← Chapters

အခန်း (၄၀၀-၄၀၂)

Vol. 27 Ch. 400-402

အခန်း (၄၀၀-၄၀၂)

Vol. 27 Ch. 400-402

အခန်း (၄၀၀)- စတုတ္ထ တိုက်ခိုက်ရေး ပုံစံ၊ ကိုးမြီး မိုးကောင်းကင် မြေခွေး

~နွယ်ပင်ဘီလူးကြီး၏ အသံကြောင့် ယဲ့ဖုန်း လန့်သွား၏။

သူ့အား ကြောက်မက်ဖွယ် ဖိအားပေးနေသော ရှေ့မှ နွယ်ပင်ဘီလူးကြီး ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

“ငါတို့ သိကြလို့လား...”

ခရိုင်ဘုရင်စံအိမ် တွင် ချိန်းဆိုမှု ရှိထားသဖြင့် ယဲ့ဖုန်း သည် ရက်အနည်းငယ် စောထွက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ခရိုင်ဘုရင်မြို့တော်သို့ မရောက်ခင်မှာပင် အဝေးမှ ကောင်းကင်ယံတွင် နွယ်ပင်ဘီလူးကြီး က မြို့ကို တိုက်ခိုက်နေသည့် မြင်ကွင်းကို လှမ်းမြင်လိုက်ရလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

တစ်ဖက်လူ၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ယဲ့ဖုန်း ၏ နှလုံးသား လေးလံသွား၏။

အကယ်၍ ဟူဖေးဖေးသာ နွယ်ပင်ဘီလူးကြီး ကို နိုင်အောင် တိုက်နိုင်သည်ဟု အာမမခံခဲ့လျှင် ယခုအချိန်တွင် ယဲ့ဖုန်း သည် တပည့်များကို ခေါ်ပြီး တကယ် ထွက်ပြေးမိလောက်ပေသည်။

“သေစမ်း... မင်း ငါ့ကို မမှတ်မိရဲဘူးပေါ့လေ...”

နွယ်ပင်ဘီလူးကြီး ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဝိညာဉ်မြွေ ပျံသန်းလှေ ပေါ်ရှိ ယဲ့ဖုန်း ကို လှမ်းအော်လိုက်သည်။ ၎င်း၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ လက်နေပြီး လေထဲတွင် နွယ်ပင်နတ်ဆိုး ပုံစံများ ဖုံးလွှမ်းနေသော နတ်ဘုရားမ နွယ်ပင်မီးခိုးရောင် ၏ မျက်နှာကို ပုံဖော်ပြသလိုက်၏။

“သြော်... မင်းကိုး...”

ယဲ့ဖုန်း တစ်ဖက်လူကို မှတ်မိသွား၏။

သူ့ကို မြင်မြင်ချင်း ခရိုင်ဘုရင်မြို့တော် ကို တိုက်ခိုက်နေတာ ရပ်ပြီး ဒေါသတကြီး ဖြစ်နေတာ မဆန်းပါဘူးလေ။

“ဝူး...”

ထွက်ပြေးနေသော ခရိုင်ဘုရင်မြို့တော် မှ ကျင့်ကြံသူများကို လိုက်လံတိုက်ခိုက်နေသည့် အတောင်ပံနှစ်ဖက်ပါ နတ်ဆိုးများ ပင်လျှင် စုရုံးရောက်ရှိလာပြီး ယဲ့ဖုန်း ကို စိုက်ကြည့်နေကြ၏။

“သောက်ကျိုးနည်း... ငါ့ရဲ့ ရန်သူကို ဆွဲဆောင်နိုင်စွမ်း က ဒီလောက်တောင် မြင့်နေတာလား...”

ယဲ့ဖုန်း သည် လက်ကို နောက်ပစ်ကာ တည်ငြိမ်စွာ ရပ်နေသော်လည်း ရင်ထဲတွင်မူ အလွန် စိုးရိမ်ပူပန်နေမိသည်။

ခရိုင်ဘုရင်မြို့တော် အတွင်းတွင်မူ၊

လူတိုင်း မော့ကြည့်လိုက်ရာ ယဲ့ဖုန်း နှင့် ဟူဖေးဖေး ကို တွေ့လိုက်ရသဖြင့် မျက်နှာများ ဝမ်းသာအားရ ဖြစ်သွားကြ၏။

လွန်ခဲ့သော တိုက်ပွဲတွင် ဟူဖေးဖေး သည် မဟာ သူတော်စင် တစ်ပိုင်း အဆင့်ရှိသော ရှုဟွာမို ကို ရိုက်နှက်ခဲ့ဖူးသည်။ နွယ်ပင်ဘီလူးကြီး ကို မနိုင်လျှင်တောင်မှ သူမ အနေနှင့် ခံတိုက်နိုင်လောက်သည်။

ပြီးတော့ ခန့်မှန်းရခက်သည့် ဂိုဏ်းချုပ်ယဲ့ တောင် ရောက်နေပြီပဲ။

ဒီပွဲက နိုင်သလောက် ရှိနေပြီ ဖြစ်၏။

“သေစမ်း... ယဲ့ဖုန်း ပါလား... ပြင်ပကမ္ဘာက နတ်ဆိုးမိစ္ဆာတွေ မင်းကို သတ်ပစ်လိုက်ရင် အကောင်းဆုံးပဲ...”

ကြွေထည်ဘုရင် သည် ခန်းမကြီးတစ်ခု၏ ခေါင်မိုးပေါ်တွင် ပုန်းအောင်းနေပြီး နာကျင်နေသေးသော သူ့နှာခေါင်းကို မသိစိတ်ဖြင့် စမ်းသပ်လိုက်မိသည်။

“မြူခိုးဂိုဏ်း က လူတွေပဲ...”

ရှုဟုန်ယွီ မော့ကြည့်လိုက်ရာ ယဲ့ဖုန်း၊ ဟူဖေးဖေး နှင့် အခြားသူများကို တွေ့လိုက်ရပြီး အကြောင်းပြချက်မရှိဘဲ စိတ်သက်သာရာ ရသွား၏။

“ဂိုဏ်းချုပ်ယဲ့ ရောက်လာပြီ... သိပ်ကောင်းတာပဲ...”

ခန်းမသခင် လျူမင်၊ မိုဝမ်ရှီ ၊ ဘိုးဘေးနင်နှင့် အခြားသူများသည် ကုသရေး ဆေးလုံးများကို သောက်သုံးရင်း ဝိညာဉ်မြွေ ပျံသန်းလှေ ကို စိတ်လှုပ်ရှားစွာ လှမ်းကြည့်နေကြ၏။

ခရိုင်ဘုရင်စံအိမ် တွင် ဖြစ်သည်။

တံခါးပိတ် ကျင့်ကြံနေသော ခရိုင်ဘုရင် သည် မျက်လုံးဖွင့်လိုက်ပြီး ယဲ့ဖုန်း ၏ မတ်မတ်ရပ်နေသော ပုံရိပ်ကို ငေးကြည့်ရင်း နှုတ်ခမ်းထောင့်များ ကွေးညွတ်ကာ အနည်းငယ် ပြုံးလိုက်၏။

“ဂိုဏ်းချုပ်ယဲ့ နဲ့ ဂိုဏ်းစောင့် ဟူဖေးဖေး တို့ စောရောက်လာကြတာပဲ... ဒါ ဝမ်းသာစရာ အံ့အားသင့်မှု တစ်ခုပဲ... ငါ အမြန်ဆုံး အဆင့်ချိုးဖြတ်မှ ဖြစ်မယ်... အချိန်ဖြုန်းလို့ မဖြစ်ဘူး...”

ထို့နောက် ခရိုင်ဘုရင် မျက်လုံးပြန်မှိတ်လိုက်ပြီး အဆင့်ချိုးဖြတ်ရန် ဆက်လက် ကြိုးပမ်းလိုက်၏။

*

မိုင်ရာချီ အကွာတွင်၊

ဟန်ရီနှင့် ဟန်အာ တို့သည် ယဲ့ဖုန်း နှင့် ဟူဖေးဖေး ကို စူးစိုက်ကြည့်နေကြပြီး မျက်လုံးအိမ်များ ကျဉ်းမြောင်းသွား၏။

“ချီးပဲ... ဒုက္ခပေးတဲ့ မြူခိုးဂိုဏ်း က လူတွေ ရောက်လာပြန်ပြီ...”

နှစ်ယောက်စလုံး ဒေါသထွက်နေကြသော်လည်း ဘာမှ မတတ်နိုင်ကြပေ။

မြူခိုးဂိုဏ်း အဖွဲ့ ရောက်ရှိလာမှုသည် ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။

မရေမတွက်နိုင်သော လူများသည် မျှော်လင့်ချက် ရောင်ခြည်ကို မြင်လိုက်ကြရ၏။

သို့သော် နာကြည်းမုန်းတီးစွာ ကြည့်နေသူများလည်း အများအပြား ရှိနေပေသည်။

*

ဝိညာဉ်မြွေ ပျံသန်းလှေ ပေါ်တွင်မူ၊

ယဲ့ဖုန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

“မင်းသမီးလေး... မင်း တကယ်ပဲ ဟိုကောင်ကြီးကို နိုင်မှာလား...”

ယဲ့ဖုန်း သည် ကြောက်မက်ဖွယ် နွယ်ပင်ဘီလူးကြီး ကို တစ်ချက်ကြည့်ပြီး ဟူဖေးဖေး ထံ အသံလွှဲပြောင်းကာ အမြန် မေးလိုက်သည်။ စောစောက သူမ ကြွားလုံးထုတ်ထားတာ ဖြစ်မှာ စိုးရိမ်နေမိ၏။

နွယ်ပင်ဘီလူးကြီး အကြောင်းကို ခဏ ဖယ်ထားလိုက်ဦးမည်။ ယခုအခါ သူ၏ စွမ်းအားများမှာ အဆမတန် တိုးတက်လာခဲ့ပြီ ဖြစ်ရာ သစ်ပင်ဘုရင် လေးပါး ပူးပေါင်းထားသည့် အရာကိုမူ သူ ကောင်းစွာ ကိုင်တွယ်နိုင်စွမ်း ရှိနေပြီဟု ယဲ့ဖုန်း ခံစားမိလေသည်။

သို့သော်ငြား ထိုထိတ်လန့်ဖွယ် နွယ်ပင်ဘီလူးကြီးနှင့် နှိုင်းယှဉ်လိုက်ပါက သစ်ပင်ဘုရင်များ ဆိုသည်မှာ ဘာမှမဟုတ်သည့် အသေးအဖွဲလေးများသာ ဖြစ်သွားတော့သည်။

အကြောင်းမူကား လျူမင်၊ မိုဝမ်ရှီနှင့် ဘိုးဘေးနင်တို့ အပါအဝင် ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် ဒါဇင်ပေါင်းများစွာ အသေအလဲ ပူးပေါင်း တိုက်ခိုက်ခဲ့ရမှသာ ထိုသစ်ပင်ဘုရင်များ၏ ပေါင်းစည်းမှုကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်၏။ယ

သို့သော်... သူတို့ မည်မျှပင် သန်မာနေပါစေ။ နွယ်ပင်ဘီလူးကြီး၏ ဓားတစ်ချက်အောက်တွင်မူ အရာအားလုံးက စက္ကူစုတ်များသဖွယ် အလွယ်တကူ ပြတ်တောက် ပြိုလဲသွားခဲ့ရသည်။

ဤအချက်ကို ထောက်ရှုကြည့်ရုံဖြင့် နွယ်ပင်ဘီလူးကြီး၏ စွမ်းအား မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းနေသနည်း ဆိုသည်ကို ထင်ရှားစွာ သိမြင်နိုင်လေသည်။

“ဂိုဏ်းချုပ်... စိတ်မပူပါနဲ့... ကျွန်မ နိုင်ပါတယ်... ဒါပေမဲ့ စတုတ္ထ တိုက်ခိုက်ရေး ပုံစံ ဝင်ရောက်နိုင်မှ ရမှာပါ...”

