← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

🫧Chapter 45

"Host... ကျွန်မ ထွက်ခွာလို့ရပါပြီ"

ချီယောင်ယောင်သည် ကျန်းလင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

သူမ ရင်ထဲတွင် ပွင့်လင်းကြည်လင်နေပြီး အလွန်ပင် ပေါ့ပါးနေချေပြီ။

ငရဲပြည်ရောက်လျှင် သူမအပေါ် မည်သို့ စီရင်ချက်ချမည်ကို သူမ မသိသော်လည်း၊ သူမ၏ ကိုယ်ပိုင် ဆန္ဒအလျောက် လုပ်ဆောင်ခဲ့မှုများအတွက် ရလဒ်ကိုတော့ ခံယူရန် အသင့်ပြင်ထားပြီးသား ဖြစ်သည်။

'သူမအဖေ ပြောခဲ့ဖူးသည် မဟုတ်ပါလား'

လူဆိုသည်မှာ မိမိကိုယ်ကို တာဝန်ကျေရမည်။ မည်သို့သော ရွေးချယ်မှုမျိုးကိုမဆို ပြုလုပ်ခဲ့လျှင် ထိုရွေးချယ်မှုမှ လာမည့် အကျိုးဆက်ကို ရင်ဆိုင်ရန် အမြဲ အသင့်ပြင်ထားရမည်။

[ဒီတစ်ခါ တာဝန်က တော်တော် မြန်မြန် ပြီးသွားတာပဲ]

[အပူးပေါင်းဆုံးပဲ၊ တခြား ဘယ်သူနဲ့မှ မတူဘူး]

[တွေ့တာ ငါးမိနစ်ပဲ ရှိသေးတယ်... ပြီးတော့ တာဝန်က ပြီးသွားပြီ]

[အင်း... သူ ငရဲမကျဖို့ပဲ မျှော်လင့်ရတာပဲ၊ အဆောက်အအုံတစ်ခုလုံးကို အပိုင်စီးထားတယ် ဆိုပေမဲ့ လူတွေကို ကယ်ဖို့ လုပ်ခဲ့တာပဲလေ]

[ကြည့်ရတာ ၁၄-၁၅ နှစ်ပဲ ရှိဦးမယ်၊ အလယ်တန်း ကျောင်းသူအရွယ်လောက်ပဲ ရှိမှာ]

Live Room ထဲရှိ ပရိသတ်များသည် အစပိုင်းက မျှော်လင့်ထားသလို တိုက်ပွဲတစ်ခု မဖြစ်ပွားခဲ့သော်လည်း ယခုအခါတွင်မူ... တိုက်ပွဲမဖြစ်ခဲ့သည်မှာ ကံကောင်းသည်ဟု သူတို့ တွေးနေကြသည်။

မဟုတ်လျှင် ဤညီမလေးမှာ ဒုက္ခများစွာ ရောက်ပေလိမ့် မည်။

ကျန်းလင်သည်လည်း ဤမျှ မြန်ဆန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူသည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူ့ အနောက်တွင် ငရဲဘုံသို့ သွားရာ လမ်းကြောင်းတစ်ခုပေါ်လာတော့ သည်။

သူသည် အခန်းထဲရှိ ဝိညာဉ်အုပ်စုကို ကြည့်ကာ "မင်းတို့ အကုန်လုံး ဝင်သွားကြ" ဟု ပြောလိုက်သည်။

"..."

နောက်ဆုံးတော့ လစ်ပြေးလို့ရပြီဟု ထင်ထားခဲ့သော ဝိညာဉ်များမှာ ချက်ချင်းပင် တောင့်ခဲသွားကြသည်။

ခုနကမှ ရှူလိုက်သော သက်ပြင်းမှာ ပြန်ဝင်သွားရချေပြီ။

'တော်တော်လည်း ကောင်းတဲ့လူပဲ'

' ဒါက တစ်ခါတည်း အကုန်လုံးကို သိမ်းကျုံး ဖမ်းသွားတာ မဟုတ်ပါလား'

'ထွက်ပြေးမလား'

ဝိညာဉ်တမန်တော် အရှင်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနှင့် ဝိညာဉ်မှာ လွင့်စင်ပျောက်ကွယ်သွားနိုင်သည် မဟုတ်ပါလော။

ဝိညာဉ်အုပ်စုမှာ မျက်နှာလေးများ ငယ်သွားကာ တန်းစီပြီး ငရဲဘုံလမ်းကြောင်းထဲသို့ လျှောက်ဝင်သွားကြရသည်။

ငရဲပြည်တဲ့လား... သူတို့က လူ့လောကမှာ လွတ်လွတ်လပ်လပ် နေလာခဲ့ကြတာဆိုတော့ ဟိုရောက်ရင် နေသားကျပါ့မည်လော မသိကြပေ။

"ဟားဟားဟား..."

