← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

🫧 Chapter 29

ငရဲဘုံ တာဝန်ဌာန...

ဤနှစ်များတစ်လျှောက်၊ မုန့်ပေါ် ၏တာဝန်ကို လက်ခံသည့် ဝိညာဉ်တမန်တော် များစွာရှိသလို၊ တာဝန်လာအပ်နှံသူများလည်း မနည်းလှပေ။

သို့သော် အများစုမှာ နာမည်တူခြင်း သို့မဟုတ် မျက်နှာချင်း ဆင်တူသူများကိုသာ တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

အချို့ဆိုလျှင် မျက်ခုံးကြား၌ မှဲ့ပါသော ဝက်တစ်ကောင်ကိုပင် ရှာဖွေလာခဲ့ကြရာ၊ မုန့်ပေါ်က ထိုဝိညာဉ်တမန်တော်ကိုပါ ထိုဝက်နှင့်အတူ ပြန်လည်ဝင်စားခြင်း စက်ဝန်းထဲသို့ ကန်ချပစ်လိုက်လေသည်။

ထိုအချိန်မှစ၍ မုန့်ပေါ်၏တာဝန်ကို မည်သူမျှ မဆင်မခြင် မယူရဲကြတော့ပေ။

ကျန်းလင်းသည် စောင့်ကြည့်နေသူ (Live ကြည့်ရှုသူ) များ ရှာပေးထားသော သတင်းအချက်အလက်များကို စုစည်းလိုက်သည်။

ထို့နောက် မုန့်ပေါ်၏တာဝန်ကို အပ်နှံလိုက်၏။

အောင်မြင်မလား မအောင်မြင်ဘူးလား မသိသော်လည်း၊ မအောင်မြင်ပါက ဆက်ရှာရုံသာရှိသည်။

အောင်မြင်သွားပါက သဘာဝအတိုင်း ပိုကောင်းပေမည်။

"ဒါပေမဲ့... ဒီ ဝေ့ဝူစစ်သူကြီး ဆိုတာ... ဘာလို့ ဒီလောက် နားယဉ်နေရတာလဲ"

ကျန်းလင် တစ်နေရာရာမှာ ကြားဖူးသလိုမျိုး အမြဲ ခံစားနေရသည်။

"ဝေ့ဝူစစ်သူကြီးလား"

ဘေးနားရှိ ဝိညာဉ်တမန်တော် တစ်ဦးမှာ တာဝန်ဇယားကို ကြည့်နေရင်းမှ ကြားလိုက်ရသဖြင့် လိုက်ပြောလာသည်။

"အဲဒါ အနောက်ဘက် ယမမင်းနန်းတော်ရဲ့ သရဲဘုရင်တွေထဲက တစ်ယောက် မဟုတ်လား"

ကျန်းလင် လှည့်ကြည့်လိုက်ကာ "အနောက်ဘက် ယမမင်းနန်းတော်ကလား"

သူ ကြားဖူးသည်မှာ အနောက်ဘက်ယမမင်းနှင့် သူတို့ဘက်က အရှေ့ဘက်ယမမင်းတို့ ဆက်ဆံရေးမကောင်းကြောင်း၊ အရင်က အငြင်းပွားမှုတစ်ခုခု ဖြစ်ပွားခဲ့ဖူးပုံရကြောင်းသာ ဖြစ်သည်။

"ဟုတ်တယ်လေ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီတုန်းက ယမမင်းလေးပါး စစ်ပွဲဖြစ်တော့၊ အဲဒီ ဝေ့ဝူစစ်သူကြီးက စစ်တလင်းထဲက နာကြည်းနေတဲ့ ဝိညာဉ်တွေကို စုပ်ယူပြီး သရဲဘုရင်အဆင့်ကို တစ်ဟုန်ထိုး တက်လှမ်းသွားတာ"

ထိုဝိညာဉ်တမန်တော်က မေးစေ့ကို ပွတ်သပ်ရင်း "အဲဒီတုန်းက သူ တော်တော် နာမည်ကြီးခဲ့တာ၊ နောက်ထပ် သရဲဘုရင်တစ်ပါး ပေါ်လာတာကိုး"

စကားအဆုံးတွင် သူက ကျန်းလင်ကို အတင်းအဖျင်းပြောချင်သော မျက်နှာထားဖြင့် ကြည့်ကာ

"မင်း သူ့ကို ရှာနေတာ တစ်ခုခုရှိလို့လား"

"ကျွန်တော်က သူ့ကို ဘာ..."

ကျန်းလင် စကားမဆုံးသေးခင်မှာပင် ရုတ်တရက် တာဝန်ဌာနကြီးတစ်ခုလုံး တုန်ခါသွား၏။

အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် နိုင့်ဟယ်တံတားမှ ပေါက်ကွဲထွက်ပေါ်လာသည်။

တာဝန်ဌာနရှိ ဝိညာဉ်တမန်တော်များအားလုံး အရှိန်အဝါလာရာအရပ်သို့ တပြိုင်နက်လှည့်ကြည့်လိုက်ကြသည်။

"အဲဒါ နိုင့်ဟယ် တံတားလားဘယ်သူက အဲဒီမှာ ရမ်းကားနေတာလဲ"

"ဒါမှမဟုတ် တော်တော်ရက်စက်တဲ့ ဝိညာဉ်တစ်ယောက်သေဆုံးလာတာလား"

"ဒီအရှိန်အဝါက ဒီလောက်ကြောက်စရာကောင်းနေတာ၊ မုန့်ပေါ်ကို ရည်ရွယ်ပြီး လာတာများလား"

"ဒီအခြေအနေမျိုးဆိုရင် ယမမင်းကြီးတောင် လန့်သွားနိုင်တယ်"

"ဟင်... တစ်ခုခု ဒီဘက်ကို လာနေသလိုပဲ"

