← Chapters

အခန်း (၃၇၂)

Vol. 34 Ch. 372

အခန်း (၃၇၂)

Vol. 34 Ch. 372

📝အပိုင်း - ၃၇၂

ဘာသာပြန် - Na Gar🐉

အခြေအနေက ထိုသို့ဖြစ်နေသော်လည်း သူသည် လူသူကင်းဝေးရာအရပ်သို့ အတင်းအကြပ် သွားရောက်ကာ သူ၏ အင်္ကျီအတွင်းသားမှ ပိတ်စတစ်စကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူ၏ လက်ညှိုးကို ကိုက်ကာ သွေးဖြင့် လျှို့ဝှက်စာကို စတင်ရေးသားတော့သည်။

ဟိုင်တုန်ချင် သည်လည်း သူ၏ ပုခုံးပေါ်တွင် နားနေသည်။

သတင်းစကားကို အမြန်ဆုံး ပေးပို့ရန် အသင့်ရှိနေခြင်း ဖြစ်သည်။

"ဝှစ်.."

ထိုအချိန်မှာပင်။

မြှားတစ်စင်း ပျံသန်းလာပြီး ပျံတက်ခါစ ဟိုင်တုန်ချင်ကို တည့်တည့်မှန်ကာ လေထဲမှ ပြုတ်ကျသွားစေသည်။

"ဗိုလ်ချုပ်ရှာ"

လေးကိုင်ထားသော ချန်ဆန်းရှီသည် တိတ်ဆိတ်စွာ ပေါ်ထွက်လာပြီး "ဘာတွေ ရေးနေတာလဲ။ ဘာလို့ တောင်ကြားထဲ ပြန်သွားပြီး စက္ကူမသုံးတာလဲ၊ သွေးကို သုံးပြီး ရေးရလောက်အောင် အဲ့ဒီလောက်တောင် အရေးကြီးနေလို့လား" ဟု ဆိုလိုက်သည်။

"မင်း... မင်း..."

ရှာဝမ်လုံသည် ချက်ချင်း ထိတ်လန့်သွားပြီးနောက် အံ့ဩသွားသည့်ဟန် ဆောင်လိုက်သည်။ "မင်း ဘယ်လိုများ သတ္တိရှိရတာလဲ၊ ဒီလို ရှားပါးသားရဲ သိန်းငှက်တွေက ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ မင်း မသိဘူးလား"

ချန်ဆန်းရှီက သူ့ကို ဂရုမစိုက်ဘဲ ဟိုင်တုန်ချင်ကို ကောက်ယူကာ ချည်နှောင်ထားသည့် ပိတ်စကို ဖြန့်ကြည့်လိုက်သည်။

"ဗိုလ်ချုပ်ရှာ... ခင်ဗျားနဲ့ ကျွန်တော်က သေဖော်သေဖက်တွေ ဖြစ်ခဲ့တာလေ။ ခင်ဗျားက ကျွန်တော့်ကို ဒီလိုမျိုး လုပ်ကြံမယ်လို့ မယုံနိုင်စရာပဲ။ နန်းတွင်းအရာရှိကို သတ်ဖြတ်မှု၊ မသေမျိုး အတတ်ပညာကို ဖုံးကွယ်မှု၊ ပြီးတော့ ပုန်ကန်ဖို့ ကြံစည်မှုတွေနဲ့ပါ စွပ်စွဲထားတာလား။ တကယ်ကို ကောက်ကျစ်တဲ့ နှလုံးသားပဲ"

အမှန်တရားက ပေါ်သွားပြီ ဖြစ်သည်။

ရှာဝမ်လုံသည်လည်း ဟန်ဆောင်နေခြင်းကို ရပ်တန့်လိုက်သည်။ "ချန်ဆန်းရှီ... ယင် မိသားစုက သခင်လေးကို သတ်ခဲ့တာ မင်းပဲ မဟုတ်လား၊ ဟုတ်တယ်မလား"

ဘာပြန်ပြောသံမှ မကြားရပေ။

သူ မြင်လိုက်ရသည်မှာ ချန်ဆန်းရှီ၏ လက်ချောင်းထိပ်တွင် ခရမ်းရောင် ဓားငယ်လေးတစ်ခု ဖြည်းဖြည်းချင်း ဖြစ်တည်လာခြင်းပင်။

