← Chapters

အခန်း (၁၉၃-၁၉၅)

Vol. 13 Ch. 193-195

အခန်း (၁၉၃-၁၉၅)

Vol. 13 Ch. 193-195

အခန်း (၁၉၃) - နဂါးမင်းသမီးလေး အော့လင်း... ကုန်းပေါ်တက်ပြီး ကမ္ဘာကြီးကို ကြည့်ချင်တယ်

~အရှေ့ပင်လယ်ပြင်။ အောက်ခြေမဲ့ ချောက်ကမ်းပါးကြီး၏ အစွန်အဖျား။

တိုက်ပွဲအပြီး အနားယူရာ စခန်း။

'နမော ဂက်တလင် စက်သေနတ်ကြီး' ၏ အဆက်မပြတ် ပစ်ခတ်မှုကြောင့် ရှေ့ရှိ အမည်းရောင် ဒီရေလှိုင်း မိစ္ဆာများမှာ ဆယ်မိုင်ခန့် နောက်ဆုတ်သွားရလေပြီ။

ပုံမှန် ကျင့်ကြံသူများ၏ အလေ့အထအရ ဆိုလျှင်မူ ဤအချိန်မျိုးတွင် တရားထိုင်ကာ ချီ (Qi) စွမ်းအင်များ ပြန်လည် ဖြည့်တင်းနေခြင်း သို့မဟုတ် မှော်လက်နက်များပေါ်မှ သွေးစွန်းများကို သန့်စင်ကာ လေးနက်တည်ကြည်စွာ နေထိုင်ရမည့် အချိန် ဖြစ်ပေသည်။

သို့သော်ငြား ကွေ့ယွမ်ဂိုဏ်း ၏ တပ်စခန်းတွင်းရှိ လေထုမှာမူ လုံးဝကို ကွဲပြားခြားနားနေတော့၏။

ဤနေရာသည်... ဧရာမ ပျော်ပွဲစားထွက်သည့် နေရာ သို့မဟုတ် ဆိုရှယ်မီဒီယာတွင် ဓာတ်ပုံရိုက်တင်ရန် Check-in နာမည်ကြီး နေရာတစ်ခုနှင့် တူနေ၏။

“ညီအစ်ကိုတို့... ကင်မရာကို ကြည့်... ချိစ်...”

ဒီဖရဲသီးမှည့်ပြီလား ဟု အမည်ရသည့် ဝမ်သဲ့ဖာ သည် အဆုံးမဲ့ချောက်ကမ်းပါး မိစ္ဆာများ၏ အလောင်းများ (မကြာမီ အမည်းရောင် မီးခိုးများအဖြစ် ပြောင်းလဲသွားတော့မည် ဖြစ်သော်ငြား လုံးဝ မပျောက်ကွယ်သေးချေ) ဖြင့် ပြုလုပ်ထားသော တောင်ကုန်းငယ်လေးပေါ်တွင် မတ်တတ်ရပ်ကာ အလွန်တရာ အထာကျသော ဗွီ ပုံစံ လက်ဟန်ကို ပြုလုပ်နေ၏။

သူ၏ ရှေ့တွင်မူ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း သည် ပြောင်လက်နေအောင် ပွတ်တိုက်ထားသော အလင်းရောင်ထွက် ကျောက်တုံး (စနစ် မောလ် မှ ဝယ်ယူထားပြီး အလှပြုပြင်သည့် ဖစ်လ်တာများ ပါဝင်သော ပစ္စည်း) ကို ကိုင်ကာ အကောင်းဆုံး ဓာတ်ပုံရိုက်ရန် ထောင့်ချိုးကို ရှာဖွေနေပေသည်။

“ဦးလေးကျန်း... ဖစ်လ်တာ အပြည့်တင်ထားနော်...ကျွန်တော့်ကို ပိန်သွားအောင် ရိုက်ပေး...”

“စိတ်မပူပါနဲ့ကွာ... အသားအရေ ချောမွေ့မှု အဆင့် (၁၀) တင်ထားတယ်... မင်းက အခု အရှေ့ပင်လယ်ပြင်မှာ အချောဆုံးကောင် ဖြစ်နေပြီကွ...”

မလှမ်းမကမ်းတွင်မူ ကျောက်ကပ်ကြော် သည် ဆိုင်လေး ဖွင့်ထားပြီး တိုက်ပွဲအပြီး လိုအပ်မည့် အသုံးအဆောင်များကို ရောင်းချနေ၏။

“ရေခဲစိမ် ပျော်ရွှင်ဖွယ် အရည် (အထူးဖော်စပ်ထားသော ဝိညာဉ်စွမ်းအင် ကိုကာကိုလာ)... တစ်ပုလင်းကို ဝိညာဉ်ကျောက်တုံး ငါးတုံးတည်းနော်... ဒုတိယ တစ်ပုလင်းဝယ်ရင် တစ်ဝက်ဈေးပဲ ပေး...”

“နဂါး မာလာခေါက်ဆွဲ (မွမ်းမံထားသော ဗားရှင်း)... မာနာတွေကို ပြန်လည် ဖြည့်တင်းပေးမယ့် နတ်လက်နက်ပဲကွ... ဒီမာလာခေါက်ဆွဲလေး စားလိုက်တာနဲ့ မင်းက ဒီမှာ အမိုက်ဆုံးကောင် ဖြစ်သွားပြီဟေ့...”

ထိုလူအုပ်ကြီး ပျော်ရွှင်စွာ ဆူညံနေကြစဉ်မှာပင်...

အနီးရှိ သန္တာကျောက်ဆောင် တစ်ခု၏ နောက်ကွယ်မှ သေသပ်လှပစွာ ပုံဖော်ထားသော ခေါင်းလုံးလုံးလေး တစ်ခု ထွက်ပေါ်လာ၏။

သူမကား နဂါးနန်းတော်မှ တိတ်တဆိတ် ထွက်ပြေးလာသော နဂါးမင်းသမီးလေး အော့လင်း ပင် ဖြစ်ပေသည်။

သူမသည် ဤ "သူရဲကောင်းကြီးများ" တိုက်ပွဲအတွက် မည်သို့ ပြင်ဆင်နေကြသနည်းဟု လာရောက် စပ်စုခြင်း ဖြစ်သော်ငြား၊ ဤကဲ့သို့သော မြင်ကွင်းမျိုးကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်နေရှာ၏။

“သူတို့တွေ ဘာလုပ်နေကြတာလဲဟင်...”

အော့လင်း သည် ခရမ်းရောင် သလင်းကျောက်များနှင့် တူသော သူမ၏ မျက်လုံးဝိုင်းကြီးများကို မျက်တောင် ပေကလပ် ပေကလပ် ခတ်ကာ စပ်စုချင်စိတ် အပြည့်ဖြင့် ကြည့်နေ၏။ နဂါးနန်းတော်၏ အချစ်ခံရဆုံး မင်းသမီးလေး တစ်ပါးအနေဖြင့် ငယ်စဉ်ကတည်းက တင်းကျပ်သော စည်းကမ်းများ၊ ပျင်းစရာကောင်းသော ကျင့်ကြံခြင်းများနှင့်သာ နေထိုင်ခဲ့ရသူ ဖြစ်ပေရာ ဤကဲ့သို့သော အရာမျိုးကို ဘယ်သောအခါကမျှ မမြင်ဖူးခဲ့ချေ။

“ဟင်... အန်ပီစီ တစ်ယောက် ရောက်နေတယ်ကွ...”

မျက်စိရှင်သော ဝမ်သဲ့ဖာ သည် ဤ တောရိုင်း ကောင်မလေးကို ချက်ချင်း မြင်သွားတော့သည်။

“နဂါးမင်းသမီးလေးပဲကွ...”

“အိုးရှစ်... နဂါးမင်းသမီးလေး အစစ်ဟေ့... မြန်မြန်... ဟို ဒုတ်စိမ်းကြီးတွေ ချထားလိုက်ကြစမ်း... အထာလေး ဘာလေး ဖမ်းကြဦး...”

ကစားသမားများမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြပြီး အုံခဲလာကြတော့သည်။

သို့သော်ငြား ပုံမှန်အားဖြင့် ရိုင်းစိုင်းကြမ်းကြုတ်လှသော ဤ စတုတ္ထကပ်ဘေး များသည် ဤချစ်စရာကောင်းသော ကောင်မလေးရှေ့တွင်မူ အံ့ဩဖွယ်ကောင်းလောက်အောင် ယဉ်ကျေးနေကြပါ၏။ (ကြောက်စရာကောင်းသော ဦးလေးကြီးများပမာ ဖြစ်နေပါ၏။)

“ညီမလေး... အစ်ကိုတို့ကို လာကြည့်တာလားဟင်...”

