← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

🫧 Chapter 47

ချီယောင်ယောင်နှင့် ထပ်မံဆုံတွေ့ရချိန်တွင် ကျန်းလင်သည် အဝါရောင်ရေပန်းလမ်း ပေါ်၌ ဝိညာဉ်များကိုလမ်းပြပို့ဆောင်နေခြင်းဖြစ်သည်။

ထိုအချိန်ကျမှ ချီယောင်ယောင်သည်လည်း ငရဲပြည်တွင်ဝိညာဉ်အဖြစ် ဆက်လက်တည်ရှိနေရန်ရွေးချယ်ခဲ့မှန်း သူ သိလိုက်ရသည်။

လူ့လောကတွင် ထိုအဆောက်အအုံအရေးမှာ လူသိရှင်ကြား ပေါက်ကြားသွားပြီး စတင်စစ်ဆေးမှုများ ပြုလုပ်လာသည် နှင့်အမျှ သူမ ကိုယ်ပေါ်တွင် ထင်ရှားသော ရွှေရောင်အလင်း တန်းများ ပေါ်ထွက်လာခဲ့သည်။

ထိုအရာများမှာ ကုသိုလ်အမှတ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

"Host... ကျွန်မ ဘာအလုပ်လုပ်ရင် ကောင်းမလဲဆိုတာ ပြောပြပေးပါဦး"

ချီယောင်ယောင်သည် ကျန်းလင်ဘေးတွင် ဝဲပျံကာလိုက်ပါလာရင်း မျက်နှာလေးမှာ ဝေခွဲမရဖြစ်နေသည်။

သူမ၏ သူငယ်ချင်းဝိညာဉ်များမှာ ကိုယ်စီ အလုပ်အကိုင် အဆင်ပြေသွားကြသော်လည်း သူမ တစ်ယောက်သာ ဘာလုပ်ရမှန်း မသိသေးပေ။

သူမ ဆုံးချိန်တွင် ကျောင်းတက်နေဆဲဖြစ်သည်။

'အခုမှ စာအုပ်တွေ ပြန်ရှာပြီး ဆက်သင်နေရမည်လား'

သူမအဖေသာ ရှိနေလျှင် သူနှင့် တိုင်ပင်၍ ရကောင်းရနိုင်သည်။

သို့သော် ဝိညာဉ်တမန်တော်များ၏ ပြောကြားချက်အရ သူမအဖေမှာ ပြန်လည်ဝင်စားရန် သွားနှင့်ပြီဖြစ်သည်။

ဤသည်မှာလည်း ကောင်းပါသည်၊ သူ့ နောက်ဘဝတွင် ဒုက္ခနည်းပါစေဟုသာ သူမ ဆုတောင်းပေးနိုင်သည်။

'သူဌေးမလေးတစ်ယောက်နှင့် တွေ့ဆုံပါစေပေါ့။ ဒီဘဝတုန်းကလို ဆင်းလည်းဆင်းရဲ၊ ပင်လည်းပင်ပန်း၊ ဝန်ထုပ်ဝန်ပိုး (သူမကို ဆိုလိုခြင်းဖြစ်သည်) တစ်ခုကိုပါ ဆွဲထားရသည့် ဘဝမျိုး မဟုတ်တော့ဘဲ အခုတော့ သူ လွတ်မြောက်သွားပါပြီလေ'

နောက်ဆုံးတွင် ချီယောင်ယောင်သည် အကြိမ်ကြိမ် စဉ်းစားပြီးနောက် ဝိညာဉ်တမန်တော် အရှင်ဖြစ်သလို စွမ်းအားလည်းကြီးသော စီနီယာ Host ကိုသာ လာရောက်မေးမြန်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သူမ၏ သူငယ်ချင်းဝိညာဉ်အုပ်စုမှာမူ... ထိုကောင်များသည် အပျော်အပါး၊ အစားအသောက်ဆိုလျှင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ကြသော်လည်း အလုပ်အကိုင်အကြောင်း ပြောလျှင်မူ သူမထက်ပင် အားမကိုးရပေ။

အစပိုင်းက သူမကြောင့် သူတို့ပါ ပါလာရသည်ဟု အပြစ် တင်နေကြသော်လည်း၊ ငရဲပြည်ရောက်သောအခါ ဤနေရာမှာ မဆိုးလှမှန်း သူတို့ သိသွားကြသည်။

ငရဲပြည်တွင် စားစရာရှိသည်၊ လှပသောဝိညာဉ်လေးများ ရှိသည်၊ ပြန်လည်ဝင်စားရန်လည်း ရွေးချယ်နိုင်သည်။

သို့သော် သူမ ဘာလုပ်သင့်သလဲဟု မေးလိုက်သောအခါ အကုန်လုံးက အဓိပ္ပာယ်မရှိသော အကြံဉာဏ်တွေသာ ပေးကြတော့သည်။

ရီချွန်းအဆောက်အအုံ မှာ အလုပ်လုပ်ဖို့၊ ဒါမှမဟုတ် သင်္ချိုင်းကုန်း သွားတူးဖို့ စသည့် အကြံဉာဏ်မျိုးတွေအထိ ပေးကြသည်။

