← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

🫧 Chapter 37

ကျန်းလင် နံရံကိုဖြတ်ပြီး ဝင်သွားချိန်တွင် အဘိုးအိုတစ်ဦး၏ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ ဖြည်းဖြည်းချင်းထွက်ကွာနေသည်ကို အမှန်ပင်တွေ့လိုက်ရသည်။

ဝိညာဉ်ကွာကျနေသည့် အရှိန်ကိုကြည့်ရသည်မှာ ထိုအဘိုးအိုသည် လောကကြီးကို စွန့်ခွာသွားရန် အလွန်တွန့်ဆုတ်နေပုံရသည်။

ဆေးရုံခုတင်ပေါ်တွင် အဘိုးအို ခန္ဓာကိုယ်မှာ လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေ၏။

ခုတင်ဘေးတွင် သားသမီး သုံးတွဲနှင့် မြေးများမှာ ခုတင်ဘေးတွင် ဒူးထောက်နေကြသည်။

အသက်မရှိတော့သော အဘိုးအိုကို ကြည့်ပြီး နှပ်ချေးတန်း လန်းဖြင့် ငိုကြွေးနေကြသည်မှာ ကြေကွဲစရာကောင်းလှသည်။

"အဖေ၊ ဘာလို့ ဒီလိုကြီး ထွက်သွားရတာလဲ"

"နန်နန်၊ အဘိုးကို မြန်မြန်ခေါ်ဦး၊ ဒါ သမီးရဲ့ အဘိုးလေ"

လူလတ်ပိုင်းအရွယ်များဖြစ်ကြပြီး အိမ်ထောင်ကိုယ်စီနှင့် အိမ်ထောင်ဦးစီးများ ဖြစ်နေကြသော်လည်းယခုအချိန်တွင်တော့ တစ်ယောက်စီတိုင်း ကလေးငယ်များကဲ့သို့ ငိုကြွေးနေကြသည်။

Live ထဲက ပရိသတ်များမှာလည်း ဤအငွေ့အသက်ကြောင့် စိတ်မကောင်းဖြစ်ကာ ငြိမ်သက်သွားကြသည်။

[ဒီအခန်းကို ကြည့်ရတာ တော်တော် အဆင့်မြင့်ပုံပဲ၊ အဘိုးအို အသက်ရှိစဉ်က ဘဝက အဆင်ပြေပြေရှိခဲ့ပုံရတယ်]

[အား ကျွန်တော်လို ယောကျ်ားကြီးတောင် တကယ် ငိုချင်လာပြီ]

[ဒီလောကမှာ အားအငယ်ဆုံး ဖြစ်ရတာက သေဆုံးသူက သေဆုံးသွားပြီ၊ အသက်ရှင်သူကတော့ ဒီအတိုင်း ကျန်ရစ်ခဲ့ရတာပဲ..

[ကျွန်မ အသက် ၁၆ နှစ်တုန်းက တစ်ရက်မှာ မေမေက ကျွန်မကို 'မေမေမှာ အဖေ မရှိတော့ဘူး' လို့ ရုတ်တရက် လာပြောတာကို သတိရမိတယ်...]

...

လူကြီးများစွာ ဝမ်းနည်းပက်လက် ငိုနေကြသည်ကို ကြည့်ပြီး

ကလေးငယ်များမှာမူ ဘာမှမသိသေးသော မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်နေကြကာ လူကြီးများ ခိုင်းသမျှကို လိုက်လုပ်နေကြသည်။

နန်နန်ဟု ခေါ်သော ကောင်လေးမှာလည်း ထိုနည်းတူပင်။

သူသည် စကားနားထောင်စွာဖြင့် ဆေးရုံခုတင်ကို ကြည့်ပြီး "အဘိုး" ဟု အသံကြည်ကြည်လေးဖြင့် ခေါ်လိုက်သည်။

ခေါ်ပြီးနောက် ငိုနေဆဲဖြစ်သော ဖေဖေကို ကြည့်ကာ အင်္ကျီလက်ကို ဆွဲလိုက်သည်။

"ဖေဖေ၊ အဘိုး ထွက်သွားပြီဆိုရင် သားတို့ အိမ်ကြီးကြီးမှာ နေလို့မရတော့ဘူးလားဟင်"

ကြည်လင်ပြီး အပြစ်ကင်းစင်သော အသံလေးမှာ အခန်းထဲတွင် ပဲ့တင်ထပ်သွား၏။

ကလေးငယ်က 'ထွက်သွားပြီ' ဆိုသည်ကို ဘာမှန်း မသိပေ။

ဖေဖေ ဒီလောက် ဝမ်းနည်းတကြီး ငိုနေခြင်းမှာ အိမ်ကြီးကြီးမှာ နေလို့မရတော့သောကြောင့်ဟုသာ သူ ထင်နေခြင်းဖြစ် သည်။

စကားအဆုံးတွင်

အခန်းထဲရှိ လူကြီးများအားလုံး ငိုသံရပ်သွားကာ တစ်ပြိုင် နက်လှည့်ကြည့်လာကြ၏။

မျက်ရည်များပင် မျက်နှာပေါ်တွင် မခြောက်ကြသေးပေ။

နန်နန်၏ဖေဖေ စကားမပြောရသေးခင်မှာပင် ခုတင်၏ အခြားတစ်ဖက်ရှိ လူလတ်ပိုင်း အမျိုးသမီးမှာ ရုတ်တရက် ထရပ်လိုက်သည်။

"ဒုတိယအစ်ကို၊ အစ်ကို ဘာကို ဆိုလိုတာလဲ ? အဖေ့အိမ်ကို အစ်ကိုတစ်ယောက်တည်း အပိုင်စီးချင်လို့လား"

နန်နန့် ဖေဖေ မျက်နှာပျက်သွားပြီး

"ညီမလေး၊ ဒါ ဘယ်လို စကားမျိုးလဲ အပိုင်စီးတယ် မစီးဘူးဆိုတာ ဘာလဲ၊ အားလုံးက မိသားစုတွေပဲ မဟုတ်လား"

ဘေးနားတွင် ဇနီးဖြစ်သူ၏အဆွဲခံနေရသော အစ်ကိုကြီးက ထရပ်လိုက်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ အားလုံးက မိသားစုတွေပဲလေ"

သူက ကြားဝင် စေ့စပ်ပေးသူ လုပ်နေသည်ကို မြင်သောအခါ အစ်ကိုကြီး၏ဇနီးမှာ သူမကိုယ်တိုင် ထရပ်လိုက်သည်။

"ဒုတိယလေး၊ ဒီနှစ်တွေမှာ မင်းကပဲ အဖေ့ရဲ့ စောင့်ရှောက်မှုကို အများဆုံးခံခဲ့ရတာ ငါတို့ မသိဘူးလို့ မမှတ်နဲ့ အဖေက မင်းကို တိတ်တဆိတ် ထောက်ပံ့ပေးနေတာ"

ပြောရင်းနှင့် သူမက မျက်ရည်ကို သုတ်လိုက်သည်။

"ငါ့ကလေး နှစ်ယောက်ဆိုရင် အစက အပြင်မှာ ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ရလဲ..."

ထိုအခါ နန်နန်၏အဖေ မျက်နှာမှာ အေးစက်သွားတော့ သည်။

"မရီး၊ ဒါ ဘာစကားလဲ"

"ပြီးတော့ ညီမလေး၊ ဒီနှစ်နှစ်လုံးလုံး အဖေ့ကို ငါပဲ ပြုစုလာတာ၊ အဖေက ငါ့ကို နည်းနည်းပါးပါး ထောက်ပံ့တာ ဘာဖြစ်လဲ၊ ဒါ ငါ အဖေ့ကို ကောင်းကောင်း လုပ်ပေးနိုင်လို့ပဲ"

အစောပိုင်းက ချစ်ခင်ကြင်နာဟန် ဆောင်နေသော ပုံရိပ်မှာ ကလေးငယ်၏ စကားတစ်ခွန်းကြောင့် ချက်ချင်း ပျက်ပြားသွားသည်။

အဘိုးအိုသည် မကွယ်လွန်မီက မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများစွာ ထားခဲ့သည်။

ထိုအထဲတွင် အဖိုးတန်ဆုံးမှာ ယခုနေထိုင်နေသော စိုက်ပျိုး ရေးခြံပါသည့် ဗီလာအိမ်ကြီး ဖြစ်သည်။

နေရာကောင်းပြီး ရှုခင်းလှသလို၊ အထဲက စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများမှာလည်း အောင်မြင်သည်။

နှစ်စဉ် ဝင်ငွေတင် ဂဏန်း ၆ လုံး ၇ လုံးခန့်ရှိသည်။

မောင်နှမ သုံးယောက် မတည့်ကြသည်မှာလည်း တစ်ရက်၊ နှစ်ရက်တည်း မဟုတ်ပေ။

အိမ်တစ်လုံးအတွက် အငြင်းပွားနေကြသော မောင်နှမ သုံးယောက်ကို ကြည့်ပြီး အဘိုးအိုမှာ ဒေါသထွက်လွန်းသဖြင့် အသက်ရှူပင် မမှန်တော့ပေ။

တကယ်ပဲ လက်ဖျောက်တီးပြီး တစ်ယောက်ကို တစ်ချက်စီ ရိုက်ချင်စိတ် ပေါက်နေသည်။

"ငါ အဘိုးကြီး သေတောင် မသေသေးဘူး၊ မင်းတို့က အိမ်ခွဲဖို့ ပြင်နေကြပြီ"

"ငါ ကိုယ်တိုင်တောင် သုခကို မခံစားရသေးဘူး၊ မင်းတို့ကတော့ ကောင်းလိုက်တာ၊ ငါ သေတာနဲ့ ဘယ်လိုခွဲဝေရမလဲဆိုတာ စဉ်းစားနေကြတယ်"

သူသည် ဘဝတစ်ဝက်နီးပါး ခက်ခက်ခဲခဲ ကြိုးစားပြီးမှ ဤမျှသော အိမ်ထောင်စု ပိုင်ဆိုင်မှုတွေကို စုဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သားသမီး သုံးယောက်ကိုလည်း လူလားမြောက်အောင် ပျိုးထောင်ပေးခဲ့သည်။

အခု သားသမီးတွေ အားလုံး အိမ်ထောင်ကျပြီး ကိုယ်ပိုင် အလုပ်အကိုင်တွေ ရှိကုန်ကြပြီ။

သူ၏ အတွေးမှာ ' သားမြေးတွေ လာလည်ချင် လာမယ်၊ မလာလည်း သူ သွားမနှောင့်ယှက်ဘူး'

သူသည် မိမိဘာသာ အေးအေးဆေးဆေး နေချင်ခဲ့သည်။

'ဘယ်သူက ထင်မှာလဲ၊ လမ်းလျှောက်ရင်း ချော်လဲပြီး တစ်ခါတည်း သတိမရတော့တာ'

'ပြန်နိုးလာတော့ လူက မရှိတော့ဘူး'

'သူ အနားယူတာ နှစ်နှစ်ပဲ ရှိသေးတာလေ'

'နှစ်နှစ်ပဲ ရှိသေးတာ'

'သူ တစ်ဘဝလုံး ခြစ်ခြုတ်စုဆောင်းလာခဲ့တဲ့ ကုဋေချီတဲ့ ပိုင်ဆိုင်မှုတွေကို သူ နှစ်နှစ်ပဲ ခံစားရသေးတာ'

အဘိုးအို ရင်ထဲမှာမွန်းကျပ်လာကာ နှလုံးသားမှာလည်းနာကျင်နေ၏။

အောက်တွင် အမွေခွဲရန် အတွက် ရန်ဖြစ်နေကြသည့် သား သမီးများကို ကြည့်ပြီး ဒေါသကြောင့် ဝိညာဉ်ပင်ပျက်စီးလုမတတ် ဖြစ်သွားရသည်။

"ငါ့အတွက် ဈာပနကိုကောင်းကောင်းလုပ်ပေးဖို့ မစဉ်းစားကြတဲ့အပြင်၊ မျက်ရည်အတု နှစ်စက်လောက်ကျပြပြီး ငါ့ရှေ့တင် ငါ့အမွေကို ခွဲဖို့ ကြိုးစားနေကြတယ်"

"ငါတော့ သေသွားရင်တောင် မင်းတို့ကြောင့် ဒေါသနဲ့ ပြန်ရှင်လာနိုင်တယ်"

Live က ပရိသတ်များမှာလည်း ရုတ်တရက်ပြောင်းလဲသွားသော အခြေအနေကို ကြည့်ပြီး ကြောင်အမ်းအမ်း ဖြစ်ကုန်ကြသည်။

သူတို့၏ ဝမ်းနည်းနေတဲ့ မျက်ရည်များတောင် မျက်လုံးမှာ ရှိနေသေးသည်။

[ကျွန်တော် လက်ထဲက တစ်ရှူးကို ကြည့်လိုက်မိတယ်၊ ဒါကို ဘာအတွက် သုံးရမှာလဲ]

[အဘိုးအို : ငါ မသေသေးဘူး၊ ငါ မင်းတို့ကို အခုချက်ချင်း သရဲခြောက်ပြရမလား]

[ကျွန်တော် ထင်တာတော့ အဘိုးအိုက ပိုက်ဆံကိုပဲ နှမြောနေတာ ထင်တယ်]

[အပေါ်ကလူတွေးတာ မှန်တယ်၊ ဒါပေမဲ့ အခုခေတ် လူကြီးတွေနဲ့ သားသမီးတွေက ကိုယ့်ဘာသာကိုယ် နေကြတာ များတယ်၊ လူကြီးတွေက ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်နိုင်ရင် သားသမီးတွေက ကောင်းကင်ကြီးကို ကျေးဇူးတင်နေကြမှာ]

[ကျွန်တော့်မှာ သူငယ်ချင်း တစ်ယောက် ရှိတယ်... လက်ထပ်ပြီးတော့ ပြုစုရမယ့် လူကြီး ၄ ယောက် ရှိတယ်၊ အောက်မှာလည်း ကျောင်းတက်ရမယ့် ကလေး ၂ ယောက် ရှိတယ်၊ နေ့တိုင်းလည်း အလုပ်ဆင်းရသေးတယ်]

[ကျွန်တော် သိချင်တာက အဲဒါ အမွေ ဘယ်လောက်များလို့ လူကြီး သေတာနဲ့ တန်းပြီး ရန်ဖြစ်နေကြတာလဲ]

ပရိသတ်များမှာ အပြင်ကနေ ကြည့်နေကြ‌ သော်လည်း အဘိုးအိုမှာ အမွေ ဘယ်လောက်များများ ထားခဲ့သလဲဆိုသည်ကို တိတ်တဆိတ် ခန့်မှန်းနေကြသည်။

သူတို့ ဆင်းရဲသော်လည်း စပ်စုသည့်အလုပ်မှာတော့ သူတို့က ဆရာကျသည် မဟုတ်ပါလော။

[အနည်းဆုံးတော့ သိန်းပေါင်း သောင်းချီ (သန်းချီ) ရှိမှာပေါ့]

[ကျွန်တော် ထင်တာကတော့ ကျွန်တော်တို့ရဲ့ ဆင်းရဲမှုက ကျွန်တော်တို့ရဲ့ စိတ်ကူးစိတ်သန်းကို ကန့်သတ်ထားတာ သိန်းပေါင်း သိန်းချီ (ကုဋေချီ) တောင် ရှိနိုင်တယ်]

ဖျားနာဆောင်အတွင်း၌

မောင်နှမ သုံးယောက်မှာ မပြီးနိုင် မစီးနိုင် ငြင်းခုံနေကြသည်။

အကယ်၍သာ ဒီအခန်းက အသံလုံတဲ့ အခန်း မဟုတ်လျှင် သူနာပြုတွေ တံခါးကို လာခေါက်နေကြပြီ ဖြစ်သည်။

ကျန်းလင်က တံခါးအပြင်ကနေ အသံကြားနိုင်သည်မှာ သူ့ စွမ်းအားကြောင့် ဖြစ်သည်။

အဘိုးအိုမှာ ဒေါသတကြီးဖြင့် တစ်နေရာတည်းတွင် ပတ်ချာ လည်နေသည်။

လူတွေကို ရိုက်ချင်သော်လည်း လက်က သားသမီးတွေရဲ့ ခန္ဓာကိုယ်ကို ဖြတ်သွားရုံသာ ရှိသည်။

[ရယ်ရတယ်၊ လုံးဝ ရိုက်လို့မရဘူး]

[တကယ်ကို ချောချောမွေ့မွေ့ ဖြတ်သွားတာပဲ]

"..."

ကျန်းလင်သည် ဘေးတွင် ရပ်နေရင်း

အဘိုးအို မျက်နှာနီမြန်းကာ ခုန်ဆွခုန်ဆွ ဖြစ်နေသည်ကို ကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။

"ခင်ဗျား... ပြန်သွားပြီး နောက်တစ်ခေါက်လောက် ထပ်ရုန်းကန်ကြည့်ချင်လား"

အဘိုးအို ခဏမျှ ကြောင်သွားပြီး "ပြန်... ဘယ်ကို ပြန်ရမှာလဲ"

ကျန်းလင်က ခုတင်ပေါ်က အဘိုးအို၏ခန္ဓာကိုယ်ကို မေးငေါ့ပြလိုက်သည်။

"ခင်ဗျား ကိုယ်ကိုကိုယ် ပြန်ဝင်စားဖို့ (ပြန်ရှင်ဖို့) ပေါ့"

ဝိညာဉ်က ခန္ဓာကိုယ်ထဲက ထွက်လာရုံသာရှိသေးသဖြင့် ခန္ဓာကိုယ်ထဲက အသက်ဓာတ်က လုံးဝမပြတ်တောက်သေးပေ။

ခဏလောက်တော့ ထပ်တောင့်ခံနိုင်ဦးပေမည်။

အကယ်၍ အရင်ကဆိုလျှင် ကျန်းလင် ဤသို့ လုပ်မည် မဟုတ်ပေ။

ပထမက စွမ်းအား အကန့်အသတ် ရှိခြင်း၊ ဒုတိယက လုပ်ပိုင်ခွင့် အကန့်အသတ်ရှိခြင်းကြောင့် ဖြစ်သည်။

သို့သော် အခု သူက တစ္ဆေစစ်သေနာပတိ စွမ်းအား ရှိနေပြီဖြစ်သည်။

ဒုတိယတန်းစား ဝိညာဉ်တမန်တော်လည်း ဖြစ်လာပြီ။

ဝိညာဉ်နှင့် အခြားသူများ ထိခိုက်မှု မရှိစေနိုင်သော အခြေ အနေမျိုးတွင် ကျန်းလင် လုပ်ဆောင်နိုင်သော အရာများမှာ အရင်ကထက် များစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

...

"ကျွန်မရဲ့ ကလေးနှစ်ယောက်အတွက်ရော သူတို့အတွက် ဝေစု တစ်ခု ချန်ပေးရမယ်"

"မရီးက ဒါမျိုး ပြောရသလား၊ ဒါဆို ကျွန်မတို့လည်း နောက်ပိုင်း ဒုတိယကိုယ်ဝန်၊ တတိယကိုယ်ဝန် ထပ်ယူရမှာပေါ့"

မောင်နှမ သုံးယောက်မှာ နောက်ဆုံးတွင် စကားဖြင့် ပြောရုံနှင့် မရတော့ပေ။

တိုက်ရိုက်လက်ပါလာကြပြီး၊ ကြားဝင်ဖြန်ဖြေပေးသည့် အစ်ကိုကြီးမှာလည်း သူတို့ကို ဆွဲထုတ်ရင်းနှင့် ရောပါသွားသည်။

ကလေးငယ်များ အားလုံး အခန်း၏ ထောင့်တစ်နေရာတွင် ကပ်နေကြပြီး၊ ကြောက်တတ်သော ကလေးနှစ်ယောက်မှာ စတင် ငိုကြွေးနေကြကာ တစ်ခန်းလုံးမှာ ရှုပ်ထွေးပွေလီနေတော့သည်။

"ဟာ"

ထိုအချိန်တွင် ခုတင်နှင့် အနီးဆုံးရှိ ကလေးငယ် နန်နန်က ရုတ်တရက် အော်ဟစ်လိုက်သည်။

ထိုအော်သံမှာ အားလုံး၏အာရုံကို မရရှိခဲ့ပေ၊ နန်နန် ဒုတိယအကြိမ် ထပ်အော်မှသာ သတိပြုမိကြသည်။

"ဖေဖေ အဘိုး နိုးလာပြီ"

ကလေးငယ်အတွက် သေဆုံးခြင်း ဆိုသည့် အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း မသိသေးပေ။

စောစောက အဘိုး မျက်လုံးမှိတ်ထားသည်ကို အဘိုးအိပ် ပျော်နေသည်ဟုသာ သူ ထင်နေခဲ့ခြင်း ဖြစ်သည်။

"...."

'နိုးလာပြီ ဟုတ်လား'

'ဘာက နိုးလာတာလဲ'

နန်နန်၏အဖေ ဇဝေဇဝါ ဖြစ်သွားသည်။

မိမိ၏ကလေး ဖြစ်သဖြင့် သူက ပထမဆုံး ရပ်တန့်ကာ လှည့်ကြည့်လိုက်သည်။

ထို့နောက်ကြည့်လိုက်ရသောအခါ သူ မှင်သက်သွားရတော့ သည်။

"အဖေ"

🫧 Chapter 38

"အဖေ"

ထိုအသံ ထွက်ပေါ်လာသည်နှင့် အခန်းထဲရှိ လူအားလုံး လှည့်ကြည့်လိုက်ကြသည်။

ထို့နောက် အားလုံး တောင့်ခဲသွားကြ၏။

မောင်နှမ အချင်းချင်း အင်္ကျီတွေ ဆွဲလားရမ်းလား လုပ်နေသည့် လက်တွေကိုလည်း လွှတ်ရမလို၊ ဆက်ကိုင်ထားရမလို ဖြစ်ကုန်ကြသည်။

'ခုတင်ပေါ်မှာ ကောင်းကောင်းမွန်မွန် ထိုင်နေတဲ့သူက သူတို့အဖေ မဟုတ်ရင် ဘယ်သူဖြစ်ရဦးမှာလဲ'

[လန့်လွန်းလို့ သေးတောင် ထွက်ချင်တယ်၊ သေသွားတဲ့သူက ရုတ်တရက် နိုးလာတာကို တွေးကြည့်ရုံနဲ့ ကြက်သီးတွေ ထနေပြီ]

[ဟာ... ငါ ဘာလို့ အိမ်မှာ တစ်ယောက်တည်း အခန်းအောင်းပြီး ဒါကို ကြည့်နေမိတာလဲ]

[မဟုတ်ဘူး၊ မင်း တစ်ယောက်တည်း မဟုတ်ပါဘူး၊ ခုတင်အောက်ကို စဉ်းစားကြည့်ပါဦး၊ မျက်နှာကျက်ပေါ်က အသံတွေကို စဉ်းစားကြည့်ပါဦး...]

သေဆုံးသွားပြီဖြစ်သောသူက ရုတ်တရက် ပြန်ထထိုင်လာသည်။

Live က ပရိသတ်များမှာ မျက်နှာပြင်၏ တစ်ဖက်ခြမ်းတွင် ရှိနေသော်လည်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ခံစားနေကြရသည်။

ဤသည်က အလွန်တရာ ထူးဆန်းလှသည်။

သို့သော် ဤအရာက သူတစ်ပါး အရှက်ကွဲတာကို ကြည့်ရတာကိုတော့ မတားဆီးနိုင်ပါ‌ချေ။

မောင်နှမ သုံးယောက်၏ သရဲမြင်သလို ဖြစ်နေသော မျက်နှာပေးကို မြင်ရသောအခါ Live က ပရိသတ်များမှာ ပျော်ရွှင်လွန်း၍ ရူးမတတ် ဖြစ်နေကြသည်။

ပရိတ်သတ်များမှာမူ တစ်ဖက်က ဖရဲသီးစေ့တွေကို ထွေးထုတ်ရင်း၊ တစ်ဖက်က လက်ပေါ်က ကြက်သီးတွေကို ပွတ်နေကြသည်။

[အဘိုးအို : ကြောင်သွားကြပြီမလား၊ ငါက ဝိညာဉ်ပြန်ဝင်စားနိုင်တယ်ဟ]

[Host : လူရိုက်ချင်သလား စီစဉ်ပေးလိုက်မယ်]

[ဟားဟားဟား... ရယ်ရလွန်းလို့ ငါ့ညီလေးရဲ့ သွားတောင် ကျွတ်ထွက်သွားပြီ]

အစပိုင်းတွင် တစ်ခန်းလုံးက လူတွေ အားလုံး အလွန် ပညာသားပါပါ ငိုနေကြသည်ကို မြင်ရစဉ်က သူတို့လည်း မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာကျင်ခြင်းနှင့် သေဆုံးခြင်းတို့၏ မရှောင်လွှဲနိုင်မှုကို စိတ်မကောင်း ဖြစ်နေခဲ့ကြသည်။

သို့သော်လမ်းခုလတ်မှာ အနေအထား ပြောင်းသွားပြီး၊ ဒီလူတွေက အမွေလုရန် ရန်ဖြစ်လာသောအခါ သူတို့လည်း စပ်စုသည့်အလုပ်ကို စတင်ခဲ့ကြသည်။

အခုအချိန်မှာတော့ သူတို့ကိုယ်တိုင် ဇာတ်လမ်းထဲမှာ စီးမျောနေကြပြီဖြစ်သည်။

'သူတို့သာ အဘိုးအို နေရာမှာဆိုလျှင်၊ ဒီကောင်တွေကို တစ်ပွဲလောက် ရိုက်မသွားဘဲ နေပါ့မလား'

'တစ်ပွဲတည်းနဲ့ အားမရရင် နှစ်ပွဲပေါ့'

...

"..."

ရုတ်တရက် နိုးလာသော အဖေဖြစ်သူကို ကြည့်ပြီး မောင်နှမ သုံးယောက်မှာ သတိပြန်မဝင်နိုင်သေးပေ။

'ဆရာဝန်က သေဆုံးပြီလို့ အတည်ပြုထားတာလေ'

'ဒါ... ဒါက ဘာအခြေအနေလဲ'

'သေခါနီး သတိပြန်လည်ခြင်း လား'

'ဒါပေမဲ့ သေပြီးမှ သတိပြန်လည်တယ်ဆိုတာ မကြားဖူးပါဘူး'

'ဒီလို သတိပြန်လည်တာကလည်း ခနရပ်ထားလို့ရတာလား ရှိလို့ ရတာလား'

"ဟင်းး"

အဘိုးအိုသည် အေးစက်သော မျက်နှာပေးဖြင့် အခန်းထဲရှိ လူအားလုံးကို လွှမ်းမိုးထားသော အရှိန်အဝါဖြင့် ကြည့်လိုက်ပြီး ဟောက်လိုက်သည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ"

မောင်နှမ သုံးယောက်မှာ အပြုံးတုများ လုပ်လိုက်ကြပြီး၊ တစ်ယောက်အပေါ်တစ်ယောက် ဆွဲထားသော လက်များကို အမြန်ပြန်ရုပ်လိုက်ကြပြီးနောက် လိမ္မာသလိုရပ်နေကြသည်။

"ဘာမှ မလုပ်ပါဘူး၊ ဘာမှ မလုပ်ပါဘူး အဖေ၊ သမီးတို့တွေ နောက်ပြောင် ဆော့ကစားနေကြတာပါ"

အကယ်၍သာ သူတို့ အမွေလုနေကြတာကို အဘိုးအို သိသွားရင် သူတို့ခြေထောက်တွေကို ရိုက်ချိုးမှာ သေချာသည်။

"မင်းတို့အဖေ သေတော့မယ့်အချိန်မှာတောင် မင်းတို့က ဆော့ကစားဖို့ စိတ်ကူးရှိနေသေးတယ်ပေါ့"

အဘိုးအိုက သူတို့ကို ဖော်မထုတ်ဘဲ၊ မျက်နှာကို မည်းမှောင်အောင် လုပ်ကာ သရုပ်ဆောင်ပြလိုက်သည်။

"ဘာဆော့တာလဲ၊ ဘာတွေ ဆော့နေတာလဲ အားလုံး ဒူးထောက်စမ်း"

'ဒုန်း ဒုန်း ဒုန်း'

သားသမီး အတွဲသုံးတွဲစလုံး တန်းစီကာ ဒူးထောက်လိုက်ကြသည်။

ထို့နောက်ကိုယ်ကို မတ်မတ်ထားပြီး အဘိုးအို၏ ဒေါသကို မထိမိအောင် သတိထားနေကြသည်။

အဘိုးအို ငယ်စဉ်ကတည်းက သူတို့ ဘယ်တုန်းကမှ မလွန် ဆန်ရဲခဲ့ပေ။

ယခု အဘိုးအို သေရာက ပြန်နိုးလာခြင်းက သူတို့ကို ပို၍ပင် ကျောချမ်းစေသည်။

အသံတစ်ချက်တောင် မထွက်ရဲကြပေ။

တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။

အဘိုးအိုသည် ခုတင်ပေါ်က ဆင်းကာ သားသမီးများ၏ ရှေ့သို့ လျှောက်သွားသည်။

လက်ကို မြှောက်ကာ ထိုဦးခေါင်းများကို အားရပါးရ ခေါက်ချလိုက်သည်။

"ဆော့ချင်သေးလား"

"ဆော့ကြဦးမလား"

"မင်းတို့အဖေ မသေသေးဘူးကွ"

"ငါ့အိမ်ကို လုချင်ကြသေးတယ်ပေါ့"

သားသမီး အသီးသီးမှာ ခေါင်းကို တစ်ခုခုနဲ့ အားပြင်းပြင်း အထုခံလိုက်ရသလို ခံစားလိုက်ရသည်။

နာကျင်လွန်း၍ မျက်နှာများ ရှုံ့မဲ့သွားသော်လည်း။ ဘာမှ မပြောရဲသလို၊ မရှောင်ရဲကြပေ၊ အဘိုးအို၏ မျက်နှာကိုလည်း မော့မကြည့်ရဲကြပေ။

Live က ပရိသတ်များမှာ အဘိုးအိုအတွက် အားပေးနေကြသည်။

"ကောင်းကောင်း ရိုက်လိုက်သူတို့ကို လုခိုင်းဦး၊ စွမ်းနိုင်ရင် ဆက်လုကြလေ"

"အဘိုးအို : မင်းတို့ သရုပ်ဆောင်နေတာကို ငါ အသာလေး ကြည့်နေမယ်၊ ဘာပဲဖြစ်ဖြစ် ငါ ရိုက်ရမှာကတော့ ရိုက်မှာပဲ"

"အဘိုးအို အားရှိပါစေ"

"..."

တစ်ယောက်ချင်းစီကို ရိုက်နှက်ဆုံးမပြီးနောက် အဘိုးအိုသည် ခါးကို ကိုင်ကာ အသက်ပြင်းပြင်း ရှူနေရကာ ဆေးရုံခုတင်ပေါ်သို့ ပြန်တက်သွားရသည်။

အချိန် သိပ်မကျန်တော့မှန်း သူ သိနေသည်။

ထို့ကြောင့် ခုတင်ဘေးတွင် ဒူးထောက်နေသော သားသမီးများကို ကြည့်ပြီး ကြေညာလိုက်သည်

"ငါ သေပြီးရင်၊ ငါ့ရဲ့ အမွေအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကို ပရဟိတ အဖွဲ့အစည်းတွေကို လှူဒါန်းလိုက်မယ်"

အဘိုးအို၏အသံမှာ ခိုင်မာလှသည်။

ဒီလို မထူးချွန်တဲ့ သားသမီးတွေကို အမွေလုခိုင်းပြီး ဖြုန်းတီးခိုင်းမည့်အစား ကောင်းမှုကုသိုလ် လုပ်လိုက်တာက ပိုကောင်းသည်။

ငရဲဘုံက ဝိညာဉ်တမန်တော်ကြီးကိုလည်း သူ မြင်ဖူးသွားပြီ။

'ဒါဟာ ဒီလောကမှာ ငရဲဆိုတာ တကယ်ရှိကြောင်းသက်သေ ပြနေတာပဲ'

ဒီပိုက်ဆံတွေကို ခွဲဝေလှူဒါန်းလိုက်ရင် သူ့အတွက် ကုသိုလ်ရပြီး ဘဝကောင်းကို ပြန်ဝင်စားနိုင်မှာပါ။

"ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကိုတော့ နန်နန်တို့မြေးတွေအတွက် ထားခဲ့မယ်၊ သူတို့ လူလားမြောက်တဲ့အခါ ဒါဟာ သူတို့အတွက် အရင်းအနှီးဖြစ်လိမ့်မယ်၊ မင်းတို့ ဘယ်သူမှ အပိုင် စီးဖို့ မကြိုးစားနဲ့"

"ကြားလား"

အဘိုးအို စကားဆုံးသည်နှင့် သားသမီး သုံးတွဲစလုံးခေါင်းမော့လာကြသည်။

သူတို့သည်မျက်လုံးအဝိုင်းသားဖြင့် သူ့ကို မယုံနိုင်သလို ကြည့်နေကြသည်။

"အဖေ သမီးတို့က အဖေ့ရဲ့အရင်းခေါက်ခေါက် သားသမီးတွေလေ"

"ပိုက်ဆံတွေကို သူစိမ်းတွေဆီ ပေးဖို့ ဘယ်လိုများ ရက်စက်ရတာလဲ ကလေးတွေလည်း ကျောင်းတက်ရဦးမှာလေ"

"အဖေ ဝေခွဲမရ ဖြစ်နေတာလား ? အဲဒါက သိန်းပေါင်း သောင်းချီ (သန်းချီ) ရှိတာလေ"

အဘိုးအိုက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး စိတ်မလှုပ်ရှားပေ။

"မင်းတို့ အခုကျတော့ ညီညွတ်နေကြတယ်ပေါ့"

"ငါ့ပိုက်ဆံကို ပရဟိတ လုပ်တာ၊ ကောင်းမှုလုပ်တာ၊ အဲဒါကို သူစိမ်းပေးတယ်လို့ မခေါ်ဘူး"

"နန်နန်တို့အတွက်ဆိုရင်လည်း အဲဒီပိုက်ဆံတွေကိုနောက်ပိုင်း အလုပ်အကိုင် ထောင်ဖို့ပဲဖြစ်ဖြစ်၊ ဘဝအတွက်ပဲဖြစ်ဖြစ် သုံးဖို့ ငါ ချန်ထားပေးခဲ့မယ်"

"သူတို့ ကျောင်းတက်ဖို့ကတော့..."

အဘိုးအိုက မျက်လုံးပြူးကာ အာဏာရှိလှသော အသံဖြင့် အော်ဟစ်လိုက်သည်။

"အရာအားလုံးကို ငါပဲ စိုက်ထုတ်ပေးရမယ်ဆိုရင်၊ မင်းတို့လို မိဘတွေက ဘာလုပ်ဖို့ ရှိနေတာလဲ"

ထိုစကားကြောင့် သားသမီးများမှာ ချက်ချင်း ငြိမ်ကျသွားသည်။

တစ်ခုခု ပြောချင်သော်လည်း အဘိုးအို၏ပြင်းထန်သော အရှိန်အဝါကြောင့် စကားမဟရဲကြပေ။

အဘိုးအိုကို စိတ်ဆိုးအောင် လုပ်မိလျှင် ကလေးတွေအတွက် ချန်ခဲ့သော ၁၀ ရာခိုင်နှုန်းပါ ဆုံးရှုံးသွားမှာကို ကြောက်နေကြသည်။

"ကဲ ပြီးပြီ၊ ဒီအတိုင်းပဲ၊ ငါ ပြောချင်တဲ့ စကားတွေကို အသံသွင်းပြီး ရှေ့နေ ချန်ဆီကို ပို့ထားပြီးပြီ ပိုက်ဆံတွေကို ဘဏ်မှာပဲ ထားမယ်၊ မင်းတို့ ဘယ်သူမှ မကောင်းတဲ့ စိတ်ကူးမယဉ်ကြနဲ့"

ပြောပြီးနောက် အဘိုးအိုသည် သက်ပြင်းတစ်ချက် ရှူလိုက်သည်။

ထွက်သက်က များပြီး ဝင်သက်က နည်းလာသည်ဟု ခံစားရသည်။

နောက်ဆုံး ထွက်သက်ကို တောင့်ခံထားရင်း ဘေးနားက မြေးလေးတွေကို လက်ယပ်ခေါ်လိုက်သည်။

ကလေးတွေ အနားရောက်လာသောအခါ အဘိုးအိုက သူတို့ခေါင်းလေးတွေကို ပွတ်ပေးလိုက်သည်။

"အဘိုး အိပ်ပျော်နေတဲ့အချိန်မှာ မင်းတို့ စာသင်တာကို ပျင်းလို့မရဘူးနော်"

အပြစ်ကင်းစင်သော ကလေးငယ်များက ခေါင်းညိတ်ပြလိုက်ကြသည်။

"သားတို့ စာကို ကြိုးစားပြီး သင်ပါ့မယ် အဘိုး! အဘိုးလည်း ကောင်းကောင်း အနားယူပါ၊ ဆေးရုံကနေ စောစော ဆင်းနိုင်ပါစေ"

"အင်း... လိမ္မာတယ်"

အဘိုးအိုက ပြုံးပြလိုက်ပြီး ကလေးတွေကို ရှင်းမပြတော့ပေ။

'သူက ဆေးရုံကနေ ဘယ်တော့မှ ထပ်မဆင်းနိုင်တော့ဘူးလေ'

ဒီတစ်ခါတော့ အဘိုးအို လဲလျောင်းသွားပြီးနောက် တကယ်ကြီး ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

နောက်တစ်ကြိမ် ပြန်နိုးမလာတော့ပေ။

ဖျားနာဆောင်၏ အထက်ပိုင်းတွင်

အဘိုးအိုက ကျန်းလင်ကို ကျေးဇူးတင်စကား ပြောသည်။

"ကျေးဇူးတင်ပါတယ် ဝိညာဉ်တမန်တော်ကြီး"

ကျန်းလင် ခေါင်းညိတ်ပြလိုက်ပြီးနောက် အဘိုးအို၏ ကိုယ်ပေါ်တွင် ဖြစ်တည်လုနီးပါး ဖြစ်နေသော နာကျည်းမှု များမှာ ဖြည်းဖြည်းချင်း လွင့်ပျယ်သွားသည်ကို သူ တွေ့လိုက်ရသည်။

ဒီဘဝရဲ့ နောက်ဆုံး ထွက်သက်ကိုလည်း လွှတ်ချနိုင်ခဲ့ပြီ။

သူ ဘာမှထပ်မပြောဘဲ အပြင်သို့ ဦးဆောင် ထွက်ခွာခဲ့သည်။

"သွားကြစို့၊ ခရီးဆက်ရမယ့် အချိန်ရောက်ပြီ"

အဘိုးအိုသည် သူ့အနောက်က အခန်းကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်သည်။

ဒီတစ်ကြိမ်မှာတော့ တွန့်ဆုတ်နေခြင်း မရှိတော့ပေ။

ပေါ့ပေါ့ပါးပါးဖြင့် ကျန်းလင်၏ နောက်သို့ လိုက်ပါသွားတော့သည်။

ဖျားနာဆောင်အတွင်း၌

အဘိုးအို ပြန်လည် လဲလျောင်းသွားပြီးနောက် ထိုမောင်နှမ သုံးယောက်မှာ သူ နောက်တစ်ကြိမ် ပြန်နိုးလာမှာကို ကြောက်နေပုံရသည်။

ဒီတစ်ခါတော့ ရန်မဖြစ်ကြတော့ဘဲ ဆရာဝန်ကို သွားခေါ်ကြပြီး၊ နာရေးကိစ္စများကို ပြင်ဆင်ကြတော့သည်။

ငြင်းခုံနေစရာ ဘာမှ မရှိတော့ဘူးလေ၊ အဘိုးအိုက အမွေတွေကို အကုန် ခွဲဝေသွားခဲ့ပြီ။

ကျန်တာတွေကတော့ အဘိုးအိုကို အရင် သင်္ဂြိုဟ်ဖို့ပဲ ရှိတော့သည်။

တကယ်လို့ နောက်ထပ်တစ်ကြိမ် 'သတိပြန်လည်' လာရင်...

သူတို့တွေ လန့်သေကုန်ကြလိမ့်မည်။

...

[ဒါကြောင့် ပြောတာ၊ လူဖြစ်တဲ့အချိန်မှာ အလိုမကြီးပါနဲ့... ကျွန်တော်ဆိုရင် အလိုမကြီးဘူး၊ ဘဏ်ကတ်ထဲက ဂဏန်းက ၅ လုံး (သောင်းဂဏန်း) တောင် မပြည့်ဖူးဘူး]

[အဘိုးအို : ဆက်လုကြလေ အခု ဘာလုကြဦးမလဲ ကြည့်ရအောင်၊ တစ်ပြားမှ ချန်မပေးဘူး]

[အဲဒီ သိန်းပေါင်း သောင်းချီ (သန်းချီ) က တကယ်ပဲ ပရဟိတ လုပ်ငန်းတွေမှာ သုံးဖြစ်မှာလား၊ အဲဒါဆိုရင်တော့ တကယ်ကို ကောင်းတဲ့ ကိစ္စပဲ]

[အဘိုးအိုက ပိုက်ဆံ နှမြောပုံရတယ်၊ အခု ဒီလောက် ရက်ရက်ရောရော ပေးလိုက်တာက Host ကို မြင်လိုက်လို့များလား]

[ကျွန်တော်လည်း အဲဒီလို ထင်တယ်]

[..]

All Chapters