အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
🫧 Chapter 27
ကံကောင်းသူအချို့မှာ ဘိုးဘေးများထံမှ အမွေအနှစ်များကို ဆက်ခံရရှိကာ ပညာသင်ကြားခြင်း၊ တာဝန်ထမ်းဆောင်ခြင်းများ စတင်လာသည်နှင့်အမျှ... နောက်ကွယ်တွင် ဘိုးဘေးရှာပုံတော်အဖွဲ့ကြီးမှာ တဖြည်းဖြည်း ကြီးမားလာတော့ သည်။
ဖိုရမ် (ဆွေးနွေးပွဲစာမျက်နှာ) သည်လည်း စတင်တည်ထောင်စဉ်ကထက် အဆပေါင်းများစွာ ပိုမိုခိုင်မာတောင့်တင်းလာသည်။
ထိုအထဲတွင် ကွန်ပျူတာကျွမ်းကျင်သူများနှင့် သမိုင်းသုတေ သီများမှာ အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး ၎င်းတို့၏အရည်အချင်းများကို ထင်ထင်ရှားရှား ပြသနေကြသည်။
[ဆရာကြီးတို့ရေ ကယ်ကြပါဦး၊ ကျွန်တော့်ဘိုးဘေးက သရဲကြီးဗျ ကြောက်စရာကြီး]
အိမ်မက်ထဲက ဘိုးဘေးများမှာ အလွန်သန်မာပြီး ရှေ့မရှိ နောက်မရှိ ပေါ်လာတတ်သည်။
အမှားလုပ်မိရင် ဇောက်ထိုးဆွဲပြီး အရိုက်ခံရသလို၊ အောင် မြင်အောင် မလုပ်နိုင်ရင် နောက်ထပ် အကြိမ် ၃၀၀ ပြန်လုပ်ဖို့ အပြစ်ပေးခံရသည်။
[ဒါက ဘိုးဘေးမဟုတ်ဘူး၊ မိစ္ဆာကြီးပဲ]
ဤ Post တက်လာပြီး ခဏချင်းမှာပင် မှတ်ချက်ပေါင်း ၃၀ ကျော် တန်းစီတက်လာသည်။
[Post ပိုင်ရှင်ရေ... သတိထားစမ်းပါဦး၊ ငါဆို ဘိုးဘေးတစ်ယောက်တောင် မတွေ့ရသေးဘူး၊ မင်း မလိုချင်ရင် ငါ့ကိုပေးလိုက်]
[... မဟုတ်တာ၊ ကျွန်တော်လည်း ဆက်ပြီး သည်းခံကြည့်ပါဦးမယ်]
[ဆရာကြီးတို့ဗျာ... ကျွန်တော့်မျိုးရိုးမှာ နာမည်ကြီးစစ်သူကြီးပါဖူးတယ်၊ ရှာပေးလို့ ရမလား ]
[ငါ ဘိုးဘေး ၃၀ လောက်ကို ရှိခိုးပြီးပြီ၊ တစ်ယောက်မှ အောင်မြင်အောင် မခေါ်နိုင်သေးဘူး]
[အပေါ်ကလူ... မင်းကတော့ တကယ့်လူပဲ၊ ဘိုးဘေးတွေ ဒီလောက်တောင် များတာလား]
[ကျူးကော်လျန့်၊ ချင်ရှီဟွမ်၊ ချင်ချုံ၊ တုရူဟွေ့... ဒီလိုအချိန်မျိုးမှာတော့ ပိုက်စိပ်တိုက် ရှိခိုးရမှာပဲ၊ တစ်ယောက်ယောက် လာရင်ကို တန်ပြီလေ]
[... 666 (လန်းတယ်)]
'ပထမဆုံးဓားသမား' : [အားလုံးကို ကြောက်စရာကောင်းတဲ့ ပုံပြင်တစ်ပုဒ် ပြောပြမယ်၊ပြီးရင် ငါ အင်တာနက်လောကကနေ အနားယူတော့မယ်]
[ဟင် အပေါ်ကလူ... မင်းရဲ့ပုံပြင်ကို ပြောပြပါဦး၊ ငါတို့ ပျော်ရအောင်လို့]
[...]
ဖိုရမ် စတင်တည်ထောင်စဉ်ကတည်းက 'ပထမဆုံးဓားသမား' ရှိနေခဲ့ခြင်းဖြစ်သည်။
ဖိုရမ်အတွက် အများကြီး အကျိုးပြုခဲ့သဖြင့် ဝါရင့်ပုဂ္ဂိုလ်ကြီးဟုပင် ဆိုနိုင်သည်။
ယခုအခါတွင်မူ သူသည် အနားယူရန် ဆုံးဖြတ်လိုက်ပြီဖြစ် သည်။
ထို့နောက် သူသည် စိတ်ကိုပြင်ဆင်ကာ သူ့ပုံပြင်ကို ပြောပြလိုက်သည်။
[အရင်ဆုံးပြောပြရရင် ငါက အခုမှ အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့ လူပျိုပေါက်လေးပါ]
[မကြာခင်ကမှ... ငါ့အိမ်က ချန်မိသားစုစားသောက်ဆိုင် အနီးမှာ ရှိတယ်လေ]
[ငါ့အဖေက ဘိုးဘေးကိစ္စ တကယ်ရှိမှန်းသိသွားတော့ လူက လုံးဝ ပြောင်းလဲသွားတာပဲ]
[ခင်ဗျားတို့ သိလား၊ အသက် ၅၀၊ ၆၀ ရှိနေပြီဖြစ်တဲ့ လူကြီးက စာအုပ်တွေ ကိုင်ပြီးစာစသင်နေတယ်! အင်တာနက်ကနေ တက္ကသိုလ်ဝင်ခွင့်ဖြေဖို့တောင် စာရင်းပေးလိုက်သေးတယ်]
[ခင်ဗျားတို့ပြောကြည့်... ဒါ မကြောက်စရာကောင်းဘူးလား]
ပရိသတ်တွေမှာတော့ အံ့ဩမှင်သက်သွားကြသည်။
'ဒါကတော့ တကယ့် သတင်းထူးပင်'
[အား... တကယ်ကြီး ကြောက်စရာကောင်းတာပဲ]
[သူ့အဖေကတော့ တကယ့်လူစွမ်းကောင်းပဲ၊ ဘယ်လိုအင် အားက သူ့ကို ဒီလောက်အထိ တွန်းအားပေးလိုက်တာလဲ]
[ရှက်လိုက်တာ၊ ငါတောင် အိမ်စာတွေ မလုပ်ရသေးဘူး]
...
