← Chapters

အခန်း (၆၂၅-၆၂၆)

Vol. 63 Ch. 625-626

အခန်း (၆၂၅-၆၂၆)

Vol. 63 Ch. 625-626

အခန်း (၆၂၅) ပထမဆုံးအကြိမ်

လုံချန်းသည် သိုင်းဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် မင်ယုသည်လည်း သူမ၏ ဝိညာဉ်အာရုံကို စေလွှတ်ရန် ပြင်ဆင်လိုက်သည်။ သို့သော် သူမသည် ကျန်ရှိနေသော မိန်းကလေးများဘက်သို့ မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

သူမကို ကြည့်နေကြသော မိန်းကလေးများ၏ မျက်နှာထားကြောင့် မင်ယု၏ မျက်နှာလေးမှာ ရုတ်တရက် နီမြန်းသွားရ၏။

"သွားလေ... သူ့ကို အကြာကြီး စောင့်ခိုင်းမထားနဲ့ဦး" ကျိချင်းက ပြုံးစိစိဖြင့် စနောက်လိုက်သည်။

"ငါတော့ နည်းနည်း မနာလိုဖြစ်မိတယ်၊ ငါလည်း အဲဒီလို လုပ်ကြည့်ချင်တယ်... နားထောင်ရတာ တကယ့်ကို အံ့သြစရာကောင်းမယ့်ပုံပဲ" မင်လန်က ခေါင်းကလေးငုံ့ကာ တိုးတိုးလေး ရေရွတ်လိုက်၏။

ရွှယ်နှင့် မေတို့၏ မျက်နှာပေါ်တွင်လည်း အနည်းငယ် မနာလိုဖြစ်သည့် အရိပ်အယောင်များ ရှိနေသော်လည်း တစ်ဖက်တွင်မူ ပြုံးလျက်ရှိကြသည်။ ဤအရာမှာ မင်ယု၏ ကျန်းမာရေးအတွက်၊ သူမကို ကုသပေးရန်အတွက် ဖြစ်သည်ကို သူတို့ သိရှိကြသဖြင့် ဝမ်းသာနေကြခြင်း ဖြစ်၏။ မင်ယုက ဦးဆောင်သွားသည်ကို သူတို့ စိတ်မရှိကြပေ။

"သွားပါတော့ မမမင်ယုရယ်။ စောင့်နေတာ မကောင်းပါဘူး။ မမ မြန်မြန် နေကောင်းလေလေ၊ ပိုကောင်းလေလေပဲပေါ့" ရွှယ်က ပြုံးလျက် အားပေးလိုက်သည်။ မေကလည်း ခေါင်းညိတ်၍ ထောက်ခံ၏။

မင်ယုသည် ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလွှဲလိုက်ကာ မျက်လုံးများကို မှိတ်လိုက်သည်။ ပုံမှန်ဆိုလျှင် သူမသည် ဤမျှအထိ မရှက်တတ်သော်လည်း ယခုအချိန်တွင်မူ သူမ၏ နှလုံးသားမှာ အရင်ကထက် ပိုမိုမြန်ဆန်စွာ ခုန်လှုပ်နေ၏။ ဤအရာသည် လုံချန်းနှင့် သူမကြားတွင် အနူးညံ့ဆုံး၊ အနီးကပ်ဆုံးသော အချိန်ဖြစ်လာတော့မည်ဖြစ်ပြီး သူမက ပထမဆုံး ဖြစ်ခွင့်ရခဲ့သည်။ ထို့ကြောင့် သူမ ပျော်ရွှင်နေမိသည်။

ယခင်က အတူရှိခဲ့ဖူးသော်လည်း ယခု ဝိညာဉ်ချင်း ဆက်သွယ်ရမည့် ကိစ္စတွင်မူ မင်ယု၏ ရင်ခုန်သံမှာ နံရိုးများကို ဖောက်ထွက်မတတ် ပြင်းထန်နေ၏။ သူမ၏ စိတ်ထဲတွင် လှိုင်းထန်နေသော ခံစားချက်များကို ထိန်းချုပ်ကာ အပြင်ပန်းတွင် တည်ငြိမ်သယောင် ဟန်ဆောင်နေရသည်မှာ သူမအတွက် တကယ့်ကို ခက်ခဲလှသော တိုက်ပွဲတစ်ခုပင်။

ကျိချင်း ပြောခဲ့သော စကားများက သူမ၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်၏။ သူမသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် မလှုပ်မယှက် ရှိနေသော သူမ၏ ခန္ဓာကိုယ်ကို ထားရစ်ကာ ဝိညာဉ်အာရုံဖြင့် အတွင်းသို့ ဝင်ရောက်သွားတော့သည်။

သူမ၏ ကျင့်ကြံခြင်းဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိသွားသောအခါ...

