← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

🍁 Chapter 93

【အဲ့ဒီလို ယောက်ျားမျိုးနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ၊ သူနဲ့ ပတ်သက်မိရင် အမျိုးသမီးတွေရဲ့ ဘုံရန်သူ ဖြစ်သွားပြီး တစ်ခဏလေးတောင်ငြိမ်းချမ်းရမှာ မဟုတ်ဘူး】

【ဟုတ်တယ်၊ ဒီတစ်ခါတော့ ငါ နင့်ဘက်ကပဲ၊ ဘယ်ယောက်ျားမှ မကောင်းဘူး...】

စနစ်ကြီးသည် ကြီးမားလှသော အတင်းအဖျင်းကြီးကြောင့် နင်သွားပြီး အတော်ကြာသည်အထိ ပြန်မကောင်းနိုင်တော့ချေ။ လူသားတွေက သိပ်ကိုဆိုးရွားတာပဲ။

လူကောင်းတစ်ယောက်ဟု အတိအကျ ဆို၍မရသော ဟော်ယန် : အရမ်းကောင်းတယ် မိန်းကလေး... မင်း ငါ့အာရုံစိုက်မှုကို အောင်အောင်မြင်မြင် ရယူနိုင်သွားပြီ

နောက်ထပ် ကြီးမားသော အတင်းအဖျင်းကြီးတစ်ခု ပြီးသွားသဖြင့် အတင်းအဖျင်း ဝါသနာရှင်များသည် ယနေ့အတွက် လုံလောက်သွားပြီဟု ခံစားလိုက်ရသော်လည်း အနည်းငယ်တော့ ဗိုက်အင့်နေမိကြသည်။

စားပွဲသောက်ပွဲကြီး ပြီးဆုံးခါနီးတွင် ဧည့်သည်များအားလုံး လူစုကွဲသွားကြပြီး ယန်ယာရှန်းနှင့်အတူ ဟော်ယန်သည် ဧည့်သည်တစ်ဦးစီအား ကားပေါ်အထိ လိုက်ပို့ပေးသည်။ ရှုယင်းယင်းနှင့် ရှုယန်ဝေတို့ အလှည့်ရောက်သောအခါ ဟော်ယန်သည် အဒေါ်နှင့် တူမဖြစ်သူတို့အား ကိုယ်တိုင် အိမ်ပြန်ပို့ပေးမည်ဟု အံ့အားသင့်ဖွယ် ကမ်းလှမ်းလာလေသည်။

ဤအရာက ယန်ယာရှန်းနှင့် ရှုယန်ဝမ်တို့အား အလွန် အံ့အားသင့်သွားစေသည်။

ရှုယင်းယင်း၏မျက်လုံးများဆို အတန်ငယ်ပင် လှုပ်သွားရသည်။

【သူက ဘာလို့ ငါတို့ကို အိမ်လိုက်ပို့ချင်ရတာလဲ၊ ငါ့အဒေါ်နဲ့ ငါ့မှာ ကိုယ်ပိုင်ကားဆရာတွေရှိတာပဲ၊ ပြီးတော့ ငါတို့နဲ့ လမ်းလည်း မကြုံပါဘူး】

【အလိုမတူဘဲပြလာတဲ့ ကြင်နာမှုက အမြဲတမ်းသံသယဖြစ်စရာပဲ】

စနစ်၏လေသံမှာ မချိုသာပေ။ ဟော်ယန်သည် မကြားဟန် ဆောင်ကာ သူ့အဖွားကို တိတ်တဆိတ်မျက်ရိပ်ပြလိုက်သည်။ အဖွားယန်လည်း နားလည်သွားပြီး အမြန်ပြောလိုက်သည်။

ဒီလိုလုပ်ရင်ကော၊ ယန်ဝမ်နဲ့ အဖွားက လမ်းကြောင်းတူတယ်လေ၊ အဖွား သူ့ကိုခေါ်သွားလိုက်မယ်၊ မြေးက ယင်းယင်းကို ခေါ်သွားလိုက်ပေါ့"

"ကောင်းပါပြီ၊ ဒါဆိုလည်း ဒီလိုပဲ သတ်မှတ်လိုက်ကြတာပေါ့၊ မစ္စရှု... ကျေးဇူးပြုပြီး"

ဟော်ယန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ကျေးဇူးပြု၍...ဟူသေည လက်ဟန်ပြလိုက်ရာ သူ့ အမူအရာမှာ အနည်းငယ်မျှငြင်း ဆန်ရန် အခွင့်အရေး မပေးပေ။ ရှုယင်းယင်း မျက်နှာကြောများတွန့်သွားသည်။

【နေဦး၊ ဒါက ဖိတ်ခေါ်တာလား၊ ဒါ အတင်းအကျပ်ခိုင်းနေတာ အသိသာကြီးလေ၊ ငါ့ကို တမင်မျက်နှာပျက်အောင်လုပ်နေတာပဲ၊ ကျစ်... သူက ငါနဲ့ ရန်ငြိုးများ ရှိနေလို့လား】

ဟော်ယန်သည် သူမအား လုပ်ပြုံးတစ်ခုသာပြုံးပြလိုက်သည်။

ရှုယင်းယင်း : "..."