'ပထမဆုံးဓားသမား' သည်လည်း ဖခင်ဖြစ်သူ စာရင်းပေး လိုက်စဉ်က ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။
သူအကြိုက်ဆုံး ဂိမ်းတောင်မဆော့နိုင်တော့ဘဲ ဖခင်ဖြစ်သူကို သွားရောက်ဂရုစိုက်ခဲ့ရသည်။
သူသည် ခဏနားကာ Keyboard ကို ဆက်ရိုက်လိုက်သည်။
[ငါတို့မိသားစုက အများကြီး ဒုက္ခခံပြီးမှ ဒီနေ့အခြေအနေကို ရောက်လာတာ၊ အိမ်က လူကြီးတွေရဲ့ ဆန္ဒက မိသားစုထဲကနေ ဘွဲ့ရပညာတတ်တစ်ယောက် ထွက်လာဖို့ပဲ]
[အခု လောလောဆယ် ကျောင်းတက်နေတာဆိုလို့ ငါတစ် ယောက်တည်း ရှိတာလေ]
[ခင်ဗျားတို့ နားလည်တယ်မလား သားကို ပညာတတ်ကြီး ဖြစ်စေချင်တဲ့ စိတ် ဒါပေမဲ့ အဲ့ဒီလို အတင်းတိုက်တွန်းလေလေ ပိုပြီးစိတ်ရှုပ်လေလေပဲ]
[ဒါပေမဲ့ ချန်မိသားစုစားသောက်ဆိုင်ကိစ္စ သိပြီးနောက်မှာ အဖေက ဧည့်ခန်းထဲမှာ တစ်ညလုံး တစ်ယောက်တည်း ထိုင်စဉ်းစားတယ်၊ နောက်နေ့ကစပြီး ငါ့ကို လုံးဝလွှတ်ထားတော့တာပဲ]
[ငါ သွားမေးကြည့်တော့ သူ ဘာပြန်ပြောတယ် ထင်လဲ]
'ပထမဆုံးဓားသမား' ခဏရပ်ကာ ပရိသတ်တွေရဲ့ တုံ့ပြန်မှုကို စောင့်လိုက်သည်။ထို့နောက်
[သူက ပြောတယ်... 'သူတစ်ပါးကို အားကိုးတာထက် မိမိကိုယ်ကိုယ် အားကိုးတာက ပိုမြတ်တယ်၊ မင်းကို တက္ကသိုလ်တက်ခိုင်းတာက မင်းအသက်ကိုနှုတ်ယူနေသလို ဖြစ်နေမှတော့... ငါကိုယ်တိုင်ပဲ တက်တော့မယ်' တဲ့]
[အဖေက အသက် ၅၀၊ ၆၀ ရှိနေပြီ၊ ဒါတောင် စာသင်မယ်ဆိုတာနဲ့ ချက်ချင်းသင်တော့တာပဲ]
[ခင်ဗျားတို့ကို မေးကြည့်မယ်... မလန်းဘူးလား မိုက်မနေဘူးလား]
Post အောက်တွင် '666' (လန်းတယ်) ဟူသော မှတ်ချက်များ စုပြုံတက်လာတော့သည်။
အဖေဖြစ်သူမှာ သေသွားသည့်အခါ ဘိုးဘေးတွေကို မျက် နှာပြရဲအောင် ကြိုးစားနေခြင်းမှန်း သိသော်လည်း 'ပထမဆုံးဓားသမား' မှာ အဖေဖြစ်သူ၏စိတ်ဓာတ်ကြောင့် စိတ်လှုပ် ရှားသွားရသည်။
[ဒါကြောင့် ကျွန်တော်လည်း အင်တာနက်လောကကနေ အနားယူပြီး စာကို သေချာကြိုးစားသင်တော့မယ် ကျွန်တော်နဲ့ အဖေ ဘယ်သူ အရင်တက္ကသိုလ်ဝင်ခွင့်ရမလဲဆိုတာ ပြိုင်ကြည့်ဦးမယ်]
[ပရိသတ်တို့ရေ... နောက်နှစ်မှ တွေ့ကြမယ်]
ဤစာသားကို ရိုက်ပြီးနောက် 'ပထမဆုံးဓားသမား'မှာ တစ်ကိုယ်လုံး ပေါ့ပါးသွားတော့သည်။
Keyboard ပေါ်က လက်ကိုလည်း ဖယ်လိုက်သည်။
'သူ၏ပုံပြင်ကတော့ ဒီမှာတင် ပြီးပါပြီ၊ နောက်နှစ်မှ ပြန်တွေ့ကြတာပေါ့'
Post အောက်တွင်
[နောက်နှစ်မှ တွေ့မယ်]
[ကျွန်တော်လည်း စာသွားလုပ်တော့မယ်]၊
[ကျွန်တော်လည်း အဖေနဲ့ သွားဆွေးနွေးဦးမယ်၊ သားကို မျှော်လင့်နေမယ့်အစား ကိုယ်တိုင်ပဲ တက္ကသိုလ်တက်တာ ပိုကောင်းတယ်]
ဟူသော မှတ်ချက်များကိုကြည့်ကာ သူ ပြုံးလိုက်မိသည်။
ကွန်ပျူတာပိတ်ရန် ပြင်လိုက်စဉ်မှာပင် Post အောက်က စာသားများက ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
[ဟေ့လူတို့ Host Live လွှင့်နေပြီဟေ့]
[သွားကြစို့]
[အပေါ်ကလူ နေဦး... ငါ အဆာပြေမုန့်တွေ ယူဦးမယ်၊ တူတူသွားမယ်]
'ပထမဆုံးဓားသမား' ၏ လက်ချောင်းများ တုန်ယင်သွားသော်လည်း သူ အောင့်ထားလိုက်သည်။
သူ အနားယူရန် ဆုံးဖြတ်ထားပြီးပြီလေ။
[သတင်းထူးကြီးဟေ့သတင်းထူးကြီး Host က မုန့်ပေါ် ရဲ့ တာဝန်ကို ကြေညာလိုက်ပြီ]
[လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်က လူတစ်ယောက်ကို ရှာရမှာတဲ့၊ ရှာတွေ့ရင် ဆုလာဘ်ရှိတယ်]
[မုန့်ပေါ်လား... မုန့်ပေါ်ရဲ့ အလှကို တွေ့ခွင့်ရမယ့် အခွင့်အ ရေးလားဟ]
[ဆုလာဘ်က ဘာလဲ ၊ အသက်ရှည်စေမှာလား ၊သရဲဖမ်းပညာကော ပါသလား]
Post အောက်က သတင်းတွေက အဆက်မပြတ် တက်လာနေသည်။
"..."