ရီချွန်းအဆောက်အအုံဆိုသည်မှာ အလှအပနှင့် ကိုယ်ခန္ဓာ ရောင်းစားရသည့် နေရာဖြစ်ပြီး၊ သင်္ချိုင်းတူးသည့် အလုပ်မှာလည်း ကိုယ်ကျင့်တရားနှင့် မညီပေ။

သူမအဖေသာ သိလျှင် ဒေါသထွက်လွန်း၍ သေသွားနိုင် သည်။

ကျန်းလင်သည် သူမကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများကို ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်

"မင်းမှာ ကုသိုလ်ရှိတယ်၊ ဘဝကောင်းကောင်းမှာ ပြန်ဝင်စားလို့ ရတာပဲ"

ချီယောင်ယောင်သည် ရှည်လျားလှသော အဝါရောင်ရေပန်းလမ်းကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

"လူဖြစ်ရတာထက် ဝိညာဉ်ဖြစ်ရတာက ပိုပြီး လွတ်လပ်တယ်လို့ ကျွန်မ ခံစားရတယ်"

ပြောရင်းနှင့် သူမသည် ပြုံးလိုက်ကာ ကျန်းလင်ဘက်သို့ လှည့်ကြည့်သည်။

"ဝိညာဉ်ဖြစ်တော့ ပျံလို့ရတယ်၊ နံရံတွေကို ဖြတ်လို့ရတယ်၊ ပြီးတော့ မှော်ပညာနဲ့ အတားအဆီးတွေလည်း လုပ်လို့ရသေးတယ်၊ ဘယ်လောက် ကောင်းလဲ"

ကျန်းလင် ခဏမျှစဉ်းစားပြီးနောက် မေးလိုက်သည်။

"ဝိညာဉ်ဈေး ကို သွားကြည့်ပြီးပြီလား'

ထိုနေရာမှာ ငရဲပြည်၏ အစည်ကားဆုံးနေရာ ဖြစ်ပြီး အရာရာ စုံလင်လှသည်။

"သွားပြီးပါပြီ၊ ဒါပေမဲ့ အဲ့ဒီက အလုပ်တွေက ကျွန်မနဲ့ မကိုက်ဘူးလို့ ခံစားရတယ်"

ချီယောင်ယောင်သည် ပုခုံးလေးတွန့်သွားကာ စိတ်ညစ်သွားဟန် ရှိသည်။

ဝိညာဉ်ဈေးတွင် ဈေးသည်၊ ဆိုင်ရှင်၊ စားဖိုမှူး၊ လက်သမား၊ ဖျော်ဖြေရေးသမား စသဖြင့် အလုပ်မျိုးစုံ ရှိသော်လည်း သူမအတွက်တော့ မည်သည့်အလုပ်မှ လုပ်ရန် စိတ်ကူးမရှိပေ။

အသက်ရှင်စဉ်က ကျောင်းပြီးလျှင် ဆရာမ ဖြစ်ချင်ခဲ့သည်၊ သို့မဟုတ် ခရီးသွားလမ်းညွှန် အလုပ်မျိုး လုပ်ချင်ခဲ့သည်။

သို့သော် အခု ဝိညာဉ်ဘဝနှင့်တော့ ထိုအလုပ်များကို လုပ်ရန် မဖြစ်နိုင်တော့ပေ။

"..."

ချီယောင်ယောင်သည် ခေါင်းလေး စောင်းကာ စဉ်းစားနေစဉ် ကျန်းလင်၏လက်ထဲရှိ 'ဝိညာဉ်ခေါ်တံပိုး' ကို မြင်သွားပြီး မျက်လုံးများ လင်းလက်သွားသည်။

"Host... ကျွန်မလည်း ရှင်တို့လို အလုပ်မျိုး စမ်းလုပ်ကြည့်လို့ ရမလား"

'နေရာအနှံ့ သွားလာနိုင်သလို၊ တာဝန်တွေ ထမ်းဆောင်ရင်း လူဆိုးတွေကိုလည်း ဖမ်းနိုင်သည် မဟုတ်ပါလား'

'ရှေးခေတ်က လောကအနှံ့ လှည့်လည်သွားလာနေသည့် သူရဲကောင်းကြီး တွေလိုပါပဲ'

'ထို 'ဝိညာဉ်ခေါ်တံပိုး' ကတော့ သူရဲကောင်းတွေရဲ့ ဓားပေါ့'

"ဝိညာဉ်တမန်တော် လုပ်မလို့လား..."

ကျန်းလင် သေချာ စဉ်းစားကြည့်လိုက်သည်။

"မင်းက အခု တစ္ဆေတပ်သား အဆင့် အလယ်ပိုင်းရောက်နေပြီပဲ ပြီးတော့ မှော်ပညာ အချို့လည်း တတ်တယ်၊ ကိုယ်ပေါ်မှာလည်း ကုသိုလ်ရှိတော့ စမ်းကြည့်လို့ ရပါတယ်"

ချိုက်ရှင်းအမှုမှ ဖန်းလိီလိီနှင့် မတူသည်မှာ ချီယောင်ယောင်သည် ကျင့်ကြံခြင်းစတင်နေပြီ ဖြစ်သည်။

