← Chapters

အခန်း (၃၉၇-၃၉၉)

Vol. 27 Ch. 397-399

အခန်း (၃၉၇-၃၉၉)

Vol. 27 Ch. 397-399

အခန်း (၃၉၇)- လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးမိစ္ဆာကို ဆင့်ခေါ်ခြင်း၊ အန္တရာယ်ကြီး

~“ကျန်းပုရှို...”

ရွှေရောင် စက္ကူကြိုးကြာ ထံမှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာ၏။

ထိုအသံကို ကြားလိုက်ရသဖြင့် ဒုတိယ ခန်းမသခင် မျက်မှောင်ကြုတ်လိုက်မိသည်။

သူ ဆက်လက် နားထောင်လိုက်ရာ သူ့မျက်နှာထားသည် တဖြည်းဖြည်း လေးနက်လာပြီး မယုံနိုင်လောက်အောင်ပင် ဖြစ်သွား၏။

နောက်ဆုံးတွင် ဒုတိယ ခန်းမသခင် သည် မီးတောက်တစ်ခု ဖန်တီးကာ သတင်းစကားပါးသော စက္ကူကြိုးကြာကို မီးရှို့ပစ်လိုက်၏။

သူ အလွန်အမင်း ဒေါသထွက်နေမိသည်။

အဘယ်ကြောင့်ဆိုသော် ပင်မခန်းမသခင်ကြီးက သူ့ကို မြူခိုးဂိုဏ်းအား သွားရောက် တိုက်ခိုက်ရန် အမိန့်ပေးလိုက်သောကြောင့်ပင်။

“အဲဒီ လူကြီးတွေ ကျင့်ကြံလွန်းအားကြီးပြီး ဦးနှောက်ပျက်သွားကြပြီလား...”

“မြူခိုးဂိုဏ်း မှာ မူလနတ်ဘုရား အဆင့် နီးပါး စွမ်းအားကြီးတဲ့ ဂိုဏ်းစောင့် မြေခွေးမလေး ဖေးဖေး ရှိတယ်... ပြီးတော့ ယဲ့ဖုန်း လိုမျိုး ခန့်မှန်းရခက်တဲ့ လူတစ်ယောက်လည်း ရှိနေသေးတယ်... ဝိညာဉ်ပင်လယ်အဆင့်သာ ရှိတဲ့ ငါ့လို ကောင်လေး တစ်ယောက်ကို အဲဒီ လွှတ်လိုက်တာက သေရွာပို့လိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား...”

“ထားလိုက်ပါတော့... အရင်ဆုံး အဲဒီမှာ ခဏလောက် ပုန်းအောင်းနေပြီး စောင့်ကြည့်ရမယ်... ယဲ့ဖုန်း နဲ့ မြေခွေးမလေး ဖေးဖေး တို့လို ထိပ်သီးပညာရှင်နှစ်ယောက် မြူခိုးဂိုဏ်း မှာ မရှိတဲ့ အချိန်ကျမှ တိုက်ခိုက်ရင်လည်း နောက်မကျပါဘူးလေ...”

ဒုတိယ ခန်းမသခင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်၏။

...

ချင်းယွင် တောင်တန်းတွင် ဖြစ်သည်။

ရှောင်ဖန်ကု သည် လေထဲတွင် တင်ပျဉ်ခွေ ထိုင်နေသည်။ သူ့ခန္ဓာကိုယ်မှ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၁) အထွတ်အထိပ် အရှိန်အဝါများ ထွက်ပေါ်နေပြီး မြူခိုးဂိုဏ်း ရှိရာဘက်သို့ မာန်မာနထောင်လွှားစွာ လှမ်းမျှော်ကြည့်လိုက်၏။

“ငါ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကို ရောက်ပြီ... ဟိုယွင်ကျဲ ... ဒီ နတ်ဆိုးသတ်ဖြတ်ပွဲမှာ မင်းကို ငါ့ဓားအောက် ပြားပြားမှောက်သွားအောင် လုပ်ပစ်မယ်...”

ရှောင်ဖန်ကု ထူးဆန်းစွာ ယုံကြည်မှု ပြင်းထန်နေ၏။

သူ့ဘေးတွင် ရှိနေသော ရှီးရှင်းယွီသည် သူ့၏ ခန့်ညားသော မျက်နှာဘေးတိုက်ကို ငေးမောကြည့်ရှုနေပြီး သူမ၏ မျက်ဝန်းများထဲတွင် ကြယ်ရောင်များ လင်းလက်နေသကဲ့သို့ ဖြစ်နေသည်။

သူမသည်လည်း ကောင်းကင်နှင်းရည် အကူအညီဖြင့် အဆင့်ချိုးဖြတ်ကာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၁) သို့ ရောက်ရှိခဲ့ပြီ ဖြစ်သော်လည်း ရှောင်ဖန်ကု ကိုမူ ယခင်ကကဲ့သို့ပင် ဆက်လက် လေးစားအားကျနေဆဲ ဖြစ်သည်။

မီတာ (၁၀၀) ခန့် အကွာတွင် ဖြစ်၏။

ပိုင်မင်လု သည် ပါးစပ်ထဲတွင် မြက်တစ်ပင်ကို ကိုက်ဝါးရင်း ရှောင်ဖန်ကု နှင့် ရှီးရှင်းယွီ တို့ကို ကြည့်ကာ ခေါင်းခါလိုက်မိသည်။ သူတို့ ဟိုယွင်ကျဲ ကို နိုင်လိမ့်မည်ဟု သူ လုံးဝ မယုံကြည်ပေ။

...

မြင့်မြတ်သော လေဓားဂိုဏ်းတွင် ဖြစ်သည်။

ဓားကလေး မူရူရွှယ်သည် စည်းကမ်းထိန်းသိမ်းရေး တောင်ထိပ်၏ ပင်မထိုင်ခုံတွင် ထိုင်နေ၏။

ကျောက်စိမ်းဓားရှည် တစ်ချောင်းကို ကျောတွင် လွယ်ထားသော ကျိဝူရွှမ်သည် ထိုင်ခုံအောက်ခြေတွင် ရပ်လျက် မေးလိုက်သည်။

“ဓားကလေး... ခင်ဗျား နတ်ဆိုးသတ်ဖြတ်ပွဲ ကို မသွားဘူးလား...”

“မသွားဘူး... လက်ရှိ အဆင့်ကို ချိုးဖြတ်ဖို့ အာရုံစိုက်တာက ပိုအရေးကြီးတယ်...”

မူရူရွှယ် ခေါင်းခါလိုက်သည်။

“ဒီ နတ်ဆိုးသတ်ဖြတ်ပွဲ မှာ ဂိုဏ်းအများကြီး ပါဝင်ကြမှာ... ငါ့လက်အောက်မှာ အလားအလာ အရှိဆုံး လူတစ်ယောက်အနေနဲ့ မင်း ကောင်းကောင်း စွမ်းဆောင်နိုင်ရမယ်...”

“စိတ်ချပါ...”

ကျီဝူရွှမ်း ခေါင်းညိတ်ပြီး ထွက်ခွာသွား၏။

...

ချိုင့်ဝှမ်းတစ်ခုတွင် ဖြစ်သည်။

ဝက်စန်းဖန်သည် မိစ္ဆာချီ (၁၀) မျှင်နှင့် ဆံပင်အမျှင် (၃၀၀) ပေးဆပ်ပြီးနောက် သူ့စွမ်းအားကို များစွာ တိုးတက်စေနိုင်မည့် နေရာတစ်ခုကို နောက်ဆုံးတွင် တွက်ချက် ဟောကိန်းထုတ်နိုင်ခဲ့၏။

“မြေအောက်လိုဏ်ဂူ.. ဒီနေရာက အန္တရာယ် မများလွန်းဘူးလား...”

ဝက်ဆန်းပန်း သည် ပါးပါးသွားပြီ ဖြစ်သော သူ့ဦးရေပြားကို စမ်းသပ်ကြည့်လိုက်ပြီး သွားကိုတင်းတင်းစည်းကာ ပြောလိုက်သည်။

“ထားလိုက်ပါတော့... ငါ ဟောကိန်းထုတ်ပြီးပြီပဲ... သွားကြတာပေါ့...”

သူသည် မြေပြင်ပေါ်သို့ ကျသွားသော ဆံပင်များကို ဂရုတစိုက် ကောက်ယူကာ ကျောက်စိမ်းသေတ္တာထဲသို့ ထည့်လိုက်သည်။ ထို့နောက် စိတ်မချနိုင်သေးသဖြင့် နောက်တစ်ကြိမ် ထပ်မံ တွက်ချက်ကြည့်လိုက်ပြန်သည်။

...

လျူယွင်ဂိုဏ်းမှာမူ၊

တုန်းတုန်းချန် သည် တုန်းချန် ကို ပြောနေလေသည်။

“မှတ်ထားနော်... မင်း နတ်ဆိုးသတ်ဖြတ်ပွဲ ကို မဖြစ်မနေ ပါဝင်ရမယ်... ဘာလို့လဲဆိုတော့ အဲဒီမှာ မြေအောက်လိုဏ်ဂူ ကမ္ဘာဆီ သွားတဲ့ လမ်းကြောင်း တစ်ခု ရှိတယ်... အဲဒီက နိုင်ငံခြား မျိုးနွယ်တွေက ရှေးဟောင်း နတ်ဆိုးမျိုးနွယ်ရဲ့ မျိုးကွဲတွေပဲ... သူတို့ရဲ့ နတ်ဆိုးသွေးနဲ့ နတ်ဆိုးအမြုတေတွေက တန်ဖိုး အရမ်းကြီးတယ်... မင်း အဆင့်တက်ဖို့အတွက် အများကြီး အထောက်အကူ ပြုလိမ့်မယ်...”

ဟူယွမ်လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

“ဟုတ်တယ်... မြေအောက်လိုဏ်ဂူ ကမ္ဘာ ကို မဖြစ်မနေ သွားရမယ်...”

ထိုစကားကို ကြားသောအခါ တုန်းချန် စိတ်ပျက်သွားရ၏။

ငါက အေးအေးဆေးဆေး ကျင့်ကြံချင်ရုံ သက်သက်ပါ။ ဒီ လူကြီးနှစ်ယောက်က သူ့ကို တာဝန်တွေ ပေးပြန်ပြီ။ တကယ် စိတ်ရှုပ်စရာ ကောင်းလိုက်တာ။

“ဟူး...”

