← Chapters

မင်းရဲ့အဖေမှာ မင်းကို မုန်းတဲ့ စိတ်ရောဂါရှိတယ်

Vol. 26 Ch. 252

မင်းရဲ့အဖေမှာ မင်းကို မုန်းတဲ့ စိတ်ရောဂါရှိတယ်

Vol. 26 Ch. 252

ဂျိုအန်းနာ တခစ်ခစ် ရယ်မောလိုက်၏။

အိမ်ထောင်ရေး ဖောက်ပြန်သည့် ဤစုံတွဲကို တစ်ချက်တည်းနှင့် အသေသတ်လိုက်ဖို့က ၎င်းတို့အတွက် သက်ညှာလွန်းနေသည်။

ဂျိုအန်းနာက ၎င်းတို့နှစ်ဦးက ဖြည်းဖြည်းချင်း ညှင်းပန်းနှိပ်စက်ချင်တာ ဖြစ်၏။

သူမ အမေ နာကျင်ခဲ့ရသည်ထက် အဆတစ်သောင်း နာကျင်မှုကို ဤလူတွေ ပြန် ခံစားရမည်။

“ လွန်ခဲ့တဲ့ လေးနှစ်တုန်းက ….” ချန်ယွီ့ ပြောလိုက်ပြီး “ မင်း … မင်းရဲ့အမေကို အမှန်အတိုင်း ပြောပြဖို့ တောင်းဆိုခဲ့တယ် … အဲ့ဒီအချိန်တုန်းကတည်းက သွေးကြွေးကို သွေးနဲ့ပဲ ပြန်ပေးဆပ်မယ်လို့ မင်းစိတ်ထဲ ဆုံးဖြတ်ထားပြီးသား ….”

“ မင်း စိတ်တည်ငြိမ်သွားပြီးတဲ့နောက်မှာတောင် လက်စားချေမယ့် မင်းရဲ့ ဆုံးဖြတ်ချက်ကတော့ ပြောင်းလဲမသွားဘူး … အဲ့ဒီအစား ပိုပြီးတော့တောင် ခိုင်မာလာသေးတယ် ….”

“ တကယ်လို့ မင်းက တိုက်ရိုက်ကြီး လက်စားချေလိုက်မယ်ဆိုရင် ရဲတွေရဲ့ လက်ကနေ ဘယ်လိုမှ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး ….”

“ ဒီအတွက် မင်းရဲ့ ဘဝကို စတေးပစ်ဖို့ သူတို့တွေက မတန်ဘူး …..”

“ မင်းက ချောင်ပိုင်ရွှမ်နဲ့ ယောင်လင်ကို သတ်ချင်ရုံတင် မကဘဲ သူတို့ရဲ့ စည်းစိမ်တွေကိုပါ အရယူချင်တယ် ….”

“ အဲ့နောက်မှာ မင်းအမေ ဆန္ဒရှိတဲ့အတိုင်း ဘဝကို အေးအေးချမ်းချမ်းနဲ့ နေထိုင်လို့ရပြီ ….”

“ တကယ်လို့ ဒီကိစ္စကို ဖြစ်မြောက်အောင် လုပ်ဖို့ဆိုရင် မင်း တစ်ခြားနည်းလမ်းနဲ့ လက်စားချေမှပဲ ရမယ် ….”

“ မင်း အမေရဲ့ ဝိဉာဏ် ဆင့်ခေါ်ခံလိုက်ရတာကို မြင်တော့ မင်းစိတ်ထဲမှာ ဉာဏ်ကွန့်မြူးမှုတွေ ဖြစ်ပေါ်လာတယ် …..”

“ လောကကြီးထဲမှာ ထူးခြားတဲ့ အစွမ်းအစနဲ့ လူပုဂ္ဂိုလ်တွေ ဒုနဲ့ဒေးရှိတယ် ….”

“ ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာ မင်း ဆန်စုန်းမရဲ့ အိမ်ကို တစ်ယောက်တည်းသွားပြီး မင်းကို တပည့် အဖြစ် လက်ခံပေးဖို့ တောင်းဆိုခဲ့တယ် …”

“ စကားအပြောသပ်သပ်နဲ့တော့ တစ်ဖက်ကို စိတ်ယိုင်သွားအောင် မလုပ်နိုင်ဘူးဆိုတာသိတော့ မင်းအဖေပေးထားတဲ့ မင်းအတွက် အသုံးစားရိတ်ထဲကနေ ယွမ်သန်းနဲ့ချီ ထုတ်လိုက်တယ် ….”

“ ဆန်စုန်းမမှာ သူ့ကိုယ်ပိုင် စည်းကမ်းတွေရှိတယ် … လက်စားချေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ကတော့ သူ မင်းကို မကူညီပေးနိုင်ဘူး … ဒါပေမယ့် မင်းပေးတဲ့ ပိုက်ဆံကိုလည်း လက်မလွှတ်ချင်ဘူး ….”

“ အဲ့လိုနဲ့ … နောက်နေရာတစ်ခုဆီ မင်းကို လမ်းညွှန်ပေးခဲ့တယ် ….”

“ ကိုယ့်ကိုယ်ကို သန်မာအောင် လုပ်ဖို့အတွက် တက္ကသိုလ်ကနေ ထွက်ပြီး ….”

“ နောက်ပိုင်းမှာ မင်းရဲ့ ရိုးသားတဲ့ စိတ်ရင်းအခံက မင်းရဲ့ ဆရာကို ရင်ထဲ လှုပ်ခတ်သွားစေခဲ့ပြီး သူ့အတောင်အောက်မှာ ပညာသင်ဖို့ ခွင့်ပြုပေးလိုက်တာပဲ ….”

“ အဲ့ဒီအချိန်တုန်းက မင်းအသက်က ဆယ့်ရှစ်နှစ် ပြည့်ပြီးနေပြီ …. ဒီလို ဆန်းကြယ်တဲ့ ပညာရပ်တွေဆိုတာ တစ်ဝက်တစ်ပျက်ကနေ စတင်ဖို့ အင်မတန် ခဲယဉ်းတယ် ….”

“ တခြားလူတွေ နာရီ အနည်းငယ်လောက်ပဲ လိုအပ်တဲ့ အရာတစ်ခုကို မင်းကတော့ နာရီပေါင်း ဆယ်နဲ့ချီ အချိန်ပေးခဲ့ရတယ် ….”

“ အတိတ်လေးနှစ်တာမှာ မင်း ဘယ်လိုမှတောင့်မခံနိုင်တော့တဲ့အချိန် ကိုယ့် အမေ ဘယ်လို သေဆုံးသွားခဲ့ရလဲဆိုတဲ့ မြင်ကွင်းကို စိတ်ထဲပြန်မြင်ယောင်ရင်း ကိုယ့်ကိုယ့်ကို အားတင်းထားခဲ့တယ် ….”

“ လက်စားချေမယ်ဆိုတဲ့ ယုံကြည်မှုအပေါ် အမှီသဟဲ ပြုရင်း နောက်ဆုံးမှာတော့ မင်း အောင်မြင်သွားခဲ့တယ် ….”

“ လေးနှစ်ကြာပြီးနောက်ပိုင်း မင်း တက္ကသိုလ်ကနေ ဘွဲ့ရပြီးတော့ တစ်လျှောက်လုံး လေ့ကျင့်ခဲ့တဲ့ ပညာရပ်တွေက လက်တွေ့အသုံးချဖို့ ဖြစ်လာပြီ ….”

“ မင်းအဖေကလည်း ကိုယ့်သမီးကိုယ် ခေါင်းထဲ မထားတော့ အရင်လေးနှစ်မှာ မင်းက ကျောင်းမတက်ဘဲ တစ်ခြား နေရာတစ်ခုကိုသွားပြီး ဒီလို ပညာရပ်တွေသင်နေတာကို သတိမထားမိဘူး …..”

“ မင်းအိမ်ပြန်ရောက်လာတော့ ခြိမ်းခြောက်ဖို့နဲ့ လာဘ်ထိုးဖို့အတွက် အစီအရင်တစ်ခုကို ဘဏ္ဍာထိန်းအပေါ်မှာ အသုံးပြုခဲ့တယ် ….”

