အခန်း (၄၈၁-၄၈၂)
Vol. 25 Ch. 481-482
အပိုင်း(၄၈၁) အဆင့်တစ် တိုက်ပွဲဝင်အသင့်အနေအထား
လွန်ခဲ့သော နေ့ဝက်ခန့်က ထိုက်ယန်တောင်။
နေရောင်ခြည်ဇုန် ကြီးကြပ်ရေးအဖွဲ့။
ကျွမ်းရှုယွမ်က သတင်းအချက်အလက် တစ်ခုချင်းစီကို ကြည့်ရှုနေပြီး သူမ၏ မျက်နှာအမူအရာက လေးနက်တည်ကြည်နေသည်။
သူမက စာရွက်စာတမ်း အချို့ကို အလေးထားကာ ဆွဲထုတ်လိုက်ပြီးနောက် အံဆွဲထဲမှ အခြား စာရွက်စာတမ်း အချို့ကိုလည်း ထပ်မံ ထုတ်ယူလိုက်သည်။
အချင်းချင်း နှိုင်းယှဉ်ကြည့်လိုက်ပြီးနောက် ကျွမ်းရှုယွမ်၏ မျက်နှာက ပို၍ ဆိုးရွားလာတော့သည်။
သူမက ခေတ္တမျှ စဉ်းစားလိုက်ပြီး စာရွက်စာတမ်းများကို သိမ်းဆည်းကာ ဌာနချုပ်ဆီသို့ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
ဌာနချုပ်။
လင်းယွမ် ထွက်ခွာသွားပြီးကတည်းက ကျောက်ခိုင်က ဌာနချုပ်ဘက်သို့ ယာယီ ပြောင်းရွှေ့ နေရာယူထားခဲ့သည်။
မိန်တောင်ဘက်ရှိ စစ်ရေးနယ်မြေကိုမူ ရှီဟိုင်ကျူးအား ယာယီ တာဝန်ယူစေခဲ့သည်။
ယခုအချိန်တွင် ကျောက်ခိုင်က လင်းယွင်တောင်စောင်း ဘက်ရှိ ကိစ္စရပ်များအတွက် ခေါင်းကိုက်နေရသည်။
လီချင်းဟွာတို့ ထွက်သွားခြင်းက သူ့ကို အနည်းငယ် စိတ်ပျက်အားငယ်စေခဲ့သည်။
သို့သော် လီချင်းဟွာတို့က ကင်းလှည့်တပ်ဖွဲ့ တာဝန်များမှ စောစီးစွာ နုတ်ထွက်ထားပြီး သူတို့၏ ကိုယ်ပိုင်အချိန်များကို စီစဉ်နိုင်ပြီ ဖြစ်သောကြောင့် ကျောက်ခိုင် အနေဖြင့်လည်း အလွန်အမင်း ဝင်ရောက်စွက်ဖက်ရန် နည်းလမ်း မရှိပေ။
သို့သော် လီချင်းဟွာ၏ ချင်းဟွာ စက္ကူစက်ရုံက မူလက လင်းယွင်တောင်စောင်း ဘက်တွင် လင်းယွင်တောင်စောင်းအား ကာကွယ်စောင့်ရှောက်ရန် တာဝန် ရှိနေသေးသည်။
ယခု လီချင်းဟွာ မရှိတော့သဖြင့် ချင်းဟွာ စက္ကူစက်ရုံကို ကူညီရန်အတွက် သူက လူအင်အားကို ပြန်လည် စီစဉ်ပေးရတော့မည် ဖြစ်သည်။
သူ စဉ်းစားနေဆဲမှာပင် အခန်းတံခါး ခေါက်သံ ထွက်ပေါ်လာသည်။
ကျောက်ခိုင်က သတိပြန်ဝင်လာပြီး ပြောလိုက်သည်။ "ဝင်ခဲ့ပါ"
အခန်းတံခါး ပွင့်သွားပြီး ကျွမ်းရှုယွမ် ဝင်လာသည်ကို တွေ့လိုက်ရသည်။
ကျောက်ခိုင်က ကျွမ်းရှုယွမ်ကို မြင်သောအခါ အနည်းငယ် ကြောင်အမ်းသွားပြီး ချက်ချင်းပင် အံ့သြစွာ မေးလိုက်သည်။ "မကျွမ်း... ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
ကျွမ်းရှုယွမ်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ကျွန်မမှာ အရေးကြီး သတင်းပို့စရာ ရှိလို့... ကိုလင်းယွမ်ရော ဘယ်မှာလဲ"
ကျောက်ခိုင်က ပြန်မဖြေဘဲ မေးလိုက်သည်။ "ဘာကိစ္စလဲ... ကျွန်တော့်ကို အရင် ပြောပြပါလား"
လင်းယွမ် ထိုက်ယန်တောင်မှ ထွက်ခွာကာ ကျန်းဇီယန်ကို သွားရောက် ရှာဖွေသည့် ကိစ္စကို သိရှိသူ သိပ်မများလှပေ။
သူ ထွက်သွားသည်မှာ အလွန် အလျင်လိုနေသဖြင့် ကျွမ်းရှုယွမ် အနေဖြင့် သတင်းအချက်အလက် ဌာနဖြစ်သော ကြီးကြပ်ရေးအဖွဲ့ကို တာဝန်ယူထားသော်လည်း သူ ဘယ်သွားသည်ကို မသိခဲ့ပေ။
ကျွမ်းရှုယွမ်က မျက်မှောင်ကြုတ်လိုက်သော်လည်း ကျောက်ခိုင်မှာ လင်းယွမ်၏ ယုံကြည်ရသူ တစ်ဦးဖြစ်ကြောင်း တွေးမိလိုက်သဖြင့် သူမက များစွာ ဂရုမစိုက်တော့ဘဲ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "မကြာသေးခင်က ထိုက်ယန်တောင်မှာ ဂိုဏ်းတစ်ခု ပေါ်လာတယ်... ထိုက်ယန်တောင်က နေထိုင်သူ အများအပြားလည်း ဖြားယောင်းခံရပြီး အဲ့ဒီထဲကို ဝင်သွားကြတယ်"
ကျောက်ခိုင်က ကြောင်အမ်းသွားသည်။ "ဂိုဏ်း... ဘာဂိုဏ်းလဲ"
"ရေနတ်ဘုရားဂိုဏ်း"
ကျောက်ခိုင်က ထိုစကားကို ကြားသောအခါ ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ ဤနာမည်က အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရသည်။
ကျွမ်းရှုယွမ်က သတိပေးလိုက်သည်။ "ရေနတ်ဘုရားဂိုဏ်းက ကွမ်ဖူမှာရှိတဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းထဲက တစ်ခုပဲ... ကွမ်ဖူမှာ အာဏာအများကြီး ရှိတယ်... ကိုလင်းယွမ် ပြန်လာပြီးတဲ့နောက် ကွမ်ဖူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မှတ်တမ်းတင်ထားဖို့ ကျွန်မတို့ ကြီးကြပ်ရေးအဖွဲ့ကို အထူး ညွှန်ကြားထားခဲ့တယ်"
ကျောက်ခိုင်က ထိတ်လန့်သွားသည်။ ကွမ်ဖူမှ ဂိုဏ်းပေတည်း။
"ကွမ်ဖူက ဂိုဏ်းက ဘယ်လိုလုပ်ပြီး ငါတို့ ထိုက်ယန်တောင်ကို ရောက်လာတာလဲ"
"မသေချာဘူး... ဒါပေမဲ့ ကြီးကြပ်ရေးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ရေနတ်ဘုရားဂိုဏ်းထဲ ဝင်သွားတဲ့ သူတွေအားလုံးက သူတို့ရဲ့ မိသားစုဝင်တွေမှာ ရောဂါပိုး ကူးစက်ခံထားရတယ်လို့ သံသယရှိတဲ့ သူတွေချည်းပဲ"
"ဒါပေမဲ့ သူတို့က ကွာရန်တင်းစင်တာကို သွားပြီး အသွားအလာ ကန့်သတ်မခံကြဘဲ အိမ်မှာပဲ ပုန်းနေပြီး ကိုယ့်ဘာသာ သီးသန့်နေထိုင်ကြတယ်"
"အဓိပ္ပါယ်မရှိလိုက်တာ"
ထိုစကားကို ကြားသောအခါ ကျောက်ခိုင်က ချက်ချင်း ဒေါသထွက်သွားသည်။ ရောဂါပိုး ကူးစက်နိုင်စွမ်းက ဤမျှ အားကောင်းနေသည်ကို ဤလူများက မည်သို့များ မိမိဘာသာ အိမ်တွင် နေထိုင်ကာ အသွားအလာ ကန့်သတ်ရဲကြသနည်း။
"ဒါက ကိုယ့်အသက်ကိုကိုယ် ပြန်ပြီး နောက်ပြောင်နေတာ မဟုတ်ဘူးလား... ဒီရောဂါပိုး ကူးစက်မှု အရှိန် ဘယ်လောက် ပြင်းထန်တယ်... ဘယ်လောက် မြန်မြန်ဆန်ဆန် ဖြစ်ပွားတယ်ဆိုတာ သူတို့ မသိကြဘူးလား"
