← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

🍁 Chapter 89

စနစ်၏အံသြသံကြောင့် အတင်းအဖျင်း နားထောင်သူများစိတ်အာရုံမှာ လှုပ်ခတ်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် ဇာတ် လမ်းကို ဆက်ပြောရန်တိုက်တွန်းနေကြတော့သည်။

ရှုယင်းယင်း ဘေးတွင်ထိုင်နေသော ဟော်ယန်သည် သူ့ နက်ခ်တိုင်ကို ဖြေလျှော့လိုက်ပြီး ကျောကိုမတ်လိုက်မိသည်။

သူ စိတ်၀င်စားနေတာ လုံး၀မဟုတ်ဘူး၊ ပူလို့ ဟုတ်တယ် ပူလာလို့ :)

အတင်းအဖျင်း ဝါရင့်ပရိသတ်တစ်ဦးဖြစ်သော ရှုယင်းယင်းသည် ဤကဲ့သို့သော အပြောင်းအလဲများနှင့် ရင်ဆိုင်ရချိန်တွင် ထူးထူးခြားခြားတည်ငြိမ်နေသည်။

[မွေးစားမိခင် လှည့်စားနိုင်ပြီဆိုပြီ အပိုင်တွက်ထားတဲ့ဟာက ကျိုးကျင့်ကျင့် သရုပ်ဆောင်နေတာပဲမလား]

[ဝါး... ရှောင်ယင်းက တကယ့်ကို အတင်းအဖျင်း ဝါရင့်ကြီးပဲ၊ သာမန် အတင်းအဖျင်းတွေက နင့်ကို လုံးဝ စိတ်ဝင်စားမှု မဖြစ်စေဘူးပဲ၊ ဒါပေမဲ့ နင် ခန့်မှန်းတာတစ်ဝက်ပဲ မှန်သေးတယ်]

[ဟမ်၊ ကျန်တဲ့ တစ်ဝက်က ဘာလဲ]

စနစ် စကားပြောရန် ပြင်လိုက်စဉ်မှာပင် လေလံကျင်းပသူသည် စင်မြင့်ပေါ်သို့ တက်လာသည်။

[နောက်မှ ထပ်ပြောကြတာပေါ့၊ လေလံပွဲ စပြီ၊ နင် ကျိုးကျင့်ကျင့်ကို ပညာပြမယ်ဆို ဟုတ်လား]

[အော် ဟုတ်သားပဲ၊ လုပ်သင့်တာကို အရင်လုပ်ရမှာပေါ့]

အတင်းအဖျင်း ဝါသနာပါသော လူအုပ်ကြီးသည် သူတို့၏ စိတ်ထဲတွင် တိတ်တဆိတ်ညည်းညူလိုက်ကြသည်။ အတင်း အဖျင်း စားရတာက ပိုအရေးကြီးတဲ့ကိစ္စမဟုတ်ဘူးလား။

သူတို့ကို ဒီလောက် ကြီးမားတဲ့ မျှားချိတ်ကြီးနဲ့ တန်းလန်းကြီးချိတ်ထားတာ နှိပ်စက်တာပဲ မဟုတ်လား။ အား... ငါတို့ အတင်းအဖျင်း ဆက်စားချင်တယ်လို့။

ထို့စဉ် လေလံကျင်းပသူသည် အပြုံးဖြင့် စင်မြင့်ပေါ်သို့ တက်လာသောအခါ ပရိသတ်များထံမှ မကျေနပ်မှုနှင့် မုန်းတီးမှုများ ပြည့်နှက်နေသော စူးရှသည့်အကြည့်ပေါင်းများစွာဖြင့် ရင်ဆိုင်လိုက်ရသည်။

ဟမ်... ဘာတွေ ဖြစ်နေတာလဲ။

လေလံကျင်းပသူမှာ လုံးဝကို အူကြောင်ကြောင် ဖြစ်သွားသည်။ သူ၏ ကျွမ်းကျင်မှုအပြည့်ပါသော အပြုံးမှာ ချက်ချင်းပင် ခါးသီးမှုများ ရောယှက်နေသော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

သူသည် ပထမဆုံး လေလံပစ္စည်း၏ နောက်ခံအကြောင်း အရာကို မိတ်ဆက်ပြီးနောက် စတင်‌ဈေးနှင့် တစ်ကြိမ်လျှငိ အနည်းဆုံး ယွမ် ၁၀၀,၀၀၀ တိုးရမည်ဆိုခြင်းအား ကြေညာလိုက်သည်နှင့် လူတစ်ယောက်က ချက်ချင်းပင် ယွမ် ၁၀ သန်းဟု အော်လိုက်ပြီး နောက်ထပ် လေလံဆွဲသူလည်း ထပ်မရှိတော့ဘဲ ချက်ချင်းပင် ရောင်းချလိုက်ရသည်။