ဟူဖေးဖေး သည် ပေါက်ကွဲစေသော တုတ်ကို ထမ်းလျက် ဂုဏ်ယူသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ဟမ်... စတုတ္ထ တိုက်ခိုက်ရေး ပုံစံ လား...”

ယဲ့ဖုန်း မျက်ခုံးပင့်လိုက်သည်။

ဟူဖေးဖေး၌ တတိယမြောက် တိုက်ခိုက်ရေးပုံစံ အထိသာ ရှိလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့၏။

သို့သော်ငြား သူမသည် စတုတ္ထမြောက် တိုက်ခိုက်ရေးပုံစံ အထိပါ ဝင်ရောက်သွားနိုင်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပါပေ။

တကယ်ကို အစွမ်းထက်လှသည်။

“ဝှစ်...”

ထိုအချိန်တွင် ဟူဖေးဖေး သည် ပေါက်ကွဲစေသော တုတ် ကို ကိုင်ဆောင်ကာ ပြေးထွက်သွား၏။

“ယဲ့ဖုန်း ကို အရင်သတ်...”

နောက်ကွယ်မှ ကြိုးကိုင်နေသော နတ်ဘုရားမ နွယ်ပင်မီးခိုးရောင် က လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။

“ရွှပ်... ရွှပ်... ရွှပ်...”

ကျန်ရှိနေသော နတ်ဆိုးမိစ္ဆာ များအားလုံး လှုပ်ရှားလာကြပြီး ဝိညာဉ်မြွေ ပျံသန်းလှေ ကို တိုက်ခိုက်ကြ၏။

“ဟွန်း...”

ယဲ့ဖုန်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး နေရာဟင်းလင်းပြင် သံလိုက်အိမ်မြှောင်အား တိတ်တဆိတ် အသက်သွင်းကာ ဝိညာဉ်မြွေ ပျံသန်းလှေ တစ်ခုလုံးကို ခရိုင်ဘုရင်မြို့တော် အထက် ကောင်းကင်ယံသို့ ချက်ချင်း ရွှေ့ပြောင်းလိုက်၏။

သစ်ပင်ဘုရင် နှင့် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် နတ်ဆိုးမိစ္ဆာ ထောင်ပေါင်းများစွာ အားလုံး ပစ်မှတ်လွဲချော်သွားကြသည်။

“ဒီတိုက်ပွဲမှာ မင်းတို့က ငါတို့ ပြိုင်ဘက် မဟုတ်ဘူး...”

ယဲ့ဖုန်း တပည့်များကို လှည့်ပြောလိုက်သည်။

ထို့နောက် သူ့ပုံရိပ် ယိမ်းနွဲ့သွားပြီး ဟူဖေးဖေး နှင့် ယှဉ်လျက် ရပ်လိုက်ကာ နတ်ဆိုးမိစ္ဆာ အားလုံးကို အထင်သေးစွာ ငုံ့ကြည့်လိုက်၏။

“ယဲ့ဖုန်း... ဒီနေ့ ငါ့ဒေါသပြေအောင် မင်းကို သတ်ပစ်မယ်...”

နွယ်ပင်ဘီလူးကြီး သည် ပေ (၇၀၀) ရှည်လျားသော ဓားကြီးကို ဝှေ့ယမ်းလိုက်ရာ တောင်တစ်သောင်း ပြိုကျသကဲ့သို့ ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် အပေါ်မှ ခုတ်ချလိုက်၏။

တစ်ချိန်တည်းမှာပင် သစ်ပင်ဘုရင် လေးပါး ပြန်လည် ပေါင်းစည်းသွားပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် နတ်ဆိုးမိစ္ဆာ ထောင်ပေါင်းများစွာနှင့်အတူ ကြီးမားသော အရှိန်အဟုန်ဖြင့် ဝင်ရောက် တိုက်ခိုက်လာကြသည်။

“ဂိုဏ်းချုပ်ယဲ့ ကို တစ်ယောက်တည်း တိုက်ခိုက်ခွင့် မပေးနိုင်ဘူး... ငါတို့လည်း တက်ကြစို့...”

လျူမင် အသက်ပြင်းပြင်း ရှူလိုက်သည်။

“တသ်သောင်းသော မွေးရာပါ စွမ်းရည်..”

ဤသည်မှာ သူ့၏ မွေးရာပါ ပါရမီ ပင်။

တစ်သောင်းသော မွေးရာပါ စွမ်းရည် ကို အသက်သွင်းလိုက်သည်နှင့် လျူမင် သည် မီတာ (၁၀၀၀) မြင့်မားသော ရွှေရောင် မိုးမခပင်ကြီး တစ်ပင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံတွင် ပျံဝဲနေ၏။ မရေမတွက်နိုင်သော သစ်ရွက်များ ကြွေကျလာပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် စွမ်းအားရှိသော သားရဲပုံရိပ် အမျိုးမျိုးအဖြစ် ပြောင်းလဲကာ နတ်ဆိုးမိစ္ဆာ များဆီသို့ ဝင်ရောက် တိုက်ခိုက်ကြသည်။

ဘိုးဘေးနင်၊ မိုဝမ်ရှီ နှင့် ခရိုင်ဘုရင်စံအိမ် မှ စစ်ဘုရင်ကြီး ဆယ်ပါး အပါအဝင် ပညာရှင်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက် တိုက်ခိုက်ကြ၏။

“ပုရွက်ဆိတ်လို ကောင်တွေကများ တိုက်ပွဲဝင်ချင်သေးတယ်...”

နွယ်ပင်ဘီလူးကြီး သည် ဧရာမ ဓားကြီးကို လှည့်လိုက်ရာ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ကောင်းကင်ယံကို လွှမ်းမိုးသွား၏။ ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် ဒါဇင်ပေါင်းများစွာ လွင့်စဉ်သွားကြပြီး ဒဏ်ရာများ ပိုမို ပြင်းထန်သွားကြသည်။

ဧရာမ ဓားကြီးသည် ဆက်လက် ကျဆင်းလာပြီး လျူမင် နှင့် အခြားသူများကို ဖိချေသတ်ဖြတ်ရန် ကြိုးစား၏။

“ထန်...”

ပန်းရောင် အလင်းတန်းတစ်ခု ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ဧရာမ ဓားကြီးအောက်တွင် ပေါ်လာကာ အစွမ်းကုန် ခုခံလိုက်၏။

"ဝုန်း"

ပေါက်ကွဲစေသော တုတ် ပင်လျှင် ကွဲအက်သွားပြီး ဟူဖေးဖေး ၏ ခန္ဓာကိုယ်သည် ကြေမွသွားကာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး ဥက္ကာခဲ ဝင်တိုက်သကဲ့သို့ ကြီးမားသော တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။

“ဒါ...”

“ဂိုဏ်းစောင့် မင်းသမီးလေး ဟူဖေးဖေး တောင် မယှဉ်နိုင်ဘူးလား...”

“သွားပြီ... အကုန် သွားပြီ...”

လူအုပ်ကြီး၏ နှလုံးသားများ အေးခဲသွားကြ၏။

ထို့နောက် သူတို့သည် ကောင်းကင်ယံတွင် ရပ်နေသော ယဲ့ဖုန်း ကို လှမ်းကြည့်လိုက်ကြပြီး မျှော်လင့်ချက် အားလုံးကို သူ့အပေါ် ပုံအပ်လိုက်ကြတော့သည်။

လူတိုင်း၏ အမြင်တွင် ဟူဖေးဖေး ကို နာခံစေနိုင်သော ယဲ့ဖုန်း သည် ဟူဖေးဖေး ထက် ပိုမို စွမ်းအားကြီးရမည်ဟု ယူဆထားကြ၏။

ကောင်းကင်ယံ အမြင့်တွင် ဖြစ်သည်။

ယဲ့ဖုန်း သည် ဟူဖေးဖေး ပြုတ်ကျသွားသော နေရာကို ကြည့်ရင်း မျက်နှာထား တင်းမာနေ၏။

ဟူဖေးဖေး သည် ဒုတိယ တိုက်ခိုက်ရေး ပုံစံ သို့ ဝင်ရောက်ပြီး ဖြစ်ကာ ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် တိုက်ခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားသော်လည်း လွယ်ကူစွာ ရိုက်နှက်ခံလိုက်ရသည်။

နွယ်ပင်ဘီလူးကြီး က တကယ်ကို ကြောက်စရာ ကောင်းတာပဲ။

“ခက်ခဲမယ့် ကောင်လို့ ထင်နေတာ... ဒီလောက်ပါပဲလား...”

နွယ်ပင်ဘီလူးကြီး သည် အောက်ဘက်ရှိ တွင်းကြီးကို အထင်သေးစွာ ဟားတိုက်ရင်း ကြည့်လိုက်သည်။

[ဟူဖေးဖေး၏ အဆင့်မြှင့်တင်မှု စွမ်းအင် - ၃၆ %]

ထိုအချိန်တွင် ယဲ့ဖုန်း သည် စနစ်၏ အသိပေးသံကို ကြားလိုက်ရပြီး စွမ်းအင်သည် ၃၅.၇ % မှ ၃၆ % သို့ တိုးတက်သွားကြောင်း တွေ့လိုက်ရသည်။ သို့သော် နောက်တစ်ခဏတွင် နောက်ထပ် အသိပေးသံတစ်ခု ထွက်ပေါ်လာပြန်သည်။

[ဟူဖေးဖေး၏ အဆင့်မြှင့်တင်မှု စွမ်းအင် - ၂၆ %]

ထိုအသံကို ကြားသောအခါ ယဲ့ဖုန်း ကြောင်အသွား၏။

စွမ်းအင်က လျော့လို့လည်း ရတာလား။

“ဝုန်း...”