ဝိညာဉ်တမန်တော်အားလုံး၏ အမြင်အာရုံထဲတွင် မြူခိုးနက် များ ဖုံးလွှမ်းနေသော အရိပ်တစ်ခုသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် တာဝန်ဌာနဆီသို့ ချဉ်းကပ်လာနေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအရိပ်သည် တာဝန်ဌာန တံခါးဝသို့ ရောက်ရှိလာတော့၏။

နောက်ချက်ချင်းတွင် ကျန်းလင်သည် မိမိကိုယ်ကိုယ် တစ်စုံတစ်ခု၏ စိုက်ကြည့်ခြင်း ခံလိုက်ရသလို ခံစားလိုက်ရသည်။

"တာဝန်လာအပ်တာ မင်းလား"

အသံထွက်လာသည်နှင့် ဘေးပတ်ဝန်းကျင်ရှိ ဝိညာဉ်တမန်တော်များ အသက်ရှူမှားကုန်ကြသည်။

'ဒါ မုန့်ပေါ်ရဲ့ အသံမဟုတ်လား'

အနီးကပ်ကြည့်လိုက်မှ မြူခိုးနက်များကြားတွင် မရဏပန်း (ပင့်ကူနီလီလီပန်း) များ ထိုးထားသော မုန့်ပေါ်၏ဝတ်ရုံစများ လွင့်ပျံနေသည်ကို အမှန်တကယ်မြင်တွေ့လိုက်ရသည်။

"မုန့်ပေါ်က ဒီလောက်တောင် စွမ်းအားကြီးနေလိမ့်မယ်လို့ မထင်ထားဘူး..."

"ဒီလောက် ထူထပ်တဲ့ သရဲစွမ်းအင်ဆိုရင် အနည်းဆုံး စစ်သေနာပတိ အဆင့်ထက်ကျော်နေပြီ မဟုတ်လား"

"စစ်သေနာပတိ တင်မကဘူး၊ ငါ့အထင်တော့ သူမက တရားသူကြီး တွေနဲ့တောင် ယှဉ်နိုင်မလားပဲ"

"ဪ... တစ်စုံတစ်ယောက်က တာဝန်လာအပ်လို့ကိုး၊ ငါဖြင့် လန့်သွားတာပဲ"

"ဒီလူတော့ သွားပြီ၊ မုန့်ပေါ်ရဲ့ ပုံစံကိုကြည့်ရတာ ဟိုတုန်းက ဝက်ကိုတွေ့တုန်းကထက်တောင် ပိုစိတ်တိုနေပုံပဲ"

ဘေးနားရှိ ဝိညာဉ်တမန်တော်များ တိုးတိုးတိတ်တိတ်ပြော ဆိုနေကြသည်။

ကျန်းလင်၏ ဘေးပတ်လည် ၅ မီတာအတွင်းရှိ ဝိညာဉ်တမန်တော်များမှာလည်း အနောက်သို့ တပြိုင်နက် ဆုတ်သွားကြသဖြင့် ကွက်လပ်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။

အားလုံး၏စောင့်ကြည့်မှုအောက်တွင် ကျန်းလင်က မဝံ့မရဲဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

အားလုံးက မုန့်ပေါ် ဒေါသပေါက်ကွဲတော့မည်ဟု ထင်နေစဉ်မှာပင်၊ မုန့်ပေါ် ထွက်ခွာသွားခဲ့သည်။

"မင်းပေးတဲ့ သဲလွန်စက တော်တော်အသုံးဝင်တယ်၊ ငါ အနောက်ဘက် ယမမင်းနန်းတော်ကို တစ်ခေါက်သွားပြီး အတည်ပြုလိုက်မယ်၊ အတည်ပြုပြီးရင် မင်း တာဝန်အောင် မြင်ပြီလို့ မှတ်ယူလိုက်"

"ယမမင်းကြီးကို ပြောလိုက်ဦး၊ ငါ အပြင်ခဏ ထွက်သွားတယ်လို့"

စကားအဆုံးတွင် မုန့်ပေါ်၏အရိပ်သည် ငရဲဘုံမှပျောက်ကွယ်သွားတော့သည်။

ပြင်းထန်သော သရဲစွမ်းအင်များပျောက်ကွယ်သွားမှ ဝိညာဉ်တမန်တော်အားလုံး သက်ပြင်းချနိုင်တော့သည်။

သူတို့က ကျန်းလင်းထံသို့သွားကာ မုန့်ပေါ်၏တာဝန်အကြောင်း အတင်းအဖျင်းမေးရန်၊ အတွေ့အကြုံယူရန် ပြင်လိုက်စဉ်မှာပင်...

ရုတ်တရက် တစ်စုံတစ်ယောက်က အံ့အားသင့်စွာ အော်လိုက်သည်။

"မုန့်ပေါ် ထွက်သွားပြီဆိုရင်၊ နိုင့်ဟယ်တံတားမှာ ဘယ်သူကျန်ခဲ့လဲ"

"..."

ဝိညာဉ်တမန်တော်များ နိုင့်ဟယ်တံတားသို့ အပြေးအလွှား သွားကြည့်ကြသောအခါ၊ ထိုနေရာတွင် မုန့်ပေါ်၏ကိုယ်ပွားရုပ်သေးရုပ်တစ်ခုသာ ကျန်ရစ်ခဲ့သည်ကို‌ တွေ့လိုက်ရ၏။

ထိုအရုပ်က စက်ရုပ်တစ်ရုပ်ကဲ့သို့ဟင်းရည်ကို မွှေနေလေသည်။

တံတားပေါ်တွင်လည်း မရေမတွက်နိုင်သော ဝိညာဉ်များက ထိုဟင်းရည်အိုးကို ငေးကြည့်နေကြသည်။

ဝိညာဉ်တမန်တော်များက ကျန်းလင်ကို ပြန်ရှာသောအခါတွင်မူ လူရိပ်ပင် မတွေ့ရတော့ပေ။

...

အနောက်ဘက် ယမမင်းနန်းတော်၏ ဝေ့ဝူစစ်သူကြီးအိမ်တော်...

