အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
🫧 Chapter 25
"ဘိုးဘေးတို့ရေ... ခင်ဗျားတို့ရဲ့ မြေးမြစ်လေးက လာနှုတ် ဆက်တာပါဗျာ"
"ကျွန်တော့်ကို သနားတယ်ဆိုရင် ကိုယ်ထင်ပြပြီး အတတ် ပညာလေးတွေ လက်ဆင့်ကမ်းပေးကြပါဦး"
"ခင်ဗျားတို့ရဲ့ မြေးမြစ်ချူးဟောက်မင်က ရိုးရိုးသားသားနဲ့ အသည်းအသန် တောင်းဆိုနေတာပါ"
မှောင်မှိန်နေသော အိပ်ခန်းထဲတွင် ဝဖြိုးသော လူရိပ်တစ်ခုက အမွှေးတိုင်စင်ရှေ့၌ ဒူးထောက်ကာ အသည်းအသန် ရှိခိုးနေသည်။
လိုက်ကာကြားမှ ဖြာကျလာသော အလင်းရောင်အောက်တွင် အခန်းတစ်ခုလုံး၌ မိန်းကလေးချောချောလေးများ၏ နံရံကပ် ပိုစတာများကို တွေ့ရမည်။
ပြီးတော့ အခန်းအပြည့် မိန်းကလေးချောချောလေးများ၏... အရုပ်များလည်း ရှိသေးသည်။
ထိုအရုပ်များမှာ 2D (Anime) စတိုင်ဖြစ်၏။
ချူးဟောက်မင်းသည် သူ့ ဘိုးဘေးများထဲတွင် မည်သူက တော်သလဲဆိုသည်ကို မသိပေ။
' ဒါပေမဲ့ ဘာအရေးလဲ ဘိုးဘေးအားလုံးကို ရှိခိုးနေရင် ရပြီ မဟုတ်လား'
'သူ လောဘလည်း မကြီးပါဘူး၊ ဒီလောက်များတဲ့ ဘိုးဘေးတွေထဲက တစ်ယောက်ယောက် ကိုယ်ထင်ပြရင်ကို ကျေနပ်ပါပြီ'
ထိုသို့သော အတွေးဖြင့် သူသည် Rem (Anime character) ဖက်လုံးကြီးကို ဖက်ကာ ချိုမြိန်စွာ အိပ်ပျော်သွားတော့ သည်။
ဤသို့ဖြင့် သူသည် တစ်ရက်နှင့် တစ်ညတိုင်တိုင် အိပ်ပျော်သွားခဲ့သည်။
သူက တကယ်ကြီး ဘိုးဘေးတစ်ယောက် ကိုယ်ထင်ပြလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
"ဟွန့် ၊ ငါ့ချူးမိသားစုရဲ့ မျိုးဆက်က ဘာလို့ ဒီလောက်တောင်အသုံးမကျတဲ့ ပုံစံနဲ့ အသက်ရှင်နေရတာလဲ"
ဘိုးဘေးက နှာခေါင်းရှုံ့ကာ အထင်သေးနေသော်လည်း သင်ပေးစရာရှိသည်ကိုမူ လက်တွန့်မနေပေ။
ဘိုးဘေးမှာ လက်သမားဆရာ တစ်ဦးဖြစ်ပြီး သူ၏လက်ထဲတွင် မည်သည့်သစ်သားမဆို သူဖြစ်ချင်သောပုံစံသို့ ပြောင်း လဲသွားကာ အသက်ဝင်လွန်းလှသဖြင့် နတ်ဘုရား၏လက်များဟုပင် ထင်မှတ်ရသည်။
"ဒါကို ကျွန်တော်လည်း လုပ်နိုင်တာပေါ့"
ပြန်နိုးလာချိန်တွင်မူ...
ချူးဟောက်မင်း မီးဖိုချောင်သို့ တန်းပြေးတော့သည်။
ဓားကိုကိုင်ကာ အိမ်က သစ်သားထိုင်ခုံကိုစတင် 'ပုံဖော်' တော့သည်။
ခဏချင်းမှာပင် 2D မိန်းကလေး Rem ၏ ရုပ်ထုလေး ထွက်ပေါ်လာသည်။
' ဇာနားလေးများ၊ ဆံပင်တိုလေးများ၊ အိမ်ဖော်ဝတ်စုံလေးတစ်ခု...'