တုန်းချန် ငိုချင်စိတ်ပင် ပေါက်သွား၏။

...

ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ဌာနချုပ်တွင် ဖြစ်သည်။

ဂိုဏ်းချုပ်ဟောင်းနှင့် အထွတ်အထိပ် အကြီးအကဲ (၁၂) ဦးတို့သည် မျှော်စင်ထိပ်တွင် ထိုင်လျက် အသားတောင် မိစ္ဆာကောင်ကြီးများနှင့် ပရောဖက်၏ စွမ်းအားများကို မနားတမ်း ဝါးမြိုနေကြသည်။

မြင့်မြတ်သော လေဓားဂိုဏ်း ၏ မဟာအကြီးအကဲသည် မြေပြင်ပေါ်တွင် ရပ်လျက် ထိုမြင်ကွင်းကို အံ့သြမှင်သက်စွာ ကြည့်နေ၏။

“ငါတို့ ပိုက်ကွန်ကို ရုတ်သိမ်းရတော့မယ့်ပုံပဲ...”

အံ့သြမှု လွန်သွားပြီးနောက် မဟာအကြီးအကဲ ၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုနှင့် ရူးသွပ်မှုများသာ ကျန်ရစ်တော့သည်။ နောက်ဆက်တွဲ အစီအစဉ်များ အောင်မြင်သွားမည့် အရေးကို တွေးမိပြီး သူ ရက်စက်စွာ ဟားတိုက်လိုက်လေတော့သည်။

...

မြူခိုးဂိုဏ်း တွင် ဖြစ်သည်။

ယဲ့ဖုန်း သည် ဝိညာဉ်မြွေ ပျံသန်းလှေ ကို ထုတ်လိုက်၏။

၎င်းသည် လေထဲတွင် ပျံဝဲနေပြီး မီတာ (၁၀၀) ရှည်လျားကာ (၁၀) မီတာ ကျယ်ဝန်းသည်။ ကျပ်ကျပ်တည်းတည်း စီးလျှင် လူ (၁၀၀၀) ခန့် လိုက်ပါ စီးနင်းနိုင်သည်။

“အားလုံး တက်ကြဟေ့...”

ယဲ့ဖုန်း တပည့်အားလုံးကို လှမ်းခေါ်လိုက်၏။

လွန်ခဲ့သော (၂) ရက်က နတ်ဆိုးသတ်ဖြတ်ပွဲ အကြောင်း ကြေညာပြီးနောက် ယဲ့ဖုန်း သည် တပည့်များကို မေးမြန်းခဲ့သည်။ သူနှင့်အတူ ခရိုင်ဘုရင်မြို့တော် သို့ လိုက်ချင်သူများ လိုက်ခဲ့နိုင်ကြောင်း ပြောခဲ့သည်။

နောက်ပိုင်းတွင် တပည့် (၁၆၃) ယောက်စလုံးက နတ်ဆိုးသတ်ဖြတ်ပွဲ ကို ဆင်နွှဲရန် ခရိုင်ဘုရင်မြို့တော် သို့ လိုက်ပါချင်ကြသည်ကို တွေ့ရသည်။

ချူယွင်အာ၊ ကုန်းချင်းချိုးနှင့် လီဇီလုံ တို့ (၃) ဦးစလုံးပင်လျှင် ခရိုင်ဘုရင်မြို့တော် တွင် ဘာတွေ ဖြစ်ပျက်နေသည်ကို သွားရောက် ကြည့်ရှုချင်ကြသည်။

အစ်ကိုကြီး ခေါင်းပြား မှလွဲ၍ ကျန်ရှိသော ဝိညာဉ်သားရဲများ အားလုံးလည်း လိုက်ချင်ကြသည်။

“ဝှစ်...”

မြူခိုးဂိုဏ်း ၏ အကြီးအကဲများ၊ ကြီးကြပ်သူများ၊ တပည့်များနှင့် ဂိုဏ်းစောင့် ဝိညာဉ်သားရဲများ အားလုံး ဝိညာဉ်မြွေ ပျံသန်းလှေ ပေါ်သို့ ခုန်တက်လိုက်ကြ၏။

“ဒုန်း...”

ဧရာမ သံမဏိလက်သည်း နဂါးလင်းယုန် သည် ပျံသန်းလှေ ၏ အမြီးပိုင်းသို့ ဆင်းသက်လိုက်ရာ လေးလံသော အသံကြီး ထွက်ပေါ်လာပြီး နေရာလွတ် ဆယ်ပုံတစ်ပုံကို ချက်ချင်း ယူလိုက်၏။

“လောင်ထျယ်... နင်က အရမ်း ကြီးလွန်းတယ်... အမြန် အသွင်ပြောင်းလိုက်...”

လီကျောက်ကျောက်က လှမ်းအော်လိုက်သည်။

“သြော်... ဟုတ်သားပဲ...”

သံမဏိလက်သည်း နဂါးလင်းယုန် သည် ကောင်းကင်နှင်းရည် ကြောင့် နတ်ဆိုးဗိုလ်ချုပ် အဆင့်သို့ ရောက်ရှိသွားပြီး အသွင်ပြောင်းနိုင်စွမ်း ရှိနေပြီ ဖြစ်ကြောင်း သတိရသွားသည်။

တောက်ပသော အလင်းရောင်များ ကြားမှနေ၍ ၎င်းသည် လင်းယုန်ခေါင်း၊ လူခန္ဓာကိုယ်နှင့် ကျောဘက်တွင် အတောင်ပံများ ပါရှိသော ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွား၏။ ကြည့်ရသည်မှာ အလွန် ခန့်ညားထည်ဝါလှသည်။

“ဟင်... ဘာလို့ သံမဏိလက်သည်း နဂါးလင်းယုန် က တစ်ပိုင်းတစ်စပဲ အသွင်ပြောင်းတာလဲ...”

ယဲ့ဖုန်း အံ့သြသွား၏။

“သွေးကြောသန့်စင်ဆေးလုံးတွေနဲ့ အကြီးအကျယ် ပြုပြင်ထားတဲ့အတွက် သံမဏိလက်သည်း နဂါးလင်းယုန် ရဲ့ သွေးကြောက မျိုးနွယ်စုရဲ့ ကန့်သတ်ချက်တွေကို အကြိမ်ကြိမ် ချိုးဖြတ်ထားပါတယ်... အပြည့်အဝ အသွင်ပြောင်းဖို့အတွက် အနှစ်သာရ၊ ဝိညာဉ်နဲ့ နတ်ဘုရားသဘာဝ အမြောက်အမြား လိုအပ်ပါတယ်... ဒါကြောင့် နတ်ဆိုးဘုရင် အဆင့် ရောက်မှသာ လုံးဝ အသွင်ပြောင်းနိုင်မှာပါ...”

စနစ်က ရှင်းပြလာခြင်းပါ။

ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း ချက်ချင်း နားလည်သွား၏။

“ဝါး... လောင်ထျယ်... နင့်ရဲ့ အသွင်ပြောင်းပုံစံက တော်တော် ထူးခြားတာပဲ...”

မြေခွေးတာ့ဟုန် သည် သူမအတွက် သီးသန့် ယူလာသော ထိုင်ခုံပုလေးပေါ်တွင် ထိုင်ကာ ကြက်ပေါင် ကိုက်ရင်း လှမ်းနောက်လိုက်သည်။

“ဂါး...”

သံမဏိလက်သည်း နဂါးလင်းယုန် က ခေါင်းမော့လိုက်ပြီး အသွင်မပြောင်းရသေးသော မြေခွေးတာ့ဟုန် ကို အထင်သေးစွာ ကြည့်လိုက်သည်။ ‘မင်းက အမွေးတစ်ပင်တောင် အသွင်မပြောင်းရသေးဘဲနဲ့ ငါ့ကိုများ လာနောက်နေသေးတယ်ပေါ့’ ဟု ပြောချင်နေသည့်ဟန်ပင်။

မြေခွေးတာ့ဟုန် သာမက မြေခွေးဖြူလေး၊ ခွေးအားဟာ၊ ဝက်စန်းဖန်၊ ဖားစစ်ချူ၊ ရွှေဖရုံသီး ဝူကွားနှင့် ရွှေမွေး ရှဉ့် အပါအဝင် အခြားသော ဝိညာဉ်သားရဲများသည်လည်း အသွင်မပြောင်းကြသေးပေ။

သူတို့က အသွင်ပြောင်းဖို့ အစီအစဉ် မရှိသလို သူတို့ရဲ့ ဝိညာဉ်သားရဲ ပုံစံတွေကပဲ အဆင်ပြေသည်ဟု ခံစားနေကြပုံ ရသည်။

“သေချာ ကိုင်ထားကြ... ပြင်ဆင်ထား... သွားကြစို့...”

ယဲ့ဖုန်း အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဝိညာဉ်မြွေ ပျံသန်းလှေ ကို မောင်းနှင်လိုက်ရာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံတွင် ချက်ချင်း ပျောက်ကွယ်သွားလေတော့၏။

*

နတ်ဆိုးသားရဲ စင်မြင့်ပေါ်တွင် ၊

အစ်ကိုကြီး ခေါင်းပြား သည် ဝိညာဉ်စွမ်းအင် အသိပ်သည်းဆုံး နေရာတွင် လှဲလျောင်းနေပြီး ပျင်းရိသော အမူအရာဖြင့် တစ်ဖက်သို့ လှည့်ကာ အဝေးသို့ ထွက်ခွာသွားသော ဝိညာဉ်မြွေ ပျံသန်းလှေ ကို လှမ်းကြည့်နေသည်။

“ပျင်းစရာ ကောင်းလိုက်တာ... ဘယ်သူများ ငါနဲ့ လာချကြမလဲကွ...”

အစ်ကိုကြီး ခေါင်းပြား သည် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ အော်ဟစ်လိုက်၏။

“အစ်ကိုကြီး ခေါင်းပြား... ကျုပ်နဲ့ တစ်ပွဲလောက် စမ်းမလား...”

မြူခိုးတောင်ထိပ် ပေါ်မှ ရယ်သံနှောသော အသံတစ်သံ ထွက်ပေါ်လာ၏။

အစ်ကိုကြီး ခေါင်းပြား ၏ မျက်လုံးများ အရောင်တောက်သွားပြီး ချက်ချင်း ထရပ်လိုက်သည်။

ထို့နောက် အလယ်အလတ် နတ်ဆိုးဗိုလ်ချုပ် အဆင့်ရှိသော ချပ်ဝတ် ဂိုဏ်းစောင့် (၉) ဦးက သူ့ကို ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ရန် လာနေသည်ကို တွေ့လိုက်ရသောအခါ အထင်သေးသော အပြုံး တစ်ခု ပြုံးလိုက်၏။

...

