အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
🍁 Chapter 83
အိုက်လင်းသည် အရာအားလုံးကို သည်းခံနေခဲ့သည်။ တစ်ဖက်လူ၏ ရဲတင်းလွန်းသော အကြည့်များနှင့် ညစ်ညမ်းသော စကားများက သူမကို ရွံရှာစေသည်။ သူမသာ အလုပ်လုပ်နေချိန် မဟုတ်လျှင် ထိုနေရာသို့ သွားပြီး သူတို့နှစ်ယောက်လုံးအား မြင်းရိုက်ကြိမ်လုံးဖြင့် ရိုက်ပစ်ပြီးဖြစ်မည်။
သို့သော် သူမ မလုပ်နိုင်ချေ။ ဥက္ကဋ္ဌယန်မှာ သူမအပေါ် အလွန်ကောင်းသဖြင့် ချန်ဝေအား အလွယ်တကူ မစော်ကားနိုင်ပေ။ မည်သို့ပင်ဆိုစေ ချန်ဝေအဖေမှာ ယန်မိသားစုနှင့် စီးပွားရေးလက်တွဲ လုပ်နေသည်မဟုတ်ပါလား။
သူမ သက်ပြင်းကြီးတစ်ခု ချလိုက်ပြီး ဆောင့်ကြောင့်ထိုင်ရန် ပြင်လိုက်စဉ်မှာပင် ယန်ယီယီက သူမ လက်ကောက်ဝတ်အား ဆွဲကာ မတ်တပ်ရပ်စေလိုက်သည်။ အိုက်လင်း အံ့သြတကြီး လှမ်းကြည့်လိုက်သောအခါ ယန်ယီယီက သူမအား စိတ် သက်သာရစေမည့် အကြည့်တစ်ချက် ပေးလိုက်သည်။
ယန်ယီယီသည် အိုက်လင်းအား လွှတ်ပေးလိုက်ပြီးနောက် ချန်ဝေဆီသို့ တန်းတန်း လျှောက်သွားသည်။
"မြင်းမှာ ပြဿနာရှိရင် နင်က မြင်းထိန်းကို သွားရှာသင့်တာပေါ့၊ ဘာလို့ ငါ့ဝန်ထမ်းကို အခက်တွေ့အောင် လုပ်နေတာလဲ၊ နင် အလုပ်မရှိ အကိုင်မရှိ အရမ်းပျင်းနေလို့လား"
ချန်ဝေက ဒေါသမထွက်ဘဲ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
"သေချာတာပေါ့ ငါပျင်းတာပေါ့၊ ဘာလို့လဲဆိုတော့ ငါ့မှာ ထူးဆန်းတဲ့ ယောက္ခမနဲ့ အမေနို့မပြတ်သေးတဲ့ ခင်ပွန်းဟောင်းကို ရင်ဆိုင်စရာ မလိုလို့လေ"
"နင်..."
ချန်ဝေက သူ့သူငယ်ချင်းများဘက်သို့ လှည့်ကာ ရုတ်တရက် ပြောလိုက်သည်။
"သူမရဲ့ ခင်ပွန်းဟောင်းက သူတို့ လက်ထပ်ပြီးတဲ့နောက်မှာတောင် သူ့အမေအရင်းနဲ့ အိပ်နေတုန်းပဲဆိုတာ မင်းတို့ သိကြလား၊ ဒါက ရွံစရာကောင်းတဲ့ ဖောက်ပြန်နည်းတစ်မျိုးပဲ"
"ဟာ အဲ့လိုကြီးလား"
"ချန်ဝေ... နင် သိပ်မလွန်နဲ့နော်၊ ငါ နင့်ကို ဒီကနေ ကန်ထုတ်ရဲတယ်ဆိုတာ ယုံလိုက်"
ယန်ယီယီသည် ဒေါသကြောင့် တုန်ယင်နေပြီး သူမ၏ လက်များက မြင်းရိုက်ကြိမ်လုံးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသဖြင့် အသံပင် ထွက်လာသည်။
"ကန်ထုတ်ကြည့်လေ၊ မင်းအဖေက နောက်သုံးလပတ်အတွက် ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်ကို မနေ့ကမှ ငါ့အိမ်ကို ပို့ထားတာ၊ မင်း ငါ့ကို ရိုက်ရဲရင် ငါ့အဖေက မင်းတို့နဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်အောင် ငါလုပ်ရဲတယ်"
ချန်ဝေ့က မောက်မာစွာ ပြုံးလိုက်သည်။
"နင်..."