"ဟားဟားဟား... 2D ကမ္ဘာကြီးရေ... ငါ ချူးဟောက်မင် လာပြီဟေ့"
"ဟားဟားဟား"
ရယ်နေရင်းပင် ခန္ဓာကိုယ်က ပျော့ခွေသွားကာ သစ်သားစများကြားထဲ လဲကျသွားကာ လှုပ်ပင်မလှုပ်နိုင်တော့ပေ။
ဗိုက်ထဲက ဆာလောင်သံမှာ အခန်းထဲ၌ ဟိန်းထွက်နေသည်။
ခဏအကြာတွင် သူသည် လက်ကို တုန်တုန်ရီရီ ဆန့်ထုတ်ကာ ဖုန်းကို ကောက်ကိုင်လိုက်ကာ Delivery မှာလိုက်သည်။
ပြီးလျှင် ဓာတ်ပုံတစ်ပုံ ရိုက်ကာ ပျော်ရွှင်စွာဖြင့် Friend Page တွင် တင်လိုက်တော့သည်။
[ငါက အိမ်ထဲအောင်းနေတဲ့ အိုတကုတစ်ယောက်မဟုတ်တော့ဘူးနော်] {ပုံ}
'လက်သမားဖြစ်တော့ ဘာဖြစ်လဲ'
'အိမ်ထဲအောင်းနေတဲ့သူ ဖြစ်တော့ ဘာဖြစ်လဲ'
'သိုင်းပညာတွေ၊ ဟင်းချက်တာတွေ မဟုတ်တော့ကော ဘာဖြစ်လဲ'
'သူ ချူးဟောက်မင်လည်း လက်သမားပညာနဲ့ ကိုယ်ပိုင်ကမ္ဘာတစ်ခု တည်ဆောက်နိုင်ပြီဟေ့'
'2D ကမ္ဘာကြီးရေ ငါလာပြီ'
...
စုန့်ချင်မှာ ဆေးပညာရှင် မျိုးရိုးဖြစ်၏။
သူမသည် ငယ်စဉ်ကတည်းက အဖိုးဖြစ်သူထံတွင် ဆေးပညာသင်ယူခဲ့သည်။
တက္ကသိုလ်ဝင်တန်းပြီးနောက် နာမည်ကြီး ဆေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ကာ လေးနှစ်ဆက်တိုက် တစ်ကျောင်းလုံး ပထမ ရခဲ့သည်။
ဘွဲ့ရပြီးနောက် ဆေးရုံတွင် အတွေ့အကြုံ ဝင်ယူခဲ့သည်။
သုံးနှစ်အတွင်းမှာပင် သူမသည် ငယ်ရွယ်သော ဒုတိယအကြီးတန်းဆရာဝန် ဖြစ်လာခဲ့သည်။
သူမ၏ရာထူးနေရာကို မနာလိုသူများက ဤသည်မှာ ပါရမီကြောင့်ဟု ထင်ကြသော်လည်း သူမကိုယ်တိုင်သာလျှင် နောက်ကွယ်တွင် မည်မျှ ကြိုးစားခဲ့ရသည်ကို သိသည်။
အိမ်မက်ထဲမှာတောင် ဆေးပညာဆိုင်ရာ အသုံးအနှုန်းတွေကို ကျက်နေပြီး ခွဲစိတ်မှုတွေကို လေ့ကျင့်နေခဲ့တာဖြစ် သည်။
"ဟဲ့... ဟဲ့... မိန်းကလေး၊ နင်က လူ့ဗိုက်ကို ဒီအတိုင်းကြီးလှီးထုတ်လိုက်တာလား"
အဘိုးကြီးတစ်ဦး၏ပုံရိပ်က ရုတ်တရက် ပေါ်လာကာ အံ့ဩတကြီး အော်ဟစ်တော့သည်။
မကြာသေးမီက 'ဘိုးဘေး' ကိစ္စက နာမည်ကြီးနေသော် လည်း စုန့်ချင့်က မိမိကိုယ်ကိုယ်နှင့် ခေတ်သစ်ဆေးပညာကိုသာ ယုံကြည်သဖြင့် ဘိုးဘေးတွေကို အထူးတလည် သွားမရှိခိုးခဲ့ပေ။
သို့သော် ဘိုးဘေးက အိမ်အရောက်လာရှာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
...
စုန့်မိသားစု ဘိုးဘေးကြီးကတော့ လာကြည့်ရုံသက်သက်သာ ဖြစ်သည်။
အကြောင်းမှာ ယခုခေတ် လူ့လောကမှာအများကြီးပြောင်းလဲ သွားပြီဖြစ်သလို၊ ဆေးပညာကလည်း အရင်နှင့် မိုးနဲ့မြေလို ကွာခြားသွားပြီဟု ကြားသိရသောကြောင့်ဖြစ်သည်။
ထို့ကြောင့် သူက လာရောက်လေ့လာကာ နှစ်ပေါင်းထောင်ချီအကြာတွင် လူသားတို့ ဆေးပညာကို မည်သည့်အဆင့်အထိ တိုးတက်အောင် လုပ်ထားသလဲ၊ သူ့ထက်သာသော အသစ် အဆန်းတွေ ရှိမလားဆိုသည်ကို သိချင်နေခြင်းဖြစ်သည်။
စုန့်မိသားစု၏ မျိုးဆက်သစ် စုန့်ချင့်ကို ကြည့်ကာ သူက "မိန်းကလေး" လို့ပဲ သတ်မှတ်ထားသည်။