"မင်း... မင်း ဘာလုပ်မလို့လဲ"

ရှာဝမ်လုံ၏ ကောင်းနေသေးသော မျက်လုံးတစ်ဖက်မှာ ပြူးကျယ်သွားသည်။

သူ၏ ခန့်မှန်းချက်မှာ မှန်ကန်နေခဲ့ပြီ ဖြစ်သည်။

ဒီ ချန် ဆိုတဲ့လူက တကယ်ပဲ မသေမျိုး အတတ်ပညာကို သင်ယူထားခဲ့သည်။

ဒါပေမဲ့ အခုချိန်မှာတော့ သူ အံ့ဩနေဖို့ထက် ကြောက်ရွံ့မှုက ပိုကြီးစိုးနေသည်။ "မင်း ငါ့ကို သတ်ရဲလို့လား။ ဒါကို ဘယ်လို ရှင်းပြမှာလဲ"

"ဗိုလ်ချုပ်ရှာဝမ်လုံဟာ ထွက်ပြေးနေတဲ့ နန်ရွှီ မြင်းတပ်တွေကို လိုက်လံချေမှုန်းရင်း ရန်သူတွေရဲ့ အလစ်အငိုက် တိုက်ခိုက်မှုကို ခံရပြီး ကျဆုံးသွားခဲ့ရတယ်... ဒီရှင်းပြချက်က ဘယ်လိုလဲ ဗိုလ်ချုပ်ရှာ"

ချန်ဆန်းရှီ၏ အသံမှာ ထိတ်လန့်စရာကောင်းလောက်အောင် တည်ငြိမ်နေသည်။

"ဒုန်း.."

ရှာဝမ်လုံသည် လွတ်ဖို့ လမ်းမရှိတော့မှန်း သိလိုက်သဖြင့် အတင်းအကြပ် ပြေးရန် ကြိုးစားတော့သည်။

ခရမ်းရောင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။

သူသည် တောင့်တောင့်ကြီး မြေပြင်ပေါ် လဲကျသွားပြီး ခဏချင်းမှာပင် အသက်ရှူ ရပ်တန့်သွားတော့သည်။

ချန်ဆန်းရှီသည် အလောင်းကို သွားရောက် ရှင်းလင်းလိုက်သည်။

ဤလူသည်လည်း။

ထိုက်တန်တဲ့ အကျိုးကို ရရှိသွားခြင်းပင်။

အနည်းဆုံးတော့ မသေခင်မှာ သူ့မှာ ကျန်ရှိနေတဲ့ အသုံးချရမယ့် တန်ဖိုးလေးကို ကုန်စင်အောင် သုံးသွားနိုင်ခဲ့သည်။

ဒါ့အပြင်။

ဒီလို အောင်ပွဲကြီးမှာ။

နက်နဲပုံရိပ်အဆင့် ရှိတဲ့ ဗိုလ်ချုပ်တစ်ယောက် သေဆုံးသွားတာဟာ။

တကယ်တော့...

အလွန်ပင် သာမန် ဖြစ်ရပ်တစ်ခုသာ ဖြစ်သည်။

တကယ်လို့ ဗိုလ်ချုပ်တစ်ယောက်မှ မသေဘူးဆိုရင် စစ်မြေပြင် သတင်းပို့ချက်က လက်တွေ့မကျသလို ဖြစ်နေပေလိမ့်မည်။

ချန်ဆန်းရှီသည် ထိုလူတွင် ဒဏ်ရာအပြင်းအထန် ရနေသည်ကို သိသောကြောင့် ဤနေရာတွင် လုပ်ဆောင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဓားချီမန္တန်ကို သုံးရတဲ့ အဓိက အကြောင်းရင်းကတော့ အလုပ်မြန်စေရန် ဖြစ်သည်။

ဓားချီမန္တန်ကို လေ့ကျင့်ရာတွင် ခရမ်းရောင်ချီများစွာ ကုန်ဆုံးသော်လည်း တစ်ကြိမ်သုံးပြီးနောက် ပြန်လည် ဖြည့်တင်းရန်မှာ အချိန်အနည်းငယ်သာ ပေးရုံဖြင့် လုံလောက်သည်။

