← Chapters

အခန်း (၆၁၃-၆၁၄)

Vol. 62 Ch. 613-614

အခန်း (၆၁၃-၆၁၄)

Vol. 62 Ch. 613-614

အခန်း (၆၁၃) ပေါ်ပေါ်ထင်ထင် သတ်ဖြတ်ခြင်း

လုံချန်းသည် ဤနေရာကို သူလုပ်နိုင်သမျှ အဆိုးရွားဆုံး ဒဏ်ရာပေးရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ တစ္ဆေကျောင်းတော်ကို ဘယ်သောအခါမှ ပြန်မနာလန်ထူနိုင်တော့မည့် နည်းလမ်းဖြင့် ဖျက်ဆီးပစ်ချင်သည်။ နတ်ဘုရားတစ်ပါးကို ဖျက်ဆီးရန်အတွက် ထိုနတ်ဘုရားအား ကိုးကွယ်သူများကို ဖျက်ဆီးရသကဲ့သို့ တစ္ဆေကျောင်းတော်ကို ဖျက်ဆီးရန်အတွက်လည်း ကျောင်းတော်၏ အနာဂတ်မီးရှူးတိုင်များအား သယ်ဆောင်မည့် တပည့်များကို သတ်ဖြတ်ပစ်ရန် သူ အလိုရှိနေသည်။

ဤအထပ်တွင် မည်သည့်တပည့်မျှ နေထိုင်ခြင်းမရှိသဖြင့် သူ သတ်ဖြတ်ရန် လူမရှိသော်လည်း သူသည် အောက်ထပ်များသို့ တိုက်ရိုက်မသွားဘဲ ၂၁ ထပ်သို့ အရင်ဆုံး လာခဲ့သည်။ အကြောင်းမှာ သူကိုယ်တိုင်အတွက် လိုအပ်သည့် အရာတစ်ခုကို ခိုးယူရန် ရှိနေသောကြောင့် ဖြစ်သည်။ ပြီးခဲ့သည့်အပတ်က သူ ကိုင်တွယ်ခဲ့စဉ်က သူ၏သွေးများကို တုံ့ပြန်စေခဲ့သည့် မူယွမ်၏ ဓားမြှောင်ကို သူ အလိုရှိနေသည်။ ထိုဓားမြှောင်မှာ သာမန်မဟုတ်ဘဲ အလွန်ထူးခြားကြောင်း သူ သိထားပြီးသား ဖြစ်သည်။

သူ၏ ရှေးဟောင်းသွေးမျိုးဆက်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်စေသည့် ထိုဓားမြှောင်မှာ သာမန်ဖြစ်နေစရာ အကြောင်းမရှိပေ။

ထိုဓားမြှောင်ကို ယူရန်အတွက် မူယွမ်၏ ခြံဝန်းအတွင်းသို့ တစ်ခေါက်ပြန်သွားရန် လိုအပ်သည်။ မူယွမ်အပေါ်တွင် ရင်းနှီးမှုတစ်ခု ခံစားနေရသဖြင့် သူမအား ရန်မပြုလိုသော်လည်း ဤဓားမြှောင်ကိုတော့ သူ မဖြစ်မနေ ယူရမည် ဖြစ်သည်။ သူမ၏ သားဖြစ်သူ ဆုံးရှုံးသွားရခြင်းမှာ ဝမ်းနည်းစရာ ကောင်းသော်လည်း သူမ၏ ခြံဝန်းထဲသို့ ရောက်ရှိနေစဉ်မှာပင် သူမအတွက် စာတိုလေးတစ်စောင် ချန်ထားခဲ့ရန် သူ အခွင့်အရေး ရသွားသည်။

လုံချန်းသည် မူယွမ်၏ ခြံဝန်းဆီသို့ ပျံသန်းလာခဲ့သည်။ မကြာမီမှာပင် သူမ၏ ခြံဝန်းရှေ့သို့ ဆင်းသက်လိုက်ပြီး မူယွမ် အိပ်ပျော်နေသည်ကို မြင်သောအခါ အထဲသို့ နေရာပြောင်းကာ ဝင်ရောက်သွားသည်။

သူသည် ဓားမြှောင်ထားရှိသည့် အခန်းထဲသို့ဝင်ကာ ၎င်းကို ယူလိုက်သည်။ သူမ ထွက်မသွားခင်မှာပင် မူယွမ်၏ အနားတွင် လက်ရေးဖြင့် ရေးထားသော စာတစ်စောင်ကို ချန်ထားခဲ့ရန် သူ မမေ့ခဲ့ပေ။