ပထမဆုံးအကြိမ်အဖြစ် မင်ယုသည် ဝိညာဉ်ပုံစံဖြင့် ဤမျှအထိ စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရသည်။ သူမ၏ အကြည့်တို့သည် မလှမ်းမကမ်းတွင် ရပ်နေသော လုံချန်းထံသို့ ကျရောက်သွား၏။ လုံချန်း၏ တစ်ကိုယ်လုံးမှ တောက်ပနေသော အနီရောင် အရှိန်အဝါများက သူ့ကို ပိုမိုဆွဲဆောင်မှု ရှိစေနေသည်။

မင်ယုသည် လုံချန်း၏ သန်မာထွားကျိုင်းသော ခန္ဓာကိုယ်ကို ငေးမောကြည့်မိသွား၏။ သူ၏ ကျယ်ပြန့်သော ပခုံးများ၊ လည်ပင်းမှ ပေါ်လွင်နေသော ညှပ်ရိုးများနှင့် ခန့်ညားသော မျက်နှာတို့ကို ကြည့်ရင်း သူမ၏ ရင်ခုန်သံမှာ တစ်ချက်မျှ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် သူမသည် လုံချန်း၏ မျက်ဝန်းများဆီသို့ အကြည့်ချင်း ဆုံလိုက်မိသည်။

သူ၏ မျက်ဝန်းများတွင် အမြဲရှိနေတတ်သော ပြတ်သားမှုနှင့် ယုံကြည်မှုများ ရှိနေသော်လည်း ယခုတစ်ကြိမ်တွင်မူ တစ်ခုခု ထူးခြားနေ၏။ သူ၏ မျက်မှောင်ကလေး ကြုတ်နေသည်မှာ... သူ... စိုးရိမ်နေသည်လောဟု မင်ယုက တွေးမိသွားသည်။

လုံချန်းကလည်း စောင့်ဆိုင်းနေရင်း စိတ်ပူနေမိ၏။ အကယ်၍ သူသာ မှန်ကန်အောင် မလုပ်နိုင်ခဲ့လျှင်၊ သူမ၏ အမြုတေသာ ထိခိုက်သွားခဲ့လျှင် သူသည် မိမိကိုယ်ကိုယ်ထက် သူမအတွက် ပို၍ စိုးရိမ်နေမိခြင်း ဖြစ်သည်။ လုံချန်းက သူမအပေါ် ဤမျှအထိ ဂရုစိုက်သည်ကို သိလိုက်ရသောအခါ မင်ယု၏ စိတ်ထဲတွင် ကြည်နူးမှုများဖြင့် ပြည့်နှက်သွားရ၏။

နှင်းဆီပွင့်ချပ်ကဲ့သို့ လှပသော သူမ၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် ပြုံးယောင်သန်းသွားကာ တုန်ရင်နေသော ခြေလှမ်းများဖြင့် လုံချန်းရှိရာသို့ လျှောက်သွားသည်။ ခြေတစ်လှမ်းချင်းစီတိုင်းမှာ သူမ၏ ရင်ခုန်သံက ပိုမိုမြန်ဆန်လာ၏။

သူမ လုံချန်းနှင့် နှစ်လှမ်းအကွာသို့ ရောက်ရှိချိန်တွင် လုံချန်းက သူမကို လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ဦး အကြည့်ချင်း ဆုံလိုက်သည့် ခဏမှာပင် လုံချန်း၏ စိုးရိမ်ပူပန်မှု အားလုံးသည် လေထဲသို့ လွင့်စင်ပျောက်ကွယ်သွားတော့သည်။ မင်ယု၏ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုအပြည့်ရှိသော မျက်ဝန်းများက လုံချန်းကို ချက်ချင်းပင် တည်ငြိမ်အေးချမ်းသွားစေ၏။