"ဒီအရွယ်ဆိုရင် ဆေးမြီးတို နာမည်တွေပဲ အသည်းအသန် ကျက်နေရဦးမှာပါ"
သူ သိပ်ပြီး မျှော်လင့်ချက် မထားပါချေ။
ထိုကလေးမလေးက ထူးဆန်းသော တွန်းလှည်းဖြင့် လူနာကို အခန်းထဲ တွန်းသွင်းသွားသည်ကို သူ ကြည့်နေသည်။
ထို့နောက် လူတစ်စုက လိုအပ်သော ကိရိယာများကိုပြင်ဆင်ကာ လူနာကို ဝိုင်းလိုက်ကြသည်။
သူကတော့ လက်ပိုက်ကာ အမှောင်ထဲကနေ အေးအေးဆေး ဆေး ကြည့်နေလိုက်သည်။
မထင်မှတ်ထားသည်မှာ ကြည့်နေရင်းပင် ထိုကလေးမလေးက လူနာ၏ဗိုက်ကို တိုက်ရိုက် ခွဲလိုက်ခြင်းပင်။
ထို့ကြောင့်သူ ချက်ချင်းမနေနိုင်တော့ပဲ အာချောင်မိလိုက်၏။
'နှစ်ပေါင်းထောင်ချီအကြာမှာ ဆေးပညာက မတိုးတက်ဘူးဆိုရင်တောင် ဒီကလေးမလေးကိုတော့ ပေါက်ကရတွေ လုပ်ခွင့်မပေးနိုင်ဘူး'
သူ ချက်ချင်း ထွက်လာကာပြောလိုက်သည်။
"မိန်းကလေး၊ နင်က လူ့ဗိုက်ကို ဘာလို့ ဒီအတိုင်းကြီး လှီးထုတ်လိုက်တာလဲ"
ရုတ်တရက်ဖြစ်သဖြင့် စုန့်ချင် လန့်သွားသော်လည်း မတုန် လှုပ်ပေ။
"ရှင်က..."
စုန့်မိသားစု ဘိုးဘေးက နာမည်ကို ပြောပြလိုက်ပြီး စုန့်ချင်၏ တုံ့ပြန်မှုကို ဂုဏ်ယူစွာ စောင့်ဆိုင်းနေလိုက်သည်။
'သူက ဆေးပညာအလွန်တော်သော ဘိုးဘေးကြီးလေ'
'ဒီကလေးမလေးက လူလည်ဆိုရင် ချက်ချင်းဆရာတင်တော့မှာပေါ့'
"..."
စုန့်ချင့် စဉ်းစားကြည့်သော်လည်း ထိုလူကို မမှတ်မိပေ။
အကြောင်းမှာ ခေတ်များအများကြီး ပြောင်းလဲခဲ့သဖြင့် မျိုးရိုးစာရင်းများ အများကြီး ပျက်စီးခဲ့ရသောကြောင့် ဖြစ်သည်။
ထို့ကြောင့်သူမက စမ်းသပ်မေးမြန်းလိုက်သည်။
"... ဘိုးဘေးကြီးလား"
'သူမက ဘိုးဘေးကို သွားမရှိခိုးခဲ့ပေမဲ့ ဘိုးဘေးကတော့ အိမ်အရောက် လာရှာတာပဲ'
"အင်း"
"နေကောင်းလား ဘိုးဘေးကြီး"
"အင်း"
ဘိုးဘေးကြီးက ခေါင်းကို မောက်မောက်လေး ငြိမ့်ပြလိုက်သော်လည်း စုန့်ချင်ဆီက ဆက်ပြောမည့်စကားကို မကြားရပေ။
ငုံ့ကြည့်လိုက်တော့ စုန့်ချင်က ခွဲစိတ်မှုကို ဆက်လုပ်နေသည်ကို တွေ့လိုက်ရသည်။
ခဏအကြာတွင် သူက စောစောက မေးခွန်းကို ထပ်မေးလိုက်သည်။
"ကလေးမလေး... နင် ဒီလိုလုပ်ရင် လူသေလိမ့်မယ်လေ၊ နင့်အဖေ သိရင် နင့်ဖင်ကို ရိုက်လိမ့်မယ်"
စုန့်ချင်က ခွဲစိတ်ဓားကို တည်ငြိမ်စွာ ကိုင်ထားရင်း အေးအေး ဆေးဆေး ပြန်ပြောလိုက်သည်။
"ဘိုးဘေးကြီး... ဘိုးဘေးက ခေတ်နောက်ကျနေပြီ။"
"ဒါက အနောက်တိုင်းဆေးပညာရဲ့ ကုသနည်းလေ"
"လူမသေတဲ့အပြင် လူကိုတောင် ကယ်နိုင်သေးတယ်"
"ပြီးတော့ ဘိုးဘေးတို့ အရင်က မကုနိုင်ခဲ့တဲ့ ရောဂါတွေကို အခုခေတ်မှာ အကုန်လုံးနီးပါးကုနိုင်နေပြီ"
စကားပြောရင်း စုန့်ချင်ခေတ္တရပ်ကာ ဘိုးဘေးကြီးကို မော့ကြည့်လိုက်သည်။
"ဘိုးဘေးကြီး... ရှင်ကော ဒီမှာနေပြီး လေ့လာကြည့်ချင်လား"
ဘိုးဘေးကြီး ပေါ်လာကတည်းက ဤသည်မှာ အိမ်မက်ထဲမှာ ဖြစ်နေမှန်း သူမ သိထားသဖြင့် မလောတော့ပေ။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဘိုးဘေးကြီး နားထဲတွင်တော့ ဤစကားများမှာ ဒဏ္ဍာရီထဲက စကားတွေလို ဖြစ်နေသည်။