'အားလုံးအတွက် ကျေးဇူးတင်ပါတယ်' လုံချန်းက သူမကို နောက်ဆုံးတစ်ခေါက် ကြည့်ကာ စိတ်ထဲမှ နှုတ်ဆက်လိုက်သည်။

သူသည် ခြံဝန်းအပြင်ဘက်သို့ နေရာ ပြန်လည် ကူးပြောင်းထွက်ခွာခဲ့ပြီး အထပ် ၂၀ သို့ သွားသည့် ကူးပြောင်းရေး ဝင်္ကပါသို့ ဦးတည်လိုက်သည်။

လုံချန်း ၂၀ ထပ်သို့ ရောက်ရှိလာခဲ့သည်။

"အကြီးအကဲတွေကလွဲရင် ဘယ်သူမှ ကောင်းကင်ဘုံအဆင့် မရှိဘူး။ ကောင်းကင်အဆင့် ထိပ်ဆုံး ကျင့်ကြံသူတွေက ပေါ်ပေါ်ထင်ထင် တိုက်ရင် ခက်ခဲနိုင်ပေမဲ့ လုပ်ကြံသတ်ဖြတ်ဖို့ကတော့ မခက်ခဲပါဘူး။ ဘယ်လောက်အထိ လုပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့" အထပ် ၂၀ တွင် ရပ်နေရင်း လုံချန်းက ပြုံးကာ ရေရွတ်လိုက်သည်။

သူသည် ဝိညာဉ်ဓားပေါ်တွင် ရပ်နေပြီး လက်ထဲတွင်မူ ဘုရင်ဓားကို ကိုင်ထားသည်။ သူသည် မည်သည့် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူကိုမျှ ကြောက်ရွံ့နေခြင်း မရှိတော့သဖြင့် ကိုယ်ယောင်ဖျောက်ခြင်းကို မသုံးတော့ပေ။

မြေကမ္ဘာအဆင့်တွင် ရှိစဉ်ကပင် ကောင်းကင်အဆင့် ထိပ်ဆုံး ကျင့်ကြံသူများကို သူ သတ်နိုင်ခဲ့ပြီး ဖြစ်ရာ အခုလို ကောင်းကင်အဆင့်သို့ ရောက်နေချိန်တွင် သူတို့အား သတ်ရန်မှာ ပို၍ပင် လွယ်ကူနေတော့သည်။ ကောင်းကင်ဘုံအဆင့် အစောပိုင်း ကျင့်ကြံသူများကိုပင် သူ ရင်ဆိုင်နိုင်စွမ်း ရှိသော်လည်း ကောင်းကင်အဆင့်နှင့် ကောင်းကင်ဘုံအဆင့်ကြား ခြားနားချက်မှာ အလွန်ကြီးမားလှသဖြင့် မတော်တဆ အခြေအနေ မဟန်ပါက ချက်ချင်းထွက်ပြေးရန်လည်း သူ ပြင်ဆင်ထားသည်။

အထပ် ၂၀ သည် ကောင်းကင်အဆင့် ဖြစ်သည့် အင်အားအကောင်းဆုံး တပည့်များအတွက် ဖြစ်သည်။ ကောင်းကင်ဘုံအဆင့် ရောက်သွားသည့် တပည့်များကိုမူ အထက်ထပ်များသို့ ပို့ဆောင်လိုက်ပြီ ဖြစ်သည်။ ဤအထပ်တွင် အကြီးအကဲအချို့ ရှိနေနိုင်သဖြင့် လုံချန်းသည် သူ၏ ဝိညာဉ်အာရုံကို အမြဲတမ်း ဖွင့်ထားသည်။

ခဏမျှ ပျံသန်းပြီးနောက် အပြင်ဘက်တွင် လမ်းလျှောက်နေသော တပည့်တစ်ဦးကို သူ တွေ့လိုက်ရသည်။ ထိုတပည့်မှာ လူနေဆောင်များနှင့် ဝေးကွာနေသဖြင့် လုံချန်းမှာ ကိုယ်ယောင်ဖျောက်စရာ မလိုသလို အသံထွက်သွားမည်ကိုလည်း စိုးရိမ်စရာ မလိုပေ။

လုံချန်းသည် ထိုတပည့်နားသို့ ရောက်သည်နှင့် သူ့နောက်ကျောဘက်သို့ ကူးပြောင်းသွားသည်။ လက်တစ်ဖက်ဖြင့် ထိုတပည့်၏ ပါးစပ်ကို ပိတ်ကာ ကျန်လက်တစ်ဖက်က ဘုရင်ဓားဖြင့် ဝမ်းဗိုက်ကို ထိုးစိုက်လိုက်သည်။ ချက်ချင်း သေမသွားစေရန် အရေးကြီးသည့် အစိတ်အပိုင်းများကို သူ ရှောင်ရှားလိုက်သည်။

"အင်း..."