သူငယ်ချင်းများ၏ ဤကဲ့သို့ ဒုက္ခရောက်နေသော ပုံစံကို မြင်သောအခါ ချီယောင်ယောင်က မနေနိုင်ဘဲ ရယ်ချလိုက်တော့သည်။

သူမသည် ဝိညာဉ်တစ်ကောင်၏ ပုခုံးကို ပုတ်ကာ

"အားလုံးက ညီအစ်ကိုတွေပဲလေ၊ ဘာမှမဖြစ်ဘူး... တို့တွေ အတူတူ သွားကြမယ်"

အခြား ဝိညာဉ်များက သူမကို ဝိုင်းကြည့်လိုက်ကြသည်။

' ဒါတွေ အားလုံးက နင့်ကြောင့် ဖြစ်ရတာ မဟုတ်လား ဘာ ညီအစ်ကိုလဲ ငါတို့က ဖဲအတူတူ ရိုက်တဲ့သူတွေပဲလေ တကယ်သာ ညီအစ်ကိုဆိုရင် အခုချက်ချင်း နင့်ရဲ့ နံရိုးကြားကို ဓားနဲ့ နှစ်ချက်လောက် ထိုးချင်နေကြပြီ'

"ဘာမှမဖြစ်ပါဘူး၊ အရမ်း စိတ်မလှုပ်ရှားကြနဲ့ အားလုံး အတူတူဆိုတော့ နောက်မှ အားရင် ဖဲဆက်ရိုက်လို့ရသေးတာပဲ"

ချီယောင်ယောင်သည် ခုနကတင် တစ်ယောက်တည်း သွားရလျှင် အထီးကျန်နေမလားဟု တွေးနေခြင်း ဖြစ်သည်။

ယခုတော့ ဤညီအစ်ကို အုပ်စုကြီး ပါလာပြီဖြစ်ရာ ပြောရတာ လွယ်သွားပြီပင်။

မသွားခင်မှာ ကြောင်ဝိညာဉ်လေးက ချီယောင်ယောင်၏ ပုခုံးပေါ်သို့ ခုန်တက်သွားကာ ငရဲပြည်သို့ အတူတူ လိုက်ပါသွားတော့သည်။

[... ဒီဝိညာဉ်တွေက သူမကို ဝိုင်းရိုက်ချင်နေကြပြီ ထင်တယ်]

[သူငယ်ချင်းဆိုတာ တစ်သက်လုံး အတူတူ သွားကြမယ်၊ အဲ့ဒီနေ့ရက်တွေ မရှိတော့ပေမဲ့... အရက်တစ်ခွက်က တစ်ဘဝလုံးလုံလောက်တယ်...ချီးယား]

[အမှန်အတိုင်း ပြောရရင် ဒီဝိညာဉ်အုပ်စုက မနေ့က ကျွန်တော် မြင်ခဲ့တဲ့ မူကြိုကျောင်းက ကလေးတွေထက်တောင် တန်းစီတာ ပိုညီသေးတယ်]

[တကယ့် ညီအစ်ကိုတွေပဲ၊ ဒုက္ခရောက်လည်း အတူတူပေါ့]

[အခန်းထဲက သရဲတွေ အကုန်လုံး အတူတူ ရှိနေရမယ်၊ ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်ယောက်မှ မကျန်စေရဘူး]

[အပေါ်ကလူက စာနာစိတ် မရှိဘူးလား]

ပရိသတ်များသည် Live Room အတွင်းရှိ ဤဝမ်းနည်းစရာ ကောင်းသော ဝိညာဉ်များအတွက် စာသားများဖြင့် သီချင်း နောက်ခံပေးနေကြသည်။

တကယ်တော့ Host ဤသို့ လုပ်ဆောင်ခြင်းကသာ အကောင်းဆုံး နည်းလမ်းဖြစ်မှန်း သူတို့ သိကြပါသည်။

ဤဝိညာဉ်များကို လူ့လောကတွင် ချန်ထားခဲ့ပါက နောက် ထပ် ဘာပြဿနာတွေတက်ဦးမည် မသိပေ။

ကျန်းလင်သည် ငရဲဘုံထဲသို့ နောက်ဆုံးမှ ဝင်သွားသူဖြစ် သည်။

မဝင်ခင် သူသည် Live Room ကို ကြည့်လိုက်သည်။

ချီယောင်ယောင်က လူသားများ၏ဖုန်းထဲကနေ သူ့ရဲ့ Live ကိုမြင်ဖူးသည်ဟု ပြောခဲ့သည်ကို သူ သတိရသွားသည်။

"ကျွန်တော့် Live ကို ကြည့်ဖူးတဲ့သူတွေ အနေနဲ့ သရဲရှာဖို့ သက်သက်မဲ့ မကြိုးစားကြဖို့ မျှော်လင့်ပါတယ်၊ သေဖို့က လွယ်ပါတယ်"

သရဲခဏခဏ ရှာတတ်သူများသည် ဝိညာဉ်များ၏ အာရုံ စိုက်မှုကို ပိုရရှိစေတတ်သည်။

အကယ်၍ ဤအကြောင်းကြောင့် သေဆုံးသွားပါက မိမိ၏ ဘဝတစ်ခုကို အချည်းနှီး ဖြုန်းတီးပစ်ရာ ရောက်ရုံသာမက၊ ငရဲပြည်၏ အလုပ်တာဝန်များကိုလည်း အပိုတိုးစေသည်။