ခရိုင်ဘုရင်မြို့တော် နှင့် မိုင်တစ်ထောင် အကွာတွင် ဖြစ်သည်။

ထိုနေရာတွင် မိုင်ပေါင်း တစ်ရာခန့် ကျယ်ဝန်းသော ကန်ကြီးတစ်ကန် ရှိ၏။

(၃) ရက်ဆက်တိုက် ကောင်းကင်နှင်းရည် ရွာသွန်းပြီးနောက် မြေပြင်တွင် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေပြီး မိုးရေအများစုသည် ထိုကန်ထဲသို့ စီးဝင်သွားကြသည်။

ကန်ရေပြင်၏ အလယ်ဗဟို အထက်တွင်မူကား၊

ရှေးဟောင်း ဝင်္ကပါ တစ်ခု၏ အလယ်ဗဟိုတွင် ဟန်ရီ နှင့် ဟန်အာတို့ ရပ်နေကြသည်။

ဗဟို၌၊ ရှေးဟောင်း စာလုံးများ ရေးထိုးထားသော သတ္တုတုံး တစ်ခုကို မြှုပ်နှံလိုက်ပြီး လတ်ဆတ်သော သွေးတစ်စက်ဖြင့် အသက်သွင်းလိုက်၏။

“ဝီ...”

ဝင်္ကပါသည် ကန်ထဲမှ ကောင်းကင်နှင်းရည် ၏ စွမ်းအားများကို ဝါးမြိုလိုက်ပြီးနောက် အပေါ်သို့ ထိုးတက်သွားကာ ပေပေါင်း ထောင်ချီ ထူထပ်သော တိမ်တိုက်များကို ဖောက်ထွင်းပစ်လိုက်သည်။ ကောင်းကင်ယံတွင် လေဟာနယ် ဧရိယာတစ်ခု ဖြစ်ပေါ်လာပြီး ဟင်းလင်းပြင် အက်ကွဲကြောင်းများပေါ်လာ၏။

“ဘယ်သူက ငါ့ကို ဆင့်ခေါ်ရဲတာလဲ...”

အက်ကွဲကြောင်းထဲမှ အသည်းထိတ်ဖွယ် အေးစက်သော အသံကြီး တစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် နွယ်ပင်များနှင့် တူသော လက်တစ်စုံက အက်ကွဲကြောင်း၏ ဘေးနှစ်ဖက်ကို ဆွဲကိုင်ကာ ရက်စက်စွာ ဆွဲဖြဲလိုက်၏။

“ဂွပ်...”

အက်ကွဲကြောင်းသည် အဆပေါင်း ရာချီ ကျယ်ပြန့်သွားသည်။

သို့သော် ထိုကြောက်မက်ဖွယ် ပုံရိပ်ကြီးသည် အပြည့်အဝ မဆင်းသက်နိုင်သေးဘဲ လက်သည်းတစ်ခုသာ ထုတ်ဖော်နိုင်ခဲ့သည်။ ထိုလက်သည်းသည် အက်ကွဲကြောင်းထဲရှိ ဟင်းလင်းပြင် စွမ်းအား ကြောင့် ပြတ်တောက်သွားပြီး တောင်တစ်လုံးပမာ ကန်ထဲသို့ ပြုတ်ကျသွားရာ ရေပန်းများ ပေပေါင်း ထောင်ချီ မြင့်တက်သွား၏။

“သောက်ကျိုးနည်း အတားအဆီး စွမ်းအားတွေ...”

အက်ကွဲကြောင်းထဲရှိ ပုံရိပ်ကြီးသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမ၏ စိတ်ပျက်အားငယ်မှုများက ပိုမို ပြင်းထန်လာ၏။

လွန်ခဲ့သော အကြိမ်ကလည်း ယန်ယွင် (၁၃) မြိုသို့ ဆင်းသက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့။ ယခုလည်း လက်တစ်ဖက်သာ ပို့လွှတ်နိုင်ခဲ့ပြီး ထပ်မံ ကျရှုံးခဲ့ရပြန်သည်။ သူမ၏ နာကြည်းမှုများ ပိုမို ကြီးထွားလာ၏။

“အစ်ကိုကြီး... အဲဒါ ရှေးဟောင်း နွယ်ပင် ဘိုးဘေး လား...”

ဟန်အာ သည် ထိုကြောက်မက်ဖွယ် ကောင်းပြီး မငြိမ်မသက် ဖြစ်နေသော ပုံရိပ်ကြီးကို ကြည့်ကာ တံတွေးတစ်လုပ် မျိုချလိုက်မိသည်။

“ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ... အရင်ဆုံး ဆင့်ခေါ်လိုက်ကြတာပေါ့... အခု ခရိုင်ဘုရင်မြို့တော် က ဆရာသခင်တွေ အကုန်လုံး အဆင့်ချိုးဖြတ်ဖို့ ကြိုးစားနေကြတဲ့ အချိန်က တိုက်ခိုက်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ... ဒီ နတ်ဆိုးတွေ မြို့ထဲမှာ ဖျက်ဆီး သောင်းကျန်းနေရင် ငါတို့ အမြတ်ထုတ်လို့ ရပြီ... လတ်ဆတ်တဲ့ သွေးတွေ ရရင် ပိုပြီး အစွမ်းထက်တဲ့ နတ်ဆိုးဆင့်ခေါ် ဝင်္ကပါကို တည်ဆောက်ပြီး ငါတို့မျိုးနွယ်ရဲ့ နတ်ဘုရား ဝိညာဉ်တွေကို တိုက်ရိုက် ဆင့်ခေါ်လို့ ရပြီ...”

ဟန်ရီ သည် အက်ကွဲကြောင်း နောက်ကွယ်မှ အော်ဟစ်နေသော ကြောက်မက်ဖွယ် ပုံရိပ်ကြီးကို စိုက်ကြည့်ရင်း ရူးသွပ်သော အပြုံး တစ်ခု ပြုံးလိုက်၏။

“ယဲ့ဖုန်း... မြူခိုးဂိုဏ်း... ဒီတစ်ခါတော့ မင်းတို့ အကုန်သေပြီ...”

ကောင်းကင်နှင်းရည် ကျေးဇူးကြောင့် သူလည်း တိုးတက်လာခဲ့ပြီး ကိုးဆင့် ကောင်းကင်နတ်ဘုရား ကျင့်စဉ်၏ သတ္တမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ဝိညာဉ်ပင်လယ်အဆင့် (၃) အထွတ်အထိပ်နှင့် ညီမျှသည်။

သို့သော် ဤစွမ်းအားသက်သက်ဖြင့် ယဲ့ဖုန်း ကို မယှဉ်နိုင်ကြောင်း သူ သိ၏။

သို့သော်၊ သူ၏ အသန်မာဆုံး နည်းစနစ်က ထိပ်တိုက် တွေ့ဆုံခြင်း မဟုတ်။ အဆုံးမဲ့ အလားအလာ ရှိသည့် လျှို့ဝှက်နည်းစနစ် "နတ်ဆိုး ဆင့်ခေါ်ခြင်း နည်းစနစ်" ပင်။

ထိုအချိန်တွင် ယဲ့ဖုန်း သည် လမ်းခရီး၌ ရှိနေဆဲ ဖြစ်သည်။

ခရိုင်ဘုရင်စံအိမ် သို့ အရင် ဝင်လည်ရန် ရည်ရွယ်ချက်ဖြင့် (၄) ရက် စောထွက်လာခဲ့သော်လည်း ဒီလို အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရမည်ကို သူ မသိခဲ့ရှာပေ။

“ဂါး...”

အက်ကွဲကြောင်း နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ် နတ်ဆိုးမိစ္ဆာ သည် နတ်ဆိုးအနှစ်သာရ တစ်မှုတ်ကို မှုတ်ထုတ်လိုက်ပြီး ကန်ထဲရှိ ဧရာမ လက်မောင်းကြီးထဲသို့ ထည့်သွင်းပေးလိုက်သည်။ လက်မောင်းကြီးသည် ဖောင်းပွလာပြီး ရှေးဟောင်း နွယ်ပင်ကြီးအဖြစ် ပြောင်းလဲကာ အရိုင်းဆန်စွာ ကြီးထွားလာ၏။

ဟန်ရီ နှင့် ဟန်အာ တို့၏ အံ့သြမှင်သက်နေသော မျက်လုံးများ ရှေ့မှောက်တွင် ဧရာမ နွယ်ပင်ကြီးတစ်ခု မြေကြီးထဲမှ ထိုးထွက်လာပြီး ကောင်းကင်ယံတွင် ရှုပ်ထွေးပွေလီစွာ ယှက်နွယ်ကာ ဧရာမ သစ်ပင်ကြီးအဖြစ် ပြောင်းလဲသွား၏။

“ဒုန်း...”

အားကောင်းသော နှလုံးခုန်သံများ စတင် ပဲ့တင်ထပ်လာသည်။

ဤ ဧရာမ သစ်ပင်ကြီး အတွင်းတွင် ကြောက်မက်ဖွယ် ကောင်းသော သတ္တဝါတစ်ကောင် သန္ဓေတည်နေသကဲ့သို့ ဖြစ်နေပြီး အဆင့် (၇) ပညာရှင် ဖြစ်သော ဟန်ရီ ကိုပင် တုန်လှုပ်သွားစေခဲ့၏။

အခန်း (၃၉၈)- နွယ်ပင်မီးခိုးရောင် နတ်ဆိုးမိစ္ဆာ၊ ခရိုင်ဘုရင်မြို့တော်၏ အန္တရာယ်

~ဟန်ရီ နှင့် ဟန်အာ တို့သည် ကြောက်ရွံ့ခြင်း မရှိသည့်အပြင် အတိုင်းထက်အလွန် ပျော်ရွှင်နေကြ၏။

"နတ်ဆိုး ဆင့်ခေါ်ခြင်း နည်းစနစ်" ကို အသုံးပြုပြီးနောက် ဆင့်ခေါ်ခံရသော နတ်ဆိုးမိစ္ဆာသည် မည်မျှပင် အစွမ်းထက်နေပါစေ၊ ဆင့်ခေါ်သူကို လက်ဖျားနှင့်ပင် မထိနိုင်ပေ။

သို့မဟုတ်ပါက ဆင့်ခေါ်လိုက်သမျှ အရာအားလုံးသည် ပြင်းထန်သော မျိုးနွယ်စု တွန်းကန်အားကြောင့် ပြန်ကန်ထွက်သွားမည် ဖြစ်သည်။

ထို့ကြောင့် သူတို့နှစ်ဦး စိတ်ချလက်ချ ရှိနေကြသည်။

“ကြီးမြတ်လှသော ရှေးဟောင်း နွယ်ပင် ဘိုးဘေး... ကျေးဇူးပြုပြီး ကျွန်ုပ်ရဲ့ ဆင့်ခေါ်မှုကို လက်ခံပြီး ခရိုင်ဘုရင်မြို့တော် ကို သွေးချောင်းစီးစေပါ...”