ဝမ်းဗိုက်ထဲသို့ ဓားဝင်သွားသဖြင့် ထိုလူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး နာကျင်မှုက တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ သူ သွေးအန်ချင်သော်လည်း လုံချန်းက ပါးစပ်ပိတ်ထားသဖြင့် မရပေ။

"နောက်ထပ် လက်မ နည်းနည်းလောက် အပေါ်တက်သွားရင် မင်း သေပြီပဲ။ အခု မင်း မသေချင်ဘူးဆိုရင် ငါပြောတာကို သေချာနားထောင်။ ငါ့မှာ အသက်ကယ်ဆေးလုံး ပါတယ်၊ မင်း ငါ့စကား နားထောင်ရင် အဲဒါကို ရမယ်၊ မင်းလည်း ပြန်ကောင်းသွားမယ်။ နားမထောင်ရင်တော့ သေရုံပဲ။ အခု ငါ လက်လွှတ်ပေးမယ်၊ အော်မဟစ်နဲ့။ ငါ့မေးခွန်းကို ဖြေစမ်း... ဒီအထပ်မှာရှိတဲ့ ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူက ဘယ်မှာလဲ"

ထိုလူက ခေါင်းညိတ်ပြလိုက်သည်။

"လိမ္မာတယ်" လုံချန်းက ရယ်မောရင်း ထိုလူကို လွှတ်ပေးလိုက်သည်။

ထိုလူမှာ အားနည်းနေပြီဖြစ်သဖြင့် လွတ်သည်နှင့် မြေပြင်ပေါ်သို့ ဒူးထောက်လဲကျသွားသည်။

"အခု အဖြေပေးတော့" လုံချန်းက ပြုံးလျက် ဆိုသည်။

"မဟုတ်... မဟုတ်ဘူး၊ ဒီအထပ်မှာ ကောင်းကင်ဘုံအဆင့် တစ်ယောက်မှ မရှိဘူး။ ကျွန်တော် ကျိန်ပြောရဲပါတယ်၊ ရှာတွေ့မှာ မဟုတ်ဘူး။ သူတို့ကို တွေ့ချင်ရင် ၂၁ ထပ်ကို သွားရလိမ့်မယ်" ထိုလူက ဖြေသည်။

"ဟက်... ဒါဆို ငါထင်တာ မှန်တာပေါ့။ ဒါဆို သတိထားနေစရာ မလိုတော့ဘူး" လုံချန်းက ဆိုကာ ပြုံးလိုက်သည်။

ဓားသွားတစ်ချက်က ထိုလူ၏ မျက်စိရှေ့တွင် ခဏမျှ လက်ခနဲ ဖြစ်သွားပြီး ပျောက်ကွယ်သွားသည်။ ထိုလူမှာ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် လုံချန်းကို ကြည့်နေစဉ်မှာပင် လည်ပင်းမှ သွေးများ ပန်းထွက်လာပြီး အရာအားလုံး အမှောင်အတိကျသွားတော့သည်။ သူ့ခေါင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေပြီ။

"ဒီနေ့ကတော့ နင့်အတွက် ကံကောင်းတဲ့နေ့ပဲ။ နင့်ရဲ့ အစီအစဉ်အတိုင်းသာ ဆက်လုပ်သွားမယ်ဆိုရင် ဒီနေ့ပြီးရင် နင့်ရဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါက ပိုပြီး အစွမ်းထက်လာတော့မှာပဲ" ရွှင်းက လုံချန်းကို ပြောလိုက်သည်။

"အဲဒါကတော့ ကောင်းတာပေါ့။ ဒါပေမဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါ အားမကောင်းလာရင်တောင် ငါ ဒါကို လုပ်မှာပဲ။ ဒီနေ့ ငါ သတ်ချင်တယ်။ ငါ့အဖေကို နှိပ်စက်ခဲ့တဲ့ လူတွေကို သတ်ချင်တယ်၊ အခုထိ အဲဒီလူတွေကို မသတ်နိုင်သေးလို့ ငါ တော်တော် ဒေါသထွက်နေတာ။ သူတို့ အဖိုးတန်တယ်လို့ ယူဆထားတဲ့ အရာတွေကို ငါ အရင်ယူပြမယ်။ ဒီနေ့တော့ သွေးချောင်းစီးစေရမယ်။ ၂၄ ထပ်မှာ ဘယ်သူ့ကို သတ်ခဲ့လို့ အဲဒီနေရာက ဒီလောက် စိတ်ပျက်စရာ ကောင်းနေသလဲ ငါ မသိဘူး၊ ဒါပေမဲ့ ဒီနေ့တော့ အထပ်တိုင်းကို အဲဒီလိုမျိုး ဖြစ်အောင် ငါ လုပ်ပြမယ်" လုံချန်းက လက်သီးကို တင်းတင်းဆုပ်ရင်း ရေရွတ်လိုက်သည်။