[ဝိုး... Host က အတည်ပေါက်နဲ့ သတိပေးနေတဲ့ ပုံစံက တော်တော် မိုက်တာပဲ]

[တော်တဲ့ Fan တစ်ယောက်အနေနဲ့ Host ကို အလုပ်မရှုပ်စေဖို့ သင်ယူရမယ်]

[သရဲရှာချင်နေတဲ့သူတွေ Live ကို သေချာကြည့်ကြစမ်းပါ Live ထဲမှာ သရဲမျိုးစုံ ပေါ်လာမှာပဲကို၊ ကိုယ့်ဘာသာကိုယ် သွားရှာတာက အန္တရာယ်ရှိရုံတင် မကဘူး၊ အသက်ပါ ထွက်သွားနိုင်တယ်]

ပရိသတ်များကလည်း ဝိုင်းဝန်း ထောက်ခံကြ၏။

သရဲ သွားရှာချင်သူများသည် အမှန် ပင် သေတွင်းတူးနေသူများ ဖြစ်သည်။

' ကောင်းကောင်းမွန်မွန် အသက်ရှင်နေရတာ မကောင်းဘူးလား'

...

ဝိညာဉ်အုပ်စုကို ခေါ်ဆောင်ကာ ငရဲပြည်သို့ ပြန်ရောက်ပြီးနောက် ကျန်းလင်သည် တာဝန် သွားအပ်လိုက်သည်။

ချီယောင်ယောင်သည် ကျင့်ကြံခြင်းလမ်းသို့ ရောက်ရှိနေသူဖြစ်ရာ တာဝန် လျော်ကြေးမှာ အရင်တစ်ခါထက် ပိုများ သည်။

အခြေခံ ကျင့်ကြံခြင်းကတ် ၆ ကတ်၊ ဝိညာဉ်ကျောက်တုံး ၁၀ တုံးနှင့် ငရဲငွေ ၅၀၀ ရရှိခဲ့သည်။

သူသည် ဤတာဝန်ကို လက်ခံစဉ်က အလုပ်လုပ်ရင်းနှင့် အဆင်ပြေအောင် လုပ်ပေးလိုက်မည်ဟုသာ တွေးခဲ့ခြင်း ဖြစ်သည်။

ဤမျှ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ တာဝန် လျော်ကြေးမှာ အလကား ကောက်ရသလိုပင်ဖြစ်၏။

ထိုဝိညာဉ်အုပ်စုနှင့် ပတ်သက်လျှင်မူ... ဤတာဝန်၏ အဓိက ရည်ရွယ်ချက်မှာ အဆောက်အအုံကို ဝိညာဉ်များ လက်မှ ပြန်လည် ရယူရန် ဖြစ်သည်။

ချီယောင်ယောင်သည် လူကို အန္တရာယ် မပြုခဲ့သဖြင့် သူမကို တစ်စုံတစ်ရာ အပြစ်ပေးရန် မရှိပေ။

ထို့ကြောင့် ကျန်းလင်သည် ဝိညာဉ်အုပ်စုကို ပုံမှန်လုပ်ထုံး လုပ်နည်းအတိုင်း တရားသူကြီးထံသို့ ခေါ်သွားပေးလိုက်သည်။

မည်သူက အပြစ်ရှိသည်၊ မည်သူက အပြစ်ကင်းသည် ဆိုသည်မှာ တစ်ချက်ကြည့်ရုံနှင့် သိနိုင်ပါသည်။

သို့သော် သူ အစောပိုင်းက ကြည့်ရသလောက် ဤဝိညာဉ်များ၏ ကိုယ်ပေါ်တွင် သွေးညှီနံ့ (သတ်ဖြတ်မှု အငွေ့အ သက်) မရှိကြပေ။

ထိုဝိညာဉ်များလူကို အန္တရာယ် ပြုဖူးပုံ မရကြပါ။

ချီယောင်ယောင်၏ ကိုယ်ပေါ်တွင်မူ ရွှေရောင် အလင်းတန်းလေးများပင် မသိမသာထွက်ပေါ်နေသည်။

ဝိညာဉ်တိုင်းက မကောင်းကြသည် မဟုတ်ပေ။ ဝိညာဉ်က ကောင်းမှုလုပ်လျှင်လည်း ကောင်းကင်ဘုံက သူ့နည်းသူ့ဟန်ဖြင့် ဆုလာဘ်များ ပေးလေ့ရှိသည်။

လေလွင့်ဝိညာဉ်များကို ခေါ်ဆောင်လာခြင်းမှာ ဝိညာဉ်တမန်တော်၏ မဖြစ်မနေ လုပ်ဆောင်ရမည့် အလုပ်မဟုတ်သော် လည်း၊ တွေ့ရှိပါက ခေါ်ဆောင်လာလျှင် ငရဲပြည်က ဆုလာဘ်များ ပေးတတ်သည်။

