အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
အခန်း (၄၉) မျက်လုံးပြူးပြီး သေလိုက်တော့.... သူ့မှာ အသုံးဝင်သေးတယ်လို့ သခင်က ပြောခဲ့တယ်
ဖရိုဖရဲ ခေါင်းလောင်း၏ အစစ်အမှန် အသွင်အပြင်ကို မြင်တွေ့ပြီးနောက် ခုံးဝူတောက်၏နှုတ်ခမ်းများသည်လည်း အစီအစဉ် အောင်မြင်သွားသည့် အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။
ဖရိုဖရဲဟင်းလင်းပြင် ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့် သူသည် ဖရိုဖရဲ စွမ်းအားကို အာရုံခံစားမှုအပေါ် အလွန်အကဲဆတ်သည်။
ဤခေါင်းလောင်းထဲတွင် ကြွယ်ဝသော ဖရိုဖရဲ အဆီအနှစ်တစ်ခု ပုန်းကွယ်နေကြောင်းကို သူ အကြွင်းမဲ့ပြောနိုင်သည်။
သို့သော် ကံမကောင်းစွာဖြင့် ယနေ့တွင် ထိုအရာထဲရှိ ဖရိုဖရဲ အဆီအနှစ်သည် သူ၏ ပိုင်ဆိုင်မှု ဖြစ်လာတော့ပေမည်။
"နတ်ဘုရားသားတော် ခုံးဝူတောက်က စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ပြီး ဖရိုဖရဲ ခေါင်းလောင်းကို အစွမ်းကုန် ထိုးနှက်ဖို့ပဲ လိုပါတယ်..."
ယွင်ကျိုး ရှေးဟောင်းဘိုးဘေးကြီး က မိတ်ဆက်ပေးလိုက်သည်။
"ဖရိုဖရဲ ခေါင်းလောင်းက အကြိမ်များများ မြည်လေလေ... တစ်ယောက်ယောက်ရဲ့ ပါရမီနဲ့ စွမ်းအားက ပိုမြင့်လေလေပါပဲ..."
ဤစကားကို ကြားသောအခါ ခုံးဝူတောက်က အနည်းငယ် ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။
"ဒါပေမယ့် အဲ့ဒီမတိုင်ခင်မှာ ငါ အရင်ဆုံး ပြီးအောင် လုပ်ရမယ့် ကိစ္စတစ်ခု ရှိသေးတယ်..."
ထို့နောက် လူတိုင်းက နားမလည်စွာဖြင့် မတုံ့ပြန်နိုင်မီမှာပင်...
ဝုန်း...
ခုံးဝူတောက်ထံမှ စွမ်းအားများ ချက်ချင်း ပေါက်ကွဲထွက်လာပြီး သူ၏မူလနေရာမှ ပုံရိပ်ယောင်တစ်ခုကဲ့သို့ ပျောက်ကွယ်သွားသည်။
သူ၏အမြန်နှုန်းမှာ အလွန်မြန်ဆန်လွန်းသဖြင့် ထိုနေရာရှိ မရေမတွက်နိုင်အောင် ပါရမီရှင်များသည် သူ၏လှုပ်ရှားမှုများကို ခြေရာခံရန် ခက်ခဲနေခဲ့သည်။
"အား... အား... အား..."
ဤအခိုက်အတန့်တွင် နာကျင်စွာ အော်ဟစ်သံများ ပဲ့တင်ထပ်လာသဖြင့် လူတိုင်းသည် သူတို့၏တွေဝေမိန်းမောနေမှုမှ လန့်နိုးသွားကြပြီး အသံလာရာဆီသို့ ထိတ်လန့်တကြား ကြည့်လိုက်ကြ၏။
သို့သော် သူတို့၏ရှေ့ရှိ မြင်ကွင်းကို မြင်တွေ့ပြီးနောက် လူတိုင်း အလိုအလျောက် အသက်ရှူမှားသွားကြသည်။
မည်သည့်အချိန်ကမှန်းမသိရဘဲ ခုံးဝူတောက်သည် ယဲ့ချန်၏ရှေ့တွင် ရောက်ရှိနေလေပြီ။
တစ်ဖက်လူ၏လက်နှစ်ဖက်လုံး လုံးဝ ပြုတ်ထွက်နေပြီး သူသည် ကူကယ်ရာမဲ့နေသော ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ ခုံးဝူတောက်၏လည်ပင်းညှစ်ခြင်းကို ခံထားရကာ လေထဲတွင် မြင့်မားစွာ မြှောက်တင်ထားခြင်း ခံနေရသည်။
သူသည် ရေနစ်နေသော လူတစ်ယောက်ကဲ့သို့ သူ၏ ခြေထောက်များကို ရူးသွပ်စွာ ကန်ကျောက်နေလေ၏။
"ဒါက..."
