← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

🫧 Chapter 39

[အဘိုးအို ရိုက်လိုက်တဲ့ အချက်တွေက ကြည့်ရတာ တကယ်ကို အားရစရာပဲ]

[အဘိုးအိုသာ အားမကုန်သွားရင်၊ သူ နောက်ထပ် အများကြီး ပိုရိုက်ဦးမှာ သေချာတယ်]

ဆေးရုံခန်းထဲက ထွက်လာပြီးနောက် ပရိသတ်များမှာ အရှိန်မသေသေးဘဲ အပြင်းအထန် ဆွေးနွေးနေကြဆဲ ဖြစ်သည်။

'မတတ်နိုင်ဘူးလေ'

'Host ရဲ့ ဒီဗျူဟာက တကယ့်ကို လန်းလွန်းလို့ပါ'

'အမွေလုတာလား မောင်နှမ အချင်းချင်း ရန်ဖြစ်တာလား'

'ကိစ္စမရှိဘူး၊ သေရာက ပြန်ထလာ လိုက်တာနဲ့ အကုန်ပြေလည်သွားတာပဲ'

'တစ်ခါတည်းနဲ့ မပြေလည်ရင် နောက်တစ်ခါ ထပ်လုပ်ပေါ့'

'အရင်က ကြည့်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွဲတွေ၊ ဝတ္ထုတွေထဲမှာဆိုရင်

ဧကရာဇ်က ရုတ်တရက် နတ်ရွာစံလို့ မင်းသား ၉ ပါး ထီးနန်းလုကြတာတို့'

'ချစ်သူနှစ်ဦးထဲက တစ်ယောက်က သေဆုံး ဒါမှမဟုတ် သတိလစ်သွားလို့ အထင်အမြင်မှားပြီး ရင်ကွဲနာကျရတာတို့'

'ပြီးတော့ သေခါနီးမှာ စကားတွေ အများကြီး ပြောနေပြီး အရေးကြီးတဲ့ စကားကျမှ အသက်ထွက်သွားတာမျိုးတို့'

'သူတို့ မေးကြည့်ချင်တာက၊ ခင်ဗျားတို့ နောက်တစ်ခေါက်လောက် ထပ်ရုန်းကန်ကြည့်လို့ မရဘူးလား'

:စကား နှစ်ခွန်းလောက် ပိုပြောလိုက်ရင် ပြေလည်သွားမယ့် ကိစ္စကို'

'အသက်ရှင်ကျန်ရစ်တဲ့သူတွေအတွက် ပဟေဠိတွေ ချန်ထားခဲ့မှ ကျေနပ်ကြတာလား'

အခု Host ရဲ့ လုပ်ဆောင်ချက်ကို မြင်လိုက်ရသဖြင့် ပရိသတ်များက ရင်ထဲမှာ တစ်ဆို့နေတဲ့ အလုံးကြီး ကျသွားသလို ခံစားလိုက်ရသည်။

'စကားတစ်လုံးတည်းနဲ့ဆိုရင် - လန်းတယ်'

'စကားနှစ်လုံးဆိုရင် - နေလို့ကောင်းသွားပြီ'

[Host ကတော့ ဆရာကြီးပဲ]

[ရှောင်ဟွာက Host ကို Supercar တစ်စီး လက်ဆောင်ပေးပြီး Message ပါးလိုက်ပါတယ် : Host အတွက် ကြက်ပေါင် ထပ်ပေါင်းပေးလိုက်ပြီနော်]

[ယောင်ချန်း က လက်ဆောင်ပေးပြီး Message ပါးလိုက်ပါတယ် : Host က တကယ် တော်တာပဲ]

[အပေါ်ကလူ မဟုတ်တာ တစ်ခုခုလုပ်နေတယ်ဆိုတာ ကျွန်တော် တစ်ချက်ကြည့်ရုံနဲ့ သိတယ် ခင်ဗျား Host ကို လာမြှူဆွယ်နေတာ မဟုတ်လားလို့ ကျွန်တော် ပြင်းပြင်းထန်ထန် သံသယဖြစ်မိတယ်]

[ယောင်ချန်း : သံသယဖြစ်စရာ မလိုပါဘူး၊ ရှင် ထင်သလိုပါပဲ]

[ဟာ... ငါလည်း နာမည် လိုက်ပြောင်းဦးမယ်! အမှတ်တရ ဖြစ်အောင်လို့]

[ရှောင်အိုက် က Host ကို စက်ဘီး တစ်စီး လက်ဆောင်ပေးလိုက်ပါတယ်...]

[...]

အဘိုးအိုကို ခေါ်ဆောင်ပြီးနောက် ကျန်းလင်သည် နောက် ထပ် ဝိညာဉ်အချို့ကို သွားရောက်ခေါ်ဆောင်ခဲ့သည်။

ထို့နောက် အဝါရောင်ရေပန်းလမ်း သို့ အတူတူ ပို့ဆောင်ပေးလိုက်၏။

အားလပ်သွားချိန်တွင် သူ Comment များကို တစ်ချက်ကြည့်လိုက်ရာ လက်ဆောင်များစွာ ပေးထားကြသည်ကို တွေ့လိုက်ရသည်။

ကျန်းလင် : "..."