ထို့ကြောင့် ဝိညာဉ်တမန်တော်များသည် အဆင်ပြေလျှင် ခေါ်ဆောင်လာလေ့ရှိကြသည်။

အဘယ်ကြောင့်ဆိုသော်... ဤဝိညာဉ်များ လူ့လောကတွင် ကျန်ရှိနေပြီး လူကို အန္တရာယ်ပြုပါက သူတို့၏အလုပ်တာ ဝန်များကို သွယ်ဝိုက်သော နည်းလမ်းဖြင့် တိုးပွားစေသောကြောင့် ဖြစ်သည်။

"ဒီနေ့ အလုပ်တွေ အကုန် ပြီးသလောက် ရှိပြီ"

ကျန်းလင်သည် Live Room ကို ပိတ်လိုက်ကာ ကျင့်ကြံခြင်းကတ်များကို ယူဆောင်ပြီး ကျင့်ကြံခြင်း အခန်းသို့ သွားလိုက်သည်။

သူ အရင်တစ်ခါက ရရှိထားသော စနစ်မှပေးသော အမှတ်၅၀၀၀ ကိုလည်း အသုံးမပြုရသေးပေ။

...

လူ့လောကတွင်မူ

ချီယောင်ယောင်၏စကားများကြောင့် လှိုင်းတံပိုးများစွာ ဖြစ်ပေါ်လာခဲ့သည်။

ဌာနဆိုင်ရာများစွာသည် စတင် လှုပ်ရှားလာကြသည်။ အဆောက်အအုံတစ်ခုလုံး၏ အညွှန်းကိန်းများပြည့်မီခြင်း ရှိ၊ မရှိကို တင်းကျပ်စွာ စစ်ဆေးကြတော့သည်။

ဆောက်လုပ်ရေး တာဝန်ခံများကိုလည်း သေသေချာချာ စစ်ဆေးကြသည်။

တစ်ဆင့်ချင်းစီကို စနစ်တကျ စစ်ဆေးပြီး မည်သည့်နေရာ၊ မည်သည့် ပတ်သက်သူကိုမျှ ချန်လှပ်မထားပေ။

စစ်ဆေးမှုများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်လာသည်နှင့်အမျှ ဤအဆောက်အအုံ၏ အစစ်အမှန် အချက်အလက်များမှာ ပရိသတ်များ၏ ရှေ့တွင် ပေါ်ထွက်လာတော့သည်။

အာဏာပိုင်များကလည်း ဖုံးကွယ်ရန် မကြိုးစားသလို၊ ဖုံးကွယ်ရန်လည်း မဖြစ်နိုင်တော့ပေ။

ယခုအချိန်တွင် အကောင်းဆုံး နည်းလမ်းမှာ အရာရာကို ပွင့်လင်းစွာ ချပြပြီး ပြည်သူလူထုနှင့်အတူ စောင့်ကြည့်ရန်သာ ဖြစ်သည်။

စစ်ဆေးမှု ရလဒ်များနှင့် ဗီဒီယိုများ အင်တာနက်ပေါ်တွင် ပေါ်ထွက်လာသည်။

အချို့က အချက်အလက်များကို နားမလည်သော်လည်း ဗီဒီယိုများကိုမူ နားလည်ကြသည်။

ထိုဗီဒီယိုများထဲတွင်...

လူတစ်ယောက်က ကြမ်းပြင်တစ်ခုကို တူနှင့် ထုကြည့်နေသည့် ဗီဒီယိုတစ်ခု ပါဝင်သည်။

၎င်းတွင် ကြွေပြားများ ကွဲအက်သွားပြီး အောက်ရှိ ဘိလပ် မြေမှာလည်း ပျက်စီးနေသည်ကို တွေ့ရသည်။

အဆောက်အအုံတစ်ခုလုံး၏ပစ္စည်းများမှာ ကောင်းတစ်လှည့်၊ ညံ့တစ်လှည့် ဖြစ်နေသည်။ အရည်အသွေး ညံ့သော နေရာအများစုမှာ လူတွေ သတိမထားမိနိုင်သော နေရာများ သို့မဟုတ် လူအသွားအလာ နည်းသော နေရာများဖြစ်နေသည်။

နောက်ထပ် ဗီဒီယိုတစ်ခုတွင် လူတစ်ယောက်က မီးသတ်ဆေးဘူး ၁၀ ဘူးကို စမ်းသပ်ပြသည်။ ရလဒ်မှာ ၁၀ ဘူးတွင် ၇ ဘူးမှာ ပြဿနာရှိနေခြင်းပင်။

ဤအချက်နှစ်ချက်တည်းနှင့်ပင် ပရိသတ်များ၏ဒေါသကို ပေါက်ကွဲစေရန် လုံလောက်နေပြီဖြစ်၏။

🫧 Chapter 46

[ဟာ ကျွန်တော် အရင်က အဲ့ဒီမှာ အိမ်ဝယ်မလို့ လုပ်ခဲ့တာ၊ တော်သေးတယ် မဝယ်ဖြစ်လို့၊ မဟုတ်ရင် အခုချိန် အသက်ပျောက်နေလောက်ပြီ]