ဤမြင်ကွင်းကို မြင်သောအခါ လူတိုင်း အနည်းငယ် အံ့အားသင့်သွားကြသည်။ ခုံးဝူတောက်သည် အမှန်တကယ်ကို မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ယဲ့ချန်ကို ဖိနှိပ်နိုင်ခဲ့သည်။
ယဲ့ချန်၏ကျင့်ကြံခြင်းသည် နောက်ပြန်လှည့်မှုကို ခံစားခဲ့ရပြီး သူ၏စွမ်းအားသည် ယခင်ကလောက် မကြီးမားတော့သော်လည်း သူသည် တာအိုနန်းတော်နယ်ပယ်တွင် ရှိနေဆဲပင်။
ထိုသို့ဆိုသည့်တိုင် ခုံးဝူတောက်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားရှေ့တွင် သူသည် လုံးဝခုခံနိုင်စွမ်း မရှိခဲ့ပေ။
တစ်ချိန်တည်းမှာပင် သူတို့၏စိတ်နှလုံးသားထဲတွင် ချမ်းစိမ့်သွားစေသော အကြောက်တရားတစ်ခု လှိုင်းထလာသည်။
အကယ်၍ သူသာ သူတို့ကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့မည်ဆိုလျှင် လက်ရှိနေရာရှိ မည်သူကမျှ သူ့ကို တားဆီးနိုင်မည် မဟုတ်ပေ။
အစောပိုင်းက ခုံးဝူတောက် ထုတ်လွှတ်လိုက်သော အရှိန်အဝါကို အာရုံခံမိပြီးနောက် ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ရှေးဟောင်းဘိုးဘေးကြီး သုံးပါး၏ မျက်နှာအမူအရာများသည်လည်း ကြီးမားစွာ ပြောင်းလဲသွားပေ၏။
"ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်လား..."
ခုံးဝူတောက်သည် အလွန်ငယ်ရွယ်သော်လည်း သူ၏ကျင့်ကြံခြင်းသည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေလေပြီ။
သူတို့သည် နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံခဲ့ကြသော်လည်း ဤမျှ ငယ်ရွယ်သော ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။
..........
"မင်းက ဘေးကင်းလုံခြုံတယ်လို့ ထင်နေတာ မဟုတ်လား..."
သူ၏ဖမ်းဆုပ်မှုအောက်တွင် ရူးသွပ်စွာ ရုန်းကန်နေသော ယဲ့ချန်ကို ကြည့်ရင်း ခုံးဝူတောက်က အပြုံးဖျော့ဖျော့ဖြင့် ပြောဆိုလိုက်သည်။
"မင်းရဲ့ ညီအစ်ကို ယွင်ရှောင်က မင်းကို ကယ်နိုင်မယ်လို့ မင်း ထင်နေတာလား..."
သူ စကားပြောဆိုနေစဉ် ခုံးဝူတောက်သည် သူ၏နောက်ဘက်ရှိ ယွင်ရှောင်ထံသို့ အနည်းငယ် လှည့်ကြည့်လိုက်၏။
ဤသည်က ပေါ့ပေါ့ပါးပါး အကြည့်တစ်ချက်မျှသာ ဖြစ်သော်လည်း ထာဝရကာလမှ စူးစမ်းလေ့လာမှုတစ်ခုအလား ယွင်ရှောင်ကို အသက်ရှုမှားသွားစေပြီး ငရဲထဲသို့ ကျရောက်သွားသကဲ့သို့ သူ၏ခန္ဓာကိုယ် အေးစက်တောင့်တင်းသွားသည်။
ခုံးဝူတောက်ကို တားဆီးရန် မဆိုထားနှင့် ဤအချိန်အခိုက်အတန့်တွင် သူ ပါးစပ်ဖွင့်ရန်ပင် သတ္တိမရှိတော့ချေ။
ညီအစ်ကိုများသည် အရေးကြီးသော်လည်း သူ၏ဂိုဏ်းသည်လည်း တန်းတူအရေးကြီးလှ၏။
အကယ်၍ သူသည် ဤကိစ္စကြောင့် ခုံးဝူတောက်ကို နောက်တစ်ကြိမ် စော်ကားမိပြီး ဖရိုဖရဲ မြင့်မြတ်နယ်မြေကို အလွန် ဆိုးရွားသော အခြေအနေသို့ ရောက်သွားစေမည်ဆိုလျှင် သူသည် ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ အပြစ်သား ဖြစ်သွားပေလိမ့်မည်။
"ယွင်ရှောင်... ကယ်ပါ... ကယ်ပါအုံး .."
ယဲ့ချန်သည် အားကိုးရာဝှက်ဖဲများ မကျန်တော့ဘဲ ကြီးမားသော သေမင်းအကျပ်အတည်းက သူ့ကို ဖုံးလွှမ်းပြီး ဝါးမျိုသွားသည်ကို ခံစားလိုက်ရသည်။
ဤအချိန်အခိုက်အတန့်တွင် သူသည် သေမင်းပင်လယ်ထဲတွင် ရေနစ်နေသော လူတစ်ယောက်အလား သူ၏ တစ်ခုတည်းသော ကောက်ရိုးမျှင် ဖြစ်သည့် ယွင်ရှောင်က သူ့ကို ကယ်တင်နိုင်လိမ့်မည်ဟု မျှော်လင့်နေလေ၏။
သို့သော် ယွင်ရှောင်သည် သူ၏ လက်သီးများကိုဆုပ်ကာ အံကြိတ်ပြီး ခေါင်းကို တစ်ဖက်သို့ လှည့်သွားကာ ယဲ့ချန်ကိုပင် မကြည့်တော့ချေ။
တစ်ချိန်တည်းမှာပင် ယွင်ရှောင်၏ လျှို့ဝှက်အသံပေးပို့စကားက ယဲ့ချန်၏စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
"တောင်းပန်ပါတယ် ယဲ့ချန်... မင်းရဲ့ညီအစ်ကို က မင်းကို မကူညီချင်လို့ မဟုတ်ပါဘူး...ဒီကိစ္စက ငါ လုပ်နိုင်တဲ့ အတိုင်းအတာထက် တကယ်ကို ကျော်လွန်သွားလို့ပါ..."