ကုသိုလ်ရှိသကဲ့သို့ မှော်ပညာလည်း တတ်သောကြောင့် ကိုယ်တိုင် သွားလာနိုင်စွမ်း ရှိသည်။

ဖန်းလီလိီမှာမူ ဝိညာဉ်အဖြစ် ပြောင်းလဲကာစ လေလွင့်ဝိညာဉ်အဆင့်သာ ရှိပြီး လူသားတို့၏ ဆုတောင်းမေတ္တာရှိသော်လည်း ကုသိုလ်နှင့်တော့ မတူပေ။

"တကယ်လား အရမ်းကောင်းတာပဲ"

ချီယောင်ယောင် ပျော်လွန်းသဖြင့် ခုန်ပေါက်၍အော်ဟစ်နေ၏။

"ကျေးဇူးတင်ပါတယ် Host ကျွန်မ အခုပဲ သွားစမ်းကြည့်တော့မယ်"

ကျန်းလင်က နေရာတစ်ခုကို ပြောပြလိုက်ရာ သူမသည် လာတုန်းကကဲ့သို့ပင် လျင်မြန်စွာ ပျံထွက်သွားတော့သည်။

ကျန်းလင်လည်း ဂရုမစိုက်တော့ဘဲ ဝိညာဉ်များကို လမ်းပြရင်း နောက်ထပ် အလုပ်ခွင်သို့ထွက်လာခဲ့သည်။

အမှန်အတိုင်း ပြောရလျှင် ချီယောင်ယောင်၏ စရိုက်ကို သူ မမုန်းပေ။

တော်တော်လေး ကောင်းမွန်လှသည်။ အရာရာကိုလည်း ရှင်းရှင်းလင်းလင်း မြင်တတ်သလို ကိုယ်ပိုင် အတွေးအခေါ်လည်း ရှိသည်။

သူမ ဝိညာဉ်တမန်တော် လုပ်ချင်သည့် ကိစ္စမှာ မခက်ခဲပေ။

အဘယ်ကြောင့်ဆိုသော် သူမ၏ အရည်အချင်းမျိုးနှင့် ကိုက်ညီသော ဝိညာဉ်မှာ အလွန်နည်းပါးသောကြောင့် ဖြစ်သည်။

'အထူးသဖြင့် ကုသိုလ်အမှတ်ပင်'

ကုသိုလ်ဆိုသည်မှာ ကောင်းမှုအနည်းငယ် လုပ်ရုံ၊ လမ်းဘေးက အဘွားအိုကို လမ်းကူးပေးရုံနှင့်ရနိုင်သည် မဟုတ်ပေ။

ကောင်းမှုလုပ်ပြီး ကုသိုလ်စုဆောင်းချင်လျှင် အောက်ပါ အချက်များထဲမှ အနည်းဆုံး တစ်ခုနှင့် ကိုက်ညီရမည်။

တစ်သက်လုံးကောင်းမှုလုပ်လာပြီး သူတစ်ပါးကို အန္တရာယ်ပြုလိုစိတ် လုံးဝမရှိသူ ဖြစ်ရမည်။

သို့မဟုတ် မိမိလုပ်ရပ်သည် လူအများအပြားအပေါ် သွယ် ဝိုက်၍ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ သက်ရောက်မှု ကြီးမားစေပြီး လူများစွာကို ကူညီနိုင်သူဖြစ်ရမည်။

သို့မဟုတ် အခြားသော ကြီးမားသော ပေးဆပ်မှုများ ရှိရမည်။

ဥပမာ - ရှေးခေတ်က တရားသူကြီး ပေါင်ချိန်ကဲ့သို့ လူမျိုးများ၊ သို့မဟုတ် ခေတ်သစ်တစ်ခုကို လမ်းဖွင့်ပေးပြီး ကောင်းကင်ကံကြမ္မာက ဝန်းရံထားသူများ ဖြစ်သည်။

ချီယောင်ယောင်မှာမူ ဒုတိယအချက်နှင့် ကိုက်ညီနေသည်။

သူမ ထိုအဆောက်အအုံတွင် နှစ်ပေါင်းများစွာ စောင့်ရှောက်နေခြင်းက လူများစွာကို ကယ်တင်ခဲ့သည်။

ထိုအဆောက်အအုံအရေး ပေါက်ကြားသွားပြီးနောက် အခြားသော အိမ်ရာများကိုလည်း ပြန်လည်စစ်ဆေးမှုများ ပြုလုပ်လာသဖြင့် ဘေးကင်းလုံခြုံရေး ပြဿနာများစွာကို ကြိုတင်ကာကွယ်နိုင်ခဲ့ရာ လူများစွာကို သွယ်ဝိုက်သောနည်းဖြင့် ကယ်တင်ရာရောက်ခဲ့သည်။

ထို့အပြင် ဤဖြစ်ရပ်ကြောင့် လူ့လောက၏ မူဝါဒအချို့ ပြောင်းလဲလာမှုနှင့် နောက်မျိုးဆက်အပေါ် သက်ရောက်မှုများ... အစရှိသော စုဆောင်းမှုများ ပေါင်းစပ်လိုက်မှသာ ကုသိုလ်အလင်းတန်းလေးများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ထိုအရာအားလုံးကို ကျန်းလင်သည် Live Room ထဲမှ ပရိသတ်များ၏ စာသားများမှတစ်ဆင့် သိရှိခဲ့ခြင်းဖြစ် သည်။

...