နောက်တစ်ခဏတွင် ဟူဖေးဖေး ရှိနေသော ဥက္ကာခဲတွင်းကြီးသည် ရုတ်တရက် ကွဲအက်သွားပြီး သူမသည် ကောင်းကင်ကို ထိုးဖောက်သွားသော ဓားတစ်စင်းပမာ ပျံတက်လာကာ လူတိုင်း၏ မြင်ကွင်းထဲသို့ ပြန်လည် ရောက်ရှိလာ၏။

ယခုအချိန်တွင် သူမသည် ဒုတိယ တိုက်ခိုက်ရေး ပုံစံ တွင် ရှိနေဆဲပင်။

သို့သော် သူမ၏ ဒဏ်ရာများ အားလုံး လုံးဝ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်၏။

ပေါက်ကွဲစေသော တုတ် ပင်လျှင် မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားပြီး မျက်နှာပြင်ပေါ်တွင် ထူးခြားဆန်းပြားသော ပုံစံများ ပေါ်ပေါက်လာကာ ယခင်ကနှင့် လုံးဝ မတူတော့ပေ။

“ဒီအတိုင်းဆိုရင်တော့ သူ နွယ်ပင်ဘီလူးကြီး ကို ယှဉ်နိုင်မှာ မဟုတ်ဘူး...”

ယဲ့ဖုန်း.. ဟူဖေးဖေး ကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

သို့သော် ဒုတိယ တိုက်ခိုက်ရေး ပုံစံ တွင် ရှိနေသော ဟူဖေးဖေး ၏ ခန္ဓာကိုယ်ပတ်လည်တွင် ပန်းရောင် အလင်းတန်းများ စီးဆင်းနေပြီး တတိယ တိုက်ခိုက်ရေး ပုံစံ သို့ ဝင်ရောက်တော့မည့်ပုံ ပေါက်နေသည်။

“ဝှစ်...”

သူမ၏ ပန်းရောင် ဆံပင်များသည် (၃) မီတာအထိ ရုတ်တရက် ရှည်ထွက်လာပြီး လေထဲတွင် ရေတံခွန်တစ်ခုသဖွယ် ယိမ်းနွဲ့နေ၏။

သို့သော် သူမသည် တတိယ တိုက်ခိုက်ရေး ပုံစံ သို့ ဝင်ရောက်ခြင်း မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဟူဖေးဖေး ၏ နောက်ကျောဘက်မှ အမြီးတစ်ချောင်းသည် အရိုင်းဆန်စွာ ကြီးထွားလာပြီး (၉) ချောင်းအဖြစ် ပြောင်းလဲသွားသောကြောင့်ပင်။

ပေါက်ကွဲစေသော တုတ် သည်လည်း ပိုမို ရှည်လျားလာပြီး မျက်နှာပြင်ပေါ်ရှိ ရှေးဟောင်း ပုံစံများသည် ပိုမို တောက်ပလာကာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလာ၏။

“ဒါက... စတုတ္ထ တိုက်ခိုက်ရေး ပုံစံ... ကိုးမြီး ကောင်းကင် မြေခွေး ပဲ...”

ထိုမြင်ကွင်းကို ကြည့်ရင်း ယဲ့ဖုန်း ၏ စိတ်ထဲသို့ သတင်းအချက်အလက်များ ဝင်ရောက်လာပြီး မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွား၏။

‘ဒါဆို စွမ်းအင် (၁၀) ရာခိုင်နှုန်း အကုန်ခံလိုက်ရင် ဒုတိယအဆင့်ကနေ စတုတ္ထအဆင့်ကို တိုက်ရိုက် ပြောင်းလဲနိုင်တာပေါ့။’

ဟူဖေးဖေး ၏ တိုက်ခိုက်ရေး ပုံစံ ပြောင်းလဲမှု ပြီးဆုံးသွားသည်နှင့် နွယ်ပင်ဘီလူးကြီး ထက် မလျော့နည်းသော ပေါက်ကွဲထွက်မတတ် စွမ်းအင်လှိုင်းကြီးတစ်ခု စတင် ပဲ့တင်ထပ်လာ၏။

ပန်းရောင် လှိုင်းလုံးများသည် ခရိုင်ဘုရင်မြို့တော် ၏ ကောင်းကင်ယံ တစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားပြီး ဟင်းလင်းပြင်ကိုပင် တုန်ခါသွားစေကာ လူတိုင်းကို ထိတ်လန့်သွားစေသည်။

“ငါ နောက်ဆုံးတော့ အောင်မြင်ပြီ...”

ဟူဖေးဖေး သည် ပေါက်ကွဲစေသော တုတ် ကို ထမ်းလျက် နှုတ်ခမ်းထောင့်များ ကွေးညွတ်ကာ ပြုံးလိုက်သည်။ သူမပုံစံက အတော်လေး ဂုဏ်ယူနေပုံ ရသည်။

တဆက်တည်း၌၊ ကြောက်မက်ဖွယ် ဖိနှိပ်မှု အရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာတော့၏။

“ဝုန်း...”

နွယ်ပင်ဘီလူးကြီး သည် အရှိန်အဝါ၏ ရိုက်ခတ်မှုကြောင့် ခြေလှမ်း (၃) လှမ်း နောက်ဆုတ်သွားရ၏။

ထိုမြင်ကွင်းသည် ရှိနေသူ အားလုံးကို အံ့အားသင့်သွားစေသည်။

“ဒီ ဖိအားက... မူလနတ်ဘုရား အဆင့် ဖိအားပဲ...”

ဟူဖေးဖေး ကို ကြည့်ရင်း နွယ်ပင်ဘီလူးကြီး ၏ မျက်လုံးများထဲတွင် ပထမဆုံးအကြိမ်အဖြစ် သတိထား စောင့်ကြည့်သော အရိပ်အယောင်များ ပေါ်လာ၏။

အခန်း (၄၀၁) ပုံသဏ္ဌာန်မဲ့ ရိုက်ချက်၊ ဟန်ရီ နှင့် ဟန်အာ တို့အား ဖမ်းဆီးခြင်း

~စတုတ္ထ တိုက်ခိုက်ရေး ပုံစံ၊ ကိုးမြီး ကောင်းကင် မြေခွေး။

ဤသည်ကား ဟူဖေးဖေး ယခုအချိန်အထိ အသွင်ပြောင်းလဲဖူးသော အမြင့်ဆုံး တိုက်ခိုက်ရေး ပုံစံ ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် ပုံမှန်အခြေအနေထက် အဆပေါင်း ဒါဇင်ချီ ပိုမို သန်မာနေ၏။

ပုံမှန်အားဖြင့် သူမသည် ဝိညာဉ်ပင်လယ်အဆင့် (၈) တွင်သာ ရှိသည်။

ပထမ တိုက်ခိုက်ရေး ပုံစံ သို့ ဝင်ရောက်ပါက သူမ၏ တိုက်ခိုက်စွမ်းအား နှစ်ဆ တိုးလာပြီး ဝိညာဉ်ပင်လယ်အဆင့် (၉) သို့ ရောက်ရှိသွားသည်။

ဒုတိယ တိုက်ခိုက်ရေး ပုံစံ တွင် သူမ၏ စွမ်းအား ထပ်မံ နှစ်ဆ တိုးလာပြီး ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် သို့ ရောက်ရှိသွားသည်။

ဤ တိုက်ခိုက်ရေး ပုံစံ နှစ်ခုကို သူမ စိတ်ကြိုက် ဝင်ရောက် အသုံးပြုနိုင်သည်။

သို့သော် တတိယ တိုက်ခိုက်ရေး ပုံစံ သို့ ဝင်ရောက်ရန်အတွက် သူမသည် စွမ်းအင် ပမာဏတစ်ခုကို ဦးစွာ စုပ်ယူရမည် ဖြစ်သည်။ သို့မဟုတ်ပါက မဖြစ်နိုင်ပေ။

အနည်းငယ် ရှုပ်ထွေးသော်လည်း ဝင်ရောက်သွားသည်နှင့် သူမ၏ တိုက်ခိုက်စွမ်းအားသည် အဆပေါင်းများစွာ တိုးတက်လာပြီး မူလနတ်ဘုရား အဆင့်နှင့် နီးကပ်လာကာ အထွတ်အထိပ် တိုက်ခိုက်စွမ်းအားသည် မဟာတန်ခိုးရှင် တစ်ပါးနှင့်ပင် ယှဉ်နိုင်ပေသည်။

စတုတ္ထ တိုက်ခိုက်ရေး ပုံစံ မှာမူ ပို၍ပင် ထူးဆန်းအံ့သြဖွယ် ကောင်းလှသည်။

လက်ရှိ အဆင့်မြှင့်တင်မှု စွမ်းအင်၏ (၁၀) ရာခိုင်နှုန်းကို အသုံးပြု၍ သူမသည် ဒုတိယ တိုက်ခိုက်ရေး ပုံစံ မှ စတုတ္ထ တိုက်ခိုက်ရေး ပုံစံ သို့ တိုက်ရိုက် ကူးပြောင်းနိုင်ပြီး သူမ၏ စွမ်းအားသည် ဒုတိယအဆင့်ထက် (၁၀) ဆကျော် ထိုးတက်သွားကာ မူလနတ်ဘုရား အဆင့် သို့ တရားဝင် ဝင်ရောက်သွား၏။

ဤသည်မှာ လက်ရှိ ဟူဖေးဖေး ၏ အကန့်အသတ် ဖြစ်မည်ဟု ယဲ့ဖုန်း ယုံကြည်ထားသည်။

သို့သော် အကန့်အသတ် ဖြစ်နေလျှင်တောင် အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

“ဝှစ်...”

ဟူဖေးဖေး သည် ပေါက်ကွဲစေသော တုတ်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအင် လှိုင်းလုံးများ ထွက်ပေါ်လာပြီး အသက်ရှူမှားလောက်သော အရှိန်အဝါကို ဆက်လက် ထုတ်လွှတ်နေ၏။

“အတူတူ တိုက်ကြ... သတ်ပစ်...”