ဝမ်သဲ့ဖာ က လက်ကို ပွတ်သပ်ကာ ဂန္ဓာမာပန်းလေးပမာ ဖြီးပြုံးရင်း မေးလိုက်သည်။

အော့လင်း သည် ကြောက်လန့်တကြား အနည်းငယ် နောက်ဆုတ်သွားသော်ငြား၊ သတ္တိမွေးကာ ဦးလေးကျန်း ၏ လက်ထဲမှ အလင်းရောင်ထွက်နေသော ကျောက်တုံးကို လက်ညှိုးထိုးပြလိုက်၏။

“အဲဒီ... လင်းနေတဲ့ ကျောက်တုံးကြီးက ဘာကြီးလဲဟင်...”

“ဒါလား...”

ဦးလေးကျန်း သည် လက်ထဲမှ အလင်းရောင်ထွက် ကျောက်တုံးကို ဂုဏ်ယူဝင့်ကြွားစွာ ဝှေ့ယမ်းပြလိုက်၏။

“ဒါကို (ကင်မရာ) လို့ ခေါ်တယ် ကွ... အဲလေ... ခေါ်တယ်ကွယ့်... သမီးလေးရဲ့ လှပတဲ့ ရုပ်ရည်လေးကို ထာဝရ ဖမ်းယူထားပေးနိုင်တယ်လေ... စမ်းကြည့်မလား...”

“တကယ်လားဟင်...”

အော့လင်း ၏ မျက်လုံးလေးများ အရောင်လက်သွားတော့သည်။

“လာ... ဒီမှာ ရပ်... အစ်ကို့ကို ငြိမ်းချမ်းရေး ပုံစံ လက်နှစ်ချောင်း ထောင်ပြစမ်း...”

ကစားသမားများ၏ အားပေးမှုကြောင့် အော့လင်း သည် ရှက်ရွံ့စွာဖြင့် လက်နှစ်ချောင်းကို ထောင်ကာ အယောင်ယောင်အမှားမှားဖြင့် peace ပုံစံလေး လုပ်ပြရှာ၏။

“ကလစ်...”

အလင်းရောင်တစ်ချက် လက်သွားတော့သည်။

ဦးလေးကျန်း သည် ဓာတ်ပုံကျောက်တုံးကို အော့လင်း ထံသို့ ကမ်းပေးလိုက်၏။ ပုံထဲတွင် ပန်းရောင် ဂါဝန်လေးနှင့် ကောင်မလေးသည် အလွန်တရာ လှပစွာ ပြုံးနေလေ၏။ အဆင့် (၁၀) မျက်နှာပြုပြင်မှု၏ အကူအညီကြောင့် သူမ၏ အသားအရေမှာ ဝင်းမွတ်တောက်ပနေပြီး ပတ်လည်တွင်လည်း ပန်းရောင် ကြယ်ပွင့်လေးများ (ထင်ယောင်ထင်မှား ဖန်တီးမှု) ဝန်းရံနေပေသည်။

“ဝါး...”

အော့လင်း သည် ဓာတ်ပုံကျောက်တုံးလေးကို ကိုင်ကာ အလွန်တရာ ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်တော့သည်။

“ဒါ... ဒါက သမီးလားဟင်... အရမ်း လှတာပဲ... ခမည်းတော် ဆွဲပေးထားတဲ့ ပန်းချီကားထက်တောင် အဆတစ်သန်းလောက် ပိုလှသေးတယ်...”

“မင်းအတွက်ပဲ...”

ဦးလေးကျန်း က သဘောကောင်းစွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်၏။

“လက်ဆောင်လေး တစ်ခုလို့ သဘောထားလိုက်ပေါ့...”

“ကျေးဇူးတင်ပါတယ် ဦးလေးကြီး...”

အော့လင်း မှာ အလွန် ဝမ်းသာလွန်းသဖြင့် သူမ၏ နဂါးဂျိုလေးများပင် အရောင်လက်နေတော့၏။

ထိုအခိုက်... ကျောက်ကပ်ကြော် သည် အနီရောင် ဆီများ ရွှဲနေသော မာလာခေါက်ဆွဲ တစ်ချောင်းကို ကိုင်ကာ တိုးဝင်လာသည်။

“မင်းသမီးလေး... ဓာတ်ပုံရိုက်ရုံလောက်နဲ့ ဘယ်ပျော်စရာ ကောင်းပါ့မလဲ... ဒါလေးရော မြည်းကြည့်မလား... ကွေ့ယွမ်ဂိုဏ်း ရဲ့ အထူးဟင်းလျာ... (ပျော်ရွှင်မှု နတ်တုတ်တံ) တဲ့...”

အော့လင်း သည် အနံ့ခံကြည့်လိုက်ရာ စားသောက်ပွဲတွင် သူမ မြည်းစမ်းခဲ့ဖူးသော ရင်းနှီးသည့် အစပ်ရနံ့လေးကို ရလိုက်၏။ သူမက တံတွေးကို ဂလုခနဲ မျိုချလိုက်ပြီး မာလာခေါက်ဆွဲကို သတိထားကာ လှမ်းယူလိုက်ပြီးနောက် တစ်ကိုက် ကိုက်စားလိုက်တော့သည်။

“အင်း...”

အချိုနှင့် အစပ် ရောစပ်ထားသော အရသာနှင့်အတူ ဝါးရတာ စေးပိုင်ပိုင် ဖြစ်နေသော ခံစားချက်လေးက ဤ အပြစ်ကင်းစင်သော နဂါးမလေးကို ချက်ချင်း ဖမ်းစားသွားတော့သည်။

“အရမ်း စားကောင်းတာပဲ...”

အော့လင်း ၏ မျက်လုံးလေးများမှာ လခြမ်းကွေးလေးများပမာ မှိတ်ကျသွား၏။

“ပင်လယ်ရေမှော်တွေထက် အများကြီး ပိုစားလို့ ကောင်းတယ်...”

“ဒါလေးနဲ့ တွဲသောက်ကြည့်လိုက်ဦး...”

ဝမ်သဲ့ဖာ သည် မည်းမှောင်နေသော (ပျော်ရွှင်ဖွယ် အရည် - ကိုကာကိုလာ) တစ်ပုလင်းကို ချက်ချင်း ကမ်းပေးလိုက်၏။

အော့လင်း.. တစ်ကျိုက် သောက်ကြည့်လိုက်သည်။

“ဝေါ့...”

ပါးစပ်ထဲတွင် ပူဖောင်းလေးများ ပေါက်ကွဲသွားပြီး နွေရာသီ၏ အပူဒဏ်နှင့် ပင်ပန်းနွမ်းနယ်မှုများကို ဆေးကြောပေးလိုက်သကဲ့သို့ ခံစားလိုက်ရပေသည်။ အော့လင်း သည် ချစ်စရာကောင်းသော လေချဉ်လေး တစ်ချက် ဟောက်လိုက်ပြီး မျက်နှာလေး နီရဲသွားကာ သူမ၏ နဂါးဘဝ တစ်ခုလုံး အဆင့်မြင့်သွားသကဲ့သို့ ခံစားလိုက်ရတော့၏။

“ကုန်းပေါ်က လူသားတွေက... နေ့တိုင်း ဒီလို အရသာရှိတဲ့ အစားအစာတွေ စားပြီး ဒီလို ပျော်စရာကောင်းတဲ့ ကစားစရာတွေနဲ့ ကစားရတာလားဟင်...”

အော့လင်း သည် လက်ထဲရှိ မာလာခေါက်ဆွဲနှင့် ကိုကာကိုလာကို ကြည့်ကာ သူမ၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော တောင့်တမှုများ ပေါ်လွင်နေသည်။

“ဒါပေါ့... ဒါပေါ့ကွ...”

ဝမ်သဲ့ဖာ သည် သူ၏ ကျွမ်းကျင်သော လိမ်လည်လှည့်ဖြားမှုများကို စတင်လိုက်ပြီး အလွန်တရာ အသက်ဝင်စွာဖြင့် ရှင်းပြလေတော့၏။

“မင်းသမီးလေး ဘာသိလို့လဲ... ကုန်းပေါ်က ကျွန်တော်တို့ရဲ့ ကစားကွင်းက ဒီရေအောက်ကမ္ဘာကြီးထက် အများကြီး ပိုပျော်စရာ ကောင်းတာ...”

“နဂါးနန်းတော်ထက် ကြီးတဲ့ ကစားကွင်းကြီးတွေ ရှိတယ်လေ... လေထဲမှာ ပျံသန်းနေတဲ့ ရိုလာကိုစတာကြီးတွေ ရှိတယ်... နို့လက်ဖက်ရည် အရသာ ပေါင်းရာချီ ရှိတယ်ဗျာ... ပြီးတော့ ညတိုင်း ညတိုင်း မတူညီတဲ့ ညဈေးတန်းတွေ ရှိသေးတယ်နော်..”

“ဒီရေအောက်ကမ္ဘာကြီးက လှပေမဲ့ အရမ်း ခြောက်ကပ်လွန်းတယ်... ကုန်းပေါ်မှာကတော့... သေမျိုးကမ္ဘာ လေ... အဆုံးအစ မရှိတဲ့ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေတာပေါ့...”