'ပထမဆုံးဓားသမား' သည် သည်းခံပြီးရင်း သည်းခံသော် လည်း ယခုမူ မရတော့ပေ။
Keyboard ကိုကိုင်ကာ တဖြောင်းဖြောင်း ရိုက်လိုက်တော့သ ည်။
[မုန့်ဖော်ရဲ့တာဝန်မှာ ငါလို ကွန်ပျူတာကျွမ်းကျင်သူ မပါလို့ ဘယ်ဖြစ်မလဲ]
[ဒီတာဝန်ပြီးမှပဲ အနားယူတော့မယ်]
[ကွန်ပျူတာကျွမ်းကျင်သူတွေ... စုရုံးကြဟေ့]
သတင်းပေးပို့လိုက်သည်နှင့် အောက်တွင် မှတ်ချက်လေး၊ ငါးခု ချက်ချင်းတက်လာသည်။
[N ပြည်နယ်က Hacker ရောက်ပြီ]
[H ပြည်နယ် ကွန်ပျူတာသိပ္ပံက တစ်ကျောင်းလုံး ပထမ ရောက်ပြီ]
...
ယနေ့တွင်ပင်...
ပရိသတ် သန်းပေါင်းများစွာရှိသော 【မရဏလောကမှ အံ့ဖွယ်နေ့ရက်များ】 Live ခန်းမမှ သတင်းတစ်ခု ရုတ်တ ရက် ထွက်ပေါ်လာသည်။
၎င်းမှာ မုန့်ပေါ် ထုတ်ပြန်လိုက်သော လူပျောက်ရှာပုံတော် သတင်းပင်။
ကောလာဟလများအရ ဤမုန့်ပေါ်မှာ ပန်းချီကားတစ်ချပ် ပေါ်မှ အမျိုးသမီးကဲ့သို့ လှပပြီးကျော့ရှင်းလှပသူဖြစ်သည်။
နှစ်ပေါင်းထောင်ချီ အသက်ရှင်နေပြီး အစွမ်းထက်လှသည်၊ ယခုအခါ မုန့်ပေါ်စွပ်ပြုတ် တာဝန်ကိုကြီးကြပ်နေသူဖြစ် သည်။
စွပ်ပြုတ်၏အာနိသင်က ဘာလဲဆိုလျှင် အတိတ်ဘဝနှင့် ယခုဘဝကို မေ့လျော့စေကာ သန့်သန့်စင်စင်နှင့် လူပြန်ဖြစ်စေခြင်း ဖြစ်သည်။
'တကယ်လို့ တစ်စုံတစ်ယောက်က လူပြန်မဖြစ်ခင်မှာ စွပ်ပြုတ်သောက်ဖို့ မေ့သွားခဲ့မယ်ဆိုရင်... ဘယ် ဘဝပဲ ရောက်ရောက် အတိတ်ဘဝက မှတ်ဉာဏ်တွေက အကြီးမားဆုံးသော ရွှေလက်ချောင်းကြီးဖြစ်လာမှာပေါ့'
'ပါရမီရှင် ကလေးငယ်တွေ၊ သုံးနှစ်သားနဲ့ ကဗျာစပ်နိုင်သူ၊ ငါးနှစ်သားနဲ့ ဆုတွေရသူ... ပြီးတော့ ဖခင်နှင့်သား အစီအစဉ်တွေမှာ ပါဝင်ပြီး နာမည်ကြီးလာရင် အနာဂတ်ဘဝက ဘယ် လောက်တောင် သာယာမလဲ'
'လူပြန်ဖြစ်ရုံတင်မကဘဲ သူတစ်ပါးထက် ဘဝတစ်ခုစာ အတွေ့အကြုံနဲ့ ဗဟုသုတတွေ ပိုရှိနေမှာလေ'
'ပြီးတော့ နောက်ဘဝမှာ ဆုံကြစို့ဆိုတဲ့ ချစ်သူတွေအတွက်လည်း ဒါဟာ အိမ်မက်မဟုတ်တော့ဘူး'
ပြီးတော့ Host က ပြောထားသေးသည်။
'မုန့်ပေါ်ကို ကူညီပြီး လူရှာပေးနိုင်ရင် ဆုလာဘ်က အလွန်ကြီးမားသည်တဲ့ဆုလာဘ်က အဲ့ဒီလောက်တောင် ကြီးမားနေမှတော့... သူတို့တွေ နောက်တစ်ခါ လူပြန်ဖြစ်ရင် မုန့်ဖော်ရည် တစ်ခွက်လောက် လျှော့သောက်ဖို့တောင်းဆိုတာက လွန်မယ်မထင်ဘူးမလား၊ ချစ်သူနဲ့ နောက်ဘဝမှာ ဆုံဖို့ ချိန်းတာကလည်း လွန်မယ်မထင်ဘူးမလား၊ ဒါမှမဟုတ် ယမမင်းနဲ့ ဈေးဆစ်ပြီး အသက်ရှည်အောင် လုပ်ခိုင်းတာမျိုးကော၊ ဒါမှမဟုတ် တန်ခိုးပါတဲ့ ပစ္စည်းတစ်ခုခုတောင်းတာမျိုးကော...'
ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းကို စိတ်လှုပ်ရှားစေပြီး လက်မလွှတ်နိုင်အောင် ဖြစ်စေသည်။
[ငါကတော့ ဆုလာဘ်အတွက် လာတာ၊ ဘယ်သူမှ လာမလုနဲ့]
[မင်းတို့က ဆုလာဘ်ယူ၊ ငါကတော့ အလှလေးပဲ ကြည့်မယ်]
[မုန့်ပေါ်က နှစ်ပေါင်းထောင်ချီ အသက်ရှင်နေတာ၊ သူရှာခိုင်းတဲ့လူကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်က လူပဲ ဖြစ်ရမယ်၊ ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် အဲ့လောက်တောင် ယုံကြည်နေတာလား]
[အရက်ကလေး တစ်ခွက်၊ နှစ်ခွက်လောက် သောက်ထားရင် ယုံကြည်မှုက အလိုလို ပေါက်ကွဲလာတာပဲလေ]
[နှစ်ပေါင်းတစ်ထောင် ရှိပြီ... မုန့်ပေါ်ကိုယ်တိုင် နိုင်းဟယ် တံတား မှာ စောင့်နေတာတောင် မတွေ့ဘူးဆိုတော့ ရှာရတာ မလွယ်ဘူး ထင်တယ်နော်]
ကျန့်လင်းသည် တာဝန်ဌာနမှ တာဝန်ကို လက်ခံလိုက်ပြီးနောက် တာဝန်အကြောင်းအရာများပေါ်လာသည်။
ထိုသူ၏ ကိုယ်ရေးအချက်အလက်များနှင့် ခေတ်ဟောင်းစတိုင် ပုံတူပန်းချီကား တစ်ချပ်။
ပန်းချီကားထဲကလူမှာ နဖူးကျယ်ပြီး နှာတံပေါ်သည်။
တစ်ခုတည်းသော ထူးခြားချက်မှာ မှဲ့စွန်းတစ်ခုဖြစ်ပြီး မျက် ခုံးကြားမှ ညာဘက်သို့ သုံးပုံတစ်ပုံခန့် အကွာတွင် ရှိနေသဖြင့် အလှကိုအနည်းငယ် ထိခိုက်စေသည်။
ဤတာဝန်သည် တာဝန်ဌာန၏စာရင်းတွင် နံပါတ် (၁) အဖြစ် နှစ်ပေါင်းများစွာ ရှိနေခဲ့ခြင်းဖြစ်သည်။
ကျန်းလင်သည် မူလက ဤတာဝန်ကို ယူရန် စိတ်ကူးမရှိခဲ့ပေ၊ အနည်းဆုံးတော့ အချိန်တိုအတွင်းမှာပင်။
သို့သော် အရင်တစ်ခါက သူသည် ဘိုးဘေးအမွေအနှစ်ကိစ္စကြောင့် လူသားများ၏လူရှာနိုင်စွမ်းက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ သူ မြင်ခဲ့ရသည်။
လူအင်အားရှိသည်၊ စည်းကမ်းရှိသည်၊ နည်းပညာရှိသည်၊ ဉာဏ်ရှိသည်၊ အဖွဲ့အစည်းရှိသည်။
ထို့ကြောင့်လည်း ထိရောက်မှုကမြင့်မားလှသည်။
ဖြစ်နိုင်လျှင် သူတို့ကို တစ်ချက်စမ်းခိုင်းကြည့်တာ ပိုကောင်းလိမ့်မည်။
အကယ်၍ လူရှာတွေ့ခဲ့ရင် သူ တစ္ဆေစစ်သေနာပတိ နှောင်းပိုင်းအဆင့်ကို တက်လှမ်းဖို့အတွက် အခွင့်အရေးတစ်ခု ပိုရလာမှာပင်။
[လူပျောက်ရှာပုံတော်- ချီဟဲ့စန်း၊ ဟန် တိုင်းပြည်တွင် မွေးဖွားသည်၊ အသက် ၁၉ နှစ်တွင် စစ်ထဲဝင်သွားပြီးနောက် ပြန်မလာတော့ပေ]
[မသေခင်မှာ အိမ်ကိုပြန်မပို့ရသေးတဲ့ စာတစ်စောင် ပါသွားပြီး သူငယ်ချင်းဖြစ်သူက ပြန်သယ်လာပေးခဲ့သည်]
[စာထဲမှာ ဖော်ပြထားတာကတော့... တကယ်လို့ သူ ဒီတစ်ခေါက်စစ်ပွဲမှာ တစ်ခုခုဖြစ်သွားခဲ့ရင် နိုင်းဟယ်တံတားမှာ ဆုံကြစို့တဲ့]
"..."
[ဟန်တိုင်းပြည် သမိုင်းစာအုပ်တွေ အများကြီးဖတ်ဖူးပါတယ်၊ ဒီနာမည်ကို ဘာလို့မကြားဖူးတာလဲ]
[သေသွားတာ ဒီလောက်တောင်ကြာပြီကို ဘာလို့ လူပြန်မဖြစ်သေးတာလဲ ဒါမှမဟုတ် သူ မုန့်ဖော်ကိုမစောင့်ခဲ့တာလား]
[အပေါ်ကလူ ပြောသလိုဆိုရင် ငါ့ခေါင်းထဲမှာ စာလုံးရေ သုံးထောင်လောက်ရှိတဲ့ အလွမ်းဇာတ်လမ်းကြီးတစ်ပုဒ် ပေါ်လာပြီကွာ]
[လူပြန်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ... အရင်ဆုံး ဒီလူကို ရှာကြည့်ကြစို့၊ ဖြစ်နိုင်ရင် သဲလွန်စတစ်ခုခု ရမှာပါ]
ဒါဆို မေးခွန်းက...
'လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကလူ၊ ပြီးတော့ တကယ့်သမိုင်းမှာ မရှိတဲ့ တိုင်းပြည်'
'ဘယ်မှာ သွားရှာမှာကြလဲ'
🫧 Chapter 28
[ဟေ့လူတို့... အစစ်အမှန် နည်းပညာတွေကို ပြသရမယ့်အချိန် ရောက်ပြီဟေ့]
[နည်းပညာအဖွဲ့ ဒီမှာ စုကြ]
[သမိုင်းအဖွဲ့ ဒီမှာ စုကြ]
[သတင်းနားစွင့်အဖွဲ့ ဒီမှာ စုကြ]
[...]
တစ်ခုခုဖြစ်ရင် မလန့်ပါနဲ့၊ အရင်ဆုံး အရပ်ရှစ်မျက်နှာက ပရိသတ်တွေကို စုစည်းလိုက်ပါ။
ပြီးရင် အားလုံးဝိုင်းပြီး အလုပ်လုပ်ကြတာပေါ့။
အရင်က ဘိုးဘေးများကို ရှာဖွေခဲ့စဉ်ကတည်းက ဖိုရမ် ထဲမှာ နယ်ပယ်အသီးသီးက ဆရာကြီးတွေ စုစည်းမိနေပြီးသား ဖြစ်သည်။
' အခုလည်း လူရှာတာပဲလေ'
'နှစ်ပေါင်းများစွာက လူတစ်ယောက်ကို ရှာရတာပဲ'
'ဒီ ချီဟဲစန်း ဆိုသူက တစ်စုံတစ်ယောက်ရဲ့ ဘိုးဘေးတောင် ဖြစ်နေနိုင်သေးတာပဲ မဟုတ်လား'
လူရှာခြင်းဘိုးဘေးရှာခြင်း... ဒါတွေကတော့ သူတို့ကျွမ်း ကျင်တဲ့ နယ်ပယ်တွေပါလို့ ဖိုရမ်က ဆရာကြီးတွေက ဆိုကြသည်။
ထို့ကြောင့် မုန့်ပေါ် ၏ လူပျောက်ရှာပုံတော်အမှုနှင့် ပတ်သက်ပြီး ပရိသတ်များသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ငယ်လေးများကို ချက်ချင်းဖွဲ့စည်းကာ လှုပ်ရှားကြတော့သည်။
ကြီးမားလှသော ရှာဖွေမှုကြီးကို အွန်လိုင်းပါ၊ အော့ဖ်လိုင်း (ပြင်ပလောက) ပါ တစ်ပြိုင်နက်လုပ်ဆောင်ကြသည်။
အွန်လိုင်းပေါ်တွင် Group Chat များ၊ ဗီဒီယို Call များဖြင့် ဆွေးနွေးကြသကဲ့သို့၊ ပြင်ပတွင်လည်း လူချင်းတွေ့ဆုံကာ မှတ်စုစာအုပ်များ ဖလှယ်ကြသည်။
မဟာဗျူဟာများ ချမှတ်ကြသည်၊ အချက်အလက်များ ရှာဖွေကြသည်၊ စာရင်းဇယားများဖြင့် ခွဲခြမ်းစိတ်ဖြာကြသည်...။
ဤကိစ္စကို နားမလည်သူများပင်လျှင် ဝင်ရောက်အားပေး ကြည့်ရှုလာကြသည်။
ပုန်းအောင်းနေသော ကွန်ပျူတာပညာရှင်များ၊ သမိုင်းဆရာများနှင့် ထူးချွန်သူအများအပြားမှာ တဖြည်းဖြည်း ပေါ်ထွက်လာကြတော့သည်။
သူတို့ကိုယ်သူတို့ ဖုံးကွယ်မထားနိုင်တော့ပြီပင်။
အလယ်တန်းကျောင်းတစ်ခုမှ အမြဲတမ်း အဆင့်အောက်ဆုံးက ကျောင်းသားညံ့လေးတစ်ဦးမှာ မုန့်ဖော်လူရှာပုံတော် စုံစမ်းရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်နေသည်။
သူသည် အတန်းထဲတွင် ပရိသတ်များပို့ပေးသော အချက် အလက်များကို စာရင်းပြုစုနေစဉ် ဆရာက တွေ့သွားသဖြင့် ရုံးခန်းသို့ ခေါ်ယူခြင်းခံရ၏။
အဖွဲ့တာဝန်ကို အနှောင့်အယှက်မရှိ၊ ပွင့်ပွင့်လင်းလင်းလုပ် ဆောင်နိုင်ရန်အတွက် ဤကျောင်းသားညံ့လေးမှာ အမှန်အတိုင်း ဝန်ခံလိုက်တော့သည်။
"ဆရာ... တကယ်တော့ ကျွန်တော်က စာတော်တဲ့သူ ပါ"
သူသည် အထက်တန်းပြဌာန်းစာအုပ် အားလုံးကိုကိုယ်တိုင်လေ့လာပြီးသွားပြီဖြစ်သည်။
ယခု သင်ခန်းစာထဲက အကြောင်းအရာများနှင့် ဆရာထုတ်သော မေးခွန်းများမှာ သူ့အတွက်တော့ အဆန်းမဟုတ်တော့ပေ။
ဘယ်လိုမေးခွန်းမျိုးကိုမဆို အမှတ်ပြည့်ရအောင် သူ ဖြေနိုင်သည်။
ဆရာ: "..." (ဒါပေမဲ့ မင်းက အမြဲတမ်း ဘာလို့ ကျရှုံးနေတာလဲ)
ကျောင်းသား: "ဘာလို့လဲဆိုတော့ ကျွန်တော်က အမှတ်တွေကိုထိန်းထားလို့လေ "
ဆရာ: "..."
အတန်းဖော်များ: "..."