ရှုယန်ဝေသည် ဟော်ယန်၏မျက်နှာကို ကြည့်ကာ အံ့ဩမှုသာမက စပ်စုချင်စိတ်ပါ ဖြစ်မိသွားသည်။ သူက ငါတို့ ယင်းယင်းကို သဘောကျနေပြီများလား။

"ဒါဆိုရင်တော့ အားယန်ကို ဒုက္ခပေးရတော့မှာပဲ၊ ယင်းယင်း... အိမ်ရောက်ရင် အဒေါ့်ကို ဖုန်းဆက်ဖို့မမေ့နဲ့နော်"

ရှုယင်းယင်းသည် အဖွားယန်အား စော်ကားသလိုဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ခေါင်းသာညိတ်ပြလိုက်ရသည်။

"ဟုတ်ကဲ့၊ သိပါပြီ၊ နှုတ်ဆက်ပါတယ် အဖွားယန်၊ နှုတ် ဆက်ပါတယ် အန်တီလေး"

"ဒီနေ့ သမီးလည်း ပင်ပန်းသွားပြီ ယင်းယင်း၊ အိမ်ရောက်ရင် သေချာနားတော့နော်၊ နောက်တစ်ခါမှ တို့တွေ ပြန်ဆုံကြတာပေါ့"

"အဖွားယန်လည်း ပင်ပန်းသွားပါပြီ၊ ကောင်းသောညပါ၊ နောက်မှ တွေ့ကြမယ်"

ရှုယင်းယင်းသည် ချိုသာဖြူစင်စွာ ပြုံးပြလိုက်သည်။ ဟော်ယန်သည် သူမ၏လိမ္မာရေးခြားရှိပြီး နူးညံ့သိမ်မွေ့သောပုံစံကိုကြည့်ကာ သူမအား ယခုလေးတင် သူ အသည်းနှလုံးမရှိဟု ဝေဖန်နေခဲ့သူနှင့် ဆက်စပ်တွေးကြည့်ရန် ခက်ခဲနေလေသည်။

လူကြီးနှစ်ဦး ကားပေါ်တက်ကာ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ရှုယင်းယင်းအပြုံးသည် ချက်ချင်းပျောက်ကွယ်သွားပြီး ဟော်ယန်၏မျက်မှောင်များ စုကြုံ့သွားကာ သူ့ မျက်လုံးများလည်း တစ်စက္ကန့်အတွင်း ကျဉ်းမြောင်းသွားသည်။ ရှုယင်းယင်းသည် ရုတ်တရက် ခေါင်းလှည့်ကာ သူ့အား စူးရဲစွာကြည့်လိုက်သည်။

"အဖွားယန်လည်း သွားပြီဆိုတော့ ရှင် ဟန်ဆောင်နေစရာမလိုတော့ဘူး၊ ကိုယ့်လမ်း ကိုယ်သွားကြရအောင်"

ဟော်ယန်၏တက်ကြွနေသော အပြုအမူများကြောင့် သူမ ရှုယောင်စကားကို ယုံကြည်သွားသည်။ အဖွားယန်နှင့် အဘိုးတို့သည် တစ်စုံတစ်ရာ သဘောတူညီချက်ရရှိထားပြီး သူမအား ဤလူနှင့် နေရာချထားပေးချင်နေသည်မှာ သေချာသည်။

ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ခံစားချက်တွေနဲ့ ပတ်သက်လာရင်၊ ရင်ခုန်သံမရှိဘဲ ဘယ်လောက်ပဲ နေရာချပေးပေး အလုပ်ဖြစ်မှာ မဟုတ်ဘူး၊ သူမ လုံးဝအလျှော့ပေးမှာ မဟုတ်ဘူး။

သူမ၏ရုတ်တရက် ပြောင်းလဲသွားသော မျက်နှာထားကြောင့် ဟော်ယန် ခပ်ဟဟ ရယ်မောလိုက်မိသည်။ သူက အဲ့ဒီလောက်တောင် မုန်းစရာ‌ကောင်းနေတာလား။