သူတို့နှစ်ဦးစလုံး၏ နှုတ်ခမ်းများမှာ တစ်ချိန်တည်းမှာပင် ပြုံးယောင်သန်းသွားကြသည်။ သူတို့၏ အပြုအမူများမှာ တစ်ဦးနှင့်တစ်ဦး အကြောချင်း ဆက်သွယ်ထားသကဲ့သို့ တစ်ထပ်တည်း ကျနေ၏။ မင်ယုသည် လုံချန်း၏ အပြုံးကို မြင်လိုက်ရသောအခါ သူမ၏ ပါးပြင်လေးများမှာ ပို၍ပင် နီမြန်းသွားကာ အကြည့်ကို အမြန်ပင် လွှဲဖယ်လိုက်မိသည်။

လုံချန်းကမူ မင်ယု၏ ရှက်စနိုးနှင့် ချစ်စရာကောင်းသော အမူအရာလေးကို မြင်လိုက်ရသောအခါ သူမကို ရင်ခွင်ထဲသို့ ထည့်ကာ မည်သည့်အခါမျှ ပြန်မလွှတ်ချင်တော့လောက်အောင် ဖြစ်သွားရသည်။ သူသည် မသိစိတ်ဖြင့် ရှေ့သို့ တစ်လှမ်းတိုးကာ သူမ၏ ပါးပြင်လေးကို ထိတွေ့လိုက်၏။

နွေးထွေးနေသော ပါးပြင်ပေါ်သို့ အေးမြသော လက်တစ်ဖက် ကျရောက်လာသောအခါ မင်ယုမှာ တစ်ကိုယ်လုံး ရှိန်းခနဲ ဖြစ်သွားပြီး လုံချန်းကို မော့ကြည့်လိုက်သည်။ ထိုအချိန်မှာပင် လုံချန်း၏ နှုတ်ခမ်းများက သူမ၏ နှုတ်ခမ်းများပေါ်သို့ ကြိုတင်အသိပေးခြင်းမရှိဘဲ ကျရောက်လာတော့သည်။

မင်ယုမှာ အံ့သြသွားသဖြင့် မျက်ဝန်းများ ကျယ်သွားသော်လည်း လုံချန်းက အနမ်းကို ပိုမိုလေးနက်အောင် ပြုလုပ်လိုက်သောအခါ သူမသည် မျက်လုံးများအား အလိုအလျောက် မှိတ်ထားလိုက်မိသည်။ ထိုအနမ်းမှာ ညင်သာလှပပြီး လုံချန်းက သူမကို မည်မျှအထိ တန်ဖိုးထားကြောင်း ပြသနေသကဲ့သို့ ခံစားရ၏။

သူမ၏ ချိုမြိန်သော နှုတ်ခမ်းရနံ့ကြောင့် လုံချန်းမှာ ပိုမို စိတ်လှုပ်ရှားလာကာ အနမ်းများမှာလည်း အရင်ကထက် ပိုမို ပြင်းပြလာတော့သည်။ သူသည် ဤအနမ်းတစ်ခုတည်းဖြင့် သူ၏ အချစ်အားလုံးကို သူမ သိရှိစေရန် သက်သေပြနေသကဲ့သို့ပင်။ မင်ယုမှာလည်း လုံချန်း၏ ရင်ခွင်ထဲတွင် အရည်ပျော်ကျမတတ် ဖြစ်နေရပြီး သူ၏ သန်မာသော လက်မောင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။

လုံချန်းသည် သူမ၏ ဝတ်စုံမှ ဖဲကြိုးများကို ညင်သာစွာ ဖြည်ချလိုက်ရင်း အနမ်းကို မပျက်စေဘဲ သူမ၏ နူးညံ့သောအသားအရေကို စတင်ထိတွေ့လိုက်သည်။ မင်ယုမှာ သူ၏ ထိတွေ့မှုအောက်တွင် တုန်ရီနေပြီး လုံချန်း၏ လည်ပင်းကို တင်းကျပ်စွာ ဖက်ထားမိ၏။

ခေတ္တအကြာတွင် လုံချန်းသည် သူ၏ နှုတ်ခမ်းများကို ခွာလိုက်သော်လည်း မင်ယုကမူ မသိစိတ်ဖြင့် လုံချန်းကို ပြန်လည် ဆွဲဖက်ထားမိသည်။ လုံချန်းက သူမ၏ ပါးပြင်လေးကို ကိုင်ကာ ရွှေရောင်မျက်ဝန်းများဖြင့် သူမကို စိုက်ကြည့်လိုက်၏။ ထိုမျက်ဝန်းများထဲတွင် အချစ်နှင့် ဂရုစိုက်မှုများက အထင်းသား ပေါ်လွင်နေသည်။

မင်ယု၏ နီမြန်းနေသော မျက်နှာလေးပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ပေါ်လာပြီး တုန်ရီနေသော အသံကလေးဖြင့် စကားလေးတစ်ခွန်းကို ပြောလိုက်ပါတော့သည်။

"ငါ... နင့်ကို... ချစ်တယ်..."

