← Chapters

အခန်း (၄၉၅-၄၉၆)

Vol. 25 Ch. 495-496

အခန်း (၄၉၅-၄၉၆)

Vol. 25 Ch. 495-496

အပိုင်း(၄၉၅) အားကိုးစရာ ကျောထောက်နောက်ခံ

မိန်တောင်ပေါ်တွင် မြေမိခင်ဂိုဏ်းမှ လူအုပ်ကြီးက ယွင်ချွမ်ဘုရားကျောင်းအတွင်း၌ စုရုံးနေကြသည်။

ထိုက်ယန်တောင်မှ အစွမ်းပိုင်ရှင် အချို့မှာ ကြိုးဖြင့် ဆွဲချည်ခံထားရပြီး လင်းယွမ် ကယ်တင်ခဲ့ဖူးသော အမျိုးသမီး အများအပြားမှာလည်း ကြိုးတုပ်ခံထားရကာ မြေပြင်ပေါ်တွင် ဒူးထောက်နေကြရသည်။

ထိုအချိန်တွင် မုန့်ချင်က မိန်းကလေးတစ်ဦး၏ အရှေ့မှ ကာကွယ်ပေးထားသည်။

ထိုမိန်းကလေး၏ အမည်မှာ ချွီလင်လင် ဖြစ်ပြီး လင်းယွမ်နှင့်အတူ လီရွှေဥယျာဉ်မှ လိုက်ပါလာခဲ့သော အသက်ရှင်ကျန်ရစ်သူများထဲမှ တစ်ဦး ဖြစ်ပေသည်။

ချွီလင်လင်နှင့် မုန့်ချင်တို့က ထိုက်ယန်တောင်သို့ တစ်သုတ်တည်း အတူတူ ဝင်ရောက်လာခဲ့ကြသူများ ဖြစ်ပြီး သူတို့နှစ်ဦးစလုံး မိန်တောင်ရှိ ယွင်ချွမ်ဘုရားကျောင်းဘက်သို့ တာဝန်ချထားခြင်း ခံခဲ့ရသည်။

၎င်းတို့ထဲတွင် မုန့်ချင်က ထောက်ပံ့ရေးလုပ်ငန်းများကို တာဝန်ယူရပြီး ချွီလင်လင်က စားသောက်ဆောင် ကိစ္စများကို တာဝန်ယူရသည်။

သူတို့နှစ်ဦးမှာ အလုပ်ကိစ္စများကြောင့် မကြာခဏ ဆုံတွေ့ဆက်သွယ်ရလေ့ရှိရာ အချိန်ကြာလာသည်နှင့်အမျှ တစ်ဦးအပေါ်တစ်ဦး သံယောဇဉ် ဖြစ်တည်လာခဲ့ကြသည်။

ထိုက်ယန်တောင်တွင် နေထိုင်ရသော အချိန်ကာလများအတွင်း ဤနေရာနှင့် ဝိညာဉ်စွမ်းအင်ဂိုဏ်းတို့ကြားရှိ ကွာခြားချက်များကို မုန့်ချင်က အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့သည်။

ဝိညာဉ်စွမ်းအင်ဂိုဏ်းက ခွန်အားကြီးမားသူများကိုသာ အလေးထားပြီး နေရာတိုင်းတွင် ဤအချက်ကို ပေါ်လွင်နေစေကာ အစွမ်းထက်သူများသာလျှင် လေးစားမှုကို ရရှိကြသည်။

ခွန်အားနည်းပါးသူများမှာမူ အဆင့်အတန်း နိမ့်ကျရုံသာမက အမြဲတစေ အနိုင်ကျင့် ဗိုလ်ကျခြင်းကိုလည်း ခံကြရသည်။

အစွမ်းထက်သူများအတွက်မူ ၎င်းတို့က အကျိုးအမြတ် ခံစားခွင့်ရှိသူများ ဖြစ်ကြသဖြင့် ဤစည်းမျဉ်းကို တက်တက်ကြွကြွ ကာကွယ်စောင့်ရှောက်လိုကြသည်မှာ သဘာဝပင် ဖြစ်သည်။

အောက်ခြေလူတန်းစားများ အတွက်လည်း ၎င်းတို့က ခွန်အားကြီးသူများ ဖြစ်လာရန် တောင့်တကြပြီး သူတို့ထက် ပိုမိုအားနည်းသူများကို အနိုင်ကျင့်လိုကြသည်။

သို့သော် မုန့်ချင် ထိုက်ယန်တောင်သို့ ဝင်ရောက်လာပြီးသည့်နောက်ပိုင်းမှသာ ခွန်အားကြီးသူကိုသာ အလေးထားသည့် စနစ်တစ်ခုကို တိုက်ခိုက်ရေးစွမ်းရည် တစ်ခုတည်းဖြင့်သာ ရိုးရှင်းစွာ မဆုံးဖြတ်သင့်ကြောင်း သူ ရှာဖွေတွေ့ရှိသွားခဲ့သည်။

ထိုက်ယန်တောင်တွင် လူတိုင်း၌ ကိုယ်ပိုင် ထူးခြားချက်များ အသီးသီး ရှိကြသည်။

တိုက်ခိုက်ရေး စွမ်းရည်ပိုင်းတွင်သာ မကဘဲ အချို့သောသူများမှာ ကုသခြင်း အစွမ်း၌ ထူးချွန်ကြရာ သူတို့လည်း ထပ်တူပင် လေးစားမှုကို ရရှိကြသည်။

အချို့က အလျင်အစွမ်းတွင် ထူးချွန်ကြပြီး လေးစားမှုကို ရရှိနိုင်ကြသည်။

အချို့သော သာမန်လူများတွင် မည်သည့် အစွမ်းမှ မရှိသော်လည်း ဟင်းသီးဟင်းရွက် စိုက်ပျိုးရာတွင် ကျွမ်းကျင်ကြသဖြင့် အားလုံး၏ လေးစားသမှု ပြုသော အကြည့်များကို ရရှိကြပေသည်။

အစွမ်းထက်သူ ဆိုသည်မှာ လက်သီးခွန်အားအပေါ်တွင်သာ အခြေမခံသင့်ဘဲ မိမိ၏ ကိုယ်ပိုင် ပင်ကိုယ်အရည်အချင်းအပေါ်တွင်သာ မူတည်သင့်ပေသည်။

ခွန်အားကြီးသူကိုသာ အလေးထားသည့် အယူအဆကို သူ အသစ်တဖန် ပြန်လည်နားလည်သွားခဲ့ပြီး ဝိညာဉ်စွမ်းအင်ဂိုဏ်း၏ ဆင့်ကဲပြောင်းလဲခြင်း သီအိုရီမှာ အခြေအမြစ် မရှိကြောင်း သူ ခံစားလိုက်ရသည်။

ထိုအချိန်မှစ၍ သူက ထိုက်ယန်တောင်နှင့် လုံးဝ တစ်သားတည်း ဖြစ်သွားခဲ့ပြီး ဝိညာဉ်စွမ်းအင်ဂိုဏ်းအပေါ် ယုံကြည်ကိုးကွယ်မှုကို စွန့်လွှတ်လိုက်သည်။

ချွီလင်လင်နှင့် မတွေ့ဆုံမီက သာမန် ဟင်းလျာများကိုပင် ဤမျှ အရသာရှိအောင် ချက်ပြုတ်နိုင်မည်ဟု သူ လုံးဝ မထင်ထားခဲ့မိပေ။

ချွီလင်လင်၏ ချက်ပြုတ်မှု စွမ်းရည်က အလွန် ထူးချွန်လှသည်ဟု အတိအကျ ဆိုနိုင်ပေသည်၊ သို့မဟုတ်ပါက သူမသည် ယွင်ချွမ်ဘုရားကျောင်း၏ စားသောက်ရေးကိစ္စများကို တာဝန်ယူရန် စေလွှတ်ခံရမည် မဟုတ်ပေ။

မုန့်ချင်က သူမ ချက်ပြုတ်ထားသော ဟင်းလျာများကို လာရောက် စားသောက်လေ့ရှိပြီး သူတို့နှစ်ဦး အတူတကွ ဖြတ်သန်းရသော အချိန်ကာလများ ကြာမြင့်လာသည်နှင့်အမျှ သံယောဇဉ် ဖြစ်တည်လာခြင်းမှာ ရှောင်လွှဲ၍မရသော ကိစ္စပင် ဖြစ်သည်။

သို့သော် ဤအရာအားလုံးက ဂိုဏ်းကြီးသုံးဂိုဏ်း မိန်တောင်သို့ ဝင်ရောက်တိုက်ခိုက်ချိန်တွင် ဖျက်ဆီးခံလိုက်ရတော့သည်။

သာမန်လူတစ်ယောက် ဖြစ်သော ချွီလင်လင်မှာ ပထမဆုံး အချိန်အတွင်း မိန်တောင်မှ ဆုတ်ခွာ ထွက်ပြေးနိုင်ခြင်း မရှိခဲ့ပေ။

လမ်းတစ်ဝက်တွင်ပင် ဂိုဏ်းကြီးသုံးဂိုဏ်းမှ လူများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ယွင်ချွမ်ဘုရားကျောင်းသို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရသည်။

မုန့်ချင်က ဤအခြေအနေကို သိရှိသွားသောအခါ နောက်ကြောင်းပြန်လှည့်ရန် ဝန်မလေးဘဲ ချက်ချင်း အပြေးအလွှား ပြန်လာခဲ့သည်။

ထို့ကြောင့် ယခု ယွင်ချွမ်ဘုရားကျောင်း ကွင်းပြင်၌ သူ ရောက်ရှိနေသည့် မြင်ကွင်း ဖြစ်ပေါ်လာခြင်းပင် ဖြစ်သည်။