“ မင်းရဲ့ အစွမ်းအစတွေကို မျက်မြင်ကြုံတွေ့သွားပြီးတဲ့နောက်မှာ ဘဏ္ဍာထိန်းလည်း ရှော့ခ်ရသွားခဲ့ပြီး အတော်လေး ကြောက်ရွံ့သွားခဲ့တယ် … သူ အသတ်ခံရမှာကို ကြောက်တယ် … ဒီလိုနဲ့ ချက်ချင်းပဲ သူ့ဆီမှာ ရှိတဲ့ အဖိုးတန်ဆုံး သတင်းကို မင်းဆီ ချက်ချင်းပဲ ပေးလာတယ် ….”

“ ယောင်လင် အပြင်မှာ တစ်ခြားတစ်ယောက်နဲ့ တွေ့နေတာကို သူ သိထားပြီးသား …. ချောင်ပိုင်ရွှမ်ကို ဘာကြောင့် မပြောပြခဲ့တာလဲဆိုတော့ ဒီကိစ္စကို အသုံးချပြီး ယောင်လင်ဆီကနေ ပိုက်ဆံတွေ ဆက်တိုက် ညှစ်ချင်လို့ပဲ ….”

“ ပြီးတော့ တစ်ဖက်မှာလည်း ယောင်လင်ရဲ့ ခန္ဓာကိုယ်ကို ငမ်းငမ်းတက် ဖြစ်မိတယ် …”

အတင်းအဖျင်းကို ရှုစားနေသည့် ကျိုးခဲ့ရှင်း၏ ခေါင်းထဲ အတွေးတစ်ခုက ရုတ်ချည်း ဝင်ရောက်လာခဲ့၏။

မဒမ် … ဒီကိစ္စကို ခင်များယောက်ျား သိသွားမှာ မလိုချင်ဘူးမလား ….

ဘာလုပ်ရမလဲ ခင်များ သိပါတယ် ....

“ အူး …..”

ကျိုးခဲ့ရှင်း ကြက်သီးဖြန်းသွားခဲ့သည်။

ဤသည်ကို ကြားတော့ ရိုးသားသည့် မျက်နှာပေါက်နှင့် ဘဏ္ဍာထန်းက သူ့ခေါင်းကို မသက်မသာဖြစ်စွာ ငုံ့လိုက်သည်။

“ ဒီကိစ္စ မင်းအဖေကို ပြောဖို့ ဘဏ္ဍာထိန်းကို မင်းစေခိုင်းခဲ့တယ် ….” ချန်ယွီ့ ပြောပြီးနောက် ထပ်ပြီး ဖြည့်စွက်ပြောလိုက်၏။ “ သူကိုယ်တိုင် သူ့သားကို သူ့လက်နဲ့သူသတ်ဖို့ မျှော်လင့်ရင်းပေါ့ ….”

“ သူ ကြိုးစားပမ်းစားနဲ့ ပျိုးထောင်ခဲ့ရတဲ့ သားလေးက အဆုံးသတ်မှာတော့ သူ့သွေးသားရင်း ဟုတ်မနေခဲ့ဘူး ….”

“ မင်းအဖေ ဒေါသဖြစ်သွားမယ်မှန်း ကျိန်းသေပေါက်သိတယ် …. အဲ့လိုဆိုရင် သူ့သားအငယ်ကောင်ကို သေချာပေါက် ရက်ရက်စက်စက် ဆက်ဆံမှာပဲ ….”

“ ဒါပေမယ့် မင်းအဖေရဲ့ လုပ်ရပ်တွေက မင်းထင်ထားတာနဲ့ တပ်တပ်စင်အောင် လွဲချော်နေခဲ့လိမ့်မယ်လို့တော့ ထင်မှတ်မထားခဲ့ဘူး ….”

“ မင်းအဖေက ဒေါသထွက်သွားတယ်ဆိုပေမယ့် သားဖြစ်သူကိုတော့ မသတ်ခဲ့ဘူး ….”