[အို ဘုရားရေ... သူ့ အသက်ဘယ်လောက်ရှိပြီလဲ၊ လူတစ်ယောက်နဲ့ ရန်ဖြစ်တာကိုတောင် အဖေနဲ့ကိုင်ပေါက်နေတုန်းလား၊ သူက အဖေ့အရိပ်အောက်က မထွက်နိုင်တဲ့ ဒယ်ဒီဘွိုင်းပဲ ဖြစ်ရမယ်]
သေစမ်း၊ ဘယ်သူ စကားပြောနေတာလဲ...
ချန်ဝေသည် သူတို့အား မေးချင်သော်လည်း စကားသံတစ်ခွန်းမှ ထွက်မလာသည်ကို သတိပြုမိလိုက်သည်။ သူ့ အပေါင်းအပါများလည်း တူညီသော ထူးဆန်းသည့် ခံစားချက်ကို ရရှိလိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် အံ့သြစွာကြည့်လိုက်ကြသည်။
ယန်ယီယီ တစ်ယောက်သာ ထိုအရာမှာ ရှုယင်းယင်းမှန်း သိနေသည်။
သူမက ပတ်ဝန်းကျင်ကို တည်ငြိမ်စွာ ဝေ့ကြည့်လိုက်ရာ ကံကောင်းထောက်မစွာ ရှုယင်းယင်းအား မတွေ့ရပေ။ သူ တိတ်တိတ်လေး နောက်ယောင်ခံလိုက်လာတာ ဖြစ်မယ်၊ တော်သေးတာပေါ့...
[သူက အဖေအရိပ်အောက်က မထွက်နိုင်တဲ့ ကလေး မဟုတ်ပါဘူး၊ ယောကျာ်းလေးဖြစ်ပြီး မိန်းကလေးလို၀တ်ရတာကြိုက်တဲ့ Cross-dresserကြီးပဲ]
[ဟင်၊ ချန်ဝေကလား]
[ဟုတ်တယ်]
[ဟေးဟေး... ထပ်ပြောပြစမ်းပါ]
ထိုနေရာရှိ လူအားလုံး အံ့သြတုန်လှုပ်သွားကြပြီး သူတို့၏ စူးစမ်းလိုသော အကြည့်များက ချန်ဝေပေါ်သို့ တပြိုင်နက် ကျရောက်သွားသည်။
ချန်ဝေ့ ကျောရိုးတစ်လျှောက် အေးစက်စက် အကြောက်တရားတစ်ခုက စိမ့်တက်လာ၏။ သူ ပတ်ဝန်းကျင်သို့ သတိလွတ်စွာ ကြည့်မိသောအခါ၊ လူတိုင်း မျက်လုံးများက သူ့ထံတွင် စူးစိုက်ကျရောက်နေသည်ကို ထိတ်လန့်ဖွယ်ရာတွေ့လိုက်ရသည်။ ထိုအကြည့်များထဲတွင် ဖုံးကွယ်ထားခြင်းအလျဉ်းမရှိသော စူးစမ်းဝေဖန်မှုများက ပြည့်နှက်နေလေသည်။
ထိုရေတွက်မရနိုင်သော အကြည့်ပေါင်းများစွာသည် စူးရှပြင်းထန်လှကာ သူ့အပေါ်မှ အဝတ်အစားများအား အတင်း အဓမ္မ ဆွဲချွတ်ပစ်ချင်နေသည့် မမြင်ရသော လက်များနှင့်ပင် တူနေတော့သည်။
သူ အလိုအလျောက်ပင် ခြေထောက်နှစ်ချောင်းအား ကျစ်ကျစ်ပါအောင် စေ့ထားလိုက်မိ၏။ သို့သော် ထိုစဉ်မှာပင် ထူးဆန်းသောအသံကို ထပ်ကြားလိုက်သည်။
[သူ နေရခက်မနေဘူးလားဟ၊ အဲ့ဒါကြီးက G- string ကြီးလေ၊ သူ့တင်ပါး သက်တောင့်သက်သာရှိနေရင်တောင်မှ၊ သူ့ရဲ့ဟိုဆင်နားရွက်ကြီးတွေကို ဘယ်နား သွားထားမလဲမသိဘူး]
(ဆင်နားရွက် = ဟိုဟာဒီဟာ ಡ ʖ ಡ)
ချန်ဝေ့ : ချီးပဲ... မင်းက ဘာလို့ အဲ့လောက်တောင် စပ်စုနေရတာလဲ။