'ဒီလက်ဆောင် ပေးသူတွေက ဘာလို့ ရုတ်တရက် ဒီလောက် တက်ကြွနေရတာလဲ'

'ခုနက ဘာဖြစ်သွားလို့လဲ'

ကျန်းလင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး ခုနက ဘာတွေ ဖြစ်ခဲ့သလဲဆိုတာကို ပြန်စဉ်းစားကြည့်လိုက်သည်။

'ထူးထူးခြားခြား ဘာမှ မရှိပါဘူး'

စဉ်းစား၍မရသဖြင့် ကျန်းလင်လည်း ခေတ္တ မေ့ထားလိုက်သည်။

အလုပ်မှတ်တမ်းစာအုပ်ထဲက အလုပ်များ ပြီးသွားပြီးနောက် သူသည် လူ့ပြည်သို့ နောက်တစ်ကြိမ် ပြန်လာခဲ့သည်။

အ‌ဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့် နှစ်ရက်က တာဝန်စင်တာမှာ တာဝန်တစ်ခု ထပ်ယူထားခဲ့၍ပင်။

ဒီနှစ်ရက်အတွင်း အလုပ်တွေ များနေသဖြင့် သွားမလုပ်ရသေးပေ။

သူ Live ကို ကြည့်ကာ နောက်ထပ် အစီအစဉ်ကို အသိပေးလိုက်သည်။

"အခု ကျွန်တော်တို့ တာဝန်တစ်ခု သွားလုပ်ရအောင်..."

စကားမဆုံးသေးခင်မှာပင် သူသည် တံတားတစ်စင်း၏ အထက်တွင် ရုတ်တရက် ရပ်တန့်လိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။

Live ကင်မရာသည်လည်း သူ့နောက်သို့ လိုက်ပါကာ အောက်သို့ ရွှေ့သွားသည်။

ထိုအရာက မြစ်တစ်ဖက်တစ်ချက်ကို ဆက်သွယ်ထားတဲ့ အရှေ့မြစ်ကူး တံတားကြီးပင်။

ကားလမ်းက ကျယ်ဝန်းသလို လူသွားလမ်းကလည်း ကျယ်သည်။

ညဘက်ဆိုလျှင် ရှုခင်း အလွန်လှပပြီး မြစ်လေညင်းကိုလည်း ခံစားနိုင်သည်။

လူအတော်များများ ထမင်းစားပြီးနောက်် ထိုနေရာတွင် လမ်းလျှောက်ရတာကို နှစ်သက်ကြသည်။

အခုက နေ့ခင်းဘက်ဆိုတော့ လူ သိပ်မရှိပေ။

ယောကျ်ားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်သာ လူသွားလမ်းပေါ်တွင် ဖြည်းဖြည်းချင်း လမ်းလျှောက်နေကြသည်။

[ဟာ... ဒါ အရှေ့ဘက်မြစ်ကူး တံတားကြီး မဟုတ်လား Host က ဒီမှာ ဘာလို့ ရပ်တာလဲ]

[ကျွန်တော့်အိမ်က အဲဒီနားတင်ပဲ! မနေ့ညကတင် မေမေ အဲဒီပေါ်မှာ လမ်းလျှောက်သွားသေးတယ်]

[ကျွန်တော့်မှာ ထိတ်လန့်စရာ အတွေးတစ်ခု ရှိတယ်၊ ဒီတံတားကြီးများ ပြိုတော့မှာလား]

[မဖြစ်နိုင်ပါဘူး၊ ဒီတံတားကို ခဏခဏ ပြုပြင်ထိန်းသိမ်း စစ်ဆေးတာတွေ လုပ်နေတာပဲ။ ကားတိုက်မှု ဖြစ်နိုင်ခြေ ပိုများတယ်]

အစပိုင်းတွင် ပရိသတ်များမှာ ရှုခင်းကြည့်နေကြသော်လည်း မကြာမီမှာပင် Host ရဲ့ အလုပ်အကိုင်ကို သတိရသွားကာ ချက်ချင်း ရင်တထိတ်ထိတ် ဖြစ်လာကြသည်။

'အရင်က တုတု ကိစ္စကို ပြန်စဉ်းစားကြည့်ပါ'

'အဲဒီတုန်းက Host က မြို့ပြင်ကို ရောက်သွားပြီး ဘယ်အချိန် ဘယ်နာရီမှာ လူသေမယ်လို့ ပြောတာနဲ့ တကယ်ပဲ လူသေခဲ့တာလေ'

'ကားတိုက်ခံရတာကနေ တူတူ သေဆုံးတဲ့အထိက Host ပြောတဲ့ အချိန်အတိအကျပဲ'

'တကယ်ကို ကွက်တိပဲ'

'ဒါကြောင့် Host ဒီကို ရောက်လာတာကတော့ တစ်ယောက် ယောက် သေတော့မှာမို့လို့ ဖြစ်မှာပါ'

ထိုအရာကို တွေးမိသဖြင့် တစ်ယောက်က တုန်တုန်ရင်ရင်ဖြင့် မေးလိုက်သည်။

[ကျွန်တော်တို့ ကြိုပြီး လူနာတင်ကား (120) ဒါမှမဟုတ် ရဲ (110) ကို ဖုန်းဆက်ထားသင့်လား]

'အရင်က တုတုရဲ့ ကားတိုက်မှုတုန်းကသာ Host က Live လွှင့်မပြခဲ့ရင် တရားခံကို ဒီလောက် မြန်မြန် ဖမ်းမိမှာ မဟုတ်သလို၊ တုတုရဲ့ အမေလည်း သတိလစ်နေတာကို ဘယ်သူမှ သိမှာ မဟုတ်သေးဘူး'

[ပြည်သူ့ရဲတပ်ဖွဲ့ : မစိုးရိမ်ပါနဲ့၊ ကျွန်တော်တို့ အမြဲတမ်း စောင့်ကြည့်နေပါတယ်]

[ဟာ... သတင်းတွေက တကယ်ကြီးပဲ အစိုးရဌာနက လူတွေက တကယ်ပဲ Host ရဲ့ Live ကို သီးသန့် စောင့်ကြည့်နေကြတာပဲ]