ပထမဆုံး လေလံပစ္စည်းမှာ တစ်မိနစ်ပင် မပြည့်မီ ရောင်းချလိုက်ရပြီး သူ့ အသက်မွေးဝမ်းကျောင်းတစ်လျှောက်တွင် အမြန်ဆုံး ရောင်းချရမှု စံချိန်တစ်ခု တင်သွားတော့သည်။

"..." လူတိုင်း အဲ့လောက်တောင် အလျင်လိုနေကြတာလား။

အစီအစဉ်ကြေညာသူသည်လည်း အူကြောင်ကြောင် ဖြစ်သွားပြီး အခြေအနေအား ပြန်လည်ထိန်းသိမ်းရန် အလျင်အ မြန်ဝင်ရောက်လာသည်။ ဒုတိယ လေလံပစ္စည်းတောင် အဆင်သင့် မဖြစ်သေးဘူးလေ၊ ဒီသူဌေးကြီးတွေက နည်းနည်း စိတ်အားထက်သန်မနေလွန်းဘူးလား။

[နေပါဦး၊ မနေ့ညက ဗီဒီယိုထဲမှာ ဒီလိုမျိုး မဟုတ်ပါဘူး၊ ပစ္စည်းတစ်ခုစီတိုင်းအတွက် အပြိုင်အဆိုင် လေလံဆွဲကြရမှာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် လူတစ်ယောက်တည်းက လေလံဆွဲလိုက်တာနဲ့ ပြီးသွားရတာလဲ]

[ဗီဒီယိုက သိပ်ယုံရပုံ မပေါ်ဘူး၊ ဝန်ထမ်းတွေရဲ့ နှေးကွေးတဲ့ အလုပ်လုပ်ပုံကို ကြည့်ရတာ ဒုတိယပစ္စည်းက အချိန်တိုအတွင်းရောက်လာမှာ မဟုတ်ဘူး၊ အတင်းအဖျင်းဘက်ကို ပြန်သွားကြရအောင်]

ကြားညပ်သွားသော အပြစ်ကင်းစင်သည့် ဝန်ထမ်း : "......" ဒါက ငါတို့အမှားလားလို့

အတင်းအဖျင်းများကို စောင့်မျှော်နေကြသော သူဌေးကြီးများ : (ဟီး~ o( ̄▽ ̄)o)

[အရင်က ပြောခဲ့သလိုပဲ၊ အဖိုးကြီးကျိုးက ကလေးကို ဝယ်ယူဖို့နဲ့ အိမ်အကူကို ဇာတိရွာ ပြန်ပို့ဖို့အတွက် သူ့ရဲ့ အမွေဆက်ခံခွင့်ကို အသုံးချခဲ့တယ်၊ အိမ်အကူရဲ့ မိဘတွေက ပိုက်ဆံကိုယူပြီး သူတို့ရဲ့ သမီးကို ကျေးလက်ဒေသဆီ ချက်ချင်း ပြန်ခေါ်သွားကြတယ်၊ ငါတို့က ဇာတ်လမ်းရဲ့ အဆုံးသတ်ပဲလို့ ထင်ခဲ့ပေမဲ့ မမျှော်လင့်ဘဲ အိမ်အကူက သူမကလေးနဲ့ မခွဲနိုင်သလို ပါးပါးကျိုးကိုလည်း လွတ်ပေးဖို့ အစီအစဉ်မရှိခဲ့ဘူး၊ ဒါကြောင့် သူမက လျော်ကြေးငွေကို အသုံးချပြီး ခွဲစိတ်ပြုပြင်မှု ခံယူပြီး ကျိုးမိသားစုဆီကို ပြန်လာခဲ့တယ်]

ဘေးလူများ တိတ်တဆိတ် အသက်ရှူမှားသွားကြလေသည်။ အနားတွင် ထိုင်နေသော ဟော်ယန်သည် သူ့ နက်ခ်တိုင်ကို ထပ်မံဖြေလျှော့လိုက်ပြီး သူ့ခန္ဓာကိုယ်သည် ရှုယင်းယင်းအနီးသို့ အလိုအလျောက်တိုးကပ်သွားသည်။

[ဘုရားရေ၊ ကျိုးမိသားစုဆီ ပြန်လာတယ်ဆိုတာက သူ ပြန်ပြီး အိမ်အကူဖြစ်လာမယ်လို့ ဆိုလိုတာလား၊ အထူးသဖြင့် ကျိုးကျင့်ကျင့်ရဲ့ မောင်ကို ပြုစုဖို့အတွက်ပေါ့]

[နင် ထပ်မှန်းမိသွားပြန်ပြီ၊ င့ါအချစ်လေးက အရမ်းတော်တာပဲ]