နောက်ထပ် ရက်အနည်းငယ်ကြာသောအခါ ထိုမိန်းကလေး ထပ်ရောက်လာပြန်သည်။

ဤတစ်ခါတော့ ကျန်းလင်ကိုလာရောက် သတင်းပို့ခြင်း ဖြစ်သည်။ သူမသည် ဝိညာဉ်တမန်တော် အလုပ်တွင် အရွေးခံလိုက်ရပြီ ဖြစ်သည်။

သို့သော် တရားဝင် ဝိညာဉ်တမန်တော် မဟုတ်သေးဘဲ 'အစမ်းခန့် ဝန်ထမ်း' သာ ဖြစ်သည်။

သူမသည် အခြေခံအဆင့်မှ စတင်ရမည်ဖြစ်ပြီး နေ့စဉ် တာဝန်မှာလည်း သတင်းစကားများ ပို့ဆောင်ပေးရန်သာ ဖြစ်သည်။

နေရာအနှံ့ ကင်းလှည့်ရမည်၊ စစ်ဆေးရမည်၊ သတင်းရလျှင် ပြန်လည် တင်ပြရမည်။

ဝိညာဉ်ဖမ်းခြင်း၊ ဝိညာဉ် လမ်းပြခြင်းစသည်တို့ကို လုပ် ဆောင်ရန် သူမအတွက် အလှမ်းဝေးနေသေးသည်။ သူမက သတင်းပေးရုံသာ။

"ဒါလည်း ကောင်းပါတယ်၊ ကျွန်မက အားနည်းသေးတာဆိုတော့ တကယ့် အလုပ်ကြီးတွေ သွားလုပ်ရင် အမှားအယွင်းတွေ ဖြစ်ကုန်မှာပဲ ပြီးတော့ အခုလို သတင်းပို့ရတာက လမ်းမှာ ရှုခင်းတွေလည်း ကြည့်လို့ရတယ်လေ၊ ဟိုဟိုဒီဒီ ပတ်ကြည့်လို့ရတာပေါ့"

ချီယောင်ယောင် အလွန် စိတ်လှုပ်ရှားနေကာပြောလိုက်သည်

"ဒါက လစာလည်းရ၊ တရားဝင်လည်း လျှောက်လည်လို့ရတဲ့ အခွင့်အရေးကြီးပဲ"

"ဒါနဲ့ Host... ဒီအစမ်းခန့်ကာလက ပုံမှန်ဆိုရင် ဘယ်လောက် ကြာတတ်လဲ"

ကျန်းလင်က သူမကို တစ်ချက် ကြည့်ကာ "ပုံမှန်ဆိုရင်တော့ နှစ်တစ်ရာလောက်ပေါ့"

"..."

"..."

ချီယောင်ယောင် နဖူးပေါ်တွင် မေးခွန်းသင်္ကေတများစွာ ပေါ်လာပြီး မှင်တက်သွားတော့သည်။

"အ... အစမ်းခန့်က နှစ်တစ်ရာ"

'ဒါ... ဒါက အချိန်ယူနစ် မှားနေတာ မဟုတ်ဘူးလား'

'လူ့လောကမှာ နှစ်တစ်ရာဆိုရင် ကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌတောင် ဖြစ်နေလောက်ပြီ'

' ဒီငရဲပြည်မှာတော့ အစမ်းခန့်ကာလတင် နှစ်တစ်ရာတဲ့လား? ကွာခြားချက်က ကြီးမားလွန်းလှသည်'

' ဒါဆို သူမသည် နှစ်ပေါင်းတစ်ရာလုံး လမ်းလျှောက်နေရမှာလား'

'သူမ၏ခြေထောက်တောင် ကျိုးသွားနိုင်သည်'

ချီယောင်ယောင်၏အံ့သြတုန်လှုပ်နေသော မျက်နှာကို ကြည့်ကာ ကျန်းလင်က ခေါင်းညိတ်ပြလိုက်သည်။

"နှစ်တစ်ရာ"

"အကယ်၍ စွမ်းဆောင်ရည် ထူးချွန်ရင်၊ ဒါမှမဟုတ် ထူးခြားတဲ့ ပြောင်မြောက်မှုတွေ ရှိရင်..."

"ဒါဆို တိုက်ရိုက် အမြဲတမ်းဝိညာဉ်တမန်တော် ဖြစ်သွားမှာလား"

ချီယောင်ယောင်က အလောတကြီး မေးလိုက်သည်။

"ဒါဆိုရင်တော့ နှစ်အနည်းငယ်လောက် အလျှော့ပေးနိုင်တာပေါ့"

"..."