ကျွမ်းရှုယွမ်က ခေါင်းခါကာ ပြောလိုက်သည်။ "မဟုတ်ဘူး... ဝူယင်တို့ဆီက ပြန်ရလာတဲ့ သတင်းတွေအရဆိုရင် ဒီရေနတ်ဘုရားဂိုဏ်းထဲ ဝင်သွားတဲ့ သူတွေက ရောဂါပိုး ကူးစက်ခံရပြီး ဆက်လက် ပြန့်ပွားတာမျိုး မရှိတဲ့အပြင် တစ်ယောက်ပြီးတစ်ယောက် သူတို့ဘာသာ ပြန်ကောင်းသွားကြတယ်"
"ဘာ"
ကျောက်ခိုင်က ချက်ချင်း အလွန် အံ့အားသင့်သွားပြီး မေးလိုက်သည်။ "ဘယ်လိုလုပ်ပြီး ကိုယ်တိုင် ပြန်ကောင်းသွားတာလဲ... ဒီရေနတ်ဘုရားဂိုဏ်းက လူတွေမှာ ကုနိုင်တဲ့ဆေးတွေ ရှိနေလို့လား"
ကျွမ်းရှုယွမ်က ခေါင်းခါလိုက်သည်။ "ရေနတ်ဘုရားဂိုဏ်းက လူတွေက သင်္ကေတ စာရွက်တွေကို မီးရှို့ပြာချ ရေနဲ့ဖျော်တိုက်ပြီး လူနာတွေကို ကုသပေးတာ"
"လောလောဆယ်တော့ ကျွန်မတို့ အဲ့ဒီလို သင်္ကေတ စာရွက်မျိုး မရသေးဘူး... ဒါပေမဲ့ ဒီနောက်ကွယ်မှာ တစ်ခုခုတော့ မှားယွင်းနေတယ်လို့ ကျွန်မ ခံစားရတယ်"
"ရေနတ်ဘုရားဂိုဏ်းက လူတွေ ပေါ်လာတာ အရမ်းကို တိုက်ဆိုင်လွန်းနေတယ်"
ကျောက်ခိုင်၏ မျက်နှာကလည်း လေးနက်သွားပြီး ပြောလိုက်သည်။ "ဒီရေနတ်ဘုရားဂိုဏ်းက အခု ထိုက်ယန်တောင်မှာ နယ်မြေချဲ့ထွင်တဲ့ အရှိန် အရမ်းမြန်နေတာလား"
"အရမ်းမြန်တယ်... လူတော်တော်များများ အဲ့ဒီထဲကို ဝင်သွားကြပြီ"
"ပြီးတော့ လူတော်တော်များများက ရေနတ်ဘုရားကို လုံးဝသံသယ မရှိဘဲ အပြည့်အဝ ယုံကြည်နေကြတယ်"
"ရေနတ်ဘုရားဂိုဏ်းမှာ... တခြား ရိုက်သွင်းတဲ့ နည်းလမ်းတွေ ရှိမယ်လို့... ကျွန်မ သံသယရှိတယ်"
ကျွမ်းရှုယွမ်၏ စကားများက ကျောက်ခိုင်၏ မျက်နှာကို ပို၍ လေးနက်သွားစေသည်။
သူက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် ခေါင်းမော့ကာ မေးလိုက်သည်။ "မကျွမ်း... ခင်ဗျားမှာ ဘာအကြံပေးချင်တာ ရှိလဲ"
ကျွမ်းရှုယွမ်က လေးနက်သော မျက်နှာထားဖြင့် မျက်လုံးထဲတွင် စူးရှသော အရိပ်အယောင်များ ပေါ်ထွက်လာကာ ပြောလိုက်သည်။ "ကျွန်မ အကြံပြုချက်ကတော့ ရေနတ်ဘုရားဂိုဏ်းရဲ့ ဘာသာဝင်တွေ အားလုံးကို ချက်ချင်း ဖမ်းဆီးဖို့ပဲ"
"သူတို့ ဘာရည်ရွယ်ချက်နဲ့ပဲ လုပ်လုပ်... အားလုံးကို ကိုလင်းယွမ် ပြန်လာတဲ့အထိ စောင့်ပြီးမှ ဆုံးဖြတ်ရမယ်"
"ရေနတ်ဘုရားဂိုဏ်းကို ဆက်ပြီး ကြီးထွားလာခွင့် လုံးဝ မပေးနိုင်ဘူး"
ကျောက်ခိုင်က ထိုစကားကို ကြားသောအခါ လင်းယွမ် မထွက်ခွာမီက မှာကြားခဲ့သည်များကို သတိရသွားသည်။
ယခု သူ၏ တာဝန်မှာ ထိုက်ယန်တောင် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်ပင် ဖြစ်သည်။
ထိုသို့တွေးမိသည်နှင့် သူက ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ... ဒါဆို ဝူယင့်ကို ချက်ချင်း အကြောင်းကြားလိုက်... ကြီးကြပ်ရေးအဖွဲ့ကို ဦးဆောင်ပြီး ရေနတ်ဘုရားဂိုဏ်းရဲ့ ဘာသာဝင်တွေ အားလုံးကို ဖမ်းခိုင်းလိုက်"
"နောက်ပြီး အမိန့်ထုတ်လိုက်... ထိုက်ယန်တောင်က နေထိုင်သူတွေ ရေနတ်ဘုရားဂိုဏ်းကို မကိုးကွယ်ရဘူးလို့"
ကျွမ်းရှုယွမ်က ခေါင်းညိတ်ကာ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "ကျွန်မ အခုပဲ ဝူယင့်ကို သွားအကြောင်းကြားလိုက်မယ်"
သူမက လှည့်ကာ ထွက်သွားတော့မည့် အချိန်တွင်ပင် အလျင်စလို ခြေသံတစ်သံက အခန်းထဲသို့ ဝင်ရောက်လာသည်။
"ခေါင်းဆောင်ကျောက်... ဒုက္ခပါပဲ"
ကျိဖုန်းက အလျင်စလို ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။
ကျောက်ခိုင်က သူ့ကို မြင်သောအခါ ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။ "ဘာဖြစ်ပြန်ပြီလဲ"
ကျိဖုန်းက အလောတကြီး ပြောလိုက်သည်။ "ခေါင်းဆောင်ကျောက်... ကိုးဝူမျှော်စင်ဘက်က သတင်းရတယ်... သင်္ဘောတွေ ထိုက်ယန်တောင်ကို ချဉ်းကပ်လာပြီး ထိုက်ယန်တောင်ကို ဝိုင်းရံထားပြီတဲ့"
"ဘာ" ကျောက်ခိုင်က ထိတ်လန့်သွားပြီး အေးစက်သော ခံစားမှုတစ်ခုက ကျောပြင်မှတစ်ဆင့် နောက်စေ့ဆီသို့ ရုတ်တရက် တိုးဝင်သွားကာ သူ၏ ဦးရေပြားကိုပင် ထုံကျင်သွားစေသည်။
သူနှင့် ကျွမ်းရှုယွမ်တို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ခုခု မှားယွင်းနေကြောင်းကို ချက်ချင်း သတိပြုမိလိုက်ကြသည်။
ကျွန်းပေါ်တွင် ရေနတ်ဘုရားဂိုဏ်း၏ တရားဟောမှု ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် အပြင်ဘက်တွင် သင်္ဘော အများအပြား ရောက်လာခြင်းပင် ဖြစ်သည်။
သူက ရေနတ်ဘုရားဂိုဏ်း၏ တရားဟောသည့် ကိစ္စကို ခေတ္တ ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်း ပြောလိုက်သည်။ "အမိန့်ထုတ်ပြန်လိုက်... ဌာနချုပ်က လူတွေအားလုံး ချက်ချင်း နေရာယူကြ... ထိုက်ယန်တောင်ကို အဆင့်တစ် တိုက်ပွဲဝင်အသင့်အနေအထား သတ်မှတ်လိုက်"
"မကျွမ်း... ခင်ဗျားက ဝူယင့်ကို ချက်ချင်း အကြောင်းကြားပြီး ထိုက်ယန်တောင်က ရေနတ်ဘုရားဂိုဏ်း ဘာသာဝင်တွေကို ဖမ်းခိုင်းလိုက်"
"ကျိဖုန်း... ခြေမြန်တော်တပ်ရင်းက လူတွေအားလုံးကို ချက်ချင်း ထွက်လာခိုင်းပြီး တပ်ဖွဲ့အားလုံးကို တိုက်ပွဲဝင်အသင့်အနေအထား ဝင်ဖို့ အကြောင်းကြားလိုက်"
"ဟုတ်ကဲ့"
"ဒါနဲ့... ဆောက်လုပ်ရေး အင်ဂျင်နီယာဌာနက ဦးလေးမာကို လူခေါ်ပြီး လင်းယွင်တောင်စောင်းကို ချက်ချင်း သွားစောင့်ခိုင်းလိုက်"
"ဟုတ်ကဲ့"