ဤသို့ဖြင့် ဟူလောင်တောင်ကြား တိုက်ပွဲသည်။

အပြည့်အဝ ပြီးဆုံးသွားခဲ့ပြီဟု မှတ်ယူနိုင်သည်။

ချန်ဆန်းရှီ၏ ဆုံးဖြတ်ချက်အရ သူတို့ လိုင်ပြည်နယ်သို့ ပြန်ရောက်ချိန်တွင် ယုံလဲ့ခရိုင်ကို မကြာမီ သိမ်းပိုက်နိုင်တော့မည် ဖြစ်သည်။ အစိမ်းရောင်တောင်တန်း ပြင်ပရှိ ချင်နိုင်ငံ၏ တပ်မတော်သည်လည်း အမြန်ဆုံး ဆုတ်ခွာသွားတော့မည်ဖြစ်ရာ ပြည်နယ် သုံးခုကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းက အသေအချာပင် ဖြစ်နေပြီ ဖြစ်သည်။

ဒါပေမဲ့ နိဂုံးမချုပ်ရသေးတဲ့ ကိစ္စတစ်ခု ကျန်နေသေးသည်။

အိမ်ရှေ့စံ၏ ပုန်ကန်မှုပင်။

ပြည်နယ် သုံးခုကို ငြိမ်းချမ်းစေခြင်းမှာ ဇီဝေတောင်ကို ရရှိခြင်းပင် ဖြစ်သည်။

အိမ်ရှေ့စံနှင့် အမွှေးတိုင်နတ်ဘုရားဂိုဏ်းတို့ တိုက်ခိုက်ရန် ပြင်ဆင်နေသည့် နေရာပင်။

ဧကရာဇ်သည်လည်း မကြာမီမှာပင် ဇီဝေတောင်သို့ ရောက်ရှိလာပြီး ဘိသိက်ခံပွဲ အခမ်းအနားကို ကျင်းပတော့မည် ဖြစ်ရာ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိအားလုံးသည် လင်ကျိုးသို့ တဖြည်းဖြည်း ရောက်ရှိလာကြတော့မည်။ ထိုသို့ဆိုလျှင် လင်ကျိုးသည် တကယ့် မြို့တော်ကြီး ဖြစ်လာတော့မည် မဟုတ်ပါလား။

ချန်ဆန်းရှီနှင့် ကျန်ရှိသော အောင်မြင်မှု့ရှင်များသည်လည်း ဆုလာဘ်များကို စောင့်မျှော်ရန် ထိုနေရာမှာပင် ရှိနေကြမည်ဖြစ်သလို မင်ပြည်နယ် တိုက်ပွဲမှ လူအချို့လည်း ရောက်လာကြပေလိမ့်မည်။

ထိုအချိန်ကျလျှင် တကယ့်ကို သက်ဝင်လှုပ်ရှားစရာ ကောင်းနေပေလိမ့်မည်။

ဒီပြဇာတ်ကြီးက ဘယ်လို အဆုံးသတ်မလဲဆိုတာကိုတော့ မသိရသေးပေ။

တကယ်တော့ ချန်ဆန်းရှီ ပိုပြီး ဂရုစိုက်တာက ဒီအခြေအနေတွေကြားထဲကနေ ဘယ်လို အကျိုးအမြတ်တွေ ရနိုင်မလဲဆိုတာပင်။

တော်ပြီ။

အရင်ဆုံး လက်ရှိကိစ္စတွေကို အရင် ရှင်းလိုက်ဦးမည်။

ဟူလောင်တောင်ကြားတွင် စစ်သည်များကို နေရာချထားပြီးနောက် နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် သူသည် တပ်မတော်ကြီးကို ဦးဆောင်ကာ လိုင်ပြည်နယ်သို့ ပြန်လာခဲ့ပြီး ယုံလဲ့ခရိုင်သို့ တိုက်ရိုက် ဦးတည်လိုက်သည်။

...