"ပြီးတော့ စွမ်းဆောင်ရည်က သာမန်ပဲဖြစ်နေပြီး အမြဲတမ်း တမန်တော် တွေကလည်း အပြည့်ဖြစ်နေမယ်ဆိုရင် အစမ်းခန့်ကာလက ပိုတောင်တိုးသွားနိုင်သေးတယ်"

ဟု ကျန်းလင်က အေးအေးဆေးဆေး ဆက်ပြောလိုက်သည်။

ပုံမှန်အားဖြင့် နှစ်တစ်ရာခန့် ကြာတတ်သည်။ ပထမအချက်မှာ ထိုအချိန်အတွင်း စွမ်းအားကို မြှင့်တင်ရန် ဖြစ်သည်။

ဒုတိယအချက်မှာ သူမ၏ အရည်အချင်းကို စစ်ဆေးရန်နှင့် အလုပ်များနှင့် ရင်းနှီးကျွမ်းဝင်စေရန် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အမြဲတမ်း ဝန်ထမ်းများ လုပ်ဆောင်ရမည့် အလုပ်တိုင်းမှာ စွမ်းအား အတိုင်းအတာတစ်ခုအထိ လိုအပ်သောကြောင့် ဖြစ်သည်။

ဥပမာ - ဝိညာဉ် လမ်းပြခြင်းမှာ ကြည့်လျှင် ဘေးကင်းပုံရသော်လည်း... ဝိညာဉ်က ရုတ်တရက် ထဖောက်လျှင် သို့မဟုတ် လမ်းတွင် တခြားသော ဝိညာဉ်ဆိုးများက လူလာလုလျှင် ထိုအချိန်မှာ ဝိညာဉ်တမန်တော်၏ စွမ်းအားကို စမ်းသပ်သည့် အချိန်ပင် ဖြစ်သည်။

အကယ်၍ စွမ်းအားက အလွန်အားနည်းနေပါက ချက်ချင်းပင် အသက်ပျောက်သွားနိုင်သည်။

'ထိုကဲ့သို့ဆိုရင် တာဝန်ကို ဘယ်လို ပြီးမြောက်အောင် လုပ်မလဲ'

'ဝိညာဉ်တွေကိုရော ဘယ်သူက ကာကွယ်ပေးမလဲ'

'ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်လျှင် ဝိညာဉ်တွေကို ဘေးကင်းစွာ ပို့ဆောင်ပေးဖို့ဆိုတာ မဖြစ်နိုင်တော့ပေ'

🫧 Chapter 48

"..."

ကျန်းလင် ပြောသည်ကို နားထောင်ပြီးနောက် ချီယောင် ယောင် တိတ်ဆိတ်သွားသည်။

ခဏအကြာမှ သူမ သက်ပြင်းတစ်ချက် ချလိုက်မိ၏။

'နှစ်တစ်ရာဆိုလည်း နှစ်တစ်ရာပေါ့၊ အဲ့ဒီအချိန်ကျရင် ခြေထောက်တွေ တကယ်ကျိုး‌‌နေလားတော့ မသိဘူး'

'မျှော်လင့်ထားတာထက် ကျော်လွန်နေပေမဲ့လည်း... ဒီအတိုင်းပဲ လုပ်ရမှာပဲလေ'

'တစ်ချိန်ချိန်မှာ အခွင့်အရေးရောက်လာရင် ဘဝကို ပြောင်းလဲနိုင်မှာပါ'

"Host... ကျွန်မ ကြိုးကြိုးစားစား လုပ်ပါ့မယ်"

'အလုပ်တိုင်းမှာ သူ့တန်ဖိုးနဲ့သူ ရှိတာပဲ တစ်ယောက်ယောက်ကတော့ လုပ်ရမှာပဲလေ'

သူမအဖေ ပြောသလိုပင်

' လမ်းတံမြက်စည်းလှဲတဲ့ သန့်ရှင်းရေးဝန်ထမ်းပဲဖြစ်ဖြစ်၊ အဆင့်မြင့်ရုံးခန်းက ဥက္ကဋ္ဌပဲဖြစ်ဖြစ်၊ အားလုံးက ဒီကမ္ဘာကြီးမှာ မရှိမဖြစ် အစိတ်အပိုင်းတွေချည်းပါပဲ သူမလည်း သူမရဲ့အလုပ်ထဲမှာ အဓိပ္ပာယ်နဲ့ ပျော်ရွှင်မှုကို ရှာဖွေဖို့ သင်ယူသွားမှာပါ'

"Host... နောက်တစ်ခါမှ ကျွန်မ လာသတင်းပို့တော့မယ်နော်၊ အလုပ်သွားတော့မယ် ပထမဆုံးနေ့မှာတင် နောက်မကျချင်ဘူး"

ချီယောင်ယောင်က လက်ပြနှုတ်ဆက်ကာ သူမ၏ အလုပ် ခွင်သို့ထွက်ခွာသွားတော့သည်။

"မြောင်"

ကြောင်ဝိညာဉ်လေးသည်လည်း ချီယောင်ယောင်၏ ပုခုံးပေါ်သို့ ခုန်တက်ကာ သူမနှင့်အတူ လိုက်ပါသွားတော့သည်။

ဤကြောင်လေးမှာ မတော်တဆမှုဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး မူလက ပြန်လည်ဝင်စား၍ ရသော်လည်း ဤနေရာတွင် ဆက်နေရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