ဟန်ရီ နှင့် ဟန်အာ တို့သည် ကန်ဘောင်ပေါ်တွင် ဒူးထောက်လျက် အက်ကွဲကြောင်း တစ်ဖက်ခြမ်းရှိ လျှို့ဝှက်ဆန်းကြယ် နတ်ဆိုးမိစ္ဆာ ကို လှမ်းအော်လိုက်ကြသည်။

“ဟွန်း... ငတုံးနှစ်ကောင်... ငါက ရှေးဟောင်း နွယ်ပင် ဘိုးဘေး မဟုတ်ဘူး... သူ့လက်အောက်က ပထမ စစ်နတ်ဘုရားမ နွယ်ပင်မီးခိုးရောင် ပဲ...”

အက်ကွဲကြောင်း နောက်ကွယ်ရှိ ပုံရိပ်က မထီမဲ့မြင် ပြန်ပြောလိုက်သည်။

“ဗျာ... ခင်ဗျားက ရှေးဟောင်း နွယ်ပင် ဘိုးဘေး မဟုတ်ဘူးလား... ဒါဆို ခရိုင်ဘုရင်မြို့တော် ကို ဘယ်လိုလုပ် သွေးချောင်းစီးစေနိုင်မှာလဲ...”

ဟန်ရီ အနည်းငယ် စိတ်ပျက်သွား၏။

“ဟွန်း... ငတုံးတွေ... ရှေးဟောင်း နွယ်ပင် ဘိုးဘေး ဆိုတာ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ဧကရာဇ် တစ်ပါးပဲ... လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ရဲ့ ခရိုင်ဘုရင်မြို့တော် လောက်က သူ့ လက်ဖျားလေး လှုပ်ဖို့တောင် မတန်ဘူး... ငါ့ရဲ့ ကိုယ်ပွား ဆင်းသက်လာရင်တောင် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် တစ်ခုလုံးကို ဖျက်ဆီးပစ်လို့ ရတယ်...”

နတ်ဆိုးမိစ္ဆာမလေး နွယ်ပင်မီးခိုးရောင် က လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ကို အထင်သေးစွာ ပြောဆိုလိုက်သည်။

ဟန်ရီ တိတ်ဆိတ်သွားသည်။

ဟန်အာ က ဆက်မေးလိုက်သည်။

“ရဲရဲတင်းတင်း မေးပါရစေ... နတ်ဘုရားမ နွယ်ပင်မီးခိုးရောင်..အရှင့်ရဲ့ စစ်မှန်သော ခန္ဓာကိုယ် ရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်လဲ...”

“မူလနတ်ဘုရား အဆင့် အထွတ်အထိပ်...”

နတ်ဘုရားမ နွယ်ပင်မီးခိုးရောင် က ဂုဏ်ယူစွာ ပြန်ဖြေလိုက်သည်။

ဒီလို ကျင့်ကြံခြင်း အဆင့်မျိုးက တခြားသူတွေ အားလုံးကို ဖိနှိပ်ထားဖို့ လုံလောက်နေလေပြီ။

ဟန်ရီ က တီးတိုး ပြောပြလိုက်သည်။

“မကြာသေးခင်ကပဲ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ရဲ့ ဘိုးဘေး တစ်ယောက် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ကို ရောက်သွားတယ်... ပေပေါင်း သောင်းချီ မြင့်မားတဲ့ ဓမ္မရုပ်သွင် ကြီးကိုတောင် စုစည်းနိုင်ခဲ့ပါတယ်...”

အက်ကွဲကြောင်း နောက်ကွယ်ရှိ နတ်ဘုရားမ နွယ်ပင်မီးခိုးရောင် ၏ မျက်နှာထား ချက်ချင်း မည်းမှောင်သွား၏။

“ငါ့ကိုယ်ပွားက ခရိုင်ဘုရင်မြို့တော် ကို လွယ်လွယ်လေး ရှင်းလင်းပစ်နိုင်တယ်... ပြီးရင် သွေးယဇ်ပလ္လင် တည်ဆောက်ပြီး ငါ့ရဲ့ စစ်မှန်သော ခန္ဓာကိုယ် ကို ဆင်းသက်စေမယ်... နောက်ဆုံးမှာ သွေးယဇ်ပလ္လင် အသစ်တစ်ခု ထပ်ဆောက်ပြီးရင်တော့ ရှေးဟောင်း နွယ်ပင် ဘိုးဘေး ကို ဆင့်ခေါ်နိုင်လိမ့်မယ်...”

ခဏအကြာတွင် နတ်ဘုရားမ နွယ်ပင်မီးခိုးရောင် က ပြောလိုက်သည်။

“ဟင်းလင်းပြင် ဖြိုခွဲ အဆင့်” နှင့် “ဓမ္မရုပ်သွင်” ဆိုသော စကားလုံးနှစ်လုံးကို ကြားလိုက်ရသောအခါ သူမ ကြောက်ရွံ့သွားကြောင်း ဝန်ခံရပေမည်။

ဘိုးဘေး လင်မြောင် ကို မယှဉ်နိုင်ကြောင်း သူမ သိသည်။ ထို့ကြောင့် သူမ၏ အရှက်ရမှုကို ဖုံးဖိရန်အတွက် ရှေးဟောင်း နွယ်ပင် ဘိုးဘေး အကြောင်းကို ထည့်ပြောလိုက်ခြင်း ဖြစ်၏။

“ကောင်းပါပြီ... ကျွန်တော်တို့ နှစ်ယောက်လုံး နတ်ဘုရားမ ရဲ့ ကိုယ်ပွား ခရိုင်ဘုရင်မြို့တော် ကို သိမ်းပိုက်နိုင်အောင် အစွမ်းကုန် ကူညီပေးပါ့မယ်...”

ဟန်ရီ နှင့် ဟန်အာ တို့ ခေါင်းငုံ့ပြီး ရိုသေစွာ ပြောလိုက်သည်။

သို့သော် တိတ်တဆိတ်တွင်မူ သူတို့နှစ်ဦး အသံလွှဲပြောင်းခြင်း ဖြင့် ဆက်သွယ်ကာ အစီအစဉ်များကို တိုင်ပင်နေကြတော့သည်။

ရှုံးနိမ့်မှုထဲမှ အောင်ပွဲကို မည်သို့ အရယူမလဲ၊ လတ်ဆတ်သော သွေးအမြောက်အမြား စုဆောင်းပြီး ဆင့်ခေါ်ခြင်း ဝင်္ကပါ အသစ်တစ်ခု တည်ဆောက်ကာ နတ်ဘုရား မျိုးနွယ်စု ၏ နတ်ဘုရား ဝိညာဉ် များကို ဆင့်ခေါ်ပြီး လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ကို အကြီးအကျယ် ကျူးကျော်မည် စသဖြင့်ပေါ့။

“ကူညီမယ် ဟုတ်လား... ဟား... မင်းတို့လို အားနည်းတဲ့ကောင်တွေကများ ကူညီချင်သေးတယ်... ဘေးဖယ်နေစမ်း...”

နတ်ဆိုးမိစ္ဆာ နွယ်ပင်မီးခိုးရောင် က အထင်သေးစွာ ပြောလိုက်သည်။

သူမသည် လျှာဖျားကို ပြင်းထန်စွာ ကိုက်လိုက်ပြီး သွေးအနှစ်သာရ အမြောက်အမြားကို ထွေးထုတ်ကာ ကန်အလယ်ရှိ ပေပေါင်း သောင်းချီ မြင့်မားသော ရှေးဟောင်း နွယ်ပင်သစ်ပင်ကြီး ပေါ်သို့ လောင်းချလိုက်၏။

“ကလပ်... ကလပ်... ကလပ်...”

နွယ်ပင်များသည် စတင် ရစ်ပတ် လိမ်ယှက်လာပြီး ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်လာသည်။ ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးတစ်ခုသည် မိုင်ပေါင်း ရာချီ၊ ထောင်ချီသော ပတ်ဝန်းကျင်ကို လွှမ်းမိုးသွား၏။

ခရိုင်ဘုရင်မြို့တော် အတွင်းရှိ လူများပင်လျှင် ထို တုန်ခါမှုကို ခံစားလိုက်ရသည်။

သို့သော် ယခုအချိန်တွင် ခရိုင်ဘုရင်၊ လျူမင် နှင့် အခြားသော ဝိညာဉ်ပင်လယ်အဆင့် ဘုရင်များ အားလုံးသည် တံခါးပိတ် ကျင့်ကြံနေကြပြီး အရေးကြီးသော အခိုက်အတန့်သို့ ရောက်နေသဖြင့် မည်သူမျှ မလှုပ်ရှားနိုင်ကြချေ။

ပြင်ပတွင် ဖြစ်ပျက်နေသမျှကို သူတို့ အာရုံခံနိုင်သော်လည်း ဝင်ရောက် စွက်ဖက်လိုက်ပါက သူတို့၏ အဆင့်ချိုးဖြတ်မှု ပျက်စီးသွားလိမ့်မည်။

ရှားပါးသော အခွင့်အရေးကောင်းတစ်ခု လက်လွတ် ဆုံးရှုံးသွားပေလိမ့်မည်။

အထူးသဖြင့် မူလနတ်ဘုရား အဆင့် သို့ ချိုးဖြတ်ရန် အရေးကြီးဆုံး အချိန်ရောက်နေသော ခရိုင်ဘုရင် သည် တစ်စုံတစ်ယောက်က ခရိုင်ဘုရင်မြို့တော် ကို အတင်းအဓမ္မ ဝင်ရောက် တိုက်ခိုက်လျှင်ပင် ဂရုစိုက်နိုင်မည် မဟုတ်ပေ။

“မူလနတ်ဘုရား အဆင့် အရှိန်အဝါပဲ...”