ဟော်ယန်သည် ရှုယင်းယင်းအား မကျေမနပ် လှမ်းကြည့်လိုက်သည်။ သူမက ဘယ်လိုလုပ် အရာအားလုံးကို ခန့်မှန်းနိုင်ရတာလဲ၊ ဒါက သူ့ကို အရူးတစ်ယောက်လို ဖြစ်သွားစေတာပဲ။

[မဟုတ်ဘူး၊ ဒါက ဘယ်လို စဉ်းစားပုံမျိုးလဲ၊ သူတို့ကပါးပါးကျိုးရဲ့ တတိယခြေထောက်ကို ရိုက်ချိုးပြီး အသုံးမဝင်အောင် လုပ်လိုက်သင့်တာ မဟုတ်ဘူးလား၊ ဘာလို့ ဒီလို လှည့်ပတ်နေတဲ့ နည်းဗျူဟာတွေကို သုံးနေရတာလဲ]

[နင် နားမလည်ဘူးမလား၊ သူမသာ ကိုယ်တိုင် သူ့ကိုသတ်လိုက်မယ်ဆိုရင် ကိစ္စတွေကိုပြန်လုပ်ဖို့ ပလတ်စတစ်ဆာဂျရီ လုပ်စရာ မလိုတော့ဘူးလေ၊ သူမက လူယုတ်မာကို ပိုခံစားစေချင်တာ]

[နေပါဦး၊ ငါ ရေလေး အရင်သောက်လိုက်ဦးမယ်]

ရှုယင်းယင်းသည် သူမ ကုလားထိုင်ဘေးရှိ အပူသောက်စရာကို လှမ်းယူလိုက်သည်။ သို့သော် ကြီးမားသော လက်တစ်စုံက သူမထံသို့ သောက်စရာကို တိုက်ရိုက်ကမ်းပေးလာ၏။

"..."

ရှုယင်းယင်း အံ့သြစွာဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ ဟော်ယန်၏အေးစက်ပြီး ချောမောသော မျက်နှာနှင့် ကွက်တိဆုံသွားသွားသည်။

"မင်း ငါ့အပေါ် ဖိတ်ကျမှာ စိုးလို့"

သူ တည်ငြိမ်စွာ ရှင်းပြလေသည်။

သူ လုံးဝ အလျင်လိုနေတာမဟုတ်ဘူး။

"ကျေး‌ဇူး"

ရှုယင်းယင်း စိတ်ထဲတွင် မျက်လုံးလန်ပြလိုက်သည်။

[ငါ တုံးအမနေဘူးဟဲ့]

[အို... သူက တော်တော်လေး ဂရုစိုက်တတ်တာပဲ]

[အတင်းအဖျင်းကိုပဲ ဆက်သွားကြရအောင်]

[ကျိုးကျင့်ကျင့်ရဲ့ မိခင်အရင်းက အစကထိပ်တန်းကျောင်း သူတစ်ယောက် ဖြစ်ပေမဲ့ သူမရဲ့ မိသားစုက အရမ်းဆင်းရဲလွန်းလို့ ပညာဆက်မသင်နိုင်ခဲ့ဘူး၊ သူက အသိမိတ်ဆွေကတစ်ဆင့်အလုပ်ရှာရပြီး သူဌေးမိသားစုမှာ အိမ်အကူလုပ်ရတာ လစာကောင်းတယ်၊ နေစရာနဲ့ စားစရာ ပေးတဲ့အပြင် အလုပ်အားတဲ့အချိန်မှာလည်း စာလေ့လာခွင့်ရတယ်လို့ ကြားခဲ့တယ်၊ အဲ့ဒါမှ သူက လူကြီးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲကိုဖြေပြီး တက္ကသိုလ်ဆက်တက်နိုင်မှာလေ၊ ဒါကြောင့် သူ ကျိုးမိသားစုဆီကို ရောက်လာတာ]

[အစတော့ ဘဝက အေးအေးဆေးဆေးပါပဲ၊ အိမ်ရှင်က စောစောထွက်ပြီး နောက်ကျမှ ပြန်လာတော့ သူ့ကို သိပ်မမြင်ရဘူး၊ သူမရဲ့ နေ့စဉ်အလုပ်တွေ ပြီးသွားရင် ကျန်တဲ့အချိန်ကို စာလေ့လာဖို့ သုံးတယ်၊ သူမရဲ့တစ်လလစာ ယွမ် ၁၀,၀၀၀ ထဲက ၅,၀၀၀ ကို ကျောင်းလခအတွက် ဖယ်ထားပြီး ကျန်တဲ့ ၅,၀၀၀ကို မိဘတွေဆီပြန်ပို့တယ်၊ သူမ ဘဝက ရိုးရှင်းပေမဲ့ ပြည့်စုံတယ်၊ အဲ့မှာ သူမ အခြေအနေတွေကောင်းလာပြီလို့ ထင်ခဲ့ပေမဲ့ တစ်ညမှာတော့ သူမရဲ့ ငြိမ်းချမ်းမှုက ပျက်စီးသွားခဲ့တယ်]

