဆုလာဘ်တွေကိုလည်း မယူရသေးဘူး မဟုတ်လား”
လင်းယွမ်က သတိပေးလိုက်သည်
“ခေါင်းဆောင်က အခု တက်လှမ်းခြင်းအဆင့် ရောက်နေပြီဆိုတော့ အဆင့် ၁ နတ်ဆေးပင် တစ်ပင်လောက်နဲ့ လဲလိုက်ရင် ချက်ချင်းပဲ အဆင့်၁ မသေမျိုး ဖြစ်သွားနိုင်ပြီ”
တုရုဖုန်း၏ မျက်ဝန်းထဲတွင် မနာလိုအားကျရိပ်များ ချက်ချင်း ပေါ်လာသည်။
တစ်ဖက်လူက ကျွယ်မင်နန်းတော်သို့ ရောက်သည်မှာ မည်မျှကြာသေးသနည်း၊ အခုတော့ အဆင့်၁ မသေမျိုး ဖြစ်တော့မည်။
ထိုအရှိန်အဝါမှာ သူတို့ထက် အဆပေါင်းများစွာ မြန်လွန်းလှသည်။
ဖန့်ချန်က အသာအယာ ခေါင်းငြိမ့်လိုက်ပြီး တုရုဖုန်းကို နှုတ်ဆက်ကာ လင်းယွမ်၊ ယွီဝူရှီးတို့နှင့်အတူ လူ့လောကသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။
သူ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရုတ်တရက် လှည့်ကြည့်လိုက်ရာ ယင်စစ်သည်ဌာန၏ တူညီဝတ်စုံကို ဝတ်ဆင်ထားသော သူတစ်ယောက် ဌာနအတွင်းသို့ ဝင်သွားသည်ကို တွေ့လိုက်ရသည်။
တစ်ဖက်လူက ဖန့်ချန်ကို မမြင်သော်လည်း ဖန့်ချန်ကမူ ထိုသူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ကျိထျန်းကျွင်း
ဖန့်ချန်သည် ဘာမှမဖြစ်သလိုပင် ယွီဝူရှီးတို့နှင့် စကားပြောရင်း မြို့ပြင်ဘက်သို့ ဆက်လက် လျှောက်လှမ်းသွားခဲ့သည်။
ကျိထျန်းကျွင်းသည် ဝူရှန့်ငရဲ တွင် သေဆုံးခဲ့ပြီး ဝိညာဉ်ကျန်ရစ်ခြင်း မရှိခဲ့ချေ။
ထိုစဉ်က သေဆုံးသွားသည်မှာ သူ၏ ကိုယ်ပွား သာ ဖြစ်ကြောင်း သေချာသည်။
ယခု ကျွယ်မင်ယင်လောကတွင် ပေါ်လာသည်မှာမူ လူ့လောကမှ ဝိညာဉ်ခွဲထွက်သူ အနေနှင့် ဖြစ်သဖြင့် ဖန့်ချန် မြင်လိုက်ရသည်မှာ ကျိထျန်းကျွင်း၏ စစ်မှန်သော ဝိညာဉ်ပင် ဖြစ်ပေလိမ့်မည်။
သူ့ဘုန်းကြီး ကျောင်းလာတက်ပြီပေါ့၊ ဒီတစ်ခေါက် ပေါ်လာတာက ကိုယ်ပွားမဟုတ်တော့ဘူး။
ဤသည်မှာ အလွန်အရေးကြီးသော သတင်းအချက်အလက် ဖြစ်သည်။
ကျိထျန်းကျွင်း၏ ကိုယ်ပွားမဟုတ်သော ဝိညာဉ်အစစ် ထိုနေရာသို့ ရောက်လာသည်မှာ ဖန့်ချန်အတွက် သူ့ကို ဘွဲ့နှင်းပေးခြင် ပြုလုပ်ရန် အခွင့်အရေး ရလာပြီဟု ဆိုလိုခြင်း ဖြစ်သည်။
ဘွဲ့နှင်းပြီးသည်နှင့် ကျိထျန်းကျွင်း၏ ပါးစပ်မှ သိလိုသည်များကို မေးမြန်း၍ ရနိုင်ပေမည်။
ကျွယ်မင်နန်းတော်
လင်းယွမ်နှင့် ယွီဝူရှီးတို့သည် လူ့လောကသို့ ပြန်ရောက်သည်နှင့် ဖန့်ချန်၏ ခန္ဓာကိုယ်ကို ထားရှိသည့် တိတ်ဆိတ်သော အခန်းရှေ့သို့ ချက်ချင်း ရောက်လာကြသည်။
