← Chapters

အခန်း (၈၄၇-၈၄၉)

Vol. 57 Ch. 847-849

အခန်း (၈၄၇-၈၄၉)

Vol. 57 Ch. 847-849

အခန်း ၈၄၇ - စကြဝဠာဒင်္ဂါးပြား ၂ဘီလီယံတန်တဲ့ အအေး

"မင်းတို့ သင့်တော်သလိုလုပ်ကြပါ။ သူတို့ကို နည်းနည်းပါးပါးပညာပေးလိုက်။ အရမ်းလွန်လွန်ကျွံကျွံလုပ်စရာမလိုဘူး။ မဟုတ်ရင် ငါက သူများကို အနိုင်ကျင့်တယ်လို့ အပြောခံရလိမ့်မယ်"

"ဆရာသခင်.. ဒါက အသေးအဖွဲကိစ္စလေးပါ။ ကျွန်တော်တို့ ချက်ချင်းရှင်းလိုက်ပါ့မယ်"

"ဆရာသခင်.. ကျွန်တော့်စစ်သင်္ဘောအဖွဲ့ ထွက်သွားပါပြီ။ အဆင့်သုံးမျိုးနွယ်စုတစ်ခုအတွက် စစ်သင်္ဘောနည်းနည်းဆိုရင် ရပါပြီ။ အာကာသဖြတ်လမ်းနည်းပညာနဲ့ဆိုတော့ ဒီလိုနေရာလေးကိုရောက်ဖို့ စကြဝဠာစံတော်ချိန် နာရီနည်းနည်းပဲ ကြာမှာပါ"

"ဆရာသခင်.. ဆရာကရော အခု အမြွှာဝေလငါး စကြဝဠာအင်ပါယာမှာပဲလား။ လမ်းကြုံတုန်း အဲဒီက ဒေသထွက်ကုန်လေးတွေ ဝယ်လာခဲ့ပေးရမလား"

...

"ကဲ ပြီးပြီ"

ကျန်းမုန့်လောင်က လက်ဖျောက်တစ်ချက် တီးလိုက်သည်။

"ဒီလိုလုပ်လို့ရတာလား"

ဂရုထဲတွင်ရှိနေသော အိုင်းရင်းကလည်း တက်ကြွလှသော ထိုဆွေးနွေးမှုများကို သဘာဝကျကျ မြင်တွေ့ခဲ့ရသည်။

ကျန်းမုန့်လောင်၏ စကားတစ်ခွန်းတည်းနှင့်ပင် ထိုလူများမှာ သူတို့၏စစ်သင်္ဘောများကို အလုအယက် စေလွှတ်နေကြသည်။

ဤဂရုထဲမှာ လူပေါင်းထောင်ချီ ရှိ၏။ တစ်ယောက်ကို အဆင့်ငါးမျိုးနွယ်စု စံသတ်မှတ်ချက်ဝင် စစ်သင်္ဘောအုပ်စုတစ်စုစီ ထုတ်ပေးမည်ဆိုလျှင် အဆင့်ငါးမျိုးနွယ်စု စံသတ်မှတ်ချက်ဝင် စစ်သင်္ဘောအုပ်စု ထောင်ပေါင်းများစွာ ဖြစ်သွားပေလိမ့်မည်။

ဒါက ဘာကိုဆိုလိုလေသလဲ။ အမြွှာဝေလငါးစကြဝဠာအင်ပါယာမှာပင် စံသတ်မှတ်ချက်ဝင်ရုပ်ဝတ္ထုပိုင်းဆိုင်ရာ မျိုးနွယ်စုပင်မစစ်သင်္ဘောအုပ်စုက စုစုပေါင်းမှ ၁၂ခုသာရှိ၏။

အကယ်၍ ဤစစ်သင်္ဘောအုပ်စုများအားလုံးသာ အဆင့်ငါးမျိုးနွယ်စုစံသတ်မှတ်ချက်ဝင် ပင်မစစ်သင်္ဘောအုပ်စုများ ဖြစ်ခဲ့မည်ဆိုလျှင် အမြွှာဝေလငါးစကြဝဠာအင်ပါယာတစ်ခုလုံးကို အကြိမ်ပေါင်းရာနှင့်ချီပြီး ဖျက်ဆီးပစ်နိုင်စွမ်းရှိ၏။

ကျန်းမုန့်လောင်၏ လွှမ်းမိုးနိုင်စွမ်းကို သူအထင်သေးမိခဲ့ကြောင်း သဘောပေါက်လိုက်သည်။ ယခုအချိန်ဆိုလျှင် မတူညီသော စကြဝဠာအင်ပါယာအသီးသီးက စစ်သင်္ဘောအုပ်စုအမြောက်အများမှာ အာကာသဖြတ်လမ်းများကတစ်ဆင့် ဖြတ်သန်းလာနေလောက်ပြီဖြစ်၏။

"အမြွှာဝေလငါးစကြဝဠာအင်ပါယာရဲ့ ဘုရင်ကြီးတော့ လန့်သေမသွားပါစေနဲ့လို့ မျှော်လင့်ပါတယ်"

အိုင်းရင်းခမျာ တိတ်တဆိတ် ဆုတောင်းလိုက်သည်။ အဆင့်သုံးမျိုးနွယ်စုလေးတစ်ခုကို ပညာပေးဖို့အတွက် ဤမျှကြီးမားသော အင်အားချီတက်မှုကြီးမှာ နည်းနည်းတော့ လွန်ကဲလှသည်ဟု သူတွေးမိသည်။

"အိုင်းရင်း.. မင်းရဲ့ယောက္ခမကို သွားတွေ့ကြမလား"

ကျန်းမုန့်လောင်က နောက်ပြောင်လိုက်သည်။

"Brother, I want to meet Shayana’s father, is it convenient?" Ireel asked.

"အစ်ကို.. ကျွန်တော် ရှာယန်နာ့အဖေနဲ့ တွေ့ချင်ပါတယ်။ အဆင်ပြေနိုင်မလား"

အိုင်းရင်းက မေးလိုက်သည်။

"အဆင်ပြေတာပေါ့။ အရမ်းအဆင်ပြေတာပေါ့။ အရမ်းအဆင်ပြေတယ်"

အာပါချီက အလျင်စလို ပြန်ဖြေလိုက်သည်။

အိုင်းရင်းလို အဆင့်အတန်းမျိုးရှိသူတစ်ယောက်ကို ပုံမှန်အခြေအနေမျိုးမှာဆိုလျှင် သူ့အဖေဘက်က တောင်းပန်ခယပြီး တွေ့ခွင့်တောင်းလျှင်ပင် တွေ့ခွင့်ရမည်မဟုတ်ချေ။ ယခု သူကိုယ်တိုင်က လာရောက်လည်ပတ်ချင်သည်ဟု ဆိုလာသည်ဖြစ်ရာ သူတို့မိသားစုအတွက် ဂုဏ်ယူစရာကိစ္စတစ်ခုပင်။

အိုင်းရင်း ပြန်ရောက်သောအခါ သူ့စကားတစ်ခွန်းတည်းဖြင့် သူတို့မျိုးနွယ်စု ရင်ဆိုင်နေရသော အကျပ်အတည်းက အလိုလိုပြေလည်သွားနိုင်ခြေပင် ရှိနေချေသည်။

နောက်ဆုံးတော့ သူတို့တစ်သိုက် အာကာသပတ်လမ်းဓာတ်လှေကားကတစ်ဆင့် အင်ပါယာသလင်းကျောက်ကြယ်ဆီသို့ ရောက်သွားကြသည်။

အပြင်ဘက်ကကြည့်လျှင် လူသူကင်းမဲ့နေသော သလင်းကျောက်ဂြိုဟ်တစ်ခုနှင့် တူသော်လည်း တကယ်တမ်းတွင်မူ ဤဂြိုဟ်၏ ဂေဟစနစ်က တောင်တန်းများ၊ မြစ်များ၊ ငှက်များနှင့် သားရဲတိရစ္ဆာန်များဖြင့် ကောင်းစွာတည်ဆောက်ထားသည်။ အဆောက်အအုံများမှာ နေရာအနှံ့ ပြန့်ကျဲနေပြီး လူများ၏ အဆင့်အတန်းသတ်မှတ်ချက်များအပေါ် မူတည်၍ မတူညီသောဧရိယာများလည်း ခွဲခြားထားသည်။

အိုင်းရင်း၏အဖေမှာ အနိမ့်ဆုံးအဆင့်သုံးဧရိယာတွင် ရှိနေပေသည်။

"ဒီနေရာက တော်တော်ကောင်းတာပဲ"

အာပါချီက သူတို့ကို နန်းတော်နှင့်တူသော အဆောက်အအုံတစ်ခုထဲသို့ ခေါ်ဆောင်သွားသည်။

အတွင်းပိုင်းအလှဆင်မှုမှာ အလွန်တရာ ခမ်းနားထည်ဝါလှပြီး ကမ္ဘာမြေပေါ်ရှိ အဆင့်မြင့်လူကုံထံပွဲလမ်းသဘင်များကိုပင် သတိရစေသည်။ မီးရောင်များ ထိန်လင်းနေပြီး လူတိုင်းက သူတို့မျိုးနွယ်စု၏ အခမ်းနားဆုံးပွဲတက်ဝတ်စုံများကို ဝတ်ဆင်ကာ အုပ်စုလိုက် စကားစမြည်ပြောဆိုနေကြသည်။

"ဧည့်သည်တော်လေးဦး ဘာများသောက်သုံးချင်ပါသလဲ"

လှပသော ဂြိုဟ်သားကောင်မလေးတစ်ယောက်က သူတို့အနားသို့ ချဉ်းကပ်လာပြီး ကျန်းမုန့်လောင်နှင့် အိုင်းရင်းတို့၏ ရင်ဘတ်ပေါ်ရှိ တံဆိပ်များကို မြင်သောအခါ အနည်းငယ်တုံ့ဆိုင်းသွားသည်။

"ကြယ်ငါးပွင့်ဧည့်သည်တွေလား"

သူ(မ)က ​ဇဝေဇဝါတွေးလိုက်မိသည်။ တူရာတူရာစုတတ်ကြသည့် သဘောတရားအတိုင်း အင်ပါယာသလင်းကျောက်ကြယ်ကို ကြယ်သုံးပွင့်ဧည့်သည်ဧရိယာ၊ ကြယ်လေးပွင့်ဧည့်သည်ဧရိယာနှင့် ကြယ်ငါးပွင့်ဧည့်သည်ဧရိယာဟူ၍ သုံးပိုင်းခွဲခြားထားသည်။

အဆင့်မြင့်ဧည့်သည်များက အဆင့်နိမ့်ဧရိယာများသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်သော်လည်း အဆင့်နိမ့်ဧည့်သည်များကမူ အဆင့်မြင့်ဧရိယာများသို့ ဝင်ရောက်ရန် တစ်စုံတစ်ယောက်၏ ခေါ်ဆောင်မှု လိုအပ်သည်။

ယေဘုယျအားဖြင့် အဆင့်နိမ့်ဧည့်သည်များမှာ အဆင့်မြင့်နေရာများသို့ ဝင်ရောက်ရန် ငွေကုန်ကြေးကျမခံဘဲ အစွမ်းကုန်ကြိုးစားအားထုတ်တတ်ကြသည်။ သို့သော် ကြယ်ငါးပွင့် ဧည့်သည်များက အဆင့်သုံးဧည့်သည်ဧရိယာသို့ လာရောက်ခြင်းကို သူ(မ) တစ်ခါမှမမြင်ဖူးခဲ့ပေ။

"လူကြီးမင်းတို့.. အဆင့်ငါးဧည့်သည်ဧရိယာကို ရှာရတာ အခက်အခဲဖြစ်နေလို့များလား"

ဝန်ထမ်းက ယဉ်ကျေးစွာ မေးလိုက်သည်။ သူတို့က ငယ်ရွယ်သော်ငြား တန်ခိုးအာဏာကြီးမားသော လူငယ်များနှင့် ဆက်ဆံရခြင်းမှာ မလွယ်ကူကြောင်း၊ သူတို့က ရံဖန်ရံခါဒေါသကြီးတတ်ကြောင်း သူ(မ) ကောင်းကောင်းသိသည်။

"သြော် ငါတို့က လူတစ်ယောက်ကို လာရှာတာပါ"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်၏။

"ဒီမှာ ဘာသောက်စရာတွေ ရနိုင်လဲ"

"ဒီမီနူးမှာ ကြည့်လို့ရပါတယ်"

ထိုဝန်ထမ်းက အနည်းဆုံး စကြဝဠာဒင်္ဂါးပြားတစ်သောင်းတန်ဖိုးရှိသည့် ပရီမီယမ်စကြဝဠာသောက်စရာများ ပါဝင်သော အီလက်ထရောနစ်မီနူးတစ်ခုကို ကမ်းပေးလေသည်။

တခြားနည်းနှင့်ပြောရလျှင် ဤနေရာတွင် ပေါ့ပေါ့ပါးပါးသောက်လိုက်သော အအေးတစ်ခွက်၏တန်ဖိုးက မျိုးနွယ်စုဂြိုဟ်တစ်ခုလုံး၏ တန်ဖိုးနှင့် ညီမျှနေနိုင်သည်။

ဈေးအကြီးဆုံးကိုပြောရလျှင် တစ်ခွက်ကို စကြဝဠာဒင်္ဂါးပြား ၂ဘီလီယံတန်ဖိုးရှိသော အအေးတစ်ခုကိုပင် ကျန်းမုန့်လောင် တွေ့လိုက်ရသည်။

ဤသည်မှာ အဆင့်သုံးမျိုးနွယ်စုတစ်ခုလုံး၏ ပိုင်ဆိုင်မှုနှင့် ညီမျှနေသည်ဖြစ်ရာ လူတိုင်း အလွယ်တကူဝယ်သောက်နိုင်သည့် အရာမျိုးမဟုတ်ချေ။

ဤဧရိယာကိုဝင်ဖို့ ပိုင်ဆိုင်မှုအထောက်အထားပြရန် လိုအပ်သည်မှာ မဆန်းပါချေ။ သာမန်လူဆိုလျှင် ဈေးအပေါဆုံးအအေးကိုပင် ဝယ်နိုင်မည်မဟုတ်ပေ။

သို့သော် ယခုလို ဈေးကြီးနေခြင်းကလည်း အကြောင်းပြချက်မရှိသည်တော့ မဟုတ်ပါချေ။ စကြဝဠာဒင်္ဂါးပြား ၂ဘီလီယံတန်အအေးကို အလွန်ရှားပါးသော အပင်အဆီအနှစ်များနှင့် ဖော်စပ်ထားခြင်းဖြစ်လေရာ အဆင့်ငါးအောက် သက်ရှိများ၏ စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးနိုင်သလို ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်သည်။

ကမ္ဘာမြေပေါ်ရှိ လူတစ်ယောက်သာ ဤအအေးကို တစ်ငုံသောက်လိုက်မည်ဆိုလျှင် ထာဝရအသက်ရှင်ခြင်းမျိုး မဖြစ်နိုင်သော်ငြား ရောဂါဘယကင်းစင်ပြီး ကျန်းမာရှည်ကြာစွာ အသက်ရှင်နိုင်ရန်မှာမူ မဖြစ်နိုင်​​သည့်အရာတော့ မဟုတ်ပေ။ ဤသည်မှာ သူတို့ကို အဆင့်နှစ်အထက်တန်းစားသက်ရှိတစ်ယောက်နှင့် ညီမျှသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုပင် ရရှိစေနိုင်သည်။

"အော်တိုလေ့စ်အအေးငါးခွက်ပေး"

စကြဝဠာဒင်္ဂါးပြား ၂ဘီလီယံတန်အအေးက ဘယ်လိုအရသာမျိုးရှိမလဲဆိုသည်ကို ကျန်းမုန့်လောင် မြည်းစမ်းကြည့်ချင်သည်။

အာပါချီ၏ မျက်လုံးထောင့်စွန်းများကား အနည်းငယ် တုန်ယင်သွားသည်။ အကြောင်းမှာ သူ့အာရုံက အိုင်းရင်းအပေါ်တွင်သာ အဓိကရှိနေပြီး အတူပါလာသည့် အဖော်ဖြစ်သူကိုမူ အလိုလို လျစ်လျူရှုထားမိသောကြောင့်ပင်။

အိုင်းရင်း၏ ပိုင်ဆိုင်မှုအထောက်အထားဖြင့် အင်ပါယာသလင်းကျောက်ကြယ်သို့ ဝင်ရောက်လာသောကြောင့် ကျန်းမုန့်လောင်သည် အိုင်းရင်း၏ အဖော်ဖြစ်နိုင်သည်ဟု သူ ထင်ခဲ့သည်။

သို့သော် စကားတစ်ခွန်းမျှဖြင့် စကြဝဠာဒင်္ဂါးပြား၂ဘီလီယံတန် အော်တိုလေ့စ်အအေးငါးခွက်ကို မှာယူလိုက်သည်။ အဆင့်ငါးမျိုးနွယ်စု၏ မည်သည့်ထိတ်ထိတ်ကြဲပုဂ္ဂိုလ်ကမှ ဤမျှများပြားသောငွေပမာဏကို ဖြုန်းတီးမည်မဟုတ်ပေ။

"ငါ ဒကာခံမယ်"

ကျန်းမုန့်လောင်က ပိုင်ရှင်၏အကောင့်ထဲသို့ ငွေလွှဲပေးလိုက်သည်။

"ဟားဟားဟား အစ်ကိုကျန်း.. ခင်ဗျား ဒကာခံမယ်ဆိုမှတော့ ကျွန်တော် အားမနာတော့ဘူးနော်"

ဤပမာဏက ကျန်းမုန့်လောင်အတွက် ပမာဏတစ်ခုဟုပင် သတ်မှတ်၍မရသောကြောင့် အိုင်းရင်းလည်း လိုလိုလားလား လက်ခံလိုက်သည်။ အားနာနေမည်ဆိုလျှင် ကျန်းမုန့်လောင်ကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။

"ဒီလူရဲ့နောက်ခံက ဘာလဲ"

အာပါချီက သူ့ညီမကို တိုးတိုးလေး ကပ်မေးလိုက်သည်။

"အစ်ကို့ကို ပြောသင့်မသင့် ကျွန်မလည်း သေချာမသိဘူး"

ရှာယန်နာက ပြောလိုက်သည်။

"ဒါပေမဲ့ သူ့ရဲ့စွမ်းဆောင်ရည်က သူ့စကားတစ်ခွန်းတည်းနဲ့ အဆင့်ငါးမျိုးနွယ်စုတစ်ခုကို ညတွင်းချင်း ပြာချပစ်နိုင်တယ်"

အာပါချီ၏ခြေထောက်များမှာ မတုန်ဘဲမနေနိုင်လောက်အောင် ဖြစ်သွားသည်။

ဒါ ဘယ်လိုနောက်ခံမျိုးလဲ။ သူ့နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ။

သူ့ညီမက အထင်ကြီးစရာကောင်းသော ချစ်သူကို ရှာတွေ့ရုံသာမက သူ့သူငယ်ချင်းကပါ ဤမျှအင်အားကြီးရလေသလား။

"ခဏစောင့်ပေးပါဦးနော်။ သီးသန့်နေရာလေး တစ်ခု ရှာပေးပါ့မယ်"

ဝန်ထမ်းက သူတို့ကို အနိမ့်ဆုံးသုံးစွဲရမည့်ပမာဏ သတ်မှတ်ထားသော ကမ္ဘာမြေပေါ်ရှိ ဘားတစ်ခုနှင့်ဆင်တူသည့် တိတ်ဆိတ်သော နေရာတစ်ခုသို့ အမြန်ခေါ်ဆောင်သွားသည်။

"နံပါတ်တစ်ဇုန်မှာ အော်တိုလေ့စ်အအေး ငါးခွက် မှာထားပါတယ်။ အခုချက်ချင်း လာပို့ပေးပါ"

မကြာခင်မှာပင် ဝန်ထမ်းဝတ်စုံ ဝတ်ဆင်ထားသော အဖွဲ့တစ်ဖွဲ့က ပန်းပွင့်ပုံစံများဖြင့် အလှဆင်ထားသော ထူးခြားလှသည့် ပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားဟန်တူသည့် သေတ္တာငယ်များကို ကိုင်ဆောင်ကာ သူတို့ဆီသို့ လာနေကြသည်။

"ဘုရားရေ.. ဒါက ဘားတွေမှာသုံးတဲ့ နဂါးတစ်ဆင်စာမဟုတ်ဘူးလား"

ကျန်းမုန့်လောင်မှာ ဆွံ့အသွားရလေသည်။ ထိပ်တန်းအဆင့် မျိုးနွယ်စုများတွင် ဤသို့နှယ်ရိုးအီလှသော ပုံစံမျိုးကို သုံးနေကြဆဲလေလားဟု သူ တွေးလိုက်မိသည်။

တကယ်တော့ ကြယ်ငါးပွင့်ဧည့်သည်ဧရိယာတွင် ဤမျှချဲ့ကားပြီး ခမ်းနားအောင် မလုပ်ပြထားကြောင်း သူ မသိပါချေ။ အဆင့်ငါးမျိုးနွယ်စုရှိ အထက်တန်းလွှာများမှာ ဤအရာအားလုံးကို မြင်ဖူးပြီးသားပင်။

သို့သော် ကြယ်သုံးပွင့်ဧရိယာတွင်မူ မတူပါချေ။ လူတစ်ယောက်က အဆင့်သုံးမျိုးနွယ်စုတစ်ခုလုံး၏တန်ဖိုးနှင့် ညီမျှ​သော ငွေပမာဏကို သုံးစွဲလိုက်ချိန်တွင် အပြန်အလှန်အနေနှင့် ခမ်းနားမှုတစ်ခုခုကိုတော့ ပြသရပေမည်။

ဤမြင်ကွင်းက လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ အော်တိုလေ့စ်အအေး မှာယူခြင်းက တစ်ပိုင်းပင်။ တစ်ခါတစ်ရံ ချမ်းသာလှသော အဆင့်သုံးမျိုးနွယ်စုသခင်များက တစ်ခွက်လောက် မှာသောက်ပြီး ကြွားလုံးထုတ်တတ်ကြ၍ပင်။

သို့သော် သူတို့ရင်ဘတ်ပေါ်ရှိ တံဆိပ်များမှာမူ အတုလုပ်၍ မရပါချေ။ ကြယ်ငါးပွင့်ဧည့်သည်အသိုင်းအဝိုင်းနှင့် ဆက်သွယ်နိုင်ရန် ကြိုးစားနေကြသည့် အဆင့်ငါးမျိုးနွယ်စုရှိ လူများမှာ သူတို့ ရောက်လာသည်ကိုမြင်သော် သဘာဝကျကျပင် မျက်နှာချိုသွေးရန် ချဉ်းကပ်လာကြသည်။

"လူကြီးမင်း.. ကျွန်တော်က နေပယ်လ်စကြဝဠာအင်ပါယာက ယွဲ့ဆယ်မျိုးနွယ်စုရဲ့ အရှင်သခင်ပါ။ လူကြီးမင်း လက်ပါးစေများ လိုအပ်လား"

"လူကြီးမင်း..ကျွန်တော်က အိုဖဲလစ်မျိုးနွယ်စုရဲ့ အရှင်သခင်ပါ။ သခင်ကြီးရဲ့နောက်လိုက်ခွေးအဖြစ် ခစားခွင့်ရနိုင်မလား"

...

ကျန်းမုန့်လောင်နှင့် အိုင်းရင်းတို့ခမျာ တစ်ယောက်ကိုတစ်ယောက် အံ့ဩတုန်လှုပ်နေသော အကြည့်များဖြင့် အပြန်အလှန် ကြည့်လိုက်မိသည်။

ဒီလူတွေက ဒီလောက်တောင် ဗြောင်ကျကျပြောတတ်ကြတာလား။

********************

အခန်း ၈၄၈ - ဝင်ပါရဲရင် သူ့ကိုပါရိုက်ပစ်မယ်

တကယ်တမ်းတွင် သူတို့ကိုလည်း အပြစ်တင်၍ မရပါချေ။ အဆင့်ချင်းမတူသော မျိုးနွယ်စုနှစ်ခုကြားရှိ ကွာဟချက်မှာ နှစ်ပေါင်းရာချီ၊ ထောင်ချီ၊ သိန်းချီ သို့မဟုတ် သည့်ထက်ပိုကြီးမားနိုင်သည်။ ဤကွာဟချက်က မျောက်နှင့် လူသားများကြားရှိ ကွာဟချက်နီးနီး ကြီးမားကျယ်ပြန့်လှသည်။

အဆင့်ငါးမျိုးနွယ်စုရှိ သက်ရှိများအတွက်မူ အဆင့်သုံးမျိုးနွယ်စုရှိ သတ္တဝါများမှာ အလွန်ရှေးကျပြီး အဆင့်အတန်းနိမ့်ကျသော သက်ရှိများအဖြစ် သတ်မှတ်ခံထားရသည်။ တစ်ခါတစ်ရံ အဆင့်ငါးမျိုးနွယ်စုနှစ်ခု စစ်ဖြစ်ကြသောအခါ အဆင့်သုံးနှင့် အဆင့်လေးမျိုးနွယ်စုရာဂဏန်းထောင်ဂဏန်းလောက်က စစ်ပွဲအတွင်း ပျောက်ကွယ်သွားတတ်သည်။

လူသားများ၏စစ်ပွဲများမှာ အမြောက်ဆန်တစ်လုံးက ပုရွက်ဆိတ်အုံတစ်အုံကို ဖျက်ဆီးပစ်လိုက်မိလျှင်ပင် သူတို့က ဂရုစိုက်ကြလေမလား။ ဤသဘောတရားပင်။

ထို့ကြောင့် လူအများသည် ပိုအဆင့်မြင့်သော မျိုးနွယ်စုတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ အလိုလိုနှိမ့်ချရန်သာ ရွေးချယ်တတ်ကြသည်။

သူတို့အတွက်တော့ အဆင့်မြင့်မျိုးနွယ်စုတစ်ခုကို မှီခိုတွယ်ကပ်နေရခြင်းမှာ ဂုဏ်သိက္ခာထက် အများကြီးပိုအရေးကြီးလှသည်။ ခွေးတစ်ကောင်ဖြစ်ရုံမျှမက ကျေးကျွန်တစ်ယောက် ဖြစ်ရမည်ဆိုလျှင်ပင် ပြဿနာမရှိပေ။

အဆင့်သုံးမျိုးနွယ်စုရှိ လူများမှာ သူတို့ကိုယ်သူတို့ အကျယ်တဝင့်မိတ်ဆက်နေကြသော်ငြား ရိုးရိုးသားသားပြောရလျှင် ကျန်းမုန့်လောင်နှင့် အိုင်းရင်းတို့ကမူ နာမည်တစ်ခုကိုပင် မမှတ်မိချေ။

တချို့မျိုးနွယ်စုများ၏ နာမည်များကား ရှေးဟောင်းကဗျာများထက်ပင် ပိုရှည်ပြီး နားလည်ရခက်သော စကားလုံးများဖြင့် ပြည့်နေလေသည်။ သူသည် အထက်တန်းကျောင်းက ဘွဲ့ရလာသည်မှာ နှစ်အတော်ကြာနေချေပြီ။ သူတို့က သူ့ကို စာအလွတ်ရွတ်ခိုင်းနေလေသလား။

ဘေးနားရှိ အာပါချီကတော့ ဘာလုပ်ရမှန်းမသိတော့ပေ။ စိတ်အားထက်သန်နေသော လူအုပ်ကြီးက သူ့ကို လူအုပ်၏အပြင်ဘက်သို့ တွန်းထုတ်လိုက်၏။ သူ့တစ်သက် ဤမြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးပေ။

သူသည် သူ့အဖေကို သွားရှာရန် စီစဉ်ထားခြင်းပင်။ အိုင်းရင်းက သူ့အဖေဆီ ကိုယ်တိုင်လိုက်လည်မည်ဟု ပြောထားသော်လည်း အဆင့်ငါး မျိုးနွယ်စုရှိ အရေးပါလှသော ပုဂ္ဂိုလ်တစ်ယောက်ကို သူ့အဖေဆီသို့ တကယ်အလည်အပတ်လာခိုင်းရန်မှာမူ မဖြစ်နိုင်ပေ။

ထိုအချိန်တွင် အလွန်စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော အသံတစ်သံက သူ့အနောက်မှ ထွက်ပေါ်လာသည်။

"အာပါချီ မတွေ့ရတာကြာပြီနော်။ ဒါ မင်းရဲ့ ညီမလား"

အာပါချီ၏အနောက်တွင် သူနှင့်သက်တူရွယ်တူခန့်ရှိသော လူငယ်တစ်ယောက်ရှိနေပြီး အဆင့်သုံး သက်ရှိတစ်ယောက်၏ရောင်ဝါကို ပိုင်ဆိုင်ထားလေရာ အာပါချီနှင့် အဆင့်အတူတူလောက်ပင်။

"မင်းညီမလေးက တော်တော်လှတာပဲ။ ငါနဲ့ ပေးစားလိုက်ပါ့လား။ ဒါဆို ငါ့အဖေကို မင်းတို့အတွက် မြေလေးနည်းနည်းလောက် ချန်ထားခိုင်းဖို့ စဉ်းစားပေးမယ်လေ"

"ဂူဒယ်လ်"

အာပါချီထံမှ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာပြီး စစ်ပွဲအတွင်းမှသာ ဖြစ်ပေါ်လာနိုင်သော သွေးဆာရက်စက်သည့် ရောင်ဝါများလည်း ကိန်းအောင်းနေသည်။

"ကဲပါကွာ.. သိပ်တင်းမာမနေစမ်းပါနဲ့။ ဒါက ပြပွဲလုပ်နေတဲ့ အင်ပါယာသလင်းကျောက်ကြယ်လေ။ စစ်မြေပြင်မှမဟုတ်တာ"

ဂူဒယ်လ်ဟုခေါ်သော လူငယ်က လှောင်ပြောင်လိုက်သည်။

"မင်းကို ထွက်ပြေးသွားပြီထင်နေတာ။ ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်မြေပြင်မှာ မတွေ့ရပါလား"

"အစ်ကို သူကဘယ်သူလဲ"

ရှာယန်နာနှင့် သူ(မ)၏ညီမက သူတို့အစ်ကို၏ အနောက်သို့ အလိုလိုဝင်ပုန်းလိုက်ကြသည်။

အာပါချီက ရှုပ်ပွေသူတစ်ယောက်နှင့် တူသော်လည်း ၎င်းမှာ ပြင်းထန်လှသော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကြောင့်ဖြစ်ကြောင်း ညီမဖြစ်သူများက သိထားသည်။ သို့သော် ထိုမတိုင်မီက သူသည် အန်ဒရိုမီဒါမျိုးနွယ်စု၏တပ်မတော်မှ ထူးချွန်သော စစ်သားတစ်ဦးပင်။

"သူက ဂူဂေါလ်မျိုးနွယ်စုက"

ဂူဂေါလ်မျိုးနွယ်စုဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် ရှာယန်နာနှင့် ညီမဖြစ်သူတို့၏ မျက်နှာထက်တွင် အလွန်သတိထားနေလေဟန် အမူအရာများ ချက်ချင်းပေါ်လာသည်။ ဤမျိုးနွယ်စုမှာ အန်ဒရိုမီဒါမျိုးနွယ်စုနှင့် နှစ်ပေါင်းရာချီ စစ်ပွဲဖြစ်ပွားနေသော မျိုးနွယ်စုပင်။

"ငါတို့အစ်ကိုသုံးယောက်က သူ့လက်ချက်ကြောင့် စစ်မြေပြင်မှာ သေခဲ့ရတာ"

ထိုသို့ပြောလိုက်စဉ် အာပါချီခမျာ အံတင်းတင်းကြိတ်ထားမိသည်။

တစ်ချိန်က အန်ဒရိုမီဒါမျိုးနွယ်စုတွင် အာပါချီအပါအဝင် အလွန်ထူးချွန်လှသော သားလေးယောက်ရှိခဲ့သည်။ သူတို့သည် အန်ဒရိုမီဒါတပ်မတော်ရှိ အကောင်းဆုံးတပ်မကြီးလေးခု၏ တပ်မှူးများဖြစ်ကြပြီး ဂူဂေါလ်မျိုးနွယ်စုနှင့် နှစ်ပေါင်းရာချီကြာအောင် တိုက်ပွဲဝင်ရန် တပ်မတော်ကို ဦးဆောင်ခဲ့ကြသည်။

ဤဂူဒယ်လ်သည် ဂူဂေါလ်မျိုးနွယ်စုအတွင်း စစ်ရေးအတော်ဆုံးဖြစ်သော သခင်ကြီး၏ သားဖြစ်ပြီး သူတို့သည် အမြဲတမ်း အကြိတ်အနယ်ရှိခဲ့ကြသည်။

သို့သော် ထိုစစ်ဆင်ရေးကာလအတွင်း ဂူဒယ်လ်သည် အလွန်အမင်းဆိုးဝါးသော လုပ်ရပ်တစ်ခုကို ကျူးလွန်ခဲ့သည်။ သူသည် စစ်သည်ဘီလီယံပေါင်းများစွာကို စတေးကာ အန်ဒရိုမီဒါမျိုးနွယ်စု၏ ပိတ်ဆို့မှုကို တိတ်တဆိတ်ရှောင်ကွင်းပြီး လူဦးရေထူထပ်သော ဂြိုဟ်များရှိရာ နယ်မြေထဲသို့ ဝင်ရောက်၍ အစွမ်းထက်သော ဂြိုဟ်ဖျက်အမြောက်ကြီးဖြင့် ခြိမ်းခြောက်ခဲ့သည်။

သူတို့၏ နိုင်ငံသားများကို ကယ်တင်ရန်အတွက် အာပါချီ၏ အစ်ကိုသုံးယောက်နှင့် သူတို့၏တပ်မကြီးသုံးခုမှာ အလွန်နာကျင်ဖွယ်ကောင်းစွာ အဆုံးသတ်ခဲ့ရပြီး ထိုဒေသရှိ ထောင်ပေါင်းများစွာသော မျိုးနွယ်စုဂြိုဟ်များလည်း ဖျက်ဆီးခံခဲ့ရသည်။ အာပါချီကိုယ်တိုင်ပင် အပြင်းအထန်ဒဏ်ရာရခဲ့သည်။

နောက်ပိုင်းတွင် ထိုအဖြစ်အပျက်များမှ လွတ်မြောက်ရန်နှင့် မိမိကိုယ်ကို ထုံထိုင်းသွားစေရန်အတွက် အာပါချီသည် လုံးဝမတူတော့သော လူတစ်ယောက် ဖြစ်လာခဲ့သည်။

သို့သော် သူနှင့် ဂူဒယ်လ်ကြားတွင်မူ မပြေလည်နိုင်သော သွေးကြွေးတစ်ခု ရှိနေချေသည်။

"ဂူဒယ်လ်.. မင်း ငါတို့အပေါ် အကြွေးတင်နေတာမှန်သမျှ တစ်နေ့ကျရင် ငါ အကုန်ပြန်ယူပြမယ်"

အာပါချီက အံတင်းတင်းကြိတ်လျက် ပြောလိုက်သည်။

"သြော် ဟုတ်လား။ ဒါပေမဲ့ မင်းတို့မျိုးနွယ်စုရဲ့ တပ်မတော်က သိပ်ကြာကြာတောင့်ခံနိုင်တော့မယ် မထင်ဘူးနော်"

ဂူဒယ်လ်က ရယ်မောလိုက်လေရာ အမာရွတ်များဖြင့်ပြည့်နေသော သူ့မျက်နှာမှာ အလွန် ကြောက်မက်ဖွယ်ကောင်းနေတော့သည်။

"အနောက်ဒရစ်ဇယ်လ်မျိုးနွယ်စုက ဒီတစ်ခေါက် ငါတို့ကိုကူညီဖို့ အဆင့်လေးစံသတ်မှတ်ချက်ဝင်စစ်သင်္ဘောအုပ်စုတစ်စုကို စေလွှတ်ပေးဖို့ သဘောတူလိုက်ပြီ။ မင်းတို့မျိုးနွယ်စုက ဘယ်လောက်ကြာကြာခံနိုင်မယ် ထင်လဲ"

"အဆင့်လေးစစ်သင်္ဘောအုပ်စု..."

အာပါချီခမျာ ချက်ချင်းတိတ်ဆိတ်သွားသည်။ ယခုအချိန်တွင် သူတို့၏တပ်မတော်သည် ယခင်က အင်အားအကောင်းဆုံးအချိန်၏ တစ်ဝက်ပင် မပြည့်တော့ပေ။ အဆင့်လေးစစ်သင်္ဘောအုပ်စု တစ်ခုက သူတို့ကို စကြဝဠာစံတော်ချိန်နှစ်နှစ်အတွင်း အမြစ်ပြတ်သုတ်သင်ပစ်နိုင်သည်။

သူတို့မျိုးနွယ်စု၏ဥပဒေအရ သူတို့၏ အန်ဒရိုမီဒါ မျိုးနွယ်စုသို့ ကျူးကျော်ဝင်ရောက်ခြင်း မရှိနိုင်သော်လည်း သူတို့ပိုင်ဆိုင်ထားသည့် နယ်မြေများစွာ ဆုံးရှုံးရမည်ဖြစ်ပြီး ဂူဂေါလ်မျိုးနွယ်စု၏ အနိုင်ကျင့်ဗိုလ်ကျခြင်းကိုလည်း အချိန်ကြာမြင့်စွာ ခံရမည်မှာ သေချာလှသည်။ ဤသည်မှာ စစ်ရှုံးသော မျိုးနွယ်စုတစ်ခု၏ ကံကြမ္မာပင်တည်း။

"အစ်ကို.. ရှာယန်နာ့အဖေကို သွားရှာမှာမဟုတ်ဘူးလား။ ဘာလို့ ဒီမှာရပ်နေတာလဲ"

နောက်ဆုံးတော့ ကျန်းမုန့်လောင်နှင့် အိုင်းရင်းတို့လည်း လူအုပ်ထဲက တိုးထွက်လာနိုင်ခဲ့ပြီး တင်းမာနေသော အခြေအနေကို မြင်လိုက်ရချိန်ဝယ် တစ်ခုခုဖြစ်နေပြီဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။

ဤဂူဂေါလ်မျိုးနွယ်ဝင်နှင့် ပတ်သက်သည့်ကိစ္စကို ရှာယန်နာက ရှင်းပြလိုက်ချိန်ဝယ် အိုင်းရင်း၏အမူအရာကား ပျက်ယွင်းသွားချေသည်။

"အာပါချီ.. ဒီဂူဂေါလ်မျိုးနွယ်စုကို ငါတို့ ရှင်းထုတ်ပေးလိုက်ရင် ရှာယန်နာ့အဖေလည်း သူ့ကို ဂါလာမျိုးနွယ်စုက တပ်မှူးကြီးရဲ့သားနဲ့ ပေးစားဖို့ စဉ်းစားစရာမလိုတော့ဘူးမလား"

"သေ... သေချာတာပေါ့"

တကယ်တမ်းတွင် သူတို့၏အကူအညီမပါလျှင်ပင် ရှာယန်နာ၏အဖေက သူ(မ)ကို အခြားမည်သူနှင့်မှ ပေးစားရဲမည်မဟုတ်ပေ။

ကျန်းမုန့်လောင်က ဂရုချက်ကို တစ်ဖန်ပြန်ဖွင့်လိုက်သည်။

"ရောက်ကြပြီလား"

ကျန်းမုန့်လောင် မက်ဆေ့ခ်ျပို့လိုက်သည်နှင့် နာရီအနည်းငယ်ကြာအောင် တိတ်ဆိတ်နေသော ဂရုမှာ ရုတ်တရက် ပြန်လည်အသက်ဝင်လာသည်။

"ဆရာသခင်.. ကျွန်တော့်ရဲ့စစ်သင်္ဘောအုပ်စု ရောက်နေပါပြီ။ အမြွှာဝေလငါးစကြဝဠာအင်ပါယာရဲ့ အစွန်အဖျားမှာပါ။ ဆရာသခင် ညွှန်ကြားထားတဲ့နေရာကို အမြန်ဆုံးနှုန်းနဲ့ လာနေပါတယ်။ ငါးမိနစ်ပဲ ကြာပါမယ်"

"ဆရာသခင်.. ကျွန်တော့်စစ်သင်္ဘောအုပ်စုလည်း ရောက်ပါပြီ။ လက်ရှိမှာ မြင့်မားတဲ့အတိုင်းအတာတစ်ခုနဲ့ ကိုယ်ယောင်ဖျောက်ပြီး ဆရာသခင်ရဲ့အမိန့်ကို စောင့်ဆိုင်းနေပါတယ်"

"ဆရာသခင်.. လက်နက်တွေ အဆင်သင့်ဖြစ်နေပါပြီ။ ဘယ်သူ့ကို တိုက်ရမလဲသာ ပြောလိုက်ပါ။ ချက်ချင်းလုပ်လိုက်ပါ့မယ်"

စကြဝဠာစံတော်ချိန် နှစ်နာရီသုံးနာရီမျှသာ ကြာသေးသော်လည်း အနီးဆုံးမျိုးနွယ်စု၏ စစ်သင်္ဘောအုပ်စုသည် အလင်းနှစ်ဘီလီယံဆယ်ချီကို ဖြတ်သန်းကာ အမြွှာဝေလငါးစကြဝဠာအင်ပါယာအနီးသို့ ရောက်ရှိနေပြီဖြစ်လေရာ ကျန်းမုန့်လောင်ကိုယ်တိုင်ပင် သူတို့၏ နည်းပညာ အဆင့်အတန်းမြင့်မားမှုကို အံ့သြချီးကျူးမိသည်။

အာကာသဖြတ်လမ်းကို ခုန်ကျော်ဖြတ်သန်းသည့် နည်းပညာ၏ စွမ်းအင်သုံးစွဲမှုမှာ ကြီးမားလှပြီး အာကာသအချိန်ဥမင်လှိုဏ်ခေါင်းကိုဖွင့်ရန် ဧရာမစက်ပစ္စည်းတစ်ခုကို လိုအပ်သဖြင့် စစ်ပွဲထောက်ပံ့မှုများတွင်သာ အသုံးပြုလေ့ရှိသည်။ ကျန်းမုန့်လောင်၏ စတားဂေဇာပင် ထိုကဲ့သို့သော စက်ပစ္စည်းမျိုး မရှိပေ။ ဤအဖြစ်မှာ သခင်ကြီးများက ကျန်းမုန့်လောင်နှင့်ပတ်သက်သည့် ကိစ္စကို မည်မျှတန်ဖိုးထားကြောင်း မှန်းဆကြည့်နိုင်သည်။

ဤှသည်မှာ ကုန်ကျစရိတ်ကို မငဲ့ကွက်သည့် အခြေအနေအထိ ရောက်ရှိနေလေပြီ။

"အားလုံးကို ကျေးဇူးတင်ပါတယ်"

ကျန်းမုန့်လောင် ရေတွက်ကြည့်လိုက်လေရာ မျိုးနွယ်စုခုနစ်ခု၏ စစ်သင်္ဘောအုပ်စုများ ရောက်ရှိနေပြီဖြစ်၏။ အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ စစ်သင်္ဘောအုပ်စု အချက်အလက်များနှင့် ယှဉ်လျှင် ထိုမျိုးနွယ်စုများ၏ သင်္ဘောယာဉ်စုများမှာ အနည်းဆုံး အဆင့်နှစ်ဆင့်ခန့် ပိုမြင့်မားပြီး အားလုံးနီးပါးကလည်း အဆင့်ငါးအထက်တန်းစား မျိုးနွယ်စုများ၏ စံသတ်မှတ်ချက်ဝင် စစ်သင်္ဘောကြီးများ ဖြစ်နေကြသည်။

"နောက်ကျရင် ခင်ဗျားတို့အတွက် သိုင်းလက်နက်တချို့ဖန်တီးပေးဖို့ အချိန်ပေးပါ့မယ်"

ကျန်းမုန့်လောင်က ကတိပေးလိုက်သည်။ အဆင့်ခြောက် သို့မဟုတ် အဆင့်ခုနစ်သိုင်းလက်နက် ဆယ်လက်၊ အလက်နှစ်ဆယ်ခန့်ကို တစ်နေ့တည်းဖြင့် ဖန်တီးနိုင်စွမ်းရှိသော သူ့အတွက်မူ ခက်ခဲလှသော ကိစ္စမဟုတ်ပေ။ သူတို့က သူ့ကို ကူညီခဲ့သည့်အတွက် သူကလည်း အပြန်အလှန်အနေနှင့် ဆုလာဘ်တစ်ခုခု ပေးရမည်ဖြစ်၏။

"ကျေးဇူးတင်ပါတယ် ဆရာသခင်"

"ကျေးဇူးတင်ပါတယ် ဆရာသခင်.. နောက်နောင် ဒီလိုအကူအညီမျိုးလိုအပ်ရင် ကျွန်တော်တို့ကိုသာ အသိပေးလိုက်ပါ"

ထိုကဲ့သို့သော ကတိစကားကြောင့် ထိုသခင်ကြီးများမှာ ကျေနပ်အားရစွာ ပြုံးရွှင်နေကြတော့သည်။ သူတို့၏ ရင်းနှီးမြှုပ်နှံမှုမှာ အရာထင်သွားပြီဖြစ်၏။

"ကောင်းပြီ အားလုံးပဲ။ အခု ငါပေးထားတဲ့ ကိုဩဒိနိတ်တွေဆီကို သွားပြီး အဲဒီဂူဂေါလ်မျိုးနွယ်စုရဲ့တပ်မတော်နဲ့ သူတို့သခင်ကြီးရဲ့ အိမ်တော်ကို ရှင်းပစ်လိုက်။ ဒါက မင်းတို့အတွက် ပြဿနာမရှိနိုင်ပါဘူးနော်"

"ဆရာသခင်.. စိတ်ချပါ။ အဆင့်သုံးမျိုးနွယ်စုတစ်ခုလေးပါ။ ကျွန်တော်တို့ ချက်ချင်းရှင်းပေးပါ့မယ်"

"ဟုတ်ကဲ့ပါ ဆရာသခင်.. အဲဒီအမြွှာဝေလငါးစကြဝဠာအင်ပါယာဆိုတာ အခြေခံအဆင့်ငါးမျိုးနွယ်စုလေးတစ်ခုပါ။ သူတို့အရှင်သခင် အသံတစ်သံတောင် ထွက်ရဲမှာမဟုတ်ဘူးလို့ အာမခံပါတယ်"

"သူသာကန့်ကွက်ရဲရင် သူ့ကိုပါ တစ်ခါတည်း ရှင်းပစ်လိုက်မယ်"

*******************

အခန်း ၈၄၉ - ငါ ဝင်မပါရဲဘူး

အမြွှာဝေလငါးစကြဝဠာအင်ပါယာ၊ အမှတ်၈တပ်မတော်စု၏ နယ်စပ်ဒေသ...

ဤတပ်မကြီးသည် အမြွှာဝေလငါးစကြဝဠာအင်ပါယာကို တည်ထောင်ကတည်းက တည်ရှိခဲ့သော တပ်မကြီးပင်။ တပ်မတစ်ခုလုံးတွင် အဆင့်နှစ် သက်ရှိများ၏ ကိုယ်ကာယကြံ့ခိုင်မှုအဆင့်ရှိသော စစ်သည်အင်အား တစ်ဆယ်ဘီလီယံရှိပြီး တပ်မှူးမှာ အဆင့်ခြောက်သက်ရှိအဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန် နီးစပ်နေသော သိုင်းပညာရှင်တစ်ဦး ဖြစ်၏။

အမြွှာဝေလငါးစကြဝဠာအင်ပါယာတွင် စုစုပေါင်း တပ်မကြီး၁၁၇ခု၊ အဆင့်ငါးအခြေခံအဆင့်မြင့် မျိုးနွယ်စုစစ်သင်္ဘောအုပ်စု ၁၂ခုရှိပြီး ဤအမှတ် ၈တပ်မတော်စုသည် အဆင့်ငါးမျိုးနွယ်စုစစ်သင်္ဘောအုပ်စုတစ်ခုကို သီးခြားပိုင်ဆိုင်ထားသည်။ ၎င်းမှာ တပ်မကြီးအားလုံးထဲတွင် အင်အားအကြီးဆုံး တိုက်ခိုက်ရေးစွမ်းအားစု ဖြစ်ကြောင်း မှန်းဆကြည့်နိုင်ပေသည်။

အကြောင်းမှာ သူတို့စောင့်ကြပ်ရသော နေရာသည် အမြွှာဝေလငါးစကြဝဠာအင်ပါယာတစ်ခုလုံးတွင် အန္တရာယ်အများဆုံးနေရာဖြစ်သလို မျိုးနွယ်စု အသီးသီးကြား အဆက်အသွယ်အများဆုံး ပြုလုပ်လေ့ရှိသည့် ဒေသလည်း ဖြစ်သောကြောင့်တည်း။ အမြွှာဝေလငါးစကြဝဠာအင်ပါယာကို ကျူးကျော်ရန် ကြိုးစားသည့် စစ်သင်္ဘောအုပ်စု ၉၀ရာခိုင်နှုန်းကျော်မှာ ဤဒေသကို ဖြတ်သန်းသွားကြရသည်။

သို့သော် လက်ရှိတွင် စကြဝဠာတစ်ခုလုံးမှာ အများအားဖြင့် ငြိမ်းချမ်းသော အခြေအနေတွင် ရှိပြီး စစ်ပွဲကြီးကြီးမားမားလည်း သိပ်မရှိပေ။ အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ နယ်စပ်ကလည်း နှစ်ပေါင်းသိန်းနှင့်ချီတိုင်အောင် မည်သည့် ဆူပူအုံကြွမှုမျိုးမှ မရှိခဲ့ပေ။

သို့ရာတွင် စစ်သည်များဖြစ်သည့်အလျောက် သူတို့သည် စစ်စည်းကမ်းကို အမြင့်မားဆုံး ထိန်းသိမ်းထားရမည်ဖြစ်၏။ ဤအမှတ်၈တပ်မတော်စု၏ တပ်စခန်းမှာ အဓိကအားဖြင့် စစ်သည်များကို နေ့စဉ်လေ့ကျင့်ပေးရန်ဖြစ်ပြီး ပုံမှန်ကင်းလှည့်သည့် တာဝန်များနှင့် နယ်စပ်မျိုးနွယ်စုများ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တာဝန်တချို့ကလွဲ၍ ထမ်းဆောင်စရာ တိုက်ခိုက်ရေးတာဝန်များ မရှိပေ။

"ဒီနေ့လေ့ကျင့်ရေး ဒီမှာတင်ပြီးပြီ"

အဆင့်ငါးသက်ရှိတစ်ဦး၏ လမ်းညွှန်မှုအောက်တွင် စစ်သည်များမှာ ယနေ့အတွက် လေ့ကျင့်ရေးကို အဆုံးသတ်လိုက်ကြသည်။

"ဒီနေ့ တာဝန်ကျတဲ့အဖွဲ့က ကင်းလှည့်တဲ့တာဝန်ကို ထမ်းဆောင်ကြတော့"

"ဟုတ်ကဲ့ပါ နည်းပြကြီး"

ထိုအဆင့်ငါးသက်ရှိမှာ လေ့ကျင့်ရေးကွင်းထဲမှ ထွက်ခွာလာပြီး သူတို့၏ကျင့်ကြံရေးအခန်းထဲသို့ ပြန်သွားလေသည်။ အဆင့်ငါးသက်ရှိတစ်ဦးအတွက် ယခုလို သာမန်လေ့ကျင့်မှုမျိုးက အဓိပ္ပာယ်သိပ်မရှိလှပေ။ သူတို့အနေနှင့် ဆွဲငင်အားလေ့ကျင့်မှု၊ အပူချိန်မြင့်လေ့ကျင့်မှု စသည့် ပိုမို ပြင်းထန်သော လေ့ကျင့်ရေးပတ်ဝန်းကျင်မျိုးကို လိုအပ်သည်။

တပ်မကြီး၏တပ်စခန်းတွင် ဤကဲ့သို့သော ကျင့်ကြံရေးအခန်းများကို တပ်မထဲရှိ အဆင့်မြင့် အရာရှိများအတွက် အထူးတည်ဆောက်ပေးထားသည်။ သို့မှသာ သူတို့အနေနှင့် ပျင်းစရာကောင်းလှသော နှစ်ပေါင်းထောင်သောင်းချီသည့် တာဝန်ထမ်းဆောင်ချိန်များကို တောင့်ခံနိုင်မည်ဖြစ်၏။

"တပ်မှူး"

တောင့်တင်းခိုင်မာသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ကျင့်ကြံရေးအခန်းထဲမှ ထွက်လာသည်။ သူ့ခန္ဓာကိုယ်မှ သွေးဆာနေသော ရောင်ဝါများသာမက ကြီးမားလှသော ဖိအားများပါ ထွက်ပေါ်နေသည်။

အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ အရှင်ဘုရင်ပြီးလျှင် ဒုတိယအာဏာအမြင့်ဆုံး သက်ရှိအဆင့်ဖြစ်သော ဩဂတ်စတပ်စ်သည် နှစ်ပေါင်းတစ်သောင်းအတွင်း အဆင့်ခြောက်သက်ရှိအဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်ပြီး ထာဝရအသက်ရှင်ခွင့်ရမည့် သန်မာသူတစ်ဦး ဖြစ်လာလိမ့်မည်ဟု အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ အရှင်သခင်ကပင် ခန့်မှန်းထားသည်။

"ကာယာ.. ဒီတလော နယ်စပ်မှာ ဘာကိစ္စမှမဖြစ်ဘူးမဟုတ်လား။ အနီးအနားက စကြဝဠာအင်ပါယာတချို့ ပဋိပက္ခတွေ တော်တော်ပြင်းထန်နေတယ်လို့ ကြားတယ်"

"စိတ်ချပါ တပ်မှူး။ သူတို့ရဲ့ပဋိပက္ခတွေက နယ်စပ်မှာ ဖြစ်နေတာပါ။ ကျွန်တော်တို့ဆီကနေ အနည်းဆုံး အလင်းနှစ် သန်းနဲ့ချီပြီး ဝေးတဲ့အတွက် ကျွန်တော်တို့ဘက်ကို မထိခိုက်နိုင်ပါဘူး"

"အင်း.. ဒါပေမဲ့ မင်းတို့ ပေါ့ဆလို့တော့မရဘူးနော်။ အရှင်သခင်က ဒီလိုအရေးကြီးတဲ့ နယ်စပ်စောင့်ကြပ်ရေးတာဝန်ကို ငါ့ကို ယုံကြည်လို့ ပေးအပ်ထားတာ။ ငါ သူ့ကို စိတ်ပျက်အောင် လုပ်လို့မဖြစ်ဘူး"

"ဟုတ်ကဲ့ပါ"

တပ်မနည်းပြက လေးနက်စွာ ပြောလိုက်သည်။

"ကျွန်တော်တို့ နေ့တိုင်း ကင်းလှည့်သင်္ဘောတွေအများကြီးကို အဆက်မပြတ်ကင်းလှည့်ဖို့ စေလွှတ်ထားပါတယ်။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ချက်ချင်းသတင်းပို့ပါလိမ့်မယ်"

"တီ တီ တီ"

ကာယာ၏ ဆက်သွယ်ရေးစက်မှတစ်ဆင့် ဆက်သွယ်မှုတောင်းဆိုချက်တစ်ခု ရုတ်ခြည်းဝင်လာသည်။

"ကာယာပါ"

"သတင်းပို့ပါတယ် နည်းပြ.. ဒါက အမှတ်၈တပ်မရဲ့ သုံးဆယ့်နှစ်ခုမြောက်ကင်းလှည့်တပ်ဖွဲ့ပါ။ ကျွန်တော်တို့ လက်ရှိကိုဩဒိနိတ် b65.g76757နားမှာ ရှိနေပါတယ်။ အခုလေးတင် ကြီးမားတဲ့ စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး လောလောဆယ်မှာ အဆင့်ငါးအဆင့်မြင့်မျိုးနွယ်စုတစ်ခုရဲ့ စစ်သင်္ဘောယာဉ်စုအဖြစ် သတ်မှတ်ထားပါတယ်"

"မင်း ဘာပြောလိုက်တယ်"

အမှတ်၈တပ်မ စောင့်ကြပ်နေသည့်နေရာတွင် သူတို့ကိုယ်ပိုင်စစ်သင်္ဘောယာဉ်စုကလွဲ၍ အခြားအဆင့်ငါးမျိုးနွယ်စု စစ်သင်္ဘောယာဉ်စုများ ရှိနေရန် မဖြစ်နိုင်ပေ။ သူတို့၏ စစ်သင်္ဘောယာဉ်စုကလည်း ဌာနချုပ်တွင် ပြုပြင်ထိန်းသိမ်းမှု ခံယူနေဆဲဖြစ်လေရာ ၎င်းမှာ အဆင့်ငါးအခြေခံမျိုးနွယ်စု၏ စစ်သင်္ဘောယာဉ်စုတစ်ခုမျှသာ။

"မင်း သေချာလား"

"သေချာပါတယ်။ ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးစက်တွေက အဆင့်ငါး အထွတ်အထိပ်စစ်သင်္ဘောအစင်းတစ်ထောင်ကျော်နဲ့ ညီမျှတဲ့ စွမ်းအင်တွေကို ထောက်လှမ်းမိထားပါတယ်"

တစ်ဖက်လူ၏ လေသံမှာ တုန်ယင်နေလေသည်။

ဤမျှကြီးမားသော စစ်သင်္ဘောယာဉ်တန်းက မလိုလားအပ်သော ရည်ရွယ်ချက်ဖြင့် လာရောက်ခြင်းသာဆိုလျှင် အမှတ်၈တပ်မ၏ စစ်သင်္ဘောအယာဉ်စုမှာ သုံးရက်မပြည့်ခင်မှာပင် အမြစ်ပြတ် သုတ်သင်ခံရလိမ့်မည်။

"မင်းတို့ သူတို့ကို သတိပေးချက်ထုတ်ပြန်ပြီးပြီလား"

"ထုတ်ပြန်ပြီးပါပြီ။ ဒါပေမဲ့ အခုအချိန်ထိ တစ်ဖက်က ဘာတုံ့ပြန်မှုမှ မရသေးပါဘူး"

"ဘာဖြစ်နေတာလဲ"

တပ်မှူးဩဂတ်စတပ်စ်မှာ ကာယာ၏ မျက်နှာပေါ်ရှိ တင်းမာနေသော အမူအရာကို မြင်လိုက်ရသည်။

"ကင်းလှည့်သင်္ဘောက အဆင့်ငါးအဆင့်မြင့်မျိုးနွယ်စုတစ်ခုရဲ့ စစ်သင်္ဘောယာဉ်တန်းတစ်ခုကို တွေ့ထားပါတယ်။ သူတို့ ကျွန်တော်တို့ဆီကို လာနေတာလားဆိုတာတော့ မသိရသေးပါဘူး"

ကာယာကလည်း သတင်းပို့လိုက်သည်။

စကားပြောပြီးသည်နှင့် ကာယာ၏ ဆက်သွယ်ရေးစက်က ထပ်မြည်လာပြန်သည်။

"သတင်းပို့ပါတယ် နည်းပြကာယာ..ကိုဩဒိနိတ် h786.s467မှာ အဆင့်ငါးအဆင့်မြင့်မျိုးနွယ်စုရဲ့ စစ်သင်္ဘောယာဉ်စုနှစ်စု ပေါ်လာပါတယ်"

"တီ တီ တီ"

"သတင်းပို့ပါတယ် နည်းပြ.. ကိုဩဒိနိတ် c67.i9887ရှိတဲ့ ဧရိယာတစ်ခုမှာ အဆင့်ငါး အထွတ်အထိပ်မျိုးနွယ်စုရဲ့ လက်အောက်ခံ စစ်သင်္ဘောယာဉ်စုတစ်ခု ပေါ်လာပါတယ်"

...

မိနစ်အနည်းငယ်အတွင်းမှာပင် သူတို့၏တပ်မကို အဆင့်ငါးအလယ်အလတ်မျိုးနွယ်စု သို့မဟုတ် ၎င်းထက်ပိုမြင့်သော မျိုးနွယ်စုများ၏ စစ်သင်္ဘောယာဉ်စု အနည်းဆုံးဆယ်ခုက ဝန်းရံထားကြောင်း တွေ့လိုက်ရသည်။

"ဒါ ဘာတွေဖြစ်နေတာလဲ"

သူ့တစ်သက် အရွယ်အစားအမျိုးမျိုးရှိသော စစ်ပွဲပေါင်း မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ဖူးသည်။ အများစုမှာ အင်အားမျှတသော တိုက်ပွဲများသာ။ ဩဂတ်စတပ်စ်ခမျာ လက်ရှိအခြေအနေတွင် ခုခံရန် လုံးဝမလိုအပ်တော့သည့် အခြေအနေနှင့် ရင်ဆိုင်လိုက်ရသည်။ အကြောင်းမှာ ဤစစ်သင်္ဘောယာဉ်စုဆယ်စုထဲမှ မည်သည့်အုပ်စုမဆို အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ တပ်မအားလုံးကို အလွယ်တကူဖျက်ဆီးပစ်နိုင်သောကြောင့်ပင်။

"တစ်ဖက်က အကြောင်းပြန်လာပါပြီ"

နောက်ဆုံးတွင် တပ်ဖွဲ့တစ်ခုမှ သတင်းစကားကို ပြန်လည်ယူဆောင်လာသည်။

"သူတို့ဘက်က ဘာပြောလဲ"

ဩဂတ်စတပ်စ်လည်း ကာယာ၏ ဆက်သွယ်ရေးစက်ကို အမြန်လုယူလိုက်သည်။

"တ... တပ်မှူးလား"

"အခြေအနေကို အခုချက်ချင်း သတင်းပို့စမ်း"

"ဟုတ်ကဲ့ပါ။ တပ်မှူးကို သတင်းပို့ပါတယ်။ တစ်ဖက်လူတွေက သူတို့ဟာ အော်ရီရီယာမျိုးနွယ်စုက လာတာလို့ ဆိုပါတယ်။ ကျွန်တော်တို့ကို ရန်ပြုဖို့ ရည်ရွယ်ချက်မရှိဘဲ လမ်းခဏငှားချင်ရုံသက်သက်ပါတဲ့။ သူတို့ရဲ့ ခရီးစဉ်လမ်းကြောင်းကိုလည်း ကျွန်တော်တို့ဆီ ပို့ပေးထားပြီးပါပြီ"

"အော်ရီရီယာမျိုးနွယ်စုလား"

စကြဝဠာအင်ပါယာတစ်ခု၏ တပ်မှူးတစ်ယောက်အနေနှင့် ကျော်ကြားလှသော ဤစကြဝဠာအင်ပါယာများကို ဩဂတ်စတပ်စ် မသိဘဲမနေပေ။

အော်ရီရီယာစကြဝဠာအင်ပါယာသည် သမိုင်းကြောင်း နှစ်ဘီလီယံကျော်ရှိပြီး အမြွှာဝေလငါးစကြဝဠာအင်ပါယာထက် နယ်မြေအကျယ်အဝန်းငါးဆခန့် ပိုမိုကြီးမားကာ စစ်ရေးအင်အားကလည်း သူတို့ထက် အဆပေါင်းများစွာ သာလွန်သည်။ သူတို့၏ အရှင်သခင်မှာ အစွမ်းထက်လှသော အဆင့်ခြောက်အထက်တန်းစားသက်ရှိတစ်ဦးပင်။

"တပ်မှူး.. ကျွန်တော်တို့ဆီလည်း အကြောင်းပြန်စာရပါပြီ။ သူတို့ကလည်း လမ်းငှားချင်တယ်လို့ ပြောပါတယ်"

"ဘယ်မျိုးနွယ်စုကလဲ"

"သူတို့က လခြမ်းကွေးစကြဝဠာအင်ပါယာက စစ်သင်္ဘောယာဉ်တန်းလို့ ဆိုပါတယ်"

"လာပြန်ပြီ။ အဆင့်ငါးအဆင့်မြင့်မျိုးနွယ်စုတစ်ခုပဲ..."

သတင်းစကားများ ဆက်တိုက်ရောက်လာသည်။ ဤစစ်သင်္ဘောယာဉ်စုများအားလုံးက လမ်းငှားလိုကြောင်း ပြောဆိုနေကြပြီး အထူးဆန်းဆုံးမှာ သူတို့၏ ခရီးစဉ်လမ်းကြောင်းများမှာ အံ့ဩဖွယ်ကောင်းလောက်အောင် တူညီနေခြင်းပင်။

"သူတို့ကို ခဏလောက် စောင့်ခိုင်းထားလိုက်။ အရှင်သခင်ကို ငါ သတင်းပို့လိုက်ဦးမယ်"

ဩဂတ်စတပ်စ်မှာ သူနှင့် အရှင်သခင်တို့ကြားရှိ အထူးဆက်သွယ်ရေးလိုင်းကို ချက်ချင်း ချိတ်ဆက်လိုက်သည်။

"ဩဂတ်စတပ်စ်လား။ မင်း ငါ့ကို မဆက်သွယ်တာ တော်တော်ကြာပြီ"

ရှေးကျလှသော်လည်း တက်ကြွမှုအပြည့်ရှိသော အသံတစ်သံက တစ်ဖက်မှ ထွက်ပေါ်လာသည်။

"သတင်းကောင်းလေး ဘာလေးများ ရှိလို့လား။ ငါ ခန့်မှန်းကြည့်ရရင် မင်း အဆင့်ခြောက်သက်ရှိအဆင့်နဲ့ နီးနေပြီမဟုတ်လား"

အမြွှာဝေလငါးစကြဝဠာအင်ပါယာအတွက် အဆင့်ခြောက်သက်ရှိတစ်ဦး ထပ်တိုးလာပါက မျိုးနွယ်စု၏ ပျှမ်းမျှအင်အားမှာ အနည်းဆုံး ၅၀ရာခိုင်နှုန်းခန့် တိုးတက်လာမည်ဖြစ်၏။

"အရှင်သခင်.. တစ်ခုခုတော့ဖြစ်နေပြီ"

ဩဂတ်စတပ်စ်ကလည်း ပြောလိုက်သည်။

"ကျွန်တော်တို့ အမှတ်၈တပ်မနာစမှာ စကြဝဠာ စစ်သင်္ဘောယာဉ်စုရှစ်စု ရုတ်တရက်ပေါ်လာပါတယ်။ သူတို့က ကျွန်တော်တို့ဆီက လမ်းငှားချင်တယ်တဲ့။ သူတို့ကို ဖြတ်သွားခွင့်ပြုရမလား"

"လမ်းငှားချင်တယ် ဟုတ်လား"

တစ်ဖက်တွင်မူ ခေတ္တတိတ်ဆိတ်သွားသည်။

"ဒီစစ်သင်္ဘောယာဉ်စုတွေက ဘယ်လောက် အတိုင်းအတာရှိလဲ"

"အဆင့်ငါး အလယ်အလတ်မျိုးနွယ်စုတွေရဲ့စစ်သင်္ဘောယာဉ်စုနှစ်ခု၊ အဆင့်ငါးအဆင့်မြင့်မျိုးနွယ်စုတွေရဲ့ စစ်သင်္ဘောယာဉ်စု၅ခု။ ပြီးတော့ အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စုရဲ့ တိုက်ခိုက်ရေးစစ်သင်္ဘောယာဉ်စုတစ်ခု ပါပါတယ်"

ဩဂတ်စတပ်စ်က ဆက်ပြောလေသည်။

"သူတို့က အော်ရီရီယာစကြဝဠာအင်ပါယာ၊ လခြမ်းကွေးစကြဝဠာအင်ပါယာတို့က လာတာပါ။ သူတို့ကို ဖြတ်သွားခွင့်ပေးလိုက်ရမလား"

"သူတို့ကို ဖြတ်သွားခွင့်ပေးလိုက်"

မိနစ်အနည်းငယ်ကြာပြီးနောက် ကူကယ်ရာမဲ့နေလေဟန် အသံတစ်သံကား တစ်ဖက်မှ ထွက်ပေါ်လာသည်။

"အရှင်သခင်.. အရမ်းထူးဆန်းတဲ့ကိစ္စ တစ်ခုရှိပါတယ်။ သူတို့ဖြတ်သန်းမယ့် လမ်းကြောင်းတွေက အားလုံးနီးပါး တစ်ထပ်တည်းတူနေပါတယ်။ ကျွန်တော်တို့ ထပ်မေးကြည့်ရမလား"

"ဘာကိုမေးရမှာလဲ"

မြင့်မြတ်လှသော သက်ရှိတစ်ဦးဖြစ်သည့် အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ အရှင်သခင်သည် သူတို့၏ဂုဏ်သိက္ခာကို အမြဲထိန်းသိမ်းထားလေ့ရှိရာ ယခင်က ဤမျှကြမ်းတမ်းစွာ တစ်ခါမှမပြောခဲ့ဖူးပေ။

"အရှင်သခင်..."

"သူတို့ကို ဖြတ်သွားခွင့်ပေးလိုက်လို့ ငါပြောနေတယ်လေ"

ယခုလေးတင် အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ အရှင်သခင်ထံသို့ သတင်းစကားအချို့ ရောက်ရှိလာခဲ့သည်။ ၎င်းမှာ ထိုစကြဝဠာအင်ပါယာများ၏ အရှင်သခင်များထံမှ တိုက်ရိုက်ရောက်ရှိလာခြင်းပင်။

သတင်းစကားများမှာ တိုတောင်းသော်လည်း အလွန်ပြတ်သားလှသည်။ သူတို့သည် အမြွှာဝေလငါးစကြဝဠာအင်ပါယာအပေါ် မည်သို့သော ရန်လိုသည့်လုပ်ရပ်မျိုးကိုမှ မလုပ်ဆောင်ပါဟု ကတိပေးထားသော်လည်း အကယ်၍ ဖြတ်သန်းခွင့်မပေးပါက တံခါးကိုချိုးဖျက်၍ သူတို့ဘာသာ ဝင်ရောက်ရန်လည်း ဝန်လေးမည်မဟုတ်ကြောင်း ဆိုထားလေသည်။

သူလည်း အကြောင်းအရင်းကို သိချင်မိသည်။ သို့သော် သူ့အနေနှင့် မေးရဲပါမည်လော။ သူ့စိတ်အခြေအနေကား ပြိုလဲလုမတတ်ဖြစ်နေချေပြီ။

All Chapters