ထိုစကားများမှာ ငယ်စဉ်ကတည်းက ရေနက်ပိုင်းတွင်သာ နေထိုင်ခဲ့ရပြီး ကျင့်ကြံခြင်းနှင့် အိပ်စက်ခြင်းမှ လွဲ၍ ဘာမှ မသိသော ပုန်ကန်ချင်စိတ် အပြည့် ရှိသည့် ကောင်မလေး တစ်ယောက်အတွက်မူ နျူကလီးယား ဗုံးတစ်လုံးပမာ ဖြစ်သွားတော့သည်။

“သမီး သွားချင်တယ်...”

အော့လင်း သည် မာလာခေါက်ဆွဲထုပ်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ဝမ်သဲ့ဖာ ကို စူးစူးစိုက်စိုက် ကြည့်ကာ ဆိုလိုက်၏။

“သမီး ကုန်းပေါ်ကို တက်ပြီး ကမ္ဘာကြီးကို ကြည့်ချင်တယ်...”

“သမီး အစ်ကိုတို့ ဂိုဏ်းကို လာလည်ချင်တယ်...”

“ဟီးဟီး... ကြိုဆိုပါတယ်ဗျာ...”

ကစားသမားများမှာ အချင်းချင်း အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကြပြီး၊ သူတို့၏ မျက်နှာပေါ်တွင် "အစီအစဉ် အောင်မြင်ပြီ" ဟူသော နားလည်မှုမျိုး ပေါ်လွင်နေတော့သည်။

“မင်းရဲ့ ခမည်းတော်သာ သဘောတူမယ်ဆိုရင် အစ်ကိုတို့က ဘယ်အချိန်ဖြစ်ဖြစ် ခေါ်သွားပေးလို့ ရတယ်ကွ... ကွေ့ယွမ်ဂိုဏ်း ကိုသာ ရောက်သွားရင် မာလာခေါက်ဆွဲတွေ အများကြီး စားရမှာနော်...”

ထိုစဉ်...

“အဟွတ်... အဟွတ်...”

အနောက်ဘက်မှ ဩဇာပါသော ချောင်းဟန့်သံ တစ်ခု ထွက်ပေါ်လာ၏။

နဂါးမင်းကြီး အော့ကွမ်း နှင့် ကျန်းချန် တို့သည် မလှမ်းမကမ်းရှိ သန္တာကျောက်ဆောင်ပေါ်တွင် ရပ်နေကြသည်ကို တွေ့လိုက်ရပေသည်။

အော့ကွမ်း သည် ထို (အရူး) တစ်သိုက်နှင့် ရောနှောကာ အမှိုက်စာများကို ပျော်ရွှင်စွာ စားသောက်နေသော သူ၏ အချစ်တော် သမီးလေးကို ကြည့်ကာ မျက်နှာကြီး မည်းမှောင်သွားသော်ငြား၊ ကူကယ်ရာမဲ့သလိုလည်း ခံစားနေရရှာ၏။

“ခမည်းတော်...”

အော့လင်း မှာ လန့်ဖြန့်သွားပြီး အပြစ်လုပ်ထားသော ကလေးတစ်ယောက်ပမာ မာလာခေါက်ဆွဲကို ကျောနောက်သို့ ကပျာကယာ ဝှက်ထားလိုက်တော့သည်။

ကျန်းချန် သည် ခပ်ဟဟ ပြုံးလိုက်ပြီး အော့ကွမ်း ကို ပြောလိုက်၏။

“အရှင်မင်းကြီး... အရှင်မင်းကြီးရဲ့ သမီးတော်နဲ့ ကျွန်တော့်ဂိုဏ်းက တပည့်တွေက တော်တော်လေး ရေစက်ပါပုံ ရတယ်နော်...”

“အတော်ပဲ... အခု ကျွန်တော်တို့ အမည်းရောင် ဒီရေလှိုင်း ကို နှိမ်နင်းပြီးပြီ ဆိုတော့... အလယ်ပိုင်း လွင်ပြင် ကို ပြန်ဖို့ အချိန်တန်ပြီလေ... အကယ်၍ အရှင်မင်းကြီးသာ စိတ်ချမယ်ဆိုရင် သမီးတော်ကို ကုန်းပေါ်မှာ ခဏလောက် လိုက်လည်ခွင့် ပြုလိုက်ပါလား... စာအုပ် တစ်သောင်း ဖတ်တာက ခရီး မိုင်တစ်သောင်း သွားတာလောက် မကောင်းဘူး ဆိုတဲ့ စကားလည်း ရှိတယ် မဟုတ်လား...”

အော့ကွမ်း သည် တစ်ခဏမျှ တိတ်ဆိတ်သွားသည်။

သူက သမီးဖြစ်သူ၏ တောင့်တနေသော မျက်လုံးလေးများကို ကြည့်လိုက်ပြီးနောက်၊ အဝေးဆီမှ မှောင်မည်းနေဆဲဖြစ်သော အဆုံးမဲ့ချောက်ကမ်းပါး ပင်လယ်ပြင်ကြီးဆီသို့ လှမ်းကြည့်လိုက်၏။

'ဒီလှိုင်းထန်နေတဲ့ ပင်လယ်ပြင်ကြီးကနေ သမီးလေးကို ခွာပြီး... အသက်ဝင်လှုပ်ရှားနေတဲ့ (အရူးတွေလည်း ရှိနေပေမဲ့) ကွေ့ယွမ်ဂိုဏ်း ဆီကို ပို့လိုက်တာက... တစ်နည်းအားဖြင့် ပင်လယ်ပြင်ကြီးကို ကာကွယ်ပေးရာများ ရောက်နေမလား...'

“ဒီကိစ္စကို... နောက်မှ ဆက်ဆွေးနွေးကြတာပေါ့...”

အော့ကွမ်း သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ၏ အကြည့်များကို အောက်ခြေမဲ့ ချောက်ကမ်းပါးကြီး ဆီသို့ ရွှေ့လိုက်သည်။

“အခု အရေးအကြီးဆုံးက... အမည်းရောင် ဒီရေလှိုင်း ရဲ့ ဇစ်မြစ်ကို ဖြေရှင်းဖို့ပဲ...”

“ဂိုဏ်းချုပ် ကျန်း... ကင်းထောက်တွေရဲ့ အစီရင်ခံစာအရ ဆိုရင်... အဲဒီ ချောက်ကမ်းပါး အနက်ရှိုင်းဆုံး နေရာမှာ... ဒီကမ္ဘာကြီးနဲ့ မသက်ဆိုင်တဲ့... စွမ်းအားတစ်ခု ခိုအောင်းနေပုံ ရတယ်..”

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းချန် ၏ အပြုံးများ ပျောက်ကွယ်သွားပြီး မျက်လုံးများ ထက်မြက်လာတော့၏။

“ဒီကမ္ဘာကြီးနဲ့ မသက်ဆိုင်ဘူးလား...”

“ကြည့်ရတာ... ငါတို့ရဲ့ 'ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြီး ဝိညာဉ်ကယ်ချွတ်တဲ့' အလုပ်က မပြီးသေးဘူး ထင်တယ်...”

“တပည့်တို့... ကစားနေတာတွေ ရပ်လိုက်ကြစမ်း...”

ကျန်းချန် သည် လှည့်ကာ ကစားသမားများကို အော်ဟစ်လိုက်သည်။

“ရိက္ခာတွေ ဖြည့်တင်းပြီးပြီမလား... ဆင်းဖို့ ပြင်ကြစမ်း...”

“ပစ်မှတ်က...အောက်ခြေမဲ့ ချောက်ကမ်းပါးကြီးပဲ…”

အခန်း (၁၉၄) - ရေနက်ပိုင်းက အကြောက်တရား... ဒီဂိမ်းကြီးက ဘယ်လိုလုပ် သရဲကား အဖြစ် ရုတ်တရက် ပြောင်းသွားရတာလဲဟ

~အရှေ့ပင်လယ်ပြင်။ အောက်ခြေမဲ့ ချောက်ကမ်းပါးကြီး။ ရေအောက် မီတာ (၃၀၀၀) အနက်။

ပင်မစစ်တပ်ကြီးသည် တိုက်ကြီးများ၏ ကျောက်ဆောင်စွန်းများကို ဖြတ်ကျော်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ချိန်က လင်းထိန်နေသော ပင်လယ်ရေများမှာ မင်ရည်များဖြင့် ဆိုးခံလိုက်ရသကဲ့သို့ ချက်ချင်းပင် မည်းမှောင်သွားတော့၏။