လွန်ခဲ့သော နှစ်ပေါင်းရာချီက ယမမင်းလေးပါးစစ်ပွဲတွင် သရဲဘုရင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး၊ စစ်မှုထမ်းကောင်းမှုပြုကာ တစ်ဟုန်ထိုး နာမည်ကြီးခဲ့သူဖြစ်သည်။

သို့သော် ထိုသရဲဘုရင်၌ ထူးခြားချက်တစ်ခု ရှိသည်၊ ၎င်းမှာ...

သူသည် အမြဲတမ်း သရဲမျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားခြင်းပင်။

...

အနက်ရောင်အရိပ်တစ်ခုသည် ကောင်းကင်ထက်တွင် အလွန်လျှင်မြန်စွာ ပျံသန်းနေသည်။

"ဟန်နိုင်ငံ ခေတ်က နာမည်ကြီး စစ်သူကြီး၊ နှစ်ပေါင်းထောင်ချီ အသက်ရှင်နေတယ်၊ ရုပ်ချင်းလည်း တူတယ်..."

"စစ်သူကြီး ဖြစ်လာတယ်၊ မင်းသမီးနဲ့လည်း လက်ထပ်တယ်၊ သားသမီးတွေလည်း ရတယ်ပေါ့..."

"ချီဟဲ့စန်း၊ နင် တော်တော်စွမ်းတာပဲ"

"... နင် သေသွားပြီလို့ပဲ မှတ်လိုက်တော့"

မုန့်ပေါ်၏အသံမှာ အက်ကွဲနေပြီး အနောက်ဘက်ယမမင်း နယ်မြေအတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားတော့သည်။

နှစ်ပေါင်းတစ်ထောင်...

တစ်ထောင်တောင် ရှိသွားပြီ။

သူမ ဖြစ်နိုင်ခြေ အမျိုးမျိုးကိုတွေးခဲ့ဖူးသည်။ သူ စစ်မြေပြင်မှာ မသေဘဲ ပြန်လည်ဝင်စားသွားတာ ဖြစ်နိုင်သကဲ့သို့တစ်စုံတစ်ရာသောအကြောင်းကြောင့် ဝိညာဉ်ချုပ်ငြိမ်းသွားခြင်းလည်း ဖြစ်နိုင်သည်။

ထိုစဉ်က ပေးခဲ့သော စာထဲတွင် 'နိုင့်ဟယ်တံတားမှာ ဆုံကြစို့' ဟု ပါခဲ့သည်။

ထို့ကြောင့် သူမသည် သူ့နောက်ကို မမှီမှာ စိုးရိမ်၍၊ သူ့ကို အကြာကြီးမစောင့်စေချင်၍၊ သူ့အုတ်ဂူအလွတ်ရှေ့တွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်။

ထိုအတွက်ကြောင့် သူမသည် ငရဲ၌ နှစ်ပေါင်းရာချီ မီးတောက်ဒဏ်ကို ခံခဲ့ရသည်။

သူမက သူ့ကိုလွဲချော်သွားမည်အား စိုးရိမ်နေခဲ့သော်လည်း၊ သူကမူ သူမကို နှစ်ပေါင်းတစ်ထောင်စောင့်ခိုင်းခဲ့သည်။

နှစ်တစ်ထောင်တောင်။

သူမ စောင့်ခဲ့ရသည်မှာ ကြာရှည်လွန်းလှပြီ။

ထိုလူက ဘယ်လိုပဲဖြစ်နေပါစေ၊ ဘယ်လို အကြောင်းပြချက်ပဲ ရှိရှိ...

သူမသည် သူ့အား ရိုက်နှက်ရန်မစောင့်နိုင်တော့ပေ။

...

[မုန့်ပေါ်က လူကို ရှာတွေ့ပြီလား]

[နောက်ဆက်တွဲကို သိချင်လိုက်တာ၊ Host ဘာလို့ ထွက်မလာသေးတာလဲ]

[အဲဒီလူက တကယ့်လူယုတ်မာပဲ၊ မုန့်ပေါ်ရေ... ကျွန်တော့်ကိုပဲ စဉ်းစားပေးပါတော့]

[ငါ့ဘဝမှာ လေးစားရတဲ့သူ သုံးယောက်ရှိတယ်၊ ပထမက ရှုရှန်း၊ ဒုတိယက နဉ်ချိုက်ယန်၊ တတိယကတော့ အပေါ်ကလူပဲ]

[ပြောရုံပဲရှိပါသေးတယ်၊ ငါ့ကို မလေးစားပါနဲ့၊ ငါက ပါးစပ် ရာဇဝင်တစ်ခု သာသာပါပဲ]

Live ထဲတွင် ကြည့်ရှုသူများက မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။

Host က တာဝန်သွားအပ်ကတည်းက ပြန်မလာသေးသဖြင့် သူ ဘာဖြစ်နေမှန်း၊ အသက်ရှင်သေးရဲ့လားဆိုတာ မသိကြပေ။

ရုတ်တရက် Live ထဲတွင် အလင်းရောင်လေးတစ်ခု ပေါ်လာပြီး တိတ်တဆိတ် ပြန်လည် live လွှင့်လာသည်။

သို့သော် မြင်ကွင်းမှာ မှောင်မည်းလုနီးပါး ဖြစ်နေသည်။

Host ပေါ်မလာဘဲ လေတိုက်သံ ပြင်းပြင်းကိုသာ ကြားနေရသည်။

[ဒါ ဘယ်နေရာလဲ Host အမှောင်ခန်းထဲ ပိတ်မိနေတာလား]

[ငါ ဝတ်ရုံစတစ်ခုကို မြင်လိုက်သလိုပဲ၊ အပေါ်မှာ မရဏပန်းတွေ ထိုးထားတယ်]

[ငါ ခုမှ ဝင်လာတာ၊ ဘာတွေဖြစ်နေတာလဲ]