ကျိဖုန်းက အမိန့်ကို နာခံပြီး ချက်ချင်း ထွက်သွားတော့မည် ဖြစ်သည်။
"နေဦး"
ကျောက်ခိုင်က ကျိဖုန်းကို အလျင်အမြန် ပြန်ခေါ်လိုက်ပြီး အမိန့်ပေးလိုက်သည်။ "ဌာနချုပ်က တာဝန်ခံတွေ အားလုံးကို သမ္မတ ၇ ဆီ ချက်ချင်း သွားပြီး အစည်းအဝေး လုပ်ဖို့ ပြောလိုက်"
"နားလည်ပါပြီ"
ကျွမ်းရှုယွမ်ကလည်း ပြောလိုက်သည်။ "ကျွန်မ ကြီးကြပ်ရေးအဖွဲ့ ကိစ္စတွေကို ချက်ချင်း သွားစီစဉ်လိုက်ဦးမယ်... ခဏနေရင် သမ္မတ ၇ ဆီ လာခဲ့မယ်"
ကျောက်ခိုင်က ခေါင်းညိတ်လိုက်သည်။ "ကျွန်တော် သမ္မတ ၇ ဘက်ကို အရင် သွားကြည့်လိုက်မယ်"
——
"ကုန်းမြေ သေဆုံးသွားပြီ... ဒီရေကသာ ထာဝရရှင်သန်မယ်"
"အသက်ရှူခြင်းက အပြစ်တစ်ခုပဲ... ရေနစ်ခြင်းကသာ အမြင့်မြတ်ဆုံးဖြစ်တယ်"
ထိုက်ယန်တောင် ခြေရင်းရှိ ရေပေါ်တံတား ဆိပ်ကမ်းတွင် စစ်သင်္ဘော တစ်စီးပြီးတစ်စီး စုရုံးရောက်ရှိနေကြသည်။
စစ်သင်္ဘောများထံမှ အော်ဟစ်သံများနှင့် သီဆိုသံများ ဆက်တိုက် ထွက်ပေါ်လာနေသည်။
ရေပေါ်တံတား ဆိပ်ကမ်း အပြင်ဘက်တွင် စစ်သင်္ဘောများ အစီအရီ ရပ်နားထားပြီး သမ္မတ ၇ အပျော်စီးသင်္ဘောက ဆိပ်ကမ်း အပြင်ဘက်တွင် ကာကွယ်စောင့်ရှောက်ထားသည်။
ထိုက်ယန်တောင်၊ မိန်တောင်နှင့် လင်းယွင်တောင်စောင်း ကမ်းရိုးတန်း တစ်လျှောက်တွင်လည်း ထိုက်ယန်တောင် ကင်းလှည့်တပ်ဖွဲ့ဝင်များ အပြည့် နေရာယူထားကြသည်။
သမ္မတ ၇ သင်္ဘောပေါ်တွင် ထိုက်ယန်တောင်၏ ခေါင်းဆောင်ပိုင်းများ စုရုံးနေကြသည်။
ကျောက်ခိုင်က ကုန်းပတ်ပေါ်တွင် ရပ်ကာ မှန်ပြောင်းကို ကိုင်ဆောင်ထားပြီး ထိုက်ယန်တောင် အပြင်ဘက်ရှိ ထိုစစ်သင်္ဘောများကို လှမ်းကြည့်နေရာ သူ၏ မျက်နှာက အလွန် လေးနက်နေသည်။
ဘေးဘက်ရှိ ရန်ဆန်းမင်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ဒီစစ်သင်္ဘောတွေက တစ်ဖွဲ့တည်းက မဟုတ်လောက်ဘူး... သူတို့ရဲ့ အလံတွေက မတူကြဘူး"
လက်တစ်ဖက်သာ ရှိတော့သော ရန်ယုံဝေကလည်း ရေပြင်ပေါ်ရှိ ထိုစစ်သင်္ဘောများကို စူးစိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။ "အလံ သုံးမျိုး ရှိတယ်... ကြည့်ရတာ အင်အားစု သုံးခု ဖြစ်မယ်"
"အဲ့ဒီပေါ်က အလံတွေကို သိတဲ့သူ ရှိလား" ကျောက်ခိုင်က လေးနက်သော အသံဖြင့် မေးလိုက်သည်။
အနီးနားရှိ လူများအားလုံးက ခေါင်းခါလိုက်ကြသည်။
သူတို့က အချိန်ကြာမြင့်စွာ ထိုက်ယန်တောင်တွင် နေထိုင်ခဲ့ကြပြီး အပြင်သို့ သိပ်မထွက်ခဲ့ကြသဖြင့် ကွမ်ဖူရှိ ဂိုဏ်းကြီးသုံးဂိုဏ်း၏ အလံများကို သဘာဝကျကျပင် မသိကြပေ။
ကျွမ်းရှုယွမ်က ခေတ္တမျှ ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြောလိုက်သည်။ "ဒီရေလှိုင်း သုံးဆင့် ပါတဲ့ အလံက ရေနတ်ဘုရားဂိုဏ်းရဲ့ အလံပဲ ဖြစ်မယ်"
ကျောက်ခိုင်က ထိုစကားကို ကြားသောအခါ အလျင်အမြန် မေးလိုက်သည်။ "ခင်ဗျား သေချာလား"
ကျွမ်းရှုယွမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဝူယင် ခုလေးတင်ပဲ ရေနတ်ဘုရားဂိုဏ်း ဘာသာဝင် တစ်ယောက်ရဲ့ အိမ်ကနေ ဒီလို အလံမျိုးကို ရှာတွေ့ခဲ့တယ်"
"ရေနတ်ဘုရားဂိုဏ်း... ဒါဆိုရင် ကျန်တဲ့ အလံနှစ်ခုက မြေမိခင်ဂိုဏ်းနဲ့ ဝိညာဉ်စွမ်းအင်ဂိုဏ်း များလား" ဆုန့်ဝမ်က ချက်ချင်း အံ့သြတကြီး ပြောလိုက်သည်။
လင်းယွမ်က သူတို့ကို ကွမ်ဖူ၏ အခြေအနေ အချို့အကြောင်း ပြောပြခဲ့ဖူးသဖြင့် ဆုန့်ဝမ်တို့ အနေဖြင့် ဂိုဏ်းကြီးသုံးဂိုဏ်း၏ နာမည်များကို သိရှိထားကြသည်။
ရန်မေက မနေနိုင်တော့ဘဲ ပြောလိုက်သည်။ "ငါတို့ ထိုက်ယန်တောင်နဲ့ ကွမ်ဖူက ဂိုဏ်းကြီးသုံးဂိုဏ်းကြားမှာ ဘာရန်ငြိုးမှ မရှိဘဲနဲ့... သူတို့ ဒီလို လုပ်နေတာက ဘာလုပ်ချင်လို့လဲ"
ဟန်ရှန်းမန်က မှုန်ကုပ်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။ "သူတို့က ငါတို့ဆီက အရင်းအမြစ်တွေကို မျက်စိကျနေတာ ဖြစ်ဖို့ များတယ်"
သူမက လင်းယွမ်နှင့်အတူ မြူခိုးမြို့တော်သို့ သွားခဲ့ဖူးသဖြင့် ဂိုဏ်းကြီးသုံးဂိုဏ်း၏ လုပ်ဆောင်ပုံကို ပို၍ နားလည်ထားပေသည်။
ဝိညာဉ်စွမ်းအင်ဂိုဏ်းက နေရာအနှံ့တွင် အသက်ရှင်ကျန်ရစ်သူများကို လိုက်လံ ဖမ်းဆီးနေပြီး ချိုးရင်ယွဲ့တို့ ရပ်ကွက်မှ လူအများအပြားမှာလည်း ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
မြေမိခင်ဂိုဏ်းမှာကား ဆိုဖွယ်ရာပင် မရှိတော့ပေ။ မြူခိုးမြို့တော်သို့ ကျူးကျော်ဝင်ရောက်စဉ်က သူတို့မှာ တိတ်တဆိတ် တရားဟောပြီးမှ တိုက်ခိုက်မှုများကို စတင်ခဲ့ခြင်း ဖြစ်သည်။
ဤအရာများမှာ သူမ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ကိစ္စများ ဖြစ်သောကြောင့် ပို၍ ရှင်းလင်းစွာ သိရှိထားခြင်း ဖြစ်သည်။
သူမက ရေနတ်ဘုရားဂိုဏ်းနှင့် ပထမဆုံးအကြိမ် ထိတွေ့ရခြင်း ဖြစ်သော်လည်း အခြား ဂိုဏ်းကြီးနှစ်ခု၏ လုပ်ဆောင်ပုံများအရ ဆိုလျှင် ဤရေနတ်ဘုရားဂိုဏ်းမှာလည်း ကောင်းမွန်သော အရာတစ်ခု ဖြစ်လာမည် မဟုတ်ပေ။
လူအများ၏ မျက်နှာက လေးနက်နေကြပြီး ကျောက်ခိုင်၏ စိတ်ထဲတွင်လည်း အလားတူပင် စိုးရိမ်ပူပန်နေသည်။
သူက လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ်... လူတိုင်းကို တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထားခိုင်းလိုက်"