' ခန္ဓာကိုယ်ကြီး ဒဏ်ရာရသွားတာကို ဘယ်လိုကယ်မှာလဲ'
' အပ်နဲ့ချည်နဲ့ လူကို ပြန်ချုပ်တာလား'
'ဒါက တကယ်ကြီး လူကို ကယ်နိုင်တာလား'
သူသည် စုန့်ချင့် ဖန်တီးထားသော ခွဲစိတ်ခန်းထဲတွင် လှည့်ပတ်ကြည့်ရှုနေသည်။
စတုရန်းပုံ သေတ္တာလေးကို လက်ညှိုးထိုးကာ မေးလိုက်သည်
"ဒါက ဘာလဲ"
စုန့်ချင့် ပြုံးကာ "မေ့ဆေးပေးစက်လေ"
"တစ်ကိုယ်လုံး မေ့ဆေးပေးဖို့ သုံးတာ၊ ဆရာဝန်က ဒါကနေတစ်ဆင့် လူနာရဲ့ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း၊ သွေးဖိအား စတာတွေကို ထိန်းချုပ်လို့ ရတယ်"
"ဒါဆို ဒီလင်းထိန်နေတဲ့ အရာကြီးကော"
"ဒါကတော့ အရိပ်ပျောက်မီးလေ၊ ခွဲစိတ်နေတုန်းမှာ ဘာအရိပ်မှမရှိအောင် လုပ်ပေးလို့ ခွဲစိတ်မှုကို ပိုပြီးချောမွေ့စေတယ်"
"..."
အမေးအဖြေတွေကြားမှာ စုန့်မိသားစု ဘိုးဘေးကြီးမှာ ခေတ် သစ်ဆေးပညာကို အလွန်အမင်းအံ့ဩသွားတော့သည်။
ဆေးပညာက ဒီအဆင့်အထိ တိုးတက်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
စုန့်ချင်ကလည်း အိမ်မက်ထဲတွင် ခွဲစိတ်မှု နမူနာအမျိုးမျိုးဖြင့် ဘိုးဘေးကြီးကို ကုသနည်းတွေအကြောင်း ရှင်းပြနေ သည်။
ရှေးခေတ်က ဆေးပညာ အခြေအနေမှာ ခေတ်နောက်ကျနေသော်လည်း ယူစရာ အချက်အလက်များစွာ ရှိသည်မှာ အမှန်ပင်။
ထို့ထက် ပိုသည်မှာ ဘိုးဘေးကြီး နှစ်ပေါင်းများစွာ စုဆောင်းခဲ့သော အတွေ့အကြုံများမှာ အလွန်တန်ဖိုးရှိလှသည်။
၎င်းတို့က စုန့်ချင်အတွက် အတွေးအမြင်သစ်များကို ပေးစွမ်းနိုင်သည်။
တစ်ယောက်က လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက လူ၊ နောက်တစ်ယောက်က နှစ်ပေါင်းထောင်ချီအကြာက လူ။
သူတို့ရဲ့ စကားဝိုင်းမှာ ဆွေးနွေးတာထက်စာလျှင်... နှစ်ပေါင်းထောင်ချီ ခြားနားနေသော ဆေးပညာ တိုက်ပွဲ (သို့မဟုတ်) အတတ်ပညာ နှီးနှောဖလှယ်ပွဲနှင့် ပိုတူလှသည်။
တစ်ခါတလေ ရောဂါတစ်ခုအကြောင်း ဆွေးနွေးရင် ငြင်းခုံကြသေးသည်။
"..."
စုန့်ချင်သည် အိမ်မက်ထဲက အချိန်နှင့် ပြင်ပက အချိန် တူ၊ မတူမသိပေ။
အိမ်မက်ထဲမှာတော့ ရက်ပေါင်းများစွာ ကုန်ဆုံးသွားသလို ခံစားရသော်လည်း ပြန်နိုးလာချိန်တွင်မူ တစ်ညတာ အိပ်စက်ခဲ့ရုံသာ ရှိသေးသည်။
ထို့နောက် သူမသည် Alarm ကို ပိတ်လိုက်ကာ သူမကိုယ် သူမ ပြင်ဆင်ပြီး ဆေးရုံသို့ထွက်လာခဲ့တော့သည်။
🫧 Chapter 26
ဆေးရုံတွင်...
စုန့်ချင် ရုံးခန်းသို့ ရောက်လာသောအခါ စားပွဲပေါ်တွင် မနေ့က အဖြေမထုတ်နိုင်ခဲ့သော လူနာမှတ်တမ်းကို သူမ တွေ့လိုက်ရသည်။
ယခုတစ်ခေါက် မှတ်တမ်းကို အစမှအဆုံး ပြန်လည်သုံးသပ်ကြည့်ချိန်တွင် သူမ၌ အတွေးသစ်တစ်ခု ရလာတော့သည်။
"ဒီနေရာမှာသာ ဘိုးဘေးရဲ့ နည်းလမ်းကို သုံးလိုက်ရင်... ဒီလိုမျိုး... ပြီးရင်..."