ကြည့်ရှုသူများ ထမင်းနှစ်ပွဲလောက် ကုန်သွားချိန်မှ လူသံကို ကြားလိုက်ရသည်။

ပြင်းထန်သော လေတိုက်သံလည်း ရပ်တန့်သွားသည်။

သရဲဘုရင်အဆင့် ရောက်သွားပါက ငရဲဘုံတွင် နေထိုင်နိုင်သလို၊ ယမမင်းကြီးထံမှ ကိုယ်ပိုင်နယ်မြေတစ်ခု တောင်းခံနိုင်သည်။

ဤ ဝေ့ဝူစစ်သူကြီး သည်လည်း အပြင်ဘက်တွင် ကိုယ်ပိုင်နယ်မြေတစ်ခု ရှိသော်လည်း၊ အနောက်ဘက်ယမမင်း၏ လက်အောက်တွင်ပင် ရှိနေဆဲဖြစ်သည်။

မုန့်ပေါ်သည် ဝေ့ဝူစစ်သူကြီး၏ အိမ်တော်ရှေ့သို့ ရောက်ရှိလာသောအခါ သူမ၏ ပြင်းထန်သော သရဲစွမ်းအင်ကြောင့် တံခါးစောင့် သရဲလေးများမှာ ကြောက်လန့်တကြား အနောက်သို့ ဆုတ်ကုန်ကြသည်။

"ဘယ်သူလဲ"

"ငါ မင်းတို့ သရဲဘုရင်ကို တွေ့ချင်တယ်"

"နေ... နေဦး ခဏစောင့်နေပါ"

သရဲလေးသည် သူမ ဘယ်သူလဲဆိုတာတောင် ထပ်မမေးရဲတော့ဘဲ အိမ်တော်ထဲသို့ အလူးအလဲ ပြေးဝင်သွားတော့ သည်။

တံခါးဝကလူမှာ ၎င်းတို့ ရန်စရမည့်သူ မဟုတ်ကြောင်း သိသာလှသည်။

အိမ်တော်အတွင်း...

လှပခမ်းနားသော ခန်းမဆောင်ကြီးအတွင်း သီချင်းသံများ ပျံ့လွင့်နေသည်။

သရဲမျက်နှာဖုံး ဝတ်ဆင်ထားသော အရပ်ရှည်ရှည် လူတစ်ယောက်သည်လည်း အထက်တွင်ရှိသော ထိုင်ခုံကြီးပေါ်၌ ထိုင်နေ၏။

သူ့ လက်တစ်ဖက်စီတွင် ဆွဲဆောင်မှုရှိပြီး လှပသောအမျိုး သမီးတစ်ဦးစီကို ပွေ့ဖက်ထားသည်။

ထိုလူက ဘယ်ပြန်ညာပြန် ပွေ့ဖက်ထားသော မြင်ကွင်းမှာ အလွန်သာယာနေပုံရသည်။

ထိုစဉ် သရဲလေးတစ်ကောင်မှာ အလောတကြီး ပြေးဝင်လာပြီး ဒူးထောက်လိုက်သည်။

"စစ်... စစ်သူကြီး၊ တစ်ယောက်ယောက်က တွေ့ချင်လို့တဲ့"

"ဘယ်သူလဲ၊ စစ်သူကြီး အလုပ်ရှုပ်နေတာ မမြင်ဘူးလား"

ထိုင်ခုံကြီးပေါ်၌ ဝေ့ဝူစစ်သူကြီး၏ကိုယ်ပေါ်တွင် ကပ်နေသော အမျိုးသမီးက ချွဲနွဲ့စွာပြောလိုက်သည်။

"အဲဒါ... အမျိုးသမီးတစ်ယောက်ပါ၊ အနည်းဆုံး စစ်သေနာပတိ အဆင့်ရှိပါတယ်"

သရဲလေးမှာ ခေါင်းပင် မဖော်ရဲပေ။

အားလုံးသိကြသည့်အတိုင်း ဝေ့ဝူစစ်သူကြီးမှာ အလွန်စွမ်းအားကြီးပြီး လွန်ခဲ့သောနှစ်ပေါင်းရာချီကပင် သရဲဘုရင် ဖြစ်ခဲ့သူဖြစ်သည်။

သို့သော် ဤဝေ့ဝူစစ်သူကြီးမှာ မိန်းမကိစ္စတွင် အလွန်ဝါသနာကြီးသူလည်း ဖြစ်သည်။

သူ့ကို အကူအညီတောင်းလိုပါက အလှပဂေးများလက် ဆောင်ပေးခြင်းထက် ပိုထိရောက်သည့်အရာ မရှိပေ။

ယခု တံခါးဝမှ ရောက်လာသူမှာ အဆင့်မြင့်သည့်အပြင် အမျိုးသမီးလည်း ဖြစ်နေသဖြင့် ထိုသရဲလေးမှာ စကားကို မဆင်မခြင် မပြောရဲပေ။

"အိုး စွမ်းအားကြီးတဲ့ အလှလေးတစ်ယောက်လား"

ဝေ့ဝူစစ်သူကြီး စိတ်ဝင်စားသွားကာ ဘေးနားမှ အမျိုးသမီးများ၏ချွဲနွဲ့မှုကို ဂရုမစိုက်တော့ဘဲ ချက်ချင်းထရပ်ကာ အပြင်သို့ ပျံထွက်သွားတော့သည်။

ထိုစဉ် သူ လှမ်းကြည့်လိုက်ရာ အဝေးမှနေ၍ပင် သူသည် သွယ်လျလှပသော အမျိုးသမီးအရိပ်တစ်ခုကိုလှမ်းမြင်လိုက်ရလေတော့သည်။

(T/N : နိုင်းဟယ်တံတားအား နိုင့်ဟယ်တံတားဟု ပြောင်းလဲခေါ်ဝေါ်ပါမည်။)