လုံချန်း၏ နှလုံးသားမှာ လှိုက်ခနဲ ဖြစ်သွားပြီး မျက်ဝန်းများမှာ တောက်ပလာကာ သူ၏ လုပ်ဆောင်ချက်ဖြင့်ပင် အဖြေပြန်ပေးလိုက်သည်။

သူတို့နှစ်ဦးစလုံးသည် အစစ်အမှန် ဝိညာဉ်ချင်း တစ်ထပ်တည်းကျခြင်းကို မစတင်ရသေးသော်လည်း မင်ယု၏ ရွှေရောင်အမြုတေမှ ပိုလျှံနေသော စွမ်းအင်များသည် လုံချန်း၏ အနီရောင်အမြုတေအတွင်းသို့ စတင်စီးဝင်ကာ စုပ်ယူခြင်းကို ခံနေရပြီ ဖြစ်သည်။

အခန်း (၆၂၆) ပိုမိုသာလွန်သော အကျိုးကျေးဇူး

မင်ယု၏ အမြုတေသည် လုံချန်းနှင့် နီးကပ်စွာ ထိတွေ့မိသည်နှင့်အမျှ တောက်ပစွာ လင်းလက်လာတော့သည်။ သူတို့၏ ဝိညာဉ်များသည် နှလုံးသားချင်း ထပ်တူကျစွာပင် တစ်ထပ်တည်း ဖြစ်နေကြ၏။ တစ်ဦးနှင့်တစ်ဦး၏ နူးညံ့သော ခန္ဓာကိုယ် ထိတွေ့မှုများကြားတွင် သူတို့၏ နှလုံးသားများမှာ ချိုမြိန်လှသော အချစ်လှိုင်းများကြား၌ လွင့်မျောနေကြသည်။

အပြင်လောကတွင်မူ လုံချန်းနှင့် မင်ယုတို့သည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်လျက် မလှုပ်မယှက် ထိုင်နေကြဆဲ ဖြစ်သည်။ မင်ယု၏ အသက်ရှူသံများမှာ မြန်ဆန်နေပြီး လုံချန်းကမူ ပုံမှန်အတိုင်း အသက်ရှူနေ၏။

ရွှယ်၊ မေ၊ မင်လန် နှင့် ကျိချင်းတို့မှာ သူတို့နှစ်ဦးကို အသေအချာ စောင့်ကြည့်နေကြပြီး ဟင်းလင်းပြင်ထဲတွင် မည်သည်များ လုပ်နေကြသနည်းဟု စူးစမ်းနေကြလေသည်။

ဟင်းလင်းပြင်အတွင်း၌ လုံချန်းသည် မင်ယုကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းကာ မြေပြင်ပေါ်တွင် အသာအယာ လှဲသိပ်လိုက်သည်။ ထိုအပြုအမူမှာ မြန်ဆန်လွန်းသဖြင့် မင်ယုမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။ သူမသည် လုံချန်း၏ လက်အောက်တွင် လဲလျောင်းနေရင်း သူ၏ လက်ချောင်းလေးများက သူမ၏ မျက်နှာပေါ်တွင် ညင်သာစွာ ပြေးလွှားနေမှုကို မျက်လုံးလေးမှိတ်ကာ ခံစားနေမိ၏။ သူမ၏ တစ်ကိုယ်လုံးမှ တောက်ပသော လိမ္မော်ရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး လုံချန်း၏ ယုယမှုအောက်တွင် ပြုံးလျက် ရှိနေသည်။

လုံချန်းသည် စိတ်ကို မထိန်းနိုင်တော့ဘဲ သူမ၏ လည်တိုင်ဖြူဖြူလေးပေါ်သို့ အနမ်းများ ခြွေချလိုက်သည်။ မင်ယုမှာ ထိုထိတွေ့မှုကြောင့် ညည်းတွားသံ မထွက်စေရန် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိ၏။ လုံချန်း၏ လက်များက သူမ၏ ဝတ်စုံပေါ်တွင် ပြေးလွှားနေပြီး သူမအား ကုသပေးရန်အတွက် ထိုအနူးညံ့ဆုံးသော နှိပ်စက်မှုကို ဆက်လက် လုပ်ဆောင်နေတော့သည်။