“ ကျွန်မလည်း စောက်အဘိုးကြီးက အဲ့ဒီ မျိုးမစစ်လေးအပေါ် သံယောဇဉ်ရှိနေမယ်လို့ ထင်မထားဘူး ….” ဂျိုအန်းနာက တွေးရခက်သည့် လေသံဖြင့် ပြောဆိုလိုက်ပြီး “ ဒေါက်တာချန် … ရှင် ကျွန်မကို ကလေးတောင် အလွတ်မပေးတဲ့ မြွေဟောက်မလို့ ထင်လား ….”

ချန်ယွီ့ သူ့ခေါင်းကို ခါယမ်းလိုက်သည်။

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ဟူသည်က သဘာဝဥပဒေသပင်။

ဂျိုအန်းနာနှင့် သူ့အမေတို့က သိပ်ရင်းနှီးလွန်းလှ၏။

ကြင်နင်မှုနဲ့ လူသားဆန်မှုကိုပါ စွန့်လွှတ်၍ မိခင်ဖြစ်သူအတွက် လက်စားချေရလောက်သည်အထိကို သူတို့၏ ရင်းနှီးမှု သံယောဇဉ်က နက်ရှိုင်းလှသည်။

“ ဒေါက်တာချန်က ကျွန်မ မှားတယ်လို့ မထင်မှတော့ ရှင် ဆက်ပြောပါ ….”

ဂျိုအန်းနာ ပြောလိုက်သည်။

“ မင်းရဲ့ အဖေက ဒီနှစ်ထဲမှာ အသက် ၇၂ နှစ် ရှိနေပြီ … တကယ်လို့ သူသာ သူ့ရဲ့ အမြောင်မယားနဲ့ ကလေးကို ဖယ်ရှားလိုက်မယ်ဆိုရင် သူ တစ်ယောက်တည်း ကျန်ရစ်ရတော့မှာ … ပြီးရင် လူအများ လှောင်ရယ်စရာလည်း ဖြစ်လာမယ် ….”

“ သားနဲ့ သမီးကို တန်ဖိုးထားမှာထက် … မင်းအဖေကတော့ သူ့မျက်နှာကို ပိုပြီး တန်ဖိုးထားတယ် …”

“ ပြီးတော့ မင်းကို မုန်းတီးတဲ့ စိတ်ရောဂါလည်း ရှိတယ် ….”

ဂျိုအန်းနာ တစ်ဖန် ပြုံးလိုက်ပြီး ခေါင်းငုံ့၍ ကြောက်လန့်တုန်ယင်နေသည့် ချောင်ပိုင်ရွှမ်ကို ကြည့်လိုက်သည်။

“ အဖေ … ဒေါက်တာချန်က ရှင့်ကို စိတ်ရောဂါရှိနေတယ်တဲ့ … ဒေါသမထွက်ဘူးလား … သူ့ကို မဆဲချင်ဘူးလား ….”

“ မဟုတ်မှလွဲရော အနာပေါ်တုတ်ကျသွားတာတော့ မဟုတ်ဘူးမလား ….”

“ အဖေ ကျွန်မကို ဘယ်လောက်တောင် မုန်းတီးနေလဲဆိုတာ သိချင်မိသား ….”

ချောင်ပိုင်ရွှမ် မျက်လုံးမှိတ်လိုက်၏။ သူ့သမီး၏ အေးစက်သည့် အပြုံးကို ရင်မဆိုင်ဝံ့ပေ။

အငယ်ဆုံးလေးက သူ့သား မဟုတ်သော်ငြားလည်း သူကပဲ ဆယ်နှစ်ကျော် ပျိုးထောင်ပေးခဲ့၏။

ကလေး၏ အမူအကျင့်တို့က သူနှင့် အတော်လေး ဆင်တူလှသည်။

ကောင်းကျိုးဆိုးပြစ်များကို ဆင်ခြင်ပြီးသည့်နောက် ချောင်ပိုင်ရွှမ်သည် နောက်ဆုံးတွင် သားဖြစ်သူအပေါ် ဘာမျှ မပြုလုပ်ဖို့ရာ ဆုံးဖြတ်လိုက်တော့သည်။