ထိုသို့ပြောပြီးနောက် သူက မလှမ်းမကမ်းရှိ လီဟန်ကျုံးဘက်သို့ လှည့်ကာ မေးလိုက်သည်။ "သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာန ဘက်ကရော အသင့်ဖြစ်ပြီလား"
လီဟန်ကျုံးက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ "သမ္မတ ၇ သင်္ဘောပေါ်မှာ ရွှေချပ်ဝတ် အကာအကွယ်စနစ်ကို အပြည့်အဝ တပ်ဆင်ထားပြီးပြီ... ဒါ့အပြင် စွမ်းအင်ချိတ်ပိတ် အစီအရင် ရောင်ပြန်ဟပ်စက်ကိုလည်း တပ်ဆင်ထားတယ်"
"တခြား စစ်သင်္ဘော တချို့ကိုလည်း အဲ့ဒီလိုတွေ တပ်ဆင်ထားတယ်... ဒါ့အပြင် ဝိညာဉ်စွမ်းအင်အမြောက်တွေကိုလည်း ထည့်သွင်းထားတယ်"
"ဒါပေမဲ့ အချိန်က အရမ်း ကပ်နေတော့ သင်္ဘော ငါးစီးမှာပဲ ဒီလို တပ်ဆင်မှုတွေ လုပ်နိုင်ခဲ့တယ်"
လင်းယွမ်က မြူခိုးမြို့တော်မှ ယူဆောင်လာခဲ့သော သင်္ဘောများမှာ ဆယ်ဂဏန်းကျော်မျှ ရှိပြီး ထိုက်ယန်တောင် ကိုယ်တိုင်ကလည်း သင်္ဘောများ တည်ဆောက်နေကြောင်း သိထားရပေမည်။
သို့သော် လူရာကျော် ဆံ့သော စစ်သင်္ဘော အဆင့်မျိုးမှာမူ အစီးနှစ်ဆယ်ကျော်သာ ရှိသည်။
သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန နှင့် ဆောက်လုပ်ရေးဌာနတို့က အပြင်းအထန် ကြိုးစားခဲ့ကြသော်လည်း ဤတစ်လကျော် အချိန်အတွင်း စစ်သင်္ဘော ငါးစီးကိုသာ အပြည့်အဝ တပ်ဆင်နိုင်ခဲ့သည်။
ယင်းမှာ လင်းယွမ် ကိုယ်တိုင်က ရေတပ်တစ်ခုကို တည်ဆောက်ချင်နေသောကြောင့် အထူးတလည် အရှိန်မြှင့်တင်ထားခြင်းပင် ဖြစ်သည်။
သို့မဟုတ်ပါက ယနေ့တွင် စစ်သင်္ဘော ငါးစီးကိုပင် ထုတ်ယူနိုင်မည် မဟုတ်ပေ။
လီဟန်ကျုံး၏ စကားများကို ကြားသောအခါ ကျောက်ခိုင်၏ မျက်နှာက ချက်ချင်း တည်ကြည်သွားသည်။
သူက ချက်ချင်း နားလည်လိုက်သည်။ ဤအရာက ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာပေတော့မည်။
တစ်ဖက်ရှိ စစ်သင်္ဘောများက ဆယ်ဂဏန်းကျော် အပြည့်အဝ ရှိနေပြီး ထိုက်ယန်တောင်တွင်မူ စစ်သင်္ဘော ငါးစီးသာ ရှိနေရာ ယင်းကို မည်သို့ တိုက်ခိုက်ရမည်နည်း။
သူတို့ စကားပြောနေစဉ်မှာပင် တစ်ဖက်ရှိ ဂိုဏ်းကြီးသုံးဂိုဏ်းထံမှ လှေငယ်တစ်စင်းက လေပြင်းများကို ဖြတ်သန်းကာ အရှိန်အဟုန်ဖြင့် ပြေးထွက်လာသည်။
ထိုလှေငယ်ပေါ်တွင် အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းတွင် ခေါင်းစွပ်ကို စွပ်ထားကာ မျက်နှာတွင် မျက်နှာဖုံး တပ်ဆင်ထားသော အမျိုးသားတစ်ဦး ရပ်နေသည်။
သူ၏ ဘေးတွင်ကား မြေဝါရောင် သံချပ်ကာကို ဝတ်ဆင်ထားသော အရပ်ပုပု လူလတ်ပိုင်း တစ်ဦးနှင့် အပေါ်ပိုင်း ဗလာကျင်းနေသော ကြွက်သားအပြည့်နှင့် အမျိုးသားတစ်ဦးတို့လည်း ရှိနေသည်။
သူတို့ သုံးဦးက သမ္မတ ၇ နှင့် ပေ ၃၀၀ ကျော်အကွာတွင် ရပ်တန့်သွားကြသည်။
အပြာရောင် ဝတ်ရုံနှင့် အမျိုးသားက လက်ကို ဝှေ့ယမ်းလိုက်ရာ ဝုန်းခနဲ အသံနှင့်အတူ ရေလှိုင်းကြီးက အရှိန်အဟုန်ဖြင့် ထမြောက်လာသည်။
ကြီးမားသော ရေလှိုင်းကြီးက လှေငယ်ကို တိုက်ရိုက် ပင့်မတင်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လေပေါ်သို့ ပျံတက်သွားစေသည်။
သူက လေးနက်သော အသံဖြင့် အော်ဟစ်လိုက်သည်ကို ကြားလိုက်ရသည်။ "ရေနတ်ဘုရားဂိုဏ်း... မြေမိခင်ဂိုဏ်းနဲ့ ဝိညာဉ်စွမ်းအင်ဂိုဏ်းတို့က ထိုက်ယန်တောင်ကို ရောက်လာပြီ... မင်းတို့ထဲက ဘယ်သူက ထိုက်ယန်တောင်ရဲ့ ခေါင်းဆောင်လဲ... ထွက်လာခဲ့စမ်း"
သူ စကားစပြောလိုက်သည်နှင့် တစ်ပြိုင်နက် အထက်စီးမှ ဆက်ဆံနေသော မောက်မာသည့် ခံစားချက်ကို ရရှိစေသည်။
သမ္မတ ၇ ပေါ်ရှိ လူအများက မျက်မှောင်ကြုတ်သွားကြသည်။
ကျောက်ခိုင်၏ မျက်လုံးများက အနည်းငယ် လက်ကနဲ ဖြစ်သွားပြီး ထိုက်ယန်တောင်၏ အရှိန်အဝါကို အားနည်းမသွားစေချင်ပေ။
ကျွမ်းရှုယွမ်က ချက်ချင်း တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။ "ခေါင်းမာမနေနဲ့... ကိုလင်းယွမ် ပြန်လာတဲ့အထိ အချိန်ဆွဲထား"
ကျောက်ခိုင်က ထိုစကားကို ကြားသောအခါ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
သူက ရှေ့သို့ တစ်လှမ်း တက်လိုက်ပြီး လေးနက်သော အသံဖြင့် အော်ဟစ်လိုက်သည်။ "ဂိုဏ်းကြီးသုံးဂိုဏ်းက ထိုက်ယန်တောင်ကို လာလည်တာ တကယ်ကို မထင်မှတ်ထားဘူး... ကျွန်တော်က ကျောက်ခိုင်ပါ... ခင်ဗျားတို့ သုံးယောက်က ဘာကိစ္စ ရှိလို့လဲ"
အပြာရောင် ဝတ်ရုံနှင့် မျက်နှာဖုံးစွပ် အမျိုးသားက ကျောက်ခိုင်ကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် ထူးဆန်းသော အနီရောင် အလင်းတန်း တစ်ခုက လက်ကနဲ ဖြတ်ပြေးသွားသည်။
အခြားတစ်ဖက်ရှိ အပေါ်ပိုင်း ဗလာကျင်းနှင့် ကြွက်သားအပြည့် အမျိုးသားကလည်း မျက်မှန်တစ်ဖက်ကို တပ်ဆင်ထားကာ ကျောက်ခိုင်ကို အကဲခတ်နေသည်။
ထိုမြေဝါရောင် သံချပ်ကာနှင့် လူလတ်ပိုင်းကလည်း အလားတူပင် မျက်မှန်တစ်ဖက်ကို တပ်ဆင်ထားပြီး ထူးဆန်းသော အလင်းရောင်များ တောက်ပလာသည်။
သူတို့ သုံးဦးစလုံးက တိုက်ဆိုင်စွာပင် စွမ်းအင်တိုင်းမျက်မှန်ကို တိုက်ရိုက် အသုံးပြုကာ ကျောက်ခိုင်၏ အစွမ်းအစကို စူးစမ်းရှာဖွေနေကြခြင်း ဖြစ်သည်။
ကျောက်ခိုင်၏ မျက်နှာက အနည်းငယ် မှုန်ကုပ်သွားပြီး အကြည့်ရ ဆိုးသွားသည်။
ဤကဲ့သို့ သူ၏ အဓိက အရည်အသွေးများကို ဗြောင်ကျကျ စစ်ဆေးကြည့်ရှုနေခြင်းက တစ်ဖက်လူမှာ သူ့ကို လုံးဝ အရေးမစိုက်ကြောင်း သိသာထင်ရှားနေပေသည်။
ဆက်ရန်...