ဤသည်ကား အဆုံးမဲ့ ချောက်ကမ်းပါး၏ အစစ်အမှန် ဝင်ပေါက်ပင် ဖြစ်၏။

နေရောင်ခြည်သည် ထူထဲလှသော ပင်လယ်ရေများကို မဖောက်ထွင်းနိုင်တော့ချေ။ ပတ်ဝန်းကျင် တစ်ခုလုံး သေမင်းတမန်ပမာ တိတ်ဆိတ်နေပြီး မွန်းကျပ်ဖွယ် အမှောင်ထုကြီးသာ လွှမ်းမိုးနေတော့သည်။ ကစားသမားများ၏ ခေါင်းပေါ်ရှိ ရေရှောင်ပုလဲများမှ ထွက်ပေါ်နေသော မှေးမှိန်သည့် အပြာရောင် အလင်းတန်းလေးများသာ မရှိပါက၊ ဤနေရာကြီးသည် ဧရာမ အမည်းရောင် အခေါင်းတလားကြီး တစ်ခုပမာ ဖြစ်နေမည်မှာ အသေအချာပင်။

(စနစ် သတိပေးချက် - လက်ရှိ ပတ်ဝန်းကျင်သည် အလွန်တရာ ဆိုးရွားလှပါသည်။)

(ကျရောက်နေသော အားနည်းချက်များ - ရေနက်ပိုင်း အကြောက်တရား (စွမ်းရည် အားလုံး (၁၀) ရာခိုင်နှုန်း ကျဆင်းမည်)၊ စိတ်ပိုင်းဆိုင်ရာ ဖိအား SAN တန်ဖိုး အနည်းငယ်စီ အဆက်မပြတ် ကျဆင်းနေမည်)၊ အမြင်အာရုံ ကန့်သတ်ချက်များ။)

“ခွေးမသားလေး... ဒီပတ်ဝန်းကျင် အငွေ့အသက်ကြီးက သောက်ရမ်း ထူးဆန်းနေတယ်ကွ...”

ဒီဖရဲသီးမှည့်ပြီလား ဟု အမည်ရသည့် ဝမ်သဲ့ဖာ သည် ကျောချမ်းသွားပြီး ကိုယ်ကို ကျုံ့ကာ လူအုပ်ကြီး၏ အလယ်သို့ အလိုအလျောက် တိုးဝင်သွား၏။

“အပူချိန်ကလည်း ရုတ်တရက် အများကြီး ကျသွားသလိုပဲ... ပြီးတော့... တိတ်ဆိတ်နေတာကြီးက ကြက်သီးထစရာကြီးကွာ...”

ကောင်းကင်ခွင်း ဓားတစ်လက် သည် သူ၏ ဓားကို တင်းတင်းဆုပ်ကိုင်ထား၏။ သူ၏ အသိစိတ်လှိုင်းသည် ရှေ့သို့ မီတာဆယ်ဂဏန်းခန့်ပင် မရောက်လိုက်ခင်မှာပင် ထူးဆန်းသော စွမ်းအားတစ်ခုဖြင့် ဝါးမျိုခံလိုက်ရသည်။ သူက လေးလံသော လေသံဖြင့် သတိပေးလိုက်၏။

“အကုန်လုံး သတိထားကြ... ဒီနေရာက... ထူးဆန်းတယ်ကွ...”

သူ စကားပင် မဆုံးလိုက်ချေ။

“ဘလွတ်... ဘလွတ်...”

အောက်တည့်တည့်မှ ထူးဆန်းသော ရေစီးသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ဧရာမ ဝေဝါးနေသော အရိပ်မည်းကြီး တစ်ခုသည် သူတို့ ခြေအောက်ရှိ အဆုံးမဲ့ အမှောင်ထုထဲမှ ဖြည်းညှင်းစွာ ဖြတ်သန်း ကူးခတ်သွားတော့၏။ ၎င်းသည် အလွန်တရာ ကြီးမားလှသဖြင့် ခန္ဓာကိုယ် တစ်ခုလုံးကိုပင် မမြင်နိုင်ချေ။ တောင်တန်းကြီးများပမာ တုတ်ခိုင်လှသော ရေဘဝဲလက်တံ အချို့ ဖြတ်သန်းသွားသည်ကိုသာ ဝေဝါးစွာ မြင်တွေ့လိုက်ရပေသည်။

“အဲဒါ... အဲဒါ ဘာကြီးလဲဟင်...”

ကြောက်တတ်သော အမျိုးသမီး ကစားသမား တစ်ယောက်၏ အသံလေးမှာ မျက်ရည်များ ဝဲလျက် တုန်ယင်နေတော့သည်။

“ငါ... ငါ ခုနက မျက်လုံး တစ်လုံးကို မြင်လိုက်ရသလိုပဲ... အိမ်တစ်လုံးထက် ပိုကြီးတဲ့ မျက်လုံးကြီးက... ငါ့ကို စိုက်ကြည့်နေတာဟ...”

“ငါ့ကို လာမခြောက်နဲ့နော်... ငါက အကောင်ကြီးတွေ ကြောက်တဲ့ ရောဂါ ရှိတယ်...”

“အမေရေ... အိမ်ပြန်ချင်တယ်... ဒီဂိမ်းကြီးက ဘယ်လိုလုပ် သရဲကား အဖြစ် ရုတ်တရက် ပြောင်းသွားရတာလဲဟ... စတိုင်လ်ပြောင်းတာကလည်း ရုတ်တရက်ကြီးပါလား...”

မူလက ဘာကိုမှ မကြောက်မရွံ့တတ်သော ကစားသမားများပင် ဤမွန်းကျပ်ဖွယ် ရေနက်ပိုင်း ပတ်ဝန်းကျင်တွင် အလိုအလျောက် အကြောက်တရားများကို ခံစားလာကြရလေပြီ။

၎င်းမှာ လူသားတို့၏ မျိုးဗီဇထဲတွင် စွဲထင်နေသော အမှောင်ထုနှင့် အဆုံးမဲ့ ချောက်ကမ်းပါးကြီးတို့အပေါ် ကြောက်ရွံ့ရိုသေမှုပင် ဖြစ်ပေသည်။

ကျန်းချန် သည် အရှေ့ဆုံးမှ ပျံသန်းနေပြီး သူ၏ မူလဝိညာဉ် အဆင့် အငွေ့အသက်ဖြင့် သူ၏ ပတ်လည်တွင် အတော်လေး လုံခြုံသော ကမ္ဘာငယ်လေး တစ်ခု ဖန်တီးထား၏။ သူက အနည်းငယ် ဖရိုဖရဲ ဖြစ်နေသော လူအုပ်ကြီးကို လှည့်ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

'အကြောက်တရား ဆိုတာ ကူးစက်တတ်တယ်... အခု ဂိမ်းရဲ့ လေထုက ပြိုလဲသွားရင်တော့... အဆုံးမဲ့ချောက်ကမ်းပါး မိစ္ဆာတွေနဲ့ တွေ့တဲ့အခါ တစ်ဖွဲ့လုံး သေကုန်ကြတော့မှာပဲ...'

“မလန့်ကြနဲ့...”

ကျန်းချန် က တပ်ဖွဲ့ကို နှစ်သိမ့်ရန် စကားပြောရန် ပြင်လိုက်၏။

ထိုစဉ်... ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း က အဖွဲ့လိုက် ဆက်သွယ်ရေး စနစ်ထဲတွင် အော်ဟစ်လိုက်တော့၏။

“မလန့်ကြနဲ့ဟေ့... အကြောက်တရား အားလုံးက... စကြဝဠာရဲ့ အမှောင်ထုကနေ လာတာပဲ...”

“ညီအစ်ကိုတို့... စပီကာတွေ ထုတ်ကြစမ်း...”

“ရှုယန်မြို့က သီချင်းလေး တစ်ပုဒ်လောက် ဖွင့်လိုက်ကြရအောင်... ဒီချောက်ကမ်းပါးက အမှောင်ထုကို မောင်းထုတ်ပစ်ကြမယ်ကွ...”

“အိုကေဟေ့...”

ထိုစကားကို ကြားလိုက်ရသောအခါ ကစားသမားများမှာ ချက်ချင်းပင် သူတို့၏ အားကိုးရာကို တွေ့ရှိသွားကြတော့သည်။

“ဟုတ်တယ်ကွ... နောက်ခံတေးဂီတ ကသာ လုံလုံလောက်လောက် မြူးနေရင်... ဆာဒါကို သရဲမ လာရင်တောင် ရန်ကော အက ကသွားရမှာပဲ...”

ကစားသမား ဆယ်ယောက်ကျော်သည် သူတို့၏ သိုလှောင်အိတ်များထဲမှ ဧရာမ (အသံပဲ့တင်ထပ် ခရုခွံကြီးများ) ကို ဆွဲထုတ်လိုက်ကြ၏။ (၎င်းတို့မှာ နဂါးနန်းတော် ဈေးတန်းမှ ဝယ်ယူကာ အသံချဲ့စက်များအဖြစ် ပြုပြင်ထားခြင်း ဖြစ်ပေသည်။)

“အဆင်သင့်... သွား...”

“ချဲ... ချဲ...”

နောက်တစ်စက္ကန့်တွင်...