ချောင်ပိုင်ရွှမ်၏ ကျန်းမာရေးက တစ်နေ့တစ်ခြား ပိုမို ဆိုးရွားလာနေသည်။ ဒေါက်တာက မပြောဘူးဆိုလျှင်ပင် သူ နေရမည့် အချိန်က ဘယ်လောက်မျှ မကျန်တော့ကြောင်း သူ့ကိုယ်သူ သိသည်။

အလွန်ဆုံးရှိလှ သူမသေခင် ယောင်လင်ကို သူနှင့်အတူ ခေါ်သွား၍ ရ၏။

သူ၏ ကာကွယ်ပေးမှု မရှိပါဘဲနှင့် အငယ်ဆုံးသား ဖြစ်သူအတွက် ချန်ထားပေးခဲ့သည့် စည်းစိမ်များကို သားဖြစ်သူက ထိန်းသိမ်းကာကွယ်နိုင်မှာ မဟုတ်ချေ။

သူမရှိသည့် နောက်တွင် ဂျိုအန်းနာက သူ့အမွေကို အငယ်ဆုံးသားနှင့် တိုက်ခိုက် လုယူမှာကို စိုးရိမ်မိ၏။

ထိုအတွက် ချောင်ပိုင်ရွှမ်က တစ်ချက်ခုတ် ၊ နှစ်ချက်ပြတ် နည်းလမ်းတစ်ခုကို စဉ်းစားမိခဲ့သည်။

စီးပွားရေးလောကထဲတွင် သူ့အသိ မိတ်ဆွေဟောင်းကြီး တစ်ဦး ရှိ၏။ ကျိကျိတက်လည်း ချမ်းသာသည်။ ဇနီးမယားလည်း အများအပြား ရှိသည်။ ချောင်ပိုင်ရွှမ်က ဂျိုအန်းနာကို နောက်လာမည့် မင်္ဂလာပွဲအတွက် သူနှင့် ပေးစားဖို့ စီစဉ်ထား၏။

အဆက်အသွယ်ပိုင်းအရဖြစ်စေ၊ ကြွယ်ဝမှုပိုင်းဆိုင်ရာမှာပဲ ဖြစ်စေ ၊ တစ်ဖက်သူက သူ့ထက်ကို အများအပြား သာလွန်သည်။

သူနှင့် မယှဉ်နိုင်သည့် တစ်ခုတည်းသော အရာကတော့ သူ့ အသက်ဖြစ်၏။

ထို သူဌေးကြီးက ချောင်ပိုင်ရွှမ်ထက်ကို အသက် ငါးနှစ် ပိုကြီးသည်။

တစ်ဖက်တွင် ဂျိုအန်းနာနှင့် သူ့သား အငယ်ဆုံးလေးတို့ ချန်ရစ်ပေးခဲ့သည့် စည်းစိမ်များအတွက် တိုက်ခိုက်ကြမှာကို စိုးရိမ်စရာ မလိုတော့ချေ။

ကျိုးခဲ့ရှင်း မနေနိုင်ဘဲ အသံထွက် ပြောဆိုမိသွားခဲ့သည်။

“ ချောင်ပိုင်ရွှမ် … ရှင် ရူးနေတာလား ….”

“ ရှင် ဂျိုအန်းနာကို မနှစ်သက်ဘူးဆိုရင်တောင် သူက ရှင့်သွေးသားအရင်း ဖြစ်နေတုန်းပဲလေ ….”

သူ့သားအငယ်ဆုံးက သူနှင့် သွေးချင်း ဆက်နွယ်မှုလည်း မရှိဘူးဆိုတာကို သိသိလျက်နှင့် ချောင်ပိုင်ရွှမ်က အမွေစည်းစိမ်များကို ထိုကလေးထံ ချန်ထားရစ်ချင်နေသည်။

ဤလူ တကယ်ပဲ ဘယ်လိုတွေ စဉ်းစားနေလဲဆိုတာကို နားမလည်နိုင်တော့ချေ။

“ ချောင်ပိုင်ရွှမ် သူ့ သမီးအရင်းကို မနှစ်သက်ရတဲ့ အကြောင်းအရင်းက သူ့ စိတ်ရောဂါနဲ့ ဆက်စပ်နေတယ် ….” ချန်ယွီ့ ထူးမခြားနားသည့် အမူအရာဖြင့် ပြောဆိုလိုက်ပြီး “ ဂျိုအန်းနာက အသက်ကြီးလာလေလေ၊ သူ့အမေနဲ့ ပိုတူလာလေလေပဲ ….”