[ပြီးတော့လေ အဲ့ဒီ အဖြူရောင် ဇာကြိုးနဲ့ ခြေအိတ်ရှည်ကို သူတကယ်၀တ်နိုင်တယ်ပေါ့၊ အဲ့တာတောင် ၀တ်ရင် သူ့ဆင်နားရွက်ကြီးတော့ တလှုပ်လှုပ်နဲ့ဖြစ်နေပြီး လမ်းလျှောက်ရတာ ဘယ်လိုလုပ် သက်တောင့်သက်သာ ရှိနိုင်မှာလဲ]
[ငါက ဘယ်လိုလုပ် သိမှာလဲ၊ ငါမှ မဝတ်ဖူးတာ]
လူတိုင်း : ဒါက တကယ်ပဲ လူကြားသူကြားပြောသင့်တဲ့စကားလား၊ အရမ်းကြီးများ လွန်မနေဘူးလား :-O
[ဒါလည်း ဟုတ်တာပဲ၊ သာမန်လူတစ်ယောက်က အရှက်မရှိတဲ့ အတွေးတွေကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ၊ စကားမစပ်... ချန်ဝေ့ကို ကြည့်ရတာ တကယ့် တဏှာရူးရုပ်ကြီးနော်၊ သူ့ရဲ့ ကောက်ကျစ်တဲ့ မျက်လုံးတွေကတင် ရွံစရာကောင်းနေပြီဆိုတာကို မုတ်ဆိတ်မွှေးပိစိက ရှိသေးတယ်၊ အား... အဲ့အဆီပြန်နေတဲ့ မျက်နှာကြီးက ရွံဖို့ကောင်းတာဟယ် အဆိုးပေါ် အဆိုးဆင့်နေတော့တာပဲ]
ရုတ်တရက် ထွက်ပေါ်လာသော ကြိတ်ရယ်သံတစ်ခုက တိတ်ဆိတ်နေသော လူအုပ်ကြားထဲသို့ ဗုံးတစ်လုံးကျကွဲသကဲ့သို့ ပျံ့နှံ့သွား၏။ ချန်ဝေ့လည်ပင်းနှင့် နားရွက်များမှာ ချက်ချင်းပင် ရဲတက်သွားတော့သည်။
သူ့သူငယ်ချင်းများထံမှ အကဲခတ်နေသော အကြည့်များမှာ ပိုစူးရှထင်ရှားလာသည်။ သူတို့မှာ အမှန်ပင် လှောင်ပြောင်နေကြခြင်းသာဖြစ်၏။ ချန်ဝေသည် သူတို့အုပ်စုထဲတွင် သူ့ကိုယ်သူ ခပ်မိုက်မိုက် လူရမ်းကားတစ်ယောက်အဖြစ် အမြဲ တမ်း ဟန်ပြလေ့ရှိသူဖြစ်သည်။ ယခုလို ဇာကြိုးခြေအိတ်အရှည်နှင့် G-string အတွင်းခံ ဝတ်ဆင်ထားကြောင်း ရုတ်တရက် ဗူးပေါ်သလို ပေါ်ထွက်လာခြင်းက သူတို့အား သိချင်စိတ်ကြောင့် ရူးသွပ်သွားစေမည်မှာ အသေအချာပင်။
သူတို့သည် အခြေအနေမှန်ကို မျက်မြင်ကိုယ်တွေ့ သိရှိနိုင်ရန်အတွက် သူ့အား အိမ်သာထဲသို့ အတင်းဆွဲခေါ်သွားချင်စိတ်များပင် တဖွားဖွားပေါက်နေမိသည်။
[ဒါပေမဲ့ သူ့အဖော်တွေက သူ့ကို အိမ်သာထဲ ခေါ်သွားပြီး အရှက်ခွဲမှာကို သူ မကြောက်ဘူးလား၊ အဲ့ဒါဆိုရင်တော့ အရမ်းကိုရှက်စရာကောင်းသွားမှာပဲ]
ချန်ဝေ့ : ကျေးဇူးပါ။ မင်း ငါ့ကို အခုတင် တော်တော်လေး အရှက်ခွဲပြီးနေပြီ :)
[အိမ်သာမှာက အခန်းနဲ့လည်းရှိတယ်လေ၊ သူ အဲ့ဒီထဲ ဝင်ပုန်းနေရင် ခြေရာဖျောက်လို့ ရတာပေါ့]
[ဒါလည်း ဟုတ်တာပဲ]
[ငါ ပြောပြမယ်၊ သူက မိန်းမဝတ်စုံ ဝတ်ရတာ ကြိုက်ရုံတင်မဟုတ်ဘူးနော်၊ အနှိပ်စက်ခံရတာကို သာယာတဲ့သူဟဲ့၊ သူ နေ့ခင်းဘက်ဆိုရင်တော့ နေရာတကာမှာ မိန်းကလေးတွေကို လိုက်ပိုးပန်းနေတဲ့ နှာဘူးလေးလို ဟန်ဆောင်နေတတ်ပေမယ့် ညဘက်ရောက်ပြီဆိုရင်တော့ မိန်းမဝတ်စုံလဲဝတ်ပြီး ကလပ်တွေ အစုံလှည့်ပတ်တတ်တာ၊ သူက တဏှာရူး ယောကျာ်းတွေ အများကြီးရဲ့ နှလုံးသားကိုလည်း လှည့်စားထားသေးတယ်၊ အဲ့ဒီအသိုင်းအဝိုင်းထဲမှာဆို သူက အလှနတ်ဘုရားပဲ၊ သူ့ နာမည်ပြောင်ကိုက ဘုရင်မလေးတဲ့လေ]