ခေတ္တအကြာတွင် ဖန့်ချန်သည် အခန်းထဲမှ ထွက်လာခဲ့သည်။
ဤနေရာတွင် အကာအကွယ်အစီရင် များစွာ ချထားသည်ကို သူ သတိပြုမိသည်။
အပြင်လူတစ်ယောက်အနေနှင့် အဆင့် ၁ မသေမျိုးပင် ဖြစ်ပါစေ၊ မသိမသာ ခိုးဝင်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
“ခေါင်းဆောင်... ဒီအကာအကွယ်တွေကို ဟုန်အမာခံက လူလွှတ်ပြီး အထူးစီစဉ်ပေးထားတာပါ။ သာမန်အဆင့် ၁ မသေမျိုးတွေတောင် အလွယ်တကူ ကျူးကျော်လို့ မရဘူး”
လင်းယွမ်က ပြောပြသည်။
“ဟုန်မိတ်ဆွေက တကယ်ကို စိတ်ဝင်တစား ရှိတာပဲ”
ဖန့်ချန်က ပြုံး၍ ခေါင်းငြိမ့်လိုက်သည်
“သူ အခု ဘယ်မှာလဲ ”
“ကျနော် ခုနက မေးကြည့်တော့ ဟုန်အမာခံက အကြီးအကဲ တစ်ဦးရဲ့ လက်အောက်မှာ အစီရင် မသေမျိုးအတတ် ကို ကျင့်ကြံနေတယ်တဲ့။ မုံ့ မိတ်ဆွေလည်း အဲဒီမှာပဲ ရှိနေတယ်။ သူတို့ အလုပ်ပြီးရင်တော့ ဒီကို လာကြပါလိမ့်မယ်”
ယွီဝူရှီးက ဆက်ပြောသည်
“ငါတို့ အရင်ဆုံး ဂုဏ်ထူးမှတ်နန်းဆောင် ကို သွားပြီး ဂုဏ်ထူးမှတ်တွေ အရင် သွားယူကြရင်ရော ”
“ရတာပေါ့”
ဖန့်ချန်က ခေါင်းငြိမ့်လိုက်သည်။
သူသည် လီရှမ်းဇီကို စုစုပေါင်း အဆင့် ၄ နတ်ဆေးပင် ၈ ပင် ပေးခဲ့သည်။
နတ်ဆေးပင် တစ်ပင်လျှင် မသေမျိုး ကျောက်တုံး ၁၀၀၀ တန်ဖိုးရှိသည်ဟု တွက်ချက်လျှင် သူသည် ကျောက်တုံး ၂၄၀၀ နှင့် ထိုက်တန်သော ဂုဏ်ထူးမှတ်များကို ရရှိရမည် ဖြစ်သည်။
လင်းယွမ်နှင့် ယွီဝူရှီးတို့မှာ ဤနေရာနှင့် အတော်ပင် ရင်းနှီးနေပုံရသည်။
သူတို့နှစ်ယောက် လမ်းပြမှုဖြင့် ဖန့်ချန်သည် အလွန်စည်ကားလှသော ဂုဏ်ထူးမှတ်နန်းဆောင်သို့ လျင်မြန်စွာ ရောက်ရှိလာသည်။
“ကျွယ်မင်နန်းတော်က ကျင့်ကြံသူတွေက ငါထင်ထားတာထက် အများကြီး ပိုများတာပဲ”
ဖန့်ချန်က တစ်ချက်ကြည့်ကာ ပြုံး၍ ဆိုလိုက်သည်။
“ဒါပေါ့ ခေါင်းဆောင်ရဲ့။ အမာခံတပည့်တင် တစ်ထောင်ကျော် ရှိတာလေ။ အမာခံတစ်ယောက်စီမှာလည်း နောက်လိုက်တွေ အများကြီးရှိတော့ လူတွေက အများကြီး ဖြစ်ကုန်တာပေါ့။ နောက်ပြီး ဧည့်သည်တော် အကြီးအကဲ တွေလည်း ရှိသေးတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အောက်နယ်မြေ ခြောက်ခုက လာတဲ့ ဧည့်သည်တော် အကြီးအကဲတစ်ယောက်ကို လီအမာခံနဲ့အတူ ကျနော် တွေ့လိုက်သေးတယ်”
“ကြားတာတော့ ထိုက်ရွှီမသေမျိုး တဲ့။ အစွမ်းက တော်တော်ကြီးတယ်၊ ရှေးဟောင်းမသေမျိုး တစ်ပါးလို့ ပြောကြတယ်။ ဒီလို ရှေးဟောင်းမသေမျိုးတစ်ပါးရဲ့ ဘေးမှာလည်း ကျင့်ကြံသူတွေက နည်းမှာ မဟုတ်ဘူး”