အပိုင်း(၄၈၂) အစွမ်းပြခြိမ်းခြောက်ခြင်း
"၅၄ မှတ်လား"
အပြာရောင်ဝတ်ရုံနှင့် မျက်နှာဖုံးတပ်ထားသော အမျိုးသားက အံ့အားသင့်သွားသည်။
ဘေးရှိ အဝါရောင်ချပ်ဝတ်ဆင်ထားသော လူလတ်ပိုင်းကလည်း လှောင်ပြောင်ရယ်မောလိုက်ရင်း ပြောလိုက်သည်။ "မျိုးရိုးဗီဇမျိုးစေ့ကိုတောင် စုစည်းနိုင်နေပြီပဲ"
အပေါ်ပိုင်းဗလာကျင်းထားသော တောင့်တင်းခိုင်မာသည့် အမျိုးသားကလည်း ရယ်မောလိုက်သည်။ "ဒီလို ချောင်ကျတဲ့ နေရာမျိုးမှာတောင် မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်တဲ့သူ ရှိနေတာပဲ... ကြည့်ရတာ သူက ဒီနေရာရဲ့ ခေါင်းဆောင်အစစ် ဖြစ်ပုံရတယ်"
ကျောက်ခိုင်က မျက်နှာထား တင်းမာသွားပြီး ဒေါသကို အတင်းအကျပ် အောင့်အည်းထားကာ မေးလိုက်သည်။ "ခင်ဗျားတို့ ဂိုဏ်းကြီးသုံးဂိုဏ်းက ဒီလောက် အင်အားအလုံးအရင်းနဲ့ ကျွန်တော်တို့ ထိုက်ယန်တောင်ကို လာတာ... ဘာကိစ ရှိလို့လဲ"
ကျောက်ခိုင်၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် ထိုအဝါရောင်ချပ်ဝတ်ဆင်ထားသော လူလတ်ပိုင်းက ချက်ချင်းပင် လှောင်ပြောင်ရယ်မောလိုက်သည်။ "မင်းတို့ ထိုက်ယန်တောင် ဟုတ်လား"
"လာစမ်းပါဦး... ဒီထိုက်ယန်တောင်က ဘယ်လိုလုပ်ပြီး မင်းတို့ဟာ ဖြစ်သွားရတာလဲ ဆိုတာ ငါ့ကို ပြောပြစမ်းပါ"
"ဒီတောင်ပေါ်က ဘယ်ကျောက်တုံး ဘယ်သစ်ပင်က မင်းတို့အိမ်က ပိုင်တာလဲ"
အပြာရောင်ဝတ်ရုံနှင့် မျက်နှာဖုံးတပ် အမျိုးသားကလည်း အေးစက်စက် ပြောလိုက်သည်။ "ရေကြီးရေလျှံမှုတွေ ပြန့်နှံ့လာလို့ အခုဆို နေရာတော်တော်များများမှာ အခြေအနေတွေ ဆိုးရွားနေပြီ... လူအများကြီးမှာ နေစရာ နေရာတောင် မရှိကြတော့ဘူး"
"ငါတို့ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အားလုံးက လင်ကျောင်းရဲ့ ခရိုင်အသီးသီးက ခေါင်းဆောင်တွေချည်းပဲ... အခု မင်းတို့ကို တရားဝင် အသိပေးလိုက်မယ်... နောက်ပိုင်း ဒုက္ခသည်တွေကို နေရာချထားပေးဖို့ လွယ်ကူအောင် ထိုက်ယန်တောင်ကို ဂိုဏ်းကြီးသုံးဂိုဏ်းက စုပေါင်းပြီး စီမံအုပ်ချုပ်ရလိမ့်မယ်"
"ဒါ့အပြင် တောင်ပေါ်မှာရှိတဲ့ အရင်းအမြစ်တွေ... သန္ဓေပြောင်း သတ္တဝါပဲဖြစ်ဖြစ် စွမ်းအင်ကျောက်တုံးပဲဖြစ်ဖြစ် အားလုံးကို အပ်နှံရမယ်... ငါတို့ ဂိုဏ်းကြီးသုံးဂိုဏ်းကပဲ အားလုံးကို တာဝန်ယူ ခွဲဝေ စီမံသွားမယ်"
"ဘာပြောတယ်"
ကျောက်ခိုင်နှင့် ထိုက်ယန်တောင်မှ လူများအားလုံးက ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် တစ်ယောက်ချင်းစီ၏ မျက်နှာပေါ်တွင် ဒေါသထွက်နေသော အမူအရာများ ပေါ်လာကြသည်။
ဒေါသကြီးတတ်သော ရန်ကျဲက မခံမရပ်နိုင်ဖြစ်ကာ ဒေါသတကြီး ပြောလိုက်သည်။ "ဘာကွ... မင်းတို့က ဘယ်လို အရည်အချင်းနဲ့ နိုင်ငံတော်ကို ကိုယ်စားပြုရတာလဲ"
"ဒီတောင်ပေါ်က အရာတွေ အားလုံးက ငါတို့ မနည်း ကြိုးစားပန်းစား စိုက်ပျိုးထားရတာ... တောင်ပေါ်က သန္ဓေပြောင်း သတ္တဝါတွေကိုလည်း ငါတို့ပဲ ရှင်းလင်းခဲ့တာ... ဘာလို့ မင်းတို့က စကားတစ်ခွန်းတည်းနဲ့ အချောင်လာနှိုက်ချင်ရတာလဲ"
"မင်းတို့ အိပ်မက်မက် မနေနဲ့"
လူအများကလည်း ဝိုင်းဝန်းပြီး ဒေါသတကြီး ဆဲဆိုလိုက်ကြသည်။
အပြာရောင်ဝတ်ရုံနှင့် မျက်နှာဖုံးတပ် အမျိုးသားက အေးစက်စက် ပြုံးလိုက်ပြီး ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ "မင်းတို့ ကိစ္စတစ်ခုကို ရှင်းရှင်းလင်းလင်း သဘောမပေါက်သေးဘူး ထင်တယ်"
"ငါ ဒီကို လာတာက မင်းတို့နဲ့ တိုင်ပင်ဖို့ မဟုတ်ဘူး... မင်းတို့ကို အသိလာပေးတာပဲ"
"ငါတို့က မင်းတို့ကို အခွင့်အရေး မပေးဘူးလို့ မပြောနဲ့... တစ်နာရီ... ငါတို့ မင်းတို့ကို အချိန် တစ်နာရီပဲ ပေးမယ်"
"တစ်နာရီအတွင်း ရေလမ်းကြောင်းကို လိမ်လိမ်မာမာနဲ့ ဖယ်ပေးပြီး ဆိပ်ကမ်းကို ဖွင့်ပေးလိုက်... မင်းတို့ရဲ့ ရယ်စရာကောင်းတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကိုလည်း ရုပ်သိမ်းလိုက်"
"အဲဒီလိုမှ မဟုတ်ရင်တော့... ဟက်ဟက်"
သူက ဆက်မပြောတော့သော်လည်း မျက်လုံးထဲမှ အေးစက်စူးရှသော အကြည့်က အရာအားလုံးကို ရှင်းပြရန် လုံလောက်နေပေသည်။
ကျောက်ခိုင်၏ အနောက်ဘက်ရှိ လူများက အသီးသီး ဒေါသထွက်လာကြသည်။
ဒေါသကြီးတတ်သော သူများက နေရာတွင်ပင် ချက်ချင်း လက်ပါတော့မည့် အနေအထား ရှိနေကြသည်။
ကျောက်ခိုင်က လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ထိုသုံးယောက်ကို စိုက်ကြည့်ကာ မေးလိုက်သည်။ "ဂိုဏ်းကြီးသုံးဂိုဏ်းက လူပါးဝလွန်းတာပဲ"
"ခင်ဗျားတို့ ထိုက်ယန်တောင်ကို သိမ်းပိုက်ချင်ရင်လည်း ဒီလို အသုံးမကျတဲ့ ဆင်ခြေတွေ ရှာနေစရာ မလိုပါဘူး"
"ခင်ဗျားတို့က နိုင်ငံတော်ကို ကိုယ်စားပြုနိုင်လို့လား... ကွမ်ဖူက စစ်တပ်တောင် မလာသေးတာ ခင်ဗျားတို့က ဘယ်လို အခွင့်အရေးနဲ့ နိုင်ငံတော်ကို ကိုယ်စားပြုရတာလဲ"
ကျောက်ခိုင်၏ ထိုစကားက ဂိုဏ်းကြီးသုံးဂိုဏ်းမှ ထိုသုံးယောက်ကို ချက်ချင်းပင် ဒေါသထွက်သွားစေသည်။
အပြာရောင်ဝတ်ရုံနှင့် မျက်နှာဖုံးတပ် အမျိုးသားက ချက်ချင်း ဆဲဆိုလိုက်သည်။ "မင်းက ဘာကောင်မို့လို့ ဒီနေရာမှာ ငါတို့ကို လာပြီး အပြစ်ရှာရဲရတာလဲ"
"အကောင်းပြောနေတာကို လက်မခံချင်ဘူးပေါ့... ကောင်းပြီလေ... ဒါဆိုရင်လည်း မင်းကို အရင်သတ်ပြီး မင်းတို့ကို အမှန်တရားကို သိအောင် လုပ်ပြရသေးတာပေါ့" အဝါနုရောင်ချပ်ဝတ်ဆင်ထားသော လူလတ်ပိုင်းက ပြင်းထန်စွာ အော်ဟစ်လိုက်သည်။
"ဟားဟားဟား... စကြတာပေါ့" အပေါ်ပိုင်းဗလာကျင်းထားသော ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ အမျိုးသားကလည်း ထူးဆန်းစွာ ရယ်မောလိုက်သည်။
ထိုသုံးယောက်က တစ်ပြိုင်နက်တည်းနီးပါး လှုပ်ရှားလိုက်ပြီး အပေါ်သို့ ခုန်တက်လိုက်ကြသည်ကို မြင်လိုက်ရသည်။
ထိုအပြာရောင်ဝတ်ရုံနှင့် မျက်နှာဖုံးတပ် အမျိုးသားက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လေဟာပြင်ထဲမှ ရေနဂါးတစ်ကောင်က ထွက်ပေါ်လာပြီး ဝှစ်ခနဲ အသံနှင့်အတူ သမ္မတ ၇ ဇိမ်ခံသင်္ဘောကြီး၏ ကုန်းပတ်ဆီသို့ ပြင်းထန်စွာ ဝင်တိုက်လိုက်သည်။