“ဒုက္ခတော့ ရောက်ပြီ...”

ခရိုင်ဘုရင် သည် အဝေးရှိ ကန်ကြီး ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ့၏ စူးရှသော အကြည့်သည် တိမ်တိုက်များနှင့် မြူခိုးများကို ဖောက်ထွင်းပြီး ရှေးဟောင်း နွယ်ပင်သစ်ပင်ကြီး၊ အက်ကွဲကြောင်း နောက်ကွယ်ရှိ နတ်ဘုရားမ နွယ်ပင်မီးခိုးရောင် နှင့် ကန်ဘေးရှိ ဟန်ရီ၊ ဟန်အာ တို့ကို မြင်လိုက်ရသည်။

“သြော်... မင်းတို့နှစ်ကောင်က သူလျှိုတွေ ဖြစ်နေတာကိုး...”

ခရိုင်ဘုရင် အသက်ပြင်းပြင်း ရှူလိုက်မိသည်။ ဒေါသထွက်လွန်း၍ ရင်ကွဲမတတ် ဖြစ်ရသည်။

သူ လှုပ်ရှားချင်သော်လည်း ဤအရေးကြီးသော အချိန်တွင် အတင်းအဓမ္မ ဝင်ရောက်စွက်ဖက်ပါက ကြောက်မက်ဖွယ် နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ကြုံတွေ့ရပေလိမ့်မည်။

“သေစမ်းကွာ...”

ခရိုင်ဘုရင် သည် လက်ကွက်များကို အမြန် ဖော်လိုက်ပြီး အမြန်ဆုံး အဆင့်ချိုးဖြတ်နိုင်ရန် ကြိုးစားလိုက်၏။

စံအိမ်ကြီးတစ်ခု အတွင်းတွင် ဖြစ်သည်။

ကြွေထည်ဘုရင် ရှုရန်ရှန် သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။ ရှေးဟောင်း နွယ်ပင်သစ်ပင်ကြီး ထံမှ ပေါက်ကွဲထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိသောအခါ သူ ကြောက်ရွံ့ခြင်း မရှိသည့်အပြင် ရူးသွပ်စွာ ဟားတိုက်လိုက်၏။

“ကောင်းတယ်... ခရိုင်ဘုရင် အဆင့်ချိုးဖြတ်နေတုန်း အသတ်ခံလိုက်ရရင် အကောင်းဆုံးပဲ... ဒါဆို ငါတို့ ရှုမိသားစု အတွက် အင်အားကြီး ရန်သူတစ်ယောက် လျော့သွားတာပေါ့...”

ကြွေထည်ဘုရင် ရှုရန်ရှန် အားပါးတရ ဟားတိုက်လိုက်သည်။

ခရိုင်ဘုရင် ၏ ပါရမီသည် အလွန် မြင့်မားလှသည်။ သူသာ မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် ဖြစ်သွားပါက ခရိုင်ဘုရင်မြို့တော် မှတဆင့် သေချာပေါက် ကြီးကျယ်ခမ်းနားလာပေလိမ့်မည်။

အနာဂတ်တွင် ခရိုင်ဘုရင် သည် ရှုမိသားစု ၏ တိုးတက်မှုကို အကြီးအကျယ် ဟန့်တားမည့် အတားအဆီးတစ်ခု ဖြစ်လာနိုင်ပေသည်။

“ဘာဖြစ်တာလဲ...”

ခရိုင်ဘုရင်မြို့တော် အတွင်းရှိ ကျင့်ကြံသူ အများအပြားသည် တံခါးပိတ် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ကြပြီး အကြီးအကျယ် အဆင့်တက်သွားကြသည်။

မိုင်တစ်ထောင် အကွာရှိ ကန်ကြီးဆီမှ ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးကို ခံစားလိုက်ရသဖြင့် သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။

မိုင်တစ်ထောင် ဝေးကွာနေသော်လည်း ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားနေရဆဲပင်။

ကန်ရေပြင် အထက်တွင် ဖြစ်သည်။

ပေပေါင်း ထောင်ချီ မြင့်မားသော ရှေးဟောင်း နွယ်ပင်သစ်ပင်ကြီး သည် အဆက်မပြတ် ကျုံ့ဝင်၊ ဖိသိပ်၊ လိမ်ယှက်နေပြီး နောက်ဆုံးတွင် ကြီးမားသော ဖိအားကြောင့် မျက်နှာပြင် ကွဲအက်သွားကာ သဲမှုန်ကဲ့သို့ အစိမ်းရောင် အမှုန်အမွှားများ အဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ကောင်းကင်နှင်းရည် အမြောက်အမြားကို ဝါးမြိုပြီးနောက် ပေပေါင်း ထောင်ချီ မြင့်မားသော ကြောက်မက်ဖွယ် နွယ်ပင်ဘီလူးကြီး အဖြစ် စုစည်းသွား၏။

ဘယ်လက်တွင် ဒိုင်းကာ၊ ညာလက်တွင် ဓားရှည်ကို ကိုင်ဆောင်ထားပြီး ချပ်ဝတ် ဝတ်ဆင်ထားသည်။ မျက်လုံးများသည် နက်ရှိုင်းသော အပြာရောင် ရေကန်ကြီး နှစ်ကန်ကဲ့သို့ ဖြစ်နေပြီး အေးစက်သော အလင်းရောင်များ လက်နေ၏။

ဝိညာဉ်ပင်လယ်အဆင့် ထက် သာလွန်သော ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

“ဝုန်း...”

အောက်ဘက်ရှိ ရေပြင်သည် ပေါက်ကွဲထွက်သွားပြီး ရေစီးကြောင်းများ အဖြစ် ပြောင်းလဲကာ ပတ်ဝန်းကျင်ကို လွှမ်းမိုးသွား၏။ ဟန်ရီ နှင့် ဟန်အာ တို့လည်း လွင့်စဉ်သွားကြပြီး မျက်နှာများ အံ့အားသင့်နေကြသည်။

“အရမ်း... အရမ်း ကြောက်စရာ ကောင်းတာပဲ...”

“ဒါက အဆင့်နိမ့် နတ်ဘုရား ဝိညာဉ် ရဲ့ အရှိန်အဝါပဲ...”

ဟန်ရီ နှင့် ဟန်အာ တို့ တံတွေး အတင်း မျိုချလိုက်ကြသည်။

အဆင့်နိမ့် နတ်ဘုရား ဝိညာဉ် ဆိုသည်မှာ သူတို့ နတ်ဘုရား မျိုးနွယ်စု အတွင်းရှိ အဆင့်ခွဲခြားမှု ဖြစ်ပြီး မူလနတ်ဘုရား အဆင့် (၃) အောက် ကျင့်ကြံသူများနှင့် ညီမျှသည်။

ထိုကဲ့သို့ ပညာရှင်မျိုးသည် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ၏ မြို့တော် တွင်ဆိုလျှင် အတော်အတန် ဟု ပြောနိုင်သော်လည်း လက်ရှိ ခရိုင်ဘုရင်မြို့တော် တွင်မူ အမှန်တကယ် ပြိုင်ဘက်ကင်း ဖြစ်နေပေသည်။

“ဒုန်း...”

ပေပေါင်း ထောင်ချီ မြင့်မားသော နွယ်ပင်ဘီလူးကြီး သည် မြေပြင်ကို နင်းလိုက်ရာ ကောင်းကင်နှင့် မြေကြီး တုန်ခါသွားပြီး ကန်အရွယ်အစားရှိ ခြေရာကြီးများ ကျန်ရစ်ခဲ့ကာ ခရိုင်ဘုရင်မြို့တော် ဆီသို့ ဦးတည် ချီတက်လာ၏။

“သတ်ပစ်လိုက်...”

အက်ကွဲကြောင်း နောက်ကွယ်မှ နွယ်ပင်မီးခိုးရောင် က အမိန့်ပေးလိုက်သည်။

“ဝီ...”

ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရှိသော နွယ်ပင်နတ်ဆိုး ထောင်ပေါင်းများစွာသည် အတောင်ပံများကို ခတ်ကာ ဧရာမ ခြင်ကောင်ကြီးများသဖွယ် အက်ကွဲကြောင်းထဲမှ ပျံထွက်လာကြပြီး နွယ်ပင်ဘီလူးကြီး ၏ ဘေးပတ်လည်တွင် ဝန်းရံကာ ခရိုင်ဘုရင်မြို့တော် ဆီသို့ ချီတက်လာကြသည်။

“သစ်ပင်ဘုရင် လေးပါး... တိုက်စစ်ဆင်ကြစမ်း...”

နွယ်ပင်မီးခိုးရောင် သည် မလုံလောက်သေးဟု ခံစားရသဖြင့် ဆက်လက် အမိန့်ပေးလိုက်သည်။

ထို့နောက် ချပ်ဝတ် ဝတ်ဆင်ထားသော သစ်ပင်ဘုရင် လေးပါးသည် အက်ကွဲကြောင်းကို ဖြတ်ကျော်ကာ ရှေ့ပြေးတပ်ဖွဲ့ အနေဖြင့် ဦးဆောင်ပြီး ခရိုင်ဘုရင်မြို့တော် ဆီသို့ လျင်မြန်စွာ ချီတက်လာကြသည်။

မိုင်တစ်ထောင် ဆိုသည်မှာ ကျင့်ကြံသူများအတွက် အဝေးကြီး မဟုတ်ပေ။

ဧရာမ နွယ်ပင်ဘီလူးကြီး ခရိုင်ဘုရင်မြို့တော် နှင့် နီးကပ်လာသည်နှင့်အမျှ ကောင်းကင်ယံတွင် ပျံဝဲနေသော ကျင့်ကြံသူများစွာသည် ထိုကြောက်မက်ဖွယ် မြင်ကွင်းကို လှမ်းမြင်လိုက်ကြရသည်။

“မူလ... မူလနတ်ဘုရား အဆင့်...”

လူအုပ်ကြီးသည် နွယ်ပင်ဘီလူးကြီး ၏ အမှန်တကယ် ကျင့်ကြံခြင်း အဆင့်ကို မသိကြသော်လည်း ၎င်းထံမှ အဆုံးမဲ့ နက်ရှိုင်းသော ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားနေကြရ၏။

၎င်းသည် ဝိညာဉ်ပင်လယ်အဆင့် ကို ကျော်လွန်သော ပြိုင်ဘက်ကင်း ပညာရှင်တစ်ဦး ဖြစ်ပေသည်။

“ငါတို့တော့ သွားပြီ...”