ထိုထိတ်လန့်ဖွယ် အရာကိုကြားပြီးနောက် သူ့ အောက်ပိုင်းသို့သာ စူးစိုက်ကြည့်နေခဲ့ကြသော ဘေးလူများ၏အကြည့်များ သည် တဖြည်းဖြည်းအပေါ်သို့ ရွေ့လျားသွားကြ၏။ ဒီရုပ်ကြီးကို ဘုရင်မလေးလို့ ဘာကိစ္စခေါ်ရက်တာလဲ။
သူ့ရုပ်ရည်ကြောင့်များလား၊ ဝေါ့ မဖြစ်နိုင်တာ၊ သူ့ရုပ်က ကောက်ကျစ်ပြီး တဏှာရူးနေတဲ့ အဖိုးကြီးတစ်ယောက်နဲ့ပဲ တူနေတာကို။
ဆွဲဆောင်မှုရှိတဲ့ ကိုယ်လုံးကိုယ်ပေါက် ကြောင့်များလား၊ ဝေါ့.. သူ့ခန္ဓာကိုယ် အချိုးအစားက အထက်နဲ့အောက် တစ်ဝက်စီဖြစ်နေပြီး တကယ့်အရပ်ထက်တောင် ပိုပုနေသယောင် ထင်ရသေးတယ်။
[ဘုရင်မဆိုလည်း ဘုရင်မပေါ့၊ ဘာကို ဘုရင်မလေးလဲ၊ အဲ့ဒါက သူ့အဆင့်အတန်း ကျမသွားစေဘူးလား]
[အဲ့တာက ဘာလို့ဆို သူ G-string ဝတ်ထားတာတောင် အစ်ကျပ်ကျပ်ဖြစ်တဲ့ ခံစားချက် မခံစားရလဲဆိုတာလေ]
(မှတ်ချက်။ ။ သူ့ဆင်နှာမောင်းက သေးလို့)
ရှုယင်းယင်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရယ်မောလိုက်သည်။
[ဟားဟားဟား... ငါ အခု နားလည်သွားပြီဟေ့]
ဘေးလူများမှာမူ ဤအတင်းအဖျင်း သူရဲကောင်းအား အနှောင့်အယှက်ဖြစ်စေကာ နောက်ဆက်တွဲ ဇာတ်လမ်းကောင်းများလွတ်သွားမည်စိုးသဖြင့် ရယ်မောချင်စိတ်ကို အစွမ်းကုန် ထိန်းချုပ်ထားကြရသည်။
🍁 Chapter 84
ချန်ဝေလည်း အရှက်ကွဲရလွန်းသဖြင့် မျက်နှာတစ်ပြင်လုံး နီရဲနေရာမှ ဤကိုယ်ချင်းစာတရား ကင်းမဲ့လှသောအတင်း ပြောသူအား ဆွဲထုတ်ရန် ဒေါသတကြီးဖြင့် ပတ်ဝန်းကျင်သို့ ဟိုကြည့်ဒီကြည့် ရှာနေမိသည်။
[တကယ်ပြောတာလား၊ သူ့ရဲ့ ရုပ်နဲ့များ ဘယ်သူက ဂရုစိုက်မှာတဲ့လဲ]
[နင် နားမလည်ပါဘူး၊ သူက လူတွေကို အလင်းရောင် မှိန်မှိန်လေးရှိတဲ့ နေရာတွေကို ခေါ်သွားပြီး ခိုးတွေ့တတ်တယ်၊ တစ်ဖက်လူတွေက အခြေအနေလေး ကောင်းလာပြီလို့ ထင်နေတဲ့အချိန်ကျမှ သူက ရုတ်တရက် ကြာပွတ်တစ်ချောင်း ထုတ်လိုက်ပြီး သူ့ကို ရိုက်ပေးဖို့ တောင်းဆိုတော့တာပဲ၊ အကြိုက်ကတော့ တော်တော်လေးကိုကြမ်းတာဟ]
[ဝါး... သူက တကယ့်ကို နာကျင်ရတာ ကြိုက်တဲ့သူပဲ၊ ဒါပေမဲ့ သူ့ကိုယ်သူ အရိုက်ခံပြီး တိရစ္ဆာန်တစ်ကောင်လို သဘောထားခွင့်ပြုတဲ့ သူ့ရဲ့ အပြုအမူက တော်တော်လေး သဘောထားပြည့်ဝတာပဲ၊ ဒါပေမယ့် အဲ့နှဘူးကောင်း အရိုက်ခံရတာနဲ့ကို တန်တယ်]