သူ တမင်သက်သက် မီးလောင်ရာ လေပင့်လိုက်သည်။

"အဲ့လိုတော့ မရဘူးလေ၊ ကိုယ်က အဖွားကိုပေးထားတဲ့ ကတိကို ဘယ်တော့မှ ဖျက်လေ့မရှိဘူး"

"ကောင်းပြီလေ၊ ဒါဆိုလည်း သွားကြတာပေါ့"

ရှုယင်းယင်းသည် လက်ပိုက်ရပ်လျက် သူ့အား အရင်၀င်ရန် လက်ဟန်ပြလိုက်သည်။ ဟော်ယန်သည်သည် တုံ့ဆိုင်းမနေဘဲ သူ့ ကားရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး "အနားက ကပ်လိုက်ခဲ့၊ မျက်စိမလည်သွားစေနဲ့ဦး"

ရှုယင်းယင်းသည် သူ၏ မောက်မာသော ကျောပြင်ကို လေထဲမှနေ၍ လှမ်းထိုးလိုက်သည်။

【သူက ငါ့ကို တုံးတယ်လို့ ထင်နေတာလား၊ ဒီလောက် ခရီးတိုလေးကို မျက်စိမလည်စေနဲ့လို့ ပြောရအောင်လား၊ တကယ့် အယုတ်တမာပဲ၊ အဲ့ဒီကျောက်ခဲကောင်က အသက်ဘယ် လောက်တောင် ရှိနေပြီလဲ၊ အမြဲတမ်း အဖွားစကား နားထောင်တယ်လို့ ပြောနေတာ၊ အရမ်းမုန်းဖို့ကောင်းတာပဲ】

ဟော်ယန် ရပ်တန့်သွားပြီး အံကြိတ်လိုက်သော်လည်း သူ သူမ၏ အတွေးများကိုကြားနေရကြောင်း ထုတ်ပြော၍ မဖြစ်ပေ။ ကျစ်... fuck ငါ သည်းခံရမယ်။

သူတို့နှစ်ယောက် ကားနားသို့ တစ်ယောက်နောက် တစ်ယောက် ရောက်ရှိလာကြသည်။ အကန့်အသတ်ဖြင့် ထုတ် လုပ်ထားသော Maybach ကားကြီးသည် ညအမှောင်ထဲတွင် ချောင်းမြောင်းနေသော ကျားသစ်တစ်ကောင်ကဲ့သို့ ဇိမ်ခံဆန်ကာ ကျော့ရှင်းခန့်ညားနေသည်။

【ဒီကားကြီးက အဲ့ဒီမောက်မာတဲ့ကောင်နဲ့ဆို နှမြောစရာကြီး၊ သူက သုံးဘီးပဲ မောင်းသင့်တာ】

【ဘာလို့လဲ】

【သူ့ရဲ့ မာနတခွဲသား ဟန်ပန်တွေ လေထဲ လွင့်သွားအောင်လို့လေ】

【ဖူး... ဟားဟားဟား】

ဟော်ယန် : "..." ငါ သည်းခံရမယ်။

သူသည် သူမအတွက် ခရီးသည်ဘက်ခြမ်း တံခါးကို ဖွင့်ပေးရန် ကိုယ်ကိုကိုင်းလိုက်ပြီး လက်တစ်ဖက်အား ကားခေါင်မိုးဘေးတွင် တင်ထားကာ လူကြီးလူကောင်းဆန်ပြီးထောက် ထားစာနာတတ်သော ပုံစံပေါက်နေသည်။

【ချီး... ဒီဟန်ဆောင်ပန်ဆောင်တွေ၊ နင် အခုလိုလုပ်ပြနေတာကို ဘယ်သူက ဂရုစိုက်လို့လဲ၊ မြန်မြန်မောင်းပြီး ထွက်သွားစမ်းပါ၊ မိန်းမတစ်ယောက်လို အချိန်ဆွဲမနေနဲ့】

တံခါးလက်ကိုင်ကို ဆုပ်ကိုင်ထားသော ဟော်ယန်၏လက် သည် အနည်းငယ် တုန်ယင်သွားသည်။ နှိပ်စက်ခံရဖို့ကို ဒီလောက်တောင် စိတ်အားထက်သန်နေရအောင် သူ ရူးနေလို့လား ဟမ့်...