[ငါထင်တာကတော့ အိမ်ရှင်ကအရက်မူးပြီး ပြန်လာတဲ့ တစ်ည ဖြစ်ရမယ်၊ အိမ်အကူတွေ အားလုံးအိပ်ပျော်နေပေမဲ့ သူမတစ်ယောက်တည်းက သူ့ကို တွေ့မိသွားတာ၊ တာဝန်အရ သူ့ကိုပြုစုဖို့ သွားရင်းနဲ့... အဟမ်း နင်သိတဲ့အတိုင်းပဲ... မူးရင်ဘာမဆိုဖြစ်နိုင်တယ်မလား]

[ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်]

[ဟားဟား၊ ငါ ယောက်ျားတွေအ‌ကြောင်းကို ကောင်းကောင်း သိတယ်၊ တကယ်မူးနေတဲ့လူက ဘာခွန်အားမှမရှိဘူး၊ သစ် တုံးတစ်တုံးလို လှဲအိပ်နေတာပဲ၊ အရက်သောက်ပြီးရင် ရာဂစိတ်ထကြွတယ်ဆိုတာလိမ်တာကြီး၊ သူက သူ့ရဲ့ ညီလေးကို သုံးပြီး လူတစ်ယောက်ကို ထိုးချင်နေတာ]

[ဖူး... ဟားဟားဟား၊ သူ့ရဲ့ ညီလေးနဲ့ လူတစ်ယောက်ကို ထိုးချင်နေတာ ဟုတ်လား၊ ငါ ရယ်ရလွန်းလို့ သေတော့မယ်!]

နာထောင်သူများသည် ရယ်ချင်စိတ်ကိုအောင့်ထားရန် သူတို့ နှုတ်ခမ်းများအား တင်းတင်းကိုက်ထားကြသည်။ သောက်ကျိုးနည်း၊ သူ့ရဲ့ ညီလေးက လူတစ်ယောက်ကိုထိုးတာ ဟုတ်လား၊ သူတို့ ပို့လို့ပင်ရယ်လာကြသည်။

ဟော်ယန်: "..."

သူမရဲ့ တရုတ်စာစွမ်းရည်ကတော့ တကယ်တော်တာပဲ။

[သူမကို အတင်းအဓမ္မထိုးပြီးတော့ သူမရဲ့ အလှကိုမြင်ပြီး သံယောဇဉ်ဖြစ်သွားမယ်ပြီးရင် သူမကို မယားငယ်အဖြစ် ထားချင်လာမယ်၊ ဒါကြောင့် သူက နောင်တရဟန်ဆောင်ပြီး ဒူးထောက်တောင်းပန်နေရင်း သူ့ကိုယ် သူ ပါးရိုက်ပြီး မိဘတွေကို သူမနဲ့ လက်ထပ်လို့ရအောင် ပြောပေးမယ်လို့ လိမ်ပြောခဲ့တယ်]

[ဟမ်၊ သူက အာရုံလွှဲတဲ့နေရာမှာ တကယ်တော်တာပဲ၊ ငါလောင်းရဲတယ်... အဲ့ဒီအမျိုးသမီးက သေချာပေါက် သဘောတူမှာ မဟုတ်ဘူး]

[သေချာတာပေါ့၊ သူမက သဘောမတူဘူးလေ၊ သူမကက အတင်းအဓမ္မ ပြုကျင့်တာလို့ပဲပြောပြီး ရဲကို ဖုန်းဆက်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်]

[လူယုတ်မာက ပြာယာမခတ်သွားဘူး၊ သူက အဲ့ဒီညမှာပဲ မိဘတွေဆီ သူမကိုဆွဲခေါ်သွားပြီး သူမကို လက်ထပ်မယ်လို့ ကြေညာလိုက်တယ်၊ အဲ့ဒီနောက် တစ်မိသားစုလုံးက ဇာတ် ကွက်နှစ်ခုကို ကကြတော့တာပဲ၊ မိခင်က လူကောင်းနေရာကနေဝင်ကပြီး ကောင်မလေးကို တောင်းပန်သလိုလို နှစ်သိမ့် သနားပြပြီး သူမကို ကျောင်းပြန်တက်ဖို့တောင် လုပ်ပေးမယ်လို့ ပြောတယ်၊ သူ့ဖခင်ကကျတော့ မလိမ္မာတဲ့သားကို မိသားစု စည်းကမ်းနဲ့ အပြစ်ပေးပြီး သေလုမျောပါး ရိုက်နှက်တော့တာပဲ၊ အဲ့ဒီအချိန်တုန်းက ကောင်မလေးက အသက် ၁၄၊ ၁၅ နှစ်ပဲ ရှိသေးတော့ အပြစ်ကင်းစင်ပြီး ရိုးအလွန်းလို့ ဒါသူတို့သုံးယောက်ရဲ့ ပူးပေါင်းကြံစည်မှုဆိုတာ လုံးဝမသိခဲ့ဘူး]