နွယ်ပင်ဘီလူးကြီးသည် ဧရာမ ဓားကြီးကို မြှောက်လိုက်ရာ ပတ်ဝန်းကျင်ရှိ သဘာဝ ဝိညာဉ်စွမ်းအင် ရေစီးကြောင်းများကို ဝါးမြိုလိုက်ပြီး ပိုမို ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။

တစ်ချိန်တည်းမှာပင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် နတ်ဆိုးမိစ္ဆာ ထောင်ပေါင်းများစွာနှင့် ပေါင်းစပ်ထားသော သစ်ပင်ဘုရင်တို့သည်လည်း ထပ်မံ လှုပ်ရှားလာကြပြီး သူတို့ကို ကြောက်မက်ဖွယ် ဖိအားပေးနေသော ဟူဖေးဖေး ကို ဝိုင်းဝန်း တိုက်ခိုက်ကြ၏။

“စစ်သည်ထောင်ပေါင်းများစွာကို တံမြက်လှည်းခြင်း...”

ပေါက်ကွဲစေသော တုတ် ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံ တစ်ခုလုံးတွင် မရေမတွက်နိုင်သော ပန်းရောင် တုတ်ရိပ်များ ပြည့်နှက်သွားပြီး နေမင်းကိုပင် ဖုံးကွယ်ကာ ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးသွား၏။

“ဝုန်း...”

သစ်ပင်ဘုရင် ဖြစ်စေ၊ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် နတ်ဆိုးမိစ္ဆာများ ဖြစ်စေ... ဤ မရေမတွက်နိုင်သော တုတ်ရိပ်များ၏ ဗုံးကြဲတိုက်ခိုက်မှုအောက်တွင် စက္ကူအရုပ်များကဲ့သို့ ကွဲကြေသွားကြပြီး နေရာမှာတင် ရောင်စုံ မီးပန်းများအဖြစ် ပေါက်ကွဲသွားကြ၏။

ဤမြင်ကွင်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။

“ဒီလောက်များတဲ့ ပညာရှင်တွေကို ချက်ချင်း သတ်ပစ်လိုက်တာလား... ကြောက်စရာ ကောင်းလိုက်တာ...”

ကြည့်ရှုသူများသည် ကောင်းကင်ယံရှိ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေသော ကျက်သရေရှိသည့် ပုံရိပ်ကို မော့ကြည့်ရင်း နှလုံးသားများ တုန်ခါသွားကြ၏။

“မင်း... သေကို သေရမယ်...”

နွယ်ပင်ဘီလူးကြီး သည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ပေ (၇၀၀) ရှည်လျားသော ဓားကြီးကို ကပျာကယာ ခုတ်ချလိုက်ရာ ဝိညာဉ်စွမ်းအင် ရေစီးကြောင်းများက နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး မရေမတွက်နိုင်သော ထက်ရှသည့် အရှိန်အဝါများအဖြစ် စုစည်းသွားကာ ဥက္ကာခဲ ဝင်တိုက်သကဲ့သို့ ရင်တုန်ဖွယ် ခံစားမှုကို ပေးစွမ်း၏။

“ပုံသဏ္ဌာန်မဲ့ ရိုက်ချက် ..”

ဟူဖေးဖေး သည် နောက်ထပ် တိုက်ကွက်သစ်တစ်ခုကို ထပ်မံ အသုံးပြုလိုက်သည်။

သူမသည် တုတ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ရာ သူမ၏ ခန္ဓာကိုယ်ပတ်လည်ရှိ ပန်းရောင် အလင်းတန်းများသည် ရေလွှမ်းမိုးသကဲ့သို့ ပေါက်ကွဲစေသော တုတ် ထဲသို့ စီးဝင်သွားပြီး မျက်နှာပြင်ပေါ်ရှိ ပုံစံများသည် ပြင်းထန်သော အလင်းတန်းများအဖြစ် ပေါက်ကွဲထွက်လာကာ သူမ၏ နောက်ကျောဘက်တွင် ပေပေါင်း ထောင်ချီ ရှည်လျားသော တုတ်ရိပ်တစ်ခုကို ဖြစ်ပေါ်စေ၏။

“ဒုန်း...”

ဓားနှင့် တုတ်တို့သည် ကောင်းကင်ယံ အမြင့်တွင် ထိပ်တိုက် တွေ့ဆုံသွားကြသည်။

အဆုံးမဲ့ လှိုင်းလုံးများသည် ပတ်ဝန်းကျင်ကို လွှမ်းမိုးသွားပြီး ကောင်းကင်ပင်လျှင် အက်ကွဲလုနီးပါး ဖြစ်သွားကာ အနည်းငယ် ပုံပျက်သွား၏။

“တုန်ခါမှု လှိုင်းတွေကို အမြန် တားဆီးကြ...”

ဘိုးဘေးနင် ၊ လျူမင်နှင့် ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် ဒါဇင်ပေါင်းများစွာသည် တပြိုင်နက် လှုပ်ရှားလိုက်ကြပြီး ခရိုင်ဘုရင်မြို့တော် ဆီသို့ ဦးတည်လာသော တုန်ခါမှု လှိုင်းများကို တားဆီးလိုက်ကြသည်။ သူတို့သည် နောက်ထပ် ပြင်းထန်သော ဒဏ်ရာများ ရရှိသွားကြပြီး မျက်နှာများတွင် အံ့သြထိတ်လန့်မှုများ ပြည့်နှက်နေ၏။

“ဒါ... အရမ်း ပြင်းထန်တာပဲ...”

ခရိုင်ဘုရင်မြို့တော် အလယ်ဗဟိုတွင် ပုန်းအောင်းနေသော ကြွေထည်ဘုရင် သည် ထိုမြင်ကွင်းကို ကြည့်ရင်း ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေလေသည်။

“ဝုန်း...”

ခေတ္တမျှ ထိပ်တိုက်တွေ့ပြီးနောက် ကြီးမားသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး နွယ်ပင်ဘီလူးကြီး ကို ခြေလှမ်းများစွာ နောက်ဆုတ်သွားစေ၏။ ၎င်း၏ ပုံသဏ္ဌာန်မှာ မတည်မငြိမ် ဖြစ်နေပြီး ဓားနှင့် လက်မောင်းနှစ်ဖက်ပေါ်တွင် အက်ကွဲကြောင်းများပင် ပေါ်လာသည်။

ဆန့်ကျင်ဘက်အနေဖြင့် ဟူဖေးဖေး မှာမူ ကီလိုမီတာ ထောင်ပေါင်းများစွာ လွင့်စဉ်သွားသော်လည်း ပန်းရောင် အလင်းတန်းများ လွှမ်းခြုံထားလျက် နတ်သမီး တစ်ပါးကဲ့သို့ စင်ကြယ်နေပြီး ဒဏ်ရာ တစ်ချက်မှ မရရှိခဲ့ပေ။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

နွယ်ပင်ဘီလူးကြီး ၏ မျက်လုံးများထဲတွင် အံ့သြမှုများ ပြည့်နှက်နေ၏။

ဒါက မူလနတ်ဘုရား အဆင့် ရှိတဲ့ ကိုယ်ပွား တစ်ခုလေ။ နည်းစနစ်ပိုင်း အားနည်းချင် အားနည်းမယ်... ဒါပေမဲ့ တကယ့် မူလနတ်ဘုရား အဆင့် အစစ်အမှန်ပဲ။

အဲဒါကို အခု ဟူဖေးဖေး က နိုင်သွားတာလား။

[ဟူဖေးဖေး၏ အဆင့်မြှင့်တင်မှု စွမ်းအင် - ၃၀ %]

အသိပေးသံကို ကြားသောအခါ ယဲ့ဖုန်း မျက်ခုံးပင့်လိုက်သည်။

တိုက်ပွဲစတာ ဘယ်လောက်မှ မကြာသေးဘူး... အဆင့်မြှင့်တင်မှု စွမ်းအင်က (၄) ရာခိုင်နှုန်း တိုးလာပြီ။ ကြည့်ရတာ ဟူဖေးဖေး ကို မကြာခဏ တိုက်ခိုက်ခိုင်းတာက တကယ်ပဲ အကျိုးရှိပုံပဲ။

ဒီလို တွေးမိပြီး ယဲ့ဖုန်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

“ပုံသဏ္ဌာန်မဲ့ ရိုက်ချက်...”

ကောင်းကင်ယံတွင် ဟူဖေးဖေး သည် အချိန်မဆွဲဘဲ ထိုကြောက်မက်ဖွယ် တိုက်ကွက်ကို နောက်တစ်ကြိမ် အသုံးပြုလိုက်သည်။ ပေါက်ကွဲစေသော တုတ် ကို မြှောက်လိုက်ရာ သူမ၏ နောက်ကျောဘက်တွင် ဧရာမ တုတ်ရိပ်ကြီးတစ်ခု ပေါ်လာပြီး ကောင်းကင်မှနေ၍ ရိုက်ချလိုက်၏။

“နွယ်ပင်စိမ်း ဒိုင်းကာ ...”

နွယ်ပင်ဘီလူးကြီး သည် ဧရာမ သစ်သားဒိုင်းကာတစ်ခုကို အသုံးပြု၍ အမြန် ကာကွယ်လိုက်သည်။

"ဝုန်း"

ပုံသဏ္ဌာန်မဲ့ ရိုက်ချက် ကို တားဆီးနိုင်ခဲ့သော်လည်း ဟူဖေးဖေး သည် ပေါက်ကွဲစေသော တုတ် ကို နောက်တစ်ကြိမ် မြှောက်လိုက်ပြီး အစွမ်းကုန် ထပ်ခါထပ်ခါ ရိုက်နှက်လိုက်ရာ သစ်သားဒိုင်းကာနှင့် နွယ်ပင်ဘီလူးကြီး ၏ ဘယ်ဘက်လက်မောင်းတို့သည် အမှုန့်အဖြစ် ပြောင်းလဲသွား၏။

“ဒါက လူပုံစံ လက်နက်လား...”