ဟော်ယန်သည် တံခါးပိတ်ပြီး ယာဉ်မောင်းခုံသို့ သွားနေချိန် သူ့ စိတ်ကို ပြန်ထိန်းချုပ်ရန် အသက်ကို ပြင်းပြင်းအကြိမ် ကြိမ် ရှူလိုက်ရပြီး နောက်ဆုံးတွင်မှ အနည်းငယ်ငြိမ်သက်သွားလေသည်။ အခုလိုလုပ်တာက အတင်းအဖျင်းအတွက်ပဲ။

သော်ယန်သည် ကားကိုစက်နှိုးပြီး ပင်မလမ်းမကြီးပေါ်သို့ ဖြည်းညှင်းစွာ မောင်းနှင်သွားလေသည်။ ထို့နောက် သူသည် ကား၏လမ်းညွှန်စနစ်အား တစ်ချက်ကြည့်လိုက်သည်။

"မစ္စရှု... ကျေးဇူးပြုပြီး ခင်ဗျားရဲ့ လိပ်စာလေး ရိုက်ထည့်ပေးနိုင်မလား"

"ကျွန်မက ဘာလို့ ရိုက်ထည့်ပေးရမှာလဲ၊ နောက်တစ်ကြိမ် ရှင် ကျွန်မဆီက အမြတ်ထုတ်ဖို့ ပိုလွယ်သွားအောင်လို့လား၊ ရှင်သာ မောင်းပါ... ကျွန်မ လမ်းညွှန်ပေးမယ်"

ဟော်ယန် အနည်းငယ် ဆွံ့အသွားပြီးနောက် အံ့ကြိတ်ကာ "ကောင်းပြီလေ၊ မင်း သဘောပဲ"

【ရယ်ရတယ်၊ သူက ငါ ဘယ်မှာနေလဲတောင် မသိဘဲနဲ့ ငါ့ကို အိမ်လိုက်ပို့ပေးဖို့ အလောတကြီးလုပ်နေတာ၊ သူ ငါ့အနားကပ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား၊ အိမ်မက်သာမက်နေလိုက်၊ အသေခံရရင်တောင် ငါလေးက အညံ့ခံမှာ မဟုတ်ဘူး၊ မင်္ဂလာပွဲ မဟာမိတ်ဖွဲ့တာလား၊ ငါ့ ဒီတစ်ဘဝတော့ လုံးဝ မဖြစ်စေရဘူး】

【ဟေး... ဒေါသမထွက်နဲ့၊ နင်တို့က ဒီနေ့မှ ပထမဆုံးအကြိမ် တွေ့ဖူးတာလေ၊ တကယ်လို့ သူသာ နင် ဘယ်မှာနေလဲ ကြိုသိနေရင် အဲ့ဒါက ပိုပြီးကြောက်စရာမကောင်းဘူးလား၊ သူက နှာဘူး stalker ကြီးဖြစ်သွားမှာပေါ့】

【အဲ့ဒါလည်း ဟုတ်တာပဲ】

ဟော်ယန် : နားလည်ပေးလို့ ကျေးဇူးကြီးလှပါတယ် :)

🍁 Chapter 94

ကားထဲရှိ လူနှစ်ယောက်သည် ခရီးစဉ်တစ်လျှောက်လုံး အပ်ကျသံကြားရမတတ် တိတ်ဆိတ်နေခဲ့ကြသည်။ ရှုယင်းယင်းသည် နေရပ်လိပ်စာ ပေးပြီးသွားသည့်နောက် ပြတင်းပေါက်အပြင်ဘက်သို့သာ တောက်လျှောက် ငေးမောနေခဲ့သည်။ သူမ၏ တစ်ကိုယ်လုံးမှလည်း ငါ့အနား လာမကပ်နဲ့ ဟူသော အငွေ့အသက်များ ပြင်းပြင်းထန်ထန် ဖြာထွက်နေသကဲ့သို့ပင်။

သူ့ ‌ကားမောင်း ကျွမ်းကျင်မှုကြောင့်လား၊ ဇိမ်ခံကားကြီးက သက်တောင့်သက်သာ ရှိလွန်းနေ၍လား မသိသော်လည်း သူမ ပြတင်းပေါက်အား မှီလျက် တဖြည်းဖြည်း အိပ်မောကျသွားခဲ့သည်။ ကားအနည်းငယ် ဆောင့်သွားသည့်အခါတိုင်း သူမ ခေါင်းလေးမှာ ညင်သာစွာ ယိမ်းနွဲ့သွားတတ်သည်။

ဟော်ယန်သည် ထိုမြင်ကွင်းကို မျက်လုံးထောင့်မှ ဖမ်းမိသွားပြီးနောက် လှော်ချင်စိတ်ဖြင့် ခပ်ဟဟ ရယ်မောလိုက်မိသည်။