[ပြီးတော့ မိသားစုကြီးတွေက လူပုံလယ်မှာ ပုံရိပ်ကောင်းကို ထိန်းသိမ်းထားလေ့ရှိပြီး အိမ်အကူတွေကို ယဉ်ယဉ်ကျေးကျေးဆက်ဆံရင် သတင်းစာမျက်နှာတွေမှာ မကြာခဏပါလေ့ရှိတယ်၊ ကောင်မလေးလည်း မတော်တဆမှုတစ်ခုလို့ ထင်ပြီး သူတို့ရဲ့ ထောင်ချောက်ထဲကို မသိမသာ ကျဆင်းသွားခဲ့တယ်၊ အဲ့ဒီနောက်မှာ သူတို့က သူမကို ကိုယ်ပိုင် ကျောင်းဆီ တကယ်ပို့ပေးခဲ့ပြီး ကောင်းကောင်းမွန်မွန်ကျွေး မွေးခဲ့တယ်၊ အဲ့မှာ သူမ ကိုယ်ဝန်ရှိမှန်း သိလိုက်ရတဲ့အချိန်မှာ ကလေးက ၅ လတောင် ရှိနေပြီဖြစ်လို့ သူမက ကိုယ်ဝန်ဖျက်ချဖို့လုပ်ရတော့တာပေါ့၊ အဲ့ဒီအချိန်မှာကျိုးပါးပါးရဲ့ ကောက် ကျစ်တဲ့မိဘတွေက သူတို့ရဲ့ဇာတ်ကွက်ကိုထပ်သုံးပြီး သူမကို ကလေးမွေးဖို့ လှည့်စားခဲ့ကြတယ်]

🍁 Chapter 90

[ပြီးရင် သူတို့က ကလေးကို လုယူပြီး သူမကို မောင်းထုတ်လိုက်တာလား]

[မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲ့ဒီမတိုင်ခင်မှာ ပိုပြီးတော့တောင် ယုံနိုင်စရာမရှိတဲ့ လုပ်ရပ်တစ်ခု ရှိသေးတယ်]

လူတိုင်း နားစွင့်လိုက်ကြပြီး ဟော်ယန်ပင် အသက်တောင် အောင့်ထားလိုက်လေသည်။ ထိုအချိန်တွင် လေလံဆရာက ဒုတိယ လေလံပစ္စည်းကို ယူဆောင်လာသည်။

[ဟမ်၊ ဒုတိယ ပစ္စည်းလာပြီလား၊ အလုပ်ပြန်စကြရအောင် ရှောင်ယင်း]

အတင်းအဖျင်း နားထောင်သူများသည် လေလံကျင်းပကို စိုက်ကြည့်လိုက်ကြရာ၊ သူတို့၏ မျက်လုံးများက သူ့ကို ကိုက်ဖြဲစားသောက်ချင်နေသည့်အလားပင်။အတင်းအဖျင်းကို တစ်ထိုင်တည်းနဲ့ အဆုံးထိ ဆက်ပြောလို့ မရဘူးလား။

"..." QAQ~ ငါတို့ ဘာအပြစ်တွေ လုပ်ခဲ့လို့ ဒီလိုတန်းလန်းဖြစ်ရတာလဲ။

လေလံကျင်းပသူသည် လူတိုင်း ပျော်ရွှင်စေရန်အတွက် လေလံပစ္စည်းများ၏ အစီအစဉ်ကိုပင် ပြောင်းလဲကာ သူ၏ တန်ဖိုးအထားရဆုံးပစ္စည်းကို ထုတ်ယူလာခဲ့ပြီး သဘောကျမှုအချို့ ရရှိရန် မျှော်လင့်ခဲ့သော်လည်း အဘယ်ကြောင့် ပို၍ အမုန်းခံလိုက်ရသနည်း။

အီး.... ငါ့ကို ဝိုင်းအနိုင်ကျင့်နေကြတယ် ဟင့် ဟင့် T0T

သူသည် တောက်ပသော အပြုံးတစ်ခုအား အတင်းဖန်တီးကာ လေလံပစ္စည်းအသစ်ကို အနေရခက်စွာ မိတ်ဆက်လိုက်သည်။ စတင်ဈေး သန်းသုံးဆယ်ဟု သူ ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် ဟော်ယန်က လေလံဆွဲသည်။

"သန်းတစ်ရာ"

သူဌေးများကလည်း တစ်ပြိုင်နက်တည်း အော်လိုက်ကြသည်။ "ငါတို့မတက်နိုင်တော့ဘူး"

လေလံကျင်းပသူ : "..."