[ဒီကြမ်းပြင်က အားနဲ့နည်းနည်းနင်းရုံနဲ့ ပျက်နေပြီပဲ၊ မြေငလျင်သာ လာရင် ဘယ်ပြေးလို့ ရတော့မှာလဲ၊ သေဖို့ပဲ စောင့်ရတော့မှာပေါ့]

[ငလျင်အထိတောင် မလိုပါဘူး၊ ကျွန်တော် အိမ်မှာ လေ့ကျင့်ခန်း လုပ်ရင်တောင် အောက်ထပ်က အိမ်နီးချင်းနဲ့ မျက်နှာချင်းဆိုင် တွေ့ရမယ့် ကိန်းပဲ]

[ဒါမျိုးတွေက ဘယ်လိုလုပ် စစ်ဆေးရေးအောင်သွားတာလဲ! အဲ့ဒီလူတွေရဲ့ မျက်လုံးတွေ ကန်းနေကြတာလား! အိမ်ရာဖော်ဆောင်သူတွေရဲ့ အသိစိတ်ကရော မနာကျင်ကြဘူးလား]

[စစ်ဆေးရေး အချက်အလက်တွေကို ကျွန်တော် ကြည့်လိုက်တယ်၊ ဟူး... မိုးပြင်းပြင်းလေး တစ်ခါတလေ ရွာတာနဲ့တင် အိမ်ထဲမှာ ရေယိုမယ့် အဆင့်ပဲ]

[မိုးကြိုးလွှဲကလည်း သိပ်အဟုတ်ကြီး မဟုတ်လောက်ဘူး၊ မိုးရွာတဲ့နေ့ ရေချိုးရင် လျှပ်စစ်ဓာတ်အားနဲ့ SPA အနှိပ်ခံရသလိုမျိုး ခံစားရမှာ သေချာတယ်]

[...]

#နှစ်ပေါင်းများစွာကြာမြင့်‌‌နေသော_အဆောက်အအုံများကို ဖော်ထုတ်ခြင်း#

#ကျွန်တော်တို့နေတဲ့အိမ်တွေက_တကယ်ပဲလုံခြုံရဲ့လား#

ခေါင်းစဉ်အမျိုးမျိုးသည် Hot Search များထဲတွင် ထိပ်ဆုံးသို့ ရောက်ရှိလာသည်။

မရေမတွက်နိုင်သော ပရိသတ်များသည် ဤကိစ္စ၏ ဖြစ်ပေါ်တိုးတက်မှုကို အာရုံစိုက်နေကြသည်။

ချီယောင်ယောင်၏ စောင့်ရှောက်မှုကို မြင်ပြီး သူတို့ စိတ်လှုပ်ရှားခဲ့ကြရသည်။

အသိစိတ်မရှိသော ကန်ထရိုက်တာ များ၏ လုပ်ရပ်ကမူ သူတို့၏ ရင်ထဲတွင် ဒေါသမီးများကို တောက်လောင်စေပြီး ထွက်ပေါက်မရှိ ဖြစ်နေကြရသည်။

'ပိုစိုးရိမ်စရာကောင်းသည်မှာ... သူတို့ လက်ရှိ နေထိုင်နေသော အိမ်များကရော တကယ်ပဲ လုံခြုံရဲ့လား'

'ဆောက်လုပ်ရေး ပစ္စည်းတွေတောင် ပြဿနာ ရှိနေတာကို အောင်မြင်စွာ တည်ဆောက်ပြီး ရောင်းချနိုင်ခဲ့ကြသည် မဟုတ်ပါလား'

' ဒါဆို သူတို့ အိမ်တွေကရော... သူတို့ အိမ်တွေမှာလည်း ပြဿနာ ရှိနေနိုင်မလား

ဤသည်မှာ အဆောက်အအုံတစ်ခုတည်း၏ ပြဿနာ မဟုတ်တော့ပေ။

ပြည်သူတို့၏ လူနေမှုဘဝ လုံခြုံရေး ပြဿနာ ဖြစ်လာချေပြီ။

တစ်ချိန်တည်းမှာပင် သက်ဆိုင်ရာ ဌာနပေါင်းစုံကိုလည်း ပြန်လည် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ဤကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်လာခြင်းမှာ ဌာနဆိုင်ရာများတွင်လည်း တာဝန်မကင်းသည်မှာ သေချာပါသည်။

ထို... အရင်က ဤအဆောက်အအုံတွင် အိမ်ဝယ်ခဲ့သူများသည် ယခုအခါ အသက်တစ်ချောင်း ပြန်ရလိုက်သကဲ့သို့ ကံကောင်းသွားကြသည်ဟု မှတ်ယူနေကြသည်။ "ကံဆိုးရာမှ ကံကောင်းခြင်း ဖြစ်ပေါ်လာသည်" ဆိုသသောစကားပုံအတိုင်းပင် ခံစားနေရတော့သည်။

လူအများအပြားသည် ချီယောင်ယောင်အတွက် အမွှေးတိုင်များ စတင် ထွန်းညှိပေးကြပြီး သူမအနေဖြင့် ဟိုဘက်လောကတွင် ကောင်းမွန်စွာ နေထိုင်နိုင်ပါစေဟု ဆုတောင်းပေးကြသည်။