ရှန်လန်သည် ရုတ်တရက် သူမ ပါးစပ်ကို ဆတ်နနဲ ပိတ်လိုက်မိပြီ ရယ်ချင်စိတ်အား အောင့်ထားရလွန်းသဖြင့် မျက်ရည်များပင် ဝဲတက်လာသည်။ အစောကမှ လှောင်ပြောင်ခံထားရသဖြင့် မခံရပ်နိုင်ဖြစ်နေခဲ့သော အိုက်လင်းမျက်နှာထက်တွင်မူ တောက်ပသောအပြုံးတစ်ခုက အထင်းသား နေရာယူနှင့်လေသည်။ ယန်ယီယီမှာ ပိုမိုသဘောကျနေပြီး သူမက မီးလောင်ရာ လေပင့်ပေးလိုက်သည်။
"ဟေး၊ နင်က ဘာလို့ ဆက်မရယ်တော့တာလဲ၊ မဟုတ်မှ မရယ်နိုင်တော့လို့လား"
"မင်း... မင်းတို့ စောင့်ကြည့်နေလိုက်"
ချန်ဝေသည် ဒေါသလည်းထွက်၊ အရှက်လည်းကွဲနေသော် လည်း ထိုလျှို့ဝှက်ချက်များအား ဖောက်သည်ချခဲ့သူအား ရှာမတွေ့နိုင်ဖြစ်နေသည်။ သူ့ ရင်ထဲတွင် အလွန်တရာ စိတ်ပျက်ဝမ်းနည်းမှုများက လွှမ်းမိုးနေလေ၏။
ယန်ယီယီ ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်ကာ "နင့်သဘောအတိုင်းပဲလေ"
သူတို့ မြင်းပြိုင်ကွင်းမှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ချန်ဝေ၏အရှုပ်အရှင်းဖြစ်ဖွယ်ရာ အတိတ်ရာဇဝင်များအားလုံးမှာ တောမီးပမာ ပျံ့နှံ့သွားမည်အား သူမ သိနေလေသည်။ ထိုအချိန်ရောက်လျှင် သူသည် ပြဿနာရှာရန်မဆိုထားနှင့် သူ့ ဂုဏ်သိက္ခာကိုပင် ထိန်းသိမ်းနိုင်တော့မည် မဟုတ်ချေ။
သူ့အဖော်များသည် သူ ထွက်ခွာတော့မည်ကို မြင်သောအခါ မလိုလားစွာဖြင့် နောက်မှလိုက်သွားကြလေသည်။ သို့သော် သူတို့ သိပ်မဝေးသေးခင်မှာပင် ရုတ်တရက် ထပ်ကြားလိုက်ရသည်။
[မနေ့ညက ဖြစ်ခဲ့တဲ့ ယုံနိုင်စရာမရှိလောက်အောင် အဓိပ္ပာယ်မရှိတဲ့ နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်ဟဲ့]
[ဘာလဲ ဘာလဲ]
ကမန်းကတန်း ထွက်ခွာရန် ပြင်နေကြသော အုပ်စုသည် ရုတ်တရက် ခြေလှမ်းများ တုံ့ခနဲတန့်သွားကြပြီး နောက် ဆက်တွဲ ဇာတ်လမ်းကို နားစွင့်ကာ စောင့်ဆိုင်းနေကြသည်။
ဒေါသထောင်းထောင်းထနေသော ချန်ဝေပင်လျှင် ခြေလှမ်းများ ရပ်တန့်သွားပြီး သူ့အတင်းအဖျင်း နားထောင်လိုသော မွေးရာပါ စိတ်သဘာဝကို မထိန်းချုပ်နိုင်တော့ဘဲ ငတုံးတစ်ယောက်ပမာ ငြိမ်သက်စွာ နားထောင်နေမိသည်။
[မနေ့ညက သူ ဖုန်းထဲကနေ ယွမ် ၃,၈၀၀ တန် ပါဆယ်တစ်ခု မှာလိုက်တယ်၊ အဲ့မှာ ညလည်စာ ပါဆယ်လို့ ပြောထားပေမယ့် တကယ့်တကယ်ကျတော့ ဘဝအတွေ့အကြုံသစ်တွေကို ရှာဖွေဖို့ အဓိကထားတဲ့ တရားမဝင် အရောင်းအဝယ်ကိစ္စကြီးလေ၊ နင်သိတယ်မလား]