'ဟာ... ဒီလို ဝတ္ထုထဲက ဇာတ်လမ်းမျိုးတွေက တကယ်ကြီး ပြင်ပမှာ ရှိနေတာလား'
'သူတို့ ရရှိတဲ့ စိတ်ဒဏ်ရာတွေက မလုံလောက်သေးဘူးလား'
' ပြီးတော့... ဒီဆရာကြီးက ဘာလို့ ဒီလောက်ကြာအောင်ပုန်းနေပြီးမှ အခုမှ ဗြုန်းခနဲပေါ်လာရတာလဲ'
' သူက ပိုပြီးအရေးကြီးတဲ့၊ ပိုပြီးအဆင့်မြင့်တဲ့ အရာတွေကို လေ့လာနေလို့လား'
...
နိုင်ငံပိုင်လုပ်ငန်းတစ်ခုတွင် သုံးနှစ်ကြာအလုပ်လုပ်ခဲ့သော် လည်း သာမန်ဝန်ထမ်းအဆင့်မှာပဲ ရှိနေသူ တစ်ဦး။
သူသည် မကြာသေးမီက မုန့်ဖော်လူရှာပုံတော်အဖွဲ့၏အဖွဲ့ဝင်တစ်ဦး ဖြစ်လာသည်။
ဤရက်ပိုင်းအတွင်းမှာ သူ့ အလုပ်လုပ်နှုန်းက ရုတ်တရက် မြင့်တက်လာသည်ကို လုပ်ဖော်ကိုင်ဖက်များ သတိထားမိလာကြသည်။
အလုပ်တွေ ပိုများလာသဖြင့် လူတိုင်း အချိန်ပို (OT) ဆင်းနေရချိန်တွင် သူကတော့ နာရီဝက်ပင်မပြည့်သေးဘဲ အလုပ်အားလုံးကို ရှင်းလင်းလိုက်နိုင်သည်။
' ပြီးတော့ မှန်ကန်မှုကလည်း အံ့ဩစရာပင်'
ဌာန၏လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်သောအရေးကြီးအချက် အလက်အချို့ ပျောက်ဆုံးသွားချိန်တွင် သူ လမ်းလျှောက်လာပြီး သုံးမိနစ်ခန့်သာ ကြာလိုက်သည်။
အချက်အလက်အားလုံးကို အကောင်းတိုင်း ပြန်ရှာပေးလိုက်နိုင်သည်။
"..."
ကွန်ပျူတာပညာရှင်တစ်ဦး၏အလင်းရောင်မှာ ကုမ္ပဏီအတွင်း ပထမဆုံးအကြိမ် တောက်ပလာတော့သည်။
လူတိုင်းမှာ အံ့ဩမှင်သက်သွားကြသည်။
'ဒီလို သုံးနှစ်လုံးလုံး သာမန်ကာလျှံကာ နေခဲ့တဲ့သူက နောက် ကွယ်မှာ ဆရာကြီးတစ်ယောက် ဖြစ်နေတာလား'
' တူတူညံ့ကြမယ်လို့ ချိန်းထားပြီးမှ မင်းက တိတ်တိတ်လေး ဆရာကြီးဖြစ်သွားတာပဲ'
ထိုသူက မျက်မှန်ကို ပင့်လိုက်ရင်း... လောလောဆယ် အနည်းငယ် အလုပ်ရှုပ်နေသဖြင့် အလုပ်တွေကို နှောင့်နှေးအောင် မလုပ်ကြပါနဲ့ဟု ပြောဆိုလိုက်လေသည်။
...
ဤကဲ့သို့သော အဖြစ်အပျက်များမှာ နိုင်ငံအနှံ့ဖြစ်ပွားနေ သည်။
'ဘာလို့ ပေါ်ထွက်လာကြတာလဲ' ဟုမေးလျှင် အကြောင်းမှာ သူတို့တွင် ပိုမိုအရေးကြီးသော ကိစ္စများရှိနေသောကြောင့် ဖြစ်သည်။
ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းသော ပန်းတိုင်များ၊ ပိုမိုစည်း လုံးသော သူငယ်ချင်းများရှိနေပြီလေ။
'ဒီအကြောင်းပြချက်က မလုံလောက်သေးဘူးလား...'
ကြီးမားသော အခန်းတစ်ခုထဲတွင် မြင့်မားသော စာအုပ်စင်များ စီတန်းနေပြီး စာအုပ်အမျိုးမျိုးကို စနစ်တကျထည့်ထားသည်။
ကြည့်လိုက်ရုံနှင့် စာကြည့်တိုက်ထဲ ရောက်နေသလို ခံစားရ၏။
ထိုအချိန်တွင် မြင့်မားသော အမိုးခုံးပေါ်မှ ကျလာသော အလင်းရောင်က စာကြည့်တိုက် တစ်ခုလုံးကို လင်းထိန်နေစေသည်။
ထူးဆန်းသည်မှာ ပြောင်လက်နေသော ကြမ်းပြင်၏ ထောင့်တစ်နေရာတွင် စာအုပ်ပုံကြီး တစ်ပုံမှာ ဟိုတစ်စ၊ ဒီတစ်စ ပြန့်ကျဲနေခြင်းပင်။
ထိုစာအုပ်ပုံများ၏ အလယ်တွင် မျက်မှန်နှင့် လူငယ်တစ်ဦး ထိုင်နေသည်။
သူ့ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး မျက်လုံးအောက်တွင် ညအိပ်မပျော်သောကြောင့် ကွင်းမဲကြီးများ ရှိနေသည်။
သူသည် လက်ထဲက သမိုင်းစာအုပ်ဟောင်း (တရားဝင်မဟုတ်သော သမိုင်းမှတ်တမ်း) ကို စွဲလမ်းစွာဖတ်နေသည်။
ရုတ်တရက် ထိုလူငယ်၏ခြောက်သွေ့သော နှုတ်ခမ်းများက တွန့်သွားကာပြောလိုက်၏...
"ရှာတွေ့ပြီ..."