သူတို့အနေဖြင့် သူမအတွက် လုပ်ပေးနိုင်သည်မှာ ဤမျှသာ ရှိသည် မဟုတ်ပါလော။

အမှုစစ်ဆေးချက်များ ပိုမို နက်ရှိုင်းလာသည်နှင့်အမျှ ကန်ထရိုက်တာ နှင့် ပတ်သက်သူများ အားလုံးကို ဖော်ထုတ်နိုင်ခဲ့သည်။

ထိုကန်ထရိုက်တာမှာ ဒေသတွင်း အကြီးဆုံးအိမ်ခြံမြေ ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်နေချေပြီ။

ထို့အခါ တစ်နိုင်ငံလုံး ဒေါသထွက်ကုန်ကြ၏။

ဤလူသည် ပြည်သူတို့၏ တစ်သက်တာ စုဆောင်းငွေများဖြင့် ကောင်းကောင်းစား၊ ကောင်းကောင်းသောက် နေထိုင်နေပြီး ပြည်သူများကိုမူ ဤကဲ့သို့ အိမ်မျိုးတွင်နေခိုင်းဝံ့သည်မဟုတ်ပါလော။

လူအများအပြားသည် ထိုကုမ္ပဏီလက်အောက်ရှိ အိမ်များကို ပြန်အပ် ကြသကဲ့သို့ ဝန်ထမ်းများကလည်း အလုပ်ထွက်ကုန်ကြသည်။

ဤကဲ့သို့ အသိစိတ်မရှိသော စီးပွားရေးသမား၏ ငွေကို မလိုချင်တော့ပေ။

ဤနေရာတွင် ဆက်လက် အလုပ်လုပ်နေပါက မိမိကိုယ်တိုင်လည်း မခံစားနိုင်သလို၊ ပတ်ဝန်းကျင်ကလည်း သူတို့ကို ကဲ့ရဲ့ကြမည် ဖြစ်သည်။

...

ဤကိစ္စမှာ ဆူညံပွက်လောရိုက်နေစဉ်အတွင်း လူအများအပြားမှာ "မရဏလောကမှအံ့ဖွယ်နေရက်များ" Live Room ကို ပိုမို အာရုံစိုက်လာကြသည်။

ထို့ပြင် ပိုတော်သော ပန်းချီဆရာများပင် ပေါ်ထွက်လာသည်။

Live Room ထဲရှိ ဝိညာဉ်များကို ဗီဒီယိုမှတ်တမ်းတင်၍ မရ သလို စခရမ်ရှော့ ရိုက်၍လည်း မရပေ။

ထို့ကြောင့် သူတို့သည် Live ထဲမှ စိတ်လှုပ်ရှားဖွယ် မြင်ကွင်းများကို Q-version အရုပ်လေးများအဖြစ် ပုံဖော်ကြပြီး... ဗီဒီယိုအတိုလေးများ ဖန်တီးကြတော့သည်။

ထိုပုံထဲရှိ အရုပ်လေးများမှာ အလွန်ပင် သက်ဝင်လှုပ်ရှားပြီး ချစ်စရာ ကောင်းလှသည်။

ဆေးရုံခန်းအတွင်း Q-version ပိုင်ဝူချန် နှင့် အဘိုးအိုတစ်ဦးမှာ လေထဲတွင် ဝဲနေသည်။

အောက်တွင်မူ... Q-version လူလတ်ပိုင်း တစ်အုပ်မှာ ဝိုင်းဖွဲ့ပြီး အော်ဟစ် ငြင်းခုံနေကြသည်။

ကလေးငယ်အချို့မှာမူ ဆေးရုံခန်းထောင့်တွင် တုန်တုန်ရင်ရင်ဖြင့် ပုန်းနေကြသည်။

လေထဲမှ Q-version အဘိုးအိုမှာ ဒေါသထွက်လွန်းသဖြင့် ခုန်ပေါက်နေပြီး ပန်းချီဆရာက အဘိုးအို၏ အနောက်တွင် တောက်လောင်နေသော မီးလျှံများကို ထည့်သွင်းပေးထားသည်။

ထို့ကြောင့်မြင်ကွင်းမှာ ချက်ချင်းပင် ရယ်စရာကောင်းသွားတော့သည်။

ဤကဲ့သို့ ရှုပ်ထွေးနေသော မြင်ကွင်းအတွင်း Q-version ပိုင်ဝူချန် တစ်ဦးတည်းသာ တည်ငြိမ်နေသည်။

ပရိသတ်တစ်ဦးက စာသား ထည့်ပေးထားသည်မှာ "ခင်ဗျားတို့ရဲ့ သရုပ်ဆောင်မှုတွေကို ကျွန်တော် တိတ်တဆိတ်စောင့်ကြည့်နေမယ်"

ထို့နောက် ပိုင်ဝူချန်က အဘိုးအိုဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ခင်ဗျား ပြန်သွားပြီး ထပ်ပြီး ရုန်းကန်ကြည့်ဦးမလား"