ရှုယင်းယင်းသည် ခေတ္တမျှ မှင်တက်သွားပြီးနောက် ရုတ်တ ရက် သဘောပေါက်သွားသည်။
[အိုး... One night stand ကိုလား? ချန်ဝေက ပြည့်တန်ဆာ ခေါ်လိုက်တာပဲ ဟုတ်တယ်မလား]
[ဟုတ်တယ် ဟုတ်တယ်၊ အဲ့ဒီနောက်မှာ တုန်လှုပ်စရာကောင်းတဲ့ ကိစ္စဖြစ်လာတယ်၊ တစ်ဖက်လူက သဘောတူထားတဲ့ အချိန်အတိုင်း လူချင်းတွေ့ဖို့ ရောက်လာပြီးတော့ သူတို့နှစ်ယောက် ဟိုတယ်ကို သွားကြတယ်၊ အဲ့မှာ အဲ့လူရဲ့မိန်းမပါဆိုတဲ့ အမျိုးသမီးတစ်ယောက် ရုတ်တရက် ဝင်လာပြီး သူတို့ကို လက်ပူးလက်ကြပ် ဖမ်းမိသွားတော့ အရိုက်ခံရလုနီးပါး ဖြစ်သွားတယ်၊ အဲ့ဒီအမျိုးသမီးက သက်သေအဖြစ် ဓာတ်ပုံတွေရိုက်ပြီး သူ့ကို ဖော်ပစ်မယ်လို့ ခြိမ်းခြောက်တော့တာပဲ၊ အဲ့မှာ သူက နှုတ်ပိတ်ခ ယွမ် ၅၀,၀၀၀ ပေးလိုက်ရတယ်]
[တကယ်ရယ်ရလိုက်တာ၊ ပြည့်တန်ဆာ ခေါ်ရင်းနဲ့ကို လိမ်ခံရတယ်တဲ့၊ ကံဆိုးလိုက်တဲ့ ကောင်စုတ်လေး၊ ဟားဟားဟား]
[ပုံမှန်ဆိုရင်တော့ ဒါက သင်ခန်းစာတစ်ခု ရသွားတယ်ဆိုပြီး ဒီလောက်နဲ့ပဲ ပြီးသွားမှာ၊ ဒါပေမဲ့ သူ စိတ်ငြိမ်သွားတဲ့အချိန် ကျတော့ အလိမ်ခံလိုက်ရမှန်း ရုတ်တရက်သဘောပေါက်သွားပြီး တွေးလေ ဒေါသထွက်လေဖြစ်မိလို့ နောက်ဆုံး သူ ရဲခေါ်လိုက်တယ်လေ]
[ဘယ်လို]
ဘေးရှိလူများအားလုံး၏ မျက်နှာပေါ်တွင် တူညီသော တုန်လှုပ်ချောက်ချားမှုများ ပေါ်လွင်နေကြလေသည်။ သူ့ ဦးနှောက်က တကယ်ကော ကောင်းရဲ့လား။
[နေပါဦး၊ သူ့လုပ်ရပ်တွေက တရားမဝင်ပဲ ပြစ်မှုမြောက်တယ်ဆိုတာကို သူ မသိဘူးလား၊ ရဲကို ဖုန်းဆက်တာက ကိုယ့်ဘာသာ ထောင်ထဲ၀င်သလိုပဲလေ၊ ဦးနှောက်ရှိတဲ့ ဘယ်သူမဆို အဲ့လိုလုပ်မှာမဟုတ်ဘူး၊ ပြီးတော့ ချန်ဝေက ပိုက်ဆံရှားနေတဲ့သူမှ မဟုတ်တာ]
[ဒါပေါ့၊ နင်တင်မကဘူး၊ အမှုတွဲကို ကိုင်တွယ်တဲ့ ရဲအရာရှိတွေပါ ခေါင်းစားသွားတာ၊ ယုံတောင်မယုံနိုင်စရာပဲ၊ သူ့ကို လူကောင်းလို့ ပြောရအောင်လည်း ပြည့်တန်ဆာကခေါ်လိုက်သေး၊ ဟော အဲ့လိုပြောလို့ လူဆိုးလားလို့ ထင်ပြန်ရင်လည်း သူ့ကိုယ်သူ အဖမ်းခံပြီး ဒဏ်ကြေးကိုလည်း တက်တက်ကြွကြွပေးသွားပြန်တယ်၊ တကယ့်ကို ရယ်စရာကြီးပဲ]
[သူက တကယ့်ကို ဦးနှောက်မရှိတဲ့ လူယုတ်မာကောင်ပဲ]
ဘေးတွင်ရှိနေသော လူများသည် စိတ်ပျက်လက်ပျက်ဖြင့် သူတို့ ပေါင်များကို ပြန်လိမ်ဆွဲကာ ရယ်ချင်စိတ်ကို အတင်းထိန်းထားရသည်။ ရယ်စရာကောင်းသော်လည်း ရွံရှာဖွယ်လည်းကောင်းလှသော ထိုသတင်းအချက်အလက်များမှာ သူတို့ ခေါင်းထဲသို့ အဆက်မပြတ်၀င်လာသောကြောငါ သူတို့သည်းမခံနိုင်ကြတော့ချေ။