အတင်းအဖျင်း ပြောတုန်းကတော့ တက်ကြွနေလိုက်တာ၊ ကားပေါ်ရောက်တာနဲ့ အိပ်ပျော်သွားတယ်ပေါ့လေ... ဟမ့်

သူသည် စိတ်ထဲ၌ အနည်းငယ် အနှောင့်အယှက် ဖြစ်သွားသော်လည်း ကားအရှိန်လျော့ကျသွားစေရန် ဘရိတ်အား ညင်သာစွာ နင်းပေးလိုက်သေးသည်။

စနစ်ကြီးသည် ထိုအပြုအမူများအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး ယင်းယင်းနှင့် ဤအမျိုးသားကြားတွင် ထူးခြားသော ကြိုးမျှင်လေးတစ်ခုရှိနေကြောင်း ခံစားမိသွားကာ ၎င်း မျက်နှာပေါ်တွင် မိခင်တစ်ဦးကဲ့သို့သော ကြည်နူးသည့်အပြုံးတစ်ခု ပေါ်လာသည်။

ရှုအိမ်တော်သို့ မရောက်မီ ဖြတ်ရသော နောက်ဆုံးမီးပွိုင့်တွင် ရှုယင်းယင်း နိုးလာခဲ့သည်။ သူမသည် ဘေးပတ်ဝန်းကျင် အခြေအနေကို လုံးဝသတိမထားမိသေးဘဲ အကြောဆန့်ကာ သမ်းဝေလိုက်သည်။ ထို့နောက် ပြတင်းပေါက်အပြင်ဘက်သို့ အိပ်မှုန်စုံမွှား မျက်လုံးများဖြင့်ကြည့်ရင်း ဗြုန်းခနဲ မေးမိသွားသည်။

"ဦးလေးကျန်း... သမီးတို့ ဘယ်ရောက်နေပြီလဲ"

ထိုသို့မေးလျက် သူမ ဘယ်ဘက်သို့ လှည့်ကြည့်လိုက်ချိန် ခနဲ့တဲ့တဲ့ ပြုံးနေသော ဟော်ယန်၏မျက်နှာနှင့် ပက်ပင်းတိုးသွားတော့သည်။

"မင်းက ငါ့ကို မင်းရဲ့ကားဆရာလို့ တကယ်ကြီးထင်နေတာလား"

ရှုယင်းယင်းသည် အနည်းငယ်မျှ ရှက်ရွံ့သွားခြင်းမရှိဘဲ ခပ်ဟဟ ရယ်မောကာပြန်ပြောလိုက်သည်။

"ရှင်ပဲ ကျွန်မကို အိမ်လိုက်ပို့ပေးမယ်လို့ အတင်းပြောခဲ့တာ မဟုတ်ဘူးလား၊ အခုကျမှ လာပြီး ခံစားလွယ်ပြနေတာလား"

【ရှင်က ယောက်ျားရော ဟုတ်ရဲ့လား】

ဟော်ယန် : "..."

ထိုစဉ် မီးပွိုင့်စိမ်းသွားသဖြင့် နောက်ကားထံမှ ဟွန်းတီးသံ ထွက်ပေါ်လာသည်။

ဟော်ယန်သည် အံကိုကြိတ်လျက် အကြည့်လွှဲလိုက်ပြီး စတီယာရင်ကိုသာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ကားမောင်းခြင်းကို ဆက်လက် အာရုံစိုက်နေလိုက်တော့သည်။

ရှုယင်းယင်းသည် ခပ်ဟဟ နှာမှုတ်လိုက်ပြီးနောက် သူမ၏ အကြည့်တို့က စတီယာရင်ပေါ်ရှိ သူ၏ လက်များဆီသို့ မရည်ရွယ်ဘဲ ကျရောက်သွားသည်။ သူ့ လက်ချောင်းများမှာ သွယ်လျရှည်လျားပြီး လှုပ်ရှားမှုတိုင်းတွင် ပျင်းရိပျင်းတွဲ အငွေ့အသက်များ စိမ့်ဝင်နေသည်။ သူ့ လက်ခုံပေါ်ရှိ ထင်းနေသော သွေးကြောများကလည်း ရမ္မက်ဆန်သော ဆွဲဆောင်မှုမျိုးကို ဖန်တီးပေးနေသည်။

【ဟင်း~ သူက နည်းနည်းတော့ ဂျီးများပေမဲ့ အဲ့ဒီ လက်တွေက တကယ်လှတာပဲ】

ရှုယင်းယင်း စိတ်ကူးတို့မှာ ကယောင်ကတမ်းလွင့်မျောသွားတော့မည့်ဆဲဆဲတွင် ရှောင်ချီ သတိပေးသံကြောင့် သူမအတွေးများ ရုတ်ရုတ်သဲသဲဖြစ်သွားရသည်။

【အချစ်ကလေး... ကိုယ့်ကိုယ်ကိုယ် ထိန်းစမ်းပါ၊ အခုလိုတွေ တွေးနေတာက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုမြောက်တယ်နော်】

ဟော်ယန် : "..."