နောက်တစ်စက္ကန့်တွင် ဆေးရုံခုတင်ပေါ်မှ အဘိုးအိုက ထထိုင်လိုက်သည်။

ဆေးရုံခန်းထဲမှ လူလတ်ပိုင်း တစ်အုပ်လုံး လန့်ဖြန့်ကုန်ကြသည်။

တစ်ယောက်ချင်းစီမှာ ပါးစပ်များ ဟ၊ မျက်လုံးများက အဖြူရောင် စက်ဝိုင်းများ ဖြစ်ကုန်ကြသည်။

ဤသည်ကို မြင်သောအခါ အဘိုးအိုက ထလာပြီး တစ်ယောက်ချင်းစီကို လိုက်ခေါက်တော့သည်။ ခေါက်လိုက်တိုင်း... ထို Q-version လူလတ်ပိုင်းများ၏ ခေါင်းပေါ်တွင် နီရဲနေသော ဘု လေးများ ကပေါ်လာသည်။

ထို့ကြောင့် ပရိသတ်များမှာ ဝမ်းသာအားရ ရယ်မောကြတော့သည်။

[ကျွန်တော် ထင်တာတော့ ကျွန်တော် ထပ်ပြီး ရုန်းကန်နိုင်ပါသေးတယ်]

[စွမ်းဆောင်ရည် ရှိရင် ထပ်ပြီး ခေါက်ပေးပါဦး၊ ကျွန်တော် အားပေးနေတယ်]

ထို့အပြင် အပြင် ဤကဲ့သို့ ရယ်စရာကောင်းသော Q-version ဗီဒီယိုများစွာ ရှိနေသေးသည်။

ဖြစ်စဉ်များကို ပြန်လည် ပုံဖော်ထားသလို၊ ပို၍ စိတ်ဝင်စားစရာ ကောင်းအောင်လည်း ဖန်တီးထားသည်။

ကြည့်လိုက်သူတိုင်း ဗိုက်နှိပ်ပြီး ရယ်မောကြရသည်။

ထိုအထဲတွင် ဗီဒီယိုတစ်ခုမှာ Live Room မှ ပရိသတ်များ စုပေါင်းပြီး ဖန်တီးထားခြင်း ဖြစ်သည်။

Q-version ပိုင်ဝူချန်မှာ ဟာလာဟင်းလင်း ဖြစ်နေသော အခန်းတစ်ခုတွင် ရပ်နေသည်။

သူ၏ အနောက်တွင် ကြီးမားသော ငရဲဘုံလမ်းကြောင်းကြီး ရှိနေကာ ဝိညာဉ်အငွေ့အသက်များစွာ ထွက်ပေါ်နေ၏။

ဘေးနားတွင်မူ တန်းစီထားသော ဝိညာဉ်အုပ်စု ရှိနေသည်။

ဤ Q-version ဝိညာဉ်များသည် ငရဲဘုံလမ်းကြောင်းထဲသို့ တစ်လှမ်းချင်း လျှောက်ဝင်သွားကြသည်။

ထိုစဥ် ချစ်စရာကောင်းသော မိန်းကလေးတစ်ဦးမှာ ဘေးနားမှ ယပ်တောင်လေး ခတ်ပေးရင်း အော်ဟစ် အားပေးနေသည်။

"တစ်၊ နှစ်၊ တစ်... တစ်၊ နှစ်၊ တစ်..."

ထိုအချိန်တွင် မြင်ကွင်းထဲမှ ပိုင်ဝူချန်က ကင်မရာကို လှည့်ကြည့်လိုက်သည်။

Q-version အရုပ်လေး၏ မျက်နှာမှာ ကလေးလေးကဲ့သို့ ဖောင်းအိနေသည်။

သူက အလေးအနက် အမူအရာဖြင့်

[ကျွန်တော့် Live ကို ကြည့်ဖူးတဲ့သူတွေ အနေနဲ့ သရဲရှာဖို့ သက်သက်မဲ့ မကြိုးစားကြဖို့ မျှော်လင့်ပါတယ်၊ သေဖို့ လွယ်ပါတယ်]

၎င်း၏အသံမှာ စူးစူးရှရှလေး ဖြစ်သည်။

ထိုအမူအရာနှင့် ပေါင်းစပ်လိုက်သောအခါ အလွန်ပင် ချစ်စရာ ကောင်းလှသည်။

[ဒါ တကယ့်ကို ချစ်ဖို့ကောင်းလွန်းတယ်]

[အားလုံး စိတ်ထိန်းကြပါ! ဒါ ဝိညာဉ်တမန်တော် အရှင်နော် တကယ် ချစ်ဖို့ကောင်းတာ မှန်ပေမဲ့ တို့တွေ ယဉ်ကျေးရမယ်လေ]

[ငါ ဆုံးဖြတ်လိုက်ပြီ၊ ဝိညာဉ်တမန်တော်ကတော့ နောင်မှာ ငါ့ရဲ့ Idol ပဲ]

ဗီဒီယို၏ အဆုံးတွင် ပရိသတ်များ စုပေါင်း ရေးသားထားသော 'Fan စည်းကမ်းချက်များ' ပါရှိသည်။

[တော်တဲ့ Fan တစ်ယောက်အနေနဲ့ တို့တွေက...]