[ခဏနေပါဦး၊ ဒီကိစ္စကို ငါ စဉ်းစားကြည့်ပါရစေဦး၊ သူက အလိမ်ခံရလို့ မခံနိုင်ဖြစ်ပြီး ရဲစခန်းကို သွားတယ်၊ အဲဒီနောက် ရဲကပြစ်မှုကို အတည်ပြုပြီးတဲ့အခါ သူက တက် တက်ကြွကြွ ပူးပေါင်းပြီး ဒဏ်ကြေးပေးခဲ့တယ်၊ ဒါဆိုရင် သူက ပိုက်ဆံ နှစ်ခါရှုံးသွားတာမလား၊ ရဲတွေက သူ အလိမ်ခံလိုက်ရတဲ့ ပိုက်ဆံတွေကိုပြန်ရအောင် ကူညီပေးမယ်လို့ သူ ထင်နေတာလား၊ အဲ့တော့ အခု သူ ပိုက်ဆံမရှုံးဘူးလို့ တွေးနေတာလား]
[ဘယ်လိုလုပ် အဲ့လိုဖြစ်နိုင်မှာလဲ၊ ရဲတွေဆီကနေ ပိုက်ဆံပြန်ရမယ်လို့ သူ မမျှော်လင့်ထားပါဘူး၊ ပြီးတော့ ရဲတွေကလည်း အဲ့လိုလုပ်ပေးလို့ မရဘူးလေ၊ အဲ့ဒါက တရားမဝင်ဘူး၊ သူက အလိမ်ခံလိုက်ရလို့ ဒေါသထွက်သွားပြီးတော့ ဒေါသဖြေဖို့ တစ်ဖက်လူကို တိုင်ကြားချင်ရုံ သက်သက်နဲ့ နိုင်ငံတော်ကို ပိုက်ဆံလှူချင်နေတာ]
“…”
သူတို့အားလုံး တိတ်ဆိတ်သွားကြသည်။
[ချန်ဝေအဖေသာ သူ့ရဲ့ဒီရူးကြောင်ကြောင် လုပ်ရပ်ကို သိသွားရင် သူ့ခြေထောက်တွေကိုများ ရိုက်ချိုးပစ်မလားမသိဘူး]
[မဖြစ်နိုင်ဘူး၊ သူ ခြေထောက်ရိုက်ချိုးခံရတယ်လို့ သတင်း ထွက်သွားရင် လူတွေက သူ့အဖေကို ရက်စက်တယ်လို့ပဲ ပြောကြမှာ၊ အဲ့ဒီ အဖိုးကြီးကလည်း တကယ့်ကို ထူးခြားတဲ့သူပဲ၊ သူက ချန်ဝေရဲ့ မိန်းမဝတ်စုံတွေ အကုန်လုံးကို မီးရှို့ပစ်ပြီး တစ်လကို မုန့်ဖိုး ယွမ် ၁၀,၀၀၀ ပဲ ပေးတော့ပြီး အသက်ရှင်နေရုံလေးပဲ ထားတော့တာ၊ ပြီးတော့ သူ့အဖေက ညတွင်းချင်း မယားငယ် သုံးယောက်၊ လေးယောက်၊ ငါးယောက်လောက်ကို တရားဝင် အသိအမှတ်ပြုလိုက်ပြီး ဒုတိယနဲ့ တတိယ ကလေးယူဖို့တောင် ပြင်ဆင်နေသေးတယ်၊ သူ့ အဖေရဲ့ပျက်စီးနေတဲ့ ဂုဏ်သိက္ခာကိုအဆင့်သစ်တစ်ခုရောက်သွားတာ]
ထိုစကားကို ကြားလိုက်ရသောအခါ ချန်ဝေသည် ခေါင်းပေါ်သို့ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားသည်။
သူ သတိပြန်၀င်လာသောအခါ အတင်းအဖျင်း နားထောင်နေခဲ့ကြသော သူ့ သူငယ်ချင်းများသည် သူ့အနားမှအဝေးကို ရှောင်လိုက်ကြသည်။ ချန်ဝေ သူတို့အား အနှောင့်အယှက်ပေးလာပြီး အလကားလိုက်စားမည်ကို ကြောက်ရွံ့မိကြသည်။
"ခွေးကောင်တွေ၊ ဒီကိုပြန်လာခဲ့ကြစမ်း၊ ငါ ချမ်းသာတုန်းကကျတော့ မင်းတို့အားလုံး ငါ့ကို ခွေးတွေလို အောက်ကျို့ဆက်ဆံခဲ့ပြီးတော့၊ အခု ငါ ဒုက္ခရောက်နေတာက ယာယီလေးပဲလေ၊ အဲ့ဒါကို မင်းတို့က ငါ့ကို ဒီလိုဆက်ဆံရလား"