နားကွဲမတတ်.. ဆူပြီး၊ ပျော်ရွှင်ဖွယ် ကောင်းကာ၊ နှစ်သစ်ကူး အငွေ့အသက်များ အပြည့် ပါဝင်နေသော နှဲမှုတ်သံကြီးသည် သေမင်းတမန်ပမာ တိတ်ဆိတ်နေသော ရေနက်ပိုင်း ချောက်ကမ်းပါးကြီးထဲတွင် ရုတ်တရက် ဟိန်းထွက်လာတော့၏။

“စက္ကူကြိုးကြာလေး တစ်ထောင် ခေါက်မယ်လေ~ ပြီးရင် အနီရောင် ခါးပတ်ကြိုးလေး ချည်မယ်ကွယ်~”

“ကံကောင်းခြင်းတွေ ရောက်လာပြီ~ ကံကောင်းပါစေ ဆုတောင်းတယ်~ ကံကောင်းခြင်းတွေက ပျော်ရွှင်မှုနဲ့ အချစ်တွေကို ယူဆောင်လာတယ်လေ~”

“ဝုန်း...”

အလွန် ကျယ်လောင်ပြီး သံစဉ်ချိုလှသော သီချင်းသံကြီးသည် နှဲ၏ ထူးခြားသော ဖောက်ထွင်းနိုင်စွမ်းနှင့် ပေါင်းစပ်သွားကာ ရေနက်ပိုင်း၏ မွန်းကျပ်ဖွယ် လေထုကြီးကို ချက်ချင်းပင် ဆုတ်ဖြဲပစ်လိုက်တော့သည်။

ဘယ်လို ဖော်ပြလို့မရတဲ့ ကြက်သီးထစရာ တီးတိုးသံတွေလဲ... ဘာမှ မကြားရပါဘူးကွ... အကုန်လုံးက (ကံကောင်းခြင်းတွေ ရောက်လာပြီ) ဆိုတဲ့ အသံတွေချည်းပဲ... ကြက်သီးထစရာ လေထု ဟုတ်လား... လုံးဝ မရှိဘူးနော်... အခုက လုံးဝကို နှစ်သစ်ကူး နေ့ကြီး ကျနေတာပဲ။

“ဟားဟားဟား... ဒီအရသာကမှ အကွက်တိပဲကွ...”

ဝမ်သဲ့ဖာ သည် သီချင်းသံနှင့်အညီ တင်ပါးကို လှုပ်ခါနေပြီး သူ၏ သံတူရွင်းကို မီးချောင်းလေးပမာ ဝှေ့ယမ်းကာ အော်ဟစ်လိုက်၏။

“လာစမ်း... အဆုံးမဲ့ချောက်ကမ်းပါး မိစ္ဆာတွေ ဘယ်မှာလဲ... ထွက်ခဲ့ပြီး ငါ့ကို နှစ်သစ်ကူး ဆုလာတောင်းကြစမ်း...”

“ငါက (ကံကောင်းခြင်းတွေ ရောက်လာပြီ) သီချင်းကို နောက်ခံထားပြီး တိုက်နေတာ... ဘယ်ကောင်ကများ ငါ့ကို အနိုင်ယူရဲသေးလဲ ကြည့်ရသေးတာပေါ့ကွာ...”

အစက ကြောက်လန့်တကြား တုန်ယင်နေခဲ့ကြသော ကစားသမားများမှာ ယခုအခါ စိတ်လှုပ်ရှားစွာဖြင့် သွေးကြွလာကြတော့သည်။

“ဒုန်း... ဒုန်း... ဒုန်း... ကျယ်ပြောလှတဲ့ မိုးကုတ်စက်ဝိုင်းကြီးက ငါ့အချစ်ပါကွာ...”

“သီချင်း ပြောင်းဟေ့... 'အလင်းလက်ဆုံး တိုင်းရင်းသား စတိုင်လ်' ကို ဖွင့်စမ်း...”

ရေနက်ပိုင်း ချောက်ကမ်းပါးကြီးသည် ချက်ချင်းပင် ရေအောက် ဒစ္စကိုရုံကြီး အဖြစ်သို့ ပြောင်းလဲသွားတော့၏။

ထိုအချိန်တွင် ချောက်ကမ်းပါး၏ အနက်ရှိုင်းဆုံး နေရာ၌မူ...

ကျူးကျော်သူများကို "စိတ်ပိုင်းဆိုင်ရာ စားသောက်ပွဲကြီး" ဖြင့် ဧည့်ခံရန် အမှောင်ထုထဲတွင် ပုန်းအောင်း ပြင်ဆင်နေကြသော အဆုံးမဲ့ချောက်ကမ်းပါး မိစ္ဆာကြီးများမှာ လုံးဝကို ကြောင်အမ်းအမ်း ဖြစ်သွားကြလေပြီ။

အဆင့် (၃) (အဆုံးမဲ့ချောက်ကမ်းပါး အိပ်မက်ဆိုး ဂဏန်းကြီး) တစ်ကောင်သည် သူ၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု အသံလှိုင်းကြီးကို ထုတ်လွှတ်ရန် ပြင်လိုက်စဉ်မှာပင်၊ အလွန်တရာ အားကောင်းလှသော အပြုသဘောဆောင် နှဲသံကြီးကြောင့် လန့်ဖြန့်သွားသည်။

တဆက်တည်း၌၊ သူ၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမှာလည်း ပြတ်တောက်သွားပြီး မိမိကိုယ်ကိုယ်ပင် အတွင်းဒဏ်ရာ ရသွားရှာတော့၏။

“ရှီး... (ဒါ ဘယ်လို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကြီးလဲကွ... အရမ်း အစွမ်းထက်လှချည်လား)”

မိစ္ဆာကြီးများမှာ ဘာတွေ ဖြစ်နေမှန်းပင် နားမလည်နိုင်အောင် ဖြစ်နေကြစဉ်။

“တစ်ခုခုတော့ ထူးခြားနေပြီ... ဟိုဘက်မှာဟေ့...”

နောက်ခံတေးဂီတ သံစဉ်များနှင့်အတူ ခေါင်းပေါ်တွင် အပြာရောင် အလင်းလွှာလေးများ တပ်ဆင်ထားပြီး တောက်ပနေသော လက်နက်မျိုးစုံကို ကိုင်ဆောင်ထားကြသည့် ကစားသမား တစ်အုပ်ကြီးသည် အော်ဟစ် ဟိန်းဟောက်လျက် ပြေးဝင်လာကြတော့သည်။

“ကံကောင်းခြင်းတွေ ရောက်လာဖို့အတွက်... ချဟေ့...”

“ဒက်ဒက်ဒက်ဒက်...”

ဂက်တလင် စက်သေနတ်ကြီးများမှ ရွှေရောင် မီးတောက်များ ထပ်မံ ပန်းထွက်လာပြန်၏။ အောင်ပွဲခံ တေးဂီတ သံစဉ်များကြားတွင် အလွန်တရာ အသက်လုရမည့် ကြောက်မက်ဖွယ် တိုက်ပွဲကြီး ဖြစ်လာရမည့်အစား၊ တဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ကျန်းချန် သည် လေထဲတွင် ပျံဝဲနေရင်း နားကွဲမတတ် ကျယ်လောင်နေသော "ကံကောင်းခြင်းတွေ ရောက်လာပြီ" ဟူသည့် သီချင်းသံကြီးကို နားထောင်ကာ၊ အောက်ဘက်တွင် ဖရိုဖရဲ ကခုန်နေကြသော တပည့်များကို ကြည့်ရင်း သူ၏ နှုတ်ခမ်းများမှာ ဆက်တိုက် တွန့်ကွေးနေတော့၏။

သူ ကြိုတင် ပြင်ဆင်ထားခဲ့သော 'စိတ်ငြိမ် မန္တန်' များနှင့် 'နှစ်သိမ့်ခြင်း အင်းလက်ဖွဲ့' များမှာ ယခုအခါ လုံးဝ အသုံးမဝင်တော့သလို ဖြစ်နေလေပြီ။

'ဒီကောင်တွေကတော့လေ...'

'အနုပညာ အငွေ့အသက် တွေကို လုံးဝ အောက်ခြေအထိ ဆွဲချဖျက်ဆီးပစ်တာပဲ...'

ထိုစဉ်... ကျန်းချန် ၏ အကြည့်များ ရုတ်တရက် စူးရှသွားတော့သည်။

စစ်မျက်နှာပြင်၏ ဖရိုဖရဲ အခြေအနေများကို ဖြတ်ကျော်ကာ သူ၏ အသိစိတ်လှိုင်း သည် ချောက်ကမ်းပါး၏ အနက်ရှိုင်းဆုံး နေရာတစ်ခုသို့ ရောက်ရှိသွား၏။ ထိုနေရာတွင် ပင်လယ်ရေမှော်များနှင့် သန္တာကျောက်တန်းများ ဖုံးလွှမ်းနေသော ဧရာမ ရှေးဟောင်း သင်္ဘောပျက်ကြီး တစ်စင်း ရေအောက်ကြမ်းပြင်ပေါ်တွင် တိတ်ဆိတ်စွာ ကျောက်ချနေသည်ကို တွေ့လိုက်ရပေသည်။

ထိုသင်္ဘောကြီးထံမှနေ၍ အလွန်တရာ ရှေးကျလှသော အငွေ့အသက်များ ထွက်ပေါ်နေပြီး၊ ထိုအရာက ကောင်းကင်ဘုံ တာအို၏ ဖာထေးစရာ အပိုင်းအစနှင့် တစ်သားတည်း တုန်ခါနေတော့၏။

“တွေ့ပြီ...”