သူ၏ အပြုအမူများကြောင့် မင်ယုမှာ တစ်ကိုယ်လုံး ရှိန်းခနဲ ဖြစ်သွားကာ ဖော်ပြ၍မရသော သာယာကြည်နူးမှုထဲတွင် နစ်ဝင်သွားရ၏။ သူမ၏ နှုတ်ခမ်းလွှာများထံမှ ညည်းတွားသံများ တိုးတိုးလေး ထွက်ပေါ်လာသည်။

လုံချန်းသည် မင်ယု၏ ဝတ်စုံကို ညင်သာစွာ ဖယ်ရှားလိုက်ရာ သူမ၏ မျက်နှာလေးမှာ ရုတ်တရက် နီမြန်းသွားကာ ရှက်ရွံ့စွာဖြင့် လုံချန်း၏ ရင်ခွင်ကို အကာအကွယ်ယူ၍ ပုန်းကွယ်ရန် ကြိုးစားနေမိသည်။ လုံချန်းက သူမ၏ တုံ့ဆိုင်းမှုကို နားလည်သဖြင့် အရာအားလုံးကို ခေတ္တရပ်တန့်ကာ သူမကို ရင်ခွင်ထဲတွင် ထည့်၍ အညင်သာဆုံး ဖက်ထားလိုက်၏။ ထိုသန်မာသော လက်မောင်းများကြားတွင် မင်ယုမှာ ဘေးကင်းလုံခြုံသည်ဟု ခံစားလိုက်ရကာ လုံချန်း၏ ရင်ဘတ်ပေါ်သို့ ခေါင်းလေးမှီထားလိုက်သည်။

ဒုတ်... ဒုတ်... ဒုတ်... ဒုတ်...

လုံချန်း၏ နှလုံးခုန်သံများမှာ သူမ၏ နားထဲတွင် သာယာသော တေးသံတစ်သံကဲ့သို့ ပဲ့တင်ထပ်နေပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း လုံးဝ စိတ်လျှော့ကာ အနားယူလိုက်မိသည်။ ထိုအချိန်တွင် သူမ၏ စိတ်ထဲ၌ ထူးဆန်းသော သတ္တိအချို့ ပေါ်ပေါက်လာပြီး လုံချန်း၏ ဝတ်ရုံကြယ်သီးများကို ဖြည်းဖြည်းချင်း စတင်ဖြုတ်လိုက်၏။ လုံချန်းက သူမ၏ လှုပ်ရှားမှုကို သတိထားမိသော်လည်း ဘာမှမသိသယောင် ဆောင်ကာ သူမ၏ နောက်ထပ်ခြေလှမ်းကို စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။

မင်ယုသည် တုန်ရင်နေသော လက်ကလေးများဖြင့် သူ၏ ဝတ်ရုံကို ဖယ်ရှားလိုက်ပြီး သူ၏ နွေးထွေးကာ ချွေးစို့နေသော အသားအရေကို ထိတွေ့လိုက်သည်။ ထိုအခါ သူမ၏ စိတ်ထဲ၌ သူ့ကို ပိုမို နီးကပ်စွာ ခံစားချင်သော၊ သူ့ကို အပိုင်သိမ်းချင်သော ဆန္ဒများ ပြင်းပြလာ၏။ သူမ၏ တစ်ကိုယ်လုံးမှ အလင်းရောင်များ ပိုမို တောက်ပလာကာ သူတို့နှစ်ဦးကြားတွင် အချစ်မီးလျှံများ တောက်လောင်လာတော့သည်။

လုံချန်းက သူမ၏ နှုတ်ခမ်းကို တင်းကျပ်စွာ နမ်းရှိုက်လိုက်ပြီးနောက် အရာအားလုံးမှာ အရှိန်အဟုန်ဖြင့် စတင်သွားတော့သည်။ အပြုအမူတိုင်းမှာ အချစ်၊ ယုယမှုနှင့် ဂရုစိုက်မှုများဖြင့် ပြည့်နှက်နေ၏။ မင်ယုမှာ ထိုခံစားချက်များကြားတွင် လမ်းပျောက်နေပြီး လုံချန်း၏ အမည်ကို တိုးတိုးလေး ခေါ်တမ်းတနေမိသည်။