ဟင်းလင်းပြင် အက်ကွဲကြောင်း နောက်ကွယ်မှ နတ်ဘုရားမ နွယ်ပင်မီးခိုးရောင် ၏ မျက်လုံးများ ပြူးကျယ်သွား၏။ ဟူဖေးဖေး သည် လူတစ်ယောက် မဟုတ်ဘဲ လက်နက်တစ်ခု ဖြစ်ကြောင်း သူမ သဘောပေါက်လိုက်သည်။

သို့မဟုတ်ပါက နတ်ဆိုးမျိုးနွယ်၊ လူသားမျိုးနွယ် သို့မဟုတ် မိစ္ဆာမျိုးနွယ်များထဲမှ ဘယ်သူကများ ဒီလောက် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေး ပါရမီကို ပိုင်ဆိုင်နိုင်မှာလဲ။

အဆုံးမဲ့ နာကြည်းမှုများနှင့်အတူ နွယ်ပင်ဘီလူးကြီး သည် ဟူဖေးဖေး ၏ ရိုက်နှက်မှုကြောင့် အပိုင်းပိုင်း ကွဲကြေသွားပြီး သစ်သားပုံကြီးအဖြစ် မြေကြီးပေါ်သို့ ပြုတ်ကျသွား၏။

ထို့ကြောင့် ခရိုင်ဘုရင်မြို့တော် ကို ဖျက်ဆီးပစ်နိုင်သော မူလနတ်ဘုရား အဆင့် နတ်ဆိုးမိစ္ဆာသည် လုံးဝ ချေမှုန်းခံလိုက်ရ၏။ အက်ကွဲကြောင်း နောက်ကွယ်ရှိ နတ်ဘုရားမ နွယ်ပင်မီးခိုးရောင် ပင်လျှင် ခေါင်းကို အပ်နှင့် ထိုးလိုက်သကဲ့သို့ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။

ဒါက သူမ၏ ကိုယ်ပွား ကျဆုံးသွားခြင်းကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဆိုးကျိုးပင်။

သူမ၏ စစ်မှန်သော ခန္ဓာကိုယ် ထိခိုက်မှု မကြီးမားသော်လည်း သူမ၏ ဂုဏ်သိက္ခာ ထိခိုက်မှုမှာမူ အလွန် ပြင်းထန်လှသည်။

“ယဲ့ဖုန်း... ဟူဖေးဖေး... နောက်တစ်ခါ တွေ့ရင် ငါ့ရဲ့ စစ်မှန်သော ခန္ဓာကိုယ် နဲ့ ဆင်းသက်လာပြီး နင်တို့အားလုံးကို သတ်ပစ်မယ်...”

အက်ကွဲကြောင်း နောက်ကွယ်မှ နတ်ဘုရားမ နွယ်ပင်မီးခိုးရောင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှ အက်ကွဲကြောင်းသည် တဖြည်းဖြည်း ပြန်လည် ပေါင်းစည်းသွားပြီး သူမ၏ ဆက်တိုက် ကျိန်ဆဲသံများနှင့် အော်ဟစ်သံများကို ပိတ်ပင်လိုက်၏။

လူအုပ်ကြီးသည် ကောင်းကင်ယံရှိ တဖြည်းဖြည်း ပိတ်သွားသော အက်ကွဲကြောင်းကို လှမ်းမျှော်ကြည့်ရင်း နောက်ဆုံးတွင် သက်ပြင်းချနိုင်လိုက်ကြသည်။

ထို့နောက် မျက်လုံးအားလုံးသည် ကောင်းကင်ယံ အမြင့်တွင် ရှိနေသော ဟူဖေးဖေး နှင့် ယဲ့ဖုန်း တို့ထံသို့ ရောက်ရှိသွားကြပြီး ကြည်ညိုလေးစားမှုများ ပြည့်နှက်နေ၏။

[ဂိုဏ်း ဂုဏ်သတင်းတန်ဖိုး +၇၁၃၆၃၅]

[ယုံကြည်မှု စွမ်းအား +၇၈၃၄]

...

စနစ်၏ အသိပေးသံများကို နားထဲတွင် ဆက်တိုက် ကြားနေရပြီး ယဲ့ဖုန်း သည် သူ့ဂုဏ်သတင်း အမှတ်များ ထိုးတက်နေသည်ကို တွေ့လိုက်ရသည်။ (၅) သန်းကို လွယ်ကူစွာ ကျော်ဖြတ်သွားပြီး ယခု (၁၀) သန်းဆီသို့ ဦးတည်နေ၏။

သို့သော် သူ လျစ်လျူရှုထားလိုက်သည်။

အဘယ်ကြောင့်ဆိုသော် နက်ရှိုင်းပြီး ခန့်ညားသော အသံတစ်သံ သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လာသောကြောင့်ပင်။

“ဂိုဏ်းချုပ်ယဲ့... ကျုပ်က ခရိုင်ဘုရင် ရှုချန်ကျွင်း ပါ... ကျုပ် လက်ရှိ တံခါးပိတ် ကျင့်ကြံနေလို့ ထွက်လို့ မရဘူး... ဒါပေမဲ့ ကျုပ် မြင်လိုက်တယ်၊ ဟန်ရီနဲ့ ဟန်အာက သူလျှိုတွေ ဖြစ်ပြီး နတ်ဆိုးမိစ္ဆာ တွေကို ဆင့်ခေါ်တဲ့ တရားခံတွေ ... သူတို့တွေ မိုင်တစ်ထောင်အကွာက ကန်ဘေးမှာ ရှိနေတယ်...”

ဤသည်ကား ခရိုင်ဘုရင် ရှုချန်ကျွင်း ၏ အသံပင်။

ထိုအသံကို ကြားသောအခါ ယဲ့ဖုန်း သည် မိုင်တစ်ထောင်အကွာရှိ ခြောက်သွေ့နေသော ကန်ကြီးဆီသို့ လှမ်းကြည့်လိုက်သည်။

ကန်ဘေးရှိ တောင်ကုန်းတစ်ခုပေါ်တွင် လူပုံရိပ် နှစ်ခု ရပ်နေ၏။

ဟန်ရီ နှင့် ဟန်အာ...

“သြော်... မင်းတို့ ဖြစ်နေတာကိုး...”

ထိုနှစ်ယောက်ထံမှ ဝိညာဉ်အာရုံ စွမ်းအား အရှိန်အဝါများ ထွက်ပေါ်နေသည်ကို ခံစားလိုက်ရသဖြင့် ယဲ့ဖုန်း ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ပြုံးလိုက်သည်။ ထို့နောက် အံ့အားသင့်နေသော လူအုပ်ကြီး ရှေ့မှောက်တွင် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။

ခဏအကြာတွင် ယဲ့ဖုန်း သည် ဟန်ရီ နှင့် ဟန်အာ တို့၏ ရှေ့မှောက် ကောင်းကင်ယံတွင် ပေါ်လာ၏။

“သေစမ်း... သူ ငါတို့ကို တွေ့သွားပြီ...”

ဟန်ရီ နှင့် ဟန်အာ တို့၏ မျက်နှာထားများ ပျက်ယွင်းသွားပြီး လှည့်ထွက်ပြေးရန် ပြင်လိုက်ကြသည်။

“ပြေးလို့ လွတ်မယ် ထင်နေလား...”

ယဲ့ဖုန်း ၏ ပုံရိပ် လှုပ်ရှားသွားပြီး ဟန်ရီ နှင့် ဟန်အာ တို့၏ အထက်တွင် ပေါ်လာကာ လက်သီးတစ်ချက်စီဖြင့် သူတို့၏ ရင်ဘတ်များကို ထိုးဖောက်လိုက်၏။

ထို့နောက် ယဲ့ဖုန်း သည် သူတို့ကို ဝက်သေများကဲ့သို့ မြေကြီးပေါ်သို့ ပစ်ချလိုက်၏။

“အ...”

သူတို့ သွေးများ အန်ထုတ်လိုက်ကြသည်။

အတိတ်က အဖြစ်အပျက်များကို ပြန်ပြောင်းစဉ်းစားပြီး နတ်ဘုရားမ နွယ်ပင်မီးခိုးရောင် ၏ အသွင်အပြင်နှင့် ပေါင်းစပ်ကြည့်လိုက်ရာ ယဲ့ဖုန်း ပြောလိုက်သည်။

“ကြည့်ရတာ ခရိုင်ဘုရင် ရှုချန်ကျွင်း ပြောတာ မှန်ပုံရတယ်... ဒီနေ့ ပြင်ပကမ္ဘာ နတ်ဆိုးမိစ္ဆာ တွေနဲ့ ဖူယွင် တောအုပ်နက်က ဦးချိုတစ်ချောင်း နတ်ဆိုးတွေကို မင်းတို့ နတ်ဘုရား မျိုးနွယ်စု နှစ်ကောင် ဆင့်ခေါ်ခဲ့တာပဲ...”

ဟန်အာ ၏ သွားများ တုန်ခါနေပြီး ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေ၏။

ဟန်ရီ မှာမူ ခါးသက်သက် ပြုံးလိုက်ပြီး ပြောသည်။

“နိုင်သူက ဘုရင်၊ ရှုံးသူက တရားခံပဲ... ယဲ့ဖုန်း... ငါတို့ နတ်ဘုရား မျိုးနွယ်စု ရဲ့ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် အစီအစဉ် ကျရှုံးသွားပေမယ့်... ဒါက အဆုံးသတ် မဟုတ်သေးပါဘူး...”

“မင်းတို့ နတ်ဘုရား မျိုးနွယ်စု လာမှာကို ငါ စောင့်နေပါ့မယ်...”

ယဲ့ဖုန်း ဟားတိုက်လိုက်သည်။

သူရဲကောင်း ဝိညာဉ်စွမ်းအား ဖြာထွက်သွားပြီး သူတို့၏ သိုလှောင်လက်စွပ်များကို သိမ်းယူလိုက်၏။

ယဲ့ဖုန်း သည် ဟန်အာ ၏ နေ့စဉ်မှတ်တမ်းကို အရင်ဆုံး တွေ့ရှိပြီး ပေါ့ပေါ့ပါးပါး ဖတ်ရှုလိုက်သည်။

“မင်းတို့ နတ်ဘုရား မျိုးနွယ်စု က နေ့စဉ်မှတ်တမ်း ရေးတာ တော်တော် ကြိုက်ကြတာပဲနော်...”

စာမျက်နှာတစ်ခုကို ဖတ်ပြီးနောက် ယဲ့ဖုန်း ဟားတိုက်လိုက်ပြီး အသံထွက် ဖတ်ပြလိုက်သည်။

“ဒီနေ့က တိမ်ထူတယ်... ငါ့အစ်ကိုကတော့ ကြွားပြန်ပြီ... သူက သတ္တမအဆင့် ကို ချိုးဖြတ်ပြီး နတ်ဆိုး ဆင့်ခေါ်ခြင်း နည်းစနစ် လျှို့ဝှက်သိုင်းကိုတောင် သုံးခဲ့ပေမယ့် ယဲ့ဖုန်း ကို လုံးဝ မသတ်နိုင်ခဲ့ဘူး... အဲဒီအစား ပြန်ကန်အားကြောင့် ဒဏ်ရာအပြင်းအထန် ရသွားတယ်... သနားစရာ ကောင်းလိုက်တာ..ခွီး.. ရယ်တောင် ရယ်ချင်တယ်... ထားလိုက်ပါတော့... ငါ အပျော်အိမ်ကို သွားပြီး ရှောင်ဟွေ့နဲ့ သွားသောက်လိုက်ဦးမယ်...”