ကျောက်ခိုင်က ဘာမှထပ်မပြောတော့ဘဲ အေးစက်သော အသံဖြင့် အော်ဟစ်လိုက်သည်။ "ရွှေချပ်ဝတ် အကာအကွယ် စနစ်ကို ဖွင့်လိုက်"
"ဝုန်း"
သမ္မတ ၇ သင်္ဘောကြီး တစ်စီးလုံး၏ ပတ်လည်မှ ချက်ချင်းပင် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး ရွှေရောင် ဖောက်ထွင်းမြင်ရသော ချပ်ဝတ်လွှာများက သင်္ဘောကိုယ်ထည်ကို ဖုံးလွှမ်းသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သင်္ဘောကိုယ်ထည် တစ်ခုလုံးက ရွှေချပ်ဝတ်ဖြင့် ဖုံးလွှမ်းသွားတော့သည်။
ထို့နောက် ကျောက်ခိုင်က ခြေဖဝါးကို တစ်ချက် ဆောင့်နင်းလိုက်ရာ သူ၏ တစ်ကိုယ်လုံးက ကောင်းကင်ယံသို့ ချက်ချင်း ထိုးတက်သွားပြီး ထိုသုံးယောက်ဆီသို့ မျက်စိတစ်မှိတ်အတွင်း ပြေးဝင်သွားသည်။
သူက လက်သီးတစ်ချက် ထိုးချလိုက်သည်ကို မြင်လိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အေးစက်သော ရေခဲအငွေ့အသက်များက လွှမ်းခြုံထွက်ပေါ်လာသည်။
သမ္မတ ၇ သင်္ဘောကြီးဆီသို့ ပြေးဝင်လာသော ထိုရေနဂါးမှာ ချက်ချင်းပင် ရေခဲအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ကျောက်ခိုင်က ထိုရေခဲနဂါးပေါ်သို့ ခြေတစ်လှမ်း နင်းလိုက်ပြီး အပြာရောင်ဝတ်ရုံနှင့် မျက်နှာဖုံးတပ် အမျိုးသားဆီသို့ အဆက်မပြတ် ချဉ်းကပ်သွားသည်။
အပြာရောင်ဝတ်ရုံနှင့် မျက်နှာဖုံးတပ် အမျိုးသားက အံ့အားသင့် ဒေါသထွက်စွာဖြင့် အော်လိုက်သည်။ "ရေခဲဓာတ် အစွမ်းပိုင်ရှင်"
သူက စိတ်ထဲတွင် အံ့အားသင့် ဒေါသထွက်နေသည်နှင့် တစ်ပြိုင်နက် အလျင်အမြန် နောက်ဆုတ်လိုက်သည်။
ရေဓာတ်က မွေးရာပါ ရေခဲဓာတ်၏ ဖိနှိပ်ခြင်းကို ခံရသောကြောင့် သဘာဝကျစွာပင် သူက ရင်ဆိုင်ရန် ခက်ခဲနေခဲ့သည်။
ထိုစဉ် ချပ်ဝတ်ဆင်ထားသော လူလတ်ပိုင်းက ပြင်းထန်စွာ အော်ဟစ်လိုက်သည်။ "ငါ လာခဲ့မယ်"
သူက လက်သီးတစ်ချက် ထိုးချလိုက်ရာ မျက်စိတစ်မှိတ်အတွင်း လေထဲတွင် မြေကြီးအရောင် အလင်းစက်ဝန်းများ ထွက်ပေါ်လာသည်။
ကောင်းကင်ယံမှ ကျောက်စရစ်ခဲများက ကျယ်လောင်သော အသံများနှင့်အတူ ပြုတ်ကျလာကြသည်။
ကျောက်ခိုင်က အေးစက်စက် ပြုံးလိုက်ပြီး သူ၏ ခြေလှမ်းများက ရေခဲနဂါးကို အလျင်အမြန် ဖြတ်ကျော်ကာ ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသော ဥက္ကာခဲများကို ရှောင်တိမ်းလိုက်သည်။
"ဘုန်း... ဘုန်း... ဘုန်း"
ရေခဲနဂါးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျယ်လောင်သော အသံများနှင့်အတူ ရိုက်ခွဲဖျက်ဆီးခံလိုက်ရသည်။
ဤဥက္ကာခဲများက ဧရိယာအကျယ်အဝန်းဖြင့် တိုက်ခိုက်ခြင်း ဖြစ်သောကြောင့် ကျောက်ခိုင်၏ အလျင် မည်မျှပင် မြန်ဆန်နေပါစေ ပထမဆုံး အချိန်အတွင်း လွတ်ကင်းအောင် ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။
သို့သော် သူ၏ ပတ်လည်တွင် ရေခဲချပ်ဝတ်လွှာများ ပေါ်ထွက်လာသည်ကို မြင်လိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ တစ်ကိုယ်လုံးတွင် ရေခဲဓာတ် ချပ်ဝတ်တန်ဆာတစ်ခု ဖြစ်ပေါ်လာတော့သည်။
"သုညဒီဂရီ ဝတ်စုံ"
ကျောက်ခိုင်က ပြင်းထန်စွာ အော်ဟစ်လိုက်ပြီး ချပ်ဝတ်လွှမ်းခြုံထားမှုအောက်တွင် ဥက္ကာခဲများ မည်သို့ပင် ကျဆင်းလာပါစေ သူ၏ ရေခဲချပ်ဝတ်ကို အနည်းငယ်မျှပင် ဖောက်ထွင်းနိုင်ခြင်း မရှိပေ။
သူ၏ ခြေနှစ်ဖက် ရေထဲသို့ နင်းချလိုက်သည့် အခိုက်အတန့်တွင် ရေပြင်က တိုက်ရိုက် ရေခဲစတင် ဖြစ်တည်လာခဲ့သည်။
ကောင်းကင်ယံမှ မိုးသည်းထန်စွာ ရွာသွန်းမှုများကလည်း မိုးသီးများအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး တဖြောက်ဖြောက် အသံများနှင့်အတူ ကျဆင်းလာကြသည်။
ကျောက်ခိုင်၏ ရေခဲဓာတ် စွမ်းအင် လှုံ့ဆော်မှုအောက်တွင် မိုးသီးများက လေတိုက်သံများနှင့်အတူ သူ၏ ပတ်လည်တွင် ရူးသွပ်စွာ လည်ပတ်နေကြသည်။
"သွားစမ်း"
ကျောက်ခိုင်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံမှ မိုးသီးများက မျက်စိတစ်မှိတ်အတွင်း ပြင်းထန်စွာ ပစ်လွှတ်သွားပြီး ထိုသုံးယောက်ဆီသို့ တိုက်ရိုက် ဝင်တိုက်သွားသည်။
ထိုသုံးယောက်ထဲမှ အပေါ်ပိုင်းဗလာကျင်းထားသော ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ လူငယ်က ပြင်းထန်စွာ အော်ဟစ်လိုက်သည်။ "မီး လာစမ်း"
"ဝုန်း"
ပြင်းထန်သော မီးတောက်တစ်ခုက ချက်ချင်း ပန်းထွက်လာပြီး သူ၏ ပတ်လည်တွင် မီးတံတိုင်းတစ်ခု ဖြစ်ပေါ်လာအောင် လည်ပတ်သွားသည်။
သူက ပြင်းထန်စွာ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့်အမျှ မီးတံတိုင်းက မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲထွက်သွားသည်။
ကောင်းကင်ယံအထိ မြင့်မားသော ဒေါသတကြီး မီးတောက်များက လောင်ကျွမ်းလာပြီး ရေခိုးရေငွေ့များ ထွက်ပေါ်လာကာ တိုက်ရိုက် အငွေ့ပျံသွားတော့သည်။
သို့သော် ကျောက်ခိုင် လှုံ့ဆော်ထားသော မိုးသီးများ၏ အပူချိန်က အလွန်နိမ့်ကျနေသောကြောင့် အရည်ပျော်နေသော်လည်း မျက်စိတစ်မှိတ်အတွင်း လုံးဝ အရည်ပျော်သွားခြင်း မရှိခဲ့ပေ။
ဤကဲ့သို့သော မိုးသည်းထန်သည့် ရာသီဥတုက မူလကတည်းက မီးဓာတ် အစွမ်းပိုင်ရှင်များအတွက် အားသာချက် မရှိပေ။
ကျောက်ခိုင်၏ အေးစက်သော လေပြင်းများ လွှမ်းခြုံထားမှုအောက်တွင် ပတ်ဝန်းကျင်ရှိ ရေပေါက်များက ခဏတာအတွင်း မရေမတွက်နိုင်သော ရေခဲချွန်များအဖြစ်သို့ ပြောင်းလဲသွားပြီး မီးတောက်များ လွှမ်းခြုံခံထားရသော ထိုသုံးယောက်ဆီသို့ ရူးသွပ်စွာ ပစ်လွှတ်သွားကြသည်။
ခဏတာအတွင်း သူက တစ်ယောက်တည်းနှင့် သုံးယောက်ကို ရင်ဆိုင်နေရသော်လည်း အနည်းငယ်မျှပင် အရေးနိမ့်နေခြင်း မရှိပေ။
တစ်ချိန်တည်းမှာပင် သမ္မတ ၇ သင်္ဘောကြီးပေါ်တွင် ရန်ဆန်းမင်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "လေးသမားတွေ... အသင့်ပြင်ထား"
အမြင်အာရုံ လွန်ကဲသော အစွမ်းပိုင်ရှင် အချို့က အသီးသီး ထွက်လာကြပြီး ၎င်းတို့၏ လက်ထဲမှ လေးနှင့် မြှားများကို အသီးသီး ထုတ်ယူလိုက်ကြသည်။