ချန်ဝေသည် အကျိုးအကြောင်း မစဉ်းစားတော့ဘဲ အတင်းပြေးသွားကာ သူတို့အား တားရန်ကြိုးစားသည်။ သို့သော် သူ ပြန်လည်ရရှိလိုက်သည်မှာ ရေတွက်၍မရနိုင်သော စူပါကားကြီးများမှမှုတ်ထုတ်လိုက်သည့် အိတ်ဇောငွေ့များသာ။
ရှုယင်းယင်းသည် ဆူညံသံများကို ကြားသောအခါ အပြင်သို့ ချောင်းကြည့်လိုက်ပြီး လေလွင့်ခွေးတစ်ကောင်အလား အိတ်ဇောငွေ့များနောက်သို့ လိုက်ပြေးနေသော ချန်ဝေကို ကြည့်ပြီး အံ့ဩနေမိသည်။
[ဘုရားရေ... သူဌေးသားလေးတွေရဲ့ ခင်မင်မှုက ဒီလောက်တောင် အပေါ်ယံဆန်တာလား၊ ခုနကတင် သူတို့တွေ ပျော်ပျော်ပါးပါး ဖြစ်နေကြတာ မဟုတ်ဘူးလား]
[ဟူး... သူဌေးသား အများစုက အပြင်ပန်းကြည့်ရင်သာ မိမိုက်ကြပေမယ့် အိမ်မှာတော့ သူတို့မှာ ဘာအာဏာမှအစစ် အမှန် မရှိကြဘူး၊ သူတို့ မိသားစုက ပေးသလောက်ကိုပဲ သုံးကြရတာ၊ တကယ့်ကို ငွေသား အလုံးအရင်းထုတ်ပြနိုင်တဲ့သူဆိုတာ အရမ်းကို နည်းတယ်၊ မိသားစုရဲ့ တကယ့်အမွေဆက်ခံသူတွေက အလိုလိုက်ခံထားရတဲ့ ကလေးဆိုးတွေ မဟုတ်ဘူးလေ၊ နင် နောက်ကျရင် မြင်လာမှာပါ]
[ငါ စိတ်မဝင်စားပါဘူး၊ အခု ငါ မြင်းစီးချင်နေပြီ]
ရှုယင်းယင်း မြင်းစီးခြင်းအကြောင်း တွေးလိုက်မှသာ ယန်ယီယီသည် ရှုယင်းယင်းအား သင်ပေးရန်အတွက် အိုက်လင်းအား အလျင်အမြန် ခေါ်လိုက်သည်။ ထို့နောက် ယန်ယီယီက စတင်မိတ်ဆက်ပေးသည်။
"ယင်းယင်း ဒါက နင့်အတွက် ငါရှာပေးထားတဲ့ နည်းပြ၊ အိုက်လင်းတဲ့"
"အိုက်လင်း၊ ဒါက မစ်ရှုလေ"
"မင်္ဂလာပါ မစ်ရှု"
"မင်္ဂလာပါ၊ မင်္ဂလာပါ၊ အခုကစပြီး နင့်ကိုပဲ အားကိုးရတော့မယ်"
ရွှီယင်ယင်၏အသံကို ကြားသည်နှင့် အိုက်လင်း ချက်ချင်းပင် အခြေအနေကို နားလည်သွားလေသည်။ သူမသည် အတည်ပြုလိုသည့်ဟန်ဖြင့် ယန်ယီယီကို လှမ်းကြည့်လိုက်ရာ ယန်ယီယီလည်း အနည်းငယ်ခေါင်းညိတ်၍ ပြန်လည်တုံ့ပြန်၏။ အိုက်လင်းသည် သူမအား ကျေးဇူးဆပ်ချင်စိတ်များဖြစ်မိလာကာ ရှုယင်းယင်းအပေါ် ပိုဖော်ရွေလာသည်။
ဆရာကောင်းတစ်ယောက်ရှိခြင်းအပြင် ရှုယင်းယင်း၏ ထူးခြားသော သင်ယူနိုင်စွမ်းတို့ ပေါင်းစပ်သွားသောအခါ သူမသည် တစ်နာရီမပြည့်မီမှာပင် မြင်းအားကိုယ်တိုင်လွတ် လပ်စွာ စီးနှင်နိုင်ခဲ့ပြီ နည်းစနစ်များကိုအပြည့်အဝတတ် မြောက်သွားတော့သည်။
[အား... ငါ မြင်းစီးတတ်သွားပြီ၊ အရမ်းမိုက်တာပဲ]
[မြန်မြန်လေး၊ ပိုမြန်မြန်လေးသွားထား၊ စိတ်လှုပ်ရှားစရာကောင်းလာပြီ]