လူ့လောကမှာ အလွန်ဆုံးရှိလှ နှစ်တစ်ရာပင်။

သို့သော် ဝိညာဉ်ဘဝကတော့... အကြာကြီး၊ အကြာကြီး တည်ရှိနေနိုင်သည် မဟုတ်ပါလော။

၎င်းက ဤကမ္ဘာကြီးကိုထိုမိန်းကလေးနှင့်အတူ နောက်ထပ် အကြာကြီး ကြည့်ချင်သေးသည်။

"ငါက မင်းရဲ့ အထက်လူကြီးလည်း မဟုတ်ဘဲနဲ့ ဘာလို့ လာသတင်းပို့နေတာလဲ မသိဘူး"

ဝေးရာသို့ ထွက်ခွာသွားသော လူနှင့် ကြောင်၏ ကျောပြင်ကို ကြည့်ရင်း ကျန်းလင်က ရယ်ချင်ပတ်ချင်ဖြင့် ခေါင်းယမ်းလိုက်သည်။

'သူ့ကို အထက်လူကြီးတစ်ယောက်လို သဘောထားနေတာလား'

...

Live လွှင့်ခြင်း တစ်ခေါက် ထပ်မံပြီးဆုံးသွားသည်နှင့်

"ဒင် ဂုဏ်ယူပါသည်၊ Host သည် နေ့စဉ်တာဝန် 'နှလုံးသားထဲမှ ယုံကြည်ခြင်း- အမှတ်တစ်ထောင်' (၁/၃) ကို ပြီးမြောက်အောင်မြင်ပါသည်"

ယုံကြည်မှုနှလုံးသား အမှတ်တစ်ထောင်သည် ကုသိုလ်အမှတ်များအဖြစ် ပြောင်းလဲသွားကာ ကြယ်စင်များပမာ ကျန်းလင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွား၏။

အခြားသော နေ့စဉ်တာဝန်နှစ်ခုဖြစ်သည့် 'နေ့စဉ် Live လွှင့်ခြင်း' နှင့် 'ငရဲဘုံယဉ်ကျေးမှု ပြန့်ပွားအောင်လုပ်ခြင်း' တို့နှင့် နှိုင်းယှဉ်လျှင် ယုံကြည်မှုနှလုံးသားအမှတ်မှာ ရရှိရန် ပို၍ နှေးကွေးသည်။

ယုံကြည်မှုအမှတ် တစ်မှတ်ချင်းစီတိုင်းသည် လူသားတစ်ဦး၏ ငရဲဘုံအပေါ် ယုံကြည်မှုကို ကိုယ်စားပြုသည်။

ဤရက်များအတွင်း ကျန်းလင်သည် ကျင့်ကြံခြင်းကိုလည်း လျှော့မတွက်ခဲ့ပေ။

မုန့်ပေါ်က သူ့ကို စစ်သေနာပတိ အထွတ်အထိပ်အဆင့်အထိ ကူညီမြှင့်တင်ပေးခဲ့ပြီးချန်မှ ယခုထိသူ၏ 'ယင်ချီစွမ်းအင်လုံး' များမှာ ပင်လယ်ထဲသို့ ကျောက်ခဲပစ်ချလိုက်သကဲ့သို့ ပျောက်ချက်သား ကောင်းနေတော့သည်။

မည်သည်မှ မထူးလာတော့ချေ။ ဗလာနတ္တိပင်၊ သူ့စွမ်းအင်မှာ လည်းမတက်လာတော့ပေ။

သူ့ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအားများ တိုးလာသည်ကို ခံစားရသော်လည်း အဆင့်ကမူ ဤနေရာတွင်ပင် တစ်နေ သည်။

နောက်တစ်ဆင့်မှာ 'ဝိညာဉ်ဘုရင်' အဆင့် မဟုတ်ပါလော။

မုန့်‌ပေါ်နှင့် စစ်သူကြီး 'ချီဟဲ့စန်း တို့ကို ကြည့်လျှင်သူတို့မှာ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ဝိညာဉ်ကြီးများ ဖြစ်ကြသည်။

ကျန်းလင်မှာမူ အစမ်းခန့်ဝိညာဥ်တမန်တော်မှ အမြဲတမ်းဝန်ထမ်း ဖြစ်လာသည်အထိ သက်တမ်းမှာ သုံးလေးရာဝန်းကျင်သာ ရှိသေးသည်။

"တစ္ဆေစစ်သေနာပတိ အထွတ်အထိပ် အဆင့်ဆိုရင်တော့ အခြေအနေ တော်တော်များများမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါပြီ"

သို့သော် ဤရက်ပိုင်းမှာ သိပ်ပြီး မအေးချမ်းလှပါချေ။

မကြာမီ 'သရဲပွဲတော်'ရောက်တော့မည်။

ဝိညာဉ်တွေ စတင် ဆူပူလှုပ်ရှားလာရုံသာမက ဝိညာဉ်တမန်တော်များကလည်းအလုပ်ရှုပ်လာကြသည်။

သရဲပွဲတော် နီးကပ်လာတိုင်း ယင်စွမ်းအင်များ အလွန်အားကောင်းလာတတ်သည်။

ဝိညာဉ်အချို့မှာ မအောင့်ထားနိုင်တော့ဘဲ ကြိုတင်ထွက်ခွာကာ လျှောက်လည်ချင်နေကြသည်။

ကျန်းလင် လုပ်ပေးနိုင်သည်မှာ Live Room ထဲတွင် သတိ ပေးစကား တစ်ခွန်းပြောပေးရန်သာ ရှိသည်။

' ပရိသတ်များကို ညဘက်တွင် အပြင်သိပ်မထွက်ကြရန်၊ မဟုတ်လျှင် တစ္ဆေများနှင့် တွေ့ဆုံသွားနိုင်ကြောင်း' ဖြစ်၏။

...