ထိုလေးနှင့် မြှားများက သာမန် လက်နက်များ မဟုတ်ဘဲ ချိတ်ပိတ်မြှားများပင် ဖြစ်သည်။
ထိုလူအချို့က အလျင်အမြန် လေးကို တင်ကာ မြှားကို တပ်ဆင်လိုက်ပြီး စစ်မြေပြင်ပေါ်ရှိ ထိုသုံးယောက်ဆီသို့ ချိန်ရွယ်လိုက်ကြသည်။
"ပစ်"
"ရွှစ်... ရွှစ်... ရွှစ်"
မြှားသုံးစင်းက လေထုကို ခွင်းကာ ပြင်းထန်စွာ ပစ်လွှတ်သွားသည်။
မြှား၏ အားက အံ့မခန်းဖြစ်ပြီး လေထုကို ခွင်းသွားချိန်တွင် စူးရှသော အသံများ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် စိတ်စွမ်းအင် အစွမ်းပိုင်ရှင် အချို့ကလည်း အသီးသီး ခုန်ထွက်လာကြပြီး လေထဲသို့ ပျံတက်ကာ စစ်မြေပြင်ဆီသို့ ပြေးဝင်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အခြေအနေက ချက်ချင်း တစ်ဖက်သတ် ဖြစ်သွားတော့သည်။
ထိုအပြာရောင်ဝတ်ရုံနှင့် မျက်နှာဖုံးတပ် အမျိုးသားက ယင်းကို မြင်သောအခါ ချက်ချင်း ပြောလိုက်သည်။ "ကောင်းပြီလေ ထိုက်ယန်တောင်... မင်းတို့ဘာသာ သေလမ်းရှာတာပဲ... စောင့်ကြည့်နေလိုက်"
သူ၏ ခန္ဓာကိုယ်က အလျင်အမြန် နောက်ဆုတ်သွားပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရေလှိုင်းများက လှိမ့်တက်လာကာ ချိတ်ပိတ်မြှားကို ရိုက်ချိုးပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော် ထိုက်ယန်တောင်က ချိတ်ပိတ်မြှားများကို ပိုင်နိုင်နေပြီ ဖြစ်ကြောင်း သူက မသိခဲ့ပေ။ ဤကဲ့သို့ ပေါ့ဆသွားမှုအောက်တွင် မြှားက ရေလှိုင်းကို မျက်စိတစ်မှိတ်အတွင်း ဖောက်ထွင်းသွားပြီးနောက် ချက်ချင်း ပေါက်ကွဲသွားတော့သည်။
ဘုန်းခနဲ အသံတစ်သံနှင့်အတူ စွမ်းအင်ချိတ်ပိတ်သော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အပြာရောင်ဝတ်ရုံနှင့် မျက်နှာဖုံးတပ် အမျိုးသားက ချက်ချင်းပင် ထိတ်လန့်သွားသော အမူအရာကို ပြသလိုက်သည်။ "ချိတ်ပိတ်မြှား... မဖြစ်နိုင်တာ... မင်းတို့မှာ ဘယ်လိုလုပ်ပြီး ဒီနည်းပညာ ရှိနိုင်မှာလဲ"
သို့သော် သူ့အား ပြန်လည်ဖြေကြားပေးလိုက်သည်ကတော့ ကျောက်ခိုင်၏ မရေမတွက်နိုင်သော ရေခဲချွန်များ ပြင်းထန်စွာ ပစ်လွှတ်လာခြင်းပင် ဖြစ်သည်။
"စွပ်... စွပ်... စွပ်"
ရေခဲချွန်များက မျက်စိတစ်မှိတ်အတွင်း သူ့အား ထိုးဖောက်သွားပြီး ထိုလူ၏ ခန္ဓာကိုယ်ပေါ်တွင် ရေခဲချွန်များ ပြည့်နှက်သွားကာ နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် ရေကြီးနေသော ရေထဲသို့ ပြုတ်ကျသွားတော့သည်။
ဤမြင်ကွင်းက မြေမိခင်ဂိုဏ်းမှ လူလတ်ပိုင်းနှင့် ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ အပေါ်ပိုင်းဗလာကျင်းထားသော လူငယ်တို့၏ မျက်နှာကို ပြောင်းလဲသွားစေလောက်အောင် ထိတ်လန့်သွားစေသည်။
သူတို့နှစ်ယောက်က တိုင်ပင်ထားခြင်းမရှိဘဲ အလျင်အမြန် သင်္ဘောပေါ်သို့ ပြန်ခုန်တက်လိုက်ကြပြီး လှည့်ကာ ထွက်သွားရန် ပြင်လိုက်ကြသည်။
"ဘယ်ကို ပြေးမှာလဲ"
ကျောက်ခိုင်က ပြင်းထန်စွာ အော်ဟစ်လိုက်ပြီး လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရေပြင်က အေးခဲသွားပြီး ထိုလှေငယ်လေးက နေရာတွင်ပင် တိုက်ရိုက် ပိတ်မိသွားတော့သည်။
မြေမိခင်ဂိုဏ်းမှ လူလတ်ပိုင်းက အလွန်အမင်း ထိတ်လန့်သွားသည်။ "မင်း လုပ်ရဲလား... ငါတို့ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ တပ်ကြီးကို တကယ်ပဲ မကြောက်တာလား"
အပေါ်ပိုင်းဗလာကျင်းထားသော ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ လူငယ်ကလည်း တစ်ချိန်တည်းမှာပင် အော်ဟစ်လိုက်သည်။ "မင်းတို့ သေချာပေါက် သေပြီပဲ... မင်းတို့ရဲ့ ခိုလှုံရေးစခန်းဘက်ကို သွားကြည့်လိုက်ဦး"
ကျောက်ခိုင်က အနည်းငယ်မျှပင် တုန်လှုပ်မသွားဘဲ အော်ဟစ်လိုက်သည်။ "သူတို့ကို ဖမ်းလိုက်"
ထိုက်ယန်တောင်မှ စိတ်စွမ်းအင် အစွမ်းပိုင်ရှင် အချို့က လှုပ်ရှားလိုက်ပြီး ချိတ်ပိတ်မြှားများကို ထိန်းချုပ်ကာ ထိုနှစ်ယောက်၏ ခေါင်းပေါ်တွင် တိုက်ရိုက် ပေါက်ကွဲစေလိုက်သည်။
ချက်ချင်းပင် သူတို့နှစ်ယောက်က တစ်ကိုယ်လုံး တုန်ယင်သွားပြီး အစွမ်းများ လည်ပတ်မှုက အဆင်မပြေတော့ပေ။
ထိုအခါ သူတို့နှစ်ယောက်က တွန့်ဆုတ်မနေဘဲ ခြေကုန်သုတ်ကာ ရေခဲပြင်ပေါ်သို့ ရူးသွပ်စွာ ပြေးလွှားသွားကြသည်။
သို့သော် ရေခဲပြင်နှင့် အနည်းငယ် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ကျောက်ခိုင်က အေးစက်စက် ပြုံးလိုက်ရာ ရေခဲပြင်၏ အေးစက်သော လေပြင်းများက မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနှစ်ယောက်ကို နေရာတွင်ပင် အေးခဲသွားစေသည်။
ထိုက်ယန်တောင်ဘက်မှ စိတ်စွမ်းအင် အစွမ်းပိုင်ရှင်များက အလျင်အမြန် လှုပ်ရှားလိုက်ပြီး ထိုနှစ်ယောက်ကို ချိတ်ပိတ် လက်ထိတ် ခတ်ကာ တိုက်ရိုက် ဖမ်းဆီးပြီး လှေငယ်ပေါ်သို့ ပြန်ခေါ်လာကြသည်။
ထိုအချိန်ရောက်မှသာ ကျောက်ခိုင်က ခေါင်းလှည့်ကာ ထိုက်ယန်တောင်ဘက်သို့ ကြည့်လိုက်သည်။
တောင်ပေါ်တွင် မီးတောက်များ ထထောက်လာပြီး မီးခိုးငွေ့များ ထောင်းထောင်းထနေသည်ကို မြင်လိုက်ရသည်။
သူ၏ မျက်နှာက တင်းမာသွားပြီး သမ္မတ ၇ ၏ ကုန်းပတ်ပေါ်သို့ အလျင်အမြန် ပြန်လာခဲ့သည်။
ကွပ်ကဲရေးအဖွဲ့ဝင် အားလုံး၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ပေါ်နေသည်ကို သူက မြင်လိုက်ရသည်။
"ဘာဖြစ်တာလဲ" သူက ကျွမ်းရှုယွမ်ကို ချက်ချင်း လှမ်းကြည့်လိုက်သည်။
ကျွမ်းရှုယွမ်က မလှမ်းမကမ်းမှ လျှောက်လာပြီး အလျင်အမြန် ပြောလိုက်သည်။ "ခြေမြန်တော်တပ်ရင်းက သတင်းပို့တယ်... တောင်ပေါ်မှာရှိတဲ့ ရေနတ်ဘုရားဂိုဏ်းဝင် တချို့က ရုတ်တရက် လှုပ်ရှားပြီး အိမ်တော်တော်များများကို မီးရှို့လိုက်ကြတယ်တဲ့... ဒါပေမဲ့ စိတ်ချပါ... ဒီလောက် သည်းထန်နေတဲ့ မိုးရေထဲမှာ မီးက လောင်လို့ မရပါဘူး"
"ဒါပေမဲ့ ဒါက လျှို့ဝှက်သင်္ကေတ ဖြစ်နိုင်တယ်... မီးခိုးငွေ့ကို အမှတ်အသား အနေနဲ့ သုံးပြီး ဂိုဏ်းကြီးသုံးဂိုဏ်းက လှုပ်ရှားတော့မယ်ထင်တယ်"
ကျွမ်းရှုယွမ်၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက်...