ကျန်းချန် သည် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ဆက်သွယ်ရေး စနစ်ထဲတွင် အမိန့်ပေးလိုက်၏။

“သီချင်းဆိုတာ ရပ်လိုက်ကြတော့... ပစ်မှတ်က အောက်တည့်တည့်မှာဟေ့...”

“အဲဒီမှာ... တစ္ဆေသင်္ဘောကြီး တစ်စင်း ရှိနေတယ်…”

အခန်း (၁၉၅) - ရှေးဟောင်း သင်္ဘောပျက်ကြီး... တစ္ဆေသင်္ဘောကြီးရဲ့ ဒဏ္ဍာရီလာ လာပြီဟေ့...

~အရှေ့ပင်လယ်ပြင်။ အောက်ခြေမဲ့ ချောက်ကမ်းပါးကြီး၏ အနက်ရှိုင်းဆုံးနေရာ။

နောက်ခံတေးဂီတ သံစဉ်များ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်နှင့်အမျှ ဧရာမ တောင်ကြီးတစ်လုံးပမာ ကြီးမားလှသော သင်္ဘောပျက်ကြီးသည် လူတိုင်း၏ ရှေ့မှောက်တွင် အပြည့်အဝ ပေါ်ထွက်လာတော့သည်။

မည်သည့်ခေတ်ကမှန်း မသိသော ရှေးဟောင်း နတ်ဘုရား ရတနာသင်္ဘောကြီးပင်။

အလျား ပေထောင်ချီ ရှည်လျားကာ၊ မည်သည့် အမျိုးအစားမှန်း မသိရသော အမည်းရောင် ဝိညာဉ်သစ်သားများဖြင့် တည်ဆောက်ထား၏။ နှစ်ပေါင်း မရေမတွက်နိုင်အောင် ပင်လယ်အောက်တွင် နစ်မြုပ်နေခဲ့သော်ငြားလည်း အနည်းငယ်မျှပင် ပုပ်သိုးဆွေးမြည့် မနေချေ။

သင်္ဘော၏ ကိုယ်ထည်ပေါ်တွင် အလင်းရောင်ထွက်နေသော ခရုခွံများနှင့် ကြက်သီးထဖွယ် ခရမ်းရောင် သန္တာကျောက်တန်းများက အထပ်ထပ် ဖုံးလွှမ်းနေပြီး အစွမ်းထက်သော ချပ်ဝတ် အင်္ကျီကြီးတစ်ခုပမာ ဖြစ်နေပေသည်။ ကျိုးပဲ့နေသော ရွက်တိုင်ပေါ်တွင်မူ စုတ်ပြတ်နေသော အလံတစ်ခုသည် ရေစီးကြောင်း မရှိဘဲနှင့်ပင် ကြောက်မက်ဖွယ်ကောင်းအောင် သူ့အလိုလို လွင့်ဝဲနေတော့၏။

(စနစ် သတိပေးချက် - အထူးမြေပုံ... (တစ္ဆေသင်္ဘော - ပင်လယ်ကို မှောက်လှန်ခြင်း) ကို ရှာဖွေတွေ့ရှိပါသည်)

(သတိပေးချက် - ဤဧရိယာတွင် ယင် ချီ အငွေ့အသက်များ အလွန်တရာ မြင့်မားနေပြီး ရူပဗေဒ စည်းမျဉ်းများကို ပုံပျက်သွားစေနိုင်ပါသည်။)

“ဒါက ဟို... တစ္ဆေသင်္ဘော ဆိုတာကြီးလား...”

ဒီဖရဲသီးမှည့်ပြီလား ဟု အမည်ရသည့် ဝမ်သဲ့ဖာ သည် တံတွေးကို ဂလုခနဲ မျိုချလိုက်ပြီး အသံချဲ့စက်များကို ပိတ်လိုက်၏။ ဤမွန်းကျပ်ဖွယ် လေထုကြီးထဲတွင် (ကံကောင်းခြင်းတွေ ရောက်လာပြီ) သီချင်းပင်လျှင် အနည်းငယ် အားနည်းနေသယောင် ထင်ရတော့၏။

“အပေါ်တက်ပြီး အကဲခတ်ကြည့်ကြတာပေါ့...”

ကျန်းချန် ၏ မျက်နှာထားမှာ လေးနက်တည်ကြည်နေ၏။ (ကောင်းကင်ဘုံ တာအို၏ ဖာထေးစရာ အပိုင်းအစ) ထံမှ ထွက်ပေါ်လာသော တုန်ခါမှုများသည် သင်္ဘော၏ ဗဟို အခန်းဆောင်ထဲမှ လာနေကြောင်းကို သူ အာရုံခံမိနေပေသည်။

ပင်မတပ်ဖွဲ့ကြီးသည် ရေညှိများ ဖုံးလွှမ်းနေသော ကုန်းပတ်ပေါ်သို့ သတိကြီးစွာဖြင့် ဆင်းသက်လိုက်ကြသည်။

“ဝှစ်...”

ကျောချမ်းဖွယ် စိတ်ပိုင်းဆိုင်ရာ တုန်ခါမှု လှိုင်းကြီးတစ်ခုသည် ဧရိယာ တစ်ခုလုံးကို ဖြတ်သန်း တိုက်ခတ်သွားတော့၏။

ထို့နောက် ချက်ချင်းဆိုသလိုပင် ကုန်းပတ်ပေါ်တွင် ငြိမ်သက်နေခဲ့သော အမည်းရောင် မြူခိုးများသည် ရုတ်တရက် ဆူပွက်လာပြီး စုတ်ပြတ်နေသော ရှေးဟောင်း ဝတ်ရုံများကို ဝတ်ဆင်ထားသည့် တစ်ပိုင်းမြင်သာသော လူပုံသဏ္ဍာန် သရဲတစ္ဆေများ အဖြစ်သို့ စုစည်းသွားကြတော့သည်။

သူတို့၏ မျက်နှာများမှာ လိမ်ကောက်နေပြီး၊ မျက်လုံးအိမ်များမှာ ဟောက်ပက် ဖြစ်နေကာ၊ နားကွဲမတတ် စူးရှသော ငိုရှိုက်သံများကို ထုတ်လွှင့်နေကြ၏။

“တားမြစ်နယ်မြေ ကို ကျူးကျော်တဲ့ ကောင်တွေ... သေကြစမ်း...”

“ခွေးမသားလေး... မွန်းစတားတွေ ထွက်လာပြီဟေ့... သရဲတွေကွ...”

အမြန်ဆုံး တုံ့ပြန်နိုင်သူ ကောင်းကင်ခွင်း ဓားတစ်လက် သည် သူ၏ လက်ကို မြှောက်ကာ ပြင်းထန်လှသော ဓားအလင်းတန်း တစ်ချက်ကို ပိုင်းချလိုက်၏။

“ဒီဓားချက်ကို ခံစမ်း...”

“ရွှီး...”

ဓားအလင်းတန်းသည် ရှေ့ဆုံးမှ သရဲ၏ ခန္ဓာကိုယ်ကို ဘာအတားအဆီးမှ မရှိဘဲ ဖောက်ထွင်းသွားကာ အနောက်ဘက်ရှိ ရွက်တိုင်ကို ထိမှန်ပြီး နက်ရှိုင်းသော ဓားရာကြီး တစ်ခုကို ချန်ရစ်ခဲ့တော့သည်။

သို့သော်ငြား သရဲမှာမူ တစ်စက်ကလေးမျှပင် ဒဏ်ရာ မရလိုက်သည့်အပြင် ကြောက်မက်ဖွယ်ကောင်းအောင် ဖြီးပြုံးကာ ခုန်အုပ်လာ၏။ သူ၏ သရဲလက်သည်းကြီးသည် ကောင်းကင်ခွင်း ဓားတစ်လက် ၏ ရေရှောင် အလင်းလွှာကို ဖောက်ထွင်းကာ ရင်ဘတ်ကို လာရောက် ကုတ်ခြစ်တော့၏။

(စနစ် သတိပေးချက် - (တစ္ဆေ၏ ဖောက်ထွင်းခြင်း) တိုက်ခိုက်မှုကို ခံရပါသည်။ ချပ်ဝတ်များကို ကျော်လွန်၍ ဝိညာဉ်ကို တိုက်ရိုက် ထိခိုက်စေပါသည်။)

“အင့်...”