ယခုအချိန်တွင် သူက ချွီလင်လင်၏ အရှေ့မှ တားဆီးကာကွယ်ပေးထားပြီး မျက်နှာချင်းဆိုင်ရှိ မြေမိခင်ဂိုဏ်းမှ အစွမ်းပိုင်ရှင်များကို ကြည့်ကာ စိတ်ထဲတွင် စိုးရိမ်ပူပန်နေသည်။

မျက်လုံးများ တဖျပ်ဖျပ် လှုပ်ရှားသွားပြီးနောက် သူက ပြောလိုက်သည်။ "အစ်ကို... ကျုပ်က အရင်တုန်းက ဝိညာဉ်စွမ်းအင်ဂိုဏ်းကပါ... ကျုပ် မျက်နှာကို ထောက်ပြီး ဒီမိန်းကလေးကို ချမ်းသာပေးလို့ မရဘူးလား"

မြေမိခင်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူက မျက်ခုံးပင့်လိုက်ပြီး မုန့်ချင်ကို တစ်ချက် လှမ်းကြည့်ကာ ရုတ်တရက် လှောင်ပြောင် ရယ်မောလိုက်သည်။ "အရင်တုန်းက ဟုတ်လား... ဟားဟားဟား... မင်းက အရင်တုန်းက ဝိညာဉ်စွမ်းအင်ဂိုဏ်းကလို့ မပြောနဲ့... အခုချိန်ထိ ဝိညာဉ်စွမ်းအင်ဂိုဏ်းမှာ ရှိနေရင်တောင် ဘာဖြစ်လဲ... မင်းက ဘာကောင်မို့လို့လဲ... ငါက မင်းမျက်နှာကို ထောက်စရာ လိုလို့လား"

"အခု ဝိညာဉ်စွမ်းအင်ဂိုဏ်းက လူတွေ အကုန်လုံး လင်းယွင်တောင်စောင်းကို သွားကြပြီ... ဒီမိန်တောင်က ငါတို့ မြေမိခင်ဂိုဏ်းပိုင် ဖြစ်သွားပြီ"

မုန့်ချင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အလျင်အမြန် ပြောလိုက်သည်။ "မင်းက ဘာလိုချင်လို့လဲ"

မြေမိခင်ဂိုဏ်း ခေါင်းဆောင်က အေးစက်စက် ပြုံးလိုက်သည်။ "လွယ်ပါတယ်... မိန်တောင်ကနေ တူးဖော်ထားတဲ့ စွမ်းအင်ကျောက်တုံး သတ္တုတွင်း သိုလှောင်ထားတဲ့ နေရာကို မင်း ပြောပြနိုင်ရင် မင်းရဲ့ မိန်းမကို လွှတ်ပေးဖို့ ငါ စဉ်းစားပေးမယ်"

မုန့်ချင်၏ မျက်နှာက ပျက်ယွင်းသွားပြီး သူက လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "စွမ်းအင်ကျောက်တုံး သတ္တုတွင်းလို အရေးကြီးတဲ့ အရင်းအမြစ်မျိုးကို ငါဘယ်လိုလုပ် သိမှာလဲ"

"ဒါဆို ဘာလို့ဒီမှာ လာအချိန်ဖြုန်းနေတာလဲ... ထွက်သွားစမ်း"

ထိုသို့ ပြောဆိုပြီးနောက် ဤမြေမိခင်ဂိုဏ်း ခေါင်းဆောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ မြေကြီးရောင် ဓားသွားတစ်ခုက ရုတ်တရက် ထွက်ပေါ်လာကာ ခုတ်ပိုင်းလိုက်တော့သည်။

မုန့်ချင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အလျင်အမြန် သူ၏ လက်ဝါးနှစ်ဖက်ကို တွန်းထုတ်လိုက်ကာ ရေဒိုင်းကာတစ်ခုကို စုစည်းဖြစ်ပေါ်စေလိုက်သည်။

နောက်တစ်စက္ကန့်တွင် သူက အခြားသူများကို ဂရုမစိုက်နိုင်တော့ဘဲ ရုတ်တရက် နောက်ဆုတ်ကာ ချွီလင်လင်ကို ပွေ့ချီလိုက်ပြီး လှည့်ထွက်ကာ ပြေးတော့သည်။

"ထွက်ပြေးချင်တာလား... ရပ်နေလိုက်စမ်း"

မြေမိခင်ဂိုဏ်း ခေါင်းဆောင်က ချက်ချင်းပင် အေးစက်စက် ပြုံးလိုက်ပြီး သူ၏ လက်ကို ရုတ်တရက် ဆန့်ထုတ်ကာ ဖိချလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မုန့်ချင်၏ အရှေ့၌ မြေသားနံရံတစ်ခု ထွက်ပေါ်လာပြီး သွားရာလမ်းကို ချက်ချင်း ပိတ်ဆို့လိုက်သည်။

တစ်ချိန်တည်းမှာပင် အခြား မြေမိခင်ဂိုဏ်းမှ အစွမ်းပိုင်ရှင်များကလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြသည်။

ချက်ချင်းဆိုသလိုပင် မြေသားနံရံများက အရပ်မျက်နှာ အနှံ့အပြားမှ တိုက်ရိုက် ဝိုင်းရံပိတ်ဆို့သွားတော့သည်။

မုန့်ချင်မှာ နောက်ဆုတ်စရာ လမ်းမရှိတော့ဘဲ သူ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက် ကင်းမဲ့နေသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ကြိုးတုပ်ခံထားရသော အခြား မိန်တောင်မှ အစွမ်းပိုင်ရှင်များကလည်း နှမြောတသဖြစ်နေသော အရိပ်အယောင်များကို အသီးသီး ပြသနေကြသည်။

"ဟင့်အင်း... မလုပ်ပါနဲ့"

မုန့်ချင်၏ ကျောဘက်မှ ချွီလင်လင်က ငိုကြွေးအော်ဟစ်လိုက်သည်။

မုန့်ချင်က ခါးသီးစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "တောင်းပန်ပါတယ် လင်လင်... ကိုယ် အသုံးမကျလို့ မင်းကို မကယ်နိုင်ခဲ့ဘူး"

ချွီလင်လင်၏ မျက်နှာဝန်းများက နီရဲနေပြီး မျက်ရည်များ တွေတွေစီးကျနေကာ ငိုကြွေးလျက် ပြောလိုက်သည်။ "အစ်ကိုမုန့်... အစ်ကို ဘာလို့ ပြန်လာရတာလဲ... အစ်ကို ပြန်မလာသင့်ဘူး"

မုန့်ချင်က ခေါင်းခါလိုက်သည်။ "ကိုယ် နောင်တမရပါဘူး"

ပတ်ပတ်လည်ရှိ မြေသားနံရံများက ကျုံ့ဝင်လာပြီး သူတို့၏ အသက်ရှင်သန်နိုင်မည့် နေရာလွတ်ကို ပိုမို ဖိသိပ်လာတော့သည်။

သူတို့က အပြင်ဘက်ရှိ အခြေအနေများကို မမြင်နိုင်တော့ပေ။

မြေဓာတ် စွမ်းရည်က အမှန်တကယ်တွင် ရေဓာတ် စွမ်းရည်ကို အနည်းငယ် ဖိနှိပ်နိုင်စွမ်း ရှိပေသည်။

မုန့်ချင် ခေါ်ယူလိုက်သော ရေဓာတ် စွမ်းရည်က မြေမိခင်ဂိုဏ်း၏ မြေသားနံရံများပေါ်သို့ ထိမှန်သွားပြီးနောက် တစ်ဖက်လူ၏ မြေသားနံရံများက အလွယ်တကူ စုပ်ယူသွားခြင်း ခံရမည် ဖြစ်သည်။

သူက ရေဒိုင်းကာတစ်ခုကို အစွမ်းကုန် တွန်းကန်ထားပြီး ပတ်ပတ်လည်မှ ဖိသိပ်လာသော မြေသားနံရံများကို ကာကွယ်ရန် ကြိုးစားနေသည်။

"နှမြောစရာပဲ... ငါတို့ ထိုက်ယန်တောင်မှာ နေရင် အနာဂတ်မှာ ဒီရေလွှမ်းမိုးမှုကြီးရဲ့ ဘဝနဲ့ သေချာပေါက် လိုက်လျောညီထွေ ဖြစ်သွားပြီး ဖြည်းဖြည်းချင်း ပိုကောင်းလာလိမ့်မယ်လို့ ကိုယ် ထင်ခဲ့တာ"

"အရာအားလုံးက ဂိုဏ်းကြီးသုံးဂိုဏ်းကြောင့် ပျက်စီးသွားခဲ့ရပြီ"

သူ၏ မျက်နှာပေါ်တွင် ခါးသီးသော အမူအရာများ ထွက်ပေါ်လာသည်။ မူလက ကမ္ဘာပျက်ကပ် ရေလွှမ်းမိုးမှုကြီး၏ ဒုက္ခဆင်းရဲများကို ဖြတ်သန်းခဲ့ရပြီးနောက် လမ်းမှားသို့ ရောက်ရှိကာ ဝိညာဉ်စွမ်းအင်ဂိုဏ်းသို့ ဝင်ရောက်ခဲ့ရသဖြင့် သူ၏ မှောင်မိုက်နေသော နေ့ရက်များက သေသည်အထိ ဆက်လက် တည်ရှိနေလိမ့်မည်ဟု သူ ထင်မှတ်ခဲ့သည်။

ဆရာလင်းနှင့် တွေ့ဆုံပြီး ထိုက်ယန်တောင်သို့ ဝင်ရောက်ခဲ့ပြီးသည့် အချိန်မှစ၍ အရာအားလုံးက ပြောင်းလဲသွားခဲ့သည်။

ချွီလင်လင် ပေါ်လာခြင်းက သူ၏ မှောင်မိုက်နေသော ဘဝထဲသို့ အရောင်အသွေး အနည်းငယ်ကို ပိုမို သယ်ဆောင်လာပေးခဲ့သည်။

သို့သော် ဤအရာအားလုံးက ယနေ့တွင် ဖျက်ဆီးခံရတော့မည် ဖြစ်သည်။

သူ အလွန် မကျေမနပ် ဖြစ်နေမိသည်။

ချွီလင်လင်က သူမ၏ ပါးပြင်ကို သူ၏ ရင်ဘက်နှင့်ကပ်ထားရင်း ရှိုက်ငင်ကာ ပြောလိုက်သည်။ "မဖြစ်ရပါဘူး... မဖြစ်ရပါဘူး... ဆရာလင်းမှာ သေချာပေါက် နည်းလမ်း ရှိမှာပါ... သူက အရမ်း တော်တာပဲလေ... သူက ဒီလူဆိုးတွေကို သေချာပေါက် မောင်းထုတ်နိုင်မှာပါ"

"ဆရာလင်းလား... သူ... သူ အချိန်မီ ရောက်လာနိုင်မှာ မဟုတ်တော့ဘူးထင်တယ်..."