ထိုစာကို ကြားသောအခါ ဟန်ရီက ဟန်အာအား ချက်ချင်း ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ဟန်အာ လည်ပင်းကို ရှုံ့လိုက်ပြီး အဆင်မပြေစွာ ပြုံးလိုက်သည်။

“အစ်ကိုကြီး... ကျွန်တော် ရှင်းပြပါရစေ... အဲဒီတုန်းက အစ်ကိုကြီးက သတိလစ်နေတာလေ...”

“ငါ မင်းကို ရိုက်သတ်မယ်...”

နာကျင်မှုကို သည်းခံရင်း ဟန်ရီ သည် ဂုဏ်သိက္ခာကို ဂရုမစိုက်တော့ဘဲ ယဲ့ဖုန်း ရှေ့တွင်ပင် ဟန်အာ နှင့် လုံးထွေး သတ်ပုတ်ကြလေတော့သည်။

ယဲ့ဖုန်း နှာခေါင်းရှုံ့လိုက်ပြီး နေ့စဉ်မှတ်တမ်းကို ပိတ်လိုက်သည်။

ထိုနှစ်ယောက်၏ သိုလှောင်လက်စွပ်များကို ရှာဖွေရာတွင် နောက်ဆုံး၌ ကိုးဆင့် ကောင်းကင်နတ်ဘုရား ကျင့်စဉ် - အောက်ပိုင်းကို တွေ့ရှိလိုက်သည်။ ၎င်းသည် သူ့၏ ဝိညာဉ်အာရုံ စွမ်းအားကို ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ်နှင့် ညီမျှသော နဝမအဆင့် အထွတ်အထိပ်သို့ မြှင့်တင်ရန် လုံလောက်ပေသည်။

နောက်ဆက်တွဲ ကျင့်စဉ်များအတွက်မူ လောလောဆယ် မရှိသေးပေ။

သို့သော်လည်း အချိန်အတော်ကြာ လေ့ကျင့်ရန် လုံလောက်နေပြီ ဖြစ်၏။

‘ဒီကျင့်စဉ် တစ်ခုတည်းနဲ့တင် အမြတ်ကြီး ထွက်နေပြီ…’

ယဲ့ဖုန်း သည် ယနေ့ ရရှိသော ပစ္စည်းများကို သိုလှောင်ဟင်းလင်းပြင် ထဲသို့ ထည့်လိုက်သည်။

ထို့နောက် မြေကြီးပေါ်တွင် လုံးထွေးသတ်ပုတ်နေကြဆဲ ဖြစ်သော ဟန်ရီ နှင့် ဟန်အာ တို့ကို ငုံ့ကြည့်ပြီး ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်၏။

အခန်း (၄၀၂)- ဂိုဏ်းချုပ်ယဲ့၏ အရာရာကို ကြိုတင်သိမြင်နိုင်စွမ်းနှင့် လူသောင်းပေါင်းများစွာ၏ ကြည်ညိုလေးစားမှုကို ရရှိခြင်း

~ဒုန်း... ဒုန်း...

ဟန်ရီ နှင့် ဟန်အာ တို့၏ ဝမ်းဗိုက်ကို ယဲ့ဖုန်း က ခြေထောက်ဖြင့် တစ်ချက်စီ ကန်လိုက်ရာ သူတို့ ပါးစပ်မှ သွေးများ ပန်းထွက်လာ၏။ ထို့နောက် ယဲ့ဖုန်း သည် သူရဲကောင်း ဝိညာဉ်စွမ်းအား ကို အသုံးပြု၍ သူတို့၏ ဝိညာဉ်အသိပင်လယ် ကို ထိုးဖောက်ဖျက်ဆီးကာ ကျင့်ကြံခြင်း စွမ်းအားများကို အပြီးတိုင် ရုပ်သိမ်းပစ်လိုက်၏။

ယဲ့ဖုန်း သည် သူတို့ကို ချက်ချင်း သတ်ပစ်ရန် ရည်ရွယ်ချက် မရှိသေးပေ။

အကြောင်းမှာ ပထမအချက်အနေဖြင့် သူတို့ကို ချက်ချင်း သတ်ပစ်လိုက်ခြင်းမှာ အလွန် သက်သာလွန်းလှပြီး၊ ဒုတိယအချက်မှာ သူတို့၏ မှတ်ဉာဏ်များထဲတွင် ထုတ်ယူနိုင်မည့် အဖိုးတန် သတင်းအချက်အလက်များစွာ ရှိနေသောကြောင့်ပင်။ သူတို့၏ နောက်ဆုံး အသုံးဝင်မှုကို ရယူပြီးမှသာ ရှင်းလင်းပစ်ရန်လည်း မနှောင်းသေးပေ။

“ငါတို့ကို မသတ်လည်း... မင်း ငါတို့ဆီက ဘာမှ ရမှာမဟုတ်ဘူး...”

ဟန်ရီ က အေးစက်စွာ လှောင်ပြောင်လိုက်သည်။

သူသည် ကောင်းကင်ယံကို မော့ကြည့်လိုက်ရာ မျက်နှာတွင် ကြေကွဲဝမ်းနည်းဖွယ် အမူအရာများ ပေါ်လာပြီး ရေရွတ်လိုက်၏။

“နတ်ဘုရား မျိုးနွယ်စု ရဲ့ နတ်ဘုရား ဝိညာဉ် အရှင်တို့... ဟန်ရီ တာဝန်ကျေအောင် မဆောင်ရွက်နိုင်ခဲ့လို့ အခု သေခြင်းတရားနဲ့ သွားရောက် တွေ့ဆုံပါတော့မယ်...”

နောက်တစ်ခဏတွင် သူ၏ မျက်လုံးများ ချက်ချင်း အရောင်မှိန်သွားပြီး မြေပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားတော့သည်။

“ဟင်...”

ယဲ့ဖုန်း သည် လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်ကို အသုံးပြု၍ ဟန်ရီ ၏ ခန္ဓာကိုယ်အတွင်းသို့ အမြန် စစ်ဆေးကြည့်လိုက်ရာ ထိုလူ၏ ဝိညာဉ်အသိပင်လယ် ထဲတွင် အရေးကြီးသော အချိန်၌ ကိုယ်တိုင် ပေါက်ကွဲနိုင်စွမ်းရှိသည့် အထူး ဝိညာဉ်ပိုးမွှား တစ်ကောင် ဖုံးကွယ်နေသည်ကို တွေ့ရှိလိုက်ရသည်။

ဤသို့ဖြင့် ဟန်ရီ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

“ငါ မသေချင်သေးဘူး... ဝူး...”

ဟန်ရီ ၏ ဆိုးရွားသော အခြေအနေကို မြင်လိုက်ရသောအခါ ဟန်အာ တစ်ယောက် အော်ဟစ်ငိုယိုတော့သည်။ သို့သော် နောက်တစ်ခဏတွင် သူ၏ ဝိညာဉ်အသိပင်လယ် ထဲရှိ ဝိညာဉ်ပိုးမွှားသည်လည်း ပေါက်ကွဲသွားခဲ့ပြီး ဟန်အာ ၏ အသက်ကိုပါ ချက်ချင်း နုတ်ယူသွားလေတော့သည်။

ထို ဝိညာဉ်ပိုးမွှား နှစ်ကောင်စလုံးကို ဟန်ရီ က ထိန်းချုပ်ထားခြင်း ဖြစ်သည်။

အကယ်၍ ဟန်ရီ က ဟန်အာ ကို သတ်ချင်လျှင် ဝိညာဉ်ပိုးမွှားကို ပေါက်ကွဲစေရန် အမိန့်ပေးရုံဖြင့် ရပေသည်။

ဒါကြောင့်လည်း ဟန်အာ သည် ဟန်ရီ ကို အမြဲတမ်း အလွန်အမင်း သတိထားနေခဲ့ခြင်း ဖြစ်ပေသည်။

“နှစ်ယောက်လုံး သေသွားပြီလား...”

ယဲ့ဖုန်း ဆွံ့အသွားရ၏။

ကြည့်ရတာ လူတစ်ယောက်ကို အရှင်ဖမ်းဖို့ဆိုတာ တော်တော် ခက်ခဲတဲ့ ပုံပဲ။

သူသည် လက်ညှိုးကို တောက်လိုက်ရာ အလောင်းနှစ်ခုစလုံး ပြာအဖြစ် ပြောင်းလဲသွားပြီး၊ လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်ကို ထပ်မံ အသုံးပြုကာ ထိုပြာများကို လုံးဝ လောင်ကျွမ်းသွားစေပြီးမှ စိတ်သက်သာရာရစွာဖြင့် ထိုနေရာမှ ထွက်ခွာခဲ့၏။

ဘာပဲဖြစ်ဖြစ်... သူတို့နှစ်ယောက်ရဲ့ သိုလှောင်လက်စွပ်တွေကိုတော့ ရလိုက်ပြီပဲ။ အဲဒီထဲမှာ နောက်မှ ဖြည်းဖြည်းချင်း စစ်ဆေးလို့ရမယ့် ပစ္စည်းတွေ အများကြီး ရှိနေမှာပါ။

သိပ်မကြာခင်မှာပင် ယဲ့ဖုန်း သည် ခရိုင်ဘုရင်မြို့တော် သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ယခင်က မြို့လယ်ခေါင်တွင် ပုန်းအောင်းနေသော ကြွေထည်ဘုရင် ရှုရန်ရှန် သည် ခြေရာလက်ရာမကျန် ထွက်ပြေးသွားပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ကြည့်ရတာ သူ.. လက်စားချေမှာကို ကြောက်၍ ပြေးတာ ဖြစ်လောက်သည်။

“ဟွန်း... ကြွေထည်ဘုရင်... သေမှာကြောက်တဲ့ ငကြောက်လေးပဲ...”