"ကောင်းပြီ... ပတ်ဝန်းကျင်ကိုတော့ သတိထားဦး။ ချက်ချင်း အဖမ်းမခံရသရွေ့တော့ နင်က ဟင်းလင်းပြင် ဖြတ်သန်းခြင်းနဲ့ အမြဲတမ်း ထွက်ပြေးလို့ ရနေတာပဲဆိုတော့ အန္တရာယ်တော့ မရှိနိုင်ပါဘူး" ရွှင်းက ထောက်ခံလိုက်သည်။

နောက်ထပ် နာရီဝက်ခန့်တွင် လုံချန်းသည် တပည့်များကို ဆက်တိုက် သတ်ဖြတ်နေခဲ့သည်။ အစပိုင်းတွင် တိတ်တိတ်ဆိတ်ဆိတ် သတ်ဖြတ်နေသော်လည်း နောက်ပိုင်းတွင် သူ ငြီးငွေ့လာသဖြင့် ဂရုမစိုက်တော့ပေ။ ဇာတ်လမ်းကို ပိုပြီး စိတ်လှုပ်ရှားစရာကောင်းအောင် မည်သို့ လုပ်ရမည်နည်းဟု သူ စဉ်းစားနေမိသည်။

လုံချန်းသည် ၁၉ ထပ်သို့ သွားသည့် ဝင်္ကပါကို သုံးကာ အောက်သို့ ဆင်းသွားပြီးမှ ၂၀ ထပ်သို့ ပြန်တက်လာခဲ့သည်။

ထို့နောက်တွင်တော့ သူသည် ၂၀ ထပ်ရှိ ကူးပြောင်းရေး ဝင်္ကပါ အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ဤသို့ဖြင့် အပြင်ကလူများ ဝင်လာပြီး သူ့ကို အနှောင့်အယှက် မပေးနိုင်တော့ပေ။

"ငါက သူခိုးတစ်ယောက်လို ပုန်းလျှိုးကွယ်လျှိုး သတ်နေရမယ်ဆိုရင် ကောင်းကင်ဘုံအဆင့် ကျင့်ကြံသူတွေကို ရင်ဆိုင်ဖို့ ငါ့ကိုယ်ငါ ဘယ်လို ယုံကြည်ချက် ထားနိုင်မှာလဲ။ ငါ့မှာ ရှိသမျှ အစွမ်းတွေ သုံးပြီး ပေါ်ပေါ်ထင်ထင်ပဲ သတ်တော့မယ်" လုံချန်းက ပြုံးရင်း ရေရွတ်လိုက်သည်။

သူကိုယ်တိုင် မသိလိုက်သော်လည်း ထိုအခိုက်အတန့်တွင် သူ၏ မျက်လုံးထဲ၌ နီမြန်းသော အလင်းတန်း တစ်တန်း လက်ခနဲ ဖြစ်သွားသည်။

အခန်း (၆၁၄) အလောင်းအစား

ရွှင်းပင်လျှင် ဤအခြင်းအရာကို သတိမမူမိခဲ့ပေ။ အကယ်၍ သူမသာ မြင်တွေ့ခဲ့ပါက ဤနေရာတွင် မည်သည်များ ဖြစ်ပျက်နေသည်၊ ၎င်းသည် ကောင်းသောလက္ခဏာလော သို့မဟုတ် ဆိုးသောလက္ခဏာလော ဆိုသည်ကို နားလည်နိုင်ကောင်း နားလည်ပေလိမ့်မည်။

လုံချန်းသည် တပည့်တစ်ဦး၏ ခြံဝန်းရှေ့တွင် ပေါ်လာခဲ့သည်။ သူသည် မြွေဘုရင်နှင့် မိစ္ဆာမုဆိုးသားရဲ မုဆိုးကြယ်ကိုလည်း ခေါ်ထုတ်လိုက်၏။