[လန်းတယ်ဟ... တခြား Host တွေသာ အစိုးရဌာနက လူတွေနဲ့ တွေ့ရင် ကြောက်လို့ သေးတောင်ထွက်ကုန်ကြမှာ]

[အဲဒါနဲ့ ဘယ်တူမလဲ၊ တခြား Live တွေက စစ်ဆေးခံရတာ၊ Host ရဲ့ Live ကတော့ အမှုစစ်ဆေးရာမှာ ကူညီပေးနိုင်သလို အခင်းဖြစ်ပွားရာကိုလည်း ပထမဆုံး သိနိုင်တာကိုး]

[တုတု ကိစ္စပဲဖြစ်ဖြစ်၊ ချိုက်ရှင်း ကိစ္စပဲဖြစ်ဖြစ်၊ ဘယ်အရာမဆို Host ရဲ့ Live ကို ကြည့်မှ ပထမဆုံး သိခဲ့ရတာ မဟုတ်လား]

[ဒါပေမဲ့... 120 ကို ဖုန်းဆက်တာ အသုံးဝင်ပါ့မလား Host ဒီမှာ ပေါ်လာပြီဆိုကတည်းက တစ်ယောက်ယောက် အခက်တွေ့တော့မှာ သေချာတယ်လေ]

[ဒါကတော့... အနည်းဆုံးတော့ တခြားသူတွေက ကယ်ဆယ်ရေးကို အမြန်ဆုံး ရနိုင်တာပေါ့]

"..."

ထိုအချိန်တွင်

တံတားပေါ်က ယောကျ်ားလေးနှင့် မိန်းကလေးမှာ ဘာအ ကြောင်း ပြောမိကြသည်မသိ၊ စတင် ရန်ဖြစ်လာကြသည်။

Live က ပရိသတ်များက ကင်မရာသည် ရုတ်တရက် အနီး ကပ်ဆွဲပြလိုက်သည်ကို သတိပြုမိလိုက်ကြသည်။

ထိုမိန်းကလေးက ယောကျ်ားလေး၏ လက်ကို ခါထုတ်လိုက်သည်ကို တွေ့ရသည်။

"နင့်ကို အခုနက အများကြီးပြောခဲ့တာကို နင် တစ်ခုမှ နားထဲ မဝင်ဘူးလား"

ယောကျ်ားလေးက ကြောင်တောင်တောင် ဖြစ်နေဆဲဖြစ်ပြီး၊ ထိုစကားကို ကြားသောအခါ လွှတ်ခနဲ ပြောလိုက်သည်။

"နားထောင်နေတာပဲဟာ"

"ဒါဆို ငါ အခုနက ဘာပြောလဲ ပြောကြည့်လေ"

"နင် ပန်းရောင် ဂါဝန် ဝယ်ချင်တယ်လို့ ပြောတာမလား၊ ဝယ်လိုက်လေ"

မိန်းကလေး၏မျက်လုံးထဲတွင် မျက်ရည်များ ဝေ့သီလာပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"ငါ ပြောတာက ငါ့အဘိုး မွေးနေ့ ရောက်တော့မယ်၊ ဘယ်လို ကိတ်မုန့်မျိုး ဝယ်ရမလဲလို့ မေးနေတာ"

"..."

ယောကျ်ားလေးမှာ စကားမဲ့သွားတော့သည်။

"နင် ငါ့ကို လုံးဝ ဂရုမစိုက်ဘူး၊ ငါတို့ရဲ့ အနာဂတ်ကိုလည်း ဂရုမစိုက်ဘူး"

"ဒါက အနာဂတ်နဲ့ ဘယ်လို ဆိုင်သွားတာလဲ၊ ကိတ်မုန့် ကိစ္စပဲဟာ၊ အတူတူ သွားရွေးလိုက်ရင် ရတာပဲလေ"

"အဲဒါက ကိတ်မုန့် ပြဿနာလား အဲဒါ ငါ့အဘိုးရဲ့မွေးနေ့လေ၊ ငါ့ရဲ့ အချစ်ဆုံး ဆွေမျိုးရင်းချာပဲ! နင်က နည်းနည်းလေးတောင် အလေးမထားဘူး၊ ငါတို့ အနာဂတ်အကြောင်းကိုရော နင် တကယ် တွေးဖူးရဲ့လား"

"..."

ဒေါသထွက်နေသော ချစ်သူမိန်းကလေးကို ကြည့်ပြီး ယောကျ်ားလေးသည် နောက်ကနေလိုက်သွားရန် ဆုံးဖြတ်လိုက် ကာ မိန်းကလေး၏လက်ကို ပြန်ဆွဲလိုက်သည်။

ချက်ချင်းပဲ ခါထုတ်ခံရသည်..

ထပ်ဆွဲသည်၊ ထပ်ပြီး ခါထုတ်ခံရသည်...

ယောကျ်ားလေးက ခေါင်းကို ကုပ်လိုက်ပြီး မိန်းကလေး၏ ကျောပြင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

'သူ ခဏလေး စိတ်လွင့်ပြီး ဂိမ်းဆော့တဲ့ နည်းဗျူဟာအကြောင်း စဉ်းစားမိသွားလို့ပါ...'

'ဒီလို ဖြစ်မှန်းသိရင် အစကတည်းက သေသေချာချာ တောင်းပန်ပြီး သေချာမကြားလိုက်ဘူးလို့ ပြောလိုက်ရမှာ'

"ဒီလို ရန်ဖြစ်တာက တကယ့်ကို လူ့လောကရဲ့ အစစ်အမှန် မြင်ကွင်းပဲ..."