ယုံလဲ့ခရိုင်။

မုန်ချူကျိီမှာ ရက်ပေါင်းများစွာ အိပ်မပျော်ခဲ့ပေ။

"ဟူလောင်တောင်ကြား အခြေအနေက ဘယ်လိုလဲ"

နေ့နေ့ညည သူသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေရသည်။ "ဆုတ်ခွာဖို့ အစီအစဉ်တွေ အကုန် လုပ်ပြီးပြီလား"

"လုပ်ပြီးပါပြီ"

ကျန်းထောင်မင်က အသက်ရှူရန် သူ၏ သံခမောက်ကို ချွတ်လိုက်ရင်း "တကယ်လို့ ဟူလောင်တောင်ကြားမှာ တစ်ခုခု ဖြစ်ခဲ့ရင် ကျွန်တော်တို့ ယုံလဲ့ခရိုင်ကို တိုက်နေတာကို ချက်ချင်း ရပ်ပြီး မိုင်နှစ်ရာလောက် ဆုတ်ခွာမယ်။ ကျောက်ထုံ ခရိုင်ကို အကာအကွယ်အဖြစ် သုံးပြီး ချင်နိုင်ငံနဲ့ နန်ရွှီ တပ်တွေကို ရင်ဆိုင်မယ်။ ရိက္ခာနဲ့ တခြား ထောက်ပံ့ရေးပိုင်းတွေကိုလည်း သေချာ စီစဉ်ထားပြီးပြီမို့လို့ အကြီးအကျယ် ရှုပ်ထွေးမှုတော့ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်နှစ်အတွင်းမှာတော့ အနိုင်အရှုံးကို ခွဲခြားဖို့ မဖြစ်နိုင်တော့ဘူးလို့ ထင်တယ်" ဟု ဆိုသည်။

"ငါ ဘာလို့ ဒီတိုက်ပွဲကို တိုက်နေရလဲဆိုတာ အခုထိ နားမလည်သေးဘူး၊ ငါတို့ အစောကြီးကတည်းက ဆုတ်ခွာခဲ့သင့်တာ"

မုန်ချူကျိီက သက်ပြင်းချရင်း ပြောလိုက်သည်။ "ဒါပေမဲ့ ထူးဆန်းတာက အမြဲတမ်း သတိကြီးပြီး စစ်ရေးစရိတ်ကို လျှော့ချလေ့ရှိတဲ့ အိမ်ရှေ့စံကတောင် ဒီတိုက်ပွဲကို ဆက်တိုက်ဖို့ တိုက်တွန်းနေတာပဲ။ တကယ်ကို နားမလည်နိုင်စရာပဲ"

"ဂုဏ်သိက္ခာအတွက် ဖြစ်မှာပါ"

ကျန်းထောင်မင်က "စစ်သေနာပတိချုပ်... အဲ့ဒီတုန်းက မင်ရွှမ် ရဲ့ အရှက်ရမှုက ကျွန်တော်တို့ ဒါရှန် မင်းဆက်အတွက် မကြုံစဖူး အရှက်ရစရာ ကိစ္စကြီးလေ။ ဧကရာဇ်နဲ့ အိမ်ရှေ့စံ နှစ်ယောက်စလုံး ဘာလို့ ပြည်နယ် သုံးခုကို ပြန်သိမ်းချင်နေလဲဆိုတာ ကျွန်တော် နားလည်ပါတယ်"

"ဟုတ်တယ်၊ တကယ်လို့ ပြည်နယ် သုံးခုကို ပြန်သိမ်းနိုင်ရင် ဒါရှန် ဟာ ဆက်ပြီး တိုးတက်နေဦးမှာပဲ"

မုန်ချူကျိီက နှမြောတသစွာ ပြောလိုက်သည်။

"ဟူလောင်တောင်ကြားမှာ ရှိတဲ့ ချန်ဆန်းရှီ နဲ့ တခြားသူတွေအတွက်ပဲ စိတ်မကောင်းဖြစ်မိတယ်။ သူတို့ကို တောင်ကြားမှာ စောင့်ခိုင်းတာဟာ စွန့်စားရာ ရောက်လွန်းတယ်။ အစကတည်းက နယ်မြေသိမ်းစစ်ပွဲကို တိုက်ခိုက်ခဲ့သင့်တာ။ အခုတော့ သူတို့ တောင်ကြားကို မထိန်းနိုင်ရုံတင်မကဘဲ ကိုယ်တိုင် ထွက်တိုက်ရဦးမယ်ဆိုတော့ တစ်တပ်လုံး ချေမှုန်းခံရဖို့ အခွင့်အရေး များနေပြီ။"

"လူသုံးထောင်ဆိုတာ အရေအတွက်အားဖြင့် မများပေမဲ့ အဲ့ဒီထဲက ဗိုလ်ချုပ်တွေက ဒါရှန် ရဲ့ တန်ဖိုးရှိတဲ့ ရတနာတွေပဲ။"