"ဟင်... ဒီဘုရင်ကြီးကို ဘာကိစ္စနဲ့ ဒီကို ခေါ်တာလဲ" မြွေဘုရင်က လုံချန်းအား မေးမြန်းလိုက်သည်။

"ဘာမှမဟုတ်ပါဘူး။ မင်းတို့တွေ အပျော်တမ်း ကစားချင်သလားလို့ မေးမလို့ပါ" လုံချန်းက ဖြဖြပြုံးရင်း မေးလိုက်သည်။

"ငါတော့ ဘာလဲမသိဘူး၊ ဒါပေမဲ့ မင်းက တစ်ခုခုတော့ ထူးခြားနေသလိုပဲ။ ဘယ်လို အပျော်အပါးမျိုးလဲ။ ဒီအရှင်သခင်က ပျော်စရာဆိုရင် သဘောကျတယ်" မြွေဘုရင်က ဆိုသည်။

"ဒီအထပ် တစ်ထပ်လုံးက ငါတို့အတွက် အမဲလိုက်ကွင်းပြင်ကြီးပဲ။ ဘယ်သူမှ ဝင်လို့မရသလို ဘယ်သူမှလည်း ထွက်လို့မရဘူး။ ဒီမှာ ကောင်းကင်အဆင့် ထိပ်ဆုံး ကျင့်ကြံသူ ရာပေါင်းများစွာ ရှိနေတယ်။ သူတို့အားလုံးက မင်းတို့ရဲ့ သားကောင်တွေပဲ။ အခု ငါတို့ ပြိုင်ပွဲလုပ်ကြရအောင်။ ဘယ်သူ လူအများဆုံး သတ်နိုင်မလဲဆိုတာပေါ့။ မင်းနဲ့ မုဆိုးကြယ်က တစ်ဖွဲ့၊ ငါက တစ်ဖွဲ့ပေါ့" လုံချန်းက ပြောလိုက်သည်။

မြွေဘုရင်က လုံချန်းအား မျက်မှောင်ကြုတ်၍ ကြည့်လိုက်၏။

"မင်း နေမကောင်းဖြစ်နေတာတော့ မဟုတ်ပါဘူးနော်" မြွေဘုရင်က မေးသည်။

"မဟုတ်ပါဘူး" လုံချန်းက ပြုံးလျက် ပြန်ဖြေသည်။

မြွေဘုရင်က ဘာမှထပ်မပြောဘဲ လုံချန်း၏ မျက်လုံးများကိုသာ စိုက်ကြည့်နေမိသည်။

"ကောင်းပြီ... စိတ်ဝင်စားစရာပဲ။ ဒီဘုရင်ကြီး မင်းနဲ့ ကစားပေးမယ်။ နိုင်တဲ့သူက ဘာရမှာလဲ"

"မင်းတို့ နိုင်ရင် နှစ်ယောက်လုံးကို ဆုလာဘ်ကောင်းကောင်း ပေးမယ်၊ ပြီးတော့ မင်းကို သားရဲနယ်မြေရဲ့ ဘုရင်အဖြစ် ငါ ကြေညာပေးမယ်။ ငါ နိုင်ရင်တော့ အနိုင်ရတဲ့ အရသာကို ခံစားရမှာဖြစ်သလို မင်းက ငါ့ကို ဘုရင်လို့ ခေါ်ရမယ်" လုံချန်းက ဆိုသည်။

"ဟွန့်... ဒါဆိုရင်တော့ ငါပဲ နိုင်မှာ သေချာတယ်။ သွားကြစို့ ခွေးပေါက်လေး။ တကယ့်ဘုရင်တစ်ပါးနဲ့ သူ့ရဲ့ခွေးပေါက်လေး ဘာလုပ်နိုင်သလဲဆိုတာ ပြရအောင်" မြွေဘုရင်က မုဆိုးကြယ်ကို ကြည့်ပြီး ပြောလိုက်သည်။

"ဝူး..." မုဆိုးကြယ်က မြွေဘုရင်ကို ကြည့်၍ ဟိန်းဟောက်လိုက်၏။

"ဘာလဲ... ဘယ်သူ့ကို ခွေးပေါက်လို့ ခေါ်နေတာလဲ။ ဒီဘုရင်ကြီးက သူ့ကိုယ်သူ ခွေးပေါက်လို့ ခေါ်နေတာတော့ မဟုတ်လောက်ဘူးမလား။ ဟုတ်တာပေါ့... မင်းကို ခေါ်တာလေ။ ကလေးကလားတွေ ပြောမနေနဲ့တော့၊ သွားကြစို့။ ငါတို့ရဲ့ အစွမ်းကို သက်သေပြရမယ့်အချိန်ပဲ။ ဒီလူသားကို မင်း ဘယ်လောက် အစွမ်းထက်လဲဆိုတာ မပြချင်ဘူးလား။ ဒါဟာ အခွင့်အရေးပဲ" မြွေဘုရင်က ပြောပြောဆိုဆိုဖြင့် ပျံသန်းထွက်ခွာသွားသည်။