"ဒီကိစ္စက ကျွန်တော်တို့ကို သင်ခန်းစာပေးနေတာကတော့ ချစ်သူနဲ့ အတူရှိနေချိန်မှာ တခြားအရာတွေကို လုံးဝ မစဉ်း စားပါနဲ့"

[တစ်ခုခု ဖြစ်တော့မှာက ဒီနှစ်ယောက်များလား ဘယ်သူက မြစ်ထဲ ခုန်ချမှာလဲ ဒါမှမဟုတ် ကားတိုက်ခံရမှာလဲ]

[အချစ်ကြောင့် စိတ်နာတာပဲဟာ၊ ကိုယ့်ကိုယ်ကိုယ် သေ ကြောင်းကြံတဲ့အထိတော့ မဖြစ်လောက်ပါဘူး... ပြန်ချော့လိုက်ရင် ရမှာပဲ]

[ဒီမိန်းကလေးကို ကျွန်မ သိသလိုပဲ... ကျွန်မတို့နဲ့ မေဂျာ တူတူပဲ]

[အပေါ်ကလူ၊ သူ့ကို သွားပြီး သတိပေးလိုက်ပါလား]

[..ကျွန်မ စမ်းကြည့်လိုက်မယ်။ အရင်က ကျောင်းသားများသမဂ္ဂမှာ အလုပ်ရှိလို့ သူ့ရဲ့ WeChat ကို အပ်ထားဖူးတယ်]

ထိုပရိသတ်သည် ဒီ Comment ကို ရေးပြီးနောက် အသံတိတ်သွားသည်။

သတင်းသွားပို့သည်မှာ သေချာသည်။

'ဘာမှ ပြောင်းလဲလို့ မရနိုင်ရင်တောင်မှ၊ အနည်းဆုံးတော့ ပြောချင်တဲ့ စကားတွေကို ကြိုပြောနိုင်မယ်၊ ဖက်ထားချင်တဲ့သူကို ဖက်ထားနိုင်မယ်လေ'

'နောင်တတွေ အများကြီး မကျန်ခဲ့အောင်ပေါ့'

"တိန်~~" မက်ဆေ့ခ်ျသံ မြည်လာ၏။

တံတားပေါ်တွင်

မိန်းကလေးက ဒေါသတကြီးဖြင့် အရှေ့ကနေ လျှောက်သွားသည်။

ယောကျ်ားလေးကတော့ မနီးမဝေးကနေ လိုက်လာသည်။

မျက်နှာမှာ စိတ်ညစ်ရိပ်နှင့် အားကိုးရာမဲ့ပုံ ပေါ်နေကာ ချစ်သူကို မည်သို့ ချော့ရမည်နည်းဆိုသည်ကို စဉ်းစားနေ၏။

ရုတ်တရက် အရှေ့က လျှောက်နေသော မိန်းကလေးက ခြေလှမ်း ရပ်သွားကာ ဖုန်းကိုကြည့်နေပုံရသည်။

ကြည့်ပြီးနောက် မိန်းကလေး၏ မျက်စိမှာ ကျုံ့သွားပြီး ချက်ချင်း ခေါင်းမော့လာ‌တော့သည်။

အထက်၊ အောက်၊ ဘယ်၊ ညာ အကုန်ကြည့်ပြီး တစ်ခုခုကို လိုက်ရှာနေပုံရသည်။

သူမ၏မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နေ၏။

အနောက်က ယောကျ်ားလေး မြင်သောအခါ ကူညီပေးရန် သွားချင်သော်လည်း မိန်းကလေး စိတ်ဆိုးနေသည်ကို သတိရကာ ခြေလှမ်းကို ပြန်ရုပ်လိုက်သည်။

"ဟူး..."

သူ သက်ပြင်းကို ရှည်ရှည်ချလိုက်မိသည်။

"ချုံးယန် "

နောက်တစ်စက္ကန့်တွင် အရှေ့က မိန်းကလေးက ရုတ်တရက် လှည့်လာပြီး အော်ခေါ်လိုက်သည်။

ယောကျ်ားလေးက ချက်ချင်းပြန်ထူးသည်။

"အေး ကိုယ် ရှိတယ်"

"နင် အဲဒီမှာပဲ ရပ်နေ၊ လုံးဝ မလှုပ်နဲ့"

မိန်းကလေး၏အသံတွင် ငိုသံ ပါနေသည်။

ယောကျ်ားလေး ဘာဖြစ်မှန်း မသိခင်မှာပင် ချစ်သူမိန်းကလေးက သူ့ဆီကို ပြေးလာသည်ကို တွေ့လိုက်ရသည်။

ပြီးနောက် သူ့ရင်ခွင်ထဲကို အတင်းတိုးဝင်ကာ တင်းတင်းကြပ်ကြပ် ဖက်ထားတော့သည်။

ပျော်ရွှင်မှုက ရုတ်တရက် ရောက်လာသဖြင့် ယောကျ်ားလေးမှာ အနည်းငယ် ကြောင်သွားသည်။

"ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ ပြောဦး မငိုနဲ့နော်၊ ကိုယ် ရှိတယ်"

🫧 Chapter 40

ယောကျ်ားလေးသည် ဘာလုပ်ရမှန်းမသိဘဲ မိန်းကလေးကို ပြန်ဖက်ထားလိုက်သည်။

"မငိုပါနဲ့တော့၊ ဘာကိစ္စရှိလဲ ကိုယ့်ကိုပြော၊ အတူတူ နည်းလမ်းရှာကြတာပေါ့"

မိန်းကလေးက သူ့ရင်ခွင်ထဲမှာ ခေါင်းခါယမ်းနေပြီး မျက်ရည်များက အင်္ကျီရင်ဘတ်ကို စိုရွှဲစေသည်အထိ ကျဆင်းနေသည်။