လင်းယွမ်က ပြောပြသည်။
ထိုက်ရွှီမသေမျိုး ကို တွေ့ခဲ့တာလား
ဖန့်ချန်၏ စိတ်မှာ လှုပ်ရှားသွားသည်။
ကျွယ်မင်နန်းတော်က ထိုက်ရွှီမသေမျိုးဟာ ဝိညာဉ်သုတ်သင်ခြင်းဌာန ရဲ့ ကျင့်ကြံသူဖြစ်တာကို သိကြလား မသိကြဘူးလား
“အကြီးအကဲ ဖုန်း... ဒီသူကတော့ ကျနော် တို့ နယ်မြေကိုးခု ရှာဖွေရေးအဖွဲ့ရဲ့ ခေါင်းဆောင် ဖန့်ချန် ပါ။ ဂုဏ်ထူးမှတ်နဲ့ မသေမျိုးကျောက်တုံးတွေ လာထုတ်တာပါ”
သူတို့နှစ်ယောက်သည် ဖန့်ချန်ကို ခေါ်ဆောင်ကာ အကြီးအကဲတစ်ဦး၏ ရှေ့သို့ ရောက်လာကြသည်။
ထိုအကြီးအကဲသည် အဆင့် ၁ မသေမျိုးတစ်ဦးကို လွှတ်လိုက်ပြီးနောက် လင်းယွမ်၏ စကားကို ကြားသောအခါ စိတ်ဝင်တစား ကြည့်လာသည်။
သူက ဖန့်ချန်ကို အထက်အောက် စစ်ဆေးကြည့်ပြီး ပြုံး၍ ဆိုသည်
“အရင်က လီအမာခံ ပြောနေတဲ့လူက မင်းပေါ့။ ကံတရားက တော်တော်ကောင်းတာပဲ။ ပထမဆုံးအကြိမ် အဖွဲ့ကို ဦးဆောင်ပြီး ထွက်တာနဲ့တင် နတ်ဆေးပင် ၈ ပင်တောင် ယူလာနိုင်တယ် ”
“မင်း ယူလာတဲ့ နတ်ဆေးပင် ၈ ပင်လုံးက အဆင့် ၃ နတ်ဆေးပင် တွေပဲ။ လီအမာခံက မှာထားပြီးသားပါ။ အရည်အသွေးကို မကြည့်ဘဲ အဆင့် ၃ နတ်ဆေးပင်ရဲ့ အမြင့်ဆုံးဈေးနှုန်းအတိုင်း တွက်ပေးဖို့လေ။ အရင်က သူတို့အတွက် ဝေစုကိုတော့ လာထုတ်သွားကြပြီ။ အခု မင်းရသင့်တဲ့ မသေမျိုးကျောက်တုံးနဲ့ ဂုဏ်ထူးမှတ်တွေကို ငါ ထုတ်ပေးမယ်”
လင်းယွမ်နှင့် ယွီဝူရှီးတို့မှာ နားထောင်ရင်း အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။
နတ်ဆေးပင် ၈ ပင်... ဤမျှ တောက်ပသော အောင်မြင်မှုမျိုးမှာ နယ်မြေကိုးခု ရှာဖွေရေးအဖွဲ့တွင်သာ ရှိပေလိမ့်မည်။
ဖန့်ချန်၏ မျက်နှာတွင် ထူးခြားသောအမူအရာ မပေါ်သော်လည်း သူ၏စိတ်ထဲတွင်မူ သိလိုက်ပြီဖြစ်သည်။
လီဆန်းကျီသည် လက်သိပ်ထိုး အကွက်ထုတ်ကာ သူ ရသင့်သော ကျောက်တုံးများကို ခိုးယူလိုက်ပြီ ဆိုသည်ကိုပင်။
ထိုနတ်ဆေးပင် ၈ ပင်မှာ စစ်မှန်သော အဆင့် ၄ နတ်ဆေးပင် များ ဖြစ်သည်။
စတုတ္ထအဆင့် ဈေးနှုန်းနှင့် အဆင့် ၃ ဈေးနှုန်းမှာ မည်သို့မျှ တူညီနိုင်မည် မဟုတ်ချေ။
သို့သော် သူသည် ယခုအချိန်တွင် ကန့်ကွက်၍ မရနိုင်သေးပေ။
အကယ်၍ ကန့်ကွက်လိုက်ပါက မိမိသည် နတ်ဆေးပင်များ၏ အဆင့်အတန်းကို ခွဲခြားနိုင်ကြောင်း ဝန်ခံလိုက်သကဲ့သို့ ဖြစ်သွားမည်။
ထိုအချက်ကို မည်သို့ ရှင်းပြမည်နည်း မှန်လေး ကို ထုတ်ပေးရမည်လော