"ရှာတွေ့ပြီ၊ ဟန် တိုင်းပြည်"
"ဟန်တိုင်းပြည်! တကယ်ကြီး ရှိခဲ့တာပဲ"
"ဟန်တိုင်းပြည် ထျန်းချီခေတ်မှာ ပြင်ပရန်သူတွေကျူးကျော် လာခဲ့ပြီး တိုင်းပြည်ထဲမှာ စစ်သားတွေ အပြင်းအထန် စုဆောင်းခဲ့တယ်..."
ထိုလူငယ်က စာမျက်နှာကို အလျင်အမြန်လှန်ကာ ဆက်ဖတ်လိုက်သည်။
"အဲ့ဒီအထဲမှာ စစ်မြေပြင်မှာ ထင်ရှားကျော်ကြားလာတဲ့ ဝေ့ဝူ စစ်သူကြီးတစ်ယောက် ရှိခဲ့တယ်"
"သူက ရန်သူတွေကို အကြိမ်ကြိမ်အကွက်ချ ပြီးချောက်ထဲဆွဲသွင်းပြီးတော့ အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့တယ်"
"တိုက်ပွဲမှာ ရဲရင့်ပြီး ဉာဏ်ပညာထက်မြက်လွန်းသဖြင့် နောက်ပိုင်းမှာ ဝေဝူစစ်သူကြီးအဖြစ် ရာထူးတိုးမြှင့်ခံရကာ... ဆုလာဘ်အဖြစ်..."
လူငယ်က အသက်ကို ပြင်းပြင်းရှူကာ ဆက်ဖတ်လိုက်သည်။
"ဆုလာဘ်အဖြစ် မင်းသမီးနှင့် လက်ထပ်ခွင့်ရခဲ့ပြီး လက် ထပ်ပြီးနောက် ဇနီးမောင်နှံအဆင်ပြေစွာဖြင့် သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့သည်..."
စာအုပ်၏အဆုံးတွင် ဇနီးမောင်နှံ ချစ်ချစ်ခင်ခင် ရှိနေသော ပုံကြမ်းလေး တစ်ပုံပါဝင်သည်။
အောက်တွင် "ဝေ့ဝူစစ်သူကြီးနှင့် ဖျင်လော့မင်းသမီး" ဟု ရေးထားသည်။
'ဖျင်လော့မင်းသမီးကို ခဏထားလိုက်ဦး'
ထိုဝေ့ဝူစစ်သူကြီး၏ပုံမှာ လိုင်းအနည်းငယ်ဖြင့်သာ ဆွဲထားသော်လည်း...
ဓားသွားလို မျက်ခုံး၊ သိန်းငှက်လို မျက်လုံး၊ မျက်နှာပေါ်တွင် လက်တစ်ဆစ်ခန့်ရှိသော ဓားဒဏ်ရာတစ်ခုနှင့် အလွန်တရာ ရဲရင့်တည်ကြည်သော ပုံစံရှိသည်။
မျက်ခုံးကြားမှ ညာဘက်သို့ သုံးပုံတစ်ပုံခန့် အကွာတွင် မှဲ့စွန်းစက်လေး တစ်စက်ကို အသာအယာတို့ထားသည်။
လူငယ်သည် Host ပေးထားသော ပုံတူကို ထုတ်ယူကာ စာအုပ်ထဲက ပုံနှင့် အဖန်ဖန်နှိုင်းယှဉ်ကြည့်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူသည် ဖုန်းကို ထုတ်ကာ စုံစမ်းရေးအဖွဲ့ထဲသို့ သတင်းပို့လိုက်၏။
[ဟေ့လူတို့...]
[ဒီချီဟဲစန်းဆိုတဲ့လူက... အဲ့ဒီတုန်းက တကယ်ကြီးမသေခဲ့တာ ဖြစ်နိုင်တယ်]
[ဒါတင်မကဘူး၊ နာမည်ကိုပါပြောင်းပြီး ဘဝရဲ့ထိပ်တန်းအဆင့်ကို ရောက်သွားခဲ့တာဗျ]
သတင်းတက်လာသည်နှင့် အရပ်ရပ်က စုံစမ်းရေးအဖွဲ့ဝင်များ ချက်ချင်း ပေါ်လာကြသည်။
[ဘာဖြစ်တာလဲအဖွဲ့ခေါင်းဆောင်... လူရှာတွေ့ပြီလား]
[ဒါဆိုရင်တော့ အကြောင်းပြချက်က ခိုင်လုံသွားပြီ၊ ဒါကြောင့်လည်း မုန့်ပေါ် ရှာမတွေ့ခဲ့တာကိုး]
[နေဦး... ဒါဆိုရင်... ဒါက ဘာကို ဆိုလိုတာလဲ...]
[ဒါဆိုရင်... မုန့်ပေါ်က ' ဖောက်ပြန်ခံလိုက်ရတာလာ]
[နှစ်ပေါင်းတစ်ထောင် စောင့်ဆိုင်းခဲ့တာက... ဒီလို ရလဒ်မျိုးလား]
[ဒါကတော့ တကယ့် သတင်းထူးကြီးပဲ]
...
ကျန်းလင်မှာ ဤနှစ်ရက်လုံး အလုပ်များနေခဲ့သည်။
ဝိညာဉ်များကိုလမ်းပြပေးခြင်း၊ တာဝန်ဌာနမှ တာဝန်များကို ယူလုပ်ခြင်းတို့ဖြင့် ဝိညာဉ်ကျောက်တုံးများနှင့် ကျင့်ကြံခြင်းကတ်များကိုပိုရအောင် နည်းနည်းချင်းစုဆောင်းနေခြင်း ဖြစ်သည်။
Live ခန်းမ၏ နေ့စဉ်တာဝန်များကိုလည်း လက်မလွှတ်ပေ။
"လူရှာတွေ့ပြီလား"
ပြန်ပြီး Live လွှင့်ချိန်တွင် ဤပရိသတ်များက သူ့ကို ဤမျှကြီးမားသော အံ့ဩမှုပေးနိုင်လိမ့်မည်ဟု ကျန်းလင်မထင်ထားခဲ့ပေ။
အနည်းဆုံး ရက်ပေါင်း ၃၀၊ ၅၀ လောက် ကြာမှ သဲလွန်စလေး ရလိမ့်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။
ယခုတော့ သတင်းရနေပြီဖြစ်၏။
[ဝေဝူ့စစ်သူကြီး...]