"ချုံးယန်၊ နင် ငါ့ကို ချစ်လား"

"ကိုယ် မင်းကို ချစ်တာပေါ့"

ယောကျ်ားလေးက ချက်ချင်းပင် သူမ၏ သဘောထား ပြလိုက်သည်။

"ငါလည်း နင့်ကို ချစ်တယ်... ဟီးဟီး နင့်ကို တွေ့ခွင့်ရတာ တကယ် ကောင်းတာပဲ"

ယောကျ်ားလေးက ဒီစကားကို ကြားသောအခါ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။

"မိန်းမ ရေ၊ ကိုယ် တကယ် မှားသွားပါတယ်၊ ခုနက တကယ် စိတ်လွင့်သွားမိတာပါ၊ ဒါပေမဲ့ ကိုယ် မင်းကို တကယ် ချစ်တာပါ..."

"တကယ်တော့ ပထမနှစ်ကတည်းက ကိုယ် မင်းကို စတင် သတိထားမိခဲ့တာ"

ထိုစကား ထွက်လာတော့ မိန်းကလေးက ပိုလို့တောင် ငိုတော့သည်။

ယောကျ်ားလေးမှာ အကြီးအကျယ် ထိတ်လန့်သွားရ၏။

မိန်းကလေးက အကြောင်းရင်းကို ရှင်းပြပြီးနောက် သူလည်း လိုက်ငိုတော့သည်။

သူတို့၏မျက်ရည်များက မထိန်းနိုင်ဘဲ စီးကျလာကြသည်။

"တကယ်လား ကိုယ် မင်းကို မယူရသေးဘူးလေ ဘယ်လိုလုပ် သေလို့ ရမှာလဲ"

သူတို့ နှစ်ယောက်စလုံးသည် အရင်က "မရဏလောကမှ အံ့ဖွယ်နေ့ရက်များ" ဆိုသည့် Live ကို အတူတူ ကြည့်ဖူးကြသည်။

သူတို့သည် တုတု ကိစ္စကတည်းက စောင့်ကြည့်ခဲ့ကြခြင်း ဖြစ်သည်။

မထင်မှတ်ဘဲ...

ဒီနေ့တော့ ဒီသတင်းက သူတို့ကိုယ်ပေါ် သို့ကျရောက်လာခဲ့ပြီပင်။

စပ်စုသူနေရာကနေ စပ်စုခံရသူနေရာကို ပြောင်းလဲသွားတဲ့အခါမှသာ စပ်စုခံရတဲ့သူရဲ့ ခံစားချက်ကို သိလိုက်ရတော့ သည်။

ချစ်သူနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက်ဖက်ကာ အကြီး အကျယ် ငိုကြွေးနေကြသည်။

ဟူး...

တံတားအထက်တွင်

ခေတ္တ စပ်စုချင်စိတ်ကြောင့် ရပ်တန့်ခဲ့သော ကျန်းလင်သည် သက်ပြင်းတစ်ချက် ချလိုက်သည်။

မုန့်ဖော် ထွက်သွားပြီးကတည်းက သူသည် အချစ်ဆိုသည့်အရာအပေါ် အနည်းငယ် စပ်စုချင်စိတ် ဖြစ်ပေါ်ခဲ့သည်။

'ဒါက ဘာများမို့လို့ မုန့်ဖော်ကို နှစ်ပေါင်းတစ်ထောင်တိုင်တိုင် စွဲလမ်းစေခဲ့တာလဲ'

ဒါပေမဲ့ လူ့ပြည်က ချစ်သူတွေရဲ့ ဆက်ဆံရေးပုံစံကိုအကြမ်း ဖျင်း ကြည့်လိုက်ရတဲ့အခါမှာတော့ ဒီကိစ္စကတော်တော် ရှုပ်ထွေးပုံရတယ်လို့ ကျန်းလင် ခံစားရသည်။

'ခဏတဖြုတ်နဲ့တော့ နားလည်နိုင်မှာ မဟုတ်ဘူး နောက်မှ အခွင့်အရေးရရင် ဆက်ပြီး လေ့လာကြည့်တာပေါ့'

...

Live ထဲမှာတော့

ထိုချစ်သူနှစ်ဦး အသည်းအသန် ငိုနေကြသည်ကို ကြည့်ပြီး ပရိသတ်များလည်း လိုက်ငိုကြသည်။

[စိတ်ဓာတ်တွေ ပြိုလဲကုန်ပြီ၊ ငါ မင်းကို မယူရသေးဘူးတဲ့... လူပျိုကြီးတွေတောင် နားထောင်ပြီး မျက်ရည်ကျရတယ်]

[အခုလေးတင် တစ်ရှူး နှစ်ထုပ် ထပ်မှာလိုက်တယ်၊ ဒီ Live ကို စကြည့်ကတည်းက တစ်ရှူးတွေ အကုန်မြန်လွန်းတယ်]

[...အပေါ်ကလူ ကားမောင်းနေ (နှာခေါင်းသွေးထွက်အောင် ပြောနေ) သလားလို့ ခံစားရတယ်.]