🫧 Chapter 30

"ဘယ်ကလာတဲ့ အလှလေးလဲမသိဘူး ဒီစစ်သူကြီးကိုလာရှာတာ ဘာကိစ္စရှိလို့လဲ"

ဝေ့ဝူစစ်သူကြီးသည် အမျိုးသမီးကို တစ်ပတ်ပတ်ကြည့်ကာ

"ဒါမှမဟုတ်... အလှလေးက ကိုယ့်ကိုယ်ကိုယ် လာဆက်သတာလား"

မုန့်ပေါ်သည် ပန်းချီကားတစ်ချပ်ကဲ့သို့ လှပပြီး ဆံနွယ်ရှည်များမှာ အောက်သို့ ဝဲကျနေကာ သူမ မျက်ခုံးကြားတွင် ပွင့်အာနေသော မရဏပန်းတစ်ပွင့်လည်း ရှိနေသည်။

ညို့ယူဖမ်းစားနိုင်သလို၊ အေးစက်စက်နှင့် တည်ငြိမ်လွန်းလှကာ သူမ အလှမှာ စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်စေသည်။

၎င်းတို့နှစ်ဦး စကားပြောနေချိန်တွင် မုန့်ပေါ် ဝတ်ရုံစကြားမှ ဘောလုံးလေးတစ်ခု တိတ်တဆိတ်လိမ့်ထွက်လာသည်ကို မည်သူမျှ သတိမပြုမိလိုက်ကြပေ။

ထိုဘောလုံးလေးသည် အနီးအနားတွင် ပုန်းကွယ်နေလိုက်သည်။

ထိုအခါမှ Live ဗီဒီယို၏မြင်ကွင်းမှာ တဖြည်းဖြည်းကြည် လင်လာသည်။

ထို့နောက်ကောင်းကင်ထက်တွင် ရင်ဆိုင်နေကြသော အမျိုး သားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကိုမြင်တွေ့ရသည်။

အမျိုးသားမှာ သရဲမျက်နှာဖုံးကိုဝတ်ဆင်ထားပြီး အရပ်အ မောင်းမြင့်မားသည်။

အမျိုးသမီးမှာမူ အေးစက်စက်အရှိန်အဝါရှိပြီး ညို့ယူဖွယ်ကောင်းသော မရဏပန်းနှင့်အတူ တစ်ကိုယ်လုံးမှာ အလွန် တရာအေးစက်ပြီး လှပနေသည်။

[ဒါ မုန့်ပေါ်လား ဘုရားရေ မုန့်ပေါ်မမရဲ့အလှက ငါ့ကို သတ်နေပြီ]

[ဆုံးဖြတ်လိုက်ပြီ၊ မုန့်ပေါ်က နောက်ပိုင်း ငါ့ရဲ့နတ်ဘုရားမပဲ]

[နောက်ဆုံးတော့ 'မြောက်ဘက်မှာ အလှလေးတစ်ဦးရှိတယ်၊ လောကမှာ အလှဆုံးဖြစ်ပြီး မြို့ကိုတောင် ပျက်စီးသွားစေနိုင်တယ်' ဆိုတဲ့ စကားကို နားလည်သွားပြီ...]

[ချစ်မိသွားပြီ၊ ချစ်မိသွားပြီ ဘေးနားက လူက ဝေ့ဝူစစ်သူကြီးလား ဒီကိုယ်လုံးကိုယ်ပေါက်ကတော့ တကယ့်ကို သန်မာထွားကြိုင်းတာပဲ]

[ဝေ့ဝူစစ်သူကြီးက ဘာလို့ မျက်နှာဖုံးကြီးတပ်ထားတာလဲ ဟဲဟဲ၊ ကျွန်တော့်ကို ယဇ်ပူဇော်ပြီး မုန့်ပေါ်ကို အားပေးကြစို့]

Live ထဲတွင် လူကြည့်နှုန်းမှာ အရှိန်အဟုန်ဖြင့် တက်လာသည်။

လက်သွက်သော ကြည့်ရှုသူအချို့မှာ မုန့်ပေါ်၏အလှကို စခရိမ်ရှော့များ ရိုက်ကာ လူမှုကွန်ရက်စာမျက်နှာများပေါ်သို့ မျှဝေလိုက်ကြသည်။

[Live ထဲကို အမြန်ဝင်ကြည့်ကြဦး၊ မုန့်ပေါ်ရဲ့ကမ္ဘာကျော်အလှကိုကြည့်ကြဟ]

Comment ကဏ္ဍတွင် မေးခွန်းသင်္ကေတများစွာ ပေါ်လာသည်

[...]

[ဘယ်က အလှလေးလဲ]

သရဲများကို Screenshot ရိုက်ခြင်း၊ ဗီဒီယိုမှတ်တမ်းတင်ခြင်းများ ပြုလုပ်ပါက (သာမန်လူများအတွက်) ဘာမှ မြင်ရမည်မဟုတ်ပေ။

ထိုလူများသည် အမည်းရောင်ပုံရိပ်များကိုသာ ကြောင်ကြည့်ရင်း Live ထဲသို့ ဝင်လာကြသည်။

သို့‌သော်ဝင်လာသည်နှင့် အံ့ဩသွားကြတော့သည်။

[ဒီခြေထောက်တွေကို ငါ သုံးနှစ်လောက် ကြည့်နေနိုင်တယ်]

[အပေါ်ကလူ စကားကို ဆင်ခြင်ပါ တန်းစီလိုက်ဦး]

[အမေက ကျွန်တော့်ကို မေးနေတယ်၊ မိန်းမယူဖို့ ပိုက်ဆံစုပြီးပြီလားတဲ့]

...