ရှုဟုန်ယွီ သည် ခြေဗလာဖြင့် မြင့်မားသော စင်မြင့်ပေါ်တွင် ရပ်လျက် အဝေးရှိ နွယ်ပင်ဘီလူးကြီး ကို ငေးကြည့်ရင်း စိတ်ပျက်အားငယ်နေမိသည်။

သူမ ဖခင်သည် အဆင့်ချိုးဖြတ်ရန် အရေးကြီးသော အချိန်ရောက်နေပြီး လှုပ်ရှား၍ မရမှန်း သူမ သိသည်။

ဒါပေမဲ့ ခရိုင်ဘုရင် မူလနတ်ဘုရား အဆင့် ကို ချိုးဖြတ်နိုင်ခဲ့ရင်တောင် ဒီလောက် ကြောက်စရာကောင်းတဲ့ နွယ်ပင်ဘီလူးကြီး ကို ယှဉ်နိုင်ပါ့မလား။

ရှုဟုန်ယွီ လုံးဝ ယုံကြည်မှု မရှိတော့ပေ။

*

ထိပ်တန်း သူကောင်းမျိုးနွယ် (၁၀) စု၊ ထိပ်တန်း ဂိုဏ်း (၁၀၀)၊ လုပ်ကြံသတ်ဖြတ်ရေး ခန်းမဆောင် နှင့် ဂိုဏ်းချုပ် ခန်းမဆောင် စသည့် နေရာများမှ ဘိုးဘေးနင်၊ မိုဝမ်ရှီ နှင့် လျူမင် တို့ကဲ့သို့ ပုဂ္ဂိုလ်များသည်လည်း မျက်နှာများ ဖြူရော်နေကြသည်။

“သနားစရာ ကောင်းလိုက်တာ... ဝမ်းနည်းစရာ ကောင်းလိုက်တာ... ငါ မိုဝမ်ရှီ... ဒီ ကောင်းကင်နှင်းရည် ကျေးဇူးနဲ့ ဝိညာဉ်ပင်လယ်အဆင့် (၁) ကို မနည်း ချိုးဖြတ်ခဲ့ရတာ... ဂျူနီယာတွေကိုတောင် ကောင်းချီး မပေးရသေးဘူး... အခု ကျဆုံးရတော့မှာလား...”

မိုဝမ်ရှီ သည် လေထဲသို့ ပျံတက်လိုက်ပြီး ကြာပွတ်အား လက်တွင် ဆုပ်ကိုင်လိုက်သည်။

သူ ထွက်ပြေးဖို့ အစီအစဉ် မရှိပေ။ တိုက်ခိုက်မည်... သေသည်အထိ တိုက်ခိုက်တော့မည်။

အဘယ်ကြောင့်ဆိုသော် လျူမင် သည် အဆင့်ချိုးဖြတ်နေဆဲ ဖြစ်သောကြောင့်ပင်။

ဂိုဏ်းချုပ် ခန်းမဆောင် ၏ လျှို့ဝှက်အခန်းထဲတွင် ဖြစ်သည်။

လျူမင် သက်ပြင်းချလိုက်သည်။

“အကြီးအကဲမို... ကျွန်တော့်အတွက် စိတ်ပူမနေပါနဲ့... အန္တရာယ် ရှိလာရင် အရင် ထွက်ပြေးပါ...”

“ခန်းမသခင်... ခင်ဗျားက ကျုပ်အသက်ကို ကယ်ခဲ့တာပါ... ကျုပ် ခင်ဗျားကို ဘယ်လိုလုပ် စွန့်ပစ်ခဲ့နိုင်မှာလဲ...”

မိုဝမ်ရှီ လေးနက်စွာ ပြောလိုက်သည်။

“ပြီးတော့ ခင်ဗျားသာ အဆင့်ချိုးဖြတ်မှု အောင်မြင်ရင် ဝိညာဉ်ပင်လယ်အဆင့် (၄) သို့မဟုတ် (၅) နဲ့ ယှဉ်နိုင်တဲ့ ပညာရှင်တစ်ယောက် ဖြစ်လာမှာ... စွမ်းအားတွေ အများကြီး တိုးလာမှာပါ...”

“ဒီလောက် ကြောက်စရာကောင်းတဲ့ နွယ်ပင်ဘီလူးကြီး နဲ့ ယှဉ်ရင်... ကျွန်တော့် စွမ်းအားက ဘာသုံးစားလို့ ရမှာလဲ...”

လျူမင် ခါးသက်သက် ပြုံးရင်း ပြောလိုက်သည်။

သူ့အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မိုင်ပေါင်း ရာချီ ပဲ့တင်ထပ်သွားသည်။

ကြားလိုက်ရသူတိုင်း ဝမ်းနည်းကြေကွဲသော မျက်နှာထားများ ဖြစ်ပေါ်လာကြလေတော့သည်။

အခန်း (၃၉၉)- ဘာလို့ မင်းပဲ ဖြစ်နေရပြန်တာလဲ... မကျွတ်မလွတ်နိုင်တဲ့ ကောင်ရယ်...

~“ဘာလို့လဲ...”

“ငါတို့ ခုလေးတင် ကောင်းကင်နှင်းရည် ခေတ်ကို ဖြတ်သန်းခဲ့ပြီး စည်ပင်ဝပြောတဲ့ ခေတ်ကြီးကို စတင်တော့မှာလေ... ဘာလို့ အခုလို တားဆီးမရနိုင်တဲ့ ရန်သူကြီးနဲ့ ရင်ဆိုင်နေရတာလဲ...”

ခရိုင်ဘုရင်မြို့တော် ရှိ ပြည်သူများသည် ဒေါသနှင့် နာကြည်းမှုများ ပြည့်နှက်နေကြ၏။

သူတို့လည်း ထွက်ပြေးချင်ကြပါသည်။

သို့သော် နွယ်ပင်ဘီလူးကြီး နှင့် နတ်ဆိုးမိစ္ဆာ တပ်မတော်ကြီး၏ အရှိန်အဟုန်သည် အလွန်အမင်း မြန်ဆန်လွန်းလှသည်။

သိပ်မကြာခင်မှာပင် သစ်ပင်ဘုရင် လေးပါးနှင့် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် နတ်ဆိုးမိစ္ဆာ ထောင်ပေါင်းများစွာသည် ခရိုင်ဘုရင်မြို့တော် နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာပြီး အရှေ့တောင်ဘက် ဧရိယာကို ဝိုင်းရံထားလိုက်ကြ၏။

ထွက်ပြေးချင်လျှင်တောင် အချိန်နှောင်းနေသည်။

“လက်တွန့်မနေနဲ့... အကုန်သတ်ပြီး ဝင်ခဲ့...”

နွယ်ပင်မီးခိုးရောင် ၏ အသံသည် နောက်ဘက်မှ ထွက်ပေါ်လာသည်။

နွယ်ပင်ဘီလူးကြီး သည် သူမ၏ လက်မောင်းတစ်ဖက်ကို အသွင်ယူထားသော ကိုယ်ပွားတစ်ခု ဖြစ်သည်။ အသံသည် ဝိညာဉ်အာရုံ မှတစ်ဆင့် ပျံ့နှံ့လာပြီး နွယ်ပင်ဘီလူးကြီး ထံမှ ထွက်ပေါ်လာကာ ခရိုင်ဘုရင်မြို့တော် အထက်တွင် ပဲ့တင်ထပ်သွား၏။

ထိုအသံကို ကြားလိုက်ရသောအခါ လူအုပ်ကြီး ဆူညံပွက်လောရိုက်သွားကြတော့သည်။

"ဝုန်း"

နွယ်ပင်ဘီလူးကြီး နောက်ဆုံးတွင် စတင် လှုပ်ရှားလိုက်တော့၏။

၎င်းသည် အရှိန်မြှင့်တင်လိုက်ပြီး တောင်ကြီးတစ်လုံးပမာ လေးလံသော ခြေလှမ်းများဖြင့် ခိုင်ခံ့သော မြို့ရိုးများကို နင်းချေဖျက်ဆီးပစ်လိုက်ရာ အပိုင်းအစများ တလိမ့်လိမ့် ပြိုကျကုန်တော့သည်။

“ဆွဲငင်ခြင်း နည်းစနစ် .. စွမ်းအားပြစမ်း...”

မိုဝမ်ရှီသည် ရှေ့ဆုံးမှ ပြေးထွက်လာပြီး သူ့လက်ထဲရှိ ကြာပွတ် ကို ဝှေ့ယမ်းလိုက်သည်။ မရေမတွက်နိုင်သော မျှင်တန်းများသည် ထိုဧရိယာရှိ သက်ရှိအားလုံးနှင့် ချိတ်ဆက်သွားပြီး သူတို့ကို အတင်းဆွဲယူကာ မိုင်ရာချီ ဝေးကွာသော မြို့အတွင်းပိုင်းသို့ ပို့ဆောင်ပေးလိုက်၏။

“အားနည်းတဲ့ကောင်တွေက အားကြီးတဲ့သူတွေရဲ့ ကယ်တင်မှုကို ရထိုက်လို့လား...”

ဟု သစ်ပင်ဘုရင် တစ်ပါးက လှောင်ပြောင်လိုက်သည်။

ထိုအခါ၊ မိုဝမ်ရှီ က ပြတ်သားစွာ ပြန်ပြောလိုက်သည်။

“အားကြီးတဲ့သူက အားနည်းတဲ့သူကို မကာကွယ်ပေးရင်... ဘယ်လိုလုပ် အားကြီးတဲ့သူလို့ ခေါ်နိုင်မှာလဲ...”

သူ ကြာပွတ်ကို ထပ်မံ ဝှေ့ယမ်းလိုက်ပြီး မရေမတွက်နိုင်သော လူများကို ထပ်မံ ကယ်တင်လိုက်ပြန်သည်။

လူများသည် မြေပြင်ပေါ်သို့ ကျရောက်သွားကြပြီး မျက်ရည်များ ဝေဝါးနေသော မျက်လုံးများဖြင့် မိုဝမ်ရှီ ၏ အိုမင်းသော ကျောပြင်ကို ကျေးဇူးတင်စွာ ငေးကြည့်နေကြ၏။

မိုဝမ်ရှီ... လေးစားထိုက်သော အကြီးအကဲပေတည်း။

“အဓိပ္ပာယ်မရှိတာ...”