မျက်နှာချင်းဆိုင်ရှိ ရေကြီးနေသော ရေပြင်ပေါ်တွင် ဂိုဏ်းကြီးသုံးဂိုဏ်း၏ စစ်သင်္ဘော အစီးပေါင်းများစွာမှ ဥဩဆွဲသံများကို ကြားလိုက်ရသည်။
ထို့နောက် ဗုံသံများကလည်း တဒိန်းဒိန်းနှင့် အဆက်မပြတ် ထွက်ပေါ်လာသည်။
ထို့နောက် ထိုစစ်သင်္ဘောများက သုံးစုခွဲကာ လင်းယွင်တောင်စောင်း၊ ထိုက်ယန်တောင်နှင့် မိန်တောင်ဟူသော လမ်းကြောင်းသုံးခုဆီသို့ အသီးသီး ဦးတည်ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
ဂိုဏ်းကြီးသုံးဂိုဏ်းက တရားဝင် တိုက်ခိုက်လာပြီ ဖြစ်သည်။
ကျောက်ခိုင်၏ မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားပြီး လေးနက်စွာ ပြောလိုက်သည်။ "ဂိုဏ်းကြီးသုံးဂိုဏ်းက တိုက်ခိုက်လာပြီ"
ရန်ဆန်းမင်ကလည်း ထိုနည်းတူ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ငါတို့ဘက်က လူအင်အား အရမ်းနည်းလွန်းတယ်... ဟိုဘက်မှာက ထိပ်တန်း အစွမ်းပိုင်ရှင်တွေ အရမ်းများတယ်... တောင်သုံးလုံးကို ကာကွယ်နိုင်ဖို့ ခက်လိမ့်မယ်"
ကျွမ်းရှုယွမ်ကလည်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ် ခေါင်းဆောင်ကျောက်... လူအင်အားကို စုစည်းပြီး တစ်နေရာတည်းကိုပဲ အခိုင်အမာ ကာကွယ်ထားဖို့ ကျွန်မ အကြံပြုချင်တယ်"
ကျောက်ခိုင်၏ မျက်နှာက အနည်းငယ် တင်းမာသွားပြီး ပြောလိုက်သည်။ "အားလုံး ဘာအကြံဉာဏ်တွေများ ရှိကြသေးလဲ"
"ဒေါက်တာရန်နဲ့ ဌာနမှူးကျွမ်းတို့ရဲ့ အကြံပြုချက်တွေက အတွေ့အကြုံရှိတဲ့ စကားတွေပါပဲ"
"ထိုက်ယန်တောင်ကိုပဲ ကာကွယ်ထားဖို့ ကျွန်တော် အကြံပြုချင်တယ်... ထိုက်ယန်တောင်မှာ ကုန်တိုက်ကြီးရှိတယ်... ပြီးတော့ မှန်လုံအိမ်တွေလည်း ရှိသေးတယ်... ဒါတွေအားလုံးက ကျွန်တော်တို့ရဲ့ အခြေခံ အုတ်မြစ်တွေချည်းပဲ"
"ဟုတ်တယ်... ထိုက်ယန်တောင်ဘက်မှာ သုတေသနဌာန၊ ဆေးဘက်ဆိုင်ရာဌာန စတဲ့ အရေးကြီးတဲ့ ဌာနတွေလည်း ရှိသေးတယ်... ဘယ်လိုမှ အဆုံးရှုံးခံလို့ မဖြစ်ဘူး"
"ဒါပေမဲ့ မိန်တောင်ဘက်မှာလည်း စိုက်ပျိုးရေးဌာနရဲ့ စမ်းသပ်စိုက်ခင်းတွေ ရှိတယ်လေ... ယွင်ချွမ်ဘုရားကျောင်း စခန်းမှာလည်း ပစ္စည်းတွေ အများကြီး ရှိသေးတယ်"
"ကျောက်ခိုင်... ဆရာလင်းက ဘယ်သွားတာလဲ" လူတစ်ယောက်က မခံမရပ်နိုင်ဖြစ်ကာ မေးလိုက်သည်။
ကျောက်ခိုင်က မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ဆရာလင်းက ရောဂါပိုးကို ဖြေရှင်းမယ့် နည်းလမ်း သွားရှာနေတယ်"
"ဘာ... ဆရာလင်း မရှိဘူးလား"
"ဒါ... ဆရာလင်း မရှိရင်... ဘယ်လိုလုပ်ရမလဲ"
"နေပါဦး... ကျွန်တော်တို့ဆီမှာ ရောဂါပိုး စပေါ်တာနဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းက ချက်ချင်း ပြဿနာလာရှာတာပဲလား... ဒါက တိုက်ဆိုင်လွန်းမနေဘူးလား" ဖုချီပေါ်က မခံမရပ်နိုင်ဖြစ်ကာ မေးလိုက်သည်။
ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူအတော်များများက ချက်ချင်းပင် သတိပြုမိသွားကြသည်။
"ဒါဆို ရောဂါပိုးကိစ္စက ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ သက်ဆိုင်နေတာလား"
"သေချာတာပေါ့... ဒီရက်ပိုင်းအတွင်းမှာတင် ကျွန်တော်တို့ရဲ့ ခိုလှုံရေးစခန်းထဲမှာ ရေနတ်ဘုရားဂိုဏ်းက လူတွေက တိတ်တဆိတ် တရားဟောနေကြတယ်လို့ ကြားတယ်"
"ဘာ... ဒီလိုကိစ္စမျိုးတွေတောင် ရှိနေတာလား"
"လောင်ချီ... ခင်ဗျားက ဘာလို့ စောစောစီးစီး မပြောခဲ့ရတာလဲ" ယန်ချုံကျွင်းက မခံမရပ်နိုင်ဖြစ်ကာ ပြောလိုက်သည်။
ချီတယ်လုံက ပြောလိုက်သည်။ "ကျွန်တော် စုံစမ်းရေးဌာနကို သတင်းပို့ပြီးပါပြီ"
ကျွမ်းရှုယွမ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "စုံစမ်းရေးဌာနက ချက်ချင်းပဲ ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်... ဒါပေမဲ့ ရေနတ်ဘုရားဂိုဏ်းက ရောဂါပိုး ပြန့်နှံ့မှုကို အသုံးချပြီး ကျွန်မတို့ ထိုက်ယန်တောင်က နေထိုင်သူတွေကို ထိတ်လန့်သွားအောင် လုပ်ခဲ့တယ်... အခွင့်အရေးကို အသုံးချပြီး တရားဟောတာဆိုတော့ မြန်ဆန်လွန်းတယ်"
"လွန်ခဲ့တဲ့ တစ်နာရီကတည်းက ကျွန်မ သက်ဆိုင်တဲ့ လူတွေကို ဖမ်းဆီးခဲ့တယ်... ဒါပေမဲ့ လွတ်သွားတဲ့သူတွေ အများကြီး ရှိနေသေးတယ်... ထိုက်ယန်တောင်ပေါ်က မီးကိုလည်း သူတို့ပဲ ရှို့တာဖြစ်လိမ့်မယ်"
"အခု ဒါတွေ ပြောနေရမယ့် အချိန်မဟုတ်ဘူး... ကျွန်တော်တို့ အလျင်အမြန် စုစည်းပြီး ပြန်လည် တိုက်ခိုက်ဖို့ လိုတယ်" ရှီဟိုင်ကျူးက မခံမရပ်နိုင်ဖြစ်ကာ ပြောလိုက်သည်။
"ဟုတ်တယ်... အခုက ထိုက်ယန်တောင်ကိုပဲ ကာကွယ်ရမှာလား... ဒါမှမဟုတ် မိန်တောင်ကို ကာကွယ်ရမှာလား"
"ဒါမှမဟုတ်ရင် နှစ်နေရာလုံးကို အတူတူ ကာကွယ်ကြမလား"
ဆက်ရန်...