လုံးဝ မဖြစ်နိုင်ချေ။
ထိုအကြီးအကဲ ဖုန်းသည် အဆင့် ၃ နတ်ဆေးပင် တစ်ပင်လျှင် မသေမျိုးကျောက်တုံး ၇၀၀ နှုန်းဖြင့် ဖန့်ချန်အတွက် တွက်ချက်ပေးလိုက်သည်။
စုစုပေါင်း ကျောက်တုံး ၁၆၈၀ ရရှိသည်။
လီရှမ်းဇီက ကျောက်တုံး ၄၀၀ ကျော်ကို ခဝါချလိုက်ခြင်း ဖြစ်သည်။
ကြာနီနတ်မိမယ် သာ အမာခံတပည့် ဖြစ်မလာခဲ့လျှင် လီရှမ်းဇီ သည် နတ်ဆေးပင် ၈ ပင်လုံးကို အဆင့် ၁ နတ်ဆေးပင် အဖြစ် တွက်ချက်ပေးလိမ့်မည်ဟု ဖန့်ချန် ခန့်မှန်းမိလိုက်သည်။
“အဆင့် ၃ နတ်ဆေးပင် တစ်ပင်ရဲ့ ဂုဏ်ထူးမှတ်က ၃၀၀ ဆိုတော့ ၈ ပင်အတွက် ၂၄၀၀ ရမယ် ”
“ငါတို့ ကျွယ်မင်နန်းတော်ရဲ့ စည်းကမ်းက ရှာဖွေရေးအဖွဲ့ဝင်တွေဟာ ဂုဏ်ထူးမှတ်တွေကို ညီတူညီမျှ ခွဲဝေယူရမယ်။ မသေမျိုးကျောက်တုံးတွေကိုပဲ မင်းတို့ စိတ်ကြိုက် ခွဲဝေလို့ရတယ် ”
အကြီးအကဲ ဖုန်းက ဖန့်ချန်၏ အဆင့်အတန်းပြ ကျောက်ပြားကို တောင်းယူလိုက်သည်
“မင်းတို့ နယ်မြေကိုးခု ရှာဖွေရေးအဖွဲ့မှာ အဖွဲ့ဝင် ၅ ယောက် ရှိတယ်ဆိုတော့ တစ်ယောက်ကို ဂုဏ်ထူးမှတ် ၄၈၀ စီ ရမယ်”
ဤသို့ပြောပြီးနောက် သူက ဖန့်ချန်ကို ပြုံး၍ ကြည့်ကာ
“ဒီ ၄၈၀ ဆိုတဲ့ ဂုဏ်ထူးမှတ်ကို အထင်မသေးနဲ့ဦး။ မသေမျိုးကျောက်တုံး တစ်ပြားမှ မကုန်ဘဲနဲ့ အဆင့် ၁ နတ်ဆေးပင် တစ်ပင်နဲ့ လဲလို့ရတဲ့အပြင် ဂုဏ်ထူးမှတ် ၁၀၀ ကျော်တောင် ပိုဦးမယ်”
“ငါတို့ ကျွယ်မင်နန်းတော်မှာ လူတိုင်းသိတာက... ဝိညာဉ်ကျောက်တုံးနဲ့ မသေမျိုးကျောက်တုံး ရှာရတာ လွယ်ပေမဲ့ ဂုဏ်ထူးမှတ် ရဖို့က ခက်တယ်။ မင်းရဲ့ ဂုဏ်ထူးမှတ်က ၅၀၀၀ ထက် ကျော်သွားရင် အမာခံတပည့် စစ်ဆေးမှုကိုတောင် ဝင်ခွင့် လျှောက်ထားလို့ရတယ်”
“ငါ ဒီမှာ နေလာတာ ကြာပြီ၊ အမှန်အတိုင်း ပြောရရင် ငါ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ဂုဏ်ထူးမှတ်တွေက မင်း ဒီတစ်ခေါက် ရတာကိုတောင် မမီဘူး”
အကြီးအကဲ ဖုန်းသည် ဖန့်ချန်၏ ကျောက်ပြားထဲသို့ ဂုဏ်ထူးမှတ် ၄၈၀ ကို ထည့်သွင်းပေးလိုက်သည်။
သူက အားကျသည့် အကြည့်ဖြင့် ကျောက်ပြားကို ဖန့်ချန်ထံ ပြန်ပေးလိုက်သည်။
ဤနေရာမှ လှုပ်ရှားမှုများမှာ လူအများ၏ အာရုံကို တိတ်တဆိတ် ဆွဲဆောင်ထားပြီးသား ဖြစ်သည်။
မသေမျိုးကျောက်တုံး ၁၀၀၀ ကျော်နှင့် ဂုဏ်ထူးမှတ် ၄၀၀ ကျော်...
အဆင့် ၂ မသေမျိုးများ နှင့် အဆင့် ၃ မသေမျိုးများ ပင်လျှင် ခြေလှမ်းများ ရပ်တန့်သွားကြပြီး အံ့သြမှင်တက်ကာ ကြည့်နေကြရလေတော့သည်။