"မြန်မြန် ဟိုဘက်ကို သွားကြည့်ရအောင်"

"ငါနဲ့ မလုနဲ့၊ ဒါကို ငါ အရင်မြင်တာ"

မကြာသေးမီက ငရဲပြည်ရှိ ဝိညာဉ်အားလုံးမှာ စိတ်လှုပ်ရှားနေကြသည်။

ဝတ်စားပြင်ဆင်သူက ပြင်ဆင်၊ ခြယ်သသူက ခြယ်သနှင့် စည်ကားနေခြင်းပင်။

တစ္ဆေဈေးထဲတွင်လည်း မီးအိမ်များ၊ အလှဆင်မှုများဖြင့် ပျော်ပွဲရွှင်ပွဲ အငွေ့အသက်များလွှမ်းမိုးနေသည်။

လမ်းဘေးရှိ ဆိုင်အချို့မှာလည်း ပိတ်ထားကြပြီး လာမည့် နေ့ထူးနေ့မြတ်များအတွက် ပြင်ဆင်နေကြသည်။

ဖွင့်ထားဆဲ ဆိုင်တိုင်းမှာလည်း အလွန်ပင် စည်ကားနေသည်။

"ဝက်သား... ဝက်သား... လတ်လတ်ဆတ်ဆတ် အသားတွေနော်၊ လမ်းမှာ စားဖို့ ယူသွားလို့ရတယ်"

"နောက်ဆုံးပေါ် မျက်လုံးအိမ်တွေရမယ်ဟေ့ လမ်းမပေါ်မှာ အလန်းဆုံးလူ ဖြစ်စေရမယ်"

"သွေးစွန်းဝတ်စုံ... ၈၂ ခုနှစ်ထုတ် သွေးစွန်းဝတ်စုံတစ်ထည်လောက် ယူမလား မီတာ တစ်ရာအကွာကနေတောင် အနံ့ရစေရမယ်"

ရိက္ခာခြောက်ရောင်းသူ၊ ဝတ်စုံရောင်းသူ၊ ပစ္စည်းကိရိယာရောင်းသူ... ဝိညာဉ်ဈေး၏ အစည်ကားဆုံးဖြစ်သော 'ရီချွန်းအဆောက်အအုံ' မှ မိန်းကလေးများပင်လျှင် မိတ်ကပ်ဆရာမများအဖြစ် အသွင်ပြောင်းနေကြသည်။

ဤကဲ့သို့သော အငွေ့အသက်များအောက်တွင်...

တိတ်တဆိတ် ဖွင့်လှစ်ထားလေ့ရှိသော 'ဝိညာဉ်စွမ်းအား လောင်းကစားဝိုင်း' များပင် ပိတ်ထားကြသည်။

ဖန်းလီလီ သည် လမ်းပေါ်တွင် လျှောက်လှမ်းရင်းပတ်ဝန်း ကျင်ကိုကြည့်ကာ ခဏတာဝေခွဲမရ ဖြစ်နေသည်။

ဤရက်ပိုင်းတွင် သူမသည် လောင်းကစားဝိုင်း (တိုက်ခိုက်ရေးကွင်း) များတွင်သာ အချိန်ကုန်ဆုံးခဲ့သည်။

ထိုနေရာတွင် တိုက်ခိုက်ရေး နည်းစနစ်များကို လေ့လာပြီး ဘယ်လို ကျင့်ကြံရင် ပိုမြန်မည်ဆိုသည်ကို သင်ယူခဲ့သည်။

သူမသည် ပြိုင်ပွဲများမှတစ်ဆင့် ပိုအစွမ်းထက်လာခဲ့သည်။

ဝိညာဉ်တမန်တော် လုပ်မည်ဟု ဆုံးဖြတ်ပြီးကတည်းက သူမအနေဖြင့် ပျင်းရိရန် အကြောင်းပြချက်မရှိတော့ပေ။

'သန်မာလာဖို့၊ တိုက်ခိုက်ဖို့အတွက် အရာရာကို ပုံအောပြီး ကြိုးစားရမည်' ဟုသာ စိတ်ထဲ၌ရှိတော့သည်။

သန်မာလာမှသာလျှင် ဝိညာဉ်ဆိုးတွေကို ဖမ်းဆီးနိုင်မည်ဖြစ်သလို၊ 'ချိုက်ရှင်း' ကဲ့သို့သော လူယုတ်မာတွေရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်နိုင်မည် မဟုတ်ပါ‌လော။

မဟုတ်လျှင် သူမ ဤနေရာတွင် ဆက်နေရခြင်းမှာ အဓိပ္ပာယ် မရှိတော့ပေ။

သို့သော် ဤနှစ်ရက်အတွင်းတွင် တိုက်ခိုက်ရေးကွင်းများက ရုတ်တရက် ပိတ်သွားသည်။

ထို့ကြောင့် ဖန်းလိလိမှာ ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေရခြင်းပင်။