မုန့်ပေါ်သည် သူ့ မျက်နှာကို စိုက်ကြည့်ကာပြောလိုက်၏

"စစ်သူကြီးက ရဲရင့်ပြီးခန့်ညားတယ်လို့ သတင်းကြီးတယ်၊ စစ်သူကြီးက ဘာလို့ အမြဲတမ်းမျက်နှာဖုံး တပ်ထားတာလဲ ကျွန်မကို ပြလို့ရမလား"

ဝေ့ဝူစစ်သူကြီးသည် သူမအနားသို့ ပေါ့ပျက်ပျက်ဖြင့်တိုးကပ်လာသည်

"ဘာလဲ၊ အလှလေးက ငါ့အပေါ် တော်တော်လေးစိတ်ဝင်စားနေတာလား"

"အိမ်တော်ထဲကိုဝင်ပြီး တစ်ညလုံး စကားစမြည်ပြောကြရင် မကောင်းဘူးလား"

"အကယ်၍ စစ်သူကြီးက မျက်နှာဖုံးကို မချွတ်ချင်ဘူးဆိုရင်တော့၊ ကျွန်မကပဲ..."

မုန့်ပေါ်သည် မျက်လုံးကို ပင့်ကြည့်လိုက်ကာ လျှပ်စစ်ကဲ့သို့ လျှင်မြန်သောအရှိန်ဖြင့် သရဲမျက်နှာဖုံးကို လှမ်းဖမ်းလိုက်တော့သည်။

"ကျွန်မကပဲ ကိုယ်တိုင် လုပ်ရတော့မှာပေါ့

ထိုအခါ ဝေ့ဝူစစ်သူကြီးသည် ကိုယ်ကို ယိမ်းလိုက်ကာ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။

"စပ်စပ်လေးပဲ၊ ငါ ကြိုက်တယ်

"ဒီထက် ပိုစပ်တာတွေ ရှိသေးတယ်"

မုန့်ပေါ်၏တိုက်ကွက်များမှာ ပြင်းထန်ပြီး သူမ ပစ်မှတ်မှာ မျက်နှာဖုံးပင်။

ဝေ့ဝူစစ်သူကြီးမှာ တစ်ခါတစ်ရံ ခုခံလိုက်၊ တစ်ခါတစ်ရံ ပြန်လည်တိုက်ခိုက်လိုက်ဖြင့် ဤမြင်းရိုင်းမလေးကို ယဉ်ပါးအောင် ပြုလုပ်လိုနေသည်။

၎င်းတို့နှစ်ဦး တိုက်ပွဲမှာ ပိုမိုပြင်းထန်လာပြီး ပတ်ဝန်းကျင်ရှိ အဆောက်အအုံများမှာ ခဏခဏပျက်စီးကုန်သည်။

အိမ်တော်အတွင်းရှိ သရဲများမှာလည်း ထွက်ပြေးကုန်ကြသည်။

မုန့်ပေါ်သည် ထိုသရဲမျက်နှာဖုံးကို ကြည့်ရင်း ရုတ်တရက် အော်ခေါ်လိုက်သည်။

"ချီဟဲ့စန်း"

ရှောင်တိမ်းရန် ပြင်နေသော ဝေ့ဝူစစ်သူကြီးမှာ ရုတ်တရက် တုန့်ခနဲ ဖြစ်သွား၏။

ထိုခဏတာ ရပ်တန့်သွားချိန်မှာပင်...

မုန့်ပေါ် ကိုယ်ရိပ်သည် အရှိန်အဟုန်ဖြင့် တိုးဝင်သွားကာ ထိုမျက်နှာဖုံးကိုတစ်ချက်တည်းနှင့် ဆွဲချွတ်လိုက်တော့သည်။

မျက်နှာပေါ်တွင် အေးစက်မှုကို ခံစားလိုက်ရသဖြင့် ဝေ့ဝူစစ်သူကြီးမှာ ချက်ချင်းသတိပြန်ဝင်လာပြီး မျက်နှာဖုံးကို ပြန်လည်လုယူကာ ဝတ်ဆင်လိုက်သည်။

"ငါ ငယ်ငယ်တုန်းက မျက်နှာမှာ ဒဏ်ရာရထားလို့ပါ၊ အလှလေးကို လန့်မသွားစေချင်လို့ပါ"

စက္ကန့်အနည်းငယ်သာ ဖြစ်သော်လည်း၊ မုန့်ပေါ်မှာ သူ့မျက် နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီ ဖြစ်သည်။

ဓားပုံသဏ္ဍာန် မျက်ခုံးနှင့် သိန်းငှက်မျက်လုံး၊ မျက်နှာပေါ်တွင် တစ်လက်မခန့် ရှည်သော ဓားဒဏ်ရာတစ်ခု ရှိနေပြီး အလွန်ပင်ကြောက်စရာကောင်းလှသည်။

အားလုံးထက် အရေးကြီးဆုံးမှာ သူ့ မျက်ခုံးကြားမှ ညာဘက်သို့ သုံးပုံတစ်ပုံခန့် အကွာတွင် အသားမှဲ့လေးတစ်ခုရှိနေ သည်။

"ချီဟဲ့စန်း"

"မင်း ဒီနာမည်ကို ဘယ်လိုသိတာလဲ"

ဝေ့ဝူစစ်သူကြီးက မျက်လုံးမှေးကြည့်ကာ သူမကို မေးလိုက်သည်။

ဤနှစ်ပေါင်းတစ်ထောင်အတွင်း သူသည် ဤနာမည်ကို အသုံးမပြုခဲ့ပေ။

"နင်က တကယ့်ကို ချီဟဲ့စန်းပဲလား"

မျက်နှာကို ကြည့်စရာမလိုတော့ဘဲ၊ ဤနာမည်အပေါ် သူ၏ တုန့်ပြန်မှုကို ကြည့်ရုံဖြင့် အဖြေကို သိနိုင်ပြီဖြစ်သည်။

"ငါ ဘယ်လိုသိတာလဲ ဟုတ်လား အင်းလေ... ငါ ဘယ်လိုသိတာလဲ..."