မုဆိုးကြယ်သည်လည်း မြွေဘုရင်နောက်မှ ပြေးလိုက်သွားတော့သည်။ လုံချန်းသည် ပြုံးလျက် ရှေ့မှ တံခါးကို ပြန်ကြည့်လိုက်၏။ သူသည် တံခါးကို ကန်ဖွင့်၍ ခြံဝန်းထဲသို့ ဝင်သွားသည်။

"ထတော့ နေမင်းကြီးရဲ့" လုံချန်းက အကျယ်ကြီး ရယ်မောရင်း အခန်းထဲ ဝင်သွားသည်။ သို့သော် အထဲကို မြင်လိုက်ရသည့် အခါတွင်မူ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အမူအရာ ပြောင်းလဲသွားသည်။

ကုတင်ပေါ်တွင် အဝတ်အစားမပါဘဲ လဲလျောင်းနေသည့် အမျိုးသားတစ်ယောက်ကို သူ တွေ့လိုက်ရ၏။ အမျိုးသမီးတစ်ယောက်သည် ထိုလူ၏ ခါးပေါ်တွင် ထိုင်၍ အတူနေနေကြခြင်း ဖြစ်သည်။

သူ့အား တုန်လှုပ်စေသည်မှာ ထိုအရာ မဟုတ်ပေ။ သူ လူသတ်လာသည့် လမ်းကြောင်းတစ်လျှောက်တွင် အတူနေနေတုန်း သတ်ခဲ့ရသည့် အခြေအနေများစွာ ကြုံဖူးသည်။ ယခု သူ့အား အံ့သြသွားစေသည်မှာ ထိုမိန်းကလေး ဖြစ်နေခြင်းကြောင့်ပင်။

ထိုမိန်းကလေးသည် တခြားသူမဟုတ်ပေ။ မူလင်းကို သတ်ခဲ့သည့် မီလောင် ဖြစ်နေခြင်း ဖြစ်သည်။

"ပျော်နေကြတာလား" လုံချန်းက အခန်းထဲ ဝင်ရင်း ရယ်မောကာ မေးလိုက်သည်။

"မင်းက ဘယ်သူလဲ..."

ထိုအမျိုးသားသည် အသံကြားသဖြင့် ထရပ်ရန် ကြိုးစားသော်လည်း လုံချန်း၏ ဝိညာဉ်ဓားက ထိုလူ၏ ဦးခေါင်းကို ကုတင်နှင့် တစ်ပါတည်း တွဲရိုက်၍ သတ်ပစ်လိုက်ပြီ ဖြစ်သည်။

မီလောင်သည် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ထိတ်လန့်သွား၏။ သူမသည် ထိုလူပေါ်မှ ဆင်းပြီး နောက်သို့ ဆုတ်လိုက်သည်။

"နင်... နင် ဘယ်သူလဲ" သူမသည် နောက်ကျော နံရံနှင့် ကပ်သွားသည့်အထိ ကြောက်လန့်တကြား မေးလိုက်သည်။

"ဪ... ဟုတ်သားပဲ။ ဒီရုပ်နဲ့ဆို နင် ငါ့ကို မှတ်မိမှာ မဟုတ်ဘူး။ ငါ ပြင်လိုက်မယ်" လုံချန်းက သူ၏ မျက်နှာဖုံးက တခြားရုပ် ပြနေသည်ကို သတိရသွားသည်။ သူသည် မျက်နှာကို မူလင်း၏ ရုပ်အဖြစ် ပြောင်းလဲလိုက်၏။

"မူ... မူလင်းလား" မီလောင်သည် မယုံနိုင်စရာ ကောင်းသည့် မျက်နှာထားဖြင့် အော်ဟစ်လိုက်သည်။

"အင်းလေ... နင် သတ်လိုက်တဲ့ လူပေါ့" လုံချန်းက ရယ်မောရင်း သူမဆီ လျှောက်သွားသည်။

"နင် ကျောင်းတော်ယဇ်ပူဇော်ပွဲမှာ နိုင်ပြီးတော့ သတ္တိတွေ တော်တော်ရှိလာတာပဲ မဟုတ်လား။ ငါ သတိပေးထားမယ်။ ငါ့နားကို တိုးမလာနဲ့" မိလောင်က လုံချန်းကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။