ကျိုးကျင့်ကျင့်မှာလည်း စကားမပြောနိုင်ဖြစ်သွားသည် : "..."

သောက်ကျိုးနည်း၊ လူတိုင်းက ဖရဲသီးကိုပဲကြည့်ချင်နေကြတာပေါ့၊ ဟုတ်လား၊ ငါ နင်တို့အားလုံးကို လည်ပင်းညှစ်ချင်လာပြီ

ရှုယင်းယင်း စဉ်းစားလိုက်သည်။

[ဒါက အထူးတပ်ဖွဲ့ လေလံပွဲလား၊ ဘာလို့ အဲ့လောက်တောင် အလျင်လိုနေရတာလဲ]

[သူတို့ကို ဘယ်သူက ဂရုစိုက်မှာလဲ၊ ကျိုးကျင့်ကျင့်က ဒီဈေးကို ဘယ်လိုမှ တတ်နိုင်မှာ မဟုတ်ဘူး၊ ဒီတိုင်းပဲ ဆက်ကြည့်နေလိုက်]

လေလံပျင်းပသူသည် စင်မြင့်ပေါ်သို့ ပြန်တက်ရန် သတ္တိမရှိတော့ဘဲ ထပ်မံ၍ ဆင်းသွားသည်။ သူတို့၏အကြည့်များဖြင့် အထိုးခံရပြီး သေရမည်အား သူ ကြောက်ရွံ့နေမိ၏။

[သူတို့က ဘာလို့ သူမကို ကလေးမွေးအောင် ဆွဲဆောင်ဖို့ ကြိုးစားခဲ့တာလဲဆိုတာ နင် သိလား]

[အမ်း... ငါထင်တာတော့ သူမက အတင်းအဓမ္မ ဆက်ဆံခံရတဲ့ ကိစ္စကို တမင်သက်သက်သွေးဆောင်ဖြားယောင်းမှုအဖြစ် ပြောင်းလဲပြီး၊ လူမှုအသိုင်းအဝိုင်းမှာ နေရာရဖို့အတွက် လုပ်တာလို့ ပုံဖော်ချင်လို့ ဖြစ်မယ်၊ နောက်ဆုံးတော့ ကျိုး မိသားစုက သူမကိုထောက်ပံ့တယ်၊ ကျွေးမွေးတယ်၊ ကျောင်းပို့ပေးတယ်ဆိုတာကို လူတိုင်းသိနေတာပဲ၊ သူမ တရားရုံးမှာ သက်သေထွက်ဆိုရင်တောင် သားကောင်က သူမကိုယ် သူမ ကာကွယ်နိုင်မှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား]

[ကောင်းလိုက်တာ၊ ရှောင်ယင်း... နင်က အရမ်းတော်တာပဲ]

အတင်းအဖျင်းသမားများသည် သူမအား တိတ်တဆိတ်ပင် အားကျသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ အတင်းအဖျင်းဘုရင်မ ကျိုးကျင့်ကျင့်ပင်လျှင် သူမ၏ တောက်ပလှသော အတင်းအဖျင်းစားသုံးလိုသည့် စိတ်ဝိညာဉ်ကို အသိအမှတ်ပြုလိုက်ရသည်။

ဟော်ယန်သည် ၎င်းမှာ ပါးနပ်သော လှည့်ကွက်တစ်ခုမျှသာ ဖြစ်သည်ဟု သူကိုယ်သူ ယုံကြည်စေရန် ဆင်ခြေတစ်ခုရှာချင်ခဲ့သော်လည်း ဤအတင်းအဖျင်း၏ အပြောင်းအလဲများနှင့် လျှို့ဝှက်ချက်များကို စဉ်းစားပြီးနောက် သူ စိတ်ပျက်သွားလေသည်။