"ဝုန်း"

စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရုတ်တရက် အပြင်ဘက်မှ အံ့မခန်း မြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ထိတ်လန့်တကြား အော်ဟစ်သံများက ဆက်တိုက် ထွက်ပေါ်လာတော့သည်။

"အား..."

"ဘယ်သူလဲ"

"မင်းက ဘယ်သူလဲ"

"ရပ်လိုက်စမ်း... ငါတို့က မြေမိခင်ဂိုဏ်းကကွ..."

...

မြေသားနံရံအတွင်း ပိတ်မိနေသော မုန့်ချင်နှင့် ချွီလင်လင်တို့မှာ အလွန် အံ့အားသင့်သွားကြသည်။ ဤထိတ်လန့်တကြား အော်ဟစ်သံများက မြေမိခင်ဂိုဏ်းမှ လူများ ဖြစ်ကြောင်း သိသာလှပေသည်။

သို့သော် စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် စူးရှသော အော်ဟစ်သံများက ရပ်တန့်သွားတော့သည်။

ထို့နောက် ရင်းနှီးကျွမ်းဝင်နေသော လူအချို့၏ အံ့အားသင့် ဝမ်းသာနေသော အသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

"ဆရာလင်း... ဆရာလင်းပဲ"

"ဆရာလင်း ပြန်လာပြီ... ဆရာလင်း ပြန်လာပြီဟေ့"

"ဟားဟားဟား... ငါ သိသားပဲ... ဆရာလင်း ငါတို့ကို လာကယ်မယ်ဆိုတာ ငါ သိသားပဲ"

...

ဝမ်းသာအားရ အော်ဟစ်သံများက တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာကာ စိတ်လှုပ်ရှားဖွယ် အော်ဟစ်သံများက ယွင်ချွမ်ဘုရားကျောင်း ကွင်းပြင် တစ်လျှောက်လုံးသို့ ပျံ့နှံ့သွားတော့သည်။

မုန့်ချင်က မျက်လုံးပြူးသွားပြီး ချွီလင်လင်နှင့် အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြသည်။

ချွီလင်လင်က အံ့အားသင့် ဝမ်းသာစွာဖြင့် ပြောလိုက်သည်။ "ဆရာလင်းလား... ဆရာလင်း ပြန်လာပြီလား"

မုန့်ချင်က ချက်ချင်းပင် သူ၏ တစ်ကိုယ်လုံးရှိ အစွမ်းများကို ထုတ်ဖော်လိုက်ပြီး ရေစီးကြောင်း ဓားသွားတစ်ခုအဖြစ် ပြောင်းလဲကာ ပတ်ပတ်လည်ရှိ မြေသားနံရံများဆီသို့ အားကုန် ခုတ်ပိုင်းလိုက်သည်။

"ဝုန်း"

မူလက ဖျက်ဆီး၍ မရနိုင်လောက်အောင် ခိုင်မာလှသော မြေသားနံရံများမှာ ယခုအခါ စွမ်းအင်များ ဆုံးရှုံးသွားသကဲ့သို့ ဖြစ်သွားပြီး ရေစီးကြောင်း ဓားသွား၏ ခုတ်ပိုင်းမှုကြောင့် ချက်ချင်း ပွင့်ထွက်သွားကာ ဝုန်းကနဲ ပြိုကျသွားတော့သည်။

မုန့်ချင်က ပထမဆုံး အချိန်အတွင်း ရေဒိုင်းကာကို တွန်းကန်ထားလိုက်ပြီးနောက် ချွီလင်လင်ကို ဆွဲကာ မြေသားနံရံ အပြင်ဘက်သို့ အလျင်အမြန် တိုးထွက်လာခဲ့သည်။

မျက်စိရှေ့တွင် မြင်လိုက်ရသည်မှာ မြေပြင်အနှံ့ ပြည့်နှက်နေသော အလောင်းများပင် ဖြစ်သည်။

ဤအလောင်းများထဲမှ အများစုမှာ ရေခဲရုပ်တုများအဖြစ်သို့ ပြောင်းလဲသွားကြပြီး အဝေးရှိ မြေမိခင်ဂိုဏ်းမှ လူအချို့မှာမူ ဦးခေါင်းများ ချိုင့်ဝင် ပြိုကျနေကာ အတွင်းပိုင်းမှနေ၍ တစ်စုံတစ်ယောက်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည့်အလား ဖြစ်နေသည်။

မြေပြင်ပေါ်တွင် ရေခဲမှုန့် အမြောက်အမြားက အလွှာထူကြီး တစ်ခုအဖြစ် ဖုံးလွှမ်းနေသည်။

မူလက ကြိုးတုပ်ခံထားရသော မိန်တောင်မှ လူများမှာလည်း ယခုအခါ ကြိုးများ ဖြေပေးခြင်း ခံလိုက်ရပြီ ဖြစ်သည်။

သူတို့က ပျော်ရွှင်စွာဖြင့် ဝမ်းသာအားရ အော်ဟစ်နေကြပြီး ကခုန် အော်ဟစ်နေကြသည်။

လူအားလုံးက ကောင်းကင်ယံဆီသို့ လှမ်းကြည့်လိုက်ကြသည်။

ချွီလင်လင်နှင့် မုန့်ချင်တို့ကလည်း ကောင်းကင်ယံဆီသို့ အလျင်အမြန် လှမ်းကြည့်လိုက်ကြသည်။

ကောင်းကင်ယံတွင် လူရိပ် မရှိတော့ဘဲ မီးတောက်မျဉ်းကြောင်း တစ်ခုကသာ ကောင်းကင်ယံကို ဖြတ်သန်းသွားကာ ကျယ်ပြောလှသော ရေခိုးရေငွေ့များကို သယ်ဆောင်သွားတော့သည်။

အေးစက်သော မိုးရေများက မုန့်ချင်၏ မျက်နှာပေါ်သို့ ကျရောက်လာရာ သူ့ကို ရုတ်တရက် တုန်ရီသွားစေသည်။

သူက ချက်ချင်းပင် သတိပြန်ဝင်လာပြီး သူ၏ မျက်နှာပေါ်တွင် သေဘေးမှ လွတ်မြောက်လာသော အံ့အားသင့်မှုများ ထွက်ပေါ်လာကာ အော်ဟစ်လိုက်သည်။ "တကယ် ဆရာလင်းပဲ... တကယ် သူ ပြန်လာတာပဲ"

ချွီလင်လင်ကလည်း ငိုယိုကာ ရယ်မောရင်း အော်ဟစ်လိုက်သည်။ "ကျွန်မတို့ အသက်ရှင်ပြီ... ထိုက်ယန်တောင်ရော မိန်တောင်ရော အသက်ရှင်ပြီ... ကျွန်မတို့ အားလုံး သေစရာ မလိုတော့ဘူး"

မုန့်ချင်၏ မျက်နှာတွင်လည်း အံ့အားသင့် ဝမ်းသာမှုများ ပြည့်နှက်နေပြီး သူက လှည့်ကာ ကယ်တင်ခံလိုက်ရသော အသက်ရှင်ကျန်ရစ်သူ တစ်ဦးအား အလျင်စလို မေးလိုက်သည်။ "ဆရာလင်းရော"

ထိုလူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ထွက်သွားပြီလေ"

"သူ့ကို မင်း တွေ့လိုက်လား"

"မတွေ့လိုက်ဘူး... အရမ်း မြန်လွန်းတယ်... မျက်စိတစ်မှိတ် အတွင်းမှာပဲ မြေမိခင်ဂိုဏ်းက ခွေးကောင်တွေ အကုန် သေကုန်တာပဲ"

"ငါက ဆရာလင်းရဲ့ အရိပ်အယောင်လေး တစ်ချက်ကိုပဲ မြင်လိုက်ရတယ်... အဲဒီနောက် ကောင်းကင်က မီးတောက်မျဉ်းကြောင်းကိုပဲ မြင်လိုက်ရတော့တာ"

မုန့်ချင်မှာ အံ့အားသင့်သွားပြီး မျက်နှာအပြည့် အံ့ဩမင်သက်သွားသည်။

သူ့ကို အဆုံးအစမဲ့ မျှော်လင့်ချက် ကင်းမဲ့သွားစေခဲ့သော အင်အားကြီးမားလှသည့် ရန်သူများက ဆရာလင်း၏ အရှေ့တွင် စက္ကန့်အနည်းငယ်မျှပင် တောင့်ခံနိုင်ခြင်း မရှိခဲ့ဘူးလား။