[ရုတ်တရက် ငါ့ချစ်သူကို လွမ်းလာပြီ သူ့ဆီ အမြန် မက်ဆေ့ခ်ျ သွားပို့လိုက်ဦးမယ်]

[ငိုချင်တယ်၊ အချစ်ရှိတဲ့သူ ဖြစ်ချင်လိုက်တာ]

[ဒီလောက် ချိုမြိန်နေတဲ့ သူနှစ်ယောက် သေတော့မယ်လို့ တွေးလိုက်မိတော့ ရုတ်တရက် ရင်ထဲ တစ်ဆို့သွားရတယ

[120 ကို ဖုန်းဆက်ထားပြီးပြီ၊ သူတို့ ထွက်သွားတဲ့အခါ နာကျင်မှု နည်းနိုင်သမျှ နည်းပါစေလို့ ဆုတောင်းပါတယ်]

တံတားပေါ်က ထိုနှစ်ယောက်က အရမ်းချိုမြိန်လွန်းသည်။

သူတို့ သေတော့မယ်လို့ တွေးလိုက်တိုင်း ပရိသတ်တွေ ရင်ထဲမှာ မွန်းကျပ်နေရသည်။

သူတို့၏မျက်ရည်များကိုလည်း မထိန်းနိုင်တော့ပေ။

Live ထဲမှာ အော်ဟစ်ငိုကြွေးသံတွေ ပြည့်နေသည်။

မျက်ရည်တွေကြားကနေ သူတို့ Host လှုပ်ရှားသွားတာကို မြင်လိုက်ရသည်။

သူတို့၏ Host က ထိုချစ်သူနှစ်ဦးဆီကို ပျံသန်းသွားသော အခါ ပရိသတ်များက တစ်ရှူးနှစ်ရွက် ထပ်ဆွဲလိုက်ပြီး ပိုလို့တောင် အသံကျယ်ကျယ် ငိုလိုက်ကြသည်။

ပြီးနောက် Host က တစ်လှမ်းချင်း နီးကပ်လာတာကို တွေ့ရသည်။

ပိုပြီး နီးလာပြီ...

နောက်ဆုံးမှာတော့ ထိုချစ်သူနှစ်ဦးကို ကျော်ဖြတ်ပြီး အခြားတစ်ဖက်ကို ပျံသန်းသွားတော့သည်။

ကျန်းလင်အတွက်ကတော့ လမ်းကြုံလို့ ခဏရပ်ကြည့်လိုက်ရုံသာ ဖြစ်သည်။

သို့သော် Live က ပရိသတ်တွေ မြင်လိုက်ရတဲ့အခါမှာတော့ အားလုံး ကြောင်အမ်းအမ်း ဖြစ်ကုန်ကြသည်။

"..."

[ဘာအခြေအနေလဲ]

[Host က ဘာလုပ်တာလဲ]

[ဘာလို့ ထွက်သွားတာလဲ]

[အလောင်းသိမ်းဖို့... ဝူး ဝိညာဉ်သိမ်းဖို့ လာတာ မဟုတ်ဘူးလား]

[Host ခင်ဗျား အလုပ်မလုပ်သေးဘဲ ဘာလို့ ထွက်သွားတာလဲ]

[Host က မိမိဘာလာလုပ်တာလဲဆိုတာ မေ့သွားတာလား]

ပရိသတ်တွေက ခဏလောက် သတိမဝင်နိုင်သေးဘဲ နှပ်ချေးတွေတောင် ရှုံ့နေကြဆဲပင်။

Comment ထဲမှာ အမေးသင်္ကေတများ အပြည့် ဖြစ်နေတာကို မြင်မှ ကျန်းလင်သည် ခုနက စကားမဆုံးသေးသည်ကို သတိရပြီး ဆက်ပြောလိုက်သည်။

"အခု ကျွန်တော်တို့ တာဝန်တစ်ခု သွားလုပ်ရအောင်"

"တာဝန်ရဲ့ အချက်အလက်အရ၊ ဒီဝိညာဉ်က လူ့ပြည်မှာ နေနေတာ အတော်ကြာနေပြီ"

အရင်က ချိုက်ရှင်း ကိစ္စနဲ့ မတူပေ၊ အဲဒီတုန်းက ဖန်းလီလီ သေပြီးတာ မကြာသေးပါချေ။

အခု ကျန်းလင် ရှာရမှာကတော့ သေပြီးတာ အတော်ကြာနေတဲ့သူ ဖြစ်သည်။

[ဘာတာဝန်လဲ၊ ဘာဝိညာဉ်လဲ၊ Host ခင်ဗျား ထိုချစ်သူနှစ်ဦးကို မသိမ်းဘူးလာ[ခင်ဗျား မသိမ်းဘူးဆိုရင် ကျွန်မ ခုနက ဘာလို့ သတင်းသွားပို့မိပါလိမ့် ဘာလို့ ငိုနေမိတာလ

[...ဒါဆို ခုနက ကျွန်တော်တို့ နေ့ခင်းကြောင်တောင်ကြီး သူများ‌ တွေရိုနေတာကို ခွေးစာ အတင်းကျွေးခံလိုက်ရတာလား]

[အပေါ်ကလူ ကိုယ့်ကိုယ်ကိုယ် သံသယမဖြစ်ပါနဲ့ ကျွန်တော်တော့ ဗိုက်ဝသွားပြီ (အချစ်တွေ မြင်ရလွန်းလို့)]

[ဒါက ဝမ်းနည်းစရာ ဇာတ်အိမ်နဲ့ ရေးထားတဲ့ အချစ်ဇာတ် လမ်းလား ငါ့ရဲ့ မျက်ရည်တွေ]

[နားမထောင်ဘူး နားမထောင်ဘူး]

ပရိသတ်တွေဟာ ဒဏ်ရာပေါင်း ကုဋေကုဋာ ရလိုက်သလို ခံစားနေရသည်။

အဓိကက သူတို့တွေက လူပျိုကြီး/အပျိုကြီးတွေ ဖြစ်နေကြပြီး၊ အချို့ဆို မိန်းကလေးလက်တောင် မကိုင်ဖူးကြသေးပေ။