[ဥပဒေကို လိုက်နာရမည်၊ ဥပဒေမဲ့ လုပ်ရပ်တွေကို လုံးဝ မလုပ်ရ]

[တခြားသူတွေကို ကူညီရမည်၊ ကောင်းမှုများများ လုပ်ပြီး ငရဲမကျမယ့်သူ ဖြစ်အောင် ကြိုးစားရမည်]

[သရဲရှာပြီး သေတွင်းမတူးရ၊ ငရဲပြည်ရဲ့ အလုပ်တာဝန်တွေကို မတိုးပွားစေရ]

လူ့လောကရှိ Fan Club တစ်ခုမှာ တရားဝင် ဖွဲ့စည်းပြီး ဖြစ်သွားချေပြီ။

တရားဝင် အသိအမှတ်ပြုခြင်းကိုမူ သူတို့ မမျှော်လင့်ရဲပေ။

ကိုယ့်ဘာသာကိုယ် ပျော်နေရလျှင်ပင် လုံလောက်ကြပါပြီလေ။

...

ငရဲပြည်...

ကျန်းလင် ပို့လိုက်သော ဝိညာဉ်အုပ်စု၏စီရင်ချက်မှာ မကြာမီထွက်ပေါ်လာသည်။

သူ ခန့်မှန်းထားသလိုပင် ထိုဝိညာဉ်များမှာ လူ့အသက်ကို အန္တရာယ်မပြုခဲ့ကြပေ။

နှစ်ယောက်သာ အပြစ်ရှိသည် တစ်ယောက်မှာ ငယ်စဉ်က ခုခံကာကွယ်မှု လွန်ကဲသဖြင့် ထောင်ကျခဲ့ဖူးသူ၊ နောက်တစ်ယောက်မှာ ပစ္စည်းခိုးယူ ထွက်ပြေးစဉ် အဘိုးအိုတစ်ဦးကို တိုက်မိကာ လူသေမှု ဖြစ်ပွားစေခဲ့သူ ဖြစ်သည်။

ဤနှစ်ယောက်မှာမူ ပြစ်ဒဏ် ခံယူကြရမည် ဖြစ်သည်။

အပြစ်မရှိသူများထဲမှ အချို့မှာ ဝိညာဉ်အဖြစ် ငရဲပြည်တွင် ဆက်နေရန် ရွေးချယ်ကြပြီး၊ အချို့မှာ အတိတ်ကိုလက် လွှတ်ကာ ပြန်လည်ဝင်စားရန် အဝါရောင်ရေပန်းလမ်း သို့ သွားကြတော့သည်။

နိုင့်ဟယ် တံတားအလွန် ရှိ မုန့်‌ပေါ်နေရာတွင်မူ ဝိညာဉ်တမန်တော် အသစ်တစ်ဦးရောက်ရှိနေပြီ ဖြစ်သည်။

သူမသည်လည်း အမျိုးသမီး ဝိညာဉ်ဖြစ်ပြီး စွမ်းအားမှာ တစ္ဆေစစ်သူကြီးအဆင့်တွင် ရှိသည်။

ကျန်းလင် ဝိညာဉ်များ ပို့ဆောင်စဉ်မှာ သူမကို အကြိမ်အနည်းငယ် တွေ့ဖူးသည်။

နှုတ်ဆက်ဖူးသော်လည်း စကားသည်တော့ မပြောဖြစ်ပေ။

နှစ်ပေါင်းထောင်ချီ နေထိုင်ခဲ့သော မုန့်ပေါ် ကြီးထွက်ခွာသွားသောအခါ ဤနေရာတွင် တစ်စုံတစ်ခု လိုအပ်နေသကဲ့သို့ ခံစားရသည်။

ကျန်းလင် တွေးကြည့်မိသည်မှာ... ရှုခင်းတစ်ခု လိုအပ်နေသကဲ့သို့၊ နှစ်ပေါင်းထောင်ချီ ရှိခဲ့သော ဇာတ်လမ်းတစ်ပုဒ် ပျောက်ဆုံးသွားသလိုပင်။

သို့သော် ဖြတ်သန်းသွားလာနေသော ဝိညာဉ်များစွာ ရှိနေ သည်။

တစ်ချိန်က နှစ်ပေါင်းထောင်ချီသက်တမ်းရှိသော မုန့်ပေါ်ကြီးက သူတို့ကို မုန့်ပေါ်ဟင်းရည် အကြိမ်ကြိမ် တိုက်ကျွေးခဲ့ဖူးသည်ကို မည်သူကများ မှတ်မိနေဦးမည်နည်း...

ဝိညာဉ်ဟောင်းများ ထွက်သွားပြီး ဝိညာဉ်အသစ်များက ရောက်လာပြန်သည်။

ဇာတ်လမ်းများ အကြောင်းပြောရမည်ဆိုလျှင်... ဤနေရာမှ ဇာတ်လမ်းများမှာ ပြော၍ကုန်နိုင်တော့မည် မဟုတ်ပေ။

All Chapters