ကောင်းကင်ခွင်း ဓားတစ်လက် မှာ နာကျင်စွာ ညည်းတွားလိုက်ပြီး မျက်နှာမှာ ချက်ချင်း ဖြူရော်သွားကာ သူ၏ သွေးဘားကြီးမှာ သိသိသာသာ ကျဆင်းသွားတော့သည်။ (ဝိညာဉ် ထိခိုက်မှု ဖြစ်၏။)

“ ရုပ်ခန္ဓာ တိုက်ခိုက်မှု လုံးဝ မတိုးဘူးလား... ဒီမွန်းစတားက ရုပ်ခန္ဓာ မရှိဘူးကွ...”

“ဂက်တလင် စက်သေနတ်ကြီးတွေ ဘယ်မှာလဲ... ပစ်စမ်းဟေ့...”

“ဒက်ဒက်ဒက်ဒက်...”

ဂက်တလင် စက်သေနတ် အချို့မှ မီးတောက်များ ထွက်ပေါ်လာသော်ငြား ယခုတစ်ကြိမ်တွင်မူ အာနိသင်မှာ အလွန်တရာ လျော့ကျသွားတော့၏။

ကျည်ဆန်များပေါ်တွင် အင်းလက်ဖွဲ့များ ထွင်းထုထားသော်ငြားလည်း အများစုမှာ ဖောက်ထွင်းသွားကြ၏။ အနည်းငယ်သော ကျည်ဆန်များကသာ တစ်ခါတစ်ရံ သန့်စင်သော အလင်းရောင် အာနိသင်ကို ဖြစ်ပေါ်စေကာ သရဲများကို အနည်းငယ်မျှသာ တုံ့ဆိုင်းသွားစေနိုင်တော့သည်။

“ဒီလိုဆို မဖြစ်ဘူးကွ... ဒီမွန်းစတားတွေက လေလိုပဲ ဖြစ်နေတာ... ရုပ်ခန္ဓာ တိုက်ခိုက်မှုရဲ့ ထိမှန်နှုန်းက အရမ်း နိမ့်လွန်းတယ်...”

“ပြီးတော့ အရေအတွက်ကလည်း အရမ်း များတာပဲဗျာ... အနည်းဆုံး ထောင်ဂဏန်းလောက် ရှိမယ်...”

သင်္ဘောအခန်းများထဲမှ သရဲများ တစ်ကောင်ပြီးတစ်ကောင် အဆက်မပြတ် ထွက်ပေါ်လာကြပြီး ကစားသမားများကို သိပ်သည်းစွာ ဝိုင်းရံထားကြတော့သည်။ သူတို့၏ စူးရှသော အော်ဟစ်သံများမှာ ထိတွေ့ကိုင်တွယ်၍ ရနိုင်သော အသံလှိုင်း တိုက်ခိုက်မှုများအဖြစ် စုစည်းသွားကာ၊ ကျင့်ကြံခြင်း အဆင့်နိမ့်သော ကစားသမားများစွာမှာ ခေါင်းများ ထိုးကိုက်လာပြီး သူတို့၏ SAN တန်ဖိုးများလည်း အလွန်အမင်း ကျဆင်းလာကြတော့၏။

ကွင်းပြင် တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားတော့သည်။

“ဘယ်လို လုပ်ကြမလဲ... ပြန်ဆုတ်ကြမလား...”

ထိုစဉ်...

လူအုပ်ထဲမှ (ဦးလေးကိုး ၏ အရိုက်အရာ ဆက်ခံသူ) ဟု အမည်ရသော ပရို ဂိမ်းကစားသမား တစ်ယောက်သည် ရုတ်တရက် အော်ဟစ်လိုက်၏။

“မလန့်ကြနဲ့ဟေ့... ဒါက အလွန်အမင်း ယင်ဓာတ် အားကြီးတဲ့ မိစ္ဆာဝိညာဉ်တွေပဲ... ပုံမှန် မှော်မန္တန်တွေနဲ့ မရဘူးကွ...”

“သူ့ရဲ့ ယင်ချီ တွေကို ဖြိုခွဲဖို့ အလွန်အမင်း ယန်ဓာတ် အားကြီးတဲ့ ပစ္စည်းကို သုံးမှ ရမယ်...”

“အလွန်အမင်း ယန်ဓာတ် အားကြီးတဲ့ ပစ္စည်း ဟုတ်လား...”

လူတိုင်းက သူ့ကို ဝိုင်းကြည့်လိုက်ကြသည်။

“မိုးကြိုး မန္တန် တွေလား... ငါတို့ဆီက မိုးကြိုး ကျင့်ကြံသူတွေ မာနာကုန်နေပြီကွ...”

“မဟုတ်ဘူး... မိုးကြိုး မန္တန် ထက်တောင် ပိုထိရောက်ပြီး လုံးဝ မကုန်ခန်းနိုင်တဲ့ ပစ္စည်းတစ်ခု ရှိတယ်...”

ဦးလေးကိုး ၏ အရိုက်အရာ ဆက်ခံသူ သည် သူ၏ မျက်မှန်ကို ပင့်တင်လိုက်ပြီး အလွန် လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ဆိုလိုက်၏။

“ရှေးဟောင်း သိုင်းကျမ်းတွေ (တကယ်တမ်းတော့ သရဲကားတွေ) ထဲမှာ ပြောထားတယ်... လူပျိုစစ်စစ် ကလေးငယ် ရဲ့ နဖူးသွေး ၊ ဒါမှမဟုတ်... လူပျိုစစ်စစ် သေး က မိစ္ဆာတွေကို နှင်ထုတ်ဖို့ အကောင်းဆုံး ရတနာပဲတဲ့...”

“လူပျိုစစ်စစ် သေး တဲ့လား...”

တစ်ကွင်းလုံး စက္ကန့်ပိုင်းခန့် တိတ်ဆိတ်သွားတော့သည်။

ထို့နောက် အားလုံး၏ အကြည့်များမှာ လူအုပ်ထဲတွင် အတောင့်တင်းဆုံးနှင့် ကလေးငယ်တစ်ယောက်နှင့် လုံးဝ မတူဆုံး ဖြစ်သော... ဝမ်သဲ့ဖာ ထံသို့ အလိုအလျောက် ရောက်ရှိသွားကြတော့သည်။

“မင်းတို့... မင်းတို့ ဘာလို့ ငါ့ကို လာကြည့်နေကြတာလဲ...”

ဝမ်သဲ့ဖာ သည် ထောင်ပေါင်းများစွာသော အကြည့်များအောက်တွင် နေမထိထိုင်မသာ ဖြစ်လာပြီး အလိုအလျောက်ပင် သူ၏ ခွကြားကို လက်ဖြင့် ကာကာ ခြေနှစ်လှမ်းခန့် နောက်ဆုတ်လိုက်၏။

“ဖက်တီးကြီး ငါက... ငါက ရည်းစား ရှိတယ်ကွ...တူးဒီ ဝေဖူ အန်နီမေးရှင်း ကောင်မလေး ဖြစ်နေပေမဲ့... ငါ့ရဲ့ ဝိညာဉ်က မသန့်စင်တော့ဘူးကွ...”

“လာ မလိမ်နဲ့... စနစ် က မင်းရဲ့ ဘွဲ့အမည်ကို 'အထီးကျန် ဝံပုလွေ' လို့ ပြထားတုန်းပဲနော်...”

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း က ရက်ရက်စက်စက် ဖွင့်ချလိုက်တော့၏။

“ပြီးတော့ မင်းပဲ ပြီးခဲ့တဲ့ တစ်ခေါက်က... ဒီဂိမ်းထဲမှာ လက်ထပ်တဲ့ စနစ် မရှိလို့ မင်း လူပျိုကြီး ဖြစ်နေရတာပါ ဆိုပြီး ညည်းနေခဲ့တာ မဟုတ်ဘူးလား...”

“အဖွဲ့အတွက်... ပစ္စည်းကောင်းတွေ အတွက်... အဘိုးကြီးဝမ်... ကိုယ့်ကိုယ်ကိုယ် စတေးလိုက်စမ်းပါကွာ...”

ကစားသမား တစ်သိုက်သည် ဝံပုလွေများပမာ ရေဘူးခွံများ၊ ရေပန်း သေနတ်များ၊ ဧရာမ ရေဖြန်းဘူးများကိုပါ ကိုင်ဆောင်လျက် သူ့အနားသို့ ဝိုင်းအုံလာကြတော့သည်။

“မလုပ်ဘူးကွာ... ဒါ ငါ့ရဲ့ ဂုဏ်သိက္ခာကွ...”

ဝမ်သဲ့ဖာ က မကျေမချမ်း အော်ဟစ်လိုက်၏။

“ပြီးတော့... ငါက ပင်လယ်ထဲမှာ ဘယ်လိုလုပ် သေးပေါက်ရမှာလဲ... ရေရှောင်ပုလဲ က ကာထားတာကို...”

“လွယ်လွယ်လေးပါကွာ... ရေရှောင် အလင်းလွှာထဲမှာပဲ ပေါက်လိုက်... ပြီးရင် ဘူးထဲ ထည့်လိုက်ပေါ့...”