လူတိုင်းမှာ သူတို့ကိုယ်ပိုင် ကျွမ်းကျင်မှုတွေ ရှိကြတာပဲ၊ ဟမ့်

[အဲ့ဒါက သူတို့ တွေးနေတဲ့ အရာပဲ၊ ပြီးတော့ ဒါက ပထမဆုံးအကြိမ်လည်း မဟုတ်ဘူး၊ တစ်ခုတည်း ကွာခြားချက်ကအရင်တစ်ခေါက်တွေတုန်းက သူတို့ ကလေးတစ်ယောက်လို ခိုင်လုံတဲ့ သက်သေအထောက်အထားမျိုး ချန်မထားခဲ့တာပဲ၊ အိမ်အကူအများစုက ပညာမတတ်ဘူး၊ ပိုက်ဆံပေးပြီး အလွယ်တကူ နှုတ်ပိတ်လို့ရတယ်၊ ဒါပေမဲ့ ကျိုးကျင့်ကျင့်ရဲ့ မိခင်အရင်းကတော့ ကွာခြားတယ်၊ သူက ပညာတတ်တယ်၊ သူမရဲ့ အိပ်မက်တက္ကသိုလ်က ဥပဒေကျောင်းပဲ၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကောက်ကျစ်ပြီး အရှက်မရှိတဲ့ အဖိုးကြီးကျိုးကို ရှုံးနိမ့်သွားခဲ့ရတယ်]

[ဒါကြောင့် သူမက ပလတ်စတစ်ဆာဂျရီလုပ်ပြီး အသစ်ပြန်စဖို့ ဆုံးဖြတ်လိုက်တဲ့အခါ သူတို့ကို သူတို့ကိုယ်ပိုင်ဆေးပြန်တိုက်ချင်ခဲ့တာ၊ သူမက ကျိုးကျွင်းရဲ့အမွေရထားတဲ့ တဏှာရူးတဲ့ သဘာဝကို အသုံးချပြီး၊ ယုတ်မာတဲ့ အလုပ်တစ်ခုလုပ်အောင် သူ့ကို မြူဆွယ်မယ်၊ သူ့အပြစ်ကို ခိုင်မာစေဖို့အတွက် သက်သေအထောက်အထားတွေကို လျှို့ဝှက်မှတ်တမ်းတင်မယ်၊ ပြီးတော့ အရင်က သားကောင်တွေကို ရှာဖွေပြီး အစုလိုက်အပြုံလိုက် တရားစွဲမယ်၊ သူမက သူမရဲ့ ပျက်စီးနေတဲ့ ခန္ဓာကိုယ်ကို အသုံးချပြီး ကျိုးမိသားစုတစ်ခုလုံးကို သူမနဲ့အတူ ဆွဲချသွားဖို့ လုပ်ထားတာ]

[သူတို့က သူတို့ကိုယ်သူတို့ ဖြောင့်မတ်တဲ့ လူကြီးလူကောင်းတွေ၊ ပရဟိတသမားဆွေလို ပုံဖော်ရတာကြိုက်တယ် မဟုတ်ဘူးလား၊ သူမက သူတို့ကို လူတိုင်းရွံရှာတဲ့ ပုံစံမျိုးနဲ့ အများပြည်သူရှေ့မှာ တရားစီရင်မှု ခံယူစေချင်တာ၊ အဲ့ဒါမှ သူတို့ ဘယ်တော့မှ ခေါင်းမမော့နိုင်တော့ဘဲ အရှက်တကွဲအကျိုး နည်းဖြစ်မှုရဲ့ နာကြည်းမှုတွေကို ခံစားရမှာ]

[ဒါပေမဲ့ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် နစ်နာအောင် လုပ်တာက အရမ်းကိုဆိုးလွန်းတယ်မလား လက်စားချေနိုင်လည်း ကျေနပ်စရာမကောင်းပါဘူး]

[ကိုယ့်ကိုယ်ကိုယ် ထိခိုက်နစ်နာအောင် မလုပ်ခဲ့ပါဘူး]

[ဟမ်၊ ဒါက ဘယ်လို အပြောင်းအလဲမျိုးလဲ]

အတင်းအဖျင်း ဝါသနာပါသော ပရိသတ်များသည် သူတို့၏ အသက်ကို ထပ်မံအောင့်ထားလိုက်ကြသည်။ ဤအတင်း အဖျင်းကို ကြည့်ရသည်မှာ သည်းထိတ်ရင်ဖို ရုပ်ရှင်ကြည့်ရသည်ထက် ပိုစိတ်လှုပ်ရှားဖွယ် ကောင်းနေသည်။

ဟော်ယန်သည် သူ၏ နက်ခ်တိုင်ကို တတိယအကြိမ်မြောက် ဖြေလျှော့လိုက်သည်။

စနစ်က ဆက်ပြောသည်။

[မိသားစု ညစာစားပွဲတုန်းက ငါပြောခဲ့တဲ့ အသေးစိတ်လေးကို မှတ်မိသေးလား၊ အလုပ်ဖြုတ်ခံရပြီးတဲ့နောက် ကျိုးကျင့်ကျင့်က အိမ်အကူနေရာမှာ ဝင်လုပ်ခဲ့တဲ့ ကိစ္စလေ]

[အင်း၊ မှတ်မိတယ်၊ သူက တော်တော်လေး သနားစရာကောင်းတယ်လို့ ငါထင်ခဲ့တာ၊ အဲ့ဒါတွေအကုန်လုံးက ထောင်ချောက်ဆင်ထားတာလား]