မုန့်ပေါ်သည် ရယ်မောလိုက်သည်။ သူမ၏ ဆံနွယ်များမှာ လေမတိုက်ဘဲ လွင့်ပျံလာပြီး ပတ်ဝန်းကျင်ရှိ သရဲစွမ်းအင်များမှာ သရဲဘုရင်အဆင့်သို့ ရောက်လုနီးပါး အရှိန်အဟုန်ဖြင့် တိုးလာသည်။

သူမ မျက်လုံးထောင့်များမှာ နီရဲလာပြီး မျက်ဝန်းထဲတွင် ရူးသွပ်မှုများ ပြည့်နှက်လာသည်။

"ဟားဟားဟားဟား... ငါ နင့်ကို နှစ်ပေါင်းတစ်ထောင်စောင့်ခဲ့တယ်၊ နင့်ကို နှစ်ပေါင်းတစ်ထောင် ရှာခဲ့တယ်"

"နင်က ငါ့ကို ဘယ်လိုသိတာလဲလို့ မေးတယ်ပေါ့"

"နင်က ငါ့ကို နိုင့်ဟယ်တံတားမှာ စောင့်ခိုင်းပြီး လှည့်ဖြားခဲ့တယ်၊ ကိုယ်တိုင်ကတော့ နောက်ထပ် မိန်းမယူ၊ သားသမီးတွေရပြီး စည်းစိမ်ချမ်းသာတွေကို ခံစားနေတယ်ပေါ့..."

"..."

ဝေ့ဝူစစ်သူကြီး ချီဟယ်ရှန်းသည် မျက်မှောင်ကြုတ်လိုက်သည်။

"မင်း ဘာတွေပြောနေတာလဲ ငါ မသိဘူး"

မျက်စိရှေ့မှ အမျိုးသမီး၏သရဲစွမ်းအင်မှာ တဖြည်းဖြည်း မြင့်တက်လာပြီး အနည်းဆုံး သရဲဘုရင်အဆင့်တွင် ရှိနေ သည်။

ဤမျှလောက် ရူးသွပ်နေသည့်တိုင် သူမ၏အလှမှာ ရင်သပ် ရှုမောဖွယ် ကောင်းနေဆဲပင်။

သူသည် ဤကဲ့သို့သော အလှနတ်ဘုရားမကို ဘယ်လိုလုပ်ပြီး စွန့်ပစ်ခဲ့ပါ့မလဲ ?

...

[အား သူ ဝန်ခံလိုက်ပြီ၊ သူ ဝန်ခံလိုက်ပြီ]

[အသေသတ်ပစ် မုန့်ပေါ်ရေ အစွမ်းကုန်တိုက်! သူ့ကို ရိုက်ပစ်! တိုက်ပစ်]

[Screen capture မရိုက်ဘဲ ဘာလုပ်နေတာလဲ! ကြောင်နေကြတာလား]

[ကျွန်တော်လည်း မေးပါရစေ၊ ဘယ်သူ Screenshot ရိုက်နိုင်လဲ လှလွန်းလို့ ရူးတော့မယ်]

[ပန်းချီဆရာတွေ ဘယ်မှာလဲ! ညာဘက်မှာ စုကြစို]

Live ထဲတွင် ပေါက်ကွဲသွားပြီ ဖြစ်သည်။

မုန့်ပေါ်သည် ယခုအချိန်တွင် နောက်ထပ် အဆင့်တစ်ခု၏ အလှမျိုးသို့ ရောက်ရှိနေပြီဖြစ်သည်။

လူသားတို့၏စကားဖြင့် ဖော်ပြရမည်ဆိုလျှင် ရူးသွပ်နေသော အလှနတ်ဘုရားမပင်။

'လှလည်းလှတယ်၊ အစွမ်းလည်းထက်တယ်၊ ရူးလည်းရူးသွပ်နေတယ်'

ချီဟဲ့စန်းအပေါ် သူမ၏စွဲလမ်းမှုမှာ ရူးသွပ်မှုအဆင့်သို့ ရောက်နေပြီဖြစ်သည်။

ကြည့်ရှုသူများမှာ မုန့်ပေါ်ကို မည်မျှပင် ချစ်မြတ်နိုးကြစေကာမူ၊ ချီဟဲ့စန်းကိုမူ ထိုမျှပင် သတ်ပစ်ချင်နေကြသည်။

[နတ်ဘုရားလက် ပန်းချီဆရာတွေ ရောက်ပါပြီ၊ ဆွဲပြီးပြီ၊ တင်ပြီးပြီ]

[Save ထားပြီးပြီ]

[Save ထားပြီးပြီ]

[ပန်းချီဆရာရေ၊ ဘေးနားက ခွေးမသားကို ပယ်ဖျက်ပေးပါ ကျွန်တော် မုန့်ပေါ်ကိုပဲ လိုချင်တာ]

[ပယ်ဖျက်ပေးဖို့ တောင်းဆိုပါတယ်]

[မုန့်ပေါ်ကိုပဲ သိမ်းသွားတော့မယ်]

...

[ဒီ ဝေ့ဝူစစ်သူကြီးကတော့... သူ့မှာ အပျော်အပါးလုပ်ထားတဲ့အကြွေးတွေ ဘယ်လောက်တောင် ရှိနေလဲဆိုတာ မေ့နေပုံပဲ]

ငရဲဘုံ...