ဤနေရာ၌ ရှိနေသော လူများပင်လျှင် ဆရာလင်း၏ ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူးလား။

ဤအရာက မည်သို့သော အလျင်... မည်သို့သော ခွန်အားမျိုး ဖြစ်မှသာ လုပ်ဆောင်နိုင်မည်နည်း။

ဆရာလင်းက ထပ်ပြီး ပိုအစွမ်းထက်လာပြန်ပြီလား။

ဆရာလင်းနှင့် သူ ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ပြီး ဆရာလင်းက ရေအောက်တွင် သူ့ကို ဖမ်းဆီးခဲ့စဉ်က ထိုအချိန်က ဆရာလင်းက သူ့အား ဤမျှ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသော ခံစားချက်မျိုး မပေးစွမ်းနိုင်ခဲ့ကြောင်း သူ မှတ်မိနေသေးသည်။

အချိန်မည်မျှ ကြာသွား၍ သူကိုယ်တိုင်မှာ မူလအဆင့်တွင် သိပ်မပြောင်းလဲသေးသော်လည်း ဆရာလင်းကမူ သူ နားမလည်နိုင်သော အဆင့်အထိ အစွမ်းထက်လာခဲ့ရသနည်း။

ဒါမှမဟုတ် အစတုန်းက ဆရာလင်း သူ့ကို ဖမ်းဆီးတုန်းက အစွမ်းကုန် မထုတ်ခဲ့တာများလား။

ဒါက... သိပ်တော့ မဖြစ်နိုင်။

တစ်ခဏတာအတွင်း မုန့်ချင်၏ စိတ်ထဲတွင် ရှုပ်ထွေးသွားပြီး သေဘေးမှ လွတ်မြောက်လာသော ပျော်ရွှင်မှုနှင့်အတူ ဆရာလင်းအပေါ် အဆုံးအစမဲ့ လေးစားကြည်ညိုမှုများက သူ၏ နှလုံးသားထဲတွင် တိုးပွားလာတော့သည်။

ယခုအချိန်တွင် လင်းယွမ်မှာ သူတို့နှင့် စကားစမြည် ပြောဆိုနေရန် အချိန် လုံးဝ မရှိပေ။

ယွင်ချွမ်ဘုရားကျောင်းရှိ ရန်သူများကို သတ်ဖြတ်ပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ကျဲ့ဆစ် စာသင်ကျောင်းသို့ အလျင်အမြန် ရောက်ရှိသွားခဲ့သည်။

ထပ်တူပင် စက္ကန့်အနည်းငယ်မျှ အတွင်းမှာပင် ထိုနေရာ၌ ရှိနေသော ဂိုဏ်းကြီးသုံးဂိုဏ်းမှ အစွမ်းပိုင်ရှင် တစ်ဒါဇင်ကျော်ကို သူက တစ်စက္ကန့်အတွင်းမှာပင် ထပ်မံ သတ်ဖြတ်ပစ်လိုက်ပြန်သည်။

ကျဲ့ဆစ် စာသင်ကျောင်းမှ အသက်ရှင်ကျန်ရစ်သူများ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရခင်မှာပင် လင်းယွမ်က ထပ်မံ ပျောက်ကွယ်သွားပြန်သည်။

သူ၏ အလျင်က အလွန် လျင်မြန်လှပေသည်။ ၈၀ မှတ်ရှိသော အလျင်၏ အောက်တွင် မီးစင်္ကြာ ကဲ့သို့သော အလျင်အမျိုးအစား အစွမ်းက သူ၏ အမြင့်ဆုံး အခြေအနေထိ ထုတ်ဖော်အသုံးပြုခြင်း ခံလိုက်ရသည်။

မကြာခဏဆိုသလို ကောင်းကင်ယံပေါ်ရှိ မီးတောက်မျဉ်းကြောင်း တစ်ခု လုံးဝ မငြိမ်းသတ်ရသေးခင်မှာပင် နောက်ထပ် မီးတောက်မျဉ်းကြောင်းသစ် တစ်ခုက ထပ်မံ ထွက်ပေါ်လာတတ်သည်။

ကောင်းကင်ယံ တစ်ခွင်လုံးတွင် သူ၏ မီးစင်္ကြာမှ ချန်ရစ်ခဲ့သော မီးတောက်မျဉ်းကြောင်းများဖြင့် ပြည့်နှက်နေပြီး ဤမီးတောက်မျဉ်းကြောင်းများက ဧရာမ မီးတောက်ကွန်ရက်ကြီး တစ်ခုအဖြစ် ယှက်နွယ်ကာ မိန်တောင်၏ ကောင်းကင်ယံကို လွှမ်းခြုံထားတော့သည်။

ထပ်တူပင် ဤဧရာမ ကွန်ရက်ကြီးကလည်း ဂိုဏ်းကြီးသုံးဂိုဏ်းမှ လူအားလုံး၏ ခေါင်းထက်တွင် သေမင်း၏ အရိပ်အယောင်တစ်ခုအလား လွှမ်းခြုံထားတော့သည်။

သို့သော် ထိုက်ယန်တောင်မှ လူများမှာမူ ဤဧရာမ ကွန်ရက်ကြီးကြောင့် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ စုစည်းဖြစ်ပေါ်လာကာ လူတိုင်းက အသက်ကို ပဓာနမထားဘဲ အင်အားကြီးမားလှသော ရန်သူများနှင့် ရင်ဆိုင် တိုက်ခိုက်ကြတော့သည်။

အချိန်တစ်စက္ကန့် ပိုဆွဲထားနိုင်လေ ဆရာလင်းက ဂိုဏ်းကြီးသုံးဂိုဏ်းမှ တိရစ္ဆာန်ကောင်များကို ပိုမို သတ်ဖြတ်နိုင်လေ ဖြစ်ကြောင်းကို လူတိုင်း သိရှိထားကြပေသည်။

လင်းယွီကျွန်းပေါ်တွင် ကျန်းဇီယန်နှင့် လင်းဟယ်တို့က ကျွန်းသခင်မ ဝမ်လင်းအာ၏ နောက်ကျောတွင် ရပ်နေကြပြီး ကောင်းကင်ယံရှိ ဧရာမ မီးတောက်ကွန်ရက်ကြီးကို ကြည့်ကာ မျက်နှာအပြည့် အလွန်အမင်း တုန်လှုပ်သွားကြသည်။

လင်းဟယ်က တံတွေးမြိုချလိုက်မိပြီး ပြောလိုက်သည်။ "ဒါက တကယ်ပဲ လူသားတွေ ရောက်ရှိနိုင်တဲ့ အလျင်မျိုးလား"

ကျန်းဇီယန်က လေးနက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ "ကျွန်းသခင်မ... ကြည့်ရတာ ငါတို့ရဲ့ ဒီမဟာမိတ်က ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်နေပုံပဲ"

ဝမ်လင်းအာ၏ မျက်နှာတွင်လည်း အံ့ဩမင်သက်မှုများ ပြည့်နှက်နေပြီး သူမက ပြောလိုက်သည်။ "ငါ မှတ်မိတာ မမှားဘူးဆိုရင် သူ့ရဲ့ အဓိက အရည်အသွေးက စိတ်စွမ်းအင် အမျိုးအစား မဟုတ်ဘူးလား... ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့လေ... ဘယ်လိုလုပ်ပြီး သူ့ရဲ့ အလျင်က ဒီလောက်တောင် မြန်နေရတာလဲ"

ကျန်းဇီယန်က ခါးသီးစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "သူ့ရဲ့ အဓိက အရည်အသွေးက အမှတ် ၉၀ အထက်ကိုတောင် ကျော်လွန်နေလောက်ပြီ... တခြား အရည်အသွေးတွေကလည်း သိပ်တော့ နိမ့်မှာ မဟုတ်ဘူးထင်တယ်"

"အမှတ် ၉၀ အထက်လား... ဒါက..."

ဝမ်လင်းအာက သက်ပြင်းချလိုက်သည်။ သူမ ယခုအချိန်အထိ အမှတ် ၇၀ ဝန်းကျင်သာ ရှိသေးရာ အမှတ် ၉၀ အထက်ဆိုသည်မှာ အမှန်တကယ်ပင် စိတ်ကူး၍မရနိုင်လောက်အောင် အစွမ်းထက်လှသော တည်ရှိမှုတစ်ခုပင် ဖြစ်သည်။

"ငါတို့ ဒီတစ်ခေါက်တော့ တကယ် ကံကောင်းတာပဲ... အစက ကူညီပေးဖို့ လာခဲ့တာလို့ ထင်ခဲ့ပေမယ့် အခု ကြည့်ရတာ ငါတို့ အတွက် အားကိုးစရာ ကျောထောက်နောက်ခံကြီး တစ်ခုကို ရှာတွေ့လိုက်တာပဲ"

ဝမ်လင်းအာက ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။

အခြား လူနှစ်ယောက်မှာလည်း ချက်ချင်းပင် ငိုရခက် ရယ်ရခက် ဖြစ်သွားကြတော့သည်။

သို့သော် ယခုလက်ရှိ အခြေအနေကို ကြည့်ရလျှင် အမှန်တရားက ဤသို့ပင် ဖြစ်နေပေသည်။

လင်းယွမ်၏ ခွန်အားဖြင့် သူသာ အချိန်မီ ပြန်ရောက်လာနိုင်ခဲ့လျှင် ဂိုဏ်းကြီးသုံးဂိုဏ်းက သေချာပေါက် ရှုံးနိမ့်သွားမည်မှာ အသေအချာပင် ဖြစ်သည်။

ဝမ်လင်းအာတို့ တစ်ခုတည်းသော ကူညီပေးနိုင်ခဲ့သည့် အရာမှာ လိပ်ကြီး၏ အမြင့်ဆုံး အလျင်ဖြင့် လင်းယွမ်အတွက် လမ်းခရီးမှ အချိန်များကို သက်သာသွားစေရန် ကူညီပေးနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ထိုက်ယန်တောင်၏ ပိုမိုများပြားသော ထိခိုက်သေဆုံးမှုများကိုလည်း ရှောင်လွှဲနိုင်ခဲ့ပေသည်။

ရန်သူများကို ဖြေရှင်းသည့် အပိုင်းတွင်မူ လင်းယွီကျွန်းက အမှန်တကယ်ပင် မည်သို့မျှ ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိဘဲ လင်းယွမ် တစ်ယောက်တည်းကပင် ဂိုဏ်းကြီးသုံးဂိုဏ်းမှ လူများကို ချေမှုန်းပစ်ခဲ့ခြင်းပင် ဖြစ်သည်။

ဆက်ရန်...