ရှုယင်းယင်းသည် သူမ၏နေ့ခင်းအိပ်မက်ကို ချက်ချင်း ရပ်တန့်လိုက်ပြီး လည်ချောင်းဟန့်ကာ သူ့အား အပြစ်ရှိသူတစ်ယောက်ပမာ ခိုးကြောင်ခိုးဝှက်လှမ်းကြည့်သည်။

【ဟင်၊ သူ့နားရွက်တွေက ဘာလို့ နီနေတာလဲ၊ ငါ့အပေါ် မသန့်ရှင်းတဲ့ အတွေးတွေ တွေးနေတာများလား】

ရုတ်တရက် အငိုက်မိသွားသော ဟော်ယန် : "..."

သူသည် သူမအား စောင်းငဲ့မကြည့်ဘဲ မနေနိုင်တော့ချေ။ ထို့နောက် အသံသြရှရှဖြင့် "နောက်ဆို ငါတို့ မကြာခဏတွေ့ရဖို့ ရှိတယ်၊ ဒါကြောင့် ငါ့အပေါ် အဲ့ဒီလောက်ကြီး အထင်မသေးဖို့ အကြံပေးချင်ပါတယ်"

ပြီးတော့ ငါ့အကြောင်း စိတ်ကူးလည်းယဉ်မနေနဲ့။

"အာ... ဆောရီးပါ၊ ကျွန်မက ပြဿနာရှာတတ်တဲ့သူမို့လို့၊ ကျွန်မကို အနေရခက်အောင် လုပ်တဲ့သူတွေကိုလည်း ဘယ်တော့မှ အလျော့မပေးတတ်ဘူး၊ ရှင်က ဝန်ထုပ်ဝန်ပိုးဖြစ်တယ်လို့ ခံစားနေရရင်လည်း အဖွားယန် အလကားနေရင်း စိတ်ကူးယဉ်မနေရအောင် ရှင့်ရဲ့အတွေးတွေကို သူ့ကို တိုက်ရိုက်သာ ပြောလိုက်ပါလား"

"မင်းကရော ဘာလို့ အဘိုးရှုကို သွားမပြောရတာလဲ၊ ငါ့ကို လူကြီးစကားနားမထောင်တဲ့ မြေးမိုက်ဖြစ်အောင် လှည့်စားပြီး၊ နောက်ကွယ်ကနေ အကျိုးအမြတ်တွေ ရယူချင်နေတာပဲ၊ မင်း အကြံအစည်က တော်တော်ကြီးတာပဲ"

"ကျွန်မကတော့ သည်းခံနိုင်ပါတယ်၊ ဇာတ်အတူတူလိုက်ကပေးရုံတင်ပဲဟာ၊ အဲ့ဒါက ကျွန်မရဲ့ အထူးကျွမ်းကျင်မှုပဲ"

"ဟုတ်လား၊ ဒါဆိုလည်း ပြိုင်ကြည့်ကြတာပေါ့၊ ဘယ်သူက အရင် နောက်ဆုတ်မလဲဆိုတာလေ"

"ပြိုင်တာပေါ့၊ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ"

【တွေ့လား၊ ငါ နင့်ကို ဘာပြောခဲ့လဲ၊ အဲ့ကောင်က ကိုယ့်ကိုယ်ကိုယ် အဟုတ်ထင်ပြီး ဘဝင်မြင့်နေတာ၊ သူ့ဆီမှာ အဲ့ဒီ စရိုက်တွေ အကုန်ရှိနေတာ မဟုတ်ဘူးလား】

【အေးလေ... သူ့ဆီမှာ ရှိတော့ ရှိတယ်၊ ဒါပေမဲ့ သူ့ရဲ့ ရုပ်ရည်သွင်ပြင်က အဲ့ဒီစရိုက်ချို့ယွင်းချက်တွေ အကုန်လုံးကို ဖုံးကွယ်ပေးနိုင်တယ်၊ သူ ကြည့်ရတာ အရမ်းမျက်စိပသာဒ ဖြစ်တာပဲ】