"စိတ်ချပါ... အနာဂတ်မှာ အခွင့်အရေးရရင် မင်းနဲ့ ချင်းကဲတို့ရဲ့ ကောင်းကင်ဘုံက ဝိညာဉ်တွေကို နှစ်သိမ့်တဲ့အနေနဲ့ ခုံးဝူတောက်ကို အဆတစ်ရာ ပြန်ပေးဆပ်ခိုင်းဖို့ ငါ သေချာပေါက် လုပ်ပါ့မယ်..."
"ယွင်ရှောင်..."
ဤစကားများကို ကြားသောအခါ ယဲ့ချန်၏ မျက်နှာသည် ပြာနှမ်းသွားပြီး သူ၏နှလုံးခုန်နှုန်းပင် ရပ်တန့်လုမတတ် ဖြစ်သွားသည်။
သူ၏နောက်ဆုံး အားကိုးရာဝှက်ဖဲအဖြစ် သူ သတ်မှတ်ထားသော သူ၏ညီအစ်ကို ယွင်ရှောင် သည် သူ့ကို လုံးဝစွန့်လွှတ်လိုက်ပြီ ဖြစ်ကြောင်း သေချာသည်။
[ဒင်... ကောင်းကင်ကံကြမ္မာပိုင်ရှင် ယွင်ရှောင်က လက်ခံသူအပေါ် အကြောက်တရားတွေ ဖြစ်ပေါ်လာပြီး သူ့ရဲ့တာအို နှလုံးသားက တုန်လှုပ်သွားတာကို ထောက်လှမ်းတွေ့ရှိရပါတယ်... တစ်ဖက်လူရဲ့ ကောင်းကင်အမိန့်တော်အမှတ် တွေက အမှတ် ၈၀၀ လျော့ကျသွားပြီး ၈၀၀၀ မှတ် ကျန်ရှိနေပါတယ်...]
[သုံးဆ ပြင်းထန်တဲ့ ထိုးနှက်ချက်ကို ဖြစ်ပေါ်စေပြီး ကောင်းကင်အမိန့်တော်အမှတ် ၂၄၀၀ ကို အောင်မြင်စွာ ရရှိခဲ့တဲ့အတွက် လက်ခံသူ ကို ဂုဏ်ယူပါတယ်...]
[ဒင်... ကောင်းကင်ကံကြမ္မာပိုင်ရှင် ယဲ့ချန်က မျှော်လင့်ချက်မဲ့သွားပြီး သူ့ရဲ့တာအိုနှလုံးသား ဟာ လုံးဝကြေမွသွားတာကို ထောက်လှမ်းတွေ့ရှိရပါတယ်... ကောင်းကင်အမိန့်တော်အမှတ် ၇၀၀ လျော့ကျသွားပြီး ၂၀၀ မှတ် ကျန်ရှိနေပါတယ်...]
[နှစ်ဆ ပြင်းထန်တဲ့ ထိုးနှက်ချက်ကို ဖြစ်ပေါ်စေပြီး ကောင်းကင်အမိန့်တော်အမှတ် ၁၄၀၀ ကို ရရှိခဲ့တဲ့အတွက် လက်ခံသူကို ဂုဏ်ယူပါတယ်...]
စနစ်၏ ကြေညာချက်ကို ကြားသောအခါ ခုံးဝူတောက် နားလည်သွားသည်။
ထိုလူနှစ်ယောက်သည် ယခုလေးတင် လျှို့ဝှက် အသံပေးပို့ကာ စကားပြောခဲ့ကြသောကြောင့် သူတို့၏စိတ်အခြေအနေများ တစ်ပြိုင်နက်တည်း တုန်လှုပ်သွားခြင်း ဖြစ်ပေမည်။
သို့သော် ယွင်ရှောင်သည် ယဲ့ချန်အတွက် ဆက်လက်၍ မားမားမတ်မတ် ရပ်တည်ပေးရန် ဆန္ဒမရှိတော့သော်လည်း ဤသည်က သူ့ကို လွှတ်ပေးမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
"ဟဲ ဟဲ... နောက်မှ မင်းနဲ့ သွားဆုံဖို့ မင်းရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေအားလုံးကို ငါ လွှတ်ပေးလိုက်မယ်..."
"ဘာ... မင်း ဘာကို ဆိုလိုတာလဲ..."
ယဲ့ချန်၏ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့မှုများ ထင်ဟပ်နေပြီး သူ၏လည်ချောင်းမှ အက်ရှရှအသံတစ်ခု ထွက်ပေါ်လာသည်။
ခုံးဝူတောက်က တုံ့ပြန်ခြင်းမရှိဘဲ ယဲ့ချန်၏ လည်ပင်းကို ဆုပ်ကိုင်ထားသောလက်ကို ရုတ်တရက် အားစိုက်လိုက်၏။
ဝုန်း...
ရုတ်ချည်းဆိုသလိုပင် သူ၏လက်ဝါးမှ ပေါက်ကွဲထွက်လာသော ဥပဒေသမုန်တိုင်းသည် အလျင်အမြန် ပျံ့နှံ့သွားပြီး ယဲ့ချန်ကို လွှမ်းခြုံသွားသည်။
ထိုသို့သော စွမ်းအား၏ဖိနှိပ်မှုအောက်တွင်...