အပိုင်း(၄၉၆) လင်းယွင်တောင်စောင်း

လင်းယွင်တောင်စောင်းပေါ်တွင် မီးတောက်မျဉ်းတစ်ကြောင်းက လက်ကနဲ ဖြစ်ပေါ်သွားပြီးနောက် ပျောက်ကွယ်သွားသည်။

နောက်တစ်စက္ကန့်တွင် လင်းယွမ်က ချင်းဟွာ စက္ကူစက်ရုံ အနီး၌ ပေါ်လာခဲ့သည်။

ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ လူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်က သန္ဓေပြောင်း ပိုးစာသီးများနှင့် စက္ကူအမျိုးမျိုးကို အဆက်မပြတ် သယ်ဆောင်နေကြသည်ကို တွေ့လိုက်ရပြီး စွမ်းအင်ကျောက်တုံး ခြင်းတောင်းများကိုလည်း အပြင်သို့ သယ်ထုတ်နေကြသည်။

အနည်းငယ် ဝေးကွာသော နေရာတွင် မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းပိုင်ရှင် နှစ်ယောက်ရှိနေပြီး တစ်ယောက်က အမည်းရောင် မျောက်ဝံကြီး တစ်ကောင်ကို ကစားသလို စနောက်နေသည်။

အခြားတစ်ယောက်ကမူ အမည်းရောင် ကျောက်နက်ပုရွက်ဆိတ်ဘုရင်မကို ဖမ်းဆီးထားပေသည်။

ယခုအချိန်တွင် ထိုလူနှစ်ယောက်က သန္ဓေပြောင်း သားရဲနှစ်ကောင်၏ လည်ပင်းများတွင် ချိတ်ပိတ်လည်ပတ်များကို စွပ်ပေးနေကြပြီး ထိုသန္ဓေပြောင်း သားရဲနှစ်ကောင်ကို ခေါ်ဆောင်သွားလိုဟန် ရှိသည်။

ရွှေနက်မျောက်ဝံကြီး၏ ခေါင်းပေါ်တွင် ထိုင်နေသော အရပ်ပုပုနှင့် အစွမ်းပိုင်ရှင်က တဟီးဟီး ရယ်မောကာ ပြောလိုက်သည်။ "ငါလည်း ကုန်းပေါ်မှာစီးစရာ သတ္တဝါတစ်ကောင် လိုနေတာနဲ့ အတော်ပဲ... နောက်ဆိုရင် ဒီမျောက်ဝံကြီးကို စီးပြီး သွားရတာ ဘယ်လောက်တောင် ဂုဏ်ရှိလိုက်မလဲ"

မျက်နှာချင်းဆိုင်တွင် ကျောက်နက်ပုရွက်ဆိတ်ဘုရင်မကို ဖမ်းဆီးထားသော အစွမ်းပိုင်ရှင်မှာ အသက် သုံးဆယ်ကျော်အရွယ်ခန့် ရှိပြီး မျက်နှာတွင် မုတ်ဆိတ်မွေးများ ရှိကာ ခပ်အေးအေး ပြောလိုက်သည်။ "ဒီ ကျောက်နက်ပုရွက်ဆိတ်ဘုရင်မက သန္ဓေပြောင်း ပုရွက်ဆိတ်တွေ အများကြီး မွေးထုတ်ပေးနိုင်တယ်... ငါ ဒါကို ပြန်ယူသွားပြီး ပုရွက်ဆိတ်တပ်ကြီး တစ်တပ်လောက် မွေးမြူနိုင်မလားဆိုတာ စမ်းကြည့်ရမယ်"

အရပ်ပုပုနှင့် အစွမ်းပိုင်ရှင်က ရယ်မောလိုက်သည်။ "ရှင်းဖုန်း... မင်းရဲ့ သားရဲထိန်းချုပ်အစွမ်းကို ဒီကောင်လေးတွေပေါ်မှာ သုံးတာ အံကိုက်ပဲ... တကယ်လို့ ကံကောင်းပြီး ဒီပုရွက်ဆိတ်ဘုရင်မက မျိုးရိုးဗီဇမျိုးစေ့အဆင့်ကို တက်သွားရင် မင်းအတွက် တိုက်ခိုက်ပေးမယ့်သူ နောက်တစ်ယောက် ထပ်တိုးလာတာပဲပေါ့"

ရှင်းဖုန်းဟု ခေါ်သော အစွမ်းပိုင်ရှင်က ပြုံးကာ ပြောလိုက်သည်။ "မင်း ပါးစပ်က ကောင်းတာလေး ထွက်လာလို့ ကျေးဇူးပဲကွာ"

"ဟေ... ဒီမျောက်ဝံကြီးကို ပစ္စည်းတွေ သယ်ခိုင်းလို့ ရတာပဲ" အရပ်ပုပုနှင့် အစွမ်းပိုင်ရှင်က တဟီးဟီး ရယ်မောလိုက်ပြီး အောက်ဘက်ရှိ အစွမ်းပိုင်ရှင်များကို လှမ်းအော်လိုက်သည်။ "ပစ္စည်းတွေ အကုန် သေချာ ထုပ်ပိုးထားကြ... ငါတို့ သင်္ဘောပေါ် အရင်ပြန်မယ်... ဒီနေရာက နောက်ဆို ငါတို့ပိုင်တဲ့ နေရာဖြစ်သွားပြီ"

အောက်ဘက်ရှိ အစွမ်းပိုင်ရှင် အချို့ကလည်း ဝိုင်းဝန်း ရယ်မောလိုက်ကြပြီး တစ်ယောက်က မေးလိုက်သည်။ "မိန်တောင်ပေါ်မှာ မိန်းမတွေ အများကြီး ရှိတာကို နှမြောစရာပဲကွာ... မဟုတ်ရင် ငါတို့ ညီအစ်ကိုတွေ ဇိမ်ခံလို့ ရနေပြီ"

"ဘာကြောက်စရာ ရှိလို့လဲ... ခဏနေ ထိုက်ယန်တောင်ပေါ်က လူတွေကို ရှင်းလင်းပြီးသွားရင် ငါတို့ အချိန်ဆွဲပြီး အဲ့ဒီဘက်ကို သွားကြမယ်... မိန်းမ နှစ်ယောက် သုံးယောက်လောက် ရွေးပြီး ပျော်ပါးကြတာပေါ့"

"ဟားဟားဟား... အကြံကောင်းပဲ"

လူအများက ချက်ချင်းပင် ဟားဟားဟီးဟီး ရယ်မောလိုက်ကြသည်။

ထိုစဉ် ကောင်းကင်ယံမှ အေးစက်စက် လှောင်ရယ်သံ တစ်သံ ထွက်ပေါ်လာသည်။

"ဘယ်သူလဲ"

အရပ်ပုပုနှင့် အစွမ်းပိုင်ရှင်မှာ အလွန် အံ့အားသင့်သွားပြီး ကောင်းကင်သို့ ကမန်းကတန်း မော့ကြည့်လိုက်သည်။

သို့သော် မြင်လွှာအတွင်းတွင် မီးတောက်မျဉ်း အရိပ်အယောင် တစ်ခုကိုသာ မြင်တွေ့လိုက်ရသည်။

နောက်တစ်စက္ကန့်တွင် ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင် လှိုင်းလုံးကြီး တစ်ခုက ဝင်ရောက် တိုက်ခိုက်လာတော့သည်။

"သေစမ်း... စိတ်စွမ်းအင် အစွမ်းပိုင်ရှင်"

အရပ်ပုပုနှင့် အစွမ်းပိုင်ရှင်က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ရုတ်တရက် ကျုံ့လိုက်ရာ ဖြတ်ကနဲ အသားတုံးကြီး တစ်ခုအသွင်သို့ ပြောင်းလဲသွားကာ ရွှေနက်မျောက်ဝံကြီး၏ အောက်သို့ အလျင်အမြန် တိုးဝင် ပုန်းအောင်းသွားတော့သည်။

ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၏ ကိုယ်ပေါ်တွင် ရပ်နေသော ရှင်းဖုန်းဆိုသည့် အစွမ်းပိုင်ရှင်မှာလည်း ထိုနည်းတူ မျက်နှာပျက်သွားသည်။

သူ၏ ခေါင်းပေါ်ရှိ ရွှေသားဖြင့် ပြုလုပ်ထားသော ခမောက်က ချက်ချင်းပင် ရွှေရောင်အလင်းတန်းများကို တဖျပ်ဖျပ် တောက်ပလာစေသည်။

တစ်ချိန်တည်းမှာပင် သူက ခြေအောက်ရှိ ကျောက်နက်ပုရွက်ဆိတ်ဘုရင်မကို ဆွဲတင်လိုက်သည်။

ကျောက်နက်ပုရွက်ဆိတ်ဘုရင်မက ချက်ချင်းပင် အလျင်အမြန် ပြေးလွှားသွားပြီး သူ့ကို ချင်းဟွာ စက္ကူစက်ရုံမှနေ၍ အလျင်အမြန် ခေါ်ဆောင် ထွက်ပြေးသွားတော့သည်။

ကျန်ရှိနေသော လူများမှာမူ သနားစရာ ကောင်းလှပေသည်။ လင်းယွမ်၏ စိတ်စွမ်းအင် ရိုက်ခတ်မှုက မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့၏ ဦးနှောက်များကို တစ်စစီ လှုပ်ခါ ဖျက်ဆီးပစ်လိုက်သည်။

ဦးခေါင်းများမှာ တိုက်ရိုက် ချိုင့်ဝင် ပုံပျက်သွားကာ ပွဲချင်းပြီး သေဆုံးသွားကြတော့သည်။

သူတို့ ပွေ့ဖက်ထားသော စွမ်းအင်ကျောက်တုံး ခြင်းတောင်းများမှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ကျောက်တုံးများက နေရာအနှံ့ ပြန့်ကျဲသွားတော့သည်။

ဟင်းလင်းပြင်ထဲတွင် လင်းယွမ်၏ အကြည့်များက သူ၏ စိတ်စွမ်းအင် တိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့သော ထိုအစွမ်းပိုင်ရှင် နှစ်ယောက်ကို ချက်ချင်း သတိထားမိလိုက်သည်။

ယခုအခါ ထိုအရပ်ပုပုနှင့် အသားတုံးပုံစံ လူမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

လင်းယွမ်က စိတ်စွမ်းအင်ဖြင့် ပတ်ဝန်းကျင်ကို ဖြန့်ကြက် ရှာဖွေလိုက်သော်လည်း တစ်ဖက်လူကို လုံးဝ အာရုံခံ၍ မရနိုင်တော့ပေ။

ထိုအရပ်ရှည်ရှည်နှင့် ရှင်းဖုန်းကမူ ယခုအခါ ရွှေခမောက်ကို ဆောင်းထားပြီး ခမောက်ပေါ်ရှိ သင်္ကေတများက တောက်ပနေကာ ကျောက်နက်ပုရွက်ဆိတ်ဘုရင်မကို စီး၍ ဝါးတောထဲသို့ အလျင်အမြန် ထွက်ပြေးနေပေသည်။

လင်းယွမ်၏ စိတ်ထဲတွင် အံ့သြသွားမိသည်။ သူ လမ်းတစ်လျှောက် သတ်ဖြတ်လာခဲ့ရာတွင် သူ၏ စိတ်စွမ်းအင် အမှတ် ၈၀ ဖြင့် ရိုက်ခတ်တိုက်ခိုက်မှုကို ကာကွယ်နိုင်သော ရန်သူကို ယခုမှ ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်း ဖြစ်သည်။

ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်က ဖြတ်ကနဲ ဖြစ်သွားပြီး လေထဲမှ ပျောက်ကွယ်သွားတော့သည်။

"ဝုန်း"

ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၏ ရှေ့မလှမ်းမကမ်းရှိ မြေပြင်က ဝုန်းကနဲ ပေါက်ကွဲထွက်သွားသည်။

လင်းယွမ်က ဥက္ကာခဲ တစ်လုံးကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာခဲ့သည်။

မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး အက်ကွဲကြောင်းများ အနှံ့အပြား ဖြစ်ပေါ်သွားတော့သည်။

ကျောက်နက်ပုရွက်ဆိတ်ဘုရင်မက ချက်ချင်း ရပ်တန့်သွားပြီး ရှင်းဖုန်း၏ ခန္ဓာကိုယ်မှာလည်း ယိမ်းယိုင်သွားကာ အောက်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

သူက ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၏ အာရုံခံဦးမှင်များကို လှမ်းဆွဲလိုက်ပြီး လားရာ ပြောင်းလဲရန် အမိန့်ပေးလိုက်သည်။

သို့သော် ထိုအချိန်မှာပင် လင်းယွမ်၏ အေးစက်စက် အသံကို ကြားလိုက်ရသည်။ "ရပ်လိုက်စမ်း"

ထို့နောက် ရှင်းဖုန်းကို အလွန် အံ့အားသင့်သွားစေသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ ကျောက်နက်ပုရွက်ဆိတ်ဘုရင်မက တကယ်ပင် မူလနေရာ၌ ရပ်တန့်သွားပြီး လုံးဝ လှုပ်ရှားခြင်း မရှိတော့ပေ။

သူက အစွမ်းကို မည်မျှပင် အသုံးပြု၍ ကျောက်နက်ပုရွက်ဆိတ်ဘုရင်မ၏ စိတ်ကို ထိန်းချုပ်ရန် ကြိုးစားစေကာမူ ကျောက်နက်ပုရွက်ဆိတ်ဘုရင်မကမူ အပ်ဖျားလေးမျှပင် လှုပ်ရှားခြင်း မရှိတော့ပေ။

ထို့အပြင် ၎င်း၏ စိတ်နှလုံး အနက်ရှိုင်းဆုံး နေရာမှ အလွန် နက်ရှိုင်းသော ကြောက်ရွံ့ထိတ်လန့်မှု အသိစိတ်များ ထွက်ပေါ်လာနေသည်။

ယင်းက ရှင်းဖုန်း၏ ရင်ထဲကို ချက်ချင်းပင် အေးစက်သွားစေပြီး လင်းယွမ်ကို မော့ကြည့်လိုက်သောအခါ သူ၏ မျက်ဝန်းများတွင်လည်း ကြောက်ရွံ့မှုများ ပြည့်နှက်နေတော့သည်။

"မင်း... မင်း..."

လင်းယွမ်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ...

ချွင်ချွင်ချွင်...

ကြယ်ရေခဲ သံကြိုးများက ပြင်းထန်စွာ ပစ်လွှတ် ထွက်ပေါ်လာပြီး ရှင်းဖုန်းကို မျက်စိတစ်မှိတ်အတွင်း ရစ်ပတ် တုပ်နှောင်လိုက်ကာ အားကုန် ဆွဲယူလိုက်သည်။

ရှင်းဖုန်းမှာ သူ၏ ခန္ဓာကိုယ်ကို ချက်ချင်း ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားပြီး လင်းယွမ်ရှိရာသို့ တိုက်ရိုက် လွင့်စင်သွားတော့သည်။

လင်းယွမ်က ခြေထောက်ကို မြှောက်လိုက်ပြီး ဘုန်းကနဲ မြည်သံနှင့်အတူ ပြင်းထန်စွာ ကန်ချလိုက်ရာ ရှင်းဖုန်းကို မျက်စိတစ်မှိတ်အတွင်းမှာပင် ခြေဖဝါးအောက်၌ ဖိနင်းထားလိုက်သည်။

ပြင်းထန်လှသော နာကျင်မှုများ ဝင်ရောက်လာပြီး ရှင်းဖုန်းက ဤကန်ချက်ကြောင့် သူ၏ ရင်ဘတ်တစ်ခုလုံး ကြေမွသွားလုမတတ် ခံစားလိုက်ရသည်။

သို့သော် လင်းယွမ်သာ သူ၏ စိတ်စွမ်းအင်ကို ကာကွယ်နိုင်ခဲ့ခြင်းအပေါ် စိတ်ဝင်စားမှု မရှိခဲ့ပါက သူသည် ယခုအချိန်တွင် အရိုးကြေ အသားမွ ဖြစ်နေလောက်ပြီ ဆိုသည်ကိုမူ သူ မသိခဲ့ပေ။

လင်းယွမ်က ခေါင်းငုံ့ကာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ ခမောက်ကို အတင်းအဓမ္မ ချွတ်ယူလိုက်ကာ မေးလိုက်သည်။ "မင်းက ဒီဟာကို အားကိုးပြီး ငါ့ရဲ့ စိတ်စွမ်းအင် ရိုက်ခတ်တာကို ကာကွယ်ခဲ့တာလား"

"ဟုတ်... ဟုတ်ပါတယ်"

ရှင်းဖုန်းက အခြေအနေကို ရှင်းလင်းစွာ နားလည်သွားပြီ ဖြစ်ရာ မည်သည့် ကံစမ်းလိုစိတ်မျိုးမှ မရှိတော့ဘဲ ချက်ချင်းပင် ရိုးရိုးသားသား ဖြေကြားလိုက်သည်။

လင်းယွမ်က ဤရွှေခမောက်ကို စမ်းသပ် ကိုင်တွယ်ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဒါ ဘာအဓိပ္ပါယ်လဲ"

ရှင်းဖုန်းက လင်းယွမ်၏ ဆိုလိုရင်းကို နားလည်သွားပြီး ကမန်းကတန်း ပြောလိုက်သည်။ "အတိအကျတော့ ကျွန်တော် မသိပါဘူး... ဒါပေမဲ့ လူတွေပြောတာတော့ ရွှေက ဓာတ်ပြုမှုနည်းတဲ့ သတ္တုဖြစ်လို့ ပြင်ပစွမ်းအားတွေနဲ့ ဓာတ်သဘာဝတွေရဲ့ တိုက်စားမှုကို အလွယ်တကူ မခံရဘူးတဲ့... ဒါကြောင့် စိတ်စွမ်းအင်ကိုလည်း အပြင်းအထန် ခုခံနိုင်စွမ်း ရှိတယ်လို့ ကြားဖူးပါတယ်"

"ကွမ်ဖူမှာဆိုရင် ရွှေက စွမ်းအင်ကျောက်တုံးတွေနဲ့ ဆက်စပ်နေတယ်... စွမ်းအင်ကျောက်တုံးတွေလောက် ဈေးမကြီးပေမယ့် သူကလည်း တော်တော်လေး တန်ဖိုးရှိပါတယ်"

"ဒီ သင်္ကေတတွေက ဘာတွေလဲ"

လင်းယွမ်က ရွှေခမောက်ပေါ်ရှိ သင်္ကေတများကို ကိုင်တွယ်ကြည့်ရင်း မေးလိုက်သည်။

"အဲ့... အဲ့ဒါက စိတ်စွမ်းအင် အကာအကွယ် သင်္ကေတပါ... စိတ်စွမ်းအင် အမျိုးအစား စွမ်းအင်ကျောက်တုံးကနေ စွမ်းအင်တွေ ထောက်ပံ့ပေးပြီး ခိုင်မာတဲ့ စိတ်စွမ်းအင် အကာအကွယ် ဒိုင်းလွှားတစ်ခုကို ဖြစ်ပေါ်စေတယ်... ရွှေခမောက်ရဲ့ အတွင်းပိုင်းကို ဖုံးလွှမ်းထားပြီး စိတ်စွမ်းအင် တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ရုံတင်မကဘူး... ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကိုလည်း ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်"

ရှင်းဖုန်း၏ အမူအရာက အလွန် စကားနားထောင်နေပြီး လင်းယွမ် ဘာမေးမေး အကုန် ဖြေကြားနေပေသည်။

နောက်ဆုံးတွင် သူက အသနားခံလိုက်သည်။ "ကျွန်တော်က ဝိညာဉ်စွမ်းအင်ဂိုဏ်းက သာမန် ဂိုဏ်းဝင်တစ်ယောက်ပါ... အိမ်မှာ မိန်းမနဲ့ ကလေးတွေ ရှိပါသေးတယ်... ကျွန်တော့်ကို အသက်ချမ်းသာပေးပါ... ခင်ဗျား ဘာခိုင်းခိုင်း ကျွန်တော် အကုန်လုပ်ပေးပါ့မယ်"

"ကျွန်တော် ဝိညာဉ်စွမ်းအင်ဂိုဏ်းရဲ့ ဌာနချုပ်ကိုလည်း သိတယ်... ရေနတ်ဘုရားဂိုဏ်းရဲ့ ရေပေါ်ကျွန်း မီယွမ်မိုးသစ်တောကျွန်းနဲ့ မြေမိခင်ဂိုဏ်းရဲ့ မြေဝါနတ်ဘုရားကျွန်းတွေကိုတောင် ကျွန်တော် ရောက်ဖူးပါတယ်"

"ဒီကိုလာတုန်းကလည်း ကျွန်တော် ဘယ်သူ့ကိုမှ မသတ်ခဲ့ရပါဘူး... စွမ်းအင်ကျောက်တုံး နည်းနည်းကို လုယက်ရုံသက်သက်ပါပဲ"

သူက အမှန်အကန် ပြောဆိုနေခြင်းဖြစ်ပြီး မျက်နှာပေါ်တွင်လည်း တောင်းပန် အသနားခံလိုသော အမူအရာများ ပြည့်နှက်နေသည်။

"ကျွန်တော် သေလို့ မဖြစ်ဘူး... တကယ်ပါ... ခင်ဗျားကို တောင်းပန်ပါတယ်... ကျွန်တော် တကယ် သေလို့ မဖြစ်ပါဘူး... ဝိညာဉ်စွမ်းအင်ဂိုဏ်းက အားနည်းသူကို အားကြီးသူက အနိုင်ကျင့်တဲ့ တောတွင်းဥပဒေသကို ကျင့်သုံးတာမို့ အတွင်းပိုင်းမှာ အရမ်းကို ရက်စက်ပါတယ်"

"တကယ်လို့ ကျွန်တော်သာ သေသွားရင် ကျွန်တော့် မိန်းမနဲ့ ကလေးတွေက တခြားလူတွေရဲ့ ကစားစရာ ဖြစ်သွားပြီး သေရတာထက်တောင် ပိုဆိုးရွားတဲ့ ဘဝကို ရောက်သွားကြလိမ့်မယ်... တောင်းပန်ပါတယ်ဗျာ..."

လင်းယွမ်၏ အကြည့်များက အေးစက်နေပြီး ရုတ်တရက် လက်တစ်ဖက်ကို မြှောက်လိုက်သည်။

အနီးအနားရှိ ချွန်ထက်သော မီးဝါးတံ တစ်ချောင်းကို ဆွဲယူလိုက်ပြီး ဘေးဘက် ၁၀ ပေခန့် အကွာရှိ မြေကြီးထဲသို့ အားကုန် စိုက်ချလိုက်တော့သည်။

"စွပ်"

ကြောက်မက်ဖွယ်ကောင်းသော ခွန်အားအောက်တွင် မီးဝါးတံက မြေကြီးထဲသို့ ၁၀ ပေကျော်အထိ တိုက်ရိုက် နစ်ဝင်သွားပြီး လက်မောင်းတစ်ဖက်စာ အရှည်လောက်သာ ကျန်ရစ်ကာ အပြင်ဘက်တွင် တုန်ခါမြည်ဟည်းနေတော့သည်။

ထို့နောက် မြေအောက်မှ စူးရှသော အော်ဟစ်သံ တစ်သံက ချက်ချင်း ထွက်ပေါ်လာသည်။

လင်းယွမ်က အားကုန် ကန်ချလိုက်ပြီး ကျန်ရှိနေသော ဝါးတံကိုပါ မြေကြီးထဲသို့ ဖိနင်း ထည့်လိုက်သည်။

ထိုစူးရှသော အော်ဟစ်သံမှာ ချက်ချင်းပင် ရုတ်ခြည်း ရပ်တန့်သွားတော့သည်။

မြေပြင်ပေါ်တွင် လဲကျနေသော ရှင်းဖုန်းမှာ ဝိညာဉ်လွင့်မတတ် ကြောက်လန့်သွားပြီး ကျောပြင်တစ်ခုလုံး ချွေးစေးများ ပြန်သွားတော့သည်။

ဤအော်ဟစ်လိုက်သူမှာ မည်သူဖြစ်ကြောင်းကို သူ သဘာဝကျကျပင် နားလည်လိုက်သည်။ ထိုသူမှာ စောစောက မြေအောက်သို့ တိုးဝင် ပုန်းအောင်းသွားသော သူ၏ အပေါင်းအပါပင် ဖြစ်သည်။

သူ၏ ဤအပေါင်းအပါတွင် ထူရှင်းဆွန်း ဟူသော နာမည်ပြောင် တစ်ခု ရှိသည်။ သူသည် မြေဓာတ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်သည့်အပြင် အရပ်ပုပု၊ ရက်စက်ကြမ်းကြုတ်သော စရိုက်ရှိကာ မိန်းမလိုက်စားမှုကို အသက်တမျှ ခုံမင်သူ ဖြစ်သောကြောင့် ဤကဲ့သို့ နာမည်ပြောင် ရရှိထားခြင်း ဖြစ်သည်။

ဤလူက ရက်စက်ကြမ်းကြုတ်သော စရိုက်ရှိသော်လည်း အလွန် ကောက်ကျစ်စဉ်းလဲလှပေသည်။ ရေကြီးမှုကြီး စတင်ကတည်းက အန္တရာယ်ပေါင်း များစွာနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဤလူက အမြဲတမ်း ဘေးကင်းအောင် ရှောင်တိမ်းနိုင်ခဲ့ခြင်းမှာ တကယ်တော့ ကံတရားကို အားကိုးခဲ့ခြင်း မဟုတ်ပေ။

သို့သော် ယနေ့တွင် ဤလင်းယွင်တောင်စောင်း၏ မြေအောက်၌ သေဆုံးသွားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။

ယခုတော့ အဆင်ပြေသွားပြီ ဖြစ်ကာ သင်္ချိုင်းမြေပင် ရှာစရာ မလိုတော့ပေ။

ရှင်းဖုန်းက သူ၏ မျက်စိရှေ့ရှိ ဤကြောက်မက်ဖွယ် ရန်သူက မည်မျှ ရက်စက်ကြမ်းကြုတ်ကြောင်းကို ထပ်မံ၍ နားလည် သဘောပေါက်သွားတော့သည်။

လင်းယွမ်က ရွှေခမောက်ကို သိမ်းဆည်းလိုက်ပြီး ရှင်းဖုန်းကို ကြည့်ကာ လက်ချောင်းကို တစ်ချက် ခေါက်လိုက်သည်။

အလင်းရောင်ဖျော့ဖျော့ တစ်ခုက ရှင်းဖုန်း၏ ဦးနှောက်ထဲသို့ မျက်စိတစ်မှိတ်အတွင်း ထိုးဖောက် ဝင်ရောက်သွားသည်။

ကပ်ပါးမျိုးစေ့က တစ်ဖက်လူ၏ စိတ်ပင်လယ်ထဲသို့ တိုက်ရိုက် ကပ်ပါး ဝင်ရောက်သွားခြင်း ဖြစ်သည်။ လင်းယွမ်၏ စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ကပ်ပါးမျိုးစေ့က တစ်ဖက်လူ၏ ဦးနှောက်ရှိ စိတ်စွမ်းအင်များနှင့် အာဟာရဓာတ်များကို စုပ်ယူကာ ကြီးထွားလာနိုင်ပေသည်။

ယခုအခါ ဤလူ၏ အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းမှာ လင်းယွမ်၏ ထိန်းချုပ်မှုအောက်သို့ လုံးဝ ရောက်ရှိသွားပြီ ဖြစ်သည်။

"ဒီမှာ စောင့်နေ... ထွက်ပြေးချင်ရင်တော့ မင်း စမ်းကြည့်လို့ ရတယ်"

လင်းယွမ်က အေးစက်စက် လှောင်ရယ်လိုက်ပြီး ခန္ဓာကိုယ်က လက်ကနဲ ဖြစ်သွားကာ မူလနေရာမှ အလျင်အမြန် ပျောက်ကွယ်သွားတော့သည်။

ရှင်းဖုန်း၏ နဖူးတွင် ချွေးအေးများ စီးကျနေပြီး သူက ထိုင်လိုက်ကာ ပတ်ဝန်းကျင်ကို ကမန်းကတန်း လှည့်ကြည့်လိုက်သည်။

နေရာအနှံ့အပြားတွင် အလောင်းများ ပြည့်နှက်နေပြီး အဝေးရှိ တောအုပ်ထဲမှလည်း စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာနေသည်။

ယင်းမှာ သူ၏ အပေါင်းအပါများ၏ အသံပင် ဖြစ်သည်။

သူ၏ ရင်ထဲတွင် အလွန် ထိတ်လန့်သွားပြီး ချက်ချင်းပင် မတ်တတ်ထရပ်လိုက်ကာ ပထမဆုံး တုံ့ပြန်မှုအနေဖြင့် အမြန်ဆုံး ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားလိုက်သည်။

သို့သော် ခြေလှမ်းအနည်းငယ်မျှသာ ပြေးရသေးချိန်တွင် သူ၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားပြီး တီးတိုး ရေရွတ်လိုက်သည်။ "ပြေးလို့ မဖြစ်ဘူး... ပြေးလို့ မဖြစ်ဘူး... သူက ငါ့ကို ပြေးရဲရင် ပြေးကြည့်လို့ ပြောခဲ့တာဆိုတော့ သေချာပေါက် တစ်ခုခု စီစဉ်ထားလို့ပဲ"

"သူ့ရဲ့ အစွမ်းနဲ့ဆိုရင် ငါ့ကိုသတ်ဖို့က လွယ်လွယ်လေးပဲ"

"သူ ငါ့ကို အသက်ချမ်းသာပေးထားတာက ငါ့ကို အသုံးချစရာ ရှိသေးလို့ပဲ... ငါ ပြေးလို့ မဖြစ်ဘူး... ပြေးရင် သေလမ်းကို ရွေးတာနဲ့ အတူတူပဲ"

ထိုလူ၏ ကြောက်မက်ဖွယ်ကောင်းသော အလျင်ကို တွေးမိလိုက်သောအခါ သူ၏ ရင်ထဲတွင် ချက်ချင်းပင် မျှော်လင့်ချက်မဲ့သွားပြီး မည်သည့် ကံစမ်းလိုစိတ်မျိုးမှ မရှိရဲတော့ဘဲ မူလနေရာ၌သာ ရပ်ကာ ငြိမ်သက်စွာ စောင့်ဆိုင်းနေရတော့သည်။

...

နာရီဝက်ပင် မကြာလိုက်သော အချိန်အတွင်း ထိုက်ယန်တောင်၊ မိန်တောင်နှင့် လင်းယွင်တောင်စောင်းဟူသော တောင်ကြီးသုံးလုံးပေါ်တွင် စူးရှသောအော်ဟစ်သံများ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

လင်းယွမ်က တစ်ကိုယ်လုံးတွင် ကြောက်မက်ဖွယ် သတ်ဖြတ်လိုငွေ့များ ပြည့်နှက်နေလျက် တောအုပ်ထဲမှ ထွက်လာခဲ့သည်။

သူက မျက်မှောင်ကြုတ်ထားပြီး သူ၏ မျက်ဝန်းများထဲရှိ အေးစက်စက် သတ်ဖြတ်လိုငွေ့များက ကွဲကွာ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။

"ရေနတ်ဘုရားဂိုဏ်းက ကပ်ရောဂါ ယဇ်ပုရောဟိတ်ကို တကယ် ရှာမတွေ့တာလား"

ဤကပ်ရောဂါ ယဇ်ပုရောဟိတ်မှာ လင်းယွမ် မဖြစ်မနေ သတ်ဖြတ်ရမည့်သူ ဖြစ်သော်လည်း ဤမျှလောက် ရှာဖွေ သတ်ဖြတ်ခဲ့သည့်တိုင် ဤလူကို ဖမ်းမမိခဲ့ပေ။

ဒီလူ ဘယ်နေရာမှာ သွားပုန်းနေတာလဲ...

"ဒါမှမဟုတ် လင်းအာတို့ ကျွန်းပေါ်က လူတွေများ ဖမ်းမိသွားတာလား"

ထိုသို့ တွေးမိလိုက်သောအခါ လင်းယွမ်က သတ်ဖြတ်လိုစိတ်ကို မြိုသိပ်လိုက်ပြီး ထိုက်ယန်တောင်သို့ အလျင်အမြန် ပြန်လာခဲ့သည်။

ဦးစွာ လျှို့ဝှက်ခန်းထဲသို့ ရောက်ရှိလာပြီး အမမေတို့နှင့် တွေ့ဆုံခဲ့သည်။

"မောင်လေး"

"အစ်ကိုလင်း"

"အစ်ကိုလင်းယွမ်"

ရန်မေ၊ ဆုန့်ဝမ်နှင့် တုံယန်တို့ သုံးယောက်မှာ ချက်ချင်းပင် ဝမ်းသာလွန်း၍ မျက်ရည်များ ကျဆင်းလာပြီး အတူတကွ ပြေးဖက်ကြတော့သည်။

လင်းယွမ်က သူ၏ ကိုယ်ပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ရုပ်သိမ်းလိုက်ပြီး နူးညံ့သော အသံဖြင့် နှစ်သိမ့်လိုက်သည်။

"ဘာမှမဖြစ်တော့ဘူး... အားလုံး ပြီးသွားပြီ... အပြင်က ရန်သူတွေကို ကျွန်တော် အကုန် ရှင်းလင်းပြီးပြီ"

မိန်းမ သုံးယောက်က ရှိုက်ကြီးတငင် ငိုကြွေးနေကြသည်။ ယခင်က မည်မျှပင် ကြံ့ခိုင်ခဲ့ပါစေ ယခုအခါ အားထားရသူကို တွေ့လိုက်ရသောအခါ မအောင့်ထားနိုင်တော့ဘဲ အသံထွက်ကာ ငိုကြွေးလိုက်ကြတော့သည်။

အမျိုးသမီးများတွင် မွေးရာပါ အားကြီးသူကို အားကိုးလိုသော မျိုးရိုးဗီဇများ ရှိပြီး ကာကွယ် စောင့်ရှောက်ခံရရန် မျှော်လင့်တတ်ကြသည်။

လင်းယွမ်က သူတို့ ငိုကြွေးနေသောကြောင့် သူတို့ကို အားနည်းသူများဟု မထင်မှတ်ထားပေ။

သူက ခဏကြာအောင် နှစ်သိမ့်ပေးလိုက်ပြီးနောက် ပြောလိုက်သည်။ "အမမေ... ဝမ်ဝမ်... ယန်ယန်... အားတင်းထားကြပါဦး... အခု ထိုက်ယန်တောင်က အခက်အခဲကြီးနဲ့ ကြုံတွေ့ထားရတာဆိုတော့ အမတို့ကို အလိုဆုံး အချိန်ပဲ"

"နောက်ပိုင်း ထိုက်ယန်တောင်က အတန်ကြာအောင် အနားယူ အင်အားဖြည့်တင်းဖို့ လိုအပ်တယ်... ဒီတစ်ခေါက်မှာ ဒဏ်ရာရပြီး သေဆုံးသွားတဲ့သူ တော်တော်များများ ရှိတယ်... အားလုံးရဲ့ စိတ်ခံစားချက်တွေကို သေချာ နှစ်သိမ့်ပေးဖို့ လိုတယ်"

"ဒါ့အပြင် စက်ပစ္စည်း တော်တော်များများနဲ့ အခြေခံ အဆောက်အအုံတွေလည်း ဖျက်ဆီးခံလိုက်ရလို့ ပြန်ပြင်ဖို့ လိုသေးတယ်... နောက်ပိုင်း လုပ်စရာကိစ္စတွေ တော်တော်များလို့ အမတို့တော့ ပင်ပန်းရတော့မယ်"

ရန်မေက ကမန်းကတန်း ခေါင်းခါကာ ပြောလိုက်သည်။ "အမတို့က ဘာပင်ပန်းတာမှတ်လို့... ကျောက်ခိုင်နဲ့ ဦးလေးမာတို့တောင် ဒဏ်ရာရသွားကြတာ... မောင်လေး စိတ်ချပါ... ဒီကိစ္စတွေကို အမတို့တာဝန်ထားလိုက်"

ဆုန့်ဝမ်ကလည်း ပြောလိုက်သည်။ "ညီမ အခုချက်ချင်းပဲ လူစုပြီး တောင်ပေါ်မှာ ဒဏ်ရာကုတဲ့ ဆေးဘက်ဝင်အပင်တွေကို သွားရှာလိုက်မယ်"

တုံယန်ကလည်း ပြောလိုက်သည်။ "ညီမလေးလည်း ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့ပြီး တောင်ပေါ်မှာ ပုန်းနေတဲ့ အသက်ရှင် ကျန်ရစ်သူတွေကို သွားကယ်လိုက်မယ်"

လင်းယွမ်က ခေါင်းညိတ်ပြလိုက်သည်။ ဤကဲ့သို့သော အချိန်မျိုးတွင် သူတို့ကို အလုပ်တစ်ခုခု ရှာပေးထားမှသာလျှင် သူတို့အနေဖြင့် ဝမ်းနည်းပူဆွေးမှုများထဲတွင် နစ်မွန်းနေမည် မဟုတ်ပေ။

ဆက်ရန်...

All Chapters