"ဒါ... ဒါ ဖြစ်နိုင်တယ်"
အနောက်တိုင်းဆေးပညာကို အမြဲလေ့လာခဲ့သော စုန့်ချင်သည် ယခုအခါ တရုတ်တိုင်းရင်းဆေးပညာဘက်သို့ စတင်အာရုံစိုက်လာခဲ့သည်။
အနောက်တိုင်းဆေးပညာတွင်လည်း သူ့အားသာချက်နှင့်သူ ရှိသလို တိုင်းရင်းဆေးပညာတွင်လည်း သူ့အားသာချက်နှင့်သူ ရှိသည်။
'အကယ်၍ နှစ်မျိုးလုံးကို ပေါင်းစပ်ပြီး အားနည်းချက်ကို ဖုံး၊ အားသာချက်ကို ဖော်နိုင်မည်ဆိုလျှင် ပိုကောင်းမည် မဟုတ်ပါလား'
...
ဘိုးဘေးတွေကို ကန်တော့သူများက အများကြီးရှိသော် လည်း အဆင်ပြေပြေနှင့် ခေါ်ယူနိုင်သူကတော့ အလွန်နည်းပါးလှသည်။
ထိုအထဲတွင်မှ ချူးဟောက်မင် နှင့် စုန့်ချင် တို့ကဲ့သို့ အမွေ အနှစ်ကို တိုက်ရိုက်ဆက်ခံနိုင်သူက ပိုမိုရှားပါးလှသည်။
အချို့ဆိုလျှင် ဘိုးဘေးကို မြင်မြင်ချင်းမှာပင် အိမ်မက်ထဲကနေကန်ထုတ်ခံရသည်။
ဤမြေးမြစ်များ တစ်ခုခုဖြစ်သွားမှာကို ဘိုးဘေးတွေက စိုးရိမ်သောကြောင့်ဖြစ်သည်။
'လူကြီးများ၏ အယူအဆမှာ အသေကောင်ကို အိမ်မက်မက်တာ မင်္ဂလာဘူးဟု ယူဆကြသည် မဟုတ်လား'
မြေးမြစ်များ မှာတော့ "မလုပ်ပါနဲ့ ဘိုးဘေးကြီးရယ်" ဟု အော်ဟစ်ကျန်ရစ်ခဲ့ရုံသာ ရှိတော့သည်။
အချို့ဘိုးဘေးများကတော့ မိမိကိုခေါ်နေသော ဤမြေးမြစ်က ဘယ်သူမှန်းတောင် မေ့နေကြပြီဖြစ်၏။
သို့သော် တွေ့ဆုံရခြင်းမှာ ရေစက်ဟု သတ်မှတ်ကာ တစ်ခု၊ နှစ်ခု သင်ပေးလိုက်ကြသည်။
သို့သော် သင်ပေးရင်းနှင့်မှ ဤမြေးက တကယ်ကြီး ညံ့လွန်းနေမှန်း သိသွားချိန်တွင်တော့ ဘိုးဘေးကိုယ်တိုင်ဗြုန်းခနဲ ထွက်ပြေးသွားတော့သည်။
ဘိုးဘေးတို့၏ အမွေအနှစ်ဆိုသည်မှာ...
ကောင်းကောင်းသင်ယူနိုင်လျှင် နာမည်နှင့် စည်းစိမ်ရမည်။
ကောင်းကောင်းမသင်ယူနိုင်လျှင်တော့ သရဲကားတစ်ကား ဖြစ်သွားပေလိမ့်မည်။
...
အမွေအနှစ် ဆက်ခံနိုင်သူများမှာမူ ကြီးမားသော ကံကောင်းခြင်းများကို ရရှိကြသည်မှာ မြေကြီးလက်ခတ်မလွဲပင်။
တစ်ဦးမှာ အပင်စိုက်ပျိုးနည်း ဗဟုသုတများစွာကိုတတ် မြောက်သွားပြီး ဘိုးဘေး၏အကူအညီဖြင့် ဆင်းရဲသော တောင်ပေါ်ဒေသမှ ရုန်းထွက်နိုင်ခဲ့သည်။
အချို့မှာမူ လက်ရှိလောကတွင် အောင်မြင်မှုကြီးမားသူများ ဖြစ်သဖြင့် ဘိုးဘေး၏ရှေးရိုးစွဲ အယူအဆများကို လက်မခံချင်ကြပေ။
အိမ်မက်ထဲတွင် ဘိုးဘေးနှင့် အငြင်းပွားကာ ဘယ်သူက ပိုတော်သလဲဆိုသည်ကိုပင် ပြိုင်ဆိုင်ကြသေးသည်။
'တော်တဲ့သူ့စကားကို နားထောင်ကြစတမ်းပေါ့'
နူးညံ့သော မိန်းကလေးတစ်ဦးမှာမူ ကခြင်း၊ သီခြင်း တတ် မြောက်သော ဘိုးဘေးတစ်ဦးကို ခေါ်ယူနိုင်ခဲ့သည်။
ရှေးဟောင်းအက တစ်ပုဒ်ဖြင့် လူပေါင်းများစွာကို မှင်သက်သွားစေခဲ့ကာ သူမ၏အိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့သည်။
လူတိုင်းက သိုင်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကိုပဲ တောင်းဆိုနေကြချိန်တွင်... တစ်စုံတစ်ယောက်က ဗေဒင် ပညာကို တိတ်တဆိတ်တတ်မြောက်သွားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။
ထိုပညာမှာ လောက၏ အမှောင်အလင်း၊ ဓာတ်ကြီးငါးပါးကို ခွဲခြားနိုင်ပြီး လက်ဖဝါးပေါ်က နေနှင့်လကို ကြည့်ကာ ကံကြမ္မာကို ဟောနိုင်ခြင်းဖြစ်၏။
...