"ဗိုလ်ချုပ်ဖန် နဲ့ ချင်နိုင်ငံက လာတဲ့ တိန့်ဖုန်း တို့ကတော့ ထားပါဦး၊ ဗိုလ်ချုပ်ကြီးချန် က အသက်ဘယ်လောက်ပဲ ရှိသေးလို့လဲ။ ဒီလို ပါရမီရှင်တစ်ယောက် ဟူလောင်တောင်ကြားမှာ သေဆုံးသွားရတာဟာ တကယ်ကို နှမြောစရာပဲ။ သူ့ရဲ့ အနာဂတ်က ဆွန်ဒူရှန်နဲ့တောင် ယှဉ်နိုင်မယ့် အခွင့်အရေး ရှိတာ။"

"ဒါပေမဲ့ အခုတော့... သူတို့တွေဟာ ခေတ္တခဏလေးပဲ ပွင့်တဲ့ ပန်းတွေလို ပျောက်ကွယ်သွားရတော့မယ်"

"အချိန်ကို တွက်ကြည့်ရရင်"

ကျန်းထောင်မင်က"ဟူလောင်တောင်ကြားက တိုက်ပွဲ သတင်းပို့ချက် ရောက်လာတော့မှာပါ"

"အစီရင်ခံစာ ရောက်ပါပြီ"

သူတို့ စကားပြောနေစဉ်မှာပင်။

ဟူလောင်တောင်ကြားမှ တိုက်ပွဲ အစီရင်ခံစာ ရောက်ရှိလာခဲ့သည်။

"မြန်လှချည်လား..."

မုန်ချူကျိီကတော့ သတင်းဆိုးကို မကြည့်ရဲပေ။

"ကျန်းအို... မင်းပဲ ဖတ်လိုက်ပါ။ ငါတို့ စိုးရိမ်သလိုသာ ဖြစ်ခဲ့ရင် ဘာမှ ထပ်မပြောနဲ့တော့၊ ကြားရတဲ့သူတွေ စိတ်မကောင်း ဖြစ်ကုန်လိမ့်မယ်"

"ကောင်းပါပြီ"

ကျန်းထောင်မင်သည် အစီရင်ခံစာကို ကိုင်ထားရင်း တုန်ရီလာခဲ့ပြီး တစ်ကိုယ်လုံးပါ တုန်လှုပ်လာတော့သည်။

"ဘယ်လိုလဲ"

မုန်ချူကျိီသည် နောက်ဆုံးတွင်တော့ မအောင့်နိုင်ဘဲ မေးလိုက်သည်။ "ဘယ်သူများ အသက်ရှင်ပြီး ပြန်လာနိုင်သေးလဲ"

"ကုန်ပြီ... အကုန် ကုန်သွားပြီ"

ကျန်းထောင်မင်၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံနေပြီး စိတ်လှုပ်ရှားနေမိသည်။

"ဟင်း... ငါ သိသားပဲ"

မုန်ချူကျိီက ခေါင်းခါရင်း ဆုတ်ခွာဖို့ ပြင်ဆင်ရန် ထရပ်လိုက်သည်။

"မဟုတ်ဘူး စစ်သေနာပတိချုပ်... ခင်ဗျား နားလည်မှု လွဲနေပြီ"

ကျန်းထောင်မင်က စာကို မြှောက်ပြလိုက်ရင်း စိတ်လှုပ်ရှားလွန်းသဖြင့် အသံတွေပင် တုန်ရီနေတော့သည်။

"မဟုတ်ဘူး ဗိုလ်ချုပ်ကြီးချန် တို့အဖွဲ့ မဟုတ်ဘူး။ နန်ရွှီ... နန်ရွှီ တပ်မတော်ကြီး ကုန်သွားတာ"

"စစ်သည် တစ်သိန်းလုံး ချေမှုန်းခံလိုက်ရပြီ"

"ဟူလောင်တောင်ကြား အပြင်ဘက်မှာ ဗိုလ်ချုပ်ကြီးချန် ရဲ့ လူသုံးထောင်က တစ်သိန်းကို ဖောက်ထွက် အနိုင်ယူလိုက်တာ"

"ရန်သူ နှစ်သောင်းကို သတ်နိုင်ခဲ့တယ်"

"လေးသောင်းကို ဖမ်းမိတယ်"

...

All Chapters