【ဟဲ့ နင် ဘယ်သူ့ဘက်ကလဲ】

【သေချာပေါက် ရှောင်ယင်းအသင်းပေါ့၊ ဒါပေမဲ့ သူ့ရဲ့ ရုပ်ရည်လေးကို ရိုးရိုးသားသား သဘောကျတာနဲ့တော့ မပတ်သက်ပါဘူး】

ရှုယင်းယင်းသည် တိတ်တဆိတ် မျက်လုံးလှန်လိုက်မိသည်။ ငါတော့ နင့်ကို တကယ် အရှုံးပေးပါတယ်။

ကားသည် ခြံတံခါးအပြင်ဘက်တွင် ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။ ဟော်ယန်သည် စက်ရပ်လိုက်ပြီး ကားပေါ်မှဆင်းကာ ခရီးသည်ဘက်ခြမ်းသို့ လျှောက်သွားပြီးနောက် သူမအတွက် တံခါးဖွင့်ပေးလေသည်။ သူ၏ ကြီးမားသော လက်ကြီးသည် တံခါးဘောင်ကို နောက်တစ်ကြိမ် ကာပေးထားပြန်ရာ ထိုလူကြီးလူကောင်းဆန်သော အမူအကျင့်များသည် သူ၏ သွေးသားထဲတွင်ပင် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေသကဲ့သို့ရှိသည်။

【တွေ့လား၊ သူက တော်တော်လေး လူကြီးလူကောင်းဆန်တာပဲ】

စနစ်ကြီးသည် တိတ်တဆိတ် သဘောကျနေမိပြီး လူသားများ အတွဲများကို ship ကြသည့် ခံစားချက်မျိုးအား တဖြည်းဖြည်း နားလည်လာသည်။

ရှုယင်းယင်းသည် နှာခေါင်းရှုံ့လိုက်ပြီး ယဉ်ကျေးစွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ကျွန်မကို အိမ်ပြန်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာဟော်၊ နှုတ်ဆက်ပါတယ်"

【နောက်တစ်ခါ ဘယ်တော့မှ မလိုက်ဘူး】

ထို့နောက် သူမသည် ဂါဝန်ကို မလျက် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားရာ၊ မာနကြီးသော မြေခွေးမလေး တစ်ကောင်နှင့် တူနေသည်။ စနစ်ကြီးသည် သူမနောက်မှ ကျန်ရစ်ခဲ့သူကို လှမ်းကြည့်လိုက်ရာ ထိုအမျိုးသားသည် အနည်းငယ်ပြုံးနေဟန်ရှိပြီး လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ ကားကိုမှီလျက် ရှုယင်းယင်း ပျောက်ကွယ်သွားသည်အထိ လိုက်လံငေးမောနေကြောင်း မြင်လိုက်ရသည်။

ဟော်ယန်သည် တခြားသူများကို ဂရုမစိုက်တက်သော်လည်း အတင်းအဖျင်းပြောတတ်သည့် သူမ၏ပုံစံနှင့် ပညာရှိဆန်ဆန် မှတ်ချက်ပေးတတ်သည့် ပုံစံတို့ကို ပြန်လည်တွေးတောမိပြီး သူမ၏မာနတခွဲသားဖြင့် ထွက်ခွာသွားသော ကျောပြင်အားကြည့်ကာ သူ့မျက်လုံးများထဲမှ စိတ်ဝင်စားမှုတို့ တဖြည်းဖြည်း နက်ရှိုင်းလာသည်။

သူသည် မိန်းကလေးများ ဝိုင်းဝိုင်းလည်နေတတ်သူဖြစ်သော် လည်း ရှုယင်းယင်းလောက် ရဲတင်းပြီး ထူးခြားသူ တစ်ယောက်မျှ မရှိခဲ့ဖူးပေ။

သူ့ အဖွားဖြစ်သူက ရှုယင်းယင်းသည် အထူးခြားဆုံးဟု ပြောခဲ့စဉ်က အဖွားမှာ အောင်သွယ်ပေးချင်လွန်းသဖြင့် ပိုပိုသာသာပြောနေခြင်းဟုသာ သူ ထင်ခဲ့သည်။ သို့သော် ယခု သူမနှင့် တကယ်တွေ့ပြီးချိန်တွင်တော့ သူမသည် အခြားသူများနှင့် လုံးဝ ကွဲပြားခြားနားနေကြောင်း သူ သဘော ပေါက်သွားရသည်။

ရှုယင်းယင်း အိမ်ထဲသို့ ခြေချလိုက်သည်နှင့် မျက်လုံး ခြောက်လုံး၏ ဝိုင်းဝန်းစူးစိုက်ကြည့်ခြင်းကို ခံလိုက်ရသည်။