ယဲ့ချန်သည် နာကျင်စွာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ဒေါသတကြီး တိုက်ခိုက်နေသော ဥပဒေသ မုန်တိုင်းကြောင့် သွေးမြူခိုးများအဖြစ် ချက်ချင်းခြေမွှဖျက်ဆီးခံလိုက်ရပြီး လေနှင့်အတူ လွင့်စင်သွားတော့သည်။
[ဒင်... ကောင်းကင်ကံကြမ္မာပိုင်ရှင် ယဲ့ချန်ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့တဲ့အတွက် လက်ခံသူကို ဂုဏ်ယူပါတယ်... သူရဲ့ ကျန်ရှိနေတဲ့ ကောင်းကင်အမိန့်တော်အမှတ် ၂၀၀ကို ရရှိပါတယ်...]
[လက်ခံသူက ဟင်းလင်းပြင် မဟာတာအို အပိုင်းအစ ၁၀၀၀ လှံရှည်တာအို အပိုင်းအစ ၁၂၀၀ မိုးကြိုးတာအို အပိုင်းအစ ၉၀၀တို့ကို အောင်မြင်စွာ ရရှိပါတယ်...]
[လေးဆ ပြင်းထန်တဲ့ ထိုးနှက်ချက်ကို ဖြစ်ပေါ်စေပြီး ကောင်းကင်အမိန့်တော်အမှတ် ၈၀၀ ကို ရရှိခဲ့တဲ့အတွက် လက်ခံသူကို ဂုဏ်ယူပါတယ်...]
[ဒင်... ကောင်းကင်ကံကြမ္မာပိုင်ရှင် တစ်ယောက်ကို ဒုတိယအကြိမ် ဆက်တိုက်အောင်မြင်စွာ အမဲလိုက်နိုင်ခဲ့တဲ့အတွက် လက်ခံသူကို ဂုဏ်ယူပါတယ်... အပိုဆုအဖြစ် ကောင်းကင်အမိန့်တော်အမှတ် ၆၀၀၀ ကို ရရှိပါတယ်...]
"အပိုဆုတောင် ရှိသေးတာလား..."
စနစ်၏ ကြေညာချက်ကို ကြားသောအခါ ခုံးဝူတောက်သည် အနည်းငယ် အံ့အားသင့်သွားသည်။
[သခင်က ကောင်းကင်ကံကြမ္မာပိုင်ရှင် တစ်ယောက်ကို အောင်မြင်စွာ အမဲလိုက်နိုင်တိုင်း စနစ်က အပိုစနစ် ရန်ပုံငွေတစ်ခု ရရှိမှာပါ...]
[ဒါကြောင့် စနစ်က ဒီစနစ်ရန်ပုံငွေ အစိတ်အပိုင်းကို ကောင်းကင်အမိန့်တော်အမှတ် ဆုလာဘ်တွေအဖြစ် ကိုယ့်သဘောနဲ့ကိုယ် ပြောင်းလဲလိုက်တာပါ...]
ဤစကားကို ကြားသောအခါ ခုံးဝူတောက်၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် ကွေးတက်သွားလေ၏။
"မဆိုးပါဘူး... မင်းက အတော်လေး တွေးတတ်သားပဲ... မင်းမှာ အသုံးဝင်တာလေးတွေ ရှိသေးတယ်..."
[အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်...]
ခုံးဝူတောက်၏ချီးကျူးမှုကို ကြားသောအခါ စနစ်သည်လည်း အလွန်ပျော်ရွှင်သွားသည်။
သခင်က အသုံးဝင်သောအရာလေးများ ရှိသေးသည်ဟုသာ ပြောခဲ့သော်လည်း ဤသည်မှာ သခင်က သူ့ကို ချီးကျူးခဲ့ခြင်းပင်။
...
အခန်း (၅၀) မိသားစုတစ်ခုက အစီအစဉ်တကျ ရှိရမယ်....ဖရိုဖရဲခေါင်းလောင်း စမ်းသပ်မှု
တခြားတစ်ဖက်တွင်....
ယဲ့ချန်သည် ခုံးဝူတောက်၏နေရာတွင်ပင် ဖိနှိပ်သတ်ဖြတ်ခံလိုက်ရသည်ကို မြင်သောအခါ ထိုနေရာရှိ ကျင့်ကြံသူများအားလုံးသည် ခုံးဝူတောက်ကို ပို၍ပင် ကြောက်ရွံ့စွာ ကြည့်လိုက်ကြ၏။
ထိုလူသည် အမှန်တကယ်ကို ရက်စက်လွန်းသည်။ နေ့ခင်းကြောင်တောင် သူတို့ဖရိုဖရဲမြင့်မြတ်နယ်မြေ၏ နယ်မြေပေါ်တွင် သူ သတ်ချင်သောလူကို ဤအတိုင်း သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။
ဤအချိန်အခိုက်အတန့်တွင် ခုံးဝူတောက်က ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ရှေးဟောင်းဘိုးဘေးကြီး သုံးပါးကို နောက်တစ်ကြိမ် ကြည့်ကာ အပြုံးနှင့် ပြောဆိုလိုက်သည်။
"စီနီယာတို့ရဲ့ ကြမ်းပြင်ကို ငါက မတော်တဆ ညစ်ပတ်သွားအောင် လုပ်မိပြီ... စီနီယာတို့က ငါ့ကို အပြစ်မတင်လောက်ပါဘူးနော်..."
ဤစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ယွင်ကျိုး ရှေးဟောင်းဘိုးဘေးကြီးသည်လည်း တုန်ယင်သွားပြီး သူ၏လက်များကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။
"လုံးဝ အပြစ်မတင်ပါဘူး... လုံးဝ အပြစ်မတင်ပါဘူး... နတ်ဘုရားသားတော် ခုံးဝူတောက်က ဆန္ဒရှိသလို လုပ်နိုင်ပါတယ်..."
သူတို့အားလုံးသည် ကောက်ကျစ်သူများအကြားရှိ ကောက်ကျစ်သူများပင်။ ခုံးဝူတောက်က မေးနေပုံရသော်လည်း အမှန်အားဖြင့် သူတို့က သူ့ကို အပြစ်မတင်ရဲကြောင်းကို သူ သေချာသိနေသည်။
သူသည် သူတို့ ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ရင်ပြင်ကို ကွပ်မျက်ကွင်းပြင်အဖြစ်ပင် ပြောင်းလဲလိုနေခြင်း ဖြစ်ပေ၏။
"ကောင်းပြီ... စီနီယာက ဒီလို ပြောမှတော့..."
ထို့နောက် ခုံးဝူတောက်သည် ခုံးရွှမ်ယန် ခုံးကျန်ယွဲ့နှင့် တခြားသူများကို ကြည့်လိုက်သည်။
"ယဲ့ချန်က သေသွားပြီဆိုတော့ ဒီကောင်တွေကိုပါ လွှတ်ပေးလိုက်ရအောင်..."
"ဘယ်လိုပဲဖြစ်ဖြစ် မိသားစုတစ်ခုလုံး အတူတူ သွားသင့်တယ် မဟုတ်ဘူးလား..."
သူ၏အသံ အဆုံးသတ်သွားသည်နှင့်အမျှ...
ယခုလေးတင် ဘေးဒုက္ခတစ်ခုမှ လွတ်မြောက်သွား၍ စိတ်သက်သာရာရသွားသော ယဲ့ချန်၏ မိသားစုဝင်များသည် ယခုအချိန်၌ ငရဲချောက်ကမ်းပါးထဲသို့ ကျရောက်သွားကြပြီး သူတို့၏မျက်နှာများ ရုတ်တရက် ဖြူဖျော့သွားကြသည်။
"နတ်ဘုရားသားတော် ခုံးဝူတောက်... ကျေးဇူးပြုပြီး..."
သို့သော် သူတို့သည် သနားညှာတာမှု တောင်းခံသံများကို မထုတ်ဖော်နိုင်မီမှာပင်...
ခုံးကျန်ယွဲ့နှင့် တခြားဧကရာဇ်သားတော်အစဉ်အဆက်များသည် သူတို့၏ လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ပြီးဖြစ်ပေ၏။
ဝုန်း....
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများသည် သူတို့၏ခန္ဓာကိုယ်များအတွင်းမှ ချက်ချင်းပေါက်ကွဲထွက်လာသည်။ သူတို့က သူတို့၏ဧရာမ လက်ဝါးပုံရိပ်ယောင်ကြီးများကို ထုတ်လွှတ်လိုက်ကြသည်။
အဆုံးမဲ့တာအိုမုန်တိုင်းများသည် စုရုံးကာ ဖြစ်ပေါ်လာပြီး ကောင်းကင်ကို ဖုံးကွယ်ထားသော ဥပဒေသ လက်ဝါးပုံရိပ်ယောင်ကြီးများအဖြစ် ပြောင်းလဲသွားကာ ယဲ့ချန်၏မျိုးနွယ်စုဝင်များဆီသို့ ရိုက်ချလိုက်သည်။
ဖူး...
ဂျွတ်...
အသားများ စုတ်ပြဲသွားပြီး အရိုးများ ကျိုးပဲ့သွားသည့် အသံများသည် တပြိုင်နက်တည်းနီးပါး ပဲ့တင်ထပ်သွားလေ၏။
ဧရာမ ဥပဒေသ လက်ဝါးပုံရိပ်ယောင်ကြီးများ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသော ကျင့်ကြံသူများသည် ချက်ချင်းဆိုသလိုပင် သွေးမြူခိုးများအဖြစ် ပေါက်ကွဲသွားကြသည်။
ဥပဒေသ လက်ဝါးပုံရိပ်ယောင်ကြီးများ ပျောက်ကွယ်သွားသောအခါ ထိုနေရာကို ကြည့်နေသော ကျင့်ကြံသူများအားလုံး ချက်ချင်းဆိုသလိုပင် ဖြူဖျော့သွားကြပြီး သူတို့၏ဦးရေပြားများ ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။
ကျယ်ဝန်းသော နယ်မြေတစ်ခုလုံးသည် အနီရောင် စွန်းထင်းသွားပြီး ပြတ်တောက်နေသော ခြေလက်များနှင့် အသွေးအသားများဖြင့် ဖုံးလွှမ်းနေကာ ကျောက်စိမ်းကြမ်းပြင်များပေါ်တွင် တသွင်သွင် စီးဆင်းနေသော သွေးများ ရစ်ခွေနေသည်။