လုံချန်းသည် နေရာရွှေ့ပြောင်းခြင်းကို သုံးကာ သူမရှေ့မှာတင် ရုတ်တရက် ပေါ်လာသည်။ သူမ၏ လက်နှစ်ဖက်ကို ဖမ်းချုပ်၍ နံရံတွင် ကပ်ထားလိုက်ကာ သူမ၏ နားနားသို့ ကပ်ပြီး တိုးတိုးလေး ပြောလိုက်၏။

"တိုးလာရင် ဘာဖြစ်မှာလဲ။ နင် ကျောင်းတော်ယဇ်ပူဇော်ပွဲကို မြင်ခဲ့တာပဲ။ ငါက နင့်ထက် ပိုအစွမ်းထက်မှန်း နင် သိပါတယ်။ နင့်ရဲ့ ရည်းစားကိုတောင် ငါ သတ်ခဲ့သေးတာပဲ။ နင် ငါ့ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး"

"ပြောစမ်းပါဦး... ငါ့ကို သတ်ရတာ ပျော်ရဲ့လား" လုံချန်းက မေးလိုက်သည်။

မိလောင်၏ မျက်လုံးထဲမှ မျက်ရည်များ စတင်ကျဆင်းလာသည်။

"ငါ... ငါ တောင်းပန်ပါတယ်။ ငါ မိုက်မဲခဲ့လို့ပါ။ အဲဒါအတွက် နောင်တရပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ အဲဒီအတွက် ငါ အစားပြန်ပေးပါ့မယ်။ နင် ခိုင်းတာမှန်သမျှ လုပ်ပါ့မယ်" မီလောင်က ပြောပြောဆိုဆိုဖြင့် သူမ၏ ရင်ဘတ်ကို လုံချန်းနှင့် ကပ်လိုက်သည်။

"စိတ်ဝင်စားစရာပဲ။ ဘယ်လို အစားပြန်ပေးမှာလဲ။ ငါ့အတွက် နင် ဘာလုပ်ပေးနိုင်မှာလဲ"

"ငါ နင့်ရဲ့ မိန်းမ ဖြစ်ပေးမယ်။ နင့်ကို ပျော်ရွှင်အောင် ငါ့ခန္ဓာကိုယ်ကို သုံးပြီး လုပ်ပေးမယ်။ နင် ငါ့ခန္ဓာကိုယ်ကို စိတ်ကြိုက် သုံးလို့ရပါတယ်" မီလောင်က ဆိုသည်။

"တကယ်ကြီး ငါ့မိန်းမ လုပ်မှာလား" လုံချန်းက ရေရွတ်ရင်း သူမ၏ ဘယ်ဘက်လက်ကို လွှတ်ပေးလိုက်ပြီး သူမ၏ ရင်သားအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

"အို... အသင့်ပါ မောင်ရယ်" မိလောင်က ညည်းတွားရင်း ခေါင်းညိတ်ပြ၏။

"ဟာသပဲ၊ နင်က ငါ့မိန်းမ ဖြစ်ပေးမယ် ဟုတ်လား။ နင်ဟာ ငါ့မိန်းမရဲ့ ခြေသည်းတစ်ဖက်စာတောင် မမှီပါဘူး" လုံချန်းက ပြောပြောဆိုဆိုဖြင့် လက်ကို အားစိုက်လိုက်သည်။

သူ၏ လက်သီးသည် သူမ၏ ရင်ဘတ်ထဲသို့ ထိုးဖောက်ဝင်သွားပြီး နှလုံးသားကို ဖမ်းဆုပ်လိုက်သည်။

"ငါ့ရဲ့ အချစ်ကို ခံယူနိုင်လောက်အောင် နင့်နှလုံးသားက ခိုင်မာရဲ့လား ကြည့်ကြတာပေါ့" လုံချန်းက သူမ၏ မျက်လုံးများကို စိုက်ကြည့်ရင်း ပြုံးလိုက်၏။ သူသည် လက်ကို ဆုပ်လိုက်ပြီး သူမ၏ နှလုံးသားကို ချေမွပစ်လိုက်သည်။