လုံချန်းသည် သူမ၏ နှုတ်ခမ်းနှင့် နဖူးကို ညင်သာစွာ နမ်းလိုက်ပြီးနောက် သူမ၏ အကြည့်ကို စောင့်ဆိုင်းကာ ခွင့်တောင်းလိုက်သည်။ မင်ယုသည် အချစ်နှင့် ပြည့်လျှံနေသော လုံချန်း၏ မျက်ဝန်းများကို ကြည့်ရင်း ရင်ခုန်သံများ မြန်ဆန်လာကာ ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်၏။

ထိုနောက်တွင်မူ သူတို့နှစ်ဦး၏ အမြုတေများမှာ တစ်ခုနှင့်တစ်ခု ဆက်သွယ်သွားကြတော့သည်။ သူတို့၏ ခန္ဓာကိုယ်ချင်း ဆက်သွယ်မိချိန်တွင် ဝိညာဉ်နှစ်ခုမှာလည်း တစ်သားတည်း ဖြစ်သွားကြ၏။ လုံချန်းက သူမကို အညင်သာဆုံး ဆက်ဆံရင်း အချစ်စကားများကို တိုးတိုးလေး ကပ်ပြောနေမိသည်။ ချွေးစို့နေသော ခန္ဓာကိုယ်နှစ်ခုမှာ ဟန်ချက်ညီညီ လှုပ်ရှားနေကြပြီး သူတို့၏ ပတ်ဝန်းကျင်တွင် ရွှေရောင်အလင်းတန်းများ တောက်ပစွာ ဖြာထွက်နေ၏။ သူတို့သည် မိမိတို့၏ သီးသန့်ကမ္ဘာငယ်လေးထဲတွင် စစ်မှန်သော အချစ်ကို ဖော်ဆောင်နေကြခြင်း ဖြစ်သည်။

သူတို့နှစ်ဦး အညင်သာဆုံး ချစ်တင်းနှီးနှောနေစဉ်တွင် မင်ယု၏ အမြုတေမှာ ပိုမို တောက်ပလာကာ စွမ်းအင်များကို စတင်ထုတ်လွှတ်တော့သည်။ သူတို့၏ ပတ်ဝန်းကျင်တွင် စွမ်းအင်အကာအကွယ်တစ်ခု ဖြစ်ပေါ်လာပြီး လုံချန်း၏ အနီရောင်အမြုတေက မင်ယု၏ အမြုတေမှ ပိုလျှံနေသော စွမ်းအင်များကို စုပ်ယူလိုက်၏။

မင်ယု၏ အမြုတေအတွင်းရှိ မတည်ငြိမ်သော စွမ်းအင်များမှာ လုံချန်းထံ စီးဝင်သွားပြီး သူ၏ ခန္ဓာကိုယ်နှင့် အမြုတေကို ပိုမို အစွမ်းထက်စေသလို မင်ယု၏ အမြုတေကိုလည်း ပြန်လည် တည်ငြိမ်သွားစေသည်။ မင်ယု၏ အမြုတေပေါ်ရှိ အက်ကြောင်းများမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် လုံးဝ ပုံမှန်အတိုင်း ပြန်လည် ကောင်းမွန်သွားပါတော့သည်။

"၇ နာရီတောင် ရှိသွားပြီ။ သူတို့ တကယ်ပဲ ဒီလောက်တောင် ကြာနေတာလား" မင်လန်က ကျိချင်းကို လှမ်းမေးလိုက်သည်။

"ဒါပေါ့... မဟုတ်ရင် ဘာလို့ အကြာကြီး နေဦးမှာလဲ" ကျိချင်းက ရယ်မောရင်း ပြန်ဖြေသည်။ "သူတို့က ဝိညာဉ်ပုံစံနဲ့ ရှိနေတာဆိုတော့ ပင်ပန်းတယ်လို့ မရှိဘူးလေ။ သူတို့ ကြိုက်သလောက် အတူနေလို့ ရတယ်။ အား... ငါတောင် မနာလို ဖြစ်လာပြီ၊ ငါလည်း အတူနေချင်လာပြီ" ကျိချင်းက မင်ယုကို ကြည့်ရင်း ဆိုသည်။