သစ်ပင်ဘုရင် တစ်ပါးသည် ကောင်းကင်ယံကို ဖြတ်ပျံလာပြီး လက်ကိုမြှောက်ကာ နွယ်ပင်များဖြင့် ယက်လုပ်ထားသော ရတနာတံဆိပ်တော်တစ်ခုကို စုစည်းလိုက်သည်။ “ဝုန်း” ခနဲ အသံနှင့်အတူ မိုဝမ်ရှီ ကို ရိုက်ထုတ်ပစ်လိုက်၏။

“အ...”

မိုဝမ်ရှီ သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ သူ ယှဉ်နိုင်စွမ်း မရှိပေ။

သူသည် ဝိညာဉ်ပင်လယ်အဆင့်သို့ ယခုမှ ဝင်ရောက်ထားသူ ဖြစ်သည်။ ဝါရင့် ဝိညာဉ်ပင်လယ်အဆင့် ဘုရင်တစ်ပါး ဖြစ်သော သစ်ပင်ဘုရင် ကို မည်သို့ ယှဉ်နိုင်မည်နည်း။

“အကြီးအကဲ မိုဝမ်ရှီ... ထိပ်တန်း သူကောင်းမျိုးနွယ် (၁၀) စု လာကူညီပြီ...”

ဘိုးဘေးနင်နှင့်အတူ ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် (၉) ဦး လေကြောင်းမှ ရောက်ရှိလာကြသည်။ မိုဝမ်ရှီ နှင့်ပေါင်းလိုက်သောအခါ ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် (၁၁) ဦးသည် ခိုင်မာသော ကာကွယ်ရေး မျဉ်းတစ်ကြောင်းကို ဖန်တီးလိုက်ကြ၏။

သူတို့၏ နောက်တွင် ဝိညာဉ်ပင်လယ်အဆင့် (၁၀) ဦးကျော်နှင့် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ပညာရှင် ရာပေါင်းများစွာ ဆက်တိုက် ရောက်ရှိလာကြသည်။

သူတို့လည်း အသက်လုပြီး ထွက်ပြေးချင်ကြပါသည်။

သို့သော် သူတို့၏ နှလုံးသားထဲမှ အတားအဆီးကို မကျော်ဖြတ်နိုင်ကြပေ။

ဒီတိုက်ပွဲကနေ ဆုတ်ခွာသွားခဲ့လျှင် အသက်ရှင်ကျန်ရစ်လျှင်တောင် တစ်သက်လုံး နှလုံးသားနတ်ဆိုး ခြောက်လှန့်တာ ခံရမှာ ဖြစ်ပြီး ကျင့်ကြံခြင်း အဆင့်လည်း ဘယ်တော့မှ တက်တော့မှာ မဟုတ်ပေ။

“ဟဲဟဲ... မကောင်းတဲ့ အသက်ရှင်ခြင်းထက် ကောင်းမွန်တဲ့ သေဆုံးခြင်းက ပိုမြတ်တယ်... မင်းတို့က သူရဲကောင်းတွေပဲ... ငါကတော့ မဟုတ်ဘူး... ဒါပေမဲ့ ငါတို့ ထွက်ပြေးဖို့ အချိန်ဆွဲပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ...”

သို့သော် လူတိုင်းတွင် သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲသော သတ္တိ မရှိကြပေ။ လူအများအပြားသည် ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး ထွက်ပြေးခြင်း အလင်းတန်းများ ခြုံလွှမ်းကာ အဝေးသို့ ထွက်ပြေးကုန်ကြ၏။

ထိုအထဲတွင် နာမည်ကျော် ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် အချို့လည်း ပါဝင်၏။

ဘယ်သူမှ မလှောင်ပြောင်ကြ... ဘယ်သူမှ ဒေါသမထွက်ကြပေ။

အသက်နဲ့ သေခြင်း ကြားက ရွေးချယ်မှုဆိုတာ အရမ်း ခက်ခဲသည့် အရာလေ။

အသက်ရှင်ဖို့ ရွေးချယ်တာက မမှားပါ။

“အရင်ဆုံး ထွက်ပြေးတဲ့ ကောင်တွေကို သတ်ပစ်... တစ်ကောင်မှ အလွတ်မပေးနဲ့...”

နွယ်ပင်ဘီလူးကြီး ထံမှ နွယ်ပင်မီးခိုးရောင် ၏ ရက်စက်သော အသံ ထွက်ပေါ်လာသည်။

ထိုစကားကို ကြားသောအခါ ထွက်ပြေးနေသူများ ခြေခေါက်မလို ဖြစ်သွားကြသည်။

ဘာကြီးလဲဟ...

မပြေးတဲ့ သူတွေကို မသတ်ဘူးလား...

ဒါ အဓိပ္ပာယ်မရှိလိုက်တာ...

သူတို့ ငိုချင်လာကြသည်။ ကျိန်ဆဲရင်း ညည်းတွားလိုက်ကြသည်။

“သတ်...”

ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် နတ်ဆိုးမိစ္ဆာ ထောင်ပေါင်းများစွာသည် ရှေ့သို့ တိုးဝင်လာကြပြီး ထွက်ပြေးနေသော ကျင့်ကြံသူအများအပြားကို ချက်ချင်း ချေမှုန်းပစ်လိုက်ကြသည်။ ခန္ဓာကိုယ်များ ပေါက်ကွဲထွက်ကုန်ကြပြီး အချို့မှာ မုန့်လုံးများ သီထားသကဲ့သို့ ထိုးဖောက်ခံရကာ ကောင်းကင်မှ ပြုတ်ကျကုန်ကြ၏။

“မင်းတို့ တော်တော် ရဲတင်းပါလား...”

မိုဝမ်ရှီ၊ ဘိုးဘေးနင် နှင့် အခြားသူများအားလုံး ဝင်ရောက် တိုက်ခိုက်လိုက်ကြသည်။

“အားလုံး မကြောက်ကြနဲ့... ငါတို့ လာကူညီပြီ...”

ခရိုင်ဘုရင်မြို့တော် အတွင်းမှ ကြံ့ခိုင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် ခရိုင်ဘုရင် လက်အောက်ရှိ စစ်ဘုရင်ကြီး ဆယ်ပါးသည် ကောင်းကင်ယံသို့ ပျံတက်လာကြပြီး ခမ်းနားသော အလင်းတန်းကြီးများအဖြစ် စစ်မြေပြင်သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။

သူတို့သည် အစွမ်းထက် မန္တန်များကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ် အသက်စွမ်းအင်များ ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်သွားပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် နတ်ဆိုးမိစ္ဆာ ရာပေါင်းများစွာကို ချက်ချင်း သတ်ဖြတ်ပစ်လိုက်၏။

ခဏတာမျှ ခရိုင်ဘုရင်မြို့တော် ရှိ ပြည်သူများ၏ နှလုံးသားများ စိတ်သက်သာရာ ရသွားကြသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် လက်များကို မြှောက်ကာ အော်ဟစ်ကြွေးကြော်ရင်း ဤစွမ်းအားကြီး ပုဂ္ဂိုလ်များကို ချီးကျူးနေကြတော့သည်။

“သတ်...”

သစ်ပင်ဘုရင် လေးပါးသည် ဒေါသတကြီးဖြင့် ပေတစ်ရာခန့် မြင့်မားသော ဧရာမ သစ်ပင်ဘုရင်ကြီး တစ်ပါးအဖြစ် ပေါင်းစည်းလိုက်ပြီး ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။ သူတို့သည် မိုဝမ်ရှီ နှင့် ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် ဒါဇင်ပေါင်းများစွာကို ချက်ချင်း ရိုက်ထုတ်ပစ်လိုက်သည်။

“ပြေးကြ...”

ခရိုင်ဘုရင်မြို့တော် မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော သာမန်ပြည်သူများသည် ကြင်နာတတ်သော ကျင့်ကြံသူအချို့၏ အကူအညီဖြင့် ယာယီ ဘေးကင်းသော မြို့လယ်ခေါင်သို့ အမြန်ဆုံး အရှိန်ဖြင့် ထွက်ပြေးနေကြ၏။

ဤကဲ့သို့သော ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရချိန်တွင် ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်များပင်လျှင် အလွန်အမင်း အားငယ်မှုကို ခံစားနေကြရသည်။

တိုက်ပွဲဝင်ဖို့ နေနေသာသာ... တိုက်ပွဲရဲ့ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုလောက်နှင့်တင် သူတို့ ပြာဖြစ်သွားနိုင်၏။

ကောင်းကင်ယံတွင် ဖြစ်သည်။

ပေတစ်ရာခန့် မြင့်မားသော ဧရာမ သစ်ပင်ဘုရင်ကြီး ၏ ပေါင်းစပ်စွမ်းအားသည် သာမန်မဟုတ်ပေ။ မြို့လယ်ခေါင်ရှိ ကြွေထည်ဘုရင် ကိုပင် ဖိအားပေးနေ၏။

“ဒီ နတ်ဆိုးမိစ္ဆာတွေက တော်တော် သန်မာတာပဲ... ငါ ကိုယ်တိုင် ဝင်တိုက်ရင်တောင် မနိုင်နိုင်ဘူး... ဟို ခရိုင်ဘုရင်ကောင် ဝင်တိုက်မှပဲ ရမှာ...”

ကြွေထည်ဘုရင် သည် ပေတစ်ရာခန့် မြင့်မားသော ဘီလူးကြီး၏ ကျောဘက်ကို စိုက်ကြည့်ရင်း ၎င်း၏ နောက်တွင် လမ်းလျှောက်လာနေသော ပေပေါင်း ထောင်ချီ မြင့်မားသည့် နွယ်ပင်ဘီလူးကြီး ကို သတိထားမိလိုက်သည်။ သူ့မျက်လုံးများထဲတွင် လှောင်ပြောင်သော အရိပ်အယောင်များ ပေါ်လာ၏။

“ပြီးတော့ ဒီလောက် ကြောက်စရာကောင်းတဲ့ မူလနတ်ဘုရား အဆင့် နွယ်ပင်ဘီလူးကြီး ရှိနေမှတော့... ခရိုင်ဘုရင် အဆင့်ချိုးဖြတ်နိုင်ရင်ရော ဘာထူးမှာလဲ... အနှိပ်ကွပ် ခံရမှာပဲလေ...”

“ဟဲဟဲ... ခရိုင်ဘုရင်မြို့တော် ကတော့ သေချာပေါက် ကျဆုံးတော့မှာပဲ...”

“ငါကတော့ ထွက်ပြေးဖို့ အခွင့်အရေး အမြန် ရှာမှ ဖြစ်မယ်...”