ကျန်းလင်သည်လည်း Live ကို ကြည့်နေသကဲ့သို့အရင်က Live ထဲမှ ကြည့်ရှုသူများက မုန့်ပေါ်၏နောက်ဆက်တွဲကို ကြည့်ချင်သည်ဟု အော်ဟစ်နေကြသဖြင့် သူသည် မုန့်ပေါ်၏အရှိန်ကို မမှီ၍ Live ဘောလုံးကိုသာ တိုက်ရိုက်လွှတ် လိုက်ခြင်းဖြစ်သည်။

အမှန်အတိုင်းပြောရလျှင် သူကိုယ်တိုင်လည်း သိချင်နေမိ သည်။

'ဘာကြောင့် မုန့်ပေါ်က နှစ်ပေါင်းတစ်ထောင် ရှာတာတောင် လူရှာမတွေ့ခဲ့တာလဲ ဆိုတာကိုပေါ့'

'ကြည့်ရတာ ဒီလူက လုံးဝလူပြန်မဝင်စားဘဲ နာမည်ပြောင်း၊ မျိုးရိုးပြောင်းပြီး မျက်နှာဖုံးပါ တပ်ထားခဲ့တာကိုး'

'ဒါကို ဘယ်သူက ရှာတွေ့နိုင်မှာလဲ'

'နောက်ပြီး ဒီ ဝေ့ဝူစစ်သူကြီးက အစတုန်းက မုန့်ပေါ်ကို ဘာကြောင့် ရက်ရက်စက်စက်စွန့်ပစ်ခဲ့ရတာလဲ'

သူ ဝိညာဉ်တမန်တော် လုပ်လာတဲ့ နှစ်ပေါင်းရာချီအတွင်းမှာတောင် မုန့်ပေါ်လောက် လှတဲ့သူမျိုးတွေ့ရခဲသည်။

ထို့ကြောင့် ကျန်းလင်သည်လည်း နေကြာစေ့တစ်ထုပ်ထုတ်လိုက်ကာ ဆက်ကြည့်နေလိုက်သည်။

ကွပ်-ကွပ်

ကွပ်-ကွပ်

...

Live မြင်ကွင်းထဲတွင်

မုန့်ပေါ်၏စွမ်းအားမှာ ဆက်လက် မြင့်တက်နေဆဲဖြစ်သည်။

နောက်ဆုံးတွင် သူမ အစွမ်းမှာ သရဲဘုရင်၏အထွတ်အထိပ် အဆင့်သို့ပင် ရောက်ရှိသွားသည်။

မရဏတမန်တော် အဆင့်နှင့် တစ်လှမ်းသာ ကွာတော့သည်။

ဤလူသာဖြစ်ကြောင်း အတည်ပြုပြီးပြီဆိုလျှင်၊ သူမအနေ ဖြင့် ညှာတာနေစရာအကြောင်းမရှိတော့ပေ။

"နင့်ကို သတ်ပြီးမှ၊ မရဏမင်းကြီးဆီမှာ သွားပြီး ရှင်းပြလိုက်တော့မယ်"

မုန့်ပေါ် စကားအများကြီး မပြောတော့ပေ။

သူမ ခန္ဓာကိုယ်အတွင်းမှ ထူထပ်လှသော သရဲစွမ်းအင်များ ထွက်ပေါ်လာပြီး သူမ၏ လှုပ်ရှားမှုနှင့်အတူ ချီဟဲ့စန်းကို တိုက်ခိုက်လိုက်သည်။

ယခုတစ်ကြိမ်တွင် သူမသည် ဘာမှ ချန်မထားတော့ပေ။

တိုက်ကွက်တိုင်းမှာ အသက်ကိုရည်ရွယ်သည်။

ချီဟဲ့စန်းသည် စကားပြော၍ မရတော့ကြောင်းမြင်သော အခါ အားရပါးရ အော်ဟစ်လိုက်သည်။

"ဝိညာဉ်တပ်သားတွေ အမိန့်ကိုနာခံကြ"

သောင်းနှင့်ချီသော သရဲရဲမက်များ တပြိုင်နက် ပေါ်လာပြီး သူ့ရှေ့တွင် ကာကွယ်လိုက်ကြသည်။

"ရှိပါတယ်"

"တစ္ဆေစစ်သူကြီးတွေ ဘယ်မှာလဲ"

"လက်အောက်ငယ်သားများ ရှိပါတယ်"

နောက်ထပ် ဝိညာဉ်ဗိုလ်ချုပ် အများအပြားပေါ်လာပြီး မုန့်ပေါ်ကို မျက်နှာမူကာ တိုက်ခိုက်ရန်ပြင်လိုက်ကြသည်။

ချီဟဲ့စန်းသည် သရဲရဲမက်နှင့် ဝိညာဉ်ဗိုလ်ချုပ်များ၏ နောက်တွင် ရပ်ကာ မုန့်ပေါ်ကို အဝေးမှလှမ်းကြည့်နေသည်။

သူသည် သရဲဘုရင် အဆင့်နှောင်းပိုင်းသာရှိသည်။

သရဲဘုရင် အဆင့်နှောင်းပိုင်းနှင့် အထွတ်အထိပ်အဆင့်တို့မှာ နားထောင်ရသည်မှာ ဆင်တူသလိုရှိသော်လည်း အမှန်တကယ်တွင် သရဲဘုရင် အထွတ်အထိပ်အဆင့်သည် မရဏတမန်အဆင့်သို့ ခြေတစ်လှမ်း လှမ်းထားပြီးသားဖြစ်သည်။

ဤအမျိုးသမီးကို မည်သည့်အချိန်တွင် သွားရောက်ရန်စခဲ့မှန်း သူ မသိသော်လည်း၊ တစ်ဖက်လူကမူ သူ့ကို သတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

ယခု သူသည် မိမိကိုယ်ကိုယ် ကာကွယ်ရန်သာ ကြိုးစားရတော့မည်။

ဤမျှလောက် ဆူညံနေမှုမှာ ထိုပုဂ္ဂိုလ်ကြီးကို လန့်သွားစေလောက်ပြီ။

သူသည် ခဏလောက်သာ တောင့်ခံထားရန် လို‌တော့၏...

"ဟက်"

"ကလေးသာသာ အဆင့်လေးတွေနဲ့တင်၊ နင်က သူတို့ကို အသေခံခိုင်းနေတာလား"

မုန့်ပေါ်သည် အေးစက်စွာ ရယ်မောလိုက်ကာ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ထောင်နှင့်ချီသော သရဲရဲမက်များမှာ တပြိုင်နက်တည်း ယင်စွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ လောကကြီးထဲမှ ပျောက်ကွယ်သွားတော့သည်။

All Chapters