ခုနကတင် ထိုချစ်သူနှစ်ဦးအတွက် မျက်ရည်တွေ အများကြီး သွန်းလောင်းခဲ့ရသေးသည်။

'ခုနက ဘယ်လောက် ဝမ်းနည်းခဲ့ရသလဲ၊ အခု အဲဒီလောက် *** ဖြစ်နေရပြီလေ'

ဖန်သားပြင် အရှေ့တွင်

လူပျိုကြီး အတော်များများက နှပ်ချေးရှုံ့ရင်း မိမိရဲ့ ရည်စားဟောင်းတွေကို ပြန်စဉ်းစားမိကြသည်။

ဖုန်းကို ဖွင့်လိုက်၊ ပိတ်လိုက်လုပ်ကာ နောက်ဆုံးတော့ သူတို့ရဲ့ Facebook/Instagram တွေကို ဝင်ကြည့်ပြီးမျက်ရည်ကျချင်လာသည်။

မိန်းကလေးလက်တောင် မကိုင်ဖူးသေးတဲ့သူတွေကတော့ မိမိလက်ကို ပြန်ကြည့်ပြီး မိမိကိုယ်ကိုယ် ပါးတစ်ချက် ရိုက်လိုက်ကြသည်။

ညာလက်နဲ့ ဘယ်လက်ကို ရိုက်ရင်း ပြောနေကြ၏။

[နင့်ကို ကြိုးစားခိုင်းတယ် နင့်ကို ရုန်းကန်ခိုင်းတယ် မိန်းကလေးလက်တောင် မကိုင်ဖူးဘူး]

[ခွေးစာ စားရတာ ထိုက်တန်တယ်! အခုတော့ ဗိုက်ဝသွားပြီမလား]

...

ကျန်းလင်က ပရိသတ်တွေကို ခေါ်ပြီး ထွက်သွားပြီးနောက်

တံတားပေါ်မှာတော့

ယောကျ်ားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး ငိုနေကြဆဲပင်။

ဝမ်းနည်းမှုထဲမှာ နစ်မွန်းနေတဲ့ ပရိသတ်တွေကလည်း ထိုနှစ်ယောက်ကို သတင်းပြန်ပို့ဖို့ လုံးဝမေ့သွားကြသည်။

'အချစ်ပြတာကို ပြန်အန်ထုတ်ဖို့တောင် အချိန်မရှိတာ၊ ဘယ်သူက ဆက်ပြီး သတင်းပို့ချင်တော့မှာလဲ'

"ဝူး ဝူး ဝူး..."

"တကယ်လို့ ဒီနေ့ ကိုယ် တို့ အသက်ရှင်နိုင်ခဲ့ရင်၊ လက်ထပ်ကြရအောင်"

"အင်း တစ်ရက်ပဲ ကျန်တော့ရင်တောင်၊ ငါတို့ တစ်ရက်စာ လင်မယား လုပ်ကြမယ်"

ပြောရင်းနှင့် နှစ်ယောက်သား မျက်ရည်တွေ ထပ်ကျလာပြန်သည်။

ထိုအချိန်မှာပင် ပရိသတ်တွေ ခေါ်ထားတဲ့ 120 လူနာတင် ကား ရောက်လာသည်။

ကယ်ဆယ်ရေး ဝန်ထမ်းတွေက ကားပေါ်ကနေ ပြေးဆင်းလာသည်။

"ဘယ်မှာလဲ ဘယ်မှာလဲ ဒီမှာ လူနာရှိတယ်ဆို လူနာက ဘယ်မှာလဲ"

သူတို့ အကြာကြီးလိုက်ရှာကြသည်။ တံတားအောက်ကိုတောင် ငုံ့ကြည့်ကြသေးသည်။

'ဘယ်သူမှ ထိခိုက်ဒဏ်ရာ ရထားတာ မတွေ့ရပါလား'

ထိုချစ်သူနှစ်ဦး ကြည့်လိုက်တော့လည်း ဒီမှာ သူတို့နှစ်ယောက်ပဲ ရှိသည်။

ဒါဟာ ပရိသတ်တွေ ကူညီပြီး ခေါ်ပေးထားတဲ့ 120 ဆိုတာကို သူတို့ ခန့်မှန်းမိသွားသည်။

ချက်ချင်းပဲ ပိုလို့တောင် ဝမ်းနည်းတကြီး ငိုကြတော့သည်။

"ဝူး ဝူး ဝူး... ခဏ စောင့်ပေးပါဦး၊ ခဏနေရင် ကျွန်တော်တို့ တစ်ခုခု ဖြစ်တော့မှာမို့လို့ပါ..."

"မလောပါနဲ့ဦး ဝူး ဝူး ဝူး..."

ငိုသံတွေကြားတွင်

ကားတစ်စီးက သူတို့ဘေးမှာ ဖြည်းဖြည်းချင်း ရပ်လိုက်သည်။

ထို့‌နောက်မှန်ချလိုက်ကာ ဒရိုင်ဘာက ဖုန်းကိုကိုင်ပြီး သူတို့နှစ်ယောက်ကို ကြည့်လိုက်၊ ဖုန်းကို ကြည့်လိုက်လုပ်နေ သည်။

ဒီနှစ်ယောက်မှန်း အသေအချာ သိသွားပြီးနောက် ဒရိုင်ဘာက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"ဘာလို့ ငိုနေကြတာလဲ၊ ဒါက အထင်မှားတာ လို့ ပြောထားပြီးပြီ မဟုတ်လားဘာကို ဝမ်းနည်းနေတာလဲ"

"ဟေ့ ဟေ့၊ မင်းတို့ကို ပြောနေတာ၊ ဟိုမှာ ဖက်ပြီး ငိုနေတဲ့ နှစ်ယောက်၊ တစ်ယောက် နာမည်က... ချုံးယန်လား ဘာလားပဲ"

ဒါကို ကြားတော့မှ ဖက်ငိုနေတဲ့ နှစ်ယောက်က သူတို့ကို ခေါ်နေမှန်း သိလိုက်ရသည်။

ထို့နောက်မျက်ရည်တွေကြားကနေ မော့ကြည့်လိုက်သည်။

"ဝူး ဝူး... ဦးလေး၊ သူ နာမည်က ချုံးယန်ပါ..."