"သူတို့ မပင်ပန်းဘူးလား" မင်လန်က ရေရွတ်ရင်း အိမ်မက်ယောင်နေမိ၏။ သူမသာ လုံချန်းနှင့်အတူ ရှိနေလျှင်... လုံချန်းက သူမထက် ခွန်အား ပိုကောင်းသဖြင့် သူမကသာ အရင် ပင်ပန်းသွားလေ့ရှိသည်။ သူမသည်လည်း တစ်နေ့တွင် ခွန်အား ပိုကောင်းလာရန် မျှော်လင့်နေမိသည်။

သူတို့ စောင့်ဆိုင်းနေစဉ်မှာပင် မင်ယုထံမှ ကျယ်လောင်သော ညည်းတွားသံတစ်ချက် ထပ်မံ ထွက်ပေါ်လာပြန်သည်။

"ဟူး... နောက်တစ်ကြိမ် လာပြန်ပြီ။ အခုဆို ၁၀ ကြိမ်မကတော့ဘူး။ မြန်မြန် ပြီးကြပါတော့" ကျိချင်းက လုံချန်းကို ကြည့်ကာ ရေရွတ်လိုက်၏။

မိနစ်အနည်းငယ် ကြာပြီးနောက် မင်ယုသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူမသည် ဟင်းလင်းပြင်ထဲမှ အပြင်လောကသို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်၏။ သူမ နိုးလာသော်လည်း ရှက်လွန်းသဖြင့် ကျန်သည့် မိန်းကလေးများကို မကြည့်ဝံ့ပေ။ သူမတို့ မည်သည်များ တွေးနေကြမည်ကို သူမ သိနေသည်မဟုတ်ပါလား။

"ဘယ်လိုလဲ၊ အောင်မြင်ရဲ့လား" ကျိချင်းက မေးလိုက်သည်။

"ငါလည်း သေချာမသိဘူး၊ ဒါပေမဲ့ နေလို့တော့ တော်တော် ကောင်းသွားတယ်။ စွမ်းအင်တွေကို စမ်းပြီး လှည့်ပတ်ကြည့်ဦးမယ်" မင်ယုက ဆိုကာ မျက်လုံးပြန်မှိတ်လိုက်သည်။

သူမသည် ကျင့်စဉ်မှ ရရှိထားသော စွမ်းအင်များကို လှည့်ပတ်ကြည့်လိုက်သောအခါ သူမ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာတော့သည်။

"အောင်မြင်သွားပြီ၊ ဘာအဟန့်အတားမှ မရှိတော့ဘူး။ အခုဆို စွမ်းအင် စီးဆင်းမှုက အရင်ကထက်တောင် ပိုပြီး ချောမွေ့နေသေးတယ်" သူမက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

"အိုး... ကောင်းတာပေါ့"

"ဝမ်းသာပါတယ် မမယု"

"တကယ့်ကို အံ့သြဖို့ကောင်းတယ်"

ရွှယ်၊ မေ နှင့် မင်လန်တို့က ဝိုင်းဝန်း ဂုဏ်ပြုကြသည်။

"နင်ကတော့ တကယ့်ကို အကျိုးကျေးဇူး အများကြီး ရလိုက်တာပဲ။ ဝိညာဉ်ချင်း တစ်သားတည်း ဖြစ်သွားတော့ သူနဲ့ ပိုပြီး နီးစပ်သွားသလို အစွမ်းလည်း ပိုထက်လာပြီ။ ပြီးတော့ သူ့ဆီကနေ အကောင်းဆုံး အချိန်တွေကိုလည်း ရလိုက်သေးတယ်၊ နောက်ဆုံး အချက်ကိုတော့ ငါ တကယ် မနာလိုဘူး" ကျိချင်းက ပြောလိုက်၏။

"အကျိုးကျေးဇူး ပိုရတယ် ဟုတ်လား။ ငါ ပိုပြီး အစွမ်းထက်လာတာလား။ သူက ဒါတွေ ငါ့ကို ဘာလို့ ကြိုမပြောတာလဲ" မင်ယုက လုံချန်းကို ကြည့်ကာ မေးလိုက်သည်။

"သူက နင် သိထားပြီးပြီလို့ ထင်နေလို့ ဖြစ်မှာပေါ့။ ငါတောင် သိနေတာပဲလေ" ကျိချင်းက ပြန်ဖြေလိုက်တော့သည်။

All Chapters