လူအုပ်ကြီး၏ အတင်းအကျပ် ဖိအားပေးမှု (နှင့် ဂိုဏ်းတွင်း စုဆောင်း မှတ် များ၏ သွေးဆောင်မှု) ကြောင့်၊ ထို့အပြင် သရဲများကလည်း တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သောကြောင့် သူ အလျှော့ပေးလိုက်ရတော့သည်။

ဝမ်သဲ့ဖာ သည် အရှက်ကွဲလွန်းသဖြင့် မျက်ရည်များ စီးကျလာလျက် လူအုပ်ကြီးကို ကျောခိုင်းကာ ခါးပတ်ကို ဖြုတ်လိုက်ရရှာတော့၏။

“အဟမ်း... အကုန်လုံး ခေါင်းလှည့်ထားကြနော်... ငါက သေးပေါက်ရင် ရှက်တတ်တယ်ကွ...”

မိနစ်အနည်းငယ် အကြာ...။

ဦးလေးကိုး ၏ အရိုက်အရာ ဆက်ခံသူ ၏ လက်ထဲတွင် အမည်မသိ အဝါရောင် အရည်များ အပြည့်ပါဝင်သော စွမ်းအားမြှင့် ရေပန်း သေနတ် (မွမ်းမံထားသော ဗားရှင်း) တစ်လက် ရောက်ရှိနေလေပြီ။

“စမ်းသပ်မှု စပြီဟေ့...”

သူက ရှေ့ဆုံးမှ ပြေးဝင်လာသော အီလိုက်တ် သရဲကြီးကို ချိန်ကာ ခလုတ်ဆွဲလိုက်တော့သည်။

“ရွှီး...”

ယန်ဓာတ် အငွေ့အသက်များ အပြည့်ပါဝင်သော ရေတန်းကြီး တစ်ခုသည် သရဲကြီး၏ မျက်နှာတည့်တည့်သို့ အတိအကျ ပန်းထွက်သွား၏။

“ရှဲ... ချဲ... ချဲ...”

ရေမြှုပ်ပေါ်သို့ ဆာလဖျူရစ် အက်စစ်များ လောင်းချလိုက်သကဲ့သို့ပင်... တစ်ချိန်က အလွန်တရာ မာနထောင်လွှားကာ ရုပ်ခန္ဓာ တိုက်ခိုက်မှုများကို အရေးမစိုက်ခဲ့သော သရဲကြီးမှာ ချက်ချင်းပင် အလွန်တရာ စူးရှစွာ အော်ဟစ်လိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်မှ အဖြူရောင် မီးခိုးငွေ့ကြီးများ အဆက်မပြတ် ထွက်ပေါ်လာပြီး တစ်ပိုင်းမြင်သာသော ခန္ဓာကိုယ်ကြီးမှာ သာမန် မျက်စိဖြင့် မြင်နိုင်လောက်သော အမြန်နှုန်းဖြင့် အရည်ပျော်ကာ ပြိုကွဲသွားတော့၏။

(အီလိုက်တ် မိစ္ဆာဝိညာဉ်ကို သတ်ဖြတ်နိုင်ပါသည်... အတွေ့အကြုံမှတ် + ၅၀၀၀ ရရှိပါသည်။)

“ဝှက်သယ်ဖာ့ခ်... တကယ်ကြီး အလုပ်ဖြစ်တာပဲကွ...”

“တစ်ချက်တည်း ပွဲသိမ်းသွားတာဟေ့... ဒါကမှ တကယ့် အစစ်အမှန် ဒမ်းမေ့ခ်ျ ပဲကွ...”

ကစားသမားများမှာ အလွန်အမင်း ဝမ်းသာလုံးဆို့သွားကြတော့သည်။

“မြန်မြန်... မြန်မြန်... အဘိုးကြီးဝမ်... ထပ်ထုတ်ပေးဦးလေကွာ... မလောက်သေးဘူး...”

“ဘယ်သူတွေ လူပျိုစစ်စစ် ကျန်သေးလဲ... ပုန်းမနေကြနဲ့တော့... ဂိုဏ်းအတွက်... ပေါက်ကြစမ်းဟေ့...”

ထိုသို့ဖြင့် ကုန်းပတ်ပေါ်တွင် အလွန်တရာ ထူးခြားလှသော "ကျည်ဆန် စုဆောင်းရေး" လှုပ်ရှားမှုကြီး တစ်ခု ပေါ်ပေါက်လာတော့သည်။

ငယ်ရွယ်သော အမျိုးသား ကစားသမား အများအပြားမှာ မျက်နှာများ နီရဲလျက် ရှေ့သို့ ထွက်လာကြရှာလေ၏။

“အဟမ်း... ကျွန်တော်လည်း ပါတယ်ဗျ...”

“ငါ့ညီ... မင်းကမှ တကယ့် သူငယ်ချင်း အစစ်ကွ...”

မကြာမီမှာပင် (ယန် ဓာတ် ရေပန်း သေနတ်များ) ဆယ်လက်ကျော်ခန့် အဆင်သင့် ဖြစ်သွားတော့သည်။

တန်ပြန် တိုက်ခိုက်မှုကြီး စတင်လေပြီ။

“မကောင်းဆိုးဝါးတွေ... ဒီမှာ... လူပျိုစစ်စစ် ရေပန်း သေနတ် လာပြီဟေ့...”

“ရွှီး...”

ကစားသမားများသည် ရေပန်း သေနတ်များကို ကိုင်ဆောင်လျက် ကုန်းပတ်ပေါ်ရှိ သရဲများကို လိုက်လံ ပက်ဖြန်းနေကြတော့၏။

မူလက ကြောက်မက်ဖွယ် ကောင်းလှသော မိစ္ဆာဝိညာဉ်များမှာ ယခုအခါ အကြီးမားဆုံး သားကောင်များ ဖြစ်သွားကြရရှာလေပြီ။ သူတို့ အလွန် ဂုဏ်ယူဝင့်ကြွားခဲ့သော ရုပ်ခန္ဓာမဲ့ အသွင်အပြင်မှာ ဤ (သန့်စင်သော ယန်ဓာတ် နတ်ရေစင်) ရှေ့တွင် စက္ကူစုတ်ပမာ အားနည်းလွန်းလှပေသည်။

“အား... ပူတယ်... ပူတယ်ကွ...”

“ဒီရေက အဆိပ်တွေ ပါတယ်ဟေ့... အနံ့ကလည်း ဆိုးလိုက်တာကွာ...”

“ငါ့မျက်နှာကို မပက်နဲ့လေ... ငါ့မျက်နှာကို မပက်ပါနဲ့ကွာ...”

မူလက ကျောချမ်းဖွယ် ကြောက်စရာ ကောင်းလှသော တစ္ဆေသင်္ဘောကြီးသည် ရုတ်တရက် လေထုကြီး တစ်ခုလုံး ပြောင်းလဲသွားတော့၏။

နေရာအနှံ့တွင် ရေပန်း သေနတ်များဖြင့် သရဲများကို လိုက်ပက်နေသော ကစားသမားများ၏ ပျော်ရွှင်ဖွယ် ရယ်သံများနှင့်၊ သရဲများ၏ မျှော်လင့်ချက် ကင်းမဲ့သော အော်ဟစ်သံများသာ ပြည့်နှက်နေတော့သည်။

သင်္ဘောဦးပိုင်းတွင် ရပ်နေသော ကျန်းချန် သည် ဤမြင်ကွင်းကို ကြည့်ကာ... အသံတိတ် နောက်သို့ လှည့်သွားပြီး ရှုခင်းများကိုသာ အကဲခတ်နေသကဲ့သို့ ဟန်ဆောင်လိုက်တော့၏။

'အာနိသင်ကတော့ တကယ်ကို အံ့မခန်းပေမဲ့... မြင်ကွင်းကတော့... ကြည့်ရတာ အရမ်းကို အလှပျက်လွန်းတယ်ကွာ...'

“ကြည့်ရတာ... လူတွေ ပြောကြသလိုပဲ... အရှုံးမပေးသရွေ့... ပြဿနာတွေထက် ဖြေရှင်းနည်းတွေက အမြဲ ပိုများနေတတ်တာပဲကိုး...”

ကျန်းချန် သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး၊ ကစားသမားများက သရဲများကို အကုန် ရှင်းလင်းလုနီးပါး ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ သင်္ဘောအခန်း၏ အနက်ရှိုင်းဆုံး နေရာသို့ လျှပ်တစ်ပြက် ဝင်ရောက်သွားတော့သည်။

ထိုနေရာကား နာကြည်းချက် အငွေ့အသက်များ အပြင်းထန်ဆုံး နေရာပင် ဖြစ်သည်။

သို့သော်ငြား ထို (ကောင်းကင်ဘုံ တာအို၏ ဖာထေးစရာ အပိုင်းအစ) ထံမှ တုန်ခါမှုများ အပြင်းထန်ဆုံး နေရာလည်း ဖြစ်ပေတော့၏။

All Chapters