ရှုယန်ဝမ်နှင့် သူ၏ဇနီး ကျန်းရှင်းတို့အပြင် ရှုယောင်တို့သည် ဧည့်ခန်းထဲတွင် သူမအား စောင့်နေကြခြင်းဖြစ်သည်။ သူတို့အားလုံး သူမကို ကြိုဆိုရန် မတ်တပ်ထရပ်လိုက်ကြသည်။

ကျန်းရှင်း "ယင်းယင်း ပြန်လာပြီပဲ၊ ပျော်ခဲ့ရဲ့လား"

ရှုယန်ဝမ် "သမီး သဘောကျတာ တစ်ခုခု ရခဲ့လား၊ မင်း မားမား ပေးလိုက်တဲ့ ပိုက်ဆံရော လောက်ရဲ့လား"

ရှုယောင်ယောင် "ကျဲ... စိတ်ဝင်စားစရာ တစ်ခုခုများ ဖြစ်ခဲ့သေးလား၊ ပြောပြပါဦး"

ရှုယင်းယင်းသည် သူတို့အားလုံး၏ စိတ်အားထက်သန်နေသော မျက်လုံးများထဲမှ အကဲခတ်နေသော အရိပ်အယောင်များကို ဖတ်ရှုလိုက်မိပြီး စိတ်ဝင်စားစရာ တစ်ခုခု မျှဝေရန် ရှုယောင်က မေးလိုက်သောအခါ ဘာကိုဆိုလိုကြောင်း သူမ ချက်ချင်းနားလည်သွားသည်။

အဖွားယန်နှင့် အဘိုးရှုတို့သည် သူမနှင့် သော်ယန်ကို နေရာချပေးရန် အောင်သွယ်နေကြခြင်းကို သူမကလွဲ၍ လူတိုင်း ကြိုသိနေခဲ့ပုံရသည်။ ကောင်းတယ်၊ အရမ်းကောင်းတယ် :)

ရှုယင်းယင်းသည် လေလံပွဲအကြောင်း အသေးစိတ်ကို စတင်ပြောပြရာ လေလံကျင်းပသူနှင့် သူဌေးများ၏ မြန်ဆန်သော အရောင်းအဝယ်များအကြောင်းအပြင် ဟင်းလျာများ မည်မျှ အရသာရှိကြောင်းကိုသာ အဓိကထား ပြောပြသည်။ သူမသည် အဆုံးတွင် ဟော်ယန်အား လေးစားအားကျဟန်ပင် သက်သက် ဟန်ဆောင်လိုက်သည်။

"အဲ့ဒီအကြောင်း ပြောရရင်လေ အဖွားယန်ရဲ့ မြေးက တကယ်ကို အံ့ဩစရာကောင်းတယ်၊ သူက ပစ္စည်းဆယ်ခုမှာ ကိုးခုလောက်ကိုဝယ်ပစ်လိုက်တာ၊ တစ်ညတည်းနဲ့ သန်း ၁၁၀၀ တောင် သုံးပစ်လိုက်တာလေ၊ အရမ်းကို ချမ်းသာတာပဲ"

သူမ သူဌေးမိဘနှစ်ပါး၏မျက်နှာပေါ်တွင် ဖော်ပြရခက်သော အမူအရာများ ပေါ်လာသည်။

"မဟုတ်သေးဘူး သမီးလေးရဲ့၊ သမီး အာရုံစိုက်နေတဲ့ အချက်က နည်းနည်း လွဲမနေဘူးလား၊ ပိုက်ဆံအကြောင်းချည်းပဲလား၊ သူက ချောရဲ့လား၊ စရိုက်ရော ကောင်းလား၊ သမီး လက်တွဲလို့ရမယ့် လူမျိုးလား၊ အမေ့ကို အရိပ်အမြွက်လေးလောက်တော့ ပေးပါဦး"

ဇနီးမောင်နှံနှစ်ဦးသည် ရှုယောင်နှင့် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ပေါ့ပေါ့ပါးပါးပင် ဝင်ပြောလိုက်သည်။

"ဟော်ယန်က Wall Street ရဲ့ ထိပ်တန်း ဘဏ္ဍာရေး သူဌေးကြီးတွေထဲက တစ်ယောက်ဖြစ်ပြီး စီးပွားရေးအမြင် စူးရှတယ်လို့ ကြားဖူးတယ်၊ သူက အမြဲတမ်း အမြတ်အစွန်းရအောင် လုပ်နိုင်တာတဲ့၊ ပုံမှန်အားဖြင့် ဒီလိုစီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ခပ်တည်တည် နေတတ်ကြတာလေ၊ သူရော အဲ့လိုပဲလား"

All Chapters