ထိုသို့ တွေးမိပြီးနောက် ကြွေထည်ဘုရင် သည် စက္ကူတစ်ရွက်ကို ထုတ်ယူလိုက်သည်။

၎င်းသည် သူ့မျိုးနွယ်စုမှ မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် တစ်ပါး ရေးဆွဲပေးထားသော လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း တာအိုစာရွက် ဖြစ်ပြီး အသက်အန္တရာယ် ကြုံလာပါက လွတ်မြောက်နိုင်စွမ်း ရှိပေသည်။

“ဝုန်း...”

ဂိုဏ်းချုပ် ခန်းမဆောင်အတွင်းမှ နားကွဲမတတ် ကျယ်လောင်သော အသံကြီး ရုတ်တရက် ထွက်ပေါ်လာသည်။

ခန်းမသခင် လျူမင် နောက်ဆုံးတွင် အဆင့်ချိုးဖြတ်နိုင်ခဲ့တော့၏။

အလယ်အလတ် နတ်ဆိုးဘုရင် အဆင့် အရှိန်အဝါကို သယ်ဆောင်လျက် သူသည် စစ်မြေပြင်သို့ အတင်းအဓမ္မ ဝင်ရောက်လာပြီး ခရိုင်ဘုရင်မြို့တော် ၏ စစ်ဘုရင်ကြီး ဆယ်ပါး၊ ထိပ်တန်း သူကောင်းမျိုးနွယ် (၁၀) စု မှ အကြီးအကဲများ၊ မိုဝမ်ရှီ နှင့် အခြားသော ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်များနှင့် ပူးပေါင်းကာ ပေတစ်ရာခန့် မြင့်မားသော ပေါင်းစပ် သစ်ပင်ဘုရင်ကြီး ကို ဖိနှိပ်တိုက်ခိုက်လိုက်သည်။

"ဝုန်း"

ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် ဒါဇင်ပေါင်းများစွာ၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် အပြန်အလှန် တိုက်ခိုက်မှု အနည်းငယ် ပြုလုပ်ပြီးနောက် သစ်ပင်ဘုရင်ကြီး ကွဲအက်သွားပြီး လွင့်စဉ်ထွက်သွားကာ ပေါင်းစပ်ပုံစံကို မထိန်းသိမ်းနိုင်တော့ဘဲ သစ်ပင်ဘုရင် လေးပါးအဖြစ် ပြန်လည် ကွဲထွက်သွား၏။

သို့သော် မည်သူ့မျက်နှာပေါ်တွင်မှ ပျော်ရွှင်ရိပ် မတွေ့ရပေ။

အဘယ်ကြောင့်ဆိုသော် နွယ်ပင်ဘီလူးကြီး သည် ကြည့်နေဆဲ ဖြစ်သောကြောင့်ပင်။ ၎င်းသည် ကျော်လွှား၍ မရနိုင်သော မိုးမျှော်တောင်ကြီး တစ်လုံးပမာ ရပ်နေပြီး ပြိုင်ဘက်ကင်းသော ခံစားမှုကို ပေးစွမ်းနေ၏။

“မင်းတို့ အားလုံးက အရမ်း အားနည်းလွန်းတယ်...”

နွယ်ပင်ဘီလူးကြီး နောက်ဆုံးတွင် စကားပြောလာသည်။ သူ့စကားထဲတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေ၏။

“ဝုန်း...”

ပေ (၇၀၀) ရှည်လျားသော ဧရာမ ဓားကြီးကို ဝှေ့ယမ်းကာ ရက်စက်စွာ ခုတ်ချလိုက်၏။

ဓားခုတ်ချက်ကြောင့် ဖြစ်ပေါ်လာသော လေပြင်းသက်သက်ကပင် မြေကြီးကို ကွဲအက်သွားစေပြီး မရေမတွက်နိုင်သော သက်ရှိများကို သေဆုံးစေခဲ့သည်။ လျူမင်၊ မိုဝမ်ရှီ နှင့် ဘိုးဘေးနင် တို့ကဲ့သို့ သန်မာသူများပင် လွင့်စဉ်သွားကြပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျကာ သွေးအန်ကုန်ကြ၏။

“အ...”

ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူ အများအပြားသည် အရှိန်ကြောင့် လွင့်စဉ်သွားကာ ပွဲချင်းပြီး ပေါက်ကွဲသေဆုံးကုန်ကြ၏။

မိုင်ရာချီ ပတ်လည်အတွင်းတွင် သာမန်ပြည်သူ သန်း (၂၀) ကျော်သည် ကြောက်မက်ဖွယ် အသံလှိုင်းများကြောင့် တုန်ခါသွားပြီး နေရာမှာတင် သွေးအန်ကုန်ကြသည်။

အချို့ဆိုလျှင် တိုက်ရိုက် အငွေ့ပျံသွားကြသည်။

ဓားတစ်ချက်တည်း၏ ကြောက်မက်ဖွယ် အစွမ်းပင်တည်း။

“သေစမ်း... မုန်းလိုက်တာ...”

မိုဝမ်ရှီ သည် မြေကြီးကို လက်သီးဖြင့် ပြင်းထန်စွာ ထုလိုက်သည်။ သူ့မျက်လုံးများထဲတွင် ရူးသွပ်မှုများ ပြည့်နှက်နေ၏။

သန်းပေါင်းများစွာသော လူများ ဒဏ်ရာအပြင်းအထန် ရနေသည်ကို၊ သန်းနှင့်ချီသော လူများ သေဆုံးနေသည်ကို ကြည့်ရင်း သူ့ခန္ဓာကိုယ်ကြီး ဒေါသကြောင့် ပေါက်ကွဲထွက်မတတ် ခံစားလိုက်ရပြီး မျက်လုံးများမှ သွေးမျက်ရည်များ စီးကျလာ၏။

ခရိုင်ဘုရင်စံအိမ် တွင် …

ရှုဟုန်ယွီ သည် ထိုမြင်ကွင်းကို ကြည့်ရင်း မျက်ရည်များ စီးကျနေ၏။

သူမသည် မြင့်မြတ်သော ခရိုင်မင်းသမီး ၊ အနာဂတ် ခရိုင်ဘုရင် ဖြစ်ပြီး ယခုအခါ သူမ၏ လက်အောက်မှ မြို့သူမြို့သားများ ဆိုးရွားစွာ ဒုက္ခရောက်နေသည်ကို ကြည့်ရင်း သူမ၏ နှလုံးသားများ သွေးထွက်နေ၏။

“ငါ ပြိုင်ဘက်ကင်း မဟာတန်ခိုးရှင် တစ်ယောက် မဟုတ်ခဲ့တာကို မုန်းတယ်...”

သူမ၏ ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး လက်ရန်းရှေ့တွင် ဒူးထောက်ကျသွား၏။

သူမသာ လုံလောက်အောင် စွမ်းအားကြီးခဲ့လျှင် သူမ မျက်စိရှေ့က အဖြစ်ဆိုးကြီး ဖြစ်လာခဲ့မှာ မဟုတ်ပေ။

“ချွင်...”

နွယ်ပင်ဘီလူးကြီး သည် ဧရာမ ဓားကြီးကို မြှောက်လိုက်ပြီး အောက်ဘက်ရှိ ပုရွက်ဆိတ်ကဲ့သို့ သတ္တဝါများကို အထင်သေးစွာ ပြုံးပြလိုက်သည်။

“ငါ့ရဲ့ ဒီ ကိုယ်ပွား ဖိအားအောက်မှာတောင် မင်းတို့ ပုရွက်ဆိတ်တွေက အသက်ရှင်ဖို့ ကြိုးစားချင်သေးတာလား... ဒီနေ့ ခရိုင်ဘုရင်မြို့တော် ကို သွေးချောင်းစီးစေပြီး ငါ့ရဲ့ စစ်မှန်သော ခန္ဓာကိုယ် နဲ့ ရှေးဟောင်း နွယ်ပင် ဘိုးဘေး ကို ဆင့်ခေါ်ပစ်မယ်...”

နွယ်ပင်ဘီလူးကြီး ပြောလိုက်ရာ အေးစက်သော အသံ ထွက်ပေါ်လာသည်။

ထိုအချိန်မှာပင်၊

“နတ်ဆိုးမိစ္ဆာ... ငါ့တုတ်ကို စားလိုက်စမ်း...”

တောင်ဘက် ကောင်းကင်ယံမှ ကျယ်လောင် စူးရှသော အော်သံတစ်သံ ထွက်ပေါ်လာပြီး နောက်တစ်ခဏတွင် ကြောက်မက်ဖွယ် ကောင်းသော တုတ်အရိပ်တစ်ခု ကောင်းကင်မှ ဆင်းသက်လာကာ နွယ်ပင်ဘီလူးကြီး ၏ ခေါင်းပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်၏။

“ဘုန်း...”

နွယ်ပင်ဘီလူးကြီး ယိမ်းယိုင်သွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။ ခေါင်းတစ်ခုလုံး ကွဲထွက်မတတ် ခံစားလိုက်ရပြီး အသံလာရာဆီသို့ နာကြည်းစွာ လှမ်းကြည့်လိုက်၏။

နွယ်ပင်ဘီလူးကြီး သာမက... နေရာတွင် ရှိနေသူ အားလုံး အသံလာရာဆီသို့ အာရုံစိုက်လိုက်ကြသည်။

ကောင်းကင်ယံတွင် ၊

ပြင်းထန်သော ဖိအားကို ထုတ်လွှတ်နေသည့် ကြီးမားသော ဝိညာဉ်လှေ တစ်စင်း ပျံသန်း ဝင်ရောက်လာသည်။

လှေဦးတွင် ဖြစ်သည်။

ပုံစံအမျိုးမျိုးဖြင့် ရပ်နေကြသော လူ (၅) ဦးသည် နွယ်ပင်ဘီလူးကြီး ကို စိုက်ကြည့်နေကြ၏။

ခေါင်းဆောင် ဖြစ်သူ ချောမောသော လူငယ်ကို မြင်လိုက်ရသောအခါ နွယ်ပင်ဘီလူးကြီး ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး ဒေါသတကြီး သတ်ဖြတ်လိုသော အသံဖြင့် အော်ဟစ်လိုက်၏။

“ဘာလို့ မင်းပဲ ဖြစ်နေရပြန်တာလဲ... မကျွတ်မလွတ်နိုင်တဲ့ ကောင်ရယ်…”

All Chapters