ပရိသတ်တွေ တစ်ယောက်တစ်ပေါက်ပြောနေသည်ကို နားထောင်ပြီးနောက် ကျန်လင်အခြေအနေကို နားလည်သွားသည်။
အတိအကျပြောရရင် သဲလွန်စရှာတွေ့သွားတာ ဖြစ်သည်။
ဒီဝေ့ဝူစစ်သူကြီးက ချီဟဲစန်းဖြစ်ဖို့ ရာခိုင်နှုန်းအလွန်များနေသည်။
မုန့်ပေါ်က ဒီနှစ်ပေါင်းတစ်ထောင်လုံး... ဘာမှမရှိတဲ့ အရာတစ်ခုကိုစောင့်နေခဲ့တာ ဖြစ်နိုင်ပါတယ်။
လူက ဘယ်မှာလဲဆိုတာ ရှာမတွေ့သေးပေမဲ့ ဒီသတင်းက မုန့်ပေါ်အတွက်တော့ လုံလောက်နေပြီ ဖြစ်ကောင်းဖြစ်ပါလိမ့် မည်။
[ပရိသတ်တွေ တကယ်တော်တာပဲ၊ တကယ်ကြီး ရှာတွေ့သွားတယ်]
[တစ်ခုခုဖြစ်ရင် မလန့်နဲ့ အရင်ဆုံး အရပ်ရှစ်မျက်နှာက ညီအစ်ကိုတွေကို စုလိုက်ရုံပဲ]
Live ခန်းမထဲတွင် ပရိသတ်များမှာ ဂုဏ်ယူနေကြသည်။
မိမိကိုယ်တိုင် ရှာတွေ့တာ မဟုတ်သော်လည်း အရပ်ရှစ်မျက်နှာက လူအားလုံးမှာ ညီအစ်ကိုတွေ မဟုတ်လော။
'တွက်လိုက်ရင် သူတို့ရဲ့ ညီအစ်ကိုတွေ ရှာတွေ့တာပဲလေ'
' ညီအစ်ကိုတွေ တော်နေမှတော့ သူတို့လည်း ဂုဏ်ယူတာပေါ့'
ဒါပေမဲ့ လူတိုင်း ရှာဖွေထားတဲ့ သတင်းတွေကို ဖတ်ပြီးနောက်မှာတော့ ပရိသတ်တွေမှာ ဒေါသထွက်လာကြသည်။
[ဟာ... ဒါဆို မုန့်ပေါ်လေးက လူလိမ် (အသည်းခွဲသူ) နဲ့ တွေ့ခဲ့တာပေါ့]
[မုန့်ပေါ်လေးရေ... ကျွန်တော့်ကို ကြည့်ပါဦး၊ ကျွန်တော် အဆင်ပြေပါတယ် အဲ့ဒီ လူယုတ်မာကို မစောင့်ပါနဲ့တော့]
[နှစ်ပေါင်းတစ်ထောင်ဗျာ လူတစ်ယောက်ရဲ့ ဘဝမှာ နှစ်ပေါင်းတစ်ထောင် ဘယ်နှစ်ခါရှိလို့လဲ...]
[အရင်ကတော့ ဝမ်းနည်းနေတာ၊ အပေါ်ကလူ အဲ့လိုပြောလိုက်တော့ ငါ ရုတ်တရက်ကြီး ဝမ်းမနည်းနိုင်တော့ဘူး]
ဝေဖန်လေကန်ဘုရင် များလည်း စတင် ပေါ်ထွက်လာကာ အတွေးအခေါ် ကောင်းသူများကတော့ အကြောင်းရင်းနှင့် ဖြစ်စဉ်အားလုံးကို ခန့်မှန်းနေကြပြီပင်။
[ဒီကောင်က မုန့်ပေါ်ရဲ့အချစ်ကို လိမ်ယူခဲ့ရုံတင်မကဘူး၊ နောင်ဘဝကူးတံတားမှာပါ စောင့်ခိုင်းခဲ့တာ မုန့်ဖော်က ငယ်ငယ်လေးနဲ့ အဲ့ဒီစာကို လက်ခံရရှိပြီးမှ ကိုယ့်ကိုကိုယ် သတ်သေသွားတာ မဟုတ်ပါဘူးနော်]
[မတတ်နိုင်ဘူးလေ၊ ရှေးခေတ်က သတင်းအဆက်အသွယ်က ခေတ်နောက်ကျတော့ လူတစ်ယောက်ကို ရှာရတာ အရမ်းခက်တာပဲ]
[ခင်ဗျားတို့ ပြောကြည့်ဦး... ဒီလူယုတ်မာက နောက်ပိုင်းမှာ တိတ်တဆိတ် လူပြန်ဖြစ်သွားတာလား၊ ဒါမှမဟုတ် သံသရာထဲကို လုံးဝမဝင်ခဲ့တာလား...]
ကျန်းလင်မှာ ပရိသတ်များ ပြောနေသည်ကို နားထောင်ရင်း 'ဒါလည်း ဟုတ်တာပဲ' ဟု တွေးနေမိသည်။
'ခဏကြာမှ သတိဝင်လာသည်၊ ငါ ဘာလို့ သူတို့နဲ့တူတူ သတင်း ထိုင်ဖတ်နေတာလဲ'
သူ ငရဲပြည်ကိုပြန်ပြီး တာဝန်သွားအပ်ရတော့မည်ဖြစ်၏။
ဤသတင်းက တာဝန်ပြီးမြောက်တယ်လို့ သတ်မှတ်လို့ ရ၊ မရ ဆိုတာကိုတော့ သူလည်း မသေချာသေးပေ။