[ဟုတ်တယ်၊ ဟုတ်တယ်၊ ကျိုးကျင့်ကျင့်ရဲ့ မိခင်အရင်းက ကျိုးမိသားစုဆီ ပြန်ရောက်လာတဲ့ ပထမဆုံးနေ့မှာပဲ သူမရဲ့ သရုပ်မှန်ကို ကျိုးကျင့်ကျင့်ဆီ ဖွင့်ပြောခဲ့တာ၊ ကျိုးကျင့်ကျင့်က မွေးစားမိခင်ရဲ့ ခြယ်လှယ်မှုကို ခံနေရသလိုဟန်ဆောင်နေပေမဲ့ တကယ်တမ်းကျတော့ သက်သေအထောက်အထားတွေကို လျှို့ဝှက်စုဆောင်းနေခဲ့တာလေ၊ ခုနက နင် ခန့်မှန်းခဲ့သလိုပဲ၊ သားအမိနှစ်ယောက်က ပူးပေါင်းလုပ်ဆောင်တာ]

[ဒါပေမဲ့ ကျိုးကျွင်းက သူ့ရဲ့ သားကောင်တွေအားလုံးနဲ့ ပတ်သက်ပြီး ရဲတွေဆီမှာ ဝန်ခံပြီးသွားပြီလေ၊ ပြီးတော့ သူတို့ရဲ့ ဗီဒီယိုမှတ်တမ်းတွေတောင် ရှိသေးတယ်၊ ဒါကရော ဘာတွေ ဖြစ်နေတာလဲ]

[ဗီဒီယို မှတ်တမ်းတွေကို ပါးပါးကျိုးက ခိုးရိုက်ထားတာ၊ သူ့မှာ အဲ့ဒီလို ထူးဆန်းတဲ့ စိတ်ရှိနေတာ]

[အဲ့လိုကြီးလား]

ဘေးလူများသည် တိတ်တဆိတ် အသက်ရှူမှားသွားကြသည်။ ဤသည်မှာ သူတို့ နားထောင်သင့်ပါလား၊ ဤသတင်းမှာ အလွန်တရာမှ ပေါက်ကွဲအား ပြင်းထန်လွန်းလှသည်။

ဟော်ယန် ရင်ထဲတွင် ရွံရှာမှုများက လျှံကျလုမတတ် ဖြစ်လာသည်။ ဤသည်မှာ မည်ကဲ့သို့သော ညစ်ညမ်းလှသည့် ကိစ္စမျိုးနည်း။

[ကျိုးကျင့်ကျင့်နဲ့ သူမရဲ့မိခင်အရင်း မတိုင်ခင် သားကောင် တွေကတော့ တကယ့်ကို လူယုတ်မာတွေရဲ့ လက်ချက်နဲ့ ဒုက္ခရောက်ခဲ့ရတာ၊ ဒါပေမဲ့ ဒီသားအမိကတော့ မဟုတ်ဘူး၊ ကျိုးကျွင်း ပြစ်မှုကျူးလွန်ဖို့ ကြိုးစားတိုင်း သူတို့က သူ့ကို သောက်စရာတစ်ခုခု အရင်တိုက်လိုက်တာ၊ ဆေးခတ်ထားတဲ့ဟာပေါ့၊ အဲ့ဒါမှ သူက အောင်မြင်သွားပြီလို့ ထင်သွားအောင်လို့လေ]

[ဘုရားရေ... ဒါက မိသားစုပြဇာတ်ဖြစ်ရမှာကို၊ ငါလေး သည်းထိတ်ရင်ဖို ရုပ်ရှင်ကြည့်နေရသလို ခံစားနေရတယ်၊ ပြောတောင် မပြောပြတတ်တော့ဘူး]

[ဒါပေမဲ့ စိတ်မပူပါနဲ့၊ ကျိုးကျင့်ကျင့်ရဲ့ မိခင်အရင်းက ကျိုးမိသားစုတစ်ခုလုံးကို ဖြိုချဖို့ ရည်ရွယ်ချက်နဲ့ ပြန်လာခဲ့တာလေ၊ သူမက ဘယ်လူယုတ်မာကိုမှ လွတ်ပေးမှာ မဟုတ်ဘူး၊ ကျိုးကျင့်ကျင့်ကလည်း သူမမိခင်ရဲ့ နာကြည်းမှုတွေကိုအမြဲသိနေခဲ့တာ၊ သူမရဲ့ အပြင်ပန်းက နာခံမှုဆိုတာ ဒီနေ့လုပ်မယ့် အသေခံ တန်ပြန်တိုက်ခိုက်မှုအတွက် အစပျိုးမှုတစ်ခု သက်သက်ပဲ]

All Chapters