“ ဂျိုအန်းနာရဲ့ မျက်နှာကို မြင်တိုင်း ချောင်ပိုင်ရွှမ်ရဲ့ စိတ်ထဲ မသက်သာတဲ့ ခံစားချက်မျိုး ပေါက်ဖွားလာပြီး နှလုံးသား အောက်ခြေကနေကို ကြောက်ရွံ့တဲ့ ခံစားချက်တွေ ထွက်ပေါ်လာတယ် ….”

“ လူတစ်ယောက်က အမှားတစ်ခုခု လုပ်ထားမိတယ်ဆိုရင် အဲ့ကိစ္စနဲ့ ပတ်သက်နေတဲ့ အရာမှန်သမျှကို အကြည့်လွဲမိကြတာ သဘာဝပဲ ….”

“ အိုး ….”

ကျိုးခဲ့ရှင်း နားလည်သဘောပေါက်သွားခဲ့သည်။

သူ့သမီးကို သေချာကြည့်တော့မှ လွန်လေပြီးသည့် ဇနီးဖြစ်သူနှင့် အတော်လေး ရုပ်ချင်းဆင်တူနေတာကို သတိထားမိသည်။ ချောင်ပိုင်ရွှမ် လိပ်ပြာလုံနေမှပဲ ထူးဆန်းနေပေလိမ့်မည်။

ရေရှည်တွင် အနှီ မသက်မသာ ခံစားချက်က ရွံရှာမုန်းတီးမှုအသွင်သို့ ကူးပြောင်းသွား၏။

ဂျိုအန်းနာကို ထိုသို့ ဆက်ဆံနေသည်မှာ မထူးဆန်းတော့ပေ။

အငယ်ဆုံးသားလေးက ချောင်ပိုင်ရွှမ်နှင့် သွေးမတော်သားမစပ်သော်ငြားလည်း ချန်ယွီ့ ပြောသည့်အတိုင်း ချောင်ပိုင်ရွှမ်က ဆယ်နှစ်ကျော်ကြာ ပြုစုပျိုးထောင်ပေးခဲ့သူ ဖြစ်သည်။

“ ဒီလောက် အများကြီး ကြားပြီးတာတောင် ရှင့်ဘက်က ဘာပြောချင်တာမှ မရှိဘူးလား ….”

ဂျိုအန်းနာ နှာမှုတ်လိုက်သည်။

“ ငါ မင်းကို မုန်းတယ် … ငါက ကျေးဇူးကန်းတဲ့ မြေခွေးတစ်ကောင်ကို ပျိုးထောင်ခဲ့မိတာပဲ ….”

ချောင်ပိုင်ရွှမ်၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုတို့ ကြီးစိုးနေသည်။ သို့သော် သူ မကြောက်ရွံ့ခဲ့။ သူ၏ အံကို တင်းတင်းကြိတ်ပြီး ဂျိုအန်းနာကို အသေဆိုးနဲ့ သေရပါစေဟု ကျိန်စာတိုက်နေလျက်ရှိသည်။

“ ဂျိုအန်းနာ …. ငါ စီးပွားရေး လောကထဲ ကျင်လည်လာတာ ဆယ်စုနှစ်တွေ ကြာခဲ့ပြီ …. မရေမတွက်နိုင်တဲ့ စီးပွားပြိုင်ဘက်တွေကို ငါ့ခြေထောက်အောက်မှာ ချနင်းခဲ့တဲ့ကောင်ပါကွ …..”

“ ဒါပေမယ့်…. ကိုယ့်သမီးက ငါ့နောက်ကျောကို ဓားနဲ့ထိုးလာမယ်လို့တော့ မျှော်လင့်မထားခဲ့မိဘူး ….”

All Chapters