ယဲ့ဖုန်း က မထီမဲ့မြင် ရေရွတ်လိုက်သည်။ မူလအခြေအနေသို့ ပြန်ရောက်နေသော ဟူဖေးဖေး ကို လှမ်းကြည့်လိုက်ရာ သူမသည် လူဦးခေါင်းခွံ အရွယ်အစားခန့်ရှိသော အစိမ်းရောင် ပုံဆောင်ခဲ အမြုတေကြီးကို ပိုက်ထားပြီး ‘စားလို့ကောင်းလိုက်တာ’ ၊ ‘အရသာရှိလိုက်တာ’ ဟု တတွတ်တွတ် ရေရွတ်ရင်း ကိုက်ဝါးနေသည်ကို တွေ့လိုက်ရ၏။

ဤသည်ကား နွယ်ပင်ဘီလူးကြီး ၏ အမြုတေပင် ဖြစ်ပေသည်။

[ဟူဖေးဖေး၏ အဆင့်မြှင့်တင်မှု စွမ်းအင် - ၄၀ %]

စွမ်းအင်ပမာဏကို မြင်လိုက်ရသောအခါ ယဲ့ဖုန်း ၏ မျက်လုံးများ အရောင်တောက်သွားသည်။ ဤတိုက်ပွဲအပြီးတွင် စွမ်းအင် လျော့မသွားသည့်အပြင် (၄) ရာခိုင်နှုန်း တိုးလာခြင်းမှာ မမျှော်လင့်ထားသော ဝမ်းသာစရာပင်။

(၄၀) ရာခိုင်နှုန်းသော အဆင့်မြှင့်တင်မှု စွမ်းအင်ဖြင့် ဟူဖေးဖေး သည် စတုတ္ထ တိုက်ခိုက်ရေး ပုံစံ ကို (၄) ကြိမ်တိုင်တိုင် အသုံးပြုနိုင်မည် ဖြစ်ရာ၊ ၎င်းသည် မူလနတ်ဘုရား အဆင့် ရှိသူတစ်ဦးက (၄) ကြိမ် ဝင်ရောက်ကူညီပေးသည်နှင့် တူညီလှပေသည်။

ဒါက မြူခိုးဂိုဏ်း အတွက် သတင်းကောင်းပင် ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယဲ့...”

ထိုအချိန်တွင် လူတိုင်း မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြပြီး တညီတညွတ်တည်း ကျေးဇူးတင်စကား ဆိုလိုက်ကြရာ၊ ထိုအသံသည် ကောင်းကင်ယံရှိ တိမ်တိုက်များကိုပင် လွင့်စင်သွားစေလောက်အောင် ကျယ်လောင်လှပေသည်။

ထိုအသံကို ကြားသောအခါ ယဲ့ဖုန်း က လက်ဝှေ့ယမ်း ပြလိုက်သည်။

“အားလုံး ထကြပါ... ကျုပ်က ဒီပွဲတော်ကို လာရင်းနဲ့ ပြင်ပကမ္ဘာ နတ်ဆိုးမိစ္ဆာ တွေရဲ့ ကျူးကျော်မှုကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့တာပါ... ဘယ်လိုလုပ် ဒီအတိုင်း ကြည့်နေနိုင်မှာလဲ... ကဲ... ထကြပါ...”

ထိုသို့ ပြောပြီးနောက် ယဲ့ဖုန်း သည် မြို့တော် ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

ကျင့်ကြံသူ အများအပြားလည်း လှမ်းကြည့်လိုက်ကြသော်လည်း ထူးခြားမှုကို မတွေ့ရပေ။ သို့သော် သူတို့ ချက်ချင်းပင် တစ်ခုခုကို သဘောပေါက်သွားကြ၏။

“ဟွန်း...”

တစ်စုံတစ်ယောက်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ဟို ကြွေထည်ဘုရင် ကတော့ လူတွေကို အနိုင်ကျင့်တဲ့ နေရာမှာပဲ တော်တာ... အခု နတ်ဆိုးမိစ္ဆာတွေ လာတော့ ခြေရာဖျောက်ပြီး အမြန်ဆုံး ပြေးသွားလိုက်တာပဲ...”

“ဒီလူက ဒီလိုပါပဲ... သူတင်မဟုတ်ဘူး... သူ့နောက်ကွယ်က ရှုမိသားစု ကလည်း ဘာမှ မကောင်းဘူး... မြို့တော်မှာဆို နာမည်ကြီးပဲ...”

“ငါတော့ ဒီ ကြွေထည်ဘုရင် ကို နတ်ဆိုးမိစ္ဆာတွေဆီ ကျွေးပစ်ချင်လိုက်တာ...”

ကျင့်ကြံသူ အများအပြား ဒေါသတကြီး ကျိန်ဆဲလိုက်ကြသည်။

“ဂိုဏ်းချုပ်ယဲ့... ခရိုင်ဘုရင်မြို့တော် မှာရှိတဲ့ သက်ရှိ ကုဋေပေါင်းများစွာရဲ့ ကိုယ်စား... ကျုပ် ခရိုင်ဘုရင် ရှုချန်ကျွင်း က ခင်ဗျားတို့ဂိုဏ်းရဲ့ ပံ့ပိုးကူညီမှုတွေအတွက် အထူးပဲ ကျေးဇူးတင်ပါတယ်... အခုလောလောဆယ် ကျုပ်က ကျင့်ကြံခြင်း အဆင့်ချိုးဖြတ်ဖို့ အရေးကြီးတဲ့ အဆင့်ကို ရောက်နေလို့ ထွက်လာလို့ မရတာကို ခွင့်လွှတ်ပေးပါဦး ဂိုဏ်းချုပ်ယဲ့...”

ခရိုင်ဘုရင်မြို့တော် အလယ်ဗဟိုမှ ကြံ့ခိုင်သော အသံကြီး ထွက်ပေါ်လာရာ ကောင်းကင်ယံရှိ တိမ်တိုက်များ ကင်းစင်သွားပြီး ကြည်လင်တောက်ပသော ကောင်းကင်ကြီး ပေါ်လာ၏။

နွေးထွေးသော နေရောင်ခြည်သည် လူတိုင်း၏ နှလုံးသားထဲရှိ အုံ့မှိုင်းမှုများကို တဖြည်းဖြည်း လွင့်စင်သွားစေခဲ့သည်။

ယဲ့ဖုန်း သည် မြို့လယ်ရှိ ခရိုင်ဘုရင်စံအိမ် ဆီသို့ လှမ်းကြည့်လိုက်သည်။

ခရိုင်ဘုရင် ရှုချန်ကျွင်း သည် ထိုနေရာတွင် ရှိနေ၏။

ယဲ့ဖုန်း က ပြောလိုက်သည်။

“ခရိုင်ဘုရင်... အဆင့်ချိုးဖြတ်ဖို့ကိုပဲ အာရုံစိုက်ပါဗျ... ပြီးတော့ စောစောက ကိစ္စအတွက်လည်း ကျေးဇူးတင်ပါတယ်...”

ဒါက ဟန်ရီ နှင့် ဟန်အာ တို့ ရှိနေသည့် နေရာကို ခရိုင်ဘုရင်က ကြိုတင် အချက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ခြင်း ဖြစ်သည်။ အကယ်၍ ထိုအချက်ပေးမှုသာ မရှိခဲ့လျှင် ယဲ့ဖုန်း အနေဖြင့် ထိုလူနှစ်ယောက်ကို ဖမ်းမိရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။

“ကျေးဇူးတင်စရာ မလိုပါဘူး...”

ခရိုင်ဘုရင် က ပြန်ဖြေလိုက်သည်။

ထိုစကားများကို ကြားသောအခါ လူအုပ်ကြီးသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ခရိုင်ဘုရင် နှင့် ယဲ့ဖုန်း တို့ ဘာကို ဆိုလိုသည်ကို သူတို့ နားမလည်ကြချေ။

ယဲ့ဖုန်း သည် ဟူဖေးဖေး နှင့်အတူ တပည့်များ၏ အားကျလေးစားသော အကြည့်များကြားမှ ဝိညာဉ်မြွေ ပျံသန်းလှေ ပေါ်သို့ ဆင်းသက်လိုက်သည်။

“ဂိုဏ်းစောင့် ဟူဖေးဖေး က တကယ်ကို သန်မာတာပဲ...”

“မယုံနိုင်စရာပဲ... သူမက မူလနတ်ဘုရား အဆင့် ကိုတောင် ဖိနှိပ်နိုင်တာလား...”

“ဒါဆို ဂိုဏ်းချုပ် က ပိုတောင် သန်မာဦးမှာပေါ့နော်...”

“ဒါ မေးနေစရာ လိုသေးလို့လား... ဂိုဏ်းချုပ် က ဂိုဏ်းစောင့်ထက် ပိုသန်မာမှာ သေချာတာပေါ့...”

တပည့်များက တီးတိုး ပြောဆိုနေကြသည်။

ထိုစကားများကို ကြားသောအခါ ယဲ့ဖုန်း တိတ်ဆိတ်သွားရ၏။

သူ့ကို အဲဒီလောက်ကြီး မမြှောက်ကြဖို့ ပြောချင်မိသည်။ အမှန်တကယ်သာ တိုက်ခိုက်ကြမည်ဆိုလျှင် လက်ရှိတွင် သူသည် ဟူဖေးဖေး ကို ယှဉ်နိုင်မည့်သူ မဟုတ်ပေ။

အလွန်ဆုံးရှိမှ ပုံမှန်အခြေအနေက ဟူဖေးဖေး နှင့်သာ ယှဉ်နိုင်လိမ့်မည် ဖြစ်သည်။

လူအုပ်ကြီးကြားတွင်၊

မိုယင် သည် ယဲ့ဖုန်း နှင့် ဟူဖေးဖေး တို့ကို ကြည့်ကာ စိတ်သက်သာရာ ရသွား၏။

‘ဂိုဏ်းစောင့် ကလည်း မူလနတ်ဘုရား အဆင့် စွမ်းအားရှိတာပဲ... ဒါဆိုရင် ငါတို့ ရှေးဟောင်း ဝိညာဉ် မျိုးနွယ်စု ရဲ့ တံဆိပ်က မတော်တဆ အက်ကွဲသွားရင်တောင်မှ ငါတို့မှာ ပြန်တိုက်နိုင်တဲ့ အစွမ်း ရှိနေပြီပေါ့... ဟုတ်ပါပြီ... ငါတို့ မျိုးနွယ်စုရဲ့ တံဆိပ်က အရမ်း ခိုင်မာပါတယ်... အနည်းဆုံးတော့ နောက်ထပ် ဆယ်နှစ်၊ အနှစ်တစ်ရာလောက်အထိ ခံမှာပါ... အဲဒီအချိန်ရောက်ရင်တော့ ငါတစ်ယောက်တည်းနဲ့တင် မြေအောက်လိုဏ်ဂူ က ကမ္ဘာခြား မျိုးနွယ် တွေကို နှိမ်နင်းနိုင်မှာပါ...’

မိုယင် စိတ်ထဲမှ တွေးတောလိုက်သည်။

“ဝှစ်... ဝှစ်...”