မီလောင်၏ မျက်လုံးများသည် ပြူးကျယ်သွားပြီး လုံချန်း၏ မျက်နှာကို စိုက်ကြည့်နေမိသည်။ သူမ သတ်ခဲ့သည့် လူက သူမကို ပြန်သတ်လိမ့်မည်ဟု သူမ မယုံနိုင်အောင် ဖြစ်နေ၏။ သူမ၏ နောက်ဆုံးအတွေးသည် လုံချန်းကို မုန်းတီးနေခြင်း မဟုတ်ပေ။ ထိုသည်က လူများ ပြောပြောနေကြသည့် ကံကံ၏အကျိုး ဆိုသည်လားဟု သူမ တွေးနေမိခြင်း ဖြစ်သည်။

သူမ၏ မျက်လုံးများ မှိတ်သွားတော့သည်။

လုံချန်းသည် သူမ၏ အလောင်းကို ဘေးသို့ ပစ်ချလိုက်သည်။ သူ ခြံဝန်းထဲမှ ထွက်မသွားခင်မှာပင် ထိုလူ၏ ခေါင်းထဲမှ ဝိညာဉ်ဓားသည် ပြန်ထွက်လာပြီး သူ့နောက်မှ လိုက်ပါလာသည်။

လုံချန်းသည် နောက်ထပ် ခြံဝန်းတစ်ဝင်းသို့ ဆက်သွား၏။ ဆယ်မိနစ်ခန့်အတွင်းမှာပင် အထပ်တစ်ထပ်လုံး၌ အော်ဟစ်သံများ ဟိန်းထွက်နေတော့သည်။ လူများသည် သူတို့၏ ခြံဝန်းထဲမှ ထွက်လာပြီး စုဝေးလာကြသည်။

လုံချန်းသည် ကောင်းကင်အဆင့် ထိပ်ဆုံး ကျင့်ကြံသူ ၅၀ ခန့်ရှိသည့် အဖွဲ့တစ်ဖွဲ့ရှေ့တွင် ရပ်နေသည်။

"ဒါမှ တကယ် စိတ်လှုပ်ရှားဖို့ ကောင်းတာ။ ငါ ကြိုးစားခဲ့ရသမျှ အရာအားလုံးက ဒီအတွက် ထိုက်တန်ပါတယ်။ ဂိုဏ်းကြီးတွေက အကြီးအကဲတွေကို တိုက်ခိုက်ပြီးကတည်းက ငါ့ရဲ့ သွေးတွေ ဆူပွက်နေစေဖို့ ဒီလို တိုက်ပွဲမျိုးကို လိုလားနေတာ" လုံချန်းက ရယ်မောရင်း ပြောလိုက်သည်။

"အရင်တစ်ခေါက်ကတော့ စစ်ပလွေကို သုံးခဲ့ရပေမဲ့ အခုတော့ မလိုတော့ဘူး။ ငါ အဆင်သင့် ဖြစ်နေပြီ" လုံချန်းက လေပေါ်တွင် ရပ်နေရင်း ရေရွတ်လိုက်သည်။

"မိုးကြိုးဓားသွား" လုံချန်းက သူ၏ ဘယ်ဘက်လက်ကို ကောင်းကင်ယံသို့ မြှောက်လိုက်သည်။

လူတိုင်း၏ အပေါ်တွင် တိမ်တိုက်များ ပေါ်လာပြီး မှောင်မည်းလာ၏။ ကောင်းကင်မှ မိုးကြိုးများ လက်ခနဲ ဖြစ်လာသည်။

"မစောင့်ကြနဲ့၊ သူ့ကို အခွင့်အရေး မပေးနဲ့။ အခုချက်ချင်း သတ်ကြဟေ့"

တပည့်များသည် လုံချန်းဆီသို့ ပြေးတက်လာကြသည်။

"ဝိဇ္ဇာဓား" လုံချန်းက သူ၏ ညာဘက်လက်ကိုလည်း မြှောက်လိုက်၏။ ၁၀ မီတာခန့် ရှည်သည့် ဝိဇ္ဇာဓားကြီးသည် သူ၏ လက်ပေါ်တွင် ပေါ်လာသည်။ သူသည် အရှေ့သို့ ညွှန်လိုက်၏။

ဝိဇ္ဇာဓားကြီးသည် သူ့ဆီ ပြေးလာနေသည့် လူများဆီသို့ ပျံသန်းသွားပြီး သူတို့၏ ရင်ဘတ်များကို တောက်လျှောက် ဖောက်ထွက်သွားသည်။ လုံချန်းသည် သူ၏ ဘယ်ဘက်လက်ကိုလည်း ချလိုက်၏။ မိုးကြိုးတန်းကြီးသည် ကောင်းကင်ဘုံ၏ အပြစ်ပေးမှုအလား လူအုပ်ထဲသို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

All Chapters