အစပိုင်းတွင် ကျန်းရှန်ကို ဘိုးဘေးက အရည်အချင်း ညံ့လွန်းသည်ဟုဆိုကာ အိမ်မက်ထဲကနေ ကန်ထုတ်ခဲ့သည်။
နိုးလာချိန်တွင် ကျန်းရှန်သည် လက်မလျှော့ဘဲ ဘိုးဘေးကို အရင်ရှိခိုးသည်။
"ဘိုးဘေးကြီး... ကျွန်တော် ကြိုးစားပါ့မယ်"
ထို့နောက် ရှေးဟောင်းစာအုပ်ပုံကြီးကိုဝယ်ယူကာ အသည်း အသန် လေ့လာတော့သည်။
ညဘက်ရောက်လျှင် စောစောစီးစီးရှိခိုးကာ အိပ်စက်သည်။
ထို့နောက် ထပ်မံ၍ ကန်ထုတ်ခံရပြန်သည်။
"မင်းရဲ့ ကြိုးစားမှုက ဘာမှအသုံးမကျဘူး၊ ဝေးဝေးသွားစမ်း"
"ကျွန်တော် လက်မလျှော့ဘူး"
ကျန်းရှန်သည် ရှုံးလေ ကြိုးစားလေ ဖြစ်နေသည်။
"ဘိုးဘေးကြီး... ခင်ဗျားရဲ့ အမွေအနှစ်က ဒီခေတ်မှာ ဘယ်လိုမျိုး တောက်ပလာမလဲဆိုတာ မကြည့်ချင်ဘူးလား ဒီနှစ်ပေါင်းထောင်ချီအကြာက ကမ္ဘာကြီးမှာ ခင်ဗျားရဲ့ အစွမ်းကို ထပ်ပြီးပြချင်စိတ် မရှိဘူးလား"
"..."
ဤစကားက ဘိုးဘေး၏စိတ်ကို အနည်းငယ် လှုပ်ခတ်သွားစေသည်။
လူအများစုမှာ ငွေကြေးနှင့် အကျိုးအမြတ်ကို မမက်မောကြသော်လည်း မိမိတို့၏ တစ်ဦးတည်းသော အတတ်ပညာအတွက်မူ အလွန်ဂုဏ်ယူတတ်ကြသည်။
'အကယ်၍ သမိုင်းတွင် နာမည်ကျော်ကြားနိုင်မည်ဆိုလျှင်... လူတို့၏ မှတ်ဉာဏ်ထဲတွင် ထာဝရ ရှင်သန်နေနိုင်မည် မဟုတ်ပါလား'
"... ဟွန်း၊ ကောင်လေးက စကားတော့ အပြောကောင်းသားပဲ"
အကြိမ်ပေါင်းများစွာ ကန်ထုတ်ခံရပြီးနောက် ကျန်းရှန်သည် ဘိုးဘေးနှင့် ပြန်လည် ဆုံတွေ့ခွင့်ရခဲ့သည်။
ခဏအကြောတွင် သူသည် မှတ်စုစာအုပ်လေးကို ကိုင်ကာ အသည်းအသန် သင်ယူတော့သည်။
ထို့နောက်
"ထွက်သွားစမ်း...မင်းလောက် အရည်အချင်းညံ့တဲ့သူမျိုး တစ်ခါမှ မတွေ့ဖူးဘူး"
ဤသို့ဖြင့် အခါပေါင်းများစွာ ကန်ထုတ်ခံရပြီးနောက် ကျန်းရှန်သည် ဗေဒင်ပညာ၏ အခြေခံကို နောက်ဆုံးတွင် ဆုပ်ကိုင်နိုင်ခဲ့သည်။
ထိုအချိန်တွင် ဘိုးဘေးက သူ့ကို တာဝန်တစ်ခု ပေးအပ်လိုက်သည်။
"လမ်းဘေးမှာ သွားပြီး လူတွေကို ဗေဒင်ဟောပေးချေ"
"ဟုတ်ကဲ့ပါ ဘိုးဘေးကြီး"
ကျန်းရှန်မှာ စိတ်လှုပ်ရှားသလို စိုးရိမ်စိတ်လည်း ရှိနေသည်။
သို့သော် အနာဂတ်အတွက် ပို၍ မျှော်လင့်မိသည်။ သူ၏ ဗေဒင်ပညာက လူသားတွေကို ဘယ်လောက်အထိ ပြောင်းလဲပေးနိုင်မလဲဆိုတာကို သူ သိချင်နေပြီလေ။
...