"မိန်းကလေး... ငါတို့ဆိုင်ထဲ ဝင်ကြည့်ပါဦး၊ ငါတို့ဆီက ဦးခေါင်းခွံတွေက နောက်ဆုံးပေါ် ဒီဇိုင်းတွေနော်"

လမ်းဘေးမှ အဒေါ်ကြီးတစ်ဦးက သူမကို နှုတ်ဆက်လိုက်သည်။

ဖန်းလီလီ ကြည့်လိုက်သောအခါ မျက်ခုံးများတွန့်သွားသည်။

ထိုဆိုင်တွင် တင်ထားသည်မှာ... လူသားဦးခေါင်းခွံများ ဖြစ်နေ၏။

လူအို၊ အမျိုးသမီး၊ ကလေး... စုံလင်လှသည်။

ထို့ကြောင့် သူမ ကိုယ်ပေါ်မှ ဝိညာဉ်စွမ်းအားများ ချက်ချင်း ထွက်ပေါ်လာကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

"ဒါတွေက ဘယ်က ရတာလဲ"

အဒေါ်ကြီးက သူမကို အတွေ့အကြုံမရှိသူဟု ထင်ဟန်ဖြင့် ကြည့်ကာ "ဘာလို့ အဲ့လောက် စိတ်လှုပ်ရှားနေတာလဲ၊ ဒါတွေက နှစ်ဖက်သဘောတူ အရောင်းအဝယ် လုပ်ထားတာတွေပါ"

"ဝိညာဉ် ဖြစ်သွားမှတော့ ဒီခန္ဓာကိုယ် အစိတ်အပိုင်းတွေက သိပ်အရေးမကြီးတော့ဘူးလေ၊ အဲ့ဒါထက်စာရင် ထုတ်ရောင်းပြီး ပိုက်ဆံလဲတာက ပိုကောင်းတယ်"

ပြောရင်းနှင့် အဒေါ်ကြီးက ဆံပင်တိုနှင့် အမျိုးသမီး ခေါင်းတစ်ခုကို မကာ

"ကဲ... ဒါက ငါ့ရဲ့ အရင်ဘဝတုန်းက ခေါင်းကြီးပဲ၊ ကြည့်ဦးမလား"

ဒီငရဲပြည်တွင် ဝိညာဉ်များက မရေမတွက်နိုင်အောင်ရှိသည်။

ဝိညာဉ်တိုင်းက သေပြီးနောက် အေးအေးချမ်းချမ်း မြေမြှုပ်ခံရပြီး ခိုလှုံရာရကြသည် မဟုတ်ပေ။

ထိုလေလွင့်ဝိညာဉ်များသည် နောက်ထပ် ရက်အနည်းငယ် ပိုပြီး ရှင်သန်နိုင်ရန် (သို့မဟုတ်) ပိုကောင်းကောင်း နေနိုင်ရန်အတွက် သူတို့ရဲ့ အသုံးမဝင်တော့ဘူးဟု ထင်ရသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လဲလှယ်ကြခြင်း ဖြစ်သည်။

ဦးခေါင်းခွံတင်မကဘဲ လက်မောင်း၊ ခြေထောက်... ခန္ဓာကိုယ်ရဲ့ မည်သည့်ကိုနေရာမဆို လဲလှယ်၍ ရသည်။

"..."

ဖန်းလီလီ လည်း အခုမှ သဘောပေါက်သွားသည်။ ထိုခေါင်းခွံများတွင် နာကျည်းချက်စွမ်းအင်(ယွမ်ချီ) များ မရှိသည်ကို မြင်သောအခါ သူမ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဒါတွေက ဘာအတွက် အသုံးဝင်လို့လဲ"

"မိန်းကလေးက အသစ်မို့လို့ မသိသေးတာပဲ"

အဒေါ်ကြီးက ဤကဲ့သို့သော လူသစ်များကို တွေ့ဖူးလွန်းသဖြင့် ရှင်းပြပေးလိုက်သည်

"မကြာခင် သရဲပွဲတော် ရောက်တော့မယ်လေ"

"အဲ့ဒီအချိန်ကျရင် ငရဲတံခါးကြီး ပွင့်လာပြီး ဝိညာဉ်တွေ အကုန်လုံး လူ့လောကကို တစ်ပတ်လောက် သွားလည်လို့ ရတယ်"

"မင်းက ကိုယ့်ဆွေမျိုးတွေကို သွားကြည့်ချင်တာပဲဖြစ်ဖြစ်၊ လမ်းဘေးက ကြောင်လေးတွေကို သွားခြောက်ချင်တာပဲဖြစ်ဖြစ်..."

ပြောရင်းနှင့် အဒေါ်ကြီးက 'နင် သိပါတယ်' ဆိုသည့် မျက်လုံးမျိုးဖြင့် ကြည့်ကာ

"အဲ့ဒီအချိန်ကျရင် နင် လုပ်ချင်တာ ဘာမဆို လုပ်လို့ရတယ်လေ"

"သရဲပွဲတော်တဲ့လား..."

ဖန်းလီလီ တိုးတိုးလေးရေရွတ်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေတော့သည်။

All Chapters