လျူမင်၊ မိုဝမ်ရှီ၊ ထိပ်တန်း သူကောင်းမျိုးနွယ် (၁၀) စု မှ ဘိုးဘေးနင် နှင့် ခရိုင်ဘုရင်စံအိမ် မှ စစ်ဘုရင်ကြီး ဆယ်ပါး အပါအဝင် ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်များ ရောက်ရှိလာကြသည်။

“ဂိုဏ်းချုပ်ယဲ့... ကျေးဇူးတင်ပါတယ်ဗျာ...”

“အသက်ကယ်တင်တဲ့ ကျေးဇူးကို စမ်းရေတွင်းလို ပြန်ဆပ်ရမှာပါ... ဒီနေ့ကစပြီး ငါတို့ နင်မိသားစု ဟာ မြူခိုးဂိုဏ်း ကို အကြွေးတစ်ခု တင်သွားပါပြီ...”

“ကျွန်တော်တို့လည်း တူတူပါပဲ...”

ကျင့်ကြံသူ ပညာရှင်များက သူတို့၏ ကျေးဇူးတင်စကားများကို အသီးသီး ပြောကြားလိုက်ကြသည်။

အကယ်၍သာ ယဲ့ဖုန်း နှင့် ဟူဖေးဖေး တို့ ဝင်မတိုက်ခဲ့လျှင် သူတို့အားလုံး နွယ်ပင်ဘီလူးကြီး ၏ ပေ (၇၀၀) ရှည်သော ဧရာမ ဓားကြီးအောက်တွင် သေဆုံးသွားကြမှာ သေချာ၏။

“အားလုံးပဲ အားနာစရာကြီးဗျာ...”

ယဲ့ဖုန်း က လက်သီးဆုပ် အရိုအသေပေးလိုက်သည်။

“ကျုပ်က ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့ တပည့်တွေကို ခေါ်ပြီး နတ်ဆိုးသတ်ဖြတ်ပွဲ ကို စောစောလာခဲ့တာပါ... ဒီလို အဖြစ်အပျက်မျိုးနဲ့ ကြုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... တကယ့်ကို တိုက်ဆိုင်မှုကြီးပါပဲ...”

ဤအဖြစ်အပျက်အတွက် လျှို့ဝှက်ဆန်းကြယ်သော ခရိုင်မင်းသမီး ကို ကျေးဇူးတင်ရမည်ဟု ယဲ့ဖုန်း ခံစားလိုက်ရသည်။

အကယ်၍ သူမ၏ ဖိတ်ကြားချက်သာ မရှိခဲ့လျှင် သူသည် ရက်အနည်းငယ် စောထွက်လာခဲ့မည် မဟုတ်သလို၊ ဤကဲ့သို့သော အချိန်မျိုးတွင်လည်း ရောက်ရှိနေမည် မဟုတ်ပေ။

ထို့ကြောင့် ဤအောင်မြင်မှုတွင် ခရိုင်မင်းသမီး တွင်လည်း ဝေစု ရှိနေပေ၏။

“ဂိုဏ်းချုပ်ယဲ့ က အရမ်း နှိမ့်ချလွန်းပါတယ်... ခရိုင်ဘုရင်မြို့တော် ကို ပြင်ပကမ္ဘာ နတ်ဆိုးမိစ္ဆာ တွေ ကျူးကျော်မယ့် အန္တရာယ်ကို ဂိုဏ်းချုပ် က ကြိုတင်သိမြင်လို့သာ အခုလို စောစောလာခဲ့တာ ဖြစ်မှာပါ...”

“ဟုတ်ပါတယ်... မှန်လိုက်လေ...”

လူအုပ်ကြီးကမူ ၎င်းကို တိုက်ဆိုင်မှုဟု လုံးဝ မယုံကြည်ကြပေ။

ပုံမှန်ဆိုလျှင် နတ်ဆိုးသတ်ဖြတ်ပွဲ ကို လာမည့် ဂိုဏ်းများသည် ပွဲမစခင် တစ်ရက်အလိုမှသာ ရောက်လာတတ်ကြသည်။

ယဲ့ဖုန်း ကဲ့သို့ ရက်အနည်းငယ် စောရောက်လာသူမျိုးမှာ တစ်ခါမှ မကြားဖူးခဲ့ပေ။

“တကယ်ကြီး တိုက်ဆိုင်တာပါဆိုဗျာ...”

ယဲ့ဖုန်း စိတ်ပျက်လက်ပျက် ပြောလိုက်မိ၏။

ဒီလူတွေရဲ့ စိတ်ကူးယဉ်မှုကလည်း နည်းနည်းလောက် လျော့လို့ မရဘူးလား။

“ဒါနဲ့... မြို့ထဲမှာ တိုက်ပွဲကြီး ဖြစ်သွားတော့... ငါတို့ မြူခိုးဂိုဏ်း က ကူညီပေးနိုင်မယ့် နေရာမျိုး ရှိမလား...”

ယဲ့ဖုန်း သည် အောက်ဘက်ရှိ ပြိုကျနေသော မြို့ရိုးများကို ကြည့်ကာ မေးလိုက်သည်။ တိုက်ပွဲအတွင်း လူသန်းပေါင်းများစွာ သေဆုံးသွားခဲ့ရသည်မှာ တကယ့်ကို ဝမ်းနည်းစရာ ကောင်းလှသည်။

ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်နှာထား လေးနက်သွား၏။

“မြို့တော်က ကပ်ဘေးကြီးနဲ့ ကြုံခဲ့ရတာဆိုတော့ မြို့သူမြို့သားတွေကို နှစ်သိမ့်ပေးဖို့နဲ့ မြို့ရိုးတွေကို အမြန် ပြုပြင်ဖို့ လိုအပ်နေတာ အမှန်ပါပဲ... ပြီးတော့ နတ်ဆိုးသတ်ဖြတ်ပွဲ ကလည်း ရက်ပိုင်းပဲ လိုတော့တာဆိုတော့ အချိန်က သိပ်မရှိဘူးဗျ...”

ခရိုင်ဘုရင်စံအိမ် မှ စစ်ဘုရင် တစ်ပါးက သက်ပြင်းချရင်း ပြောလိုက်သည်။

“ကျွန်တော် ကူညီနိုင်ပါတယ်...”

အစ်ကိုကြီး ရှီလေ့ က ရှေ့ဆုံးမှ ထွက်လာ၏။

“အကြီးအကဲတို့... ဂျူနီယာ ရှီလေ့ မှာ မြို့တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံ အနည်းငယ် ရှိပါတယ်... ကူညီပေးနိုင်ပါတယ် ခင်ဗျာ...”

“ကျွန်တော်လည်း ပါဝင်ကူညီချင်ပါတယ်...” ဟိုယွင်ကျဲ လည်း ထွက်လာတော့သည်။

“ကျွန်မတို့လည်း ပါမယ်...” လုံထျန်ရှင်း၊ ချောင်ကျားရှီး၊ လီကျောက်ကျောက်၊ ဝမ်ဖင်းအန်း နှင့် အခြားသူများအားလုံး ကူညီရန် အသီးသီး ထွက်လာကြသည်။

“အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ...”

ခရိုင်ဘုရင်မြို့တော် ၏ စွမ်းအားကြီး ပုဂ္ဂိုလ်များ အတော်လေး စိတ်လှုပ်ရှားသွားကြသည်။

မကြာမီ တပည့်များသည် (၅) ယောက် တစ်ဖွဲ့စီ ဖွဲ့လိုက်ကြပြီး ပျက်စီးနေသော ခရိုင်ဘုရင်မြို့တော် ၏ လမ်းမများကို ပြုပြင်ရန် အင်တိုက်အားတိုက် ပါဝင်လိုက်ကြ၏။

ယဲ့ဖုန်း မှာမူ ဂိုဏ်းချုပ် ခန်းမဆောင် အနီးရှိ ဆိတ်ငြိမ်သော ခြံဝင်းတစ်ခုတွင် အနားယူနေခဲ့သည်။

ယဲ့ဖုန်း အပြင် ကုန်းချင်းချိုး၊ လီဇီလုံ နှင့် အခြားသူများသည်လည်း ထိပ်တန်း သူကောင်းမျိုးနွယ် (၁၀) စု ၊ ထိပ်တန်း ဂိုဏ်း (၁၀၀) တို့နှင့် ပူးပေါင်းကာ ပျက်စီးနေသော ခရိုင်ဘုရင်မြို့တော် ကို ပြုပြင်ရန် ကူညီပေးနေကြသည်။

ထိုအချိန်အတွင်း ရှီလေ့ ၏ ဗိသုကာ ပညာရပ် ပါရမီသည် ကျင့်ကြံသူ အများအပြားကို အံ့အားသင့်သွားစေခဲ့ပြီး လူတိုင်းက သူ့ကို အားကျကြည်ညိုသော မျက်လုံးများဖြင့် ကြည့်ခဲ့ကြသည်။

အားလုံး၏ ပူးပေါင်းအားထုတ်မှုကြောင့် ပြုပြင်ရေး လုပ်ငန်းများသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ခရိုင်ဘုရင်မြို့တော် ၏ တိုက်ပွဲသတင်းသည် ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုကဲ့သို့ ပဲ့တင်ထပ်သွားခဲ့ပြီး တောင်ပိုင်းမြစ်ဝှမ်း ဒေသ တစ်ခုလုံးကို လျင်မြန်စွာ လွှမ်းမိုးသွား၏။

လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ၏ အခြားသော ဒေသများသို့ပင် ထိုသတင်း ရောက်ရှိသွားခဲ့သည်။

မြူခိုးဂိုဏ်း ၏ ဂိုဏ်းစောင့်တွင် ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား ရှိနေကြောင်း သိလိုက်ရသောအခါ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အံ့သြမှင်သက်သွားကြပြီး မယုံနိုင်အောင် ဖြစ်ခဲ့ကြရ၏။

...

နောက်တစ်နေ့ နံနက်တွင် ဖြစ်သည်။

“တီ... တီ... ဂိုဏ်းချုပ်ရေ... ဂိုဏ်းရဲ့ ဂုဏ်သတင်းတန်ဖိုးက (၁၀) သန်း ကျော်သွားတဲ့အတွက် ဂုဏ်ယူပါတယ်... ဆုလာဘ်အနေနဲ့ အထူးလက်ဆောင်အထုပ် (၁) ထုပ် ရရှိသွားတဲ့အပြင်၊ နတ်ဆိုးသားရဲဆောင်ကိုလည်း အဆင့် (၆) အထိ မြှင့်တင်ပေးလိုက်ပါပြီ…”

ယဲ့ဖုန်း နိုးလာသည်နှင့် စနစ်၏ အသိပေးချက်ကို ချက်ချင်း ကြားလိုက်ရ၏။

ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း ချက်ချင်းပင် စိတ်လှုပ်ရှားသွားတော့သည်။

All Chapters