အမွေအနှစ် ဆက်ခံသူ အများအပြားမှာ ဘိုးဘေးများပေးသော တာဝန်လေးများကို လက်ခံရရှိကြသည်။
အချို့မှာ လမ်းဘေးတွင် ပလွေ ကို အသည်းယားစရာ ကောင်းအောင် မှုတ်ပြရသည်။
အချို့မှာ ဟင်းချက်ပြိုင်ပွဲဝင်ကာ ချန်ပီယံဆု ယူမည်ဟု ကြုံးဝါးနေကြသည်။
အချို့မှာ လမ်းဘေးတွင် ဖျာခင်းထိုင်ကာ ဒင်္ဂါးပြားလေးတွေနှင့် ဗေဒင်ဟောပေးနေကြသည်။
TikTok (Short Video) စာသားများကလည်း ဤကဲ့သိုပုံစံမျိုးများ ဖြစ်ကုန်သည်။
[ရက်နည်းနည်းလောက် အပ်ချုပ်ပညာ သင်လိုက်တာ... ငါ ချုပ်လိုက်တာ အီးပုံကြီးနဲ့ တူနေတယ်လေ]
[သရုပ်ဆောင်တာလား၊ မိဖုရားကြီးထက် ဘယ်သူကပိုပြီး သရုပ်ဆောင်ကောင်းဦးမှာလဲ]
[နန်းတွင်းဟင်းတစ်ခွက် အသစ်သင်လိုက်တယ်၊ဒါပေမဲ့ ငွေအရင်းရှုံးတာမှ နာလို့]
[စစ်သူကြီးဆီမှာ သုံးရက်လောက်သိုင်းသင်ပြီး ကျွဲရိုင်းသတ်ပြမယ်ဟေ့]
[ဒင် နေ့စဉ်တာဝန် ပြီးမြောက်ပါသည်၊ ၂ နာရီ Live လွှင့်ခြင်း၊ ရမှတ် ၂၀၀ ရရှိပါသည်]
[ဒင် နေ့စဉ်တာဝန် ပြီးမြောက်ပါသည် ငရဲပြည်ယဉ်ကျေးမှုကို ပြန့်ပွားစေခြင်း၊ ရမှတ် ၂၀၀ ရရှိပါသည်]
ငရဲပြည်တွင် ကျန်းလင် တစ်ယောက် ရမှတ်များနှင့် ကုသိုလ်မှတ် များကို တိတ်တဆိတ် သိမ်းဆည်းနေသည်။
[ဒင် နေ့စဉ်တာဝန်ကို သတ်မှတ်ချက်ထက် ကျော်လွန်ပြီး လုပ်ဆောင်နိုင်သဖြင့် ရမှတ် ၅၀၀ နှင့် ကုသိုလ်မှတ် ၅၀၀ ထပ်မံ ရရှိပါသည်]
[အချိန်အကန့်အသတ်နှင့် တာဝန်- နာရီဝက်အတွင်း တစ္တေစစ်သေနာပတိ အဆင့်နှောင်းပိုင်းသို့ တက်လှမ်းရန်]
[ကျန်ရှိချိန်- ၅ ရက်]
ကျန်းလင် အရင်က ရရှိထားသော ရမှတ်များနှင့် ယခု အပိုဆုကြေးများ ပေါင်းလိုက်လျှင် ၃၄၀၀ ရှိပြီဖြစ်သည်။
ဤခုနစ်ရက်အတွင်း နေ့စဉ်တာဝန်များမှလည်း ရမှတ် ရာဂဏန်းစီ ရရှိခဲ့သည်။
စုစုပေါင်းလိုက်လျှင် ရမှတ် တစ်သောင်းနီးပါး ရှိလာသည်။
ထို့နောက်အဆင့်မြင့် ယင်ချီဝိညာဉ်စွမ်းအင်လုံး ၁၉ လုံးနှင့် လဲလှယ်လိုက်ရာ ရမှတ် ၂၀၀ သာ ကျန်တော့သည်။
တဖြည်းဖြည်းလျော့နည်းသွားသော ရမှတ်များကို ကြည့်ကာ ကျန်းလင် နှမြောမနေပေ။
သူ ရရှိထားသော ငရဲပြည် အခြေခံကျင့်ကြံခြင်းကတ်ကို ထုတ်ယူကာ ကျင့်ကြံခြင်းအခန်းသို့ ဝင်ရောက်လိုက်သည်။
သူသည် တစ်နေ့လျှင် တစ်လုံးနှုန်းဖြင့် သကြားလုံးစားသလို စားရင်း၊ အခန်းထဲက ဝိညာဉ်စွမ်းအင်တွေကိုပါ စုပ်ယူကျင့်ကြံသည်။
ဝိညာဉ်စွမ်းအင် အမြောက်အမြား ခန္ဓာကိုယ်ထဲ စီးဝင်လာချိန်တွင် ကျန်းလင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်မြစ် ကြောင်းမှာ ပိုမိုကျယ်ပြန့်ကာ ပြင်းထန်လာသည်။
နဂိုက သူသည် မူလကပင် အလယ်အလတ်အဆင့်သို့ ရောက်ခါနီးဖြစ်သဖြင့် ဆေးနှစ်လုံးခန့် သုံးလိုက်ရုံနှင့် အလယ်အလတ်အဆင့်သို့ တန်းရောက်သွားကာ နှောင်းပိုင်းအဆင့်သို့ ဆက်လက် အားယူလိုက်သည်။
သူ့ အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်လာ၏။
တစ္ဆေစစ်သူကြီး နှောင်းပိုင်း...