လေနုအေးတစ်ချက် တိုက်ခတ်သွားပြီး ပြင်းထန်သော သွေးနံ့များ သယ်ဆောင်လာကာ ကျင့်ကြံသူအများအပြားကို အန်ချင်စိတ် ပေါက်သွားစေပေ၏။
ခုံးဝူတောက်၏ စကားတစ်ခွန်းတည်းဖြင့် လူထောင်နှင့်ချီပြီး ဤအတိုင်းသေဆုံးသွားရခြင်းဖြစ်သည်။
ထိုသို့သော သွေးထွက်သံယိုမြင်ကွင်းက သူတို့ကို ခုံးဝူတောက်အပေါ် ပို၍ကြီးမားသော အကြောက်တရားဖြင့် ကြည့်စေခဲ့သည်။
ဤသည်မှာ မိစ္ဆာပင်။
ထိုလူသည် မိစ္ဆာ တစ်ကောင် သက်သက်သာ ဖြစ်ပေ၏။
ခုံးဝူတောက်သည် သူ၏နံဘေးပတ်ဝန်းကျင်ရှိ လူများ၏ ကြောက်ရွံ့တုန်လှုပ်နေသော အကြည့်များကို ဂရုမစိုက်ချေ။
သူသည် သူ၏လုပ်ရပ်များတွင် မြက်များကို အမြှစ်ကနေ နှုတ်ပစ်ရမည်ဟူသော မူဝါဒကို အမြဲတစေ လိုက်နာခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ရန်သူများကို သနားညှာတာခြင်းသည် ကိုယ့်ကိုယ်ကိုယ် ရက်စက်ခြင်းပင်။
ယဲ့ချန်၏ပါရမီသည် အထူး ထူးချွန်ပြီး သူ၏ မိသားစုအတွင်းတွင် သူ့အပေါ် မရေမတွက်နိုင်သောလူများက ကြီးမားသော မျှော်လင့်ချက်များ ထားရှိခဲ့ကြသည်မှာ သဘာဝကျပေ၏။
ယခု သူတို့ တက်လှမ်းရန် ထားရှိသော မျှော်လင့်ချက်ကို သူ ဖျက်ဆီးပစ်လိုက်ပြီဖြစ်ရာသူ၏ မိသားစုဝင်များက သူ့ကို သေချာပေါက် နာကြည်းမုန်းတီးကြပေလိမ့်မည်။
အကယ်၍ အနာဂတ်တွင် အခွင့်အရေး ရပါက သူတို့သည် သူ့ကို ဒုက္ခပေးရန် သို့မဟုတ် လက်စားချေရန် ကြိုးစားကြပေလိမ့်မည်။
ထို့ကြောင့် ဤပြဿနာကို ရှောင်ရှားရန် အစကတည်းက အမြစ်ဖြတ်လိုက်ခြင်းက အကောင်းဆုံးပင်။
ထို့ပြင် သူသည် ဤဖြစ်ရပ်ကို အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဂုဏ်သိက္ခာကို ပြသရန်လည်း အသုံးပြုနိုင်သည်။
ခုံးဝူတောက်သည် လူအုပ်ကြီးကို အေးစက်စွာ ကြည့်လိုက်ပြီး သူ၏အသံသည် ငရဲကိုးထပ် မှ လာသကဲ့သို့ လောကကြီးတခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။
"ငါ့ရဲ့အချိန်လေဟာနယ် တားမြစ်နယ်မြေ ကို ရန်စရဲရင်.. ဒါက အကျိုးဆက်ပဲ..."
ဤစကားများကို ကြားသောအခါ ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ လူအများအပြားသည် သူတို့၏နှလုံးသားများ နောက်တစ်ကြိမ် ကဆုန်စိုင်းခုန်သွားသည်ကို ခံစားလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များတလျှောက် ချမ်းစိမ့်သွားသည်။
ဤသည်က လုံးဝကို အကြွင်းမဲ့ ဟန့်တားမှု တစ်ခုပင်။
ခုံးဝူတောက်၏အကြည့်သည် ယွင်ရှောင် အပေါ်တွင် အထူးတလည် ရပ်တန့်နေခဲ့သည်။
ထိုသို့သော စူးစမ်းလေ့လာမှုအောက်တွင် ယွင်ရှောင်သည် ပို၍ပင် သက်သောင့်သက်သာမရှိဖြစ်လာပြီး ခုံးဝူတောက်ကို ပို၍ပို၍ကြောက်ရွံ့လာခဲ့သည်။
အစပိုင်းက ယဲ့ချန်အတွက် မားမားမတ်မတ် ရပ်တည်မပေးခဲ့သင့်ဟုပင် သူ နောင်တရလာခဲ့သည်။
[ဒင်... ကောင်းကင်ကံကြမ္မာပိုင်ရှင် ယွင်ရှောင်က လက်ခံသူအပေါ် အကြောက်တရားတွေ ဖြစ်ပေါ်လာပြီး သူ့ရဲ့တာအိုနှလုံးသား တုန်လှုပ်သွားတာကို ထောက်လှမ်းတွေ့ရှိရပါတယ်... တစ်ဖက်လူရဲ့ ကောင်းကင်အမိန့်တော်အမှတ်တွေက အမှတ် ၁၀၀၀ လျော့ကျသွားပြီး ၇၀၀၀ မှတ် ကျန်ရှိနေပါတယ်...]
[နှစ်ဆ ပြင်းထန်တဲ့ ထိုးနှက်ချက်ကို ဖြစ်ပေါ်စေပြီး ကောင်းကင်အမိန့်တော်အမှတ် ၂၀၀၀ ကို အောင်မြင်စွာ ရရှိခဲ့တဲ့အတွက် လက်ခံသူကို ဂုဏ်ယူပါတယ်...]
ဤသည်ကို ကြားသောအခါ ယွင်ရှောင်အပေါ် ခုံးဝူတောက်၏ အကြည့်သည် ပို၍ပင် လှောင်ပြောင်လိုစိတ်များ ပြင်းထန်လာပေ၏။
ဤကောင်းကင်ကံကြမ္မာပိုင်ရှင်များ၏ အကျင့်စရိုက်များသည် အလွန်အလျှော့မပေးတတ်ဟု သူ တွေးထင်ခဲ့မိသည်။
ယခု သူက မျောက်များကို ခြောက်လှန့်ရန် ကြက်တစ်ကောင်ကို သတ်လိုက်ရုံမျှဖြင့် တစ်ဖက်လူက ဤမျှထိ ကြောက်ရွံ့နေပြီဖြစ်ရာ ဤသည်မှာ အမှန်တကယ်ပင် စိတ်ဝင်စားစရာ မကောင်းလှပေ။
သို့သော် ပြပွဲကောင်းက ဆက်လာအုံးပေမည်။
.........
သေချာသည်မှာ ဤမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသော ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ ရှေးဟောင်းဘိုးဘေးကြီး သုံးပါးသည်လည်း အနည်းငယ် ဖြူဖျော့နေပုံရသည်။
အထူးသဖြင့် ကိုင်ထျန်အထွတ်အထိပ်ပုဂ္ဂိုလ်ကို ပြင်းပြင်းထန်ထန် တိတ်တဆိတ် စူးစိုက်ကြည့်နေသော ယွင်ကျိုးအထွတ်အထိပ်ပုဂ္ဂိုလ်ပင်။
လက်ရှိ ပြသမှုများအားလုံးက ခုံးဝူတောက်၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် သူ၏ နည်းလမ်းများကို ဖော်ပြနေသည်။
ယခင် ဖြစ်ရပ်များက ခုံးဝူတောက်နှင့် သူတို့၏ ဖရိုဖရဲ မြင့်မြတ်နယ်မြေကြားတွင် အနည်းနှင့်အများ ရန်ငြိုးတစ်ခုကို ဖန်တီးခဲ့ပြီးဖြစ်သည်။
အကယ်၍ ခုံးဝူတောက်က သူတို့၏ ဖရိုဖရဲ မြင့်မြတ်နယ်မြေမှ လူများကို ပစ်မှတ်ထားရန် ဆုံးဖြတ်ခဲ့လျှင် သူတို့၏နေ့ရက်များသည် သေချာပေါက် လွယ်ကူလိမ့်မည် မဟုတ်ချေ။
ခုံးဝူတောက်သည် သူ၏နောက်ကွယ်ရှိ ထူးဆန်းသော အကြည့်များကို လျစ်လျူရှုထားလိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် ခုံးဝူတောက်သည် ဖရိုဖရဲ ခေါင်းလောင်း၏ရှေ့သို့ ရောက်ရှိနေလေပြီ။
ဖရိုဖရဲ ခေါင်းလောင်းသည် ပေတစ်ရာ မြင့်မားသဖြင့် ခုံးဝူတောက်သည် နှိုင်းယှဉ်ကြည့်လျှင် အနည်းငယ်သေးငယ်ပုံ ပေါက်သွားစေသည်။
လူတိုင်းက ဝတ်ရုံဖြူဝတ်ပုံရိပ်ကို ကြည့်နေကြပြီး ကျယ်လောင်စွာ အသက်ရှူရန်ပင် မရဲကြပေ။
အထူးသဖြင့် သူ၏လက်သီးများကို ဆုပ်ထားပြီး နဖူးမှ ချွေးစေးများ ကျဆင်းနေသော ယွင်ရှောင်ပင်။
ဖရိုဖရဲ ခေါင်းလောင်းကို တီးခတ်ခဲ့သော သူ၏ ယခင် ကိုးကြိမ်မြောက်မြည်သံသည် ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏စံချိန်ကို လုံးလုံးလျားလျား ချိုးဖျက်ခဲ့ပြီးဖြစ်သည်။
ဤသည်မှာ ယခုအချိန်အထိ သူ ရရှိခဲ့သော ဂုဏ်ယူစရာ အကောင်းဆုံး အောင်မြင်မှုလည်း ဖြစ်သည်။
အကယ်၍ ဤအောင်မြင်မှုကို ယနေ့တွင် ခုံးဝူတောက်က အလွယ်တကူ ချိုးဖျက်သွားမည်ဆိုလျှင် ..
ဤသည်က သူ၏ဂုဏ်ယူမှုကို လုံးဝဖျက်ဆီးပစ်မည်ဖြစ်ပြီး သူ့ကို ခုံးဝူတောက်က ခြေဖဝါးအောက်တွင် နင်းချေထားခဲ့မည်မှာ သေချာပေါက်ပင်။
ခုံးဝူတောက်သည် ကြွားလုံးထုတ်နေခြင်း သက်သက်သာဖြစ်ပြီး ဖရိုဖရဲ ခေါင်းလောင် ၏ အသိအမှတ်ပြုမှုကို လုံးဝ မရရှိပါစေနှင့်ဟု သူ၏စိတ်နှလုံးသားထဲတွင်ပင် ဆုတောင်းနေမိသည်။
ဝီ...
ထိုအချိန်မှာပင် ခုံးဝူတောက်၏အရှိန်အဝါ လျှင်မြန်စွာ မြင့်တက်လာသည်။
ဤအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်သည် နတ်ဘုရားသတ္တုဖြင့် သွန်းလုပ်ထားသကဲ့သို့ တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်နေပြီး သူ၏ပုံရိပ်ကို ပို၍ ခမ်းနားထည်ဝါပုံ ပေါက်လာစေသည်။
ထို့ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ လောကီနှင့် ကင်းကွာသည့် ဖရိုဖရဲ အလင်းတန်းများသည် ခုံးဝူတောက်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ဤလောကကြီးတစ်ခုလုံးကို သူနှင့် ပဲ့တင်ထပ်သွားစေခြင်းပင်။
"ဒါက..."
တစ်ချိန်တည်းမှာပင် ဤအရှိန်အဝါကို အာရုံခံမိသောအခါ ယွင်ရှောင်၏မျက်နှာ သိသိသာသာ ပြောင်းလဲသွားပေ၏။
ဖရိုဖရဲရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့် ဖရိုဖရဲ စွမ်းအားအပေါ် သူ၏အာရုံခံစားနိုင်မှုသည် သဘာဝကျကျ အလွန်အကဲဆတ်သည်။
ဤအချိန်အခိုက်အတန့်တွင် ခုံးဝူတောက်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါသည် ဖရိုဖရဲ စွမ်းအား မဟုတ်လော....
"မဟုတ်ဘူး... ခုံးဝူတောက်ရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာတဲ့ ဖရိုဖရဲ စွမ်းအားက နည်းနည်းတော့ကွာခြားတယ်..."
သူ ပို၍အာရုံခံမိလေလေ ယွင်ရှောင်၏ နှလုံးသားထဲရှိ လှိုင်းတံပိုးများက ပို၍ဆူပွက်လာလေလေပင်။
ဤဖရိုဖရဲစွမ်းအား သည် သူသိထားသောအရာထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းပြီး သန့်စင်သည်။
ထိုအရာတွင် တခြားအထူးစွမ်းအားတစ်ခုပင် ပါဝင်နေသေးသည်။ ထိုစွမ်းအားသည် သူ၏ နားလည်နိုင်စွမ်းကိုပင် ကျော်လွန်နေပေ၏။
ဤသည်မှာဟသာမန် ပုရွက်ဆိတ်တစ်ကောင်သည် ဤအချိန်အခိုက်အတန့်တွင် တိမ်များအထက်ရှိ နတ်ဘုရားတစ်ပါးကို မြင်တွေ့ခွင့် ရသွားသည့်အလားပင်။
လူတိုင်း အံ့အားသင့်နေစဉ်မှာပင်...
ခုံးဝူတောက်သည် သူ၏လက်ချောင်းငါးချောင်းကို လက်သီးအဖြစ် ဆုပ်ထားပြီးဖြစ်ကာ ဖရိုဖရဲ ခေါင်းလောင်းဆီသို့ အစွမ်းကုန် ထိုးနှက်လိုက်သည်။
ဝုန်း...
ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်မှ စီးဆင်းလာသော မြစ်တစ်စင်းကဲ့သို့ အဆုံးအစမဲ့ပြီး ကျယ်ပြန့်သော ဖရိုဖရဲ ချီများသည် လှိုင်းထကာ ပန်းထွက်လာသည်။
ကျင့်ကြံသူအများအပြား တွေဝေမိန်းမောနေကာ ခုံးဝူတောက်နှင့်အတူ သူ လက်သီးတစ်ချက် ထိုးနှက်ပြီးနောက် ကောင်းကင်ကိုးထပ်သို့ ပျံသန်းသွားသော ခမ်းနားထည်ဝါသည့် နတ်ဘုရားပုံစံတစ်ခုကို မြင်တွေ့လိုက်ရသည့်အလားပင်။
ဒေါင်...
ခုံးဝူတောက်၏ ကြောက်မက်ဖွယ်ကောင်းသော လက်သီးက ဖရိုဖရဲ ခေါင်းလောင်းကို ထိုးနှက်လိုက်သည်နှင့် ကောင်းကင်ဘုံများနှင့် ကောင်းကင်ကိုးထပ်ကို ပဲ့တင်ထပ်သွားစေသော ခေါင်းလောင်းသံတစ်သံ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ဤသည်က ကြားရသူများ၏နားစည်များကို ပေါက်ကွဲမတတ် ဖြစ်သွားစေပြီး သူတို့၏ နတ်ဘုရားစိတ်ဝိညာဉ်များ ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။
နတ်ဘုရားစိတ်ဝိညာဉ် အားနည်းသော ကျင့်ကြံသူ အများအပြားသည် ခေါင်းလောင်းမှ နတ်ဘုရားအသံ၏ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးအောက်တွင် သူတို့၏မျက်လုံးများ ပြာဝေသွားသည်အထိ ထိတ်လန့်တုန်လှုပ်သွားကြ၏။ သူတို့၏ပါးစပ်မှ သွေးများပန်းထွက်လာပြီး သတိလစ်မေ့မြောသွားကြသည်။
သို့သော် အရာအားလုံးသည် မပြီးဆုံးသေးချေ။
ခုံးဝူတောက်၏လက်သီးမှ ပေါက်ကွဲထွက်လာသော ကမ္ဘာပျက်မည့် လေပြင်းမုန်တိုင်းကဲ့သို့ ဖရိုဖရဲလှိုင်းလုံး၏နောက်တွင် ကောင်းကင်ကိုးထပ်ကို တုန်ခါသွားစေသော ဒုတိယမြောက် ခေါင်းလောင်းသံက ချက်ချင်းလိုက်ပါလာသည်။
Book 5 end.