"ချုံးယန်ဆိုလည်း ချုံးယန်ပေါ့၊ ဖုန်းမကြည့်ကြဘူးလား၊ မင်းတို့ မသေပါဘူး"

ဒရိုင်ဘာ ဦးလေးကြီးက လက်ယပ်ပြလိုက်သည်။

"မငိုနဲ့တော့၊ လက်ထပ်မှာလား ဟိုတယ်သွားမှာလား တစ်ခုခု လုပ်ချင်ရင် မြန်မြန်သွားကြတော့"

သူက ဒီလမ်းကနေ ဖြတ်သွားမှာမို့လို့ လမ်းကြုံဝင်ကြည့်ပေးတာ ဖြစ်သည်။

'မထင်မှတ်ဘဲ ဒီနှစ်ယောက်က ငိုနေတုန်းပဲ၊ ဘယ်သူမှ သူတို့ကို သတင်းမပြောကြဘူးလား'

"..."

"ဟင် မ... မသေရတော့ဘူးလား"

ချစ်သူနှစ်ဦး ကြောင်သွားသည်။

'ချက်ချင်းပဲ ဖုန်းဖွင့်ကြည့်လိုက်တော့၊ ဟုတ်တယ်'

'Host က ဒီနေရာကနေ ထွက်သွားတာ ကြာပြီ'

နှစ်ယောက်သား ဝမ်းသာအားရဖြင့် ခုန်ပေါက်ကြတော့ သည်။

ဘေးနားက ကယ်ဆယ်ရေး ဝန်ထမ်းများလည်း အခြေအနေကို နားလည်သွားကြသည်။

စိတ်လည်း တိုချင်စရာ၊ ရယ်လည်း ရယ်ချင်စရာ ဖြစ်သွားရသည်။

သို့သော် မည်သူမှ ဘာမှမဖြစ်တာကတော့ အကောင်းဆုံးပါပဲ။

ဒီနှစ်ယောက် ဝမ်းသာသွားပြီးနောက် ဒရိုင်ဘာ ဦးလေးကြီးကိုရော၊ ကယ်ဆယ်ရေး ဝန်ထမ်းတွေကိုပါ အလဲလဲအကွဲကွဲ ကျေးဇူးတင်ကြသည်။

အားလုံး ထွက်သွားပြီးနောက် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ငိုလည်းငိုချင်၊ ရယ်လည်းရယ်ချင် ဖြစ်နေကြသည်။

သေဘေးကနေ လွတ်မြောက်လာသလို ခံစားချက်မျိုးပင်။

နောက်တစ်ရက်တွင်

သူတို့နှစ်ယောက် မထင်မှတ်ထားတာကတော့ ဒီအထင်မှားမှုကြီးကြောင့် သူတို့ နာမည်ကြီးသွားခြင်းပင်။

Live ထဲမှာ Host ကို မရိုက်မိပေမဲ့၊ ဒီနှစ်ယောက်ကိုတော့ အပြည့်အစုံ ရိုက်မိသွားခဲ့သည်။

ပရိသတ်တွေက 'ငါတစ်ယောက်တည်း Dog Food အကျွေးခံရပြီး ရင်နာနေလို့ မဖြစ်ဘူး' ဆိုတဲ့ စိတ်ဓာတ်နဲ့ အင်တာနက်ပေါ်ကို တင်လိုက်ကြသည်။

ခေါင်းစဉ်ကို ဤကဲ့သို့ပေးထားသည်။

[ငါ မင်းကို မယူရသေးဘူး၊ ငါ မသေနိုင်ဘူး]

ဒါမှမဟုတ်

[ မရဏလောကထဲမှ အံ့ဖွယ်နေ့ရက်များ၊ ချစ်သူနှစ်ဦးကို ပြန်ချော့ဖို့ စက္ကန့်ဘယ်လောက် လိုသလဲ]

ကြည့်ပြီးသော ပရိတ်သတ်များမှာ ငိုကုန်ကြ‌တော့သည်။

[ငါ တစ်ရှူးတွေတောင် အသင့်ပြင်ထားတာ၊ ခင်ဗျားက ဒါကြီးပဲ ပြတာလား]

[သူတို့ တကယ် သေတော့မယ်လို့ ငါ ထင်နေတာ၊ ရလဒ်ကတော့ ငါ့ရဲ့ မျက်ရည်တွေ အလကားပဲ]

[ချစ်သူနှစ်ဦးကို မြန်မြန် ပြန်ချော့နိုင်မယ့် နည်းလမ်း စကား ၅ ခွန်းပဲ လိုတယ် : နင်တို့ သေတော့မယ် တဲ့]

[အား... ငါလည်း ဒီလိုမျိုး 'အောင်သွယ်တော် Host' တစ်ယောက်လောက် လိုချင်တယ်! ငါ့ချစ်သူက ငါ့ကို ပြန်ရန်တွေ့နေပြန်ပြီ]

[အောင်သွယ်တော် Host ဆိုတဲ့ နာမည်က မဆိုးဘူးနော်]

"..."

နောက်ပိုင်း Live က Comment တွေကနေ ထိုနာမည်ကို သိသွားသည့် ကျန်းလင် : "..."

All Chapters