တစ္ဆေစစ်သူကြီး ထိပ်ဆုံးအဆင့်...
တစ္ဆေစစ်စေနာပတိ အစောပိုင်းအဆင့်...
ကျန်းလင် အရှိန်အဝါမှာ တစ်ခဏချင်းမှာပင် မြင့်တက်သွားကာပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များမှာ အခဲလိုက်ဖြစ်သွားတော့သည်။
အကယ်၍ ဤကျင့်ကြံခြင်းအခန်းထဲတွင်သာ မဟုတ်လျှင် ပြင်ပသို့ အစွမ်းများပေါက်ထွက်သွားပေလိမ့်မည်။
ယခုအချိန်တွင် ဆေးလုံးများမှရသော စွမ်းအင်မှာ ထက်ဝက်ကျော် ကုန်ဆုံးသွားပြီဖြစ်သည်။
ကျန်းလင်သည် ကျန်ရှိသော စွမ်းအင်ဖြင့် မဟာတစ္ဆေ စစ်သေနာပတိ အလယ်အလတ်အဆင့်သို့ တက်ရန် ကြိုးစားသော်လည်း စွမ်းအင်ကုန်ဆုံးသွားချိန်တွင် အစောပိုင်းအဆင့်မှာပဲ တည်ငြိမ်သွားတော့သည်။
"တကယ်ပဲ အဆင့်မြင့်လေ ပိုခက်လေပါပဲလား"
"ဒီဆေးလုံးတွေက မလုံလောက်ဘူးပဲ..."
ကျန်းလင် ခန္ဓာကိုယ်ကို လှုပ်ရှားကာ အစွမ်းအသစ်ကို ကျင့်သားရအောင် လုပ်လိုက်သည်။
ထိုအခါ အရိုးအဆစ်များမှ မြည်သံများ ထွက်ပေါ်လာသည်။
အဆင့်နှစ်ခုကြားကွာခြားချက်မှာ ကြီးမားလှသည်။
တစ္ဆေစစ်သူကြီး အဆင့်တွင် ဝိညာဉ်စွမ်းအင်ကို ခန္ဓာကိုယ်မျက်နှာပြင်တွင် ပါးပါးလေးသာ ဖုံးအုပ်နိုင်သော်လည်း တစ္ဆေစစ်သေနာပတိအဆင့်တွင်မူ ၎င်းကို ချပ်ဝတ်တန်ဆာ အဖြစ် သုံးနိုင်ရုံတင်မက ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်ကာ အဝေးကနေ တိုက်ခိုက်နိုင်ပြီဖြစ်သည်။
ပြီးလျှင် အစွမ်းများ ပိုသန်မာလာတာနဲ့အမျှ... သူလုပ်နိုင်တဲ့ အရာတွေက အရင်ကထက် အများကြီး ပိုများလာပြီမှန်း ကျန်းလင် ခံစားမိနေသည်။
"နောက်ထပ် ၅ ရက်ပဲ ကျန်တော့တယ်..."
"ဖြစ်နိုင်ရင် အဲ့ဒီကိစ္စကို စမ်းကြည့်သင့်ပြီ..."
ကျန်းလင် တိုးတိုးလေး ရေရွတ်လိုက်သည်။
ဟို ဖိုရမ် ရဲ့ စနစ်ကလည်း တော်တော်လေး စုံလင်နေပြီလေ။
...
ကျန်းလင် ကျင့်ကြံခြင်းအခန်းထဲမှ ထွက်လာချိန်တွင်မူ ဝင်ရန် ပြင်နေသော ဝိညာဉ်လေးများမှာ ဘေးသို့ ရှောင်ပေး လိုက်ကြသည်။
ထို့နောက်သူတို့အားလုံး ကျန်းလင်အစွမ်းကြောင့် မှင်သက်သွားကြရတော့သည်။
ထို့အပြင် တောက်ပနေသော ကုသိုလ်မှတ်များမှာ သူတို့၏ မျက်လုံးကို ကျိန်းစပ်စေသည်။
"ဒါ ဘယ်က လူကြီးလဲ ဘာလို့ ဒီမှာ ပေါ်လာတာလဲ"
"တစ်ယောက်ယောက်ကို လာရှာတာဖြစ်မှာပါ... အခြေခံကျင့် ကြံခန်းက သူ့အတွက်တော့ အသုံးမဝင်တော့ဘူးလေ"
"ငါ့တစ်သက် ဒီလောက်များတဲ့ ကုသိုလ်မှတ်မျိုး တစ်ခါမှ မမြင်ဖူးဘူး..."
"မင်းရဲ့ သွားရည်